Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့ဒေသထွက် မာလကာသီး နှင့် ငှက်ပျောသီး ဈေးနှုန်း

      ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိ ရာ နှစ်ရှည်သီးနှံဖြစ်သည့် သရက်သီးပင်၊ နဂါးမောက်သီးပင်၊ ပိန္နဲသီးပင်၊ မန်ကျည်းသီးပင်၊ သင်္ဘောသီး မှည့် နှင့် မာလကာသီးပင်များကိုလည်း မိမိတို့ နေအိမ် ခြံစည်းရိုးများနှင့် တောင်ယာများထဲတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး နဂါးမောက်သီး နှင့် သင်္ဘောသီးများကို မန်ကျည်းအင်းကျေးရွာ၊ အင်းကောင်းကျေးရွာ၊ ရှမ်းစုကျေးရွာ နှင့် မြို့ပေါ်ရပ်ကွက်များမှ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ မာလကာသီး ဈေးနှုန်းများမှာ မာလကာသီး အကြီး တစ်လုံးလျှင်(၁၀၀၀)ကျပ်၊ အလတ်(၁)လုံးလျှင် (၇၀၀/၈၀၀)ကျပ်၊ (၂)လုံးလျှင်(၁၅၀၀)ကျပ်၊  အသေး တစ်လုံးလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး အလား တူပင် အာနီငှက်ပျောသီး တစ်ဖီးလျှင်(၃၅၀၀)ကျပ်၊ ငှက်ပျောသီး ဖီးကြမ်း တစ်ဖီးလျှင်(၂၅၀၀ မှ ၃၀၀၀)ကျပ်၊ ခွန်စိမ်းငှက်ပျောသီး တစ်ဖီးလျှင်(၂၅၀၀/၃၀၀၀)ကျပ်ဈေးနှုန်း ရှိပြီး ငှက်ပျောဖီး အကြီး အသေးပေါ်မူတည်၍ ဈေးနှုန်းအစားစားတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သစ်ရာမြိုင်ဈေးတိုက်တန်းတွင် သစ်သီးမျိုးစုံ ရောင်းချနေသော ဈေးသည်ထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ခံတက်ပင်၏ အသုံးဝင်ပုံ

        မြန်မာလူမျိုးတို့သည် ခံတက်ရွက်ကို ချဉ်ဖတ်သိပ်၍ အမျိုးမျိုးပြုလုပ်စားသုံးကြကြောင်း သိရှိရသည်။ ခံတက်ပင်၏ အရွက်၊ အခေါက်၊ အမြစ်များသည် လွန်စွာမှ ဆေးဖက်ဝင်ကြောင်း၊ အပြင်းဖျားပြီး မူးဝေသောရောဂါများဖြစ်ခဲ့လျှင် ခံတက်မြစ်ကိုကြိတ်၍ ခေါင်း၌အုံပေးခြင်းဖြင့် အုံထားသောနေရာ၌ ပူလာကာ အခိုးများထွက်လာကြောင်း၊ ထို့နောက် အုံထားသောအဖတ်များကို ခွာ၍ အုန်းဆီ(သို့)နှမ်းဆီလိမ်းပေးခြင်းဖြင့် သက်သာပျောက်ကင်းကြောင်း၊ ဆီးချိုရောဂါဖြစ်လျှင် ခံတက်မြစ်ကို လေးခွက်တစ်ခွက်တင်ကျိုပြီး သောက်ပေးပါက သက်သာပျောက်ကင်းကြောင်း သိရှိရသည်။ လေထိုးလေအောင့်ဝေဒနာများ ဖြစ်ပါက ခံတက်ချဉ်ဖတ်ကို တို့မြှုပ်စားသောက်ခြင်း၊ အဆာပလာများနှင့် သုပ်စားခြင်းဖြင့် သက်သာပျောက်ကင်းစေကြောင်းသိရှိရသည်။ ဆီးကျောက် တည်ခြင်းနှင့် ဆီးအိမ်ရောင်ခြင်းများ ခံစားရလျှင် ခံတက်ခေါက်ကို ပြုတ်ပြီး ပြုတ်ရည်ထဲသို့ ကြံသကာအနည်းငယ်ရော၍ သောက်ပေးခြင်းဖြင့် သက်သာပျောက်ကင်းကြောင်း သိရှိရသည်။ မြင်းခြံမြို့ ‌အေးမြသီတာဈေးတွင် ရောင်းချနေသော ၂၀၂၅ ခုနှစ်၊ အောက်တိုဘာဒုတိယပတ်၌ ကတက်ရွက်ချဉ်ဖတ် ၂၅ ကျပ်သားလျှင် ၂၀၀၀ ကျပ်ခန့်ပေါက်ဈေးများဖြင့်ရောင်းချကြောင်း သိရှိရသည်။

