Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ဒေသထွက် ဖရဲသီးနှင့် ကျွဲကောသီး ဈေးနှုန်း

      ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှာ နှစ်ရှည်သီးနှံဖြစ်သည့် သရက်သီးပင်၊ နဂါးမောက်သီးပင်၊ ပိန္နဲသီးပင်၊ မန်ကျည်းသီးပင်၊ ကျွဲကောသီးပင် နှင့် မာလကာသီးပင်များကိုလည်း စိုက်ပျိုးကြသလို  မိမိတို့ တောင်ယာများထဲတွင် တစ်ပိုင်တစ်နိုင် အနေဖြင့် ရာသီပေါ်သီးနှံဖြစ်သည့် ဖရဲသီးများကို မန်ကျည်းအင်း ကျေးရွာ၊ သံဘိုကျေးရွာ၊ ရှမ်းစုကျေးရွာနှင့် မြို့ပေါ်ရပ်ကွက်များမှ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

      ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ဖရဲသီး ဈေးနှုန်းများမှာ ဖရဲသီးအကြီး တစ်လုံးလျှင်(၆၅၀၀)ကျပ်၊  အသေး တစ်လုံးလျှင်(၅၀၀၀/၄၅၀၀)ကျပ် နှင့် ဖရဲသီးစိတ် တစ်စိတ်လျှင်(၃၅၀)ကျပ်  ငွေကျပ်(၁၀၀၀)ဖိုး(၃)စိတ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း ကျွဲကောသီး ဈေးနှုန်းအနေ‌ဖြင့် ကျွဲကောသီး အကြီး တစ်လုံးလျှင်(၄၅၀၀)ကျပ်၊ အသေး တစ်လုံးလျှင် (၃၅၀၀)ကျပ် ငွေကျပ်(၁၀၀၀၀)ဖိုး(၃)လုံး ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ သစ်သီးမျိုးစုံ  ရောင်းချနေသော ဈေးသည်ထံမှ သိရသည်။

DOCA(စစ်ကိုင်း)

မြေပဲစိုက်ပျိုးထုတ်လုပ်မှု တစ်ဧကကုန်ကျစရိတ်နှင့် အကျိုးအမြတ်တွက် အခြေအနေ

  ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၌ မြေပဲ (၅၉၂၉) ဧက စိုက်ပျိုးရန်လျာထားပြီး မေလမှ စတင်စိုက်ပျိုးခဲ့ရာတွင် ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့၌ မြေပဲ (၂၃၅၇) ဧက၊ မိုင်းခတ်မြို့၌ မြေပဲ (၂၄၈၆) ဧက၊ မိုင်းပျဉ်းမြို့၌ မြေပဲ (၈၀၈) ဧက၊ စုစုပေါင်း (၅၆၅၁) ဧက  စိုက်ပျိုးခဲ့ပြီး ဩဂုတ်လမှ ယခု စက်တင်ဘာလ (၃၀) ရက်နေ့ထိ မြေပဲသီးနှံရိတ်သိမ်းခဲ့ရာတွင် ကျိုင်းတုံမြို့ (၁၃၆၉) ဧက၊ မိုင်းခတ်မြို့ (၂၄၁၆) ဧက၊ မိုင်းပျဉ်းမြို့ (၃၁၅) ဧက၊ စုစုပေါင်း (၄၁၀၀) ဧက ရိတ်သိမ်းပြီးစီးကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ (၃၀.၉.၂၀၂၅) ရက်နေ့ထိ စာရင်းအရ သိရှိရပါသည်။

          ကျိုင်းတုံခရိုင်၌ ဒေသနှင့်ကိုက်ညီပြီး အရေအသွေးကောင်း ဒေသမျိုးများ အဓိကထား စိုက်ပျိုးကြကြောင်း သိရှိရပါသည်။ အဆိုပါ မြေပဲစိုက်ပျိုးသည့် တောင်သူများမှာ တစ်ဧက အထွက်နှုန်း တိုးတက်စေရန် မြေပြုပြင်ခြင်း ၊ စိုက်ပျိုးခြင်း၊ အပင်ပြုစုခြင်း၊ ရိတ်သိမ်းခြင်း၊ သွင်းအားစုများ၊ နွားချေး၊ ကွန်ပေါင်းဓာတ်မြေဩဇာ၊ မြေတွင်းအောင်းပိုးသတ်ဆေး စုစုပေါင်း တစ်ဧက ကုန်ကျစရိတ်မှာ (၁၂) သိန်းကျော်ခန့် ကုန်ကျကြောင်း တောင်သူကြီးများထံမှ သိရှိရ ပါသည်။

