Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

သထုံခရိုင်၏ ဆန်စပါးစျေးနှုန်းနှင့် စီးဝင်/စီးထွက်မှု အခြေအနေ

    သထုံခရိုင်အတွင်းရှိမြို့နယ်များတွင် အောက်တိုဘာလ၏ ဒုတိယအပတ်တွင် စပါး၊ ဆန် စျေးနှုန်းမှာ အနည်းငယ်တက်လျက်ရှိကြောင်း သိရှိရပါသည်။ သထုံခရိုင်အတွင်းမှ အခြားတိုင်း ဒေသကြီး နှင့် အခြားခရိုင်မြို့နယ်များသို့ ဆန်စီးထွက်မှုနှုန်းမှာ မော်လမြိုင်သို့ (၂၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့  (၂၀၀) အိတ်ခန့်၊ စုစုပေါင်း (၄၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၀၇) တန် စီးထွက်ခဲ့ပါသည်။ ယခုအောက်တိုဘာလ၏ ဒုတိယအပတ်တွင် မော်လမြိုင်သို့ (၂၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၂၀၀) အိတ်ခန့်၊ စုစုပေါင်း (၄၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၀၇)တန်ခန့် စီးထွက်ခဲ့ပြီး ပထမအပတ်နှင့် နှိုင်းယှဥ်ပါက ပုံမှန်အတိုင်း စီးထွက်ခဲ့ပါသည်။

    သထုံခရိုင်အတွင်းသို့ စက်တင်ဘာလ၏ ပထမအပတ်တွင် ဆန်စီးဝင်မှုနှုန်းမှာ ရန်ကုန်တိုင်းဒေသကြီးမှ (၁၈၀၀) အိတ်ခန့်၊  ပဲခူးတိုင်းဒေသကြီးမှ (၁၀၀) အိတ်ခန့်၊ စုစုပေါင်း (၃၇၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၁၇၈) တန်ခန့်စီးဝင်ခဲ့ပြီး ယခုအောက်တိုဘာလ၏ ဒုတိယအပတ်တွင် ရန်ကုန်တိုင်းဒေသကြီးမှ (၁၇၀၀) အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ (၁၈၀၀) အိတ်ခန့်၊ စုစုပေါင်း (၃၅၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၁၇၅) တန်ခန့် စီးဝင်ခဲ့ပြီး သထုံခရိုင်အတွင်းသို့ ဆန်စီးဝင်မှုနှုန်းမှာ ယခင်ပထမအပတ်နှင့်နှိုင်းယှဥ်ပါက အနည်းငယ် လျော့ စီးဝင်ခဲ့ပါသည်။

     သထုံခရိုင်အတွင်း၌ ယခုအောက်တိုဘာလ၏ ဒုတိယအပတ်တွင် စပါး၊ ဆန်စျေးနှုန်းများ မှာ စပါးတင်း (၁၀၀) လျှင် ဒေသပေါက်စျေး ကျားပျံဟိုတယ် (၂၇၀၀၀၀၀ိ/-) ခန့်၊ ပေါ်ဆန်းဝါ    (၂၄၅၀၀၀၀ိ/-)ခန့်၊ ကမာကြည် (၁၀၀၀၀၀ိ/-) ခန့်၊ ဧည့်မထ (၁၂၅၀၀၀၀ိ/-) ခန့်နှင့် (၂၄) ပြည် ဝင်ဆန် တစ်အိတ်လျှင် ကျားပျံဟိုတယ် (၁၁၀၀၀၀ိ/-) ခန့်၊ ပေါ်ဆန်းဝါ (၁၁၀၀၀၀ိ/-) ခန့်၊   ကမာကြည် (၆၉၀၀၀ိ/-) ခန့်၊ ဧည့်မထ (၅၀၀၀၀ိ/-) ခန့်ရှိပြီး ယခုအပတ်တွင် စပါး၊ ဆန် စျေးနှုန်းမှာ အနည်းငယ်တက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (မွန်)

