Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရာသီစာ ပိန်းဥ ဈေးနှုန်းဈေးကွက်အခြေအနေ

     ရွှေဘိုမြို့တွင် ဩဂုတ်လ ဒုတိယပတ်မှစ၍ ရာသီစာ ပိန်းဥများ ဈေးကွက်အတွင်း စတင်ဝင်ရောက်လာကာ အချိန် (၃၀)ပိဿာမှ (၃၅)ပိဿာထိပါဝင်‌သော ပိန်းဥ တစ်အိတ်လျှင်  (၇၅၀၀၀)ကျပ်ဖြင့် မန္တလေးမြို့ပွဲရုံများမှ မှာယူရောင်းချရကြောင်း သီးနှံ ရောင်းချသူများမှ သိရသည်။

   ပိန်းဥကို ပြုတ်စား၍သော်လည်းကောင်း၊ အရွက်စုံဖြင့် ရောကာ ဟင်းချိုချက်သောက်၍သော်လည်းကောင်း အမျိုးမျိုးနှစ်သက်သလို စားသုံးကြပြီး၊ ပိန်းဥ စားသုံးခြင်းဖြင့် သွေးလည်ပတ်မှု ကောင်းစေခြင်း၊ ကိုယ်ခံအားစနစ်ကောင်းမွန်စေခြင်း၊ မျက်စိကျန်းမာစေခြင်း စသည့် ကျန်းမာရေးကောင်းကျိုးများရှိသည်ဟု သိရသည်။

    ယခု ဩဂုတ်လ နောက်ဆုံးပတ်တွင် ပိန်းဥ လက္ကားတစ်ပိဿာလျှင် (၂၇၀၀)ကျပ်၊ လက်လီတစ်ပိဿာလျှင် (၃၀၀၀)ကျပ်ဖြင့် ဒေသတွင်း စားသုံးသူများ၊ ဆိုင်ကယ်ဖြင့် လှည့်လည်ရောင်းချသူများ၊ ပိန်းဥပြုတ် ရောင်းချသည့် ညနေဈေးသည်များမှ တစ်ဆင့် ဝယ်ယူ၍ ဝင်ရောက်သမျှ အရောင်းအဝယ်သွက် လျက်ရှိကြောင်း ရွှေဘိုမြို့ စည်ပင် သာယာဈေးအတွင်းရှိ သီးနှံ လက္ကားဒိုင်များမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုမြို့၏ ထောပတ်သီး ဈေးနှုန်းဈေးကွက်

      ရွှေဘိုခရိုင်၊ရွှေဘိုမြို့ အောင်ဇေယျဈေးအတွင်းတွင် သစ်သီးမျိုးစုံရောင်းချသော ဆိုင်ပေါင်း (၈)ဆိုင်ခန့်ရှိပြီး နေ့စဉ် ပိတ်ရက်မရှိ နံနက် (၆:၀၀)နာရီမှ နေ့လယ် (၁၄:၀၀)နာရီ အထိ ရောင်းချလျက်ရှိပြီး ရာသီအလိုက် ကဗ္ဗလာသီး၊ နဂါးမောက်သီး ၊ သင်္ဘောသီး၊ ထောပတ်သီး၊ ပျားလိမ္မော်၊ ပန်းသီး စသည့် သီးနှံများကို မန္တလေးမြို့ရှိ ပွဲရုံများမှ တစ်ဆင့်ယူ၍ ရောင်းချကြောင်း သိရပါသည်။

          ရွှေဘိုမြို့ အောင်ဇေယျဈေးအတွင်းတွင် ရောင်းချလျက်ရှိသော ထောပတ်သီးများမှာ တောင်ကြီးမြို့မှ လာသောထောပတ်သီး၊ ပြင်ဦးလွင်မြို့အနီးရှိ ကျေးရွာများမှ  လာသော ထောပတ်သီး များဖြစ်ပြီး မန္တလေးမြို့ ပွဲရုံများမှလည်း တစ်ဆင့် မှာယူရကြောင်း၊ ထောပတ်သီး တစ်အိတ်လျှင် အကြီး/ အသေး ပေါ် မူတည်၍ အလုံး (၈၀)မှ (၁၀၀)ထိ ပါပြီး၊တစ်အိတ်လျှင်(၇၀၀၀၀)ကျပ်ဖြင့် ဝယ်ယူရကြောင်း၊ ထောပတ်သီးများကို အလုံးအကြီး အသေးခွဲ၍  လက်လီ တစ်လုံးလျင် အကြီး ၁၂၀၀ ကျပ်၊ အလတ် ၁၀၀၀ကျပ်၊ အသေး  ၇၀၀ကျပ်  ၊ထောပတ်သီး မျိုးကွဲ (Hass)သီး 1Kg လျှင်  (၄၅၀၀)ကျပ်မှ (၆၀၀၀)ကျပ်ထိ ရောင်းချရပြီး ထောပတ်သီးများကို အအေးဆိုင်များ၊ တစ်ဆင့် လှည့်လည်ရောင်းချသော ဈေးသယ်များ ၊ စားသုံးသူများမှ ဝယ်ယူကြ၍ အရောင်းအဝယ်‌ ဖြစ်လျက်ရှိကြောင်း သစ်သီးစုံလက္ကား ရောင်းချသည့် ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မြေပဲ(မိုး) စိုက်ပျိုးထွက်ရှိမှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေ

       မြေပဲ(မိုး)သီးနှံကို နှစ်စဉ် ဧက (၁)သိန်းကျော် စိုက်ပျိုးပြီး ယခုနှစ် မြေပဲ(မိုး)ကို ရွှေဘိုခရိုင် (၇၄၃၅၃)ဧကနှင့် ရေဦးခရိုင် (၈၂၃၆၃)ဧက စုစုပေါင်း(၁၅၆၇၁၆)ဧက စိုက်ပျိုးကြောင်း၊  တစ်ဧကလျင် (၄၀)တင်းနှုန်း ထွက်ရှိပြီး စိုက်ဧက၏ (၃၀)ရာခိုင်နှုန်းခန့်သာ ခူးဆွတ်ပြီးစီးကြောင်း သက်ဆိုင်ရာဌာနမှ သိရှိရသည်။

          ရွှေဘိုမြို့ရှိ ဈေးကွက်အတွင်းတွင် ဩဂုတ်လ နောက်ဆုံးပတ်မှစတင်၍  ဒေသတွင်းမှ  မြေပဲ(မိုး)များစတင် ဝင်ရောက်ခဲ့ပြီး၊  မြေပဲ အတောင့် (အစို) တစ်တင်းလျှင် (၂၅၀၀၀)ကျပ်၊မြေပဲ အတောင့်(အခြောက်) တစ်တင်းလျှင် (၃၀၀၀၀)ကျပ်မှ (၃၅၀၀၀)ကျပ်ထိ ပေါက်ဈေးရှိပြီး၊ မြေပဲအဆံ တစ်တင်းလျှင် (၁၂၃၀၀၀)ကျပ်မှ  (၁၂၈၀၀၀)ကျပ်ထိ မိမိဒေသတွင်းအပြင် မန္တလေး၊ပခုက္ကူ စသည့် မြို့များသို့လည်းတင်ပို့၍ ပုံမှန် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပဲပွဲစားများ ကထိန်တော်အသင်း ၊ပဲ၊နှမ်း ကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

ရာသီစာ ပေါ်ဦးပေါ်ဖျား ကန်စွန်းဥ ဈေးနှုန်းဈေးကွက်အခြေအနေ

      ရွှေဘိုမြို့တွင် ဩဂုတ်လ ဒုတိယပတ်မှစ၍ ရာသီစာ ကန်စွန်းဥများ ဈေးကွက်အတွင်း စတင်ဝင်ရောက်လာကာ အချိန် (၃၀)ပိဿာမှ (၃၅)ပိဿာထိပါဝင်သော ကန်စွန်းဥ တစ်အိတ်လျှင်  (၄၀၀၀၀)ကျပ်ဖြင့် မန္တလေးမြို့ပွဲရုံများမှ မှာယူရောင်းချရကြောင်း သီးနှံရောင်းချသူများမှ သိရသည်။

          ကန်စွန်းဥ စားသုံးခြင်းဖြင့် ဦးနှောက်လုပ်‌ဆောင်မှုကောင်းစေခြင်း၊ ကိုယ်ခံအား ကောင်းစေခြင်း၊ အမြင်အာရုံကောင်းမွန်စေခြင်း၊ အစာအိမ်အနာကို သက်သာစေခြင်း၊ ရေဓါတ်ဆုံးရှုံးမှုကိုကာကွယ်ပေးနိုင်စေခြင်း စသည့် ကျန်းမာရေး ကောင်းကျိုးများစွာ ရှိသည်ဟု သိရသည်။

