Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မန္တလေးပဲလွန်းပြာစျေးကွက်

      ပဲလွန်းပြာမှာပြည်တွင်းစားသုံးမှုနှင့်ပြည်ပသို့တင်ပို့ရောင်းချသည့်ပဲတစ်မျိုးဖြစ်ပြီးမန္တလေး တိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ခုနှစ်ပဲလွန်းသီးနှံအပါအဝင်ပဲမျိုးစုံ စိုက်ပျိုးမှု ၁၀၁၉၄၇၇ ဧက ဖြစ်ကြောင်းသိရပါသည်။ မန္တလေးပွဲစား၊ကုန်သည်၊စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်သြဂုတ်လနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသောပေါက်စျေးမှာ ၃တင်းဝင်တစ် အိတ်လျှင် ပဲလွန်းပြာ ၂၀၂၀၀၀ ကျပ်နှင့် ၂၀၃၀၀၀ကျပ်၊ တစ်ပိဿာပေါက်စျေးမှာ ၃၇၂၄ ကျပ်နှင့် ၃၇၄၂ ကျပ်တို့ဖြစ်ကြောင်း သိရပါသည်။ ယခင်နှစ်ကာလတူပေါက်စျေးမှာ ၃တင်းဝင် တစ်အိတ် လျှင် ပဲလွန်းပြာ ၃၀၀၀၀၀ ကျပ်၊ တစ်ပိဿာစျေး ၅၅၃၀ ကျပ်တို့ဖြစ်ပြီး၊ ယခင်နှင့်ယခုနှစ် စျေး နှိုင်းယှဉ်ပါက ပဲလွန်းပြာစျေးမှာ လျော့နည်းသွားကြောင်း တွေ့ရှိရပါသည်။

DOCA(မန္တလေး)

မန္တလေးပဲပုတ်စျေးကွက်

       ပြည်တွင်းစားသုံးမှုများပြားခြင်းနှင့် ပြည်ပတင်ပို့သည့်ပဲပုတ်မှာ အရောင်းသွက်လျက်ရှိပြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်း၂၀၂၄-၂၀၂၅ခုနှစ်တွင်ပဲပုတ်အပါအဝင်ပဲမျိုးစုံစိုက်ပျိုးမှု၁၀၁၉၄၇၇ ဧကဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊စက်ပိုင်များ မဟာကထိန်တော်အသင်း တွင် ၂၀၂၅ ခုနှစ်သြဂုတ်လနောက်ဆုံးပတ်အတွင်းပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ပဲပုတ် (ရှမ်း) ၂၄၀၀၀၀ကျပ်နှင့်၂၆၅၀၀၀ကျပ်၊ပဲပုတ်(ဗမာ)၃၆၅၀၀၀ကျပ်နှင့် ၃၇၀၀၀၀ ကျပ်၊တစ်ပိဿာ ပေါက် စျေးမှာ ပဲပုတ် (ရှမ်း) ၄၅၀၇ ကျပ်နှင့်၄၉၇၇ ကျပ်၊ပဲပုတ်(ဗမာ) ၆၈၅၄ကျပ်နှင့် ၆၉၄၈ကျပ် တို့ဖြစ် ကြောင်း သိရပါသည်။ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာ ပဲပုတ် (ရှမ်း) ၆၉၄၈ ကျပ်နှင့် ၇၁၃၆ ကျပ်၊ပဲပုတ်(ဗမာ)၆၆၆၇ကျပ်နှင့် ၆၇၆၀ကျပ်တို့ဖြစ်ကြောင်း သိရပါသည်။ ယခုနှင့်ယခင် နှစ်ကာလတူပေါက်စျေးနှိုင်းယှဉ်ပါက ပဲပုတ်(ရှမ်း)စျေးကျဆင်းသွားပြီး၊ပဲပုတ်(ဗမာ)‌စျေးမှာ ပိုမို ရရှိကြောင်း သိရပါသည်။

DOCA(မန္တလေး)