ဇေယျာသီရိဈေး၌ ပန်းဂေါ်ဖီဈေးနှုန်းကျဆင်း

  မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ပန်းဂေါ်ဖီကို မင်းဘူး၊ မကွေး၊ သရက်၊ တောင်တွင်းကြီးမြို့နှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့တို့မှ မှာယူရောင်းချ ကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(ဒုတိယပတ်)တွင် ပန်းဂေါ်ဖီ(၁)ပွင့်လျှင် (အပွင့်အကြီးအသေး ပေါ်မူတည်၍) ကျပ်(၂၀၀၀- ၃၀၀၀) ဖြင့် ရောင်းချလျက်ရှိပြီး ယခင်စက်တင်ဘာလ(ဒုတိယပတ်)တွင် ကျပ်(၅၅၀၀-၆၀၀၀)ဖြင့်ရောင်းချခဲ့ပြီး ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကျပ်(၃၀၀၀-၃၅၀၀) ဈေးနှုန်းကျဆင်းခဲ့ကြောင်း သိရသည်။ ယခုအချိန်တွင် ပန်းဂေါ်ဖီစိုက်ပျိုးရာဒေသများ၌ အထွက်နှုန်းများ လှိုင်လှိုင်ထွက်ရှိသောကြောင့် ဈေးနှုန်းမှာကျဆင်းလာခြင်းဖြစ်ကြောင်း သိရှိရ သည်။

DOCA(မကွေး)

အထက်မင်းလှမြို့၌ ကွမ်းရွက်ဈေးနှုန်းဆက်လက်ကျဆင်း

  မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်တွင် ကွမ်းရွက်များကို ဧရာဝတီ တိုင်းဒေသကြီး၊ ကနောင်၊ မြန်အောင်၊ ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်း၊ ပေါင်းတလည်၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မုံရွာမြို့တို့ရှိ ကွမ်းခြံများမှ တိုက်ရိုက်ဝယ်ယူရောင်းချကြောင်း၊ ကွမ်းသီးများကို ထားဝယ်မှတိုက်ရိုက်တင်ပို့သည့် ပြည်မြို့ရှိကွမ်းဒိုင်မှတဆင့် မှာယူရောင်းချကြောင်း၊ ကွမ်းစား ထုံးကို မကွေးမှဝယ်ယူရောင်းချပြီး နှပ်ဆေးနှင့်ဗမာဆေးကို မုံရွာနှင့်ပခုက္ကူမှ ဝယ်ယူရောင်းချ ကြောင်း သိရသည်။

            မင်းလှမြို့နယ်တွင် ကွမ်းသီး၊ ကွမ်းရွက် လက်လီလက်ကားရောင်းချသည့်ဆိုင် (၁၀)ဆိုင်ခန့် ရှိပြီး ကွမ်းစိမ်းနှင့်ကွမ်းရွက်ဝါ()မျိုးရှိသည့်အနက် ကွမ်းရွက်ဝါကိုပိုအစားများကြကြောင်း သိရသည်။ ကွမ်းရွက်ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ(ဒုတိယပတ်)တွင် ကွမ်းရွက်ဝါ()ပိဿာ လျှင် ကွမ်းရွက်အကြီး၊ အသေးနှင့် ဝယ်ယူတင်သွင်းရသည့်နေရာဒေသအလိုက် ကျပ်(၆၀၀၀ - ၈၀၀၀ -၁၀၀၀)၊ ကွမ်းသီးခြမ်း()ပိဿာလျှင် ကျပ်(၀၀၀-၂၈၀၀၀)၊ ကွမ်းသီးစိပ်()ပိဿာလျှင် ကျပ် (၂၀၀၀၀-၂၈၀၀၀)၊ ကွမ်းစားထုံး()လီတာ()ဘူးလျှင် ကျပ်(၂၀၀၀)၊ ကွမ်းစားနှပ်ဆေး()ထုပ် လျှင် ကျပ်(၁၀၀၀)၊ ဗမာဆေး()ထုပ်လျှင် ကျပ်(၇၀၀)စသည့် ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

