Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တနင်္သာရီတိုင်း၊မြိတ်မြို့ပေါ်ရှိ သစ်သီးဝလံဈေးနှုန်း

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်ရှိ စည်ပင်သာယာဈေးကြီးများနှင့် လမ်းဘေးသစ်သီးဆိုင်များတွင် ရောင်းချနေသော သစ်သီးဝလံဈေးနှုန်းများရောင်းချလျက်ရှိကြောင်း သိရှိရပါ  သည်။

          ယခု၂၀၂၅ခုနှစ်သြဂုတ်လနောက်ဆုံးပတ်တွင် ဖြစ်ပေါ်နေသော သစ်သီးဈေးနှုန်းများမှာ စပျစ်သီး၁ဆယ်သားလျှင် (၃၀၀၀)ကျပ်နှင့် စပျစ်သီးတစ်ကီလိုလျှင် (၂၀၀၀၀)ကျပ်၊ ပန်းသီး အကြီးတစ်လုံးလျှင် (၂၅၀၀)ကျပ်နှင့်ပန်းသီးအငယ်တစ်လုံးလျှင် (၁၂၀၀)ကျပ်၊ ရွှေလိမ္မော်တစ် ကီလိုလျှင် (၁၂၀၀၀)ကျပ်၊ ရင်ဂန်းချိုသီးတစ်ကီလိုလျှင် (၁၂၀၀၀)ကျပ်၊ မက်မန်းသီးတစ်ကီလို လျှင်(၁၂၀၀၀)ကျပ်၊  ယိုးဒယားပန်းမာလကာသီးတစ်ကီလိုလျှင် (၅၀၀၀)ကျပ်၊ သရက်သီးတစ်လုံး လျှင် (၂၅၀၀)ကျပ်နှင့် (၂၀၀၀)ကျပ်၊ သလဲသီးတစ်လုံးလျှင် (၂၅၀၀)ကျပ်၊ နဂါးမောက်သီးတစ်လုံး လျှင် (၄၀၀၀)ကျပ်၊ ဆမ်းကစ်သီးတစ်လုံးလျှင် (၂၅၀၀)ကျပ်၊ ပန်းဇီးသီးစိမ်းတစ်လုံးလျှင် (၇၀၀) ကျပ်၊ ပန်းသစ်တော်သီးတစ်လုံးလျှင်(၂၅၀၀)ကျပ်၊ လိုင်ချီးသီးနို့စည်ဗူးတစ်ဗူးလျှင် (၂၀၀၀)ကျပ်၊ လော်ကော်သီး ၁ဆယ်သားလျှင် (၂၀၀၀)ကျပ်၊ မက်မွန်သီးတစ်လုံးလျှင် (၁၅၀၀)ကျပ်၊ဖရဲသီး အကြီးတစ်လုံးလျှင်(၇၀၀၀)ကျပ်၊ နာနတ်သီးတစ်လုံးလျှင် (၂၅၀၀)ကျပ်၊ ကျွဲ‌ကောသီးတစ်လုံး လျှင် (၅၀၀၀)ကျပ်နှင့် (၄၅၀၀)ကျပ်ဖြင့် အသီးသီးရောင်းချနေကြောင်း မြိတ်မြို့ စည်ပင်သာယာ ဈေးကြီးတွင် ရောင်းချလျက်ရှိသော သစ်သီးဆိုင်များထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး၊မြိတ်မြို့ပေါ်ရှိ ရွှေလိမ္မော်ဈေးနှုန်း

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်တွင် သစ်သီးမျိုးစုံဖြစ်သည့် ပန်းသီး၊ ဇီးသီး၊ နဂါးမောက်သီး၊ သရက်သီး၊ ဌက်ပျောသီး၊ နာနတ်သီး၊ လိမ္မော်သီး၊ စပျစ်သီး၊ သခွားမွေး သီး၊ ပန်းသစ်တော်၊ လိုင်ချီးသီး၊ စိမ်းစားဥနှင့် အစရှိသည့်သီးနှံများကို မြိတ်မြို့ဈေးကြီးများနှင့် လမ်းဘေးသစ်သီးဆိုင်များတွင် ရောင်းချနေကြောင်း သိရှိရပါသည်။