          ယခု ၂၀၂၅ ခုနှစ်တွင် မြေပဲ တစ်ဧကအထွက်နှုန်းမှာ တင်း (၅၂) တင်းခန့် ထွက်ရှိကြောင်း သိရပါသည်။ ယခု မြေပဲ လက်ကားဈေး တစ်တင်းလျှင် (၄၀၀၀၀) ကျပ် ခန့်မှန်းပေါက်ဈေး အရောင်းအဝယ်ရှိပြီး မြေပဲ တင်း (၅၂) တင်းကို (၄၀၀၀၀) ကျပ်နှုန်းဖြင့်ရောင်းလျှင် (၂၀) သိန်း ကျော်ခန့်ရရှိကာ တစ်ဧက၏ အထွေထွေကုန်ကျစရိတ် (၁၂) သိန်းကျော်ခန့်နှုတ်လျှင် မြေပဲ စိုက်တောင်သူများအနေဖြင့် မြေပဲ တစ်ဧကစိုက်လျှင် (၈) သိန်းကျော်ခန့် အမြတ်အစွန်းရရှိမည် ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

ကျွန်းလှမြို့ တွင် ရောင်းချလျက်ရှိသော ပန်းသစ်တော်သီး နှင့် ပန်းသီး ဈေးနှုန်း

     ကျွန်းလှမြို့တွင် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ စပျစ်သီး၊ သင်္ဘောသီး၊ ဖရဲသီး၊ ဩဇာသီး၊ သခွားမွှေးသီး၊ ကျောက်သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ မင်းဂွတ်သီး၊  ဒညှင်းသီး  နှင့် ဖရဲသီးများကို  ရောင်းချလျက်ရှိကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ပန်းသစ်တော်သီး ဈေးနှုန်းများမှာ ပန်းသစ်တော်သီး အကြီး(၁)လုံးလျှင်(၄၀၀၀)ကျပ်၊ အသေး(၁)လုံးလျှင်(၃၅၀၀) ကျပ်၊ ငွေကျပ်(၁၀၀၀၀)ဖိုး(၃)လုံး ဈေးနှုန်းတို့ဖြင့်လည်းကောင်း ပန်းသီး ဈေးနှုန်းများမှာ ပန်းသီး အကြီး (၁)လုံးလျှင်(၂၅၀၀)ကျပ်၊ ငွေကျပ်(၁၀၀၀၀)ဖိုး(၄)လုံး၊ အလတ်(၁)လုံးလျှင်(၂၀၀၀)ကျပ်၊ ငွေကျပ် (၁၀၀၀၀)ဖိုးလျှင်(၅)လုံးနှင့် အသေး(၁)လုံးလျှင်(၁၇၀၀)ကျပ်၊ ငွေကျပ်(၁၀၀၀၀)ဖိုးလျှင်(၆)လုံး ဈေးနှုန်း တို့ဖြင့်‌ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သီးနှံမျိုးစုံထဲမှ ဖရဲသီး၊ ဩဇာသီး၊ ငှက်ပျောသီး နှင့် မာလကာသီးတို့ကို မိမိတို့ ဒေသထွက်နှင့် အခြားသစ်သီးများကိုမူ မြစ်ကြီးနားမြို့၊ မန္တလေးမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သစ်ရာမြိုင်ဈေးတိုက်တန်းတွင် သစ်သီးမျိုးစုံ ရောင်းချနေသော ဈေးသည်ထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ခရမ်းကဆော့သီးဆေးဖက်ဝင်ပုံ

