Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့၏ ဇီးဖြူသီးဈေးနှုန်း

     ဇီးဖြူသီးသည် မြန်မာနို်ငငံတွင် လူသိများသော သစ်သီးတစ်မျိုးဖြစ်ပြီး ဆေးဖက်ဝင်အပင် ဖြစ်လည်းထင်ရှားပါသည်။ မြန်မာနိုင်ငံ၏ ပူပြင်းခြောက်သွေ့သော ဒေသများတွင် ပိုမိုဖြစ်ထွန်းပြီး ကန့်ဘလူခရိုင်၌လည်း ဇီးဖြူပင်များ အလေ့ကျပေါက်နေသည်ကို နေရာအနှံ့အပြားတွင်တွေ့ရ သည်။ ဇီးဖြူပင်များကို နေအိမ်ခြံစည်းရိုးများ၌လည်းကောင်း၊ လယ်တော၊ ယာတောများတွင် စိုက်ပျိုးပြီး မိမိတို့အိမ်တွင် စားသုံး၍ပိုလျှံသည့်အသီးများကို ဇီးဖြူသီးအစိုနှင့် ဇီးဖြူသီးအခြောက် ပြုလုပ်၍ ကန့်ဘလူမြို့မဈေးတွင် ရောင်းချကြောင်း သိရသည်။

       ဇီးဖြူသီးသည် အနံ့အရသာထူးခြားပြီး ချဉ်ဖန်သောအရသာရှိသည့်အတွက် လူကြိုက်များ သောအသီးတစ်မျိုးဖြစ်သည်။ ထို့ကြောင့် ဇီးဖြူသီးကို ဇီးဖြူသီးအစိမ်းထောင်း၊ ဇီးဖြူသီးသနပ်နှင့် ဇီးဖြူသီးကို ကြာရှည်အသုံးပြုနိုင်ရန် အခြောက်လှန်း၍လည်း စားသုံးကြသည်။ ၂၀၂၅ခုနှစ်၊ ဩဂုတ် စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့၊မြို့မဈေးတွင် ဇီးဖြူသီးအစိမ်း နို့ဆီဘူး()ဘူးလျှင်(၅၀၀) ကျပ်၊()ပြည်လျှင်(၃၈၀၀)ကျပ်၊ ဇီးဖြူသီးအခြောက်()ဘူးလျှင်(၁၂၀၀)ကျပ်၊ ()ပြည်လျှင်(၉၅၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူများထံမှ သိရှိရပါသည်။ 

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော ကန်စွန်းရွက်၊ကင်ပွန်းချဉ်ရွက်နှင့် ချဉ်ပေါင်ရွက်ဈေးနှုန်းများ

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုး ရောင်းချလျက်ရှိရာ ယခုအခါ ကန်စွန်းရွက်၊ကင်ပွန်းချဉ်ရွက်နှင့် ချဉ်ပေါင်ရွက်များကို  နေအိမ်ခြံဝင်း များတွင်လည်းကောင်း၊ ယာတော၊ လယ်တောများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ ရောင်းချလျက်ရှိကြောင်း သိရသည်။  

     ၂၀၂၅ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင်ရောင်းချနေသော  ကန်စွန်းရွက်၊ကင်ပွန်းချဉ်ရွက်နှင့် ချဉ်ပေါင်ရွက်များကို ကန့်ဘလူမြို့ပေါ်နှင့် နတ်ပေးကျေးရွာ၊ နတ်အင်းကျေးရွာများမှလည်းကောင်း ဝယ်ယူရောင်းချလျက်ရှိကြောင်းကန် စွန်းရွက်များကို အစည်းလေးများစည်း၍ ရောင်းချရာ()စည်းလျှင် (၁၀၀)ကျပ်၊ ()စည်းလျှင် (၂၀၀)ကျပ်၊ ကင်ပွန်းချဉ်ရွက်()စည်းလျှင် (၂၀၀)ကျပ်၊ ()စည်းလျှင်( ၅၀၀)ကျပ်နှင့် ချဉ်ပေါင်ရွက် ()ပိဿာလျှင် (၁၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၈၀၀)ကျပ်၊ ()ပုံလျှင်(၂၀၀)ကျပ်ဖြင့်ရောင်းချ လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ကံ့ကော်ပန်း၊ နှင်းဆီပန်းနှင့်ဇော်စိမ်းပန်း(ခေါ်) ကျောက်စိမ်းပန်းဈေးကွက်

