Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြည်ပဲကြီးသီးနှံပဲဟောင်းများအား ဒေသတွင်းပဲကြော်ဖိုလုပ်ငန်းသမားများဝယ်ယူမှုရှိ

    ပြည်ပဲဈေးကွက်၌ ပဲဟောင်းလက်ကျန်များဖြင့်သာ ရောင်းဝယ်နေကြပြီး ပဲသစ်ဝင်ရောက်ခြင်းမရှိသေးသော ပဲကြီးသီးနှံကို ဈေးအမြင့်ဖြင့် ရောင်းဝယ်လျက်ရှိကြပါသည်။ ပဲဟောင်းလက်ကျန်များရှိနေသည့်အတွက် ဒေသတွင်းပဲကြော်ဖိုလုပ်ငန်းသမားများ၏ နေ့စဉ်အဝယ်ရှိမှုအပေါ်  လိုသလောက်ရောင်းချနိုင်ကြောင်းသိရပါသည်။ ပဲဈေးနှုန်းအနေဖြင့် (ရွှေကျွန်း)ပဲကြီးတစ်တင်းလျှင် ၁၂၇၀၀၀ကျပ်၊ (ကမ်းနား)တစ်တင်းလျှင် ၁၂၅၀၀၀ကျပ်တို့ဖြင့် အသီးသီးရောင်းဝယ်လျက်ရှိကြကာ နေ့စဉ် အိတ် (၃၀၀/၄၀၀) ကျော်အထိအရောင်းအဝယ်ဖြစ်ခဲ့ကြပါသည်။ ပဲကြီးသီးနှံကို နှစ်စဉ်လိုလို အခြားပဲများနှင့်နှိုင်းယှဉ်လျှင် ဈေးကောင်းရသည့် သီးနှံဖြစ်ခဲ့ပြီး ယခင်နှစ်တွင်လည်း ပဲတစ်တင်းလျှင် ၆၀၀၀၀ကျပ်မှ  ၇၀၀၀၀ကျပ်အထိ ပဲဈေးကွက်၌ာ ဈေးရရှိခဲ့သည်ဟု လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)

ပဲစင်းငုံအသစ်များ ပြည်ဈေးကွက်၌ ဈေးကောင်းရလျက်ရှိ

    ပြည်ပဲဈေးကွက်သို့ ဆောင်းပဲသီးနှံမျိုးစုံဝင်ရောက်လျက်ရှိရာ ပဲတီစိမ်း၊ မတ်ပဲအပြင် ပဲစင်းငုံအသစ်များလည်း ဝင်ရောက်လာပြီဖြစ်ပါသည်။ ပဲစင်းငုံသစ်များမှာ ပြည်အနီးတဝိုက်နှင့် မင်းတုန်း၊ ကံမ၊ ပန်းတောင်းမြို့နယ်များမှ ဝင်ရောက်လာခဲ့ကာ တစ်ရက်လျှင် အိတ်၄၀၀ကျော်မှ အိတ်၅၀၀အထိအဝင်များလာပြီး ရန်ကုန်ဝယ်လက်များကလည်း ဝင်ရောက်လာသမျှ ဝယ်ယူမှုရှိကြပါသည်။ ပဲစင်းငုံအသစ်ဈေးနှုန်းမှာ တစ်တင်းလျှင် ၁၀၉၀၀၀ကျပ်/ ၁၁၀၀၀၀ကျပ်ဖြင့် ပဲသစ်ဈေးကို ဈေးအမြင့်ဖြင့် ဝယ်ယူနေကြပြီး ယခင်နှစ် နှစ်ကုန်ပိုင်းတွင် ပဲဟောင်းဈေးမှာ တစ်တင်းလျှင် ကျပ်(၁)သိန်းအကြားဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ နှစ်ဆန်းပိုင်းမှစ၍ ပဲသစ်များမှာ တစ်နေ့ထက်တစ်နေ့ အဝင်ပိုများလာပြီး ဈေးနှုန်းလည်း ပဲဟောင်းသီးနှံဈေးထက် မြင့်တက်လာခဲ့ကြပါသည်။ ပဲစင်းငုံသီးနှံသည် ပဲအစိုတောင့်ကတည်းက ဈေးကွက်၌ တစ်ပိဿာလျှင် ၆၀၀၀ကျပ်ဖြင့် ခူးဆွတ်ရောင်းချမှုများရှိခဲ့သည့်အပြင် ပဲစင်းငုံအစည်းလေးများပြုလုပ်ကာ ပြုတ်၍ ရောင်းချမှုများလည်းရှိခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ဈေးကွက်သို့ ဆောင်းပဲတီစိမ်းသစ်များ အဝင်များလာပြီး အရောင်းအဝယ်သွက်နေခဲ့