         ခရမ်းကဆော့သီး ကိုဆေးဖက်ဝင်မယ်ဆိုတာ သတိမထားမိဘူးသေချာ မသိခဲ့ကြဘူး တခါတလေစားဖြစ်ပါကြောင်းသိရှိရပါသည်။ ဆေးဖက်ဝင်ခရမ်းကဆော့သီးကို ကျန်းမာရေး အတွက်အထောက်အကူဖြစ်စေပါကြောင်းသိရှိရပါသည်။ ငပိရည်နဲ့တို့စရာအဖြစ်လည်းကောင်း၊ ငပိနှင့်ကြော်စား၍လည်းကောင်း စားလိုက်တိုင်းဖောက်ခနဲဖြစ်ပြီး အရသာရှိတဲ့ ခရမ်းကဆော့ သီးကို လူကြိုက်များတယ်လို့သိရှိရပါသည်။ ကင်ဆာရောဂါ ကာကွယ်ပေးခြင်း ၊အကိုက်အခဲ သက်သာစေခြင်း၊ ရောင်ရမ်းမှုကို သက်သာစေနိုင်ခြင်း၊ အနာတွေကိုသက်သာစေနိုင်ခြင်း၊ အဖျား ကျစေနိုင်ခြင်း၊ ဘက်တီးရီးယားတွေကိုတိုက်ဖျက်ပေးနိုင်ခြင်း၊ ဗီတာမင်စီချို့တဲ့မှုကင်း စေခြင်း၊ ရေယုန် သက်သာစေနိုင်ခြင်း၊ ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝနိုင်ခြင်း၊ သန်ကျစေနိုင်ခြင်း၊ အမြင်အာရုံ ကောင်းစေနိုင်ခြင်းရှိသလို အရသာလည်းရှိ၊ စားလို့လည်းကောင်းတဲ့ ခရမ်းကဆော့ သီးသည် ကျန်းမာရေးအကျိုးကျေးဇူးများ ကြောင်းသိရသည်။

              မြင်းခြံမြို့နယ်ရှိ‌ လေးအိမ်တန်းကျေးရွာနှင့်အခြားကျေးရွာများတွင် ခရမ်းကဆော့ ပင်များ စိုက်ပျိုးကြကြောင်းသိရှိရပါသည်။ ခရမ်းကဆော့သီးများကို မြင်းခြံမြို့အေးမြသီတာဈေး တွင် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ယခုအောက်တိုဘာလ ဒုတိယပတ် ခရမ်းကဆော့သီး ဈေးနှုန်းမှာ အစိတ်သား (၂၀၀၀) ကျပ်ထိ ရောင်းချကြောင်းသိရပါသည်။ ယခုအခါအိမ်ရှင်မများ ဟင်းချက်ရာတွင်လည်းကောင်း၊ ထမင်းဆိုင်များမှအများဆုံး ဝယ်ယူကြသဖြင့်ခရမ်းကဆော့သီးများ အရောင်းအဝယ်ရှိကြောင်း ကုန်စိမ်းရောင်းချသူတစ်ဦးထံမှသိရှိရပါသည်။

DOCA(မန္တလေး)

ခရမ်းကြွပ်သီးနှင့်ကျန်းမာရေး

            မြင်းခြံမြို့၊ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများတွင် ခရမ်းကြွပ်သီးများကိုစိုက်ပျိုးကြပြီး အေးမြသီတာဈေးတွင် လာရောက်ရောင်းချလျက်ရှိသည်။ ခရမ်းကြွပ်သီးကို ငပိရည်နှင့်တွဲဖက်၍ အတို့အမြှုပ်အဖြစ်လည်းစားသုံးကြသည်။ ခရမ်းကြွပ်သီးသည် အရောင်အသွေးလှယုံတင်မကပဲ ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပေးသည်။ အစိမ်းရောင်၊ အဖြူရောင်နှင့်ခရမ်း ရောင်ဟူ၍အရောင်အမျိုးမျိုးရှိရာ ထိုင်းအစားအစာများတွင် တွင်တွင်ကျယ်ကျယ် အသုံးပြု ကြသည်။ ခရမ်းကြွပ်သီးတွင် ကယ်လ်လိုရီဓာတ်၊ အဆီဓာတ်၊ ကာဗိုဟိုက်ဒရိတ်၊ ကယ်လ်ဆီ ယမ်၊ သံဓာတ်၊ ပရိုတင်း၊ ဗီတာမင်အေ၊ ဗီတာမင်စီတို့ပါဝင်သည်။ ခရမ်းကြွပ်သီးသည် အရေ ပြားကိုလှပစေခြင်း၊ သွေးတိုးသက်သာစေခြင်း၊ ဆီးချိုဖြစ်နိုင်ခြေကိုလျှော့ချပေးခြင်း၊ အစာခြေ စနစ်ကိုကောင်းမွန် စေခြင်း၊ ကိုယ်ခံအားကျန်းမာစေခြင်းစသည့် ကျန်းမာရေးအထောက်အပံ့များစွာ ရရှိစေသည်။ ထိုသို့ ကောင်းကျိုးများသော ခရမ်းကြွပ်သီးကို မြင်းခြံမြို့ရှိကုန်စိမ်း ရောင်းသည့်ဆိုင်များတွင် ယခုအောက်တိုဘာလ ဒုတိယပတ်တွင်(၁)ပိဿာလျှင်(၅၀၀၀)ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

