Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပခုက္ကူမြို့၌ ဩဂုတ်လ(တတိယပတ်)တွင် ကျွန်းစားတော်ပဲများ ဈေးဆက်လက်မြင့်တက်နေ

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ ပဲဈေးကွက်တွင် ပြည်တွင်းစားသုံးမှုမြင့်မားလျက် ရှိသော စားတော်ပဲများ တက်ဈေးဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။ ဈေးကွက်သို့ ကျွန်းစားတော်ပဲစိုက်ပျိုးမှုများသော ပခုက္ကူ၊ မြစ်ခြေ၊ ကမ္မ၊ ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ကျောက်ထု၊ လောင်းရှည်ဒေသများနှင့် ပေါက်၊ ဆိပ်ဖြူမြို့မှ ထွက်ရှိသောစားတော်ပဲများ ပွဲရုံများသို့နေ့စဉ် ဝင်ရောက်ကြောင်း၊ သီးနှံ(အသစ်)ပေါ်ချိန်တွင် ဈေးအေး၍အရောင်းအဝယ်ဖြစ်ခဲ့ပြီး ပြည်တွင်းစားသုံးမှု များ၍ စားတော်ပဲဈေးတရိပ်ရိပ်မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။

              ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(တတိယပတ်)တွင် စားတော်ပဲဈေး တရိပ်ရိပ် ဆက်လက်မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ဒေသတွင်းပဲလက်ကျန်နည်းပြီး စားသုံးမှု ဝယ်လိုအားမြင့်မားလျက်ရှိ၍ ဈေးမြင့်တက်ကြောင်း၊ ကျွန်းစားတော်ပဲ တစ်တင်းလျှင် ကျပ် (၂၂၀၀၀၀-၂၁၀၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ပြီး ယောစားတော်ပဲတစ်တင်းလျှင် ကျပ်(၁၇၀၀၀၀-၁၆၅၀၀၀) အရောင်းအဝယ်ဖြစ်ခဲ့ပြီး သီးနှံပေါ်စ မတ်လကုန်ပိုင်းတွင် ကျွန်းစားတော်ပဲတစ်တင်း ကျပ်  (၁၂၀၀၀၀-၁၀၀၀၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး သီးနှံပေါ်စအချိန်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ကျွန်းစားတော်ပဲတစ်တင်းလျှင် ကျပ်(၁၀၀၀၀၀)ခန့်ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရ သည်။ စားတော်ပဲသီးနှံပြည်တွင်းစိုက်ပျိုးမှုနည်းပြီး နေ့စဉ်စားသုံးမှုများလျက်ရှိသော သီးနှံဖြစ်သည်။ ယခုနှစ်တွင် စားတော်ပဲသီးနှံဖြစ်ထွန်းမှုနည်း၍ ဈေးကွက်သို့သီးနှံဝင်ရောက်မှု နည်းခြင်းကြောင့် ဈေးကွက်တွင် ပဲလက်ကျန်နည်းပြီး ဝယ်လိုအားကောင်း၍ ဈေးတက်ကြောင်း၊ ပြည်တွင်းစားသုံးမှုအနေဖြင့် မြန်မာလူမျိုးများသည် စားတော်ပဲသီးနှံကို မြန်မာ့ရိုးရာအစားအစာအဖြစ် နေ့စဉ်စားသုံးခြင်း အပြင် လုပ်ငန်းရှင်များမှလည်း စားသောက်ကုန်မျိုးစုံ ထုတ်လုပ်ရောင်းချလျက်ရှိ၍ တစ်နှစ်ပတ်လုံး စားသုံးသည့်သီးနှံတစ်မျိုးဖြစ်ပြီး ယခုအချိန်တွင်ဒေသတွင်းပဲလက်ကျန်နည်းပြီး ဝယ်လိုအားကောင်း၍ ပြည်တွင်းစားတော်ပဲ ဈေးကွက်စံချိန်တင် အမြင့်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြာင်း သိရှိရသည်။