DOCA(မန္တလေး)

မြင်းခြံမြို့နယ်၏ကြက်ဟင်းခါးသီး စိုက်ပျိုးထားရှိမှုနှင့် အကျိုးအမြတ်ရရှိမှု

           မြင်းခြံမြို့နယ်အတွင်းရှိ လေးအိမ်တန်း၊ ခေါင်းကွဲနှင့် သင်္ဘောတင်ကျေးရွာများတွင် ဥယျာဉ် ခြံမြေများ စိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်အုပ်စုဝင်ဖြစ်သော ကြက်ဟင်း ခါးသီး များကိုလည်း တစ်နိုင် တပိုင် စိုက်ပျိုးထားရှိကြောင်း သိရှိရသည်။ ကြက်ဟင်းခါးသီးတွင် အပုမျိုး၊ အရှည်မျိုးနှင့် အလုံးမျိုး ဟူ၍(၃)မျိုးရှိကြောင်းသိရှိရသည်။ ကြက်ဟင်းခါးသီးသည် ပူနွေးစို စွတ်သော ရာသီဥ တုကိုနှစ်သက်ပြီး မေလနှင့်ဇွန်လများတွင်စိုက်ပျိုးလေ့ရှိကြောင်း၊ ဘောင်ဖော်၍ စင်ထိုးစိုက် ပျိုးကာ စိုက်ပျိုးပြီးအပင်သက် (၂-၃)လကြာလျှင် အသီးများဆွတ်ခူးနိုင်၍ မိုးရာသီစိုက ကြက်ဟင်းခါး ပင်သည် ရေသွင်းပေးရန် မလိုအပ်ကြောင်း၊ ကြက်ဟင်းခါးပင် များအသီးအထွက် ကောင်းစေရန် ပန်းစပွင့်ချိန်တွင် အညွန့်များကို ဖြတ်ပေးသင့်ကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်း ချိန်အထိ (၆)လခန့် ကြာမြင့်ကြောင်း သိရှိရသည်။ မြင်းခြံဒေသရှိ တောင်သူများသည် အလုံးမျိုးကို စိုက်ပျိုးကြကြောင်း၊ အလုံးမျိုးမှာ ကြက်ဟင်းခါးသီး အရိုင်းမှ သီးသောမျိုးဖြစ်၍ လေးသော အရသာရှိပြီး အထွက်နှုန်း ကောင်းသောကြောင့် တောင်သူများသည် ယင်းမျိုးကိုပိုမိုနှစ်သက် ကြောင်းသိရှိရသည်။ ကြက်ဟင်းခါးအလုံးမျိုးကို အစေ့မှတိုက်ရိုက် စိုက်ပျိုးသောနည်းဖြင့် စိုက်ပျိုးကြောင်း၊ စိုက်ကျင်းတွင် တစ်ပင် နှင့် တစ်ပင်(၂)ပေခွာပြီး မျိုးစေ့ တစ်ကျင်းလျှင်(၃-၄) စေ့ချပြီးစိုက်ပျိုးကြောင်း၊ တစ်ဧကကုန်ကျစ ရိတ်အနေဖြင့် မြေပြင်ခြင်း၊ မျိုး၊စိုက်ပျိုးစရိတ်၊ သွင်းအားစု၊ လုပ်သားခ စုစုပေါင်း (၆၀၀၀၀၀) ကျပ်ခန့် ကုန်ကျကြောင်း၊ ဒေသတွင်း ကုန်သည်များက ကျေးရွာရှိစိုက်ခင်းများသို့ လာရောက်ဝယ်ယူ ခြင်းများလည်းရှိသကဲ့သို့ တောင်သူများကိုယ်တိုင် မြို့ပေါ်ပွဲရုံနှင့်ဈေးများသို့လည်း တိုက်ရိုက် ရောင်းချခြင်းများလည်း ရှိကြောင်း သိရှိရသည်။ တစ်ဧကအထွက်နှုန်းအနေဖြင့် (၄၀၀)ပိဿာ ခန့်ထွက်ရှိကြောင်း၊ စိုက်ခင်းရောင်းဈေး တစ်ပိဿာ လျှင်(၂၅၀၀)ကျပ်ပေါက်ဈေးဖြင့် အရောင်း အဝယ်ဖြစ်ကြောင်း၊ တစ်ဧကအကျိုးအမြတ်အနေဖြင့် (၄၇၅၀၀၀)ကျပ်ခန့်ရရှိကြောင်း၊ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်တွင် မြင်းခြံမြို့ အေးမြသီတာဈေးတွင်ရောင်းချနေသော ကြက်ဟင်းခါးသီး လက်လီတစ်ပိဿာလျှင် (၃၅၀၀)ကျပ် ပေါက်ဈေးများ ဖြင့် ရောင်း ချကြောင်း၊  ဒေသတွင်းထွက်ရှိသည့် ကြက်ဟင်းခါးသီးများကို ဒေသ တွင်း စားသုံးရန်နှင့် ရန်ကုန် မြို့သို့လည်း တင်ပို့ရောင်းချကြောင်း၊ တောင်သူများအနေဖြင့် ဈေး ကောင်းရရှိ၍ အကျိုးအမြတ် များ ရရှိကြောင်း ကြက်ဟင်းခါးစိုက်တောင်သူ တစ်ဦး၏ ပြောပြ ချက်အရ သိရှိရသည်။