          ၂၀၂၅ခုနှစ် သြဂုတ်လနောက်ဆုံးပတ်တွင် မြိတ်မြို့ပေါ်ရှိ ရောင်းချနေသော ရွှေလိမ္မော် ဈေးနှုန်းမှာ တစ်ကီလိုလျှင် (၁၂၀၀၀)ကျပ်ရှိကြောင်း သစ်သီးရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး၊မြိတ်မြို့ပေါ်ရှိ စပျစ်သီးဈေးနှုန်း

   တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်တွင် သစ်သီးမျိုးစုံဖြစ်သည့် ပန်းသီး၊ ဇီးသီး၊ နဂါးမောက်သီး၊ သရက်သီး၊ ဌက်ပျောသီး၊ နာနတ်သီး၊ လိမ္မော်သီး၊ စပျစ်သီး၊ သခွားမွေး သီး၊ ပန်းသစ်တော်၊ လိုင်ချီးသီး၊ စိမ်းစားဥနှင့် အစရှိသည့်သီးနှံများကို မြိတ်မြို့ဈေးကြီးများနှင့် လမ်းဘေးသစ်သီးဆိုင်များတွင် ရောင်းချနေကြောင်း သိရှိရပါသည်။

          ၂၀၂၅ခုနှစ် သြဂုတ်လနောက်ဆုံးပတ်တွင် မြိတ်မြို့ပေါ်ရှိ ရောင်းချနေသော စပျစ်သီး အစေ့လွတ်ဈေးနှုန်းမှာ တစ်ကီလိုလျှင် (၂၀၀၀၀)ကျပ်ရှိကြောင်း သစ်သီးရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

 

 

 

 

 

 

တနင်္သာရီတိုင်းဒေသကြီး၊မြိတ်မြို့ပေါ်ရှိ သရက်သီးဈေးနှုန်း

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်တွင် သစ်သီးမျိုးစုံဖြစ်သည့် ပန်းသီး၊ ဇီးသီး၊ နဂါးမောက်သီး၊ သရက်သီး၊ ဌက်ပျောသီး၊ နာနတ်သီး၊ လိမ္မော်သီး၊ စပျစ်သီး၊ သခွားမွေး သီး၊ ပန်းသစ်တော်၊ လိုင်ချီးသီး၊ စိမ်းစားဥနှင့် အစရှိသည့်သီးနှံများကို မြိတ်မြို့ဈေးကြီးများနှင့် လမ်းဘေးသစ်သီးဆိုင်များတွင် ရောင်းချနေကြောင်း သိရှိရပါသည်။

          ၂၀၂၅ခုနှစ် သြဂုတ်လနောက်ဆုံးပတ်တွင် မြိတ်မြို့ပေါ်ရှိ ရောင်းချနေသော သရက်သီး ဈေးနှုန်းမှာ တစ်လုံးလျှင် (၂၀၀၀)ကျပ်နှင့် (၂၅၀၀)ကျပ်ရှိကြောင်း သစ်သီးရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့ပေါ်ရှိ ကျွဲကောသီးဈေးနှုန်း/ဈေးကွက်

      တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်တွင် ကျွဲကောသီးသည် လူကြိုက်များပြီး ဈေး ကောင်းများရရှိလျက်ရှိကြောင်း သိရှိရပါသည်။ ကျွဲကောသီးများကို ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် မွန်ပြည်နယ်များတွင် အများဆုံးစိုက်ပျိုးကြောင်း သိရှိရပါသည်။ ကျွဲကောသီးသည် သဲနုံးမြေတွင် စိုက်ပျိုးပြီး ဇွန်လနှင့် သြဂုတ်လများတွင် ပိုမိုစိုက်ပျိုးကြောင်း သိရှိရပါသည်။ ကျွဲကောသီးများ စားသုံးခြင်းဖြင့် သွားနှင့် ခံတွင်းကိုပိုမိုကောင်းမွန်စေပြီး ကိုယ်အလေးချိန်များထိန်းချုပ်ပေးခြင်း နှင့် သွေးဖိအားများကို အလွန်ပင်ကောင်းမွန်စေသော သီးနှံတစ်မျိုးဖြစ်ပါသည်။ အခြားသော သီးနှံများမှာလည်း အလွန်ပင်ရောင်းကောင်းကြောင်းလည်း သိရှိရပါသည်။ ယခုမြိတ်မြို့ပေါ်တွင် မော်လမြိုင်ကျွဲကောသီးများကို အများဆုံးတင်သွင်းရောင်းချကြကြောင်းလည်း သိရှိရပါသည်။

          ယခု၂၀၂၅ခုနှစ်၊ သြဂုတ်လနောက်ဆုံးပတ်တွင် မော်လမြိုင်ကျွဲကောသီးတစ်လုံးလျှင် (၄၅၀၀)နှင့် (၅၀၀၀)ကျပ်ဖြင့် ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်ရှိ အခြေခံစားကုန်ဈေးနှုန်း

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တွင် ယခုသြဂုတ်လ နောက်ဆုံးပတ်အတွင်း အခြေခံစားကုန်များဖြစ်သော ဧည့်မထတစ်ပြည်လျှင် (၃၃၀၀)ကျပ်မှ(၃၁၀၀)ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင် (၇၃၅၀) ကျပ်မှ (၇၄၆၀)ကျပ်၊ ကြက်သွန်နီတစ်ပိဿာလျှင် (၂၈၀၀)ကျပ်မှ (၂၆၀၀)ကျပ်၊ ငရုတ်ခြောက် တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်မှ (၁၆၀၀၀)ကျပ်၊ ကြက်သွန်ဖြူ (ရှမ်းစ)တစ်ပိဿာလျှင် (၁၁၀၀၀)ကျပ်မှ (၁၀၀၀၀)ကျပ်၊ ကြက်သွန်ဖြူ(ကြူဂုတ်) တစ်ပိဿာ လျှင်(၁၅၀၀၀)ကျပ်မှ (၁၄၅၀၀)ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာ (၇၅၀၀)ကျပ်မှ (၈၀၀၀)ကျပ်၊ အာလူး တစ်ပိဿာလျှင် (၇၀၀၀)ကျပ်မှ (၆၅၀၀)ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၆၀၀)ကျပ်မှ (၅၅၀)ကျပ်၊ ဘဲဥတစ်လုံးလျှင် (၇၀၀)ကျပ်မှ (၆၅၀)ကျပ်၊ ငရုတ်သီး(ပု) တစ်ပိဿာလျှင် (၂၄၀၀၀)ကျပ်မှ (၂၅၀၀၀)ကျပ်၊ ကြက်သား(CP)တစ်ပိဿာလျှင်(၂၄၀၀၀)ကျပ်မှ (၂၅၀၀၀)ကျပ်၊ ကြက်သား (ဗမာ)တစ်ပိဿာလျှင် (၃၀၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၃၇၀၀၀)ကျပ်မှ (၃၆၀၀၀)ကျပ်၊ အမဲသား တစ်ပိဿာလျှင် (၂၇၀၀၀)ကျပ်နှင့် ဆိတ်သားတစ်ပိဿာလျှင် (၄၀၀၀၀)ကျပ်ထိ ဈေးနှုန်း အနည်း ငယ်ပြောင်းလဲနေကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

 

 

 