DOCA(မကွေး)

 

မကွေးမြို့၏ စက်သုံးဆီဈေးနှုန်းအခြေအနေ

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ စက်သုံးဆီရည်ညွှန်းဈေးနှုန်းများအား နေ့စဉ်ထုန်ပြန်ပေးလျက် ရှိပါသည်။

          မကွေးမြို့နယ်၌ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ (တတိယပတ်)တွင် ဖြစ်ပေါ်နေသော စက်သုံးဆီ ဈေးနှုန်းများမှာ ဓါတ်ဆီ (92) (၁) လီတာလျှင် ကျပ် (၃၀၂၀)၊ ဓါတ်ဆီ (95) (၁) လီတာလျှင် ကျပ် (၃၀၇၅)၊ ဒီဇယ် (ရိုးရိုး) (၁) လီတာလျှင် ကျပ် (၂၇၃၅)၊ ဒီဇယ် (ပရီမီယမ်) (၁)လီတာလျှင် ကျပ် (၃၃၅၅) ဖြစ်ပြီး (ဒုတိယပတ်)တွင် ဓါတ်ဆီ(92) (၁) လီတာလျှင် ကျပ် (၃၀၆၀)၊ ဓါတ်ဆီ (95) (၁) လီတာလျှင် ကျပ် (၃၁၁၅)၊ ဒီဇယ် (ရိုးရိုး) (၁) လီတာလျှင် ကျပ် (၂၈၃၅)၊ ဒီဇယ် (ပရီမီယမ်) (၁)လီတာလျှင် ကျပ် (၃၄၇၅)ဖြစ်၍ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ဓါတ်ဆီ (92) (၁) လီတာလျှင် ကျပ်(၄၀)၊ ဓါတ်ဆီ (95) (၁) လီတာလျှင် ကျပ် (၄၀)၊ ဒီဇယ် (ရိုးရိုး) (၁) လီတာလျှင် ကျပ် (၁၀၀)၊ ဒီဇယ် (ပရီမီယမ်) (၁)လီတာလျှင် ကျပ်(၁၂၀) ဈေးနှုန်း အနည်းငယ်ကျဆင်းလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ကြွက်နားရွက်မှိုနှင့် စျေးနှုန်းစျေးကွက်

      ကြွက်နားရွက်မှိုသည် စား၍ရသော မှိုတစ်မျိုးဖြစ်ပြီး ကြာဇံချက်၊ ကြာဇံဟင်းခါး၊ ကော်ရည်ခေါက်ဆွဲနှင့် တရုတ်ဟင်းလျာများတွင် အများဆုံးပါဝင်လေ့ရှိသည်။ မှို၏ပုံစံသည် နားရွက်နှင့် ဆင်တူသောကြောင့် ကြွက်နားရွက်မှို ဟုခေါ်ကြသည်။ ကြွက်နားရွက်မှိုစားခြင်း၏ ကောင်းကျိုးများမှာ- သွေးလည်ပတ်မှု ကောင်းမွန်စေခြင်း၊ ရောင်ရမ်းမှုကို သက်သာစေခြင်း၊ နှလုံးကျန်းမာရေး အတွက် ကောင်းမွန်စေခြင်း၊ Antioxidant၏ အစွမ်းသတ္တိပါဝင်ခြင်း၊ ခန္ဓာကိုယ်အတွင်း အဆိပ်အတောက်ကင်းစေပြီး ဝိတ်ကျစေပါသည်။

      မြိတ်မြို့တွင် ကြွက်နားရွက်မှိုကို တစ်ဆယ်သားလျှင် ၃၅၀၀ကျပ်ဖြင့်ရောင်းချလျက် ရှိပြီး တစ်ပိဿာလျှင် ၃၅၀၀၀ကျပ်ခန့်ရှိကြောင်း ရန်ကုန်မြို့မှတဆင့် မြိတ်မြို့အတွင်း ဖြန့်ဝေရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