       ကန့်ဘလူမြို့၊ မြို့မဈေးအတွင်းတွင် ရောင်းချလျက်ရှိသော ဘုရားပန်းမျိုးစုံဖြစ်သည့် သပြေပန်း၊ နှင်းပန်း၊ ဂန္ဓမာပန်း၊ ဇွန်ပန်း၊ စံပယ်ပန်း၊ စကားဝါပန်း၊ စကားဖြူပန်း၊ ရွှေပန်း၊ ငွေပန်း၊ ပန်းတိမ်ငိုပန်း၊ နှင်းဆီပန်း၊ နှင်းပန်း၊ ကံ့ကော်ပန်းနှင့် ဇော်စိမ်းပန်း(ခေါ်)ကျောက်စိမ်းပန်းများ ရောင်းချလျက်ရှိရာ လူကြိုက်များသော ကံ့ကော်ပန်း၊ နှင်းဆီပန်းများနှင့် ဇော်စိမ်းပန်း(ခေါ်) ကျောက်စိမ်းပန်းများကို ကန့်ဘလူမြို့ပေါ်နှင့် ဒေသအနီးတစ်ဝိုက်ရှိ ကျေးရွာများမှ တစ်နိုင်တစ်ပိုင် စိုက်ပျိုး ရောင်းချလျက်ရှိ သလိုနှင်းဆီပန်းများကို ပြင်ဦးလွင်မြို့မှလည်းမှာ ယူရောင်းချလျက် ရှိကြောင်းသိရှိရပါသည်။ လူကြိုက်များသော နှင်းဆီပန်းများမှာ ဘုရားပန်းအတွက်သာမက လက်ဆောင်ပေးရာ၌လည်း အဓိကထားအသုံးပြုကြကြောင်း၊ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ် အတွင်း ကံ့ကော်ပန်း() စည်းလျှင် (၁၅၀၀)ကျပ်၊ နှင်းဆီပန်းအကြီး ()ပွင့်လျှင် (၇၀၀)ကျပ်၊ အသေး()ပွင့်လျှင် (၅၀၀) ကျပ်နှင့် ဇော်စိမ်းပန်း(ခေါ်)ကျောက်စိမ်းပန်း()ခက်လျှင် (၅၀၀)ကျပ် ဖြင့် ရောင်းချလျက်ရှိကြောင်း ဘုရားပန်းမျိုးစုံရောင်းဝယ်ရေး လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၏ သံပုရာသီးနှင့် ရှောက်သီးဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် သံပုရာသီးနှင့် ရှောက်သီး များစိုက်ပျိုးထားပြီး ယခုအချိန်တွင် လှိုင်လှိုင်ထွက်ပေါ်နေပြီဖြစ်ကြောင်း သိရပါသည်။ သံပုရာသီး များအား ဖျော်ရည်၊ သံပုရာချဉ်ဖက်၊ အသုပ်မျိုးစုံနှင့်  သရေစာတို့တွင်ထည့်သွင်းစားသုံးခြင်းသာမက ရှောက်သီးများကိုလည်း ကျန်းမာရေးအတွက် ဆေးဖော်စပ်ရာတွင်လည်း အသုံးပြုကြသဖြင့် သုံးစွဲမှုများသည့် သီးနှံများဖြစ်ကြောင်း သိရသည်။