            အရောင်းအဝယ်အနေဖြင့် ()ရက်လျှင်ကွမ်းရွက်ပိဿာချိန် (၁၀)ပိဿာနှင့်အထက် ရောင်းချ ရပြီး ကွမ်းသီး၊ ကွမ်းစိပ်မှာ()ပိဿာမှ ()ပိဿာထိပုံမှန်ရောင်းချရပါကြောင်း၊ ယခင်စက်တင် ဘာလ(ဒုတိယပတ်)နှင့်ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကွမ်းရွက် ကျပ်(၁၀၀၀-၂၀၀၀) ဈေးနှုန်းကျဆင်းအရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။ ယခုအချိန်သည် ကွမ်းစိုက်ပျိုးထွက်ရှိရာ ဒေသများရှိ ကွမ်းခြံများ၌ ကွမ်းအထွက်နှုန်းများလျက်ရှိသောကြောင့် ဈေးနှုန်းမှာကျဆင်းလာခြင်း ဖြစ်‌ကြောင်း   အထက်မင်းလှ-သရက်ကားလမ်းဘေးရှိ ကွမ်းသီး၊ ကွမ်းရွက်ရောင်းချသည့် ကွမ်းဆိုင် ပိုင်ရှင်တစ်ဦးထံမှ သိရှိရသည်။

DOCA(မကွေး)

တောင်ငူမြို့သစ်သီးဆိုင်များရှိ သစ်သီးဈေးနှုန်းများ မြင့်တက်လျက်ရှိနေ

  တောင်ငူမြို့ဈေးများ၊လူစည်းကားရာနေရာများ၊ မြို့၏မုဒ်ဦးအဝင်/အထွက်များနှင့် အထင်ကရနေရာများတွင် သစ်သီးမျိုးစုံကို အထိုင်ဖြင့်သော်လည်းကောင်း၊ မော်တော်ယာဉ်များဖြင့် လှည့်လည် ရောင်းချလျက် ရှိပါသည်။

          သစ်သီးဈေးနှုန်းများအနေဖြင့် ပန်းသီး အသေး ၁လုံးလျှင် ၁၅၀၀ကျပ်၊ အလတ် ၁လုံးလျှင် ၂၀၀၀ကျပ်၊အကြီး ၁လုံးလျှင် ၂၅၀၀ မှ ၄၀၀၀ကျပ်ထိ အသီးသီးရှိပြီး (၅) လုံးအထက် ဝယ်ယူပါက ဈေးနှုန်း အနည်းငယ်သက်သာပါသည်။ လိမ္မော်သီးအသေး ၂၅ ကျပ်သားလျှင် ၂၀၀၀ကျပ်၊ ၁ပိဿာလျှင် ၇၀၀၀ကျပ်၊အကြီး ၂၅ ကျပ်သားလျှင် ၄၀၀၀ကျပ်၊၁ပိဿာလျှင် ၁၄၀၀၀ကျပ်၊  ပျားလိမ္မော် ၂၅ကျပ်သား လျှင် ၉၀၀၀ကျပ်၊ ၁ပိဿာလျှင် ၃၂၀၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိသည်။

          ကျွဲကော်သီး(ခေါ်)ရှောက်ပန်းသီး အလုံး အရွယ်အစားပေါ်မူတည်၍ ၄၀၀၀ ကျပ်မှ ၆၀၀၀ ကျပ် အထိ ရောင်းချပြီး၊ နဂါးမောက်သီးမှာအလုံးအရွယ်အစားပေါ် မူတည်၍ ၁၅၀၀ ကျပ်မှ ၃၅၀၀ ကျပ်ထိ အသီးသီးရောင်းချလျက်ရှိသည်။စပျစ်သီးအညို ၂၅ကျပ်သားလျှင်  ၉၀၀၀ ကျပ်၊ ၁ပိဿာလျှင် ၃၄၀၀၀ ကျပ်နှင့် စပျစ်သီးအစိမ်း ၂၅ ကျပ်သားလျှင် ၁၀၀၀၀ကျပ်၊ ၁ပိဿာလျှင် ၃၈၀၀၀ကျပ်ဖြင့် ရောင်းချကြောင်း သစ်သီးများရောင်းချသူထံမှ သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့ညောင်ပင်လေးဈေးရှိ ဂေါ်ရခါးသီး ၊ မုံလာဥ နှင့် မုံလာရွက်ကုံး ဈေးနှုန်းတည်ငြိမ်လျှက်ရှိ