DOCA(မန္တလေး)

 

ဟင်းနုနယ်ရွက်ဈေးနှုန်းဈေးကွက်

          ရာသီမရွေးဈေးထဲမှာ အလွယ်တကူဝယ်လို့ရတဲ့ ဟင်းနုနယ်ရွက်ကို သံဓာတ်ပေါကြွယ်ဝ တယ်လို့ လူသိများကြောင်း သိရပါတယ်။ ဟင်းနုနယ်ရွက်ကို ကြော် ၊ ချက် ၊ ဟင်းချိုချက် စားရုံ သာမက အသုပ်အဖြစ်လည်း သုပ်စားတဲ့အရွက်အဖြစ် လူတိုင်းနှစ်သက်စွာ စားသုံးကြပါသည်။ ဟင်းနုနယ်ရွက်သည် ဂျုံထက် အမျှင်ဓာတ်ပမာဏ (၃) ဆပိုမိုပါဝင်လို့ အစာကြေညက် လွယ်ကူ စေပြီး ဝမ်းချုပ်ခြင်းကင်းဝေးစေကြောင်း သိရှိရသည်။ မြင်းခြံမြို့ အေးမြသီတာဈေးတွင် ကုန်စိမ်း ရောင်းသူတစ်ဦး၏ ပြောပြချက်အရ ယခုအောက်တိုဘာလ ဒုတိယပတ် ဟင်းနုနယ်ရွက် ဈေးနှုန်းမှာ (၂၅)ကျပ်သားလျှင် (၁၀၀၀) ကျပ်ဖြင့် ရောင်းချကြောင်း ၊ အိမ်ရှင်မများ ဟင်းချက်ရာတွင်လည်းကောင်း၊ ထမင်းဆိုင်များမှ လည်းကောင်း ဝယ်ယူအသုံးကြသဖြင့် အရောင်းအဝယ်သွက်လျှက်ရှိကြောင်း သိရပါသည်။