    ဆောင်းပဲသစ်များ ပြည်ဈေးကွက်သို့ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ပဲတီစိမ်းသီးနှံသစ်များလည်း ပဲအထွက်လှိုင်ချိန်ဖြစ်ခဲ့သောကြောင့် နေ့စဉ် ပဲဈေးကွက်သို့ အများအပြားဝင်ရောက်ခဲ့ပါသည်။ ပြည်အနီးတဝိုက်နှင့် ပေါင်းတလည်၊ ပေါက်ခေါင်း၊ မင်းတုန်း၊ ကံမမြို့နယ်များမှ ဝင်ရောက်ခြင်းဖြစ်ပြီး တစ်ရက်အိတ်လျှင် ၁၀၀၀အိတ်ကျော်အထိအဝင်များခဲ့ပါသည်။ ပဲအဝင်များပြီး ဝယ်လိုအားမှာလည်း အဝင်ရှိသလောက် ဝယ်ယူကြသောကြောင့် ဝင်ရောက်လာသမျှ အရောင်းအဝယ်ဖြစ်ပြီး မန္တလေးလိုင်းသမားများက အဓိကထားဝယ်ယူမှုရှိသည့်အပြင် ရန်ကုန်လိုင်းသမားများလည်း ဝယ်ယူကြသည်ဟုသိရပါသည်။ ပဲဈေးနှုန်းမှာ ပိဿာ(၂၀)ဝင်တစ်တင်းလျှင် ၆၉၀၀၀ကျပ်မှ ၇၀၀၀၀ကျပ်အထိ ပဲအရည်အသွေးပေါ်မူတည်၍ ဈေးရရှိကာ ယခင်နှစ်ကုန်ပိုင်းကာလ၌ ရရှိခဲ့သောဈေးနှုန်းထက် ဈေးနှုန်းထပ်မံမြင့်တက်လာသည်ဟုသိရှိရပါသည်။ ၂၀၂၃နှစ်ကုန်ပိုင်းကာလ ပဲတီစိမ်းသီး၏ပေါက်ဈေးမှာ ပိဿာ(၂၀)ဝင်တစ်တင်း ၆၄၀၀၀ကျပ်ခန့်သာရရှိသည်ဟုသိရပါသည်။

DOCA(ပဲခူး)

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ ဆန်ဈေးနှုန်းများနှင့်စီးထွက်မှုအခြေအနေ

   စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူ၊ ရွှေဘိုနှင့် ရေဦးခရိုင်များအနေဖြင့် ကသာခရိုင်(အင်းတော်မြို့နယ်)နှင့် မုံရွာခရိုင်များတွင် စပါး၊ ဆန် အသစ်များ ပေါ်လာပြီး ကျန်ခရိုင်များတွင် ဈေးအေးနေပါကြောင်း သိရှိရပါသည်။

   စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဇန်နဝါရီလ (တတိယ) ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ ဆန် ဈေးနှုန်းများမှာ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်မှ ရွှေဘိုပေါ်ဆန်း (စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ် ၃၅၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) (သစ်)၂၄ပြည်ပါ တစ်အိတ်လျှင် ၁၃၀၀၀၀ ကျပ်၊ ပေါ်ဆန်း (ဆန်) (ဟောင်း)၂၄ ပြည်ပါ တစ်အိတ်လျှင် ၁၆၀၀၀၀ ကျပ်၊ ရွှေဘိုဧရာမင်း(စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ် ၂၆၅၀၀၀၀၊ ဧရာမင်း (ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၂၅၀၀၀ ကျပ်၊ ဧရာမင်း (ဆန်)(ဟောင်း) ၂၄ ပြည်ပါ တစ်အိတ်လျှင် ၁၆၀၀၀၀ ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရပါသည်။