မန္တလေးပဲယင်းစျေးကွက်

      ပဲယဉ်းသီးနှံမှာ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပသို့တင်ပို့သည့်စျေးကွက်ဝင် ပဲအမျိုးအစား ဖြစ်ပြီး၊မန္တလေးတိုင်းဒေသကြီးအတွင်း၂၀၂၄-၂၀၂၅ခုနှစ် ပဲယင်းသီးနှံအပါအဝင်ပဲမျိုးစုံ စိုက်ပျိုးမှု မှာ (၁၀၁၉၄၇၇)ဧက ဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာ ကထိန်တော်အသင်းတွင်၂၀၂၅ခုနှစ်သြဂုတ်လနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသောပေါက် စျေးမှာ၃တင်းဝင်တစ်အိတ်လျှင်ပဲယင်း(နီ)၂၃၅၀၀၀ကျပ်နှင့်၂၄၀၀၀၀ကျပ်၊ပဲယင်း(ကြီး) ၂၃၀၀၀၀ ကျပ်နှင့်၂၃၅၀၀၀ကျပ်၊တစ်ပိဿာစျေးမှာ ပဲယင်း(နီ) ၃၉၁၇ကျပ်နှင့် ၄၀၀၀ကျပ်၊ ပဲယင်း(ကြီး) ၃၈၃၃ကျပ်နှင့်၃၉၁၇ကျပ်တို့ဖြစ်ပြီး၊ ယခင်နှစ်ကာလတူတစ်ပိဿာစျေးမှာ ပဲယင်း(နီ) ၄၀၀၀ကျပ် နှင့်၄၀၈၃ကျပ်၊ ပဲယင်း(ကြီး)၃၁၆၇ ကျပ်နှင့်၃၂၅၀ကျပ်၊ပဲယင်း(သေး) ၃၁၁၇ကျပ်နှင့် ၃၁၁၃ ကျပ် တို့ဖြစ်ပေါ်ခဲ့ကြောင်းသိရပါသည်။ယခုနှင့်ယခင်နှစ်ကာလတူပေါက်စျေးနှိုင်းယှဉ်ပါက တစ်ပိဿာ လျှင် ပဲယင်း(နီ)မှာ ၈၃ ကျပ်လျော့နည်းသွားပြီး၊ ပဲယင်း(ကြီး)မှာ၆၆၇ကျပ် ပိုမိုရရှိကြောင်း သိရပါ သည်။

DOCA(မန္တလေး)

 

စျေးကောင်းရသည့်ပဲကြီး

    ပဲကြီးသီးနှံမှာ ပြည်တွင်း ၌စားသုံးမှုပမာဏများပြားပြီး၊ စျေးကွက်အတွင်း အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။  မန္တလေးတိုင်းဒေသကြီးအတွင်း  ၂၀၂၄-၂၀၂၅ခုနှစ်တွင်ပဲကြီး သီးနှံ အပါအဝင်  ပဲမျိုးစုံစိုက်ပျိုးမှု(၁၀၁၉၄၇၇)ဧကဖြစ်ကြောင်း သိရပါသည်။  မန္တလေးပွဲစား၊ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင်၂၀၂၅ခုနှစ်သြဂုတ်လနောက်ဆုံးပတ်အတွင်းဖြစ်ပေါ် လျက်ရှိသောစျေးမှာ၃တင်းဝင်တစ်အိတ်လျှင်ပဲကြီး(ကြီး) ၃၉၀၀၀၀ကျပ်နှင့်၄၀၀၀၀၀ကျပ်၊ ပဲကြီး (လတ်)၃၆၅၀၀၀ကျပ်နှင့်၃၇၀၀၀၀ကျပ်၊ပဲကြီး(သေး)၃၀၀၀၀၀ကျပ်နှင့် ၃၂၀၀၀၀ကျပ်၊တစ်ပိဿာ စျေးမှာပဲကြီး(ကြီး)၇၀၅၉ကျပ်နှင့်၇၂၄၀ကျပ်၊ပဲကြီး(လတ်)၆၆၀၆ကျပ်နှင့်၆၆၉၇ကျပ်၊ပဲကြီး(သေး) ၅၄၃၀ ကျပ်နှင့်၅၇၉၂ကျပ် ဖြစ်ပြီး၊ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာ ပဲကြီး(ကြီး) ၄၉၇၇ကျပ် နှင့် ၅၄၃၀ ကျပ် ၊ပဲကြီး(လတ်) ၄၃၄၄ကျပ်နှင့်၄၆၁၅ ကျပ်၊ပဲကြီး(သေး)၃၆၂၀ ကျပ်နှင့် ၄၂၅၃ ကျပ် တို့ဖြစ်ကြောင်းသိရပါသည်။ ယခုနှစ်နှင့်ယခင်နှစ်ကာလ တူပေါက်စျေးနှိုင်းယှဉ်ပါက ပဲကြီးစျေးမှာ ပိုမိုရရှိကြောင်း သိရပါသည်။

DOCA(မန္တလေး)