        ၂၀၂၅ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်အတွင်းဖြစ်ပေါ်လျက်ရှိသော သံပုရာသီးဈေးနှုန်းများမှာ သံပုရာသီး(အကြီး)()လုံးလျှင် (၂၀၀)ကျပ်၊ (အသေး)()လုံးလျှင် (၁၀၀)ကျပ်ဖြင့်လည်းကောင်း၊ ရှောက်သီး(အကြီး)()လုံးလျှင် (၅၀၀)ကျပ်နှင့် (အသေး) ()လုံးလျှင် (၃၀၀) ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပြီး ယခုအခါကန့်ဘလူမြို့မဈေးတွင် အသီးအရွယ်အစားအလိုက် ဈေးအနည်းငယ် ကွာခြားမှုရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော ဆန်စီးထွက်မှုအခြေအနေ

       ဩဂုတ်လ (ပထမ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်း ဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၅3684၊ မန္တလေးသို့ အိတ်ရေ ၄၅၂၃၄၊ နေပြည်တော်သို့ အိတ်ရေ ၁၈၄၈၊ပဲခူးသို့ အိတ်ရေ ၃၇၂၅၊ ပြည်သို့ အိတ်ရေ ၂၂၀၊ တောင်ငူသို့ အိတ်ရေ ၃၇၀၊ ကျောက်ပန်းတောင်းသို့ အိတ်ရေ ၅၆၀၊ မိတ္ထီလာသို့အိတ်ရေ  ၁၁၀၀၊  ဘားအံသို့ အိတ်ရေ ၃၇၄၅၊ ရှမ်း(တ) သို့ အိတ်‌ရေ ၁၆၅၀၇၊ မြိတ်သို့ အိတ်ရေ ၁၀၀၊ကချင်သို့ အိတ်‌ရေ ၁၃၅၀၊ မွန်သို့ အိတ်ရေ ၈၁၆၀၊မူဆယ်သို့ အိတ်ရေ ၆၀၅၊ ဧရာဝတီသို့ အိတ်ရေ ၁၂၅ မကွေးသို့ အိတ်ရေ ၁၂၈၀၊ကရင်သို့ အိတ်ရေ ၁၅၀၊ စုစုပေါင်းအိတ်ရေ ( ၁၃၈၇၆၃) အိတ်၊ တန်အားဖြင့် (၆၉၃၈) စီးထွက် ခဲ့ပြီး၊ ဩဂုတ်လ (ဒုတိယ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်း ဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ 7056၊ မန္တလေးသို့ အိတ်ရေ ၄၁၀၃၅၊ နေပြည်တော်သို့ အိတ်ရေ ၁၀၃၀၊ပဲခူးသို့ အိတ်ရေ ၃၄၆၀၊ ပြည်သို့ အိတ်ရေ ၁၁၈၅၊ တောင်ငူသို့ အိတ်ရေ ၂၀၈၀၊ ကျောက်ပန်းတောင်းသို့ အိတ်ရေ ၇၃၀၊ မိတ္ထီလာသို့အိတ်ရေ  ၁၃၃၀၊  ဘားအံသို့ အိတ်ရေ ၁၅၀၀၊ ရှမ်း(တ) သို့ အိတ်‌ရေ ၁၄၄၄၀၊ကချင်သို့ အိတ်‌ရေ ၂၄၁၀၊ မွန်သို့ အိတ်ရေ ၆၄၅၅၊မူဆယ်သို့ အိတ်ရေ ၄၆၀၊ ဧရာဝတီသို့ အိတ်ရေ ၁၂၅ မကွေးသို့ အိတ်ရေ ၃၄၅၊ စုစုပေါင်းအိတ်ရေ ( ၁၄၇၈၁၄) အိတ်၊ တန်အားဖြင့် (၇၃၅၇) စီးထွက် ခဲ့သည့်အတွက်  ယခင်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုပတ်တွင် အိတ်ရေ (၉၀၅၁) အိတ်၊ တန်အားဖြင့် (၄၅၃)တန် ပိုမိုစီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ရောင်းချနေသည့် စပါးလင်နှင့် ကြက်သွန်မြိတ်ဈေးနှုန်း၊ဈေးကွက်