DOCA(မန္တလေး)

ဈေးနှုန်းအနည်းငယ်ကျဆင်းလာသော မြေပဲလုံးဆံ၊ မြေပဲပတ် နှင့် မြေပဲဆီ

    ကျွန်းလှမြို့ရှိ  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များ နှင့် ဆီသန့်စက်များတွင် မြေပဲလုံးဆံများကို ဒေသ တွင်း ထွက်ရှိသည်များနှင့် မန္တလေးမြို့မှ မှာယူရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။

     ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်အတွင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချသည့် ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော မြေပဲလုံးဆံ ဈေးနှုန်း အနေဖြင့် မြေပဲလုံးဆံ တစ်ပြည့်လျှင်(၉၅၀၀)ကျပ်၊ နို့ဆီဘူး(၄)ဘူးလျှင်(၄၈၀၀)ကျပ် နှင့် နို့ဆီ(၁)ဘူးလျှင်(၁၂၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း မြေပဲဆီ ဈေးနှုန်းအနေဖြင့် မြေပဲဆီ တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊ မြေပဲဆီ(၁၀)ပိဿာ တစ်ပုံးလျှင်(၁၇၀၀၀၀) ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း မြေပဲပတ် ဈေးနှုန်းအနေဖြင့် မြေပဲပတ် တစ်ပိဿာလျှင်(၃၅၀၀)ကျပ် ဈေးနှုန်းရှိပြီး မြေပဲပေါ်ချိန်ဖြစ်သည့်အတွက် မြေပဲလုံဆံ၊ မြေပဲဆီ နှင့် မြေပဲပတ် ဈေးနှုန်း ယခင် အပတ်ထက် အနည်းငယ်ဆက်လက်ကျဆင်းလျက်ရှိကြောင်း မြေပဲပတ်ကို မိမိတို့ ဒေသတွင်း ဝက်စာ၊ ကြက်စာ အပြင်ပိုလျှံသည့်ပဲပတ်များကို  မန္တလေးမြို့သို့ ပို့ဆောင် ရောင်းချလျက် ရှိကြောင်း ဆီစက်လုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ရာသီစာ မယ်ဇလီဖူးပြုတ်

     ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် မိုးဦးရာသီ နှင့် တန်ဆောင်မုန်းလပြည့်နေ့များတွင် ဆေးဘက် ဝင်သည်ဟု အဆိုရှိ၍ အများဆုံးစားသုံးလေ့ရှိသော မယ်ဇလီဖူးများကို ပြုတ်၍ ဈေးထဲတွင် ရောင်းချလျက်ရှိကြောင်း သိရသည်။ မယ်ဇလီပင်များကို အရိပ်ရစေရန်အတွက် မိမိတို့ နေအိမ် မျက်နှသာ လမ်းဘေးများတွင် စိုက်ပျိုးထားလျက်ရှိကြပြီး မယ်ဇလီဖူးကို သူ့ရာသီချိန်တွင် ခူးဆွတ်ရောင်းချလျက်ရှိ ကာ မယ်ဇလီဖူးကို အားလူး၊ ကြာဆံ၊ မြေပဲဆံထောင်း နှင့် ကြက်သွန်ဖြူဆီကျက်တို့ဖြင့် အရန်ဟင်း တစ်ခွက်အဖြစ် စားသုံးကြသလို ရေနွေးကြမ်းနှင့်တွဲဖက်၍ သရေစာတစ်မျိုးအဖြစ်လည်း စားသောက် အသုံးပြုကြပါသည်။  