          ၂၀၂၅ခုနှစ်၊ ဩဂုတ်လ နောက်ဆုံးပတ်တွင် ကန်စွန်းဥ လက္ကားတစ်ပိဿာလျှင် (၁၈၀၀)ကျပ်၊ လက်လီတစ်ပိဿာလျှင် (၂၀၀၀)ကျပ်ဖြင့် ဒေသတွင်း စားသုံးသူများ၊ ဆိုင်ကယ်ဖြင့် လှည့်လည်ရောင်းချသူများ၊ ကန်စွန်းဥပြုတ် ရောင်းချသည့် ညနေဈေးသည်များမှ တစ်ဆင့် ဝယ်ယူ၍ ဝင်ရောက်သမျှ အရောင်းအဝယ်သွက် လျက်ရှိကြောင်း ရွှေဘိုမြို့ စည်ပင် သာယာဈေးအတွင်းရှိ သီးနှံ လက္ကားဒိုင်များမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော မြေပဲလုံးဆံဈေးနှုန်း

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး မြေပဲလုံးဆံများကို မြေပဲစိုက်ပျိုးရာ၌လည်းကောင်း ၊ ဆီစက်လုပ်ငန်းရှင် အချို့မှ မြေပဲဆီကြိတ်ကာ ကုန်ချောထုတ်လုပ်၍ ပြန်လည်ရောင်းချကြောင်း၊ မြေပဲလုံးဆံကို မြေပဲယို၊ မြေပဲဆားလှော် စသည်ဖြင့်လည်း အသုံးပြုကြကြောင်း၊ ကန့်ဘလူမြို့နယ်တွင် အရောင်း အဝယ်ဖြစ်နေသည့် မြေပဲလုံးဆံများကို ဒေသတွင်းရှိ စိုက်ပျိုတောင်သူများထံမှလည်းကောင်း၊ မန္တလေးမြို့နှင့် ရွှေဘိုမြို့တို့မှလည်းကောင်း ဝင်ရောက်လျက်ရှိကြောင်း၊ ဩဂုတ်လ စတုတ္ထပတ် အတွင်း မြေပဲလုံးဆံ(၂၅)ပိဿာတစ်အိတ်လျှင် (၁၈၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်လျက်ရှိ ကြောင်း၊ မြေပဲလုံးဆံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့နယ်၌ အရောင်းအဝယ်ဖြစ်နေသည့် ပဲတီစိမ်းနှင့် မတ်ပဲဈေးနှုန်း အနည်းငယ်ကျဆင်း

      စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထား လုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး ပဲတီစိမ်းသီးနှံကို ကန့်ဘလူမြို့နယ်အတွင်းရှိ ထန်းကုန်းကျေးရွာ၊ မိုးကောင်းကျေးရွာနှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးကြောင်း၊ မတ်ပဲသီးနှံကိုလည်း မြေထူးကျေးရွာ၊ တောက္ကရှပ်ကျေးရွာ၊ ညောင်ဇင်ကျေးရွာများတွင် မတ်ပဲသီးနှံကို အဓိကစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း ပဲတီစိမ်းရိုးရိုးတစ်တင်းလျှင် (၇၇၀၀၀)ကျပ်၊ ပဲတီစိမ်းထွက်တိုး အလုံးလှတစ်တင်းလျှင် (၈၁၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ပဲတီစိမ်းရိုးရိုး()တင်းလျှင် (၁၀၀၀) ကျပ်နှင့် ထွက်တိုး()တင်းလျှင် (၂၀၀၀)ကျပ် ဈေးနှုန်းဆက်လက်ကျဆင်းသွားကြောင်း၊ မတ်ပဲရိုးရိုးတစ်တင်းလျှင် (၇၅၀၀၀)ကျပ်၊ မတ်ပဲမျက်ကွင်းဖြူ တစ်တင်းလျှင် (၈၀၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိပြီး ဩဂုတ်လ တတိယပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက စတုတ္ထပတ်အတွင်း မတ်ပဲရိုးရိုး()တင်း လျှင်(၂၅၀၀)ကျပ်နှင့် မတ်ပဲမျက်ကွင်းဖြူ တစ်တင်းလျှင် (၁၀၀၀)ကျပ် ဈေးနှုန်းများဆက်လက် ကျဆင်းသွားကြောင်း၊ မတ်ပဲသီးနှံများကို မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချ ကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့ပဲဈေးကွက်၌ ပဲဇီးကွက်နှင့် ပဲလွန်းဖြူဈေးနှုန်းကျဆင်းလျက်ရှိ