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်သည့် စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးသည့်အပြင် နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင် စပါးလင်ပင်နှင့် ကြက်သွန်မြိတ်များကို စိုက်ပျိုးကြကြောင်း၊ စပါးလင်ပင်များကို ကန့်ဘလူမြို့မဈေးတွင်ရောင်းချလျက်ရှိပြီး ရာသီစာသီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြသည်။

     ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း စပါးလင်(၁၁)ပင်လျှင် (၁၀၀၀)ကျပ်၊ ()ပင်လျှင် (၅၀၀)ကျပ်၊ ()ပင်လျှင်(၁၀၀)ကျပ်နှင့် ကြက်သွန်မြိတ်()စည်းလျှင် (၂၀၀)ကျပ်၊ () စည်းလျှင် (၅၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ကြက်သွန်မြိတ်ကို အိမ်ရှင်မများဟင်းချက်ရာတွင် လည်းကောင်း၊ စားသောက်ဆိုင်များတွင်လည်းကောင်း အသုံးပြုကြကြောင်း၊ စပါးလင်ကို ဟင်းခတ် အမွှေးအကြိုင်ဖြစ်လည်းကောင်း၊ စားသောက်ဆိုင်များ၌ ငါးကင်၊ ငါးပေါင်းများပြုလုပ်ရာတွင်လည်းကောင်း၊ မုန့်ဟင်းခါးချက်ရာတွင်လည်း စပါးလင်ကိုထည့်သွင်းအသုံးပြုကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း မြို့မဈေးရှိ ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

မင်းဘူးမြို့၊ မြို့မဈေး၌ ပဲလင်းမြွေသီး(ဗုံလုံသီး)ဈေးကျဆင်း

        မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ မြို့မဈေး၌ ပဲလင်းမြွေသီး(ဗုံလုံသီး)ကို မင်းဘူးမြို့နယ် အတွင်းရှိကျေးရွာများအပြင်အပြင် စကု၊ ပွင့်ဖြူမြို့တို့မှလည်း မှာယူရောင်းချကြောင်း သိရသည်။

          ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(စတုတ္ထပတ်)တွင် ပဲလင်းမြွေသီး(ဗုံလုံသီး) (၁)တောင့်လျှင် ကျပ်(၈၀၀) ဖြင့် ရောင်းချလျက်ရှိပြီး ယခင်(ပထမပတ်)တွင် (၁)တောင့်လျှင် ကျပ်(၁၀၀၀)ဖြင့် ရောင်းချခဲ့ရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကျပ်(၂၀၀)ဈေးကျဆင်းအရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။ ယခုအချိန်တွင် မင်းဘူးမြို့နယ်အတွင်း ကျေးရွာများရှိ တစ်နိုင်တစ်ပိုင် ပဲလင်းမြွေသီး(ဗုံလုံသီး) စိုက်ခင်းများ စတင်ထွက်ပေါ်လာသည့်အပြင် မှာယူရောင်းချရာ အခြားဒေသများတွင်လည်း လှိုင်လှိုင် ထွက်ရှိချိန်ဖြစ်သောကြောင့် ဈေးနှုန်းမှာကျဆင်းရခြင်းဖြစ်ကြောင်း သိရှိရသည်။

DOCA(မကွေး)

မင်းဘူးမြို့နယ်၊ ကြီးပင်ကန်ကျေးရွာ၌ မိုးနှမ်းစိုက်ပျိုးထွက်ရှိမှုအခြေအနေ

      မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ ကြီးပင်ကန်ကျေးရွာအုပ်စုရှိ ကြီးပင်ကန်၊ ကန်ရေ၊ ကုန်းသာ၊ ဇရပ်ကြီး စသည့်ကျေးရွာများသည် စိုက်ပျိုးရေးကိုအဓိကလုပ်ကိုင်ပြီး နှမ်း၊ ပဲစဉ်းငုံ၊ နေကြာ၊ မြေပဲ၊ ကုလားပဲနှင့် စပါးတို့ကို စိုက်ပျိုးလျက်ရှိရာ ၂၀၂၅ခုနှစ်၊ ဇွန်လတွင် တောင်သူ (၃၀)ဦးမှ နှမ်းစိုက်ဧက(၅၀)ဧကခန့်အား စိုက်ပျိုးခဲ့ကြောင်း သိရသည်။