    ၂၀၂၅ ခုနှစ်၊  အောက်တိုဘာလ ဒုတိယပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရောင်းချ နေသော မယ်ဇလီဖူးပြုတ် ဈေးနှုန်းအနေဖြင့်  မယ်ဇလီဖူးပြုတ် တစ်ပြည်လျှင်(၃၀၀၀)ကျပ်၊ နို့ဆီဘူး (၄)ဘူးလျှင်(၁၅၀၀)ကျပ်၊ နို့ဆီဘူး တစ်ဘူးလျှင်(၄၀၀)ကျပ်၊ ငွေကျပ်(၁၀၀၀)ဖိုး(၃)ဘူး  ဈေးနှုန်းတို့ဖြင့် ရောင်းချသောကြောင့် ယခင်အပတ်ထက် မယ်ဇလီဖူး တစ်ပြည်လျှင်(၂၀၀)ကျပ် ဈေးနှုန်းမြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ခရမ်းချဉ်သီးကျန်းမာရေးနှင့်ဈေးနှုန်းဈေးကွက်

          ခရမ်းချဉ်သီးသည် ကျန်းမာရေးနှင့်ညီညွတ်သော သီးနှံတစ်မျိုးဖြစ်၍ ဓာတ်တိုးဆန့်ကျင် ပစ္စည်းအများအပြားပါဝင်ကြောင်းသိရသည်။ ဓာတ်တိုးခြင်းကိုဖြစ်စေပြီး ကင်ဆာ၊ ဆီချို၊ နှလုံး ရောဂါနှင့် အခြားနာတာရှည်ရောဂါများဖြစ်စေသော ပစ္စည်းများမှ ကင်းဝေးစေနိုင်ပါသည်။ ခရမ်းချဉ် သီးဖြင့်ပြုလုပ်ထားသော စားစရာများစားသုံးခြင်းဖြင့် ကင်ဆာရောဂါ နှင့်နှလုံးရောဂါ ဖြစ်ခြင်းတို့မှ ကာကွယ်ပေးနိုင်ကြောင်း၊ ခရမ်းချဉ်သီးတွင် ဗီတာမင်အေနှင့်စီ ကြွယ်ဝစွာ ပါဝင်ကြောင်း သိရသည်။ အကောင်းဆုံးမှာ သဘာဝအတိုင်းရင့်မှည့်သော ခရမ်းချဉ်သီးကို စားသုံးသင့်သည်။ ခရမ်းချဉ်သီးကို ချက်ပြုတ်လျှင် လိုင်ကိုမင်းဓာတ်မြင့်မားစေနိုင်သောကြောင့် ဟင်းချက်ရာတွင်ထည့်သွင်း အသုံး ပြုသင့်ပါသည်။ ခရမ်းချဉ်သီးမှာပါဝင်သော အမျှင်ဓာတ် များသည် ဝမ်းချုပ်ခြင်းကိုလည်းကင်းဝေး စေနိုင်သောကြောင့် ဝမ်းချုပ်တတ်သူများအတွက် ပုံမှန်စားသုံးသင့်ပါသည်။ ခရမ်းချဉ်သီးကို ပန်ထွေဖျော်၍သော်လည်းကောင်း၊ ပုဇွန်ခြောင်နှင့် ငါးပိချက် ချက်၍သော်လည်းကောင်း၊ အသုပ် အမျိုးမျိုးတွင်လည်းကောင်း၊ ယိုပြုလုပ်၍ သော် လည်းကောင်း အများဆုံးစားသုံးလျက်ရှိပါသည်။ ခရမ်းချဉ်သီးကို မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာများ၌ စိုက်ပျိုးထွက်ရှိသလို ပခုက္ကူမြို့နှင့် ပုပ္ပားမြို့တို့မှထွက်ရှိသော အသီးများကို လည်းဝယ်ယူရောင်းချကြကြောင်းသိရသည်။ မြင်းခြံမြို့ အေးမြသီတာဈေးတွင် ယခုအောက်တိုဘာလ ဒုတိယပတ်၌ ရောင်းချနေသော ခရမ်းချဉ်သီး ဈေးနှုန်းများမှာ ဗမာသီး(၄၀၀၀)နှင့် ရှမ်းသီး(၃၀၀၀)ကျပ်ထိ ရှိကြောင်းသိရှိ ရသည်။

DOCA(မန္တလေး)

 