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ပဲဇီးကွက်သီးနှံကို ကန့်ဘလူမြို့နယ် ဆန္ဒယားကျေးရွာ၊ ကံကြီးကုန်းကျေးရွာ၊ ကံကြီးကုန်းကျေးရွာ၊ တောက္ကရှပ်ကျေးရွာနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါးနှင့်ဆီထွက် သီးနှံများအပြင် ပဲမျိုးစုံကိုလည်းစိုက်ပျိုးကြောင်း၊ ပဲလွန်းဖြူသီးနှံများကို ကန့်ဘလူမြို့နယ် ကံကြီးကုန်းကျေးရွာ၊ တောက္ကရှပ်ကျေးရွာနှင့် အခြားသောကျေးရွာများမှ ဝင်ရောက်လျက်ရှိကြောင်း၊  ပဲလွန်းဖြူသီးနှံသည် စိုက်ပျိုးရလွယ်ကူပြီး ဈေးကောင်းရသဖြင့် စိုက်ပျိုးသူများအနေဖြင့် ဝင်ငွေရရှိကာ အဆင်ပြေ လျက်ရှိကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း ပဲဇီးကွက်တစ်တင်းလျှင် (၉၉၅၀၀)ကျပ်၊ အကွဲအနာပါလျှင်(၉၉၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဩဂုတ်လ တတိယပတ် ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက စတုတ္ထပတ်အတွင်း ပဲဇီးကွက်သီးနှံ()တင်းလျှင် (၅၀၀)ကျပ် ဈေးနှုန်း ကျဆင်းနေကြောင်း၊ ပဲလွန်းဖြူဈေးနှုန်းအနေဖြင့် တစ်တင်းလျှင် (၁၀၁၀၀၀)ကျပ်၊ အကွဲအနာပါ တစ်တင်းလျှင် (၁၀၀၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း၊ ဩဂုတ်လ တတိယပတ် ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ပဲလွန်းဖြူသီးနှံ () တင်းလျှင် (၁၀၀၀)ကျပ် ဈေးနှုန်းကျဆင်းသွားကြောင်း ကန့်ဘလူမြို့နယ်မှ ထွက်ရှိသော ပဲဇီးကွက်သီးနှံနှင့် ပဲလွန်းဖြူများကို မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့လျက်ရှိကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိ ပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့ပဲဈေးကွက်၌ အရောင်းအဝယ်အေးနေသည့် ပဲစဉ်းငုံနှင့် ဘိလပ်စေ့သီးနှံဈေးနှုန်း

        မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့် နိုင်ငံဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင်လည်း သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ရေ၊ မြေ၊ ရာသီဥတုနှင့်ကိုက်ညီသည့် ပဲစဉ်းငုံသီးနှံနှင့်  ဘိလပ်စေ့သီးနှံကိုလည်း စိုက်ပျိုးကြောင်း၊ ဘိလပ်စေ့ကို ယာကွက်လွတ်များ၌ လည်းကောင်း၊ ယာခင်းဘေး ပတ်လည်၌လည်းကောင်း၊ ကြဲပက်စနစ်နှင့် တန်းစိုက်စနစ်တို့ဖြင့် စိုက်ပျိုး ကြကြောင်း၊ ကန့်ဘလူမြို့နယ် ကံကြီးကုန်းကျေးရွာ၊ တောက္ကရှပ်ကျေးရွာနှင့် အခြားသော ကျေးရွာများမှ ဝင်ရောက်လျက်ရှိပြီး ဘိလပ်စေ့သည် စိုက်ပျိုးရလွယ်ကူပြီး ဈေးကောင်းရသဖြင့် စိုက်ပျိုးသူ များ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း ပဲစဉ်းငုံနီ()တင်းလျှင် (၇၃၀၀၀)ကျပ်၊ ပဲစဉ်းငုံဖြူ()တင်းလျှင် (၇၁၀၀၀)ကျပ်နှင့် အောက်စ() တင်းလျှင်(၇၀၅၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း၊ ယခင်အပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ပဲစဉ်းငုံနီ()တင်းလျှင်(၁၀၀၀)ကျပ်နှင့် ပဲစဉ်းငုံဖြူ()တင်းလျှင် (၁၀၀၀)ကျပ် ဆက်လက်ကျဆင်းနေကြောင်း၊ ဘိလပ်စေ့ဈေးနှုန်းအနေဖြင့် တစ်တင်းလျှင် (၅၉၀၀၀)ကျပ်၊ ဘိလပ်စေ့ညံ့လျှင် (၅၈၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုပတ်တွင် ဈေးကွက်အတွင်း ဘိလပ်စေ့အဝင်နည်း၍ ဈေးအေးနေကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူမြို့ နယ်မှထွက်ရှိသော ဘိလပ်စေ့များကို  မန္တလေးမြို့ရှိပွဲရုံများနှင့် ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့နယ်၌ အစေ့ထုတ်ပြောင်းဈေးနှုန်း မြင့်တက်လာ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ် ငန်းများကိုလုပ်ကိုင်လျက်ရှိရာ ကန့်ဘလူမြို့နယ်၏ အဓိကစိုက်ပျိုးသီးနှံဖြစ်သည့်  အစေ့ထုတ် ပြောင်းကို ကန့်ဘလူမြို့နယ် နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင်လည်း စိုက်ပျိုး ကြောင်း၊ အစေ့ထုတ်ပြောင်းစိုက်ပျိုးရာတွင် C.P.808နှင့် C.P.888 မျိုးတို့ကို အများဆုံးစိုက်ပျိုးကြ ကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း အစေ့ထုတ်ပြောင်း(၁)တင်းလျှင် (၂၅၈၀၀) ကျပ်၊ ပြောင်းအရည်အသွေးညံ့လျှင် (၂၅၃၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင် အပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း အစေ့ထုတ်ပြောင်း(၁)တင်းလျှင် (၁၆၀၀)ကျပ် ဈေးနှုန်းဆက်လက်မြင့်တက်လာကြောင်း၊ ဒေသတွင်းပွဲရုံလုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့ဆီထွက်သီးနှံဈေးကွက်ရှိ နှမ်းနက်၊နှမ်းဖြူနှင့် နေကြာသီးနှံဈေးနှုန်းများ