သက်သတ်လွတ်အစားအစာ အသားတု

      အသားတုကို ကြော်စားခြင်း၊ ပြုတ်စားခြင်း၊ တုတ်ထိုးနှင့် ကြာဇံဟင်းခါးများတွင် ထည့်၍ချက်ပြုတ် စားကြသည်။အချို့မှာ အသားအစား သက်သတ်လွတ်အစားအစာအဖြစ် အစားထိုးစားသုံးကြသည်။ Supermarketနှင့်စျေးများတွင် ဝယ်ယူရရှိနိုင်ပြီး ကမ်းနားလမ်း ညစျေးတွင် ရောင်းချလျက်ရှိသည်ကို တွေ့ရသည်။ မြိတ်မြို့တွင် အသင့်စားအသားတုအကြော် တစ်ထုပ်ကို (၂၀၀)ကျပ်မှ (၁၀၀၀)ကျပ်နှင့် အထက်၊ စျေးထဲရှိ အသားတုအခြောက်တစ်ထုပ်ကို (၅၀၀)ကျပ်မှ (၁၀၀၀) ကျပ် နှင့်အထက် ရောင်းချကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

 

 

 

 

 

 

 

ပုသိမ်မြို့ရှိ ဘိလပ်မြေ ဈေးနှုန်းဈေးကွက်အခြေအနေ

           ဩဂုတ်လ တတိယအပတ်တွင် ပုသိမ်မြို့၏ ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ် ပုံမှန်ရှိနေပြီး ဈေးနှုန်းမှာ အနည်းငယ်ကျဆင်းလျက်ရှိနေကြောင်း သိရှိရပါသည်။ ယခုအပတ်ဈေးနှုန်း မှာ ထိုင်းဆင် အမှတ်တံဆိပ် (50) kg တစ်အိတ်လျှင် (၂၈၀၀၀) ကျပ်၊ ကြံနှစ်ကောင် အမှတ်တံဆိပ် (50) kg တစ်အိတ်လျှင် (၂၅၀၀၀) ကျပ်၊ အပါချီ အမှတ်တံဆိပ် (50) kg တစ်အိတ်လျှင် (၂၄၅၀၀) ကျပ်တို့ ဖြစ်ကြောင်းသိရှိရပါသည်။

        ဩဂုတ်လ ဒုတိယအပတ် ဈေးနှုန်းနှင့် နှိုင်းယဉ်ပါက ဘိလပ်မြေဈေးနှုန်းများမှာ ဈေးနှုန်း အနည်းငယ်ကျဆင်းမှုရှိပြီး ဘိလပ်မြေဈေးကွက်မှာ မိုးတွင်းကာလဖြစ်သောကြောင့် ဒေသတွင်း ဝယ်ယူမှု နည်းသော်လည်း ဈေးကွက်အတွင်းပစ္စည်းပြတ်လပ်မှုမရှိ၍ ပုံမှန်ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။

Doca (ဧရာဝတီ)

 