   တောင်ငူမြို့ညောင်ပင်လေးဈေးတွင် ရာသီပေါ်သီးနှံနှင့် ဟင်းသီးဟင်းရွက်များ ရောင်းချလျှက် ရှိရာ ဂေါ်ရခါးသီး အသေး ၊အလတ် အကြီး အရွယ်ခွဲခြား၍ ယခင်လ နှင့် ယခုအပါတ် အောက်တိုဘာလ ဒုတိယအပါတ်ထိ ဈေးနှုန်းတည်ငြိမ်လျှက်ရှိပြီး  အသေး ၁ လုံး ၂၀၀ ကျပ်၊ အလတ် ၁ လုံး ၃၀၀ ကျပ် ၊ အကြီး ၁ လုံး ၄၀၀ ကျပ်ထိ ဈေးနှုန်းအသီးသီးရှိပြီး ၁၀ လုံးနှင့် အထက် ဝယ်ပါက ဈေးနှုန်းအပြောင်း အလဲရှိပါသည်။

   မုံလာဥ အဖြူ ၂၅ ကျပ်သား ၇၀၀ ကျပ် မှ ၉၀၀ ကျပ် ထိ ဈေးနှုန်းရှိပြီး ၁ ပိဿာ ၂၅၀၀ ကျပ် ၊ ၃၅၀၀ ကျပ် ၊ မုံလာဥ အနီ ၂၅ ကျပ်သား ၈၀၀ ကျပ် မှ ၁၀၀၀ ကျပ် ထိ ဈေးနှုန်းရှိပြီး ၁ ပိဿာ ၃၀၀၀ ကျပ် မှ ၄၀၀၀ ကျပ် ထိဈေးနှုန်းရှိ၍ မုံလာဥ အဖြူ နှင့် အနီ မှာ အလုံးအရွယ်ပေါ်မူတည်ပြီး ဈေးနှုန်း ကွာခြားကြောင်း ယခင်လ နှင့် ယခုအောက်တိုဘာလ ဒုတိယအပတ်ထိ ဈေးနှုန်းတည်ငြိမ်လျက် ရှိကြောင်း၊ မုံလာကုံး ၁စီးလျှင်၈ပင်ခန့်ပါ (၅)စီးပါ၁ ကဒ်ကို ၅၀၀ ကျပ် ၊ ၁၀ ကဒ် ကို ၄၅၀၀ ကျပ် ဈေးနှုန်းရှိပြီး အရောင်းအဝယ်မှာ ပုံမှန်အတိုင်းရောင်းရလျှက်ရှိကြောင်း ရောင်းချသည့် ကုန်စိမ်းသည်များ ထံမှ သတင်းရရှိပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့နယ်အတွင်းရှိ ဆန် နှင့် အခြေခံစားကုန်များဈေးနှုန်းစျေးကွက်

  တောင်ငူမြို့ ဈေးလမ်းနှင့် မြို့မဈေးအတွင်းရှိ ဆန်ပွဲရုံများတွင် ယခင်လက ပိဿာ(၃၀)နှံကောက် ၁ အိတ်လျှင် ၄၅၀၀၀ ကျပ် ရှိပြီး ယခုအောက်တိုဘာလ ဒုတိယအပတ်တွင်လည်း ပိဿာ(၃၀)နှံကောက် ၁ အိတ်မှာ ၄၅၀၀၀ ကျပ်နှင့် ဈေးနှုန်းတည်ငြိမ်လျှက်ရှိပါသည်။ ယခင်လက ဗျော့ထွန်း အဟောင်း ၁ အိတ် ၇၂၀၀၀ ကျပ် ၊ ယခုအောက်တိုဘာလ ဒုတိယအပါတ်တွင် ဗျော့ထွန်းအဟောင်း ၆၅၀၀၀ ကျပ်ထိ ဈေးနှုန်းကျဆင်းလာပြီး ဗျော့ထွန်းအသစ်မှာ ယခင်လက ၆၈၀၀၀ကျပ် ၊ ယခုအောက်တိုဘာလ ဒုတိယအပါတ် ၁ အိတ် ၆၀၀၀၀ ကျပ်ဈေးနှုန်းကျဆင်းလျက်ရှိသည်။

