Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

စားတော်ပဲဈေးအနည်းငယ်ကျပြီး စားတော်ပဲလုံးရေစိမ်ဈေး ပုံမှန်သာရှိ

   စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ စားတော်ပဲ(၇၆)ဧကသာ စိုက်ပျိုးကြောင်းသိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် စားတော်ပဲများကို အခြားဒေသများမှ မှာယူရောင်းချခြင်းမရှိဘဲ သယ်ယူခကုန်ကျစရိတ်များ သက်သာစေရန်  ဒေသတွင်းရှိ ပွဲရုံများမှ ဝယ်ယူရောင်းချကြပါသည်။

စားတော်ပဲ

ရွှေဘိုမြို့ ဈေးကွက်အတွင်း အောက်တိုဘာလ၊ ဒုတိယအပတ်တွင်ရောင်းချသည့် စားတော်ပဲ ဈေးနှုန်းမှာ ()ပြည်လျှင်(၈၇၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၃၉၂၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ် နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ စားတော်ပဲ (၁)ပြည်လျှင်(၉၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်အောက် စားတော်ပဲ (၁)ပြည်လျှင်(၃၀ဝိ/-)ကျပ် ဈေးလျော့နည်းခဲ့ကြောင်း၊  ဈေးကွက်အနေဖြင့် ဒေသတွင်းရှိ စားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများ၊ ပဲပြုတ်ရောင်းချသည့်သူများ၊ လ္ဘက်ရည်ဆိုင်၊ အကြော်ဆိုင်များ၊ အလှူမင်္ဂလာပွဲ လမ်းဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

စားတော်ပဲလုံးရေစိမ်

ရွှေဘိုမြို့ဈေးကွက်အတွင်း အောက်တိုဘာလ၊ ဒုတိယအပတ်တွင်ရောင်းချသည့် စားတော်ပဲလုံး ရေစိမ်ဈေးနှုန်းမှာ ()ပြည်လျှင်(၅၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊  ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်း အဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ စားတော်ပဲလုံးရေစိမ်()ပြည်လျှင်(၅၀၀ဝိ/-) ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီ ကြောင်း၊  နေ့စဉ်စားတော်ပဲလုံး(၈)ပြည်ခန့်ရေစိမ်ရပြီး ဈေးကွက်အနေဖြင့် လ္ဘက်ရည်ဆိုင်၊ အကြော်ဆိုင် များ၊ ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံ ရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဈေးဟောင်းရှိ ငရံ့ပတူရွက်၊ ကြက်တက်ရွက်နှင့် မြင်းခွာရွက်ဈေးနှုန်း

   စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဈေးဟောင်းရှိ ဟင်းသီးဟင်းရွက်တန်းတွင် ရာသီပေါ် ငရံ့ပတူရွက်၊ ကြက်တက်ရွက်နှင့် မြင်းခွာရွက်များ  ရောင်းချလျက်ရှိကြောင်း သိရ သည်။ မြင်းခွာရွက်သည်  နွယ်ပင်အမျိုးအစားဖြစ်ပြီး လယ်တောများတွင် အများအပြားပေါက်ရောက်တတ်ပါသည်။ ငရံ့ပတူရွက်၊ ကြက်တက်ရွက်နှင် မြင်းခွာရွက်များကို မြေပဲဆံ၊ ပဲမှုန့်တို့ဖြင့် သုတ်၍ စားသောက်ကြသလို ပြုတ်ပြီး ငပိရည်နှင့်တွဲဖက်၍လည်း အတို့မြှုပ် အဖြစ် စားသောက်ကြကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တိယပတ်တွင် ဈေးဟောင်း၌  ငရံ့ပတူရွက်ပြုတ် (၁၀)ကျပ်သားလျှင် (၈၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၃၈၀၀)ကျပ်၊ ကြက်တက်ရွက်ပြုတ် (၁၀)ကျပ်သားလျှင် (၇၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၃၄၀၀)ကျပ်နှင့် မြင်းခွာရွက် (၁)ပုံ လျှင် (၄၀၀)ကျပ်မှ (၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရ ပါသည်။

DOCA(စစ်ကိုင်း)