ကရင်ပြည်နယ်ဒေသထွက် ဗုံလုံသီး(ခေါ်)ပဲလင်းမြွေသီးဈေးနှုန်း

     ကရင်ပြည်နယ်၊ ဘားအံမြို့နှင့်အနီးတဝိုက်ကျေးရွာများရှိ ဒေသခံတောင်သူများသည် မိမိတို့၏ ခြံထွက်ဟင်းသီးဟင်းရွက်များကို ဘားအံမြို့ရေပေါ်ဈေးအတွင်းသို့ လာရောက်ရောင်းချကြသည်။ ဒေသထွက်ရာသီစာ သီးနှံတစ်မျိုးဖြစ်သည့် ဗုံလုံသီး(ခေါ်)ပဲလင်းမြွေသီးများလည်း ဘားအံမြို့ရေပေါ် ဈေး  ဈေးကွက်အတွင်း အရောင်းသွက်လျက်ရှိကြောင်း သိရသည်။ ဗုံလုံသီး(ခေါ်)ပဲလင်းမြွေသီးဈေးနှုန်းများမှာ လက်ကားဈေးနှုန်း အတောင့်(၃၀)ပါတစ်စည်း(၂၁၀၀၀)ကျပ်၊အတောင့်(၅၀)ပါ အစည်း(၃၅၀၀၀)ကျပ်နှင့် ဗုံလုံသီး (ခေါ်) ပဲလင်းမြွေသီးလက်လီးဈေးနှုန်းမှာ အတောင့်ကြီး တစ်တောင့်လျှင် (၁၃၀၀/၁၅၀၀)ကျပ်၊ အတောင့်လတ် တစ်တောင့်လျှင် (၁၀၀၀/၁၂၀၀)ကျပ်၊ အတောင့်သေး တစ်တောင့်လျှင် (၈၀၀)ကျပ်နှုန်း တို့ဖြစ် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)

ကရင်ပြည်နယ်ဒေသထွက် ဆူစကားသီးဈေးနှုန်း

    ၂၀၂၅ခုနှစ်၊ ဩဂုတ်လစတုတ္ထပတ်အတွင်း ကရင်ပြည်နယ်၊ဘားအံမြို့ရေပေါ်ဈေးတွင် ရောင်းချ နေသော ဒေသထွက်ရာသီစာ ဆူစကားသီး(သို့)ပန်းသီးများ ဈေးကွက်အတွင်း ဈေးကောင်းရလျက်ရှိကြောင်း သိရသည်။

     ဆူစကားသီး(သို့)ပန်းသီးနှင့်ပတ်သက်၍ ရောင်းချသူဆိုင်ရှင်မှ ဆူစကားသီး(သို့)ပန်းသီးပင်သည် နွယ်ပင်တစ်မျိုးဖြစ်ပြီး ကရင်ပြည်နယ်အတွင်း မိုးရာသီမှသာ ရရှိနိုင်သည်။ ဆူစကားသီး(သို့)ပန်းသီးပင်သည် ဘူးသီး၊ဂေါ်ရခါးသီး အတိုင်းချက်စားနိုင်သလို ဆူစကားသီး(သို့)ပန်းသီး၏ အနှစ်သည်လည်း ပင်မှည့်သီးလို ဖျော်ရည်အဖြစ် သောက်သုံးနိုင်ပါသည်။

 ဘားအံမြို့အနီးတစ်ဝိုက်ကျေးရွာများတွင် ဆူစကားသီး(သို့)ပန်းသီးကို မိမိတို့အိမ်ခြံဝင်းအတွင်း တစ်ပိုင်တနိုင် အပိုဝင်ငွေရရှိနိုင်ရန်အတွက် စိုက်ပျိုးကြသည်။ ဆူစကားသီး(သို့)ပန်းသီးကို အရွယ်အစား အလိုက်ရောင်းချကြသည်။ ဆူစကားသီး(သို့)ပန်းသီးဈေးနှုန်းမှာ လက်ကားဈေးနှုန်းအလုံးကြီး(၁၀)လုံးလျှင် (၁၅၀၀၀)ကျပ်၊ အလုံး(၅၀)လုံးလျှင်(၇၃၀၀၀)ကျပ်၊ အလုံး(၁၀၀)လုံးလျှင်(၁၂၀၀၀၀)ကျပ်နှုန်းနှင့် လက်လီ ဈေးနှုန်းအနေဖြင့် အလုံးကြီးတစ်လုံးလျှင်(၂၀၀၀/၂၅၀၀)ကျပ်၊ အလုံးလတ်တစ်လုံးလျှင်(၁၅၀၀/၂၀၀၀) ကျပ်၊ အလုံးသေးတစ်လုံးလျှင်(၈၀၀/၁၀၀၀)ကျပ်နှုန်း ရောင်းချ၍ ဈေးကောင်းရကာ အရောင်းသွက်လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)