          ကြီးပင်ကန်ကျေးရွာနေ တောင်သူ(၁)ဦးမှ ၎င်းအနေဖြင့် မိုးနှမ်းစိုက်ဧက(၂)ဧကခန့်စိုက်ပျိုးခဲ့ ကြောင်း၊ မျိုးအနေဖြင့် နှမ်းဖြူမျိုးကိုစိုက်ပျိုးခဲ့ပြီး  ယခင်နှစ်ကနှမ်းစိုက်ခင်းမှထွက်ရှိသည့်နှမ်းကို မျိုးအနေဖြင့်ဖယ်ချန်၍ ထွန်ကြောင်းဆွဲအစေ့ချစနစ်ဖြင့် စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ (၁)ဧကလျှင် မျိုး (၃)ပြည်ခန့်ကုန်ကျကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် (၁)ဧကလျှင် မြေပြုပြင်ခ၊ လုပ်အားခနှင့် အခြား သွင်းအားစုစရိတ်အပါအဝင် စုစုပေါင်းကျပ်(၄၀၀၀၀၀)ခန့်ကုန်ကျကြောင်း၊ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ (တတိယပတ်)တွင် စတင်ထွက်ရှိခဲ့ပြီး(၁)ဧကလျှင် (၇)တင်းခန့်ထွက်ရှိခဲ့ကြောင်း၊ (၁)တင်းလျှင် ကျပ်(၁၁၀၀၀၀)ခန့်ရရှိခဲ့ပြီး အကျိုးအမြတ်အနေဖြင့် ကျပ်(၃၇၀၀၀၀)ခန့်ရရှိခဲ့ကြောင်း၊ ဈေးကွက် အနေဖြင့် မင်းဘူးမြို့ပေါ်ရှိ ပွဲရုံများသို့တင်ပို့ရောင်းချကြောင်း သိရသည်။

DOCA(မကွေး)

အထက်မင်းလှမြို့နယ်၊ မယ်ဇလီတောကျေးရွာ၌ မိုးခရမ်းချဉ်သီးစိုက်ပျိုးမှုနှင့်ဈေးနှုန်းဈေးကွက်

       မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်၊ ပန်းတော်ပြင်ကျေးရွာအုပ်စုရှိ မယ် ဇလီတောကျေးရွာသည် ကုလားပဲ၊ နှမ်း၊ ပဲစဉ်းငုံ၊ ခရမ်းချဉ်သီး၊ နေကြာ၊ ဝါ၊ ကြက်သွန်နီ၊ မေမြို့ပန်း နှင့် သပြေပန်းတို့ကိုရာသီအလိုက်စိုက်ပျိုးလျက်ရှိရာ ခရမ်းချဉ်သီးနှံကို ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(ဒုတိယ ပတ်)တွင် တောင်သူ(၂၀)ဦးမှ စိုက်ဧက(၁၅)ဧကခန့် စတင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။