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ဒေသထွက် ဖရဲသီးနှင့် ကျွဲကောသီး ဈေးနှုန်း

      ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှာ နှစ်ရှည်သီးနှံဖြစ်သည့် သရက်သီးပင်၊ နဂါးမောက်သီးပင်၊ ပိန္နဲသီးပင်၊ မန်ကျည်းသီးပင်၊ ကျွဲကောသီးပင် နှင့် မာလကာသီးပင်များကိုလည်း စိုက်ပျိုးကြသလို  မိမိတို့ တောင်ယာများထဲတွင် တစ်ပိုင်တစ်နိုင် အနေဖြင့် ရာသီပေါ်သီးနှံဖြစ်သည့် ဖရဲသီးများကို မန်ကျည်းအင်း ကျေးရွာ၊ သံဘိုကျေးရွာ၊ ရှမ်းစုကျေးရွာနှင့် မြို့ပေါ်ရပ်ကွက်များမှ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

      ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ဖရဲသီး ဈေးနှုန်းများမှာ ဖရဲသီးအကြီး တစ်လုံးလျှင်(၆၅၀၀)ကျပ်၊  အသေး တစ်လုံးလျှင်(၅၀၀၀/၄၅၀၀)ကျပ် နှင့် ဖရဲသီးစိတ် တစ်စိတ်လျှင်(၃၅၀)ကျပ်  ငွေကျပ်(၁၀၀၀)ဖိုး(၃)စိတ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း ကျွဲကောသီး ဈေးနှုန်းအနေ‌ဖြင့် ကျွဲကောသီး အကြီး တစ်လုံးလျှင်(၄၅၀၀)ကျပ်၊ အသေး တစ်လုံးလျှင် (၃၅၀၀)ကျပ် ငွေကျပ်(၁၀၀၀၀)ဖိုး(၃)လုံး ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ သစ်သီးမျိုးစုံ  ရောင်းချနေသော ဈေးသည်ထံမှ သိရသည်။

DOCA(စစ်ကိုင်း)

မြေပဲစိုက်ပျိုးထုတ်လုပ်မှု တစ်ဧကကုန်ကျစရိတ်နှင့် အကျိုးအမြတ်တွက် အခြေအနေ

  ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၌ မြေပဲ (၅၉၂၉) ဧက စိုက်ပျိုးရန်လျာထားပြီး မေလမှ စတင်စိုက်ပျိုးခဲ့ရာတွင် ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့၌ မြေပဲ (၂၃၅၇) ဧက၊ မိုင်းခတ်မြို့၌ မြေပဲ (၂၄၈၆) ဧက၊ မိုင်းပျဉ်းမြို့၌ မြေပဲ (၈၀၈) ဧက၊ စုစုပေါင်း (၅၆၅၁) ဧက  စိုက်ပျိုးခဲ့ပြီး ဩဂုတ်လမှ ယခု စက်တင်ဘာလ (၃၀) ရက်နေ့ထိ မြေပဲသီးနှံရိတ်သိမ်းခဲ့ရာတွင် ကျိုင်းတုံမြို့ (၁၃၆၉) ဧက၊ မိုင်းခတ်မြို့ (၂၄၁၆) ဧက၊ မိုင်းပျဉ်းမြို့ (၃၁၅) ဧက၊ စုစုပေါင်း (၄၁၀၀) ဧက ရိတ်သိမ်းပြီးစီးကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ (၃၀.၉.၂၀၂၅) ရက်နေ့ထိ စာရင်းအရ သိရှိရပါသည်။