သံလမ်းဈေးရှိ ဂေါ်ရခါးသီးနှင့် ဂေါ်ရခါးညွှန့်ဈေးနှုန်း

   မုံရွာမြို့၊ သံလမ်းဈေးတွင် ဂေါ်ရခါးသီးများ ရောင်းချလျက်ရှိရာ ဂေါ်ရခါးသီးသည် ရှမ်းပြည်နယ် တောင်ကြီး၊ အောင်ပန်း၊ ကလောနှင့် ရွာငံ၊ ရေဦးဒေသများမှ အဓိက ဝင်ရောက် လျက်ရှိကြောင်း သိရှိရပါသည်။ ဂေါ်ရခါးပင်သည် နွယ်ပင်ဖြစ်သောကြောင့် အညွန့်များကို လည်း စားသုံးနိုင်ကြပါသည်။ ဂေါ်ရခါးအညွှန့်ကို ချက်ပြုတ်ကြော်လှော် စားသုံးနိုင်ပြီး၊  အသီး ကိုလည်း ဟင်းချိုချက်၍လည်းကောင်း၊ ကြက်ဥနှင့် ကြော်၍လည်းကောင်း၊ ပုံစံအမျိုးမျိုးဖြင့် ချက်ပြုတ်စားသုံးနိုင်သည်။

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်တွင်  သံလမ်းဈေးတွင် ဖြစ်ပေါ်နေသော ဂေါ်ရခါးသီဈေးနှုန်းများကို ဂေါ်ရခါးသီးအသေး(၁)လုံးလျှင် (၄၀၀)ကျပ်၊ ဂေါ်ရခါးသီးအလတ် (၁)လုံး လျှင် (၆၀၀) ဂေါ်ရခါးသီးအကြီး(၁)လုံးလျှင် (၈၀၀)ကျပ်နှင့် ဂေါ်ရခါးညွှန့်ဈေးနှုန်း (၃၀၀)ကျပ်မှ (၄၀၀)ကျပ်ဖြင့်  ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဂျပန်ပျားလိမ္မော်သီးနှင့် မင်းကွက်သီးဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကျောက္ကာလမ်းဘေးတွင် ရှမ်းပြည်နယ်မှ ဝင်ရောက် သည့် ဂျပန်ပျားလိမ္မော်သီးနှင့် မော်လမြိုင်ဒေသထွက် မင်းကွက်သီးများ ရောင်းချလျက် ရှိပါသည်။ ၂၀၂၅ ခုနှစ် ၊ အောက်တိုဘာလ တတိယပတ်တွင် မုံရွာမြို့၊  ကျောက္ကာလမ်းဘေး တစ်လျှောက်ရှိ  သစ်သီးဆိုင်များတွင် ဂျပန်ပျားလိမ္မော်သီး ဈေးနှုန်းမှာ (၅၀)ကျပ်သားလျှင် (၇၀၀၀)ကျပ်၊ တစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်ဖြင့် လည်းကောင်း၊ မင်းကွက်သီးအသေး (၁) လုံးလျှင် (၅၀၀) ကျပ်၊ မင်းကွက်သီးအလတ် (၁)လုံးလျှင် (၇၀၀) ကျပ်နှင့် မင်းကွက်သီးအကြီး (၁)လုံးလျှင် (၁၆၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိရာ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သည့် အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

သာစည်ဈေးရှိ ခါကြက်ဥနှင့် သခွားသီးဈေးနှုန်း

          မုံရွာမြို့၊ သာစည်ဈေးတွင် ရောင်းချနေသော ဟင်းသီးဟင်းရွက်ဈေးတန်းများတွင် ခါကြက်ဥ၊  သခွားသီးများလည်း ရောင်းချလျက်ရှိပါသည်။ ခါကြက်ဥနှင့် သခွားသီးများကို အိမ်ရှင်မများက အိမ်သုံးချက်ပြုတ်ရန်အတွက် ဝယ်ယူကြပြီး  စားသောက်ဆိုင်များမှလည်း  စီးပွားဖြစ် အသုံးပြန်ရန် အဓိကဝယ်ယူကြောင်း သိရှိရပါသည်။ ခါကြက်ဥနှင့်သခွားသီးကို ထမင်းဝိုင်းများတွင် အတို့မြှုပ်အဖြစ်လည်းကောင်း၊ ခါးကြက်ဥကို မြေပဲဆံ၊ ပဲမှုန့်တို့ဖြင့် သုပ်၍လည်းကောင်း စားသုံးကြကြောင်း သိရှိရပါသည်။

          မုံရွာမြို့၊ သာစည်ဈေးတွင် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်တွင်  ခါကြက်ဥ ဈေးနှုန်းမှာ ခါကြက်ဥဥကြီး တစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ ခါကြက်ဥ ဥသေးတစ်ပိဿာလျှင် (၃၅၀၀) ကျပ်၊ သခွားသီးဈေးနှုန်းအနေဖြင့် အသေးတစ်လုံးလျှင် (၃၀၀)ကျပ်၊ အကြီးတစ်လုံး လျှင် (၃၅၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စိမ်းသီးနှံ ရောင်းချသူများထံမှ သိရ သည်။