 

ဂေါ်ဖီထုပ်၏ အဟာရတန်ဖိုးများ

             ဂေါ်ဖီထုပ်သည် မည်သည့်ဒေသတွင်မဆို အလွယ်တကူဝယ်ယူရရှိနိုင်ပြီး ဈေးနှုန်းချိုသာ သော ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်သည်။ ဂေါ်ဖီထုပ်တွင် သကြားဓာတ်၊ အမျှင်ဓာတ်၊ ပရိုတင်း၊ ဗီတာမင်စီ၊ ဖောလ်လစ်အက်ဆစ်၊ ဗီတာမင်ဘီ၊ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ ဗီတာမင်အေ၊ သံဓာတ်၊ အန်တီအောက်ဆီဒန့်စသော အာဟာရဓာတ်များပါဝင်သည့်အတွက် ကျန်းမာရေးကို များစွာအထောက်အကူပြုနိုင်သည်။ ဂေါ်ဖီထုပ်ကို လူအများစုကဟင်းချိုချက်ခြင်း၊ အသားတစ် မျိုး မျိုးဖြင့် အစိမ်းကြော်၍စားသုံးခြင်း၊ အသုပ်ထဲထည့်၍စားသုံးခြင်း၊ အကြော်စုံများနှင့် တွဲဖက် စားသုံးခြင်း၊   စားတော်ပဲနဲ့ကြော်စားခြင်း၊  ကော်ပြန့်၊ စမူဆာစသောသရေစာမုန့်များထဲတွင် အဆာ ပလာအဖြစ်ထည့်ခြင်း၊ တို့စရာအဖြစ်ငပိရည်နှင့်စားသုံးခြင်းစသည်ဖြင့် အမျိုးမျိုးစားသုံး ကြပါသည်။ ဂေါ်ဖီထုပ်သည် ရာသီပေါ်အစားအစာမဟုတ်ပဲ တစ်နှစ်ပတ်လုံး ဝယ်ယူစားသုံး၍ ရရှိသော သီးနှံတစ် မျိုးဖြစ်ပါသည်။ ဂေါ်ဖီထုပ်သည်ကိုယ်ခံစွမ်းအားကောင်းစေခြင်း၊ ကင်ဆာနှင့် နှလုံးရောဂါဖြစ်ပွားနိုင် ခြေကို လျော့ကျစေခြင်း၊ ဝမ်းမှန်စေခြင်း၊ သွေးအတွင်းမကောင်းသော အဆီဓာတ်များကို လျော့နည်း စေခြင်းစသည့်ကျန်းမာရေးအကျိုးကျေးဇူးများစွာ ရရှိစေပါသည်။ ဂေါ်ဖီထုပ်ကိုစားသုံးသောအခါ သတိထားရမည့်အချက်များမှာ တစ်ခါစားလျှင်အနည်းဆုံး (၁၀၀)ဂရမ်သာစားသုံးသင့်ပြီး အစိမ်းစား မည်ဆိုပါက ရေစင်အောင်သေချာဆေးကြောသင့် ပါသည်။ ထို့အပြင် ဂေါ်ဖီထုပ်ကို ကြော်ချက်ပါက မီးပြင်းပြင်းဖြင့်အချိန်ကြာကြာကြော်ချက်လျှင် ကျန်းမာရေးအကျိုးပြုသော အာဟာရဓာတ်များ ပျက်စီး ဆုံးသွားနိုင်ပါသည်။ ထိုသို့ကျန်းမာရေးအတွက်ကောင်းကျိုးများသောဂေါ်ဖီထုပ်ကို မြင်းခြံမြို့နယ်ရှိ ကျေးရွာများ နှင့်ရှမ်းပြည်ဘက်မှ အများဆုံးဝင်ရောက်ကြကြောင်းသိရသည်။ မြင်းခြံမြို့အေးမြသီတာ ဈေး၌ ယခုအောက်တိုဘာလ ဒုတိယပတ်တွင် ရောင်းချနေသော ဂေါ်ဖီထုပ် ဈေးနှုန်းများမှာ တစ်စိပ်ကို(၅၀၀)ကျပ် တစ်ထုပ်လျှင်(၁၅၀၀-၂၀၀၀)ကျပ် ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

DOCA(မန္တလေး)