ကုလားပဲစျေးကွက်

      ကုလားပဲသီးနှံမှာ ပြည်တွင်း စားသုံးမှုများခြင်းနှင့် ပြည်ပတင်ပို့သည့် ပဲတစ်မျိုးဖြစ်ပြီး၊  မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ကုလားပဲစိုက်ပျိုးမှု (၂၃၇၇၄၇)ဧက ဖြစ် ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်သြဂုတ်လနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့်အမျိုးအစားအလိုက် ပေါက်စျေးများ မှာ၃တင်းဝင်တစ်အိတ်လျှင်ကုလားပဲ(V-2)၂၅၃၀၀၀ကျပ်၊ကုလားပဲ(V-7)၂၄၅၀၀၀ကျပ်၊ ကုလားပဲ (ထိုင်ဝမ်) ၂၃၅၀၀၀ကျပ်၊ကုလားပဲ(929) ၂၄၃၀၀၀ကျပ်နှင့်၂၄၄၀၀၀ကျပ်၊ တစ် ပိဿာပေါက် စျေး မှာကုလားပဲ(V-2)၄၄၁၉ကျပ်၊ကုလားပဲ(V-7)၄၂၇၉ကျပ်၊ကုလားပဲ(ထိုင်ဝမ်) ၄၁၇၈ကျပ်၊ ကုလားပဲ (929) ၄၃၂၀ကျပ်နှင့် ၄၃၃၈ ကျပ်တို့ဖြစ်ပြီး၊ယခင်နှစ်ကာလတူတစ်ပိဿာစျေးမှာ ကုလားပဲ (V-2) ၅၄၁၅ကျပ်နှင့် ၅၅၀၂ ကျပ်၊ကုလားပဲ (V-7)၆၂၈၈ ကျပ်နှင့် ၆၃၇၅ ကျပ်၊ ကုလားပဲ (ထိုင်ဝမ်) ၄၉၇၈ကျပ်နှင့် ၅၀၁၃ကျပ်၊ကုလားပဲ(929) ၅၁၅၆ကျပ်နှင့် ၅၁၉၁ကျပ်စျေးတို့ဖြစ်ပါသည်။ ယခုနှစ် နှင့်ယခင်နှစ်ကာလတူ ပေါက်စျေးနှိုင်းယှဉ်ပါက ကုလားပဲစျေးလျော့နည်းသွားကြောင်း သိရပါ သည်။

DOCA(မန္တလေး)

        

မန္တလေးထောပတ်ပဲစျေးကွက်

     ပြည်တွင်းစားသုံးမှုနှင့် ပြည်ပတင်ပို့သည့်ထောပတ်ပဲမှာ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ် ထောပတ်ပဲသီးနှံ စိုက်ပျိုးမှု (၄၃၉၁၄)ဧက၊ ရိတ်သိမ်း(၂၃၈၁၈)ဧက၊ အထွက် နှုန်း(၆.၅၁)တင်းနှင့်အထွက် (၁၅၅၂၇၁)တင်းဖြစ် ကြောင်းသိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ်သြဂုတ်လနောက်ဆုံးပတ်အတွင်းဖြစ်ပေါ် လျက်ရှိသောပေါက်စျေးမှာ၃တင်းဝင်တစ်အိတ်လျှင်ထောပတ်ပဲ(ကြီး)၂၈၅၀၀၀ကျပ်နှင့် ၃၀၀၀၀၀ ကျပ်၊တစ်ပိဿာစျေးမှာ  ၅၀၆၇ကျပ်နှင့် ၅၃၃၃ကျပ်တို့ဖြစ်ကြောင်း သိရပါသည်။ ယခင်နှစ် ကာလတူ တစ်ပိဿာစျေးမှာ ထောပတ်ပဲ(ကြီး) ၇၁၁၁ ကျပ်၊ ထောပတ်ပဲ(သေး) ၆၂၂၂ကျပ် နှင့် ၆၅၇၈ ကျပ်စျေးဖြစ်ပေါ်ခဲ့ပြီး ကာလတူပေါက်စျေးနှိုင်းယှဉ်ပါက ထောပတ်ပဲစျေးမှာ လျော့နည်း သွားကြောင်း သိရပါသည်။

DOCA(မန္တလေး)

 