          မယ်ဇလီတောကျေးရွာနေ တောင်သူ(၁)ဦးက ၎င်းအနေဖြင့် ခရမ်းချဉ်သီးနှံစိုက်ဧက(၂)ဧက ခန့်စိုက်ပျိုးထားကြောင်း၊ မျိုးအနေဖြင့် ထိုင်ဝမ်ခရမ်းချဉ်မျိုးကိုစိုက်ပျိုးပြီး (၁)ထုပ်လျှင် ကျပ် (၃၈၀၀၀)ဖြင့် မင်းလှမြို့ပေါ်ရှိ စိုက်ပျိုးရေးဆိုင်များမှ ဝယ်ယူကြောင်း၊ (၁)ဧကလျှင် မျိုး(၈)ထုပ်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးရာတွင် ခရမ်းချဉ်မျိုးစေ့များကို ပျိုးထောင်ပြီး အပင်ရက်သား(၂၅)ရက် အကြာတွင် မြေချ၍ ဘောင်တင်စနစ်ဖြင့်စိုက်ပျိုးကြောင်း၊ အပင်သက်တမ်း(၂)လခွဲခန့်အကြာတွင် အသီးများစတင်ခူးဆွတ် နိုင်ကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် ယခင်နှစ်နည်းတူ ယခုနှစ်တွင်လည်း (၁)ဧကလျှင် မျိုးဖိုး၊ မြေပြုပြင်ခ၊ လုပ်အားခနှင့် အခြားသွင်းအားစု စရိတ်အပါအဝင် စုစုပေါင်း ကျပ်(၂၀)သိန်းခန့် ကုန်ကျကြောင်း၊ ယခင်နှစ်က(၁)ဧကလျှင် ပိဿာချိန်(၅၀၀၀)ခန့်ထွက်ရှိပြီး (၁) ပိဿာလျှင် ကျပ်(၃၀၀၀)ဖြင့် ရောင်းချခဲ့ရာ အကျိုးအမြတ်အနေဖြင့် ကျပ်သိန်း(၁၃၀) ခန့်ရရှိခဲ့ ကြောင်း၊ ဈေးကွက်အနေဖြင့် အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးနှင့် မင်းလှ-သရက်ကားလမ်းပေါ်ရှိ ဟင်းသီးဟင်းရွက်ရောင်း ချသည့်ဆိုင်များသို့တင်ပို့ရောင်းချကြောင်း သိရှိရသည်။

DOCA(မကွေး)

 

မကွေးမြို့၏ ဖန်ခါးသီးဈေးနှုန်းအခြေအနေ

        မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့ပေါ်ရှိဈေးများ၌ မြို့အနီးရှိကျေးရွာများ ဖြစ်သော ဘုရားပြို၊ မြင်းကင်း၊ ချောင်းဖြူ၊ သင်္ဘောဆိပ်၊ ဝါးတောချောင်း၊ မကြီးကန်၊ ဆားတိုင်းကန်၊ နွားကူး စသည့်ကျေးရွာများမှ ထွက်ရှိသည့် ဖန်ခါးသီးများ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(စတုတ္ထပတ်)တွင် ဖန်ခါးသီးနို့ဆီဗူး(၁)ဗူးလျှင် ကျပ်(၅၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ မကွေးမြို့နယ်အတွင်း ဖန်ခါးသီးကို စိုက်ခင်းများအဖြစ် စိုက်ပျိုးထားခြင်းမရှိဘဲ ဒေသအလျောက်ပေါက်ပင်နှင့် မိမိ၏အိမ်ခြံဝန်းများတွင်သာ တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြကြောင်း၊ ရာသီစာအတို့အမြှုပ်အဖြစ်လည်းကောင်း၊ ဒေသထွက် ဆေးဖက်ဝင်အသီးအနှံ အဖြစ်လည်းကောင်း စားသုံးကြသည့်အတွက် အရောင်းအဝယ် ကောင်းလျက်ရှိကြောင်း သိရသည်။ ဖန်ခါးသီးကို အညာထမင်းဝိုင်းများတွင် အတို့အမြှုပ်အဖြစ် စားသုံးကျသည်သာမက ဒေသထွက် လက်ဆောင်အဖြစ် အသုံးပြုကြပါသည်။ ဖန်ခါးသီးသည် ဗီတာမင်ကေ၊ မဂ္ဂနီဆီယမ်၊  ဗီတာမင်စီဓါတ် နှင့်ဓါတ်တိုးပစ္စည်းများစွာ ပါဝင်သောကြောင့် ခံတွင်းနံ့ကင်းရှင်းခြင်း၊ အရိုးအဆစ်နာကျင်ခြင်း၊ ကြွက်သားနာကျင်ခြင်းနှင့်  နှလုံးကျန်းမာစေဖို့ကိုလည်း အကောင်းဆုံး ထောက်ပံ့ပေးနိုင်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း