                                                                                                                                                                                                        

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ပန်းဂေါ်ဖီ နှင့် ဂေါ်ဖီထုတ် ဈေးနှုန်း

     သစ်ရာမြိုင်ဈေးအတွင်းတွင် ကုန်စိမ်းသီးနှံအစုံဖြစ်သည် ပန်ဂေါ်ဖီ၊ ‌ဂေါ်ဖီထုတ်၊ ‌ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုပ်ပွသီး၊ တိုင်ထောင်ဘိုစားပဲသီး၊ ရွှေပဲသီး၊ ဂေါ်ရခါးသီး နှင့် ခါကြက်ဥတို့ကို ရောင်းချလျက်ရှိရာ ပန်းဂေါ်ဖီကို မန္တလေးမြို့ နှင့် ရှမ်းပြည်နယ်တို့မှ မှာယူရောင်းချ ကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ဖြစ်ပေါ်လျက်ရှိသော ပန်း‌ဂေါ်ဖီ ဈေးနှုန်းမှာ ပန်းဂေါ်ဖီ အကြီး တစ်ပွင့်လျှင်(၃၀၀၀)ကျပ် နှင့် ပန်းဂေါ်ဖီ အသေး တစ်ပွင့်လျှင်(၂၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း ဂေါ်ဖီထုတ် အကြီး တစ်ထုတ်လျှင်(၃၀၀၀/ ၃၅၀၀)ကျပ်၊ အသေးတစ်ထုတ်လျှင်(၂၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ပန်းဂေါ်ဖီ နှင့် မုံလာထုတ်များကို စားသောက်ဆိုင်များ ထမင်းဆိုင်များ နှင် စားဖွယ်စုံ ဆိုင်များတွင် မဖြစ်အနေအသုံးများသည့်အတွက် ရောင်းအားကောင်းလျက်ရှိကြောင်း ကုန်စိမ်းသီးနှံအစုံ ရောင်းချသူ ထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော နာနတ်သီး နှင့် ထောပတ်သီး ဈေးနှုန်း

      ကျွန်းလှမြို့တွင် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ စပျစ်သီး၊ သင်္ဘောသီး၊ ဖရဲသီး၊ ဩဇာသီး၊ သခွားမွှေးသီး၊ ကျောက်သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ မင်းဂွတ်သီး၊  ဒညှင်းသီး  နှင့် ဖရဲသီးများကို  ရောင်းချလျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ နာနတ်သီ ဈေးနှုန်းများမှာ နာနတ်သီး အကြီး(၁)လုံးလျှင်(၇၅၀၀)ကျပ်၊ အသေး(၁)လုံးလျှင်(၇၀၀၀)ကျပ်ဈေးနှုန်း တို့ဖြင့်လည်းကောင်း အလားတူပင် ထောပတ်သီး ဈေးနှုန်းများမှာ ထောပတ်သီး အကြီး(၁)လုံးလျှင် (၂၀၀၀)ကျပ်၊ ငွေကျပ်(၅၀၀၀)ဖိုးလျှင်(၃)လုံး နှင့် အသေး(၁)လုံးလျှင်(၁၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့်‌ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သီးနှံမျိုးစုံထဲမှ ဖရဲသီး၊ ဩဇာသီး၊ နဂါးမောက်သီး၊ ငှက်ပျောသီး နှင့် မာလကာ သီးတို့ကို မိမိတို့ ဒေသထွက်နှင့် အခြားသစ်သီးများကိုမူ မြစ်ကြီးနားမြို့တို့မှ မှာယူ ရောင်းချ လျက်ရှိကြောင်း သစ်ရာမြိုင် ဈေးတိုက်တန်းတွင် သစ်သီးမျိုးစုံ ရောင်းချနေသော ဈေးသည်ထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကန်စွန်းရွက်ဈေးနှုန်းဈေးကွက်