DOCA( စစ်ကိုင်း)

သာစည်ဈေးရှိ ခဝဲသီးနှင့် ကြောင်လျှာသီးဈေးနှုန်း

  စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များ တွင် စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်စားသောက်ကြရာမှ စားဖိုဆောင်သီးနှံဖြစ်သည့် ခဝဲသီး များနှင့် ကြောင်လျှာသီးပင်များကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိပြီး မုံရွာမြို့၊ သာစည် ဈေးတွင် လာရောက်ရောင်းချလျက်ရှိကြောင်း သိရပါသည်။ ခဝဲသီးအား ခဝဲသီးဟင်းချိုအဖြစ် လည်း ချက်စား၍ရသလို ကြက်ဥနှင့် ကြော်စားပါက အလွန်အရသာရှိသော ဟင်းတစ်ခွက် ဖြစ်ပြီး၊ ကြောင်လျှာသီးမှာ မြေပဲဆံပဲမှုန့်တို့နှင့် သုပ်စားပါက ခံတွင်းမြိန်သော ဟင်းလျာ တစ်မျိုးဖြစ်ကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်တွင် မုံရွာမြို့၊ သာစည်ဈေးတွင် ခဝဲသီး ဈေးနှုန်းများမှာ လက်ကား တစ်ပိဿာလျှင် (၂၆၀၀/-) ကျပ်၊ လက်လီတစ်ပိဿာလျှင် (၂၈၀၀/-) ကျပ်တို့ဖြင့်လည်းကောင်း၊  ကြောင်လျှာသီးအကြီး တစ်တောင့်လျှင် (၁၀၀၀)ကျပ်၊ ကြောင်လျှာသီး အသေးတစ်တောင့်လျှင် (၈၀၀)ကျပ်နှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့ရှိ ခရမ်းသီးနှင့် ဘူးသီးဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များ တွင် ရာသီပေါ်သီးနှံများဖြစ်သည့် ခရမ်းသီး၊ ဘူးသီး၊ ငရုတ်သီး၊ ပဲသီး၊ ရုံးပတီသီး၊ သခွားသီး များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြပါသည်။ စိုက်ပျိုးထွက်ရှိသော ရာသီပေါ် သီးနှံဖြစ်သည့် ခရမ်းသီးနှင့် ဘူးသီးများကို သာစည်ဈေးနှင့် ရပ်ကွက်ဈေးငယ်များတွင် ရောင်းချလျက်ရှိကြောင်း သိရပါသည်။

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်တွင်  သာစည်ဈေးတွင် ဖြစ်ပေါ်နေသော ခရမ်းသီးဈေးနှုန်းများမှာ ခရမ်းသီးလက္ကား တစ်ပိဿာလျှင်(၃၂၀၀)ကျပ်၊ ခရမ်းသီး လက်လီ တစ်ပိဿာလျှင် (၃၅၀၀) ကျပ်၊ ဘူးသီးဈေးနှုန်းမှာ ဘူးသီးအသေး(၁)လုံးလျှင် (၈၀၀)ကျပ်၊ ဘူးသီးအလတ် (၁)လုံး လျှင် (၂၂၀၀)ကျပ်နှင့် ဘူးသီးအကြီး(၁)လုံးလျှင် (၂၈၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူများထံမှ  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

နန္ဒဝန်ဈေးသစ်ရှိ ချဉ်ပေါင်ရွက်၊ ကန်ဇွန်းရွက်နှင့် ဆူးပုတ်ကြီးရွက်ဈေးနှုန်း

    မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိက လုပ်ကိုင် လျက်ရှိရာ စားဖိုဆောင်သီးနှံဖြစ်သည့် ချဉ်ပေါင်ရွက်၊ ဆူးပုတ်ရွက်၊ ကန်ဇွန်းရွက်၊ ပဲတောင့် ရှည်သီး၊ ရုံးပတီသီး၊ ခရမ်းသီးနှင့်  ခဝဲသီးများကို စိုက်ပျိုးလျက်ရှိပါသည်။  စိုက်ပျိုး ထွက်ရှိ သော သီးနှံများမှ ချဉ်ပေါင်ရွက်၊ ဆူးပုတ်ကြီးရွက် နှင့် ကန်ဇွန်းရွက်များကိုလည်း တစ်ပိုင် တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး မုံရွာမြို့၊ နန္ဒဝန်ဈေးသစ်သို့ ရောင်းချကာ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။  