          ကျိုင်းတုံခရိုင်၌ ဒေသနှင့်ကိုက်ညီပြီး အရေအသွေးကောင်း ဒေသမျိုးများ အဓိကထား စိုက်ပျိုးကြကြောင်း သိရှိရပါသည်။ အဆိုပါ မြေပဲစိုက်ပျိုးသည့် တောင်သူများမှာ တစ်ဧက အထွက်နှုန်း တိုးတက်စေရန် မြေပြုပြင်ခြင်း ၊ စိုက်ပျိုးခြင်း၊ အပင်ပြုစုခြင်း၊ ရိတ်သိမ်းခြင်း၊ သွင်းအားစုများ၊ နွားချေး၊ ကွန်ပေါင်းဓာတ်မြေဩဇာ၊ မြေတွင်းအောင်းပိုးသတ်ဆေး စုစုပေါင်း တစ်ဧက ကုန်ကျစရိတ်မှာ (၁၂) သိန်းကျော်ခန့် ကုန်ကျကြောင်း တောင်သူကြီးများထံမှ သိရှိရ ပါသည်။

          ယခု ၂၀၂၅ ခုနှစ်တွင် မြေပဲ တစ်ဧကအထွက်နှုန်းမှာ တင်း (၅၂) တင်းခန့် ထွက်ရှိကြောင်း သိရပါသည်။ ယခု မြေပဲ လက်ကားဈေး တစ်တင်းလျှင် (၄၀၀၀၀) ကျပ် ခန့်မှန်းပေါက်ဈေး အရောင်းအဝယ်ရှိပြီး မြေပဲ တင်း (၅၂) တင်းကို (၄၀၀၀၀) ကျပ်နှုန်းဖြင့်ရောင်းလျှင် (၂၀) သိန်း ကျော်ခန့်ရရှိကာ တစ်ဧက၏ အထွေထွေကုန်ကျစရိတ် (၁၂) သိန်းကျော်ခန့်နှုတ်လျှင် မြေပဲ စိုက်တောင်သူများအနေဖြင့် မြေပဲ တစ်ဧကစိုက်လျှင် (၈) သိန်းကျော်ခန့် အမြတ်အစွန်းရရှိမည် ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

ကျွန်းလှမြို့ တွင် ရောင်းချလျက်ရှိသော ပန်းသစ်တော်သီး နှင့် ပန်းသီး ဈေးနှုန်း

     ကျွန်းလှမြို့တွင် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ စပျစ်သီး၊ သင်္ဘောသီး၊ ဖရဲသီး၊ ဩဇာသီး၊ သခွားမွှေးသီး၊ ကျောက်သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ မင်းဂွတ်သီး၊  ဒညှင်းသီး  နှင့် ဖရဲသီးများကို  ရောင်းချလျက်ရှိကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ပန်းသစ်တော်သီး ဈေးနှုန်းများမှာ ပန်းသစ်တော်သီး အကြီး(၁)လုံးလျှင်(၄၀၀၀)ကျပ်၊ အသေး(၁)လုံးလျှင်(၃၅၀၀) ကျပ်၊ ငွေကျပ်(၁၀၀၀၀)ဖိုး(၃)လုံး ဈေးနှုန်းတို့ဖြင့်လည်းကောင်း ပန်းသီး ဈေးနှုန်းများမှာ ပန်းသီး အကြီး (၁)လုံးလျှင်(၂၅၀၀)ကျပ်၊ ငွေကျပ်(၁၀၀၀၀)ဖိုး(၄)လုံး၊ အလတ်(၁)လုံးလျှင်(၂၀၀၀)ကျပ်၊ ငွေကျပ် (၁၀၀၀၀)ဖိုးလျှင်(၅)လုံးနှင့် အသေး(၁)လုံးလျှင်(၁၇၀၀)ကျပ်၊ ငွေကျပ်(၁၀၀၀၀)ဖိုးလျှင်(၆)လုံး ဈေးနှုန်း တို့ဖြင့်‌ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သီးနှံမျိုးစုံထဲမှ ဖရဲသီး၊ ဩဇာသီး၊ ငှက်ပျောသီး နှင့် မာလကာသီးတို့ကို မိမိတို့ ဒေသထွက်နှင့် အခြားသစ်သီးများကိုမူ မြစ်ကြီးနားမြို့၊ မန္တလေးမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သစ်ရာမြိုင်ဈေးတိုက်တန်းတွင် သစ်သီးမျိုးစုံ ရောင်းချနေသော ဈေးသည်ထံမှ သိရသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း