            ကန်စွန်းရွက်သည် လူအတန်းအစားမရွေးကြိုက်နှစ်သက်သော အရွက်တစ်မျိုးဖြစ်ပြီးရေ ရ ရှိသောနေရာများတွင် လွယ်ကူစွာပေါက်ရောက်ရှင်သန်နိုင်သည်။ ကန်စွန်းရွက်များကို လယ် ကန် သင်း၊လယ်ကွက်၊ အင်းအိုင်၊ ချောင်းမြောင်းနှင့်အခြားရေရရှိသော နေရာများတွင်သဘာဝ အလျောက် ပေါက်ရောက်မှုများမှရရှိနိုင်သလို တစ်နိုင်တစ်ပိုင်သော်လည်းကောင်း၊ စီးပွား ဖြစ်သော်လည်းကောင်း သီးသန့်စိုက်ပျိုးခြင်းများမှလည်း ထွက်ရှိကြ၍ရာသီချိန်ခါမရွေး စားသုံး ရသောသီးနှံတစ်မျိုးဖြစ်ပါ သည်။ ကန်စွန်းရွက်မှာ ဗမာကန်စွန်းရွက်နှင့် တရုတ်ကန်စွန်း ရွက် (စိုက်ပျိုးရေး)ဟူ၍ အများအားဖြင့် သိရှိကြပြီး ဗမာကန်စွန်းရွက်ကို ကြိုက်နှစ် သက်မှုများ သော်လည်း မိုးတွင်းရာသီကာလမှသာ အများဆုံးထွက်ပေါ်ရရှိသဖြင့် စိုက်ပျိုးရေး ကန်စွန်း ရွက်ကိုသာ အားပြုစားသုံးကြပါသည်။ မြင်းခြံမြို့နယ် အတွင်းရှိ ကျေးရွာများတွင် ကန်စွန်း ရွက်များကို စိုက်ပျိုးကြကြောင်းသိရှိရပါသည်။ ၂၀၂၅-ခုနှစ်၊ အောက်တိုဘာလဒုတိယပတ်အတွင်း ကန်စွန်းရွက်(၁)စည်းလျှင်(၁၀၀)ကျပ်၊ ကန်စွန်း(၆)စည်းလျှင်(၅၀၀)ကျပ် ဖြင့်ရောင်းချကြောင်း၊ ကန်စွန်းရွက်များကိုအိမ်ရှင်မများ ဟင်းချက်ရာတွင်လည်းကောင်း၊ စားသောက်ဆိုင်များနှင့် အထောင်းစုံရောင်းချသော ဆိုင်များမှလည်းကောင်း ဝယ်ယူကြသဖြင့် ကန်စွန်းရွက်များ အရောင်းအဝယ် သွက်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိ ရသည်။

DOCA(မန္တလေး)

 

 

                                                                  

မြင်းခြံမြို့အေးမြသီတာဈေးရှိ ရောင်းချနေသောငွေနှင်းမှို

               စိုက်ပျိုးရေးမှိုတစ်မျိုးဖြစ်သော ငွေနှင်းမှိုသည်တစ်နှစ်ပတ်လုံးထွက်ရှိ၍ နေအိမ်များ၌ စားသုံးမှုများသလို စားသောက်ဆိုင်များ၊ ထမင်းဆိုင်များ၌လည်း ချက်ပြုတ်ရောင်းချကြသဖြင့် ဈေးကွက် ပုံမှန်ရှိသော မှိုတစ်မျိုးဖြစ်ပါသည်။

          မြင်းခြံမြို့နယ်တွင် မြင်းခြံမြို့နှင့် အချို့ကျေးရွာများ၌ စီးပွားဖြစ်သော်လည်းကောင်း၊ တစ်နိုင် တစ်ပိုင်သော်လည်းကောင်း စိုက်ပျိုးထွက်ရှိပြီး မန္တလေးဘက်မှလည်း မှာယူ၍ ရောင်းချ ကြောင်း သိရသည်။ ငွေနှင်းမှိုကို ကန်စွန်းရွက်နှင့်ရော၍ကြော်စားခြင်းမှာ လူအများကြိုက် နှစ်သက်မှုများပြီး ငရုတ်သီး၊ မျှင်ငါးပိနှင့်အစပ်ဟင်းပုံစံချက်ပြုတ်၍လည်း စားသုံးကြလေ့ရှိပါ သည်။ အသားငါးရှောင် သော သက်သတ်လွတ်စားသုံးသူများအတွက် အကြိုက်တွေ့စေပြီး စားသုံးမှုများသောဟင်းလျာ တစ်မျိုးဖြစ်ပါသည်။ မြင်းခြံမြို့အေးမြသီတာဈေးအတွင်းရှိ ဈေးကွက်များတွင် ယခုအောက်တိုဘာလ ဒုတိယပတ်တွင်ရောင်းချနေသော ငွေနှင်းမှို တစ်ဆယ်ကျပ်သားဈေးနှုန်းအနေဖြင့် (၁၅၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းချ လျက်ရှိကြောင်း သိရသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း