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်တွင် နန္ဒဝန်ဈေးသစ်တွင်  ဖြစ်ပေါ်နေ သော ချဉ်ပေါင်ရွက်ဈေးနှုန်းမှာ တစ်စည်းလျှင်(၁၀၀)ကျပ်မှ(၂၀၀)ကျပ်ထိလည်းကောင်း၊   ကန်ဇွန်းရွက်ဈေးနှုန်းများမှာ ကန်ဇွန်းရွက် (၁) စီးလျှင် (၂၀၀)ကျပ်၊ (၃) စည်းလျှင် (၅၀၀)ကျပ်နှင့် ဆူးပုတ်ကြီးတစ်စည်းလျှင် (၃၀၀)ကျပ်မှ (၄၀၀)ကျပ်ထိ အရောင်းဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဈေးဟောင်းရှိ ကြက်ဟင်းခါးသီး၊ ခဆော့သီးနှင့် ကင်းမုံသီးဈေးနှုန်း

   စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုး ရောင်းချလျက်ရှိရာ ယခုအခါ ကြက်ဟင်းခါးပင်၊ ခဆော့ပင်နှင့် ကင်းမုံသီး များကို  မိမိတို့နေအိမ်ခြံဝင်းများတွင် လည်းကောင်း၊ မိမိပိုင်လယ်တောများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုး၍ မုံရွာမြို့ ပေါ်ရှိ ဈေးဟောင်းနှင့်ရပ်ကွက်ဈေးများတွင် လာရောက်ရောင်းချကြကြောင်း သိရှိရပါသည်။  

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်တွင် မုံရွာမြို့၊ ဈေးဟောင်းတွင် ရောင်းချ လျက်ရှိသော  ကြက်ဟင်းခါးသီးဈေးနှုန်းများမှာ ကြက်ဟင်းခါးသီး (၂၅)ကျပ်သားလျှင် (၇၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၄၀၀)ကျပ်၊ (၁)ပိဿာလျှင် (၂၈၀၀)ကျပ်၊ ခဆော့သီးတစ် (၁)ဘူးလျှင် (၃၅၀)ကျပ်နှင့် ကင်းမုံသီ(၁)ပြည်လျှင် (၂၅၀၀)ကျပ် ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူများထံမှ  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ရောင်းချနေသော တည်သီးနှင့် ထောပတ်သီးဈေးနှုန်းများ

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးနှင့် အသီးမျိုးစုံရောင်း ချနေသော သစ်သီးဆိုင်များတွင် တည်သီးနှင့် ထောပတ်သီးများကို အများအပြားရောင်းချနေ ကြကြောင်းသိရသည်။ တည်သီးနှင့် ထောပတ်သီးများကို မန္တလေးမြို့ရှိ သစ်သီးပွဲရုံများမှမှာ ယူရောင်းချလျက်ရှိကြောင်း သိရသည်။

     တည်သီးသည် လိမ္မော်ရောင်တောက်တောက်လေးနဲ့ အညှာတံစိမ်းစိမ်းလေး သို့မဟုတ် ခပ်ညိုညိုအရောင်လေးကြောင့်  မျက်စိထဲမှာစွဲဆောင်မှုရှိပြီး ခန္ဓာကိုယ်အတွက် အထောက်အကူ ပြုကာ ချိုချိုကြွပ်ကြွပ်လေးနဲ့ အရသာလေးလေးပင်ပင်ရှိသောကြောင့် လူကြိုက်များပြီး သရေစာ အဖြစ် လူကြီးလူငယ် မရွေးဝယ်ယူစားသုံးကြကြောင်း၊ ထောပတ်သီးမှာ ကျန်းမာရေးအတွက် အထောက်အကူများစွာပြုသော အသီးဖြစ်သောကြောင့်  အဖျော်ရည်ပြုလုပ်၍ကာ  သရေစာ အဖြစ်လည်းစားသုံးကြကြောင်း၊  ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်အတွင်း တည်သီး ဈေးနှုန်းမှာ တည်သီးအကြီး()လုံးလျှင်(၁၇၀၀)ကျပ်နှင့် တည်သီး()လုံးလျှင်(၁၀၀၀၀)ကျပ် ၊အသေး()လုံးလျှင် (၁၀၀၀)ကျပ်နှင့် ထောပတ်သီးအကြီး()လုံးလျှင် (၁၃၀၀)ကျပ်၊ ()လုံးလျှင် (၅၀၀၀)ကျပ်၊ အလတ်()လုံးလျှင်(၁၀၀၀)ကျပ်နှင့် အသေး()လုံးလျှင် (၇၀၀)ကျပ်ဖြင့်အ ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း