မြိတ်ဒေသထွက် ခရုအုန်း(အုန်းခရု)ဈေးနှုန်း

    တနင်္သာရီတိုင်း‌ဒေသကြီး၊မြိတ်မြို့သည် ပင်လယ်ကမ်းရိုးတန်း‌ဒေသဖြစ်သည့်အလျောက် ရေထွက်ကုန်များ အများအပြားထွက်ရှိ‌သောဒေသဖြစ်ပါသည်။ ပုဇွန်၊ကဏန်း၊ကင်းမွန် စသည်တို့ သာမက ခရုအုန်းလည်းထွက်ရှိသောဒေသဖြစ်ပါသည်။ ခရုအုန်း(သို့)အုန်းခရုသည် ပင်လယ် ကြမ်းပြင်တွင် ကျက်စားနေထိုင်ကြသည့် ခရုတစ်မျိုးဖြစ်သည်။ အခွံခွာထားသည့်အုန်းသီး သဏ္ဌာန်ရှိ၍ ခရုအုန်း (သို့) အုန်းခရုဟုဒေသခံများခေါ်ကြသည်။ အရောင်အဆင်းမှာ ဝါကြန့်ကြန့် ဖြစ်ပြီးအခွံမာတွင် အစက်ပြောက်များအနည်းငယ်ရှိသည်။ စားသောက်ဆိုင်များတွင် ခရုအုန်း (သို့)အုန်းခရုအချဥ်တို့ ၁ပွဲ(၄၀၀၀)ကျပ်၊ အုန်းခရုထောင်း၊ အုန်းခရုသုပ် ၁ပွဲ(၅၀၀၀)ကျပ် ဖြင့် ရောင်းချကြသည်။

          မြိတ်မြို့ပေါ်ရှိ ဇေယျာသီရိဈေး၊ဆိပ်ငယ်ဈေးနှင့်မြို့သစ်စျေးတို့တွင် ခရုအုန်း(သို့) အုန်းခရု ၁ပိဿာ(၂၀၀၀၀) ကျပ်ဖြင့်ရောင်းချကြပြီး အရွယ်အစားအလိုက် ဈေးနှုန်းအပြောင်းအလဲ ရှိနိုင်ပါသည်။

DOCA(တနင်္သာရီ)

 

မြိတ်ခရိုင်ရှိ နနွင်းထုတ်လုပ်ရောင်းချနေမှုနှင့် စျေးနှုန်းစျေးကွက်

    တနင်္သာရီတိုင်း၊ မြိတ်ခရိုင်တွင် နွယ်ပင်အမျိုးအစားဖြစ်သော နနွင်းပင်ကို စီးပွားဖြစ်သော် လည်ကောင်း၊ အိမ်တွင်းသုံးစွဲရန်သော်လည်းကောင်း စိုက်ပျိုးလျက်ရှိပြီး အခြားဒေသ၊ ကျေးရွာ၊ မြို့များနှင့်‌စျေးများသို့ တင်ပို့‌ရောင်းချလျက်ရှိပါသည်။ နနွင်းပင်မှ ရရှိသော နနွင်းတက်ကို သန့်ရှင်း ပြီး အခြောက်လှန်းကာ ကြိတ်၍ နနွင်းမှုန့်ရရှိလာမည်ဖြစ်သည်။  နနွင်းကို ဟင်းခတ်အမွှေး အကြိုင်အဖြစ် ထည့်စွဲလေ့ရှိကြပြီး သဘာဝအရရရှိသောကြောင့် ဘေးထွက်ဆိုးကျိုးမရှိသည့် အပြင် ကျန်းမာရေးအရအသုံးဝင်သော အမှုန့်ဖြစ်သည်။ ၎င်းအပြင် သဘာဝပိုးသတ်ဆေးအဖြစ် လူ၊ တရိစ္ဆာန်နှင့် စိုက်ပျိုးရေးကဏ္ဍများတွင်လည်း သုံးစွဲလေ့ရှိကြပါသည်။

မြိတ်မြို့တွင် သဘာဝအရထုတ်လုပ်ထားသော နို့စည်ဘူးတစ်ဘူးအပါ နနွင်းတစ်ထုတ်လျှင် ၃၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ဝင်ငွေကောင်းရရှိသော ဝဥစိုက်ပျိုးထုတ်လုပ်မှုနှင့် စျေးနှုန်းစျေးကွက်