  ရေဦးခရိုင်၊ ရေဦးမြို့နယ်မှ ပေါ်ဆန်း (စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ် ၃၅၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) (သစ်)၂၄ပြည်ပါ တစ်အိတ်လျှင် ၁၃၀၀၀၀ကျပ်၊ ပေါ်ဆန်း (ဆန်) (ဟောင်း) ၂၄ ပြည်ပါ တစ်အိတ်လျှင် ၁၆၀၀၀၀ကျပ်၊ ရွှေဘိုဧရာမင်း(စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ် ၂၆၅၀၀၀၀၊ ဧရာမင်း (ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၂၅၀၀၀ ကျပ်၊ ဧရာမင်း (ဆန်)(ဟောင်း) ၂၄ ပြည်ပါ တစ်အိတ်လျှင် ၁၆၀၀၀၀ ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရပါသည်။

    ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး) (သစ်)တင်း၁၀၀ လျှင် ၂,၁၅၀,၀၀၀၊ ဧည့်မထ (ဆန်) (သစ်)‌၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၇၅,၀၀၀၊ ဧည့်မထ(စပါး)(‌ဟောင်း) တင်း၁၀၀ လျှင် ၂,၉၀၀,၀၀၀၊ ဧည့်မထ (ဆန်) ‌၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၁၀၅,၀၀၀၊ ငစိန် (စပါး) (ဟောင်း) တင်း၁၀၀လျှင် ၂၈၀၀,၀၀၀၊ ငစိန် (ဆန်)(ဟောင်း)၂၄ပြည်ပါ တစ်အိတ်မှာ ၉၅,၀၀၀၊ ငစိန်(စပါး) (သစ်)တင်း ၁၀၀ လျှင် ၂၀၀၀,၀၀၀၊ ငစိန် (ဆန်)(သစ်) ၂၄  ပြည်ပါ တစ်အိတ်မှာ ၆၅,၀၀၀၊ ဧရာမင်း(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် ၂,၁၅၀,၀၀၀၊ ဧရာမင်း(ဆန်)(သစ်)၂၄ ပြည်ပါ တစ်အိတ်မှာ ကျပ် ၈၇,၀၀၀၊ ဧရာမင်း(စပါး) (ဟောင်း)တင်း ၁၀၀ လျှင် ကျပ် ၃,၀၀၀,၀၀၀၊ ဧရာမင်း (ဆန်) (‌ဟောင်း)၂၄ ပြည်ပါ တစ်အိတ်မှာ ကျပ် ၁၂၀,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

    ကသာခရိုင်၊ အင်းတော်မြို့နယ်မှ ဆင်းဧကရီ(၃)(စပါး) (သစ်) တင်း၁၀၀ လျှင် ကျပ် ၁,၅၀၀,၀၀၀၊ ဆင်းဧကရီ-၃ ဆန် (သစ်) ၂၄ပြည်တစ်အိတ်မှာကျပ် ၇၀,၀၀၀၊ ဆင်းဧကရီ(၃)(စပါး) (ဟောင်း) တင်း၁၀၀ လျှင် ကျပ် ၂,၀၀၀,၀၀၀၊ ဆင်းဧကရီ-၃ ဆန် (ဟောင်း) ၂၄ ပြည် တစ်အိတ်မှာကျပ် ၉၅,၀၀၀ ဧရာမင်း (စပါး) သစ် တင်း ၁၀၀လျှင် ကျပ် ၂,၀၀၀,၀၀၀၊ ဧရာမင်း(ဆန်) ၂၄ပြည် ဆန်တစ်အိတ်လျှင် ကျပ် ၉၀၀၀၀၊ ဧရာမင်း (စပါး) (ဟောင်း) တင်း ၁၀၀လျှင် ကျပ် ၂,၅၀၀,၀၀၀၊ ဧရာမင်း(ဆန်) (ဟောင်း)  ၂၄ပြည် ဆန်တစ်အိတ်လျှင် ကျပ် ၁၂၀၀၀၀ ဖြင့်အရောင်းအဝယ်ဖြစ် နေကြောင်း သိရပါသည်။

   မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)(သစ်)တင်း ၁၀၀ လျှင် ကျပ် ၃,၀၅၀,၀၀၀၊  ဧရာမင်း (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၁၃၀၀၀၀၊ ဧရာမင်း(စပါး)(ဟောင်း)တင်း ၁၀၀ လျှင် ကျပ် ၃,၅၀၀,၀၀၀၊  ဧရာမင်း (ဆန်)(ဟောင်း) ၂၄ ပြည် တစ်အိတ်မှာ ကျပ် ၁၄၅၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

  ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင်  ဧရာမင်း(စပါး)(သစ်)တင်း ၁၀၀ လျှင် ကျပ် ၁,၇၀၀,၀၀၀၊  ဧရာမင်း (ဆန်)၂၄ပြည် တစ်အိတ်မှာ ကျပ် ၈၅၀၀၀၊ ပေါ်ဆန်း(စပါး)(သစ်) တင်း ၁၀၀လျှင် ကျပ် ၂၇၀၀၀၀၀ ပေါ်ဆန်း (ဆန်)၂၄ပြည်တစ်အိတ်လျှင် ကျပ် ၁၀၀၀၀၀ ဖြင့် အရောင်း အဝယ်ဖြစ် နေ ကြောင်း သိရပါသည်။

   စစ်ကိုင်းတိုင်းဒေသကြီးမှ ဇန်နဝါရီလ (ဒုတိယ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၂၂၀၀၀၊ မန္တလေး သို့ အိတ်ရေ ၂၄၈၀၀၊ နေပြည်တော်သို့ အိတ်ရေ ၃၅၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၂၅၀၀၊ မွန်သို့ အိတ်ရေ ၄၉၀၀၊ ကချင်သို့ အိတ်‌ရေ ၂၀၀၀၊ စုစုပေါင်း အိတ်ရေ (၅၉၇၀၀) အိတ်၊ တန်အား ဖြင့် (၂၉၈၅)  စီးထွက်ခဲ့ပြီး ယခု  ဇန်နဝါရီလ (တတိယ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့  ဆန်စီး ထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၂၁၅၀၀၊ မန္တလေး သို့ အိတ်ရေ ၂၇၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၄၅၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၃၅၀၀၊ မွန်သို့ အိတ်ရေ ၇၃၄၀၊ ကချင်သို့ အိတ်‌ရေ ၂၃၄၀၊ စုစုပေါင်း အိတ်ရေ (၆၆၁၈၀) အိတ်၊ တန်အား ဖြင့် (၃၃၀၉) စီးထွက်ခဲ့သည့်အတွက်  ယခင်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခု ပတ်တွင် အိတ်ရေ (၆၄၈၀) အိတ်၊ တန်အားဖြင့် ( ၃၂၄ )ပိုမို စီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)       

ပြည်ရှောက်ရွက်နုနုဈေးကွက်

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့တွင် ရှားပါးလာပြီဖြစ်သော ရှောက်ရွက်နုနုလေးများမှာ ဈေးနှုန်းမြင့်တက်လျက်ရှိပါသည်။ ရှောက်ရွက်သည် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်သည့် ဗီတာမင်စီ၊ ရှောက်မျိုးနွယ်ဝင်အပင်များတွင်ပါဝင်သော ဗီတာမင်တစ်မျိုးဖြစ်သည့် ဗီတာမင် P အဓိကပါဝင်နေပါသည်။ ရှောက်ရွက်ကို ဟင်းခတ်အမွှေးအကြိုင်များတွင်လည်း အသုံးပြုလေ့ရှိပါသည်။ ရှောက်ရွက်မှာ အစားအစာတိုင်းလိုလိုတွင်တွေ့ရတတ်သည့် အမွှေးအကြိုင်တစ်ခုလည်းဖြစ်ပါသည်။ ယခင်မိုးဦးကျရှောက်ရွက်များပေါချိန်တွင် ရှောက်ရွက်တစ်စည်းလျှင် (၅၀-၁၀၀) ကျပ်ဈေးနှုန်းရှိခဲ့ပြီး ယခုရှောက်ရွက်ရှားပါးချိန်တွင် ရှောက်ရွက်တစ်စည်းလျှင် ၂၅၀ကျပ်မှ ၃၀၀ကျပ်အထိ ဈေးနှုန်းမြင့်တက်လာပါသည်။ ပြည်မြို့နယ်အတွင်း၌ ရောင်းချလျက်ရှိသော ရှောက်ရွက်များမှာ မြို့သစ်၊ ချောင်းနားတန်း၊ ဖိုးခေါင် စသည့် ပြည်မြို့အနီးတဝိုက်ရှိ ကျေးရွာများမှဝင်ရောက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၅,၂၇၅ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံ တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျ စရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါ သည်။

   ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက် နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့မှ ဇန်နဝါရီလ ၂၈ ရက်နေ့ အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၅,၂၇၅ ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

    ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ် ပြန်ထားသည်။

     အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန ၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ်တွင် ကြက်သွန်နီများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိ

   စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၅-၁-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၃း၀၀) နာရီအချိန်တွင် ပျော်ဘွယ်မြို့နယ်၊ မန်ကျည်းခွ ကျေးရွာရှိ ကြက်သွန်နီစိုက်တောင်သူများနှင့် ကြက်သွန်နီစိုက်ပျိုးထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးဆွေးနွေးခဲ့ပါသည်။

     ထိုသို့တွေ့ဆုံဆွေးနွေးရာ၌ တောင်သူများအနေဖြင့် မန်ကျည်းခွကျေးရွာတွင် ကြက်သွန်နီဧက (၃၀) ကျော်စိုက်ပျိုးထားပြီး ဧက (၂၀) ခန့်စိုက်ပျိုးရန်ရှိနေသေးကြောင်း သိရှိရပါသည်။ တောင်သူများမှာ ကြက်သွန်နီကို နှစ်စဉ် ရာသီချိန်ရောက်တိုင်း ပုံမှန်စိုက်ပျိုးကြပြီး အများဆုံးစိုက်ပျိုးသောမျိုးများမှာ အောင်စည်၊ ရွှေဖလားမျိုးများကို အဓိကစိုက်ကြပြီး ဇော်မွှား (ဥသေး) များကိုလည်းအနည်းငယ်စိုက်ကြောင်း၊ နိုဝင်ဘာလတွင် စတင်စိုက်ပျိုး၍ မတ်လဆန်းတွင် စတင်တူးဖော်ရကြောင်း၊ စတင်စိုက်ပျိုးချိန်မှ တူဖော်ပြီးချိန်အထိ တစ်ဧကပျှမ်းမျှကုန်ကျစရိတ်မှာ (၂၅) သိန်းခန့်ကုန်ကျကြောင်း၊ ယခင်နှစ်အထွက်နှုန်းမှာ တစ်ဧကလျှင် (၂၀၀၀/၂၅၀၀) ပိဿာခန့်ထွက်ရှိပြီး တစ်ပိဿာလျှင် (၁၅၀၀) ကျပ်မှ (၂၅၀၀) ကျပ်ထိဈေးနှုန်းရရှိ၍ အကျိုးအမြတ်အားဖြင့် တစ်ဧကလျှင် (၁၅) သိန်းမှ သိန်း (၂၀) ခန့်အထိရရှိခဲ့ကြောင်း၊ ယခုနှစ်တွင် စိုက်ခင်းများအောင်မြင်နေသည့်အတွက် အထွက်နှုန်းကောင်းရန်မှာ သေချာနေပြီး ဈေးနှုန်းကောင်းရန်သာ မျှော်လင့်မိကြောင်း တောင်သူများထံမှသိရှိရပါသည်။

       ဈေးကွက်အနေဖြင့် စိုက်ခင်းအရောက် လာရောက်ဝယ်ယူသော ပွဲစားများကိုလည်းကောင်း၊ ပျော်ဘွယ်၊ မိတ္ထီလာမြို့များရှိ ပွဲရုံများသို့ တင်ပို့ရောင်းချကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၁.၁.၂၀၂၄ )

   ၂၁.၁.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၀.၁.၂၀၂၄ )

၂၀.၁.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ပျော်ဘွယ်မြို့နယ်၊ ကျေးရွာများတွင် ခရမ်းချဉ်(ဆောင်းသီး)များ စိုက်ပျိုးအောင်မြင်လျက်ရှိ

     စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်များသည် (၁၆-၁-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၀း၀၀) နာရီချိန်တွင် ပျော်ဘွယ်မြို့နယ်ရှိ ကြို့ကုန်း၊ သပြေရိုး၊ သီးကုန်းနှင့် မင်းရွာရှိ ခရမ်းချဉ် (ဆောင်းသီး) စိုက် ဒေသခံတောင်သူများနှင့်သွားရောက်တွေ့ဆုံခဲ့ပါသည်။

     အဆိုပါကျေးရွာများတွင် ခရမ်းချဉ် (ဆောင်းသီး) စိုက်ပျိုးတောင်သူ (၁၀) ဦးခန့်ရှိပြီး  ဧက (၂၀) ခန့်အောင်မြင်စွာစိုက်ပျိုးထားသည်ကိုတွေ့ရှိရပါသည်။ နိုဝင်ဘာလတွင် စတင်စိုက်ပျိုးပြီး မတ် လဆန်းတွင် ခူးဆွတ်ရကြောင်း၊ ရွှေဖရုံမျိုးများကို အများဆုံးစိုက်ပျိုးထားကြောင်း၊ အရင်းအနှီးနည်းပြီး အချိန်တိုအတွင်း ငွေရလွယ်သော သီးနှံဖြစ်သည့်အတွက် အများအားဖြင့် နှစ်စဉ်ပုံမှန်စိုက်ပျိုးကြကြောင်းသိရပါသည်။ ထွန်ယက်ခ၊ စိုက်ပျိုးခ၊ သွင်းအားစုစရိတ်၊ လုပ်သားခစရိတ်လုံးပေါင်းအပါအဝင် တစ်ဧကကုန်ကျစရိတ်မှာ (၂၅၀၀၀၀) ခန့်သာကုန်ကျကြောင်း၊ တစ်ဧကလျှင် ပျှမ်းမျှအထွက်နှုန်း (၅၀၀) ပိဿာခန့်ထွက်ရှိကြောင်း၊ ယခင်နှစ်ဈေးနှုန်းမှာ (၇၀၀မှ ၁၅၀၀) ကျပ်ဖြင့်ရောင်းချခဲ့ရပြီး ပျှမ်းမျှအားဖြင့် (၁၀၀၀) ကျပ်ဈေးနှုန်းဖြင့်ရောင်းချခဲ့ရကြောင်း၊ အထိုက်အလျောက် အကျိုးအမြတ်များရရှိခဲ့ကြောင်း၊ ယခုလက်ရှိ ခရမ်းချဉ်လက်လီဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၅၀၀မှ ၂၀၀၀) ကျပ်နှုန်းဖြင့် ဝယ်ယူစားသုံးနေရကြောင်း၊ စိုက်ပျိုးထားသော ခရမ်းချဉ်သီးများပေါ်လာချိန်တွင် ဈေးကောင်းရရန်မျှော်လင့်မိကြောင်း၊ တစ်ပိဿာလျှင် (၁၀၀၀) ကျပ်နှင့်အထက်ရရှိလျှင် တွက်ချေကိုက်ကြောင်း၊ ထွက်ရှိသောခရမ်းချဉ်သီးများကို ရွာအရောက် လာရောက်ဝယ်ယူသောပွဲစားများ၊ မြို့ပေါ်ရှိ ဒိုင်များသို့လည်း တင်ပို့ရောင်းချကြပါသည်။

    ခရမ်းချည် (ဆောင်းသီး) မှာ စိုက်ပျိုးအောင်မြင်ရန်လွယ်ကူခြင်း၊ ကုန်ကျစရိတ်နည်း၍ အကျိုးအမြတ်များများရရှိခြင်း၊ အချိန်တိုအတွင်း ငွေရလွယ်ခြင်း၊ ပြည်တွင်းစားသုံးမှုများသည့် အတွက် ဈေးကွက်မခက်ခဲခြင်း စသည့်အချက်များကြောင့် အခြားတောင်သူများအနေဖြင့်လည်း စိုက်ပျိုးသင့်ကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

DOCA(မန္တလေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း