   ဖွဲနု ၁ အိတ်လျှင် ယခင်လက ၃၀၀၀၀ ကျပ် ၊ ယခုအောက်တိုဘာလ ဒုတိယအပါတ် ၁ အိတ် ၂၈၀၀၀ ကျပ်၊ ဆန်ကွဲ (၂၊၃၊၄) ၁ အိတ် ယခင်လက ၄၀၀၀၀ ကျပ်၊ ယခုအောက်တိုဘာလ ဒုတိယအပါတ် ၃၈၀၀၀ ကျပ် ထိဈေးနှုန်းကျဆင်းလာကြောင်း သိရှိရပြီး အခြေခံစားကုန်များအနေနှင့် မြေပံဆံ ၁ ပိဿာ ၈၁၀၀ ကျပ်၊ ကုလားပဲခြမ်း ၁ ပိဿာ ၆၇၀၀ ကျပ်၊ သကြား ၁ ပိဿာ ၅၀၀၀ ကျပ်၊ အိုင်အိုဒင်းဆား (၃၅ကျပ်သား)၁ ထုပ် ၈၀၀ ကျပ် ၊ရိုးရိုးဆားကြမ်း၁ပိဿာလျှင် ၂၀၀၀ကျပ်၊ ကြက်သွန်ဖြူအလတ် ၁ပိဿာလျှင် ၃၅၀၀ ကျပ်၊ ကြက်သွန်နီ အလတ် ၁ပိဿာလျှင် ၁၅၀၀ ကျပ်၊ ငရုပ်သီးခြောက် အပု ၁ပိဿာ ၁၅၀၀၀ ကျပ်၊ ငရုပ်သီးခြောက် အရှည် ၁ပိဿာလျှင် ၁၁၀၀၀ ကျပ် ဈေးနှုန်းအသီးသီးဖြင့် ရောင်းချလျှက်ရှိကြောင်း ကုန်စုံဆိုင်များမှ သတင်းရရှိပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့ရှိ အာလူး ဈေးနှုန်းမြှင့်တက်ပြီး ငရုပ်သီးခြောက်ဈေးနှုန်းတည်ငြိမ်လျှက်ရှိ

   တောင်ငူမြို့ရှိ မြို့မဈေးနှင့် ဈေးလမ်း အနီးရှိ ပွဲရုံများတွင် အာလူးဈေးနှုန်းမြင့်တက်လျက်ရှိပြီး ယခင်လတွင် အာလူး အသေး/ အလတ်/ အကြီးဟူ၍ ၃ မျိုးခွဲပြီးရောင်းချလျက်ရှိရာ အာလူးအသေး ၁ ပိဿာ ၂၃၀၀ ကျပ် ၊ အာလူး အလတ် ၁ ပိဿာ ၃၀၀၀ ကျပ်၊ အာလူး အကြီး ၁ ပိဿာ ၃၅၀၀ ကျပ် မှ ၄၀၀၀ ကျပ်သာရှိသော်လည်း ယခု အောက်တိုဘာလ ဒုတိယအပတ်တွင် အာလူး အသေး ၁ ပိဿာ ၄၃၀၀ ကျပ်ထိ ဈေးနှုန်းမြင့်တက်လာပြီး အာလူး အလတ် ၁ ပိဿာ ၅၀၀၀ ကျပ် ၊ အာလူး အကြီး ၁ ပိဿာ ၆၀၀၀ ကျပ်ထိ ဈေးနှုန်းမြင့်တက်လာသော်လည်း အရောင်းအဝယ်မှာ ပုံမှန်အတိုင်း ရောင်းဝယ်လျက်ရှိကြောင်း သိရှိရသည်။