မန္တလေးပဲတီစိမ်းစျေးကွက်

        ပြည်တွင်းစားသုံးမှုနှင့်ပြည်ပသို့တင်ပို့သည့်ပဲတီစိမ်းမှာ စျေးကောင်းရသည့် ပဲအမျိုးအစား ဖြစ်ပြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်း၂၀၂၄-၂၀၂၅ ခုနှစ် ပဲတီစိမ်းစိုက်ပျိုးမှု (၂၇၀၉၅၈)ဧက၊ ရိတ်သိမ်း(၂၅၃၄၄၁)ဧက၊ အထွက်နှုန်း(၁၁.၆၄)တင်းနှင့် အထွက် (၂၉၄၉၀၁၇) တင်း ဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင်၂၀၂၅ခုနှစ် သြဂုတ်လနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသောစျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ပဲတီစိမ်း (ညာ) ၂၇၀၀၀၀ ကျပ်နှင့် ၃၀၅၀၀၀ ကျပ်၊ပဲတီရွှေဝါ(ပဲခွဲ) ၂၅၀၀၀၀ကျပ်နှင့် ၂၆၀၀၀၀ကျပ်၊ တစ်ပိဿာစျေးမှာ ပဲတီစိမ်း ၄၈၀၀ကျပ်နှင့် ၅၄၂၂ ကျပ်၊ပဲတီရွှေဝါ(ပဲခွဲ)၄၄၄၄ ကျပ်နှင့် ၄၆၂၂ကျပ် တို့ဖြစ်ကြောင်း သိရပါသည်။ ယခင်နှစ်ကာလတူတစ်ပိဿာစျေးမှာ ပဲတီစိမ်း(အညာ)၃၅၅၆ ကျပ် နှင့်၄၅၃၃ကျပ်၊ပဲတီစိမ်း(ပဲခွဲ)၂၈၄၄ကျပ်နှင့်၃၂၈၉ကျပ်တို့ဖြစ်ပေါ်ခဲ့ပြီး၊ကာလတူစျေးနှိုင်းယှဉ်ပါက ပဲတီစိမ်း(ညာ)မှာ တစ်ပိဿာလျှင် ၈၈၉ ကျပ်စျေး ပိုမိုရရှိကြောင်း သိရပါသည်။

DOCA(မန္တလေး)

 

မတ်ပဲစျေးအနည်းငယ်ကျ

     ပြည်တွင်းစားသုံးမှုများပြားခြင်းနှင့် ပြည်ပသို့တင်ပို့သည့်မတ်ပဲမှာ မန္တလေးတိုင်းဒေသကြီး အတွင်း ၂၀၂၄- ၂၀၂၅ခုနှစ်မတ်ပဲ သီးနှံ စိုက်ပျိုးမှု(၃၂၁၄၂)ဧက၊ ရိတ်သိမ်း(၁၀၄၉၅)ဧက၊ အထွက် နှုန်း(၁၂.၆၅)တင်းနှင့် အထွက်(၁၃၂၇၀၉)တင်းဖြစ်ကြောင်းသိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်သြဂုတ်လနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ် လျှက်ရှိသော ပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် မတ်ပဲ ၁၆၀၀၀၀ကျပ်နှင့် ၂၀၀၀၀၀ကျပ်၊ တစ်ပိဿာစျေးမှာ ၂၆၆၇ကျပ်နှင့် ၃၃၃၃ ကျပ်ဖြစ်ပြီး၊ ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာ မတ်ပဲ(ဟောင်း)၅၈၃၃ကျပ်နှင့် ၆၀၀၀ကျပ်၊မတ်ပဲ(ရေသွင်း) ၅၁၆၇ကျပ်နှင့် ၅၄၁၇ ကျပ်တို့ ဖြစ် ကြောင်းသိရပါသည်။ယခုနှစ်နှင့်ယခင်နှစ်ကာလတူစျေးနှိုင်းယှဉ်ပါက မတ်ပဲမှာ ဈေးလျော့နည်း သွားကြောင်း သိရပါသည်။

DOCA(မန္တလေး)