ကရင်ပြည်နယ်ဒေသထုတ်ကုန် အသင့်စား “ဆိတ်ချေးခါးဟင်းလျာ”ဈေးနှုန်း

       ၂၀၂၅ ခုနှစ်၊ ဩဂုတ်လစတုတ္ထပတ်အတွင်း ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိ  City Market များနှင့် စားသောက်ဆိုင်များတွင် အသင့်စား “ဆိတ်ချေးခါးဟင်းလျာ”များ ရောင်းအားကောင်းလျက် ရှိကြောင်း သိရသည်။

     ဆိတ်ချေးခါးဟင်းလျာနှင့်ပတ်သက်၍ လုပ်ငန်းရှင်ဦးချိက ဆိတ်ချေးခါးဟင်းလျာမှာ ကရင် လူမျိုးတို့၏ ဒေသအစားအစာတစ်ခုဖြစ်ပြီး ကရင်ပြည်နယ်တစ်ခုတည်းတွင်သာ ရရှိနိုင်ပါသည်။ ဆိတ်ချေးခါးဟင်းလျားတွင် ဆိတ်ခေါင်း၊ ဆိတ်ကလီစာ၊ ဆိတ်နံရိုးနု၊ ဆိတ်ချေးပါအူနုများကို ဂျင်း၊ စပါးလင်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ရှောက်နူသီးရွက်၊ ရှမ်းနံနံစသည့် ဟင်းခတ်အမွေးအကြိုင်များ ကို စုပေါင်းရောနှောလုံးပြီး ဆီမပါ နူးအါစွာ ချက်ပြုတ်ထားခြင်းဖြစ်ကြောင်းနှင့် ဒေသတွင်းဖြန့်ချီရံ သာမက အခြားမြို့များနှင့်တဖက်ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချ၍ လူကြိုက်များလျက်ရှိကြောင်း သိရသည်။

   အဆိုပါ ဒေသထုတ်ကုန် အသင့်စား “ဆိတ်ချေးခါးဟင်းလျာ”ကို နှစ်ပတ်တစ်ကြိမ် လက်ကား/ လက်လီဖြန့်ဖြူးရောင်းချလျက်ရှိသည်။ယခင်နှစ် “ဆိတ်ချေးခါးဟင်းလျာ”ဈေးနှုန်းများမှာ လက်ကား ဈေး“ဆိတ်ချေးခါး”အထုပ်(၁၀၀)လျှင်(၄၅၀၀၀၀)ကျပ်၊“ဆိတ်ချေးခါး”အထုတ်(၅၀)လျှင် (၂၂၅၀၀၀) ကျပ် နှုန်းနှင့် လက်လီဈေးနှုန်း အထုပ်(၁)ထုပ်လျှင် (၄၅၀၀)ကျပ်နှင့်ယခုနှစ် ဒေသထုတ်ကုန်အသင့်စား “ဆိတ်ချေးခါးဟင်းလျာ” ဈေးနှုန်းများမှာ လက်ကားဈေး “ဆိတ်ချေးခါး”အထုပ်(၁၀၀)လျှင် (၆၀၀၀၀၀)ကျပ်၊ “ဆိတ်ချေးခါး”အထုပ်(၅၀)လျှင် (၃၁၀၀၀၀)ကျပ်နှုန်းနှင့်လက်လီဈေးနှုန်းအထုပ်(၁)ထုပ်လျှင် (၆၅၀၀)ကျပ် နှုန်းတို့ဖြစ် ရောင်းချလျက်ရှိကြောင်း၊ ယခင်နှစ် “ဆိတ်ချေးခါး” ဈေးနှုန်းနှင့်ယခုနှစ် “ဆိတ်ချေးခါး” ဈေးနှုန်း နှိုင်းယှဉ်လျှင် “ဆိတ်ချေးခါး” (၁)ထုပ်လျှင်(၁၅၀၀)ကျပ်နှုန်း ကွာဟကြောင်း၊ ယခုလို “ဆိတ်ချေးခါး” ဈေးနှုန်း အနည်းငယ်ကွာဟရခြင်းမှာ “ဆိတ်ချေးခါး”တွင် ပါဝင်သောပစ္စည်းနှင့်ပါကင်အိတ် ဈေးနှုန်း မြင့်တက်ခြင်းတို့ကြောင့်ဖြစ်ကြောင်း သိရသည်။