    ကန့်ဘလူခရိုင်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသ တစ်ခုဖြစ်ပြီး ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် ကန့်ဘလူမြို့နယ် တောက္ကရှပ်ကျေးရွာ၊ မြေထူးကျေးရွာ၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင် ဆောင်းနှမ်းကိုအဓိက စိုက်ပျိုး ကြောင်း၊ နှမ်းသီးနှံ၊ နေကြာသီးနှံကို ဒေသတွင်း၌ဆီကြိတ်သော်လည်း ရွှေဘိုမြို့နှင့် မန္တလေးမြို့ရှိပွဲရုံများသို့ အဓိကတင်ပို့ကြောင်း သိရသည်။

နှမ်းနက်၊နှမ်းဖြူ ဈေးနှုန်း

       ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း နှမ်းနက်(စမုံ)တစ်တင်းလျှင်(၂၂၀၀၀၀)ကျပ်၊ နှမ်းဖြူ(ဂျပန်)တစ်တင်းလျှင် (၁၀၃၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဩဂုတ်လ တတိယပတ် ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက စတုတ္ထပတ်အတွင်း နှမ်းနက်()တင်းလျှင် (၁၀၀၀၀)ကျပ် ဈေးနှုန်းကျဆင်းနေကြောင်း၊ သီးနှံဈေးနှုန်းမှာ နေ့စဉ်ပြောင်းလဲမှုရှိကြောင်း  ဒေသတွင်းသီးနှံရောင်း ဝယ်ရေးလုပ်ငန်းရှင်ထံမှ သတင်းရရှိသည်။

နေကြာသီးနှံဈေးနှုန်း

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် ဆီထွက်သီးနှံဖြစ်သည့် နေကြာသီးနှံကိုလည်း စိုက်ပျိုးကြောင်း၊ မိုးစိုက်နေကြာနှင့် ဆောင်းစိုက်နေကြာဟူ၍()မျိုးရှိ ကြောင်း၊ ကန့်ဘလူမြို့နယ်၌ စိုက်ပျိုးလျက်ရှိသည့် နေကြာမျိုးအနေဖြင့် ဆင်းရွှေကြာ-၂မျိုးကို အများဆုံးစိုက်ပျိုးကြောင်း၊ သွင်းအားစုနှင့် မြေအနေအထားအပေါ်မူတည်၍ နေကြာအထွက်နှုန်း ကွာခြားမှုရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း နေကြာ() တင်းလျှင်(၅၄၀၀၀)ကျပ်၊ နေကြာညံ့လျှင် (၅၃၅၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း၊ ကန့်ဘလူမြို့နယ်၌ နေကြာသီးနှံကို ဆီကြိတ်၍ ကုန်ချောထုတ်လုပ်မှုရှိပြီး ပိုလျှံသော သီးနှံများကို ရွှေဘိုမြို့နှင့် မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ကြောင်း ဒေသတွင်းပွဲရုံ လုပ်ငန်းများထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း