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်တွင် ပိန်းမျိုးရင်းဖြစ်သော ဝဥကို စီးပွားဖြစ်စိုက်ပျိုး လျက်ရှိပြီး အခြားနေရာ၊ ဒေသတို့ကိုလည်း တင်ပို့ရောင်းချလျက်ရှိပါသည်။ ကုန်ကြမ်းသာမက ကုန်ချောပါထုတ်လုပ်နိုင်ပြီး ကျန်းမာရေးဆိုင်ရာထုတ်ကုန်နှင့် အခြားထုတ်ကုန်များတွင် သုံးစွဲလေ့ ရှိကြပါသည်။ ဝဥကို ခေါက်ဆွဲ၊ ဆန်အဖြစ် ထုတ်လုပ်ကြသည့်အပြင် MSME တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ရာတွင် အသုံးဝင်လှသည်။ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေပြီး ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်သော အရာလည်းဖြစ်သည်။ မြိတ်ခရိုင်တွင် ဝဥ တစ်ပိဿာလျှင် ၂၀၀၀ ကျပ် ခန့်စျေးရရှိပြီး ရန်ကုန်၊ မန္တလေးနှင့် အခြားတိုင်းပြည်နယ်များသို့တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

 

 

 

 

စက်သုံးဆီဈေးနှုန်း အပတ်စဉ်ပြောင်းလဲမှုအခြေအနေ

      သောကြာနေ့တိုင်း တစ်ပတ်တစ်ခါ စက်သုံးဆီဈေးနှုန်းများ ပြောင်းလဲလျှက်ရှိရာ ယခု တစ်ပတ်(၂၉.၈.၂၀၂၅) ရက်နေ့တွင် ဒီဇယ်(ရိုးရိုး) (အဆင့်မြင့်)၊ ဓါတ်ဆီ(ရိုးရိုး) (အဆင့်မြင့်) တို့၏ ဈေးနှုန်းပြောင်းလဲ မှုမှာ 95 Octance ဓါတ်ဆီ(အဆင့်မြင့်) ဈေးနှုန်းတစ်လီတာမှာ ၃၀၂၅ ကျပ်၊ 92 Octance ဓါတ်ဆီ (ရိုးရိုး) ဈေးနှုန်းတစ်လီတာမှာ ၂၉၃၅ ကျပ်၊ ဒီဇယ်(ရိုးရိုး) ဈေးနှုန်းတစ်လီတာမှာ ၂၅၃၅ ကျပ်၊ ဒီဇယ် (အဆင့်မြင့်) ဈေးနှုန်းတစ်လီတာမှာ ၃၁၄ ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်တစ်ပတ် သောကြာနေ့ စက်သုံးဆီဈေးနှုန်းမှာ 95 Octance ဓါတ်ဆီ (အဆင့်မြင့်) ဈေးနှုန်း တစ်လီတာမှာ ၂၉၅ ကျပ်၊ 92 Octance ရိုးရိုး ဓါတ်ဆီဈေးနှုန်း တစ်လီတာမှာ ၂၉၁၅ ကျပ်၊ ဒီဇယ် (ရိုးရိုး) ဈေးနှုန်းတစ်လီတာ မှာ ၂၅၄၀ ကျပ်၊ ဒီဇယ်(အဆင့်မြင့်) ဈေးနှုန်း တစ်လီတာမှာ ၃၁၄၅ ကျပ် ဖြစ်ကြောင်းသိရှိရပါသည်။ ယခုတစ်ပတ်အတွင်း စက်သုံးဆီ ဈေးနှုန်းများမှာ ယခင်တစ်ပတ်ထက် ယခုတစ်ပတ်တွင် ဒီဇယ်(အဆင့်မြင့်)မှာ ကျပ် ဈေးကျပြီး  ဒီဇယ်(ရိုးရိုး) မှာ ၅ ကျပ်ဈေးကျ ကြောင်း၊  ဓါတ်ဆီ (အဆင့်မြင့်)မှာ ၀ ကျပ်ဈေးတက်ပြီး  ဓါတ်ဆီ(ရိုးရိုး)မှာ ၂၀ ကျပ် ဈေးတက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း