DOCA(ကရင်)

မော်လမြိုင်မြို့ အမှတ် (၁) ဈေးကြီးမှ ငါးခြောက်ဈေးနှုန်းအခြေအနေ

       မွန်ပြည်နယ်မော်လမြိုင်မြို့အမှတ် (၁) ဈေးကြီး၌ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လတွင် ရောင်းချလျှက်ရှိသော ငါးခြောက်အမယ်များမှာ ငါးနှပ်ခြောက် (အာပြဲခြောက်)၊ ငါးပုပ်ခြောက်၊ ငါးနီတူခြောက်၊ ငါးလိပ်ကျောက်ခြောက်၊ ငါးရွှေခြောက်၊ ငါးအူမြင်းခြောက်၊ ငါးကွင်းရှပ်ခြောက်၊ ငါးတံခွန်ခြောက် (အကောင်သေး)၊ ငါးတံခွန်ခြောက်ခွဲခြမ်း၊ ငါးဖောင်ရိုးခြောက်၊ ငါးစာပြက်၊ ငါးစင်ရိုင်းခြောက်၊ ပုစွန်ခြောက်(အကြီး)၊ ပုစွန်ခြောက်(အလတ်)၊ ပုစွန်ခြောက်(အသေး)၊ ပုစွန် ခြောက်အခွံပါအမှုန့်ခြောက်တို့ ရောင်းချလျက်ရှိသည်။

    ၎င်းငါးခြောက်အမယ်စုံဈေးနှုန်းများမှာ ငါးနှပ်ခြောက်(အာပြဲခြောက်)(အကြီး) တစ်ပိဿာလျှင် ကျပ် ၄၅၀၀၀၊ ငါးနှပ်ခြောက်(အာပြဲခြောက်)(အလတ်) တစ်ပိဿာလျှင် ကျပ် ၄၀၀၀၀၊  ငါးနှပ်ခြောက်(အာပြဲခြောက်)(အသေး) တစ်ပိဿာလျှင် ကျပ် ၂၅၀၀၀၊ ငါးပုပ်ခြောက် တစ်ပိဿာ လျှင် ကျပ် ၃၅၀၀၀၊   ငါးနီတူခြောက် တစ်ပိဿာလျှင် ကျပ် ၄၀၀၀၀၊   ငါးလိပ်ကျောက်ခြောက် တစ်ပိဿာလျှင် ကျပ် ၃၅၀၀၀၊  ငါးရွှေခြောက် တစ်ပိဿာလျှင် ကျပ် ၂၅၀၀၀၊  ငါးအူမြင်းခြောက် တစ်ပိဿာလျှင် ကျပ် ၄၀၀၀၀၊   ငါးကွင်းရှပ်ခြောက်(အကြီး) တစ်ပိဿာလျှင် ကျပ် ၄၀၀၀၀၊ ငါးကွင်းရှပ်ခြောက်(အလတ်)တစ်ပိဿာလျှင် ကျပ် ၃၅၀၀၀၊ ငါးကွင်းရှပ်ခြောက် (အသေး) တစ်ပိဿာလျှင် ကျပ် ၃၂၀၀၀ မှ ၃၀၀၀၀ ကျပ်အတွင်း၊ ငါးတံခွန်ခြောက်(အကောင်သေး) တစ်ပိဿာလျှင် ကျပ် ၂၃၀၀၀မှ ၂၀၀၀၀အတွင်း၊ ငါးတံခွန်ခြောက်ခွဲခြမ်း တစ်ပိဿာလျှင် ကျပ် ၂၅၀၀၀၊  ငါးဖောင်ရိုးခြောက် တစ်ပိဿာလျှင် ကျပ် ၃၀၀၀၀၊ ငါးစာပြက် တစ်ပိဿာလျှင်  ကျပ်၃၁၀၀၀မှ ၂၇၀၀၀အတွင်း၊ ငါးစရိုင်းခြောက် တစ်ပိဿာလျှင် ကျပ် ၃၀၀၀၀၊ ပုဇွန်ခြောက် (အကြီး) တစ်ပိဿာလျှင် ကျပ် ၁၂၀၀၀၀၊  ပုဇွန်ခြောက် (အလတ်) တစ်ပိဿာလျှင် ကျပ် ၉၀၀၀၀၊  ပုဇွန်ခြောက် (အသေး)တစ်ပိဿာလျှင် ကျပ် ၇၀၀၀၀၊ ပုဇွန်ခြောက်အခွံပါ အမှုန့်ခြောက် တစ်ပိဿာလျှင် ကျပ် ၃၀၀၀၀ တို့ဖြစ်သည်။ အဆိုပါ ငါးခြောက်ဈေးနှုန်းများမှာ အပတ်စဉ်လိုက် အနည်းငယ် အပြောင်းအလဲရှိနိုင်ကြောင်း သိရသည်။