ပြောင်းစျေးနှုန်းစျေးကွက်

    ပြောင်းသီးနှံမှာမွေးမြူရေး အစားစပ်လုပ်ငန်း တွင်သုံးစွဲမှု များပြားခြင်း၊ ပြည်ပတင်ပို့ ခြင်း တို့ကြောင့်အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။  မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄ - ၂၀၂၅ ခုနှစ်တွင် အစေ့ ထုတ်ပြောင်းစိုက်ပျိုးမှု  ၃၆၆၂၂  ဧက၊  ရိတ်သိမ်းမှု ၁၃၃၃၁ ဧက၊ အထွက် နှုန်း  ၄၉.၅၅  တင်း၊ အထွက်တင်းစုစုပေါင်း   ၆၆၀၅၉၁  တင်းဖြစ်ကြောင်းသိရပါသည်။  မန္တလေး ပွဲစား၊ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ်  သြဂုတ်လနောက်ဆုံးပတ် အတွင်း ဖြစ်ပေါ်သည့်အစေ့ထုတ်ပြောင်းစျေးမှာပြောင်းဖူးစေ့(ရှမ်း)၈၅၀၀၀ကျပ်နှင့်၈၆၀၀၀ကျပ်၊ ပြောင်းဖူးစေ့(စီပီ) ၈၆၀၀၀ကျပ်နှင့်၈၇၀၀၀ ကျပ်၊တစ်ပိဿာစျေးအနေ ဖြင့် ပြောင်းဖူးစေ့(ရှမ်း) ၁၅၇၄ကျပ်နှင့်၁၅၉၃ ကျပ်၊  ပြောင်းဖူးစေ့(စီပီ)  ၁၅၉၃ ကျပ် နှင့် ၁၆၁၁ ကျပ်စျေးတို့ဖြစ်ကြောင်း  သိ ရပါသည်။ ယခင်နှစ်ကာလတူ  တစ်ပိဿာစျေးမှာ ပြောင်းဖူးစေ့ (ဗမာ) ၁၅၀၀ကျပ်၊ ပြောင်းဖူး စေ့(ရှမ်း)နှင့်ပြောင်းဖူးစေ့ (စီပီ)၁၅၅၆ကျပ်နှင့်၁၅၇၄ကျပ်တို့ ဖြစ်ကြောင်း သိရပါ သည်။ ယခုနှစ် ဈေးနှင့်ယခင်နှစ်ကာလတူ စျေး နှိုင်းယှဉ်ပါက  အစေ့ထုတ်ပြောင်းစျေးမှာ ပိုမိုရရှိကြောင်း သိရပါ သည်။

DOCA(မန္တလေး)

 

 

စားတော်ပဲစျေးကွက်အရောင်းသွက်

     စားတော်ပဲမှာ ပြည်တွင်းစားသုံးမှုများပြားသည့်ပဲဖြစ်ပြီး၊စျေးကွက်အတွင်း အရောင်းသွက်သည့်ပဲအမျိုးအစားဖြစ်ကြောင်း သိရပါသည်။မန္တလေးတိုင်းဒေသကြီးအတွင်းအမရပူရ၊ပြင်ဦးလွင်၊  မိုးကုတ်၊ တကောင်း၊ စဉ့်ကူး၊မတ္တရာနှင့်မြင်းခြံမြို့နယ်တို့တွင် စားတော်ပဲများစိုက်ပျိုး ပြီး၊၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း စားတော်ပဲအပါအဝင် ပဲမျိုးစုံစိုက်ပျိုးမှု  ၁၀၁၉၄၇၇ ဧကဖြစ်ကြောင်း သိ ရပါ သည်။ မန္တလေးပွဲစား၊ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင်  ၂၀၂၅ခုနှစ်သြဂုတ်လ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်သည့်ပေါက်စျေးမှာ၃တင်းဝင်တစ်အိတ်လျင် စားတော်ပဲ(ကနေဒါ)    ၄၁၀၀၀၀ကျပ်၊စားတော်ပဲ(ကျွန်း) ၆၅၀၀၀၀ကျပ်နှင့် ၆၆၀၀၀၀ ကျပ်၊တစ်ပိဿာလျှင် စားတော်ပဲ (ကနေဒါ) ၆၉၂၀ကျပ်၊စားတော်ပဲ(ကျွန်း) ၁၀၉၇၀ကျပ်၊ ၁၁၁၃၉ ကျပ်တို့ဖြစ်ကြောင်း သိရပါသည်။ ယခင်နှစ်ကာလတူတစ်ပိဿာပေါက်စေျးမှာစားတော်ပဲ (ကနေဒါ)၇၈၄၈ကျပ်နှင့်၇၉၃၂ ကျပ်၊ စားတော်ပဲ (ကျွန်း) ၆၂၄၅ ကျပ်နှင့် ၆၇၅၁ကျပ်ဖြစ်ပြီး၊ယခုနှစ်နှင့် ယခင်နှစ်ကာလတူ စျေးနှိုင်း ယှဉ်ပါက တစ်ပိဿာလျှင်   စားတော်ပဲ (ကျွန်း)၄၃၈၈ ကျပ်တို့စျေးပိုမိုရရှိကြောင်း သိရပါသည်။

DOCA(မန္တလေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း