          ယခင်လတွင် ငရုပ်သီးခြောက် အပု ၂၅ ကျပ်သား ၄၀၀၀ ကျပ် ၊ ၁ ပိဿာ ၁၅၀၀၀ ကျပ် ၊ ငရုပ်သီးခြောက် အရှည် ၂၅ ကျပ်သား ၃၀၀၀ ကျပ် ၊ ၁ ပိဿာ ၁၁၀၀၀ ကျပ်သာရှိပြီး ယခင်လနှင့် ယခု အောက်တိုဘာလ ဒုတိယအပတ်တွင် ဈေးနှုန်းပြောင်းလဲမှုမရှိပါကြောင်း၊ အာလူး နှင့် ငရုပ်သီးခြောက် ၅ ပိဿာနှင့် အထက်ဝယ်ယူပါက ဈေးနှုန်းအပြောင်းအလဲရှိကြောင်း လက်ကားဖောက်သည်ယူသည့် အကြော်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များသည် လက်လီရောင်းချသည့် ဈေးနှုန်းထက် ၅၀၀ ကျပ်သာ ကွာကြောင်း ရောင်းချသည့် ပွဲရုံများမှ သတင်းရရှိပါသည်။

DOCA(ပဲခူး)

ပွင့်လင်းရာသီပြည်ပပို့ကုန်တိုးမြှင့်မည့် ဧရာဝတီမှ ရွှေဖြူဈေးကွက်

          စိုက်ပျိုးရေးနိုင်ငံတစ်နိုင်ငံဖြစ်သည်အားလျော်စွာ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကဏ္ဍတွင် သီးနှံအမယ်ပေါင်းများစွာ အောင်မြင်ဖြစ်ထွန်းသည့် ရေခံ၊ မြေခံကောင်းမွန်သော နိုင်ငံတစ်ခုဖြစ်ပြီး စိုက်ပျိုးရေးထွက်ကုန်များမှ ပြည်တွင်းစားသုံးမှုနှင့် . ပြည်ပဝင်ငွေရှာဖွေပေးနေ သလို ဧရာဝတီတိုင်းဒေသကြီးသည်လည်း သဘာဝမှ လက်ဆောင်ပေးထားသည့် မြေဆီ၊ မြေနှစ် သဘာဝအရင်းအမြစ်များကို အသုံးပြုပြီး စိုက်ပျိုးရေးလုပ်ငန်းများတွင် အသားတင်စိုက်ပျိုးနိုင်သော မြေဧက ၄၄၈၈၇၁၉ ရှိသည့်အနက် လယ်စိုက်ဧက ၃၇၂၁၂၇၆ ပဲမျိုးစုံစိုက်ဧက ၁၆၁၂၅၁၂ လယ်ယာကိုင်းကျွန်းသီးနှံစိုက်ဧက ၂၅၁၈၇၁ ဥယျာဉ်ခြံမြေစိုက်ဧက ၄၃၃၆၇ ၊ ဓနိ စိုက်ဧက ၄၁၂၇၇ ၊ နှစ်ရှည်သီးနှံသီဟိုဠ်စိုက်ဧက ၆၅၉၃၃ စိုက်ပျိုးလျက်ရှိသည့်အပြင် နှစ်ရှည် (စက်မှုကုန်ကြမ်းသီးနှံ) ရော်ဘာကိုလည်း စိုက်ပျိုးလျက်နေပါသည်။

          ရော်ဘာကိုမြန်မာနိုင်ငံ၏ အနှံ့အပြားမှာစိုက်ပျိုးလျက်ရှိပြီး ရော်ဘာလုပ်ငန်းသည် တစ်ကမ္ဘာလုံး ဆိုင်ရာစီးပွားရေးလုပ်ငန်းဖြစ်သည်နှင့်အညီ ဈေးကွက်လွန်စွာ ကြီးမားကျယ်ပြန့်လှပြီး ရော်ဘာစိုက်ပျိုးထုတ်လုပ်သော နိုင်ငံတွေအနေနဲ့နိုင်ငံတကာ လိုအပ်ချက်ကြီးမားတဲ့ ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုကို အလေးထားဆောင်ရွက်နေသလို မိမိတို့မြန်မာနိုင်ငံသည်လည်း ရော်ဘာစိုက်ပျိုးထုတ်လုပ်တဲ့နိုင်ငံတွေအနက် တစ်ခုအပါအဝင်ဖြစ်ကာ ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာလည်း နှစ်ရှည်(စက်မှုကုန်ကြမ်းသီးနှံ) ရော်ဘာကို စိုက်ပျိုးရေးဦးစီးဌာနမှ နိုင်ငံအတွင်းဒေသအလိုက် ရော်ဘာအထွက်နှုန်းတိုးတက်စေရန် သတ်မှတ်ထားသော ရေမြေရာသီဥတုနှင့်ကိုက်ညီသည့် BPM-24/ PRIM-25 ရော်ဘာမျိုးများကို စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပြည်မြို့နယ်ရှိ အရောင်းသွက်တဲ့ ပဲပြားဈေးကွက်

   ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့ပေါ်ရှိ ဈေးများတွင် ပဲပြားများရောင်းချနေကြောင်း သိရသည်။ ပြည်မြို့အတွင်းရှိ ဟင်းသီးဟင်းရွက်ရောင်းချသည့် ဈေးဆိုင်များတွင် ဟင်းသီးဟင်းရွက်အပြင် ပဲပင်ပေါက်နှင့် ပဲပြား သည်လည်း မပါမဖြစ် တွဲ၍ စားသုံးသော အစားအစာတစ်မျိုးဖြစ်ပါသည်။ ပဲပြားသည် သတ်သတ်လွတ်စားသုံးသူများ အတွက် အသားဓါတ်တွေကို ပဲပြားကနေရနိုင်ပြီး ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ ဗီတာမင်ချို့တဲ့မသွားအောင် ပဲပြားကို စားသုံးကြတာဖြစ်ပါတယ်။ ပဲပြားကို ကြော်ပြီး အစာသွပ်စားခြင်းဟာ မြန်မာတို့အတွက် နှစ်ကြိုက်လှတဲ့ သရေစာ တစ်မျိုးဖြစ်ပါသည်။ ပဲပြားကို အစိမ်းချက်စားကြသလို ကြော်ပြီးလည်း ချက်စားကြပါတယ်။ ဒါ့အပြင်  ဟင်းချိုတွေနဲ့ တစ်ချို့ ဟင်းလျာတွေမှာ တွဲဖက်ပါဝင်ပစ္စည်းအဖြစ် အသုံးပြုကြသည်။ ပဲပြားကို ကြော်ပြီးစားသုံးကြသလို သုပ်၍လည်း စားသုံးကြသည်။

    ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ၊ ဒုတိယပတ်တွင် ရောင်းချလျက်ရှိသော ပဲပြားဈေးနှုန်းများမှာ ပဲပြား(၂)တုံးတစ်တွဲလျှင် (၉၀၀)ကျပ်ဖြင့် ရောင်းချပြီး တစ်တုံးလျှင် (၅၀၀)ကျပ်ဖြင့် ရောင်းချကြောင်းသိရသည်။

DOCA(ပဲခူး)

ပဲစောင်းလျားသီးစျေးနှုန်း/စျေးကွက်

    ထားဝယ်မြို့၊စည်ပင်သာယာစျေးအတွင်းတွင် ပဲစောင်းလျားသီးများ ရောင်းချလျက်ရှိပါသည်။ အသီးများကို အနီးနာကျေးရွာအတွင်းရှိ ခြံစိုက်ပျိုးသူများက လာရောက်‌ ရောင်းချလျက်ရှိပါသည်။ ယခု အချိန်သည် ဒေသထွက် ပဲစောင်းလျားသီးများလှိုင်လှိုင် ထွက်ချိန်ဖြစ်၍ ပေါများစွာဝယ်ယူရရှိနိုင်ပါသည်။ အကြီးအသေးပေါ်မူတည်၍ စျေး အနည်းငယ်ကွာခြားပါသည် အကြီး(၁၀)တောင့်လျှင် ၁၀၀၀ကျပ်ဖြစ် ပြီးအလတ်(၁၃) တောင့်လျှင် ၁၀၀၀ကျပ်ဖြစ်ဝယ်ယူ နေရကြောင်းအိမ်ရှင်မ တစ်ဦးထံမှ သိရှိရပါသည်။

DOCA (တနင်္သာရီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း