DOCA (မွန်)

မော်လမြိုင်မြို့၏ ပဲမျိုးစုံဈေးနှုန်း နှင့်အာဟာရ

      ပဲမျိုးစုံများကို မွန်ပြည်နယ်အတွင်း စားသုံးသူများပြားသည်။ ပဲမှရသော အာဟာရနှင့် ကျန်းမာရေးဓာတ်စာအဖြစ်နှစ်သက်စွာ စားသုံးခြင်း၊ လူမျိုးမရွေးစားသုံးခြင်း၊ သက်သတ်လွတ် စားသုံးသူများအနေဖြင့် ပဲမျိုးစုံကို အဓိက စားသုံးခြင်း၊ မုန့်ပဲသရေစာအဖြစ် အကြော် ပြုလုပ်ခြင်း၊ အသုပ်ပြုလုပ်စားသုံးဖြင့် အာဟာရအဖြစ် စားသုံးကြသည်။ ပဲတွင် ပါဝင်သော အာဟာရဓာတ်စာတွင် ခန္ခာကိုယ်အတွက် ဗီတာမင်၊ သံဓာတ်၊ ပရိုတင်း၊ သတ္တုဓာတ် စသည်တို့ အမြောက်အမြားပါဝင်နေသောကြောင့် လူသားတို့ကျန်းမာရေးအတွက် အရေးပါသည်။

          အဆိုပါ ပဲမျိုးစုံဈေးနှုန်းများမှာ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (စတုတ္တပတ်)အတွင်း ပဲတီစိမ်း(ရွှေဝါ) အသစ် ၂၀ ပိဿာ(တစ်တင်း) ကျပ် ၁၄၂၀၀၊ ပဲတီစိမ်း၂၀ ပိဿာ (တစ်တင်း) ကျပ် ၁၄၀၀၀၊ မတ်ပဲ၂၀ ပိဿာ (တစ်တင်း) ကျပ် ၉၆၂၀၀၊ ပဲလွန်းဖြူ ၂၀ ပိဿာ (တစ်တင်း) ကျပ် ၇၈၀၀၊ ဘိုကိတ် ၂၀ပိဿာ(တစ်တင်း)ကျပ် ၇၈၀၀၊ ပဲပုပ် (အသစ်) ၂၀ပိဿာ(တစ်တင်း)ကျပ် ၁၀၀၀၀၊ မြေပဲ(အသစ်)၂၀ ပိဿာ (တစ်တင်း) ကျပ် ၁၆၀၀ ဖြစ်ကြောင်း ပဲမျိုးစုံရောင်းဝယ်ရေးမှ သိရသည်။

DOCA (မွန်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း