Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မွန်ပြည်နယ်ဒေသထွက် နာနတ်သီး၏ ဈေးနှုန်းနှင့်အာဟာရ

     မွန်ပြည်နယ်၊ ကျိုက်ထို၊ ဘီးလင်း၊ ကျိုက်မရော၊ မုဒုံ၊ ရေး စသည့်မြို့နယ်များတွင် နာနတ်သီးပင်များကို အများဆုံးစိုက်ပျိုးကြသည်။  နာနတ်သီးပင်များ စိုက်ပျိုးရာတွင် ရော်ဘာပင် တန်းများကြားတွင် သီးညှပ်စိုက်ပျိုး၍ စိုက်ပျိုးမှုဖြစ်ထွန်းသည်။

     ယခုနှစ်တွင် နာနတ်သီးမှည့်များ ဈေးကောင်းရရှိပြီး အရောင်းအဝယ်ကောင်းများ ရရှိနေသည်။  မြို့နယ်များ စိုက်ခင်းများမှ ထွက်ရှိသော နာနတ်သီးဈေးနှုန်းများမှာ အသီး အရွယ်အစား အပေါ်မူတည်၍ ဈေးနှုန်းကွာဟမှုရှိသည်။ နာနတ်သီးဈေးနှုန်းများမှာ အလုံးကြီး တစ်လုံးလျှင် ၃၀၀၀ ကျပ်၊ အလတ် တစ်လုံးလျှင်  ၂၅၀၀ ကျပ်မှ ၂၀၀၀ ကျပ်ထိ၊ အသေး တစ်လုံးလျှင် ၁၈၀၀ ကျပ်မှ ၁၅၀၀ ကျပ်ထိ ဈေးကောင်းရရှိနေသည်။

    နာနတ်သီးရောင်းချသူများက နာနတ်သီးခြံများသို့ လာရောက်ဝယ်ယူ၍ ဒေသတွင်း ဈေးကွက်နှင့် အခြားမြို့များသို့ တင်ပို့ရောင်းချလျက်ရှိသည်။ ယခုနှစ်မိုးဦးကာလတွင် မွန်ပြည်နယ် ဒေသထွက် နာနတ်သီးများ ဈေးကွက်အတွင်း အရောင်းအဝယ်သွက်လျက် ရှိကြောင်း သစ်သီးဝလံ ရောင်းချသူများထံမှ သိရှိရသည်။

     နာနတ်သီးမှာ ကျန်းမာရေးအနေဖြင့် ရင်ကိုအေးမြစေသော ကိုလက်စထရောပါဝင်မှု နည်းပါးပြီး လူသားတို့ ကျန်မာရေးအတွက် မရှိမဖြစ်လိုအပ်သော ဗီတာမင်နှင့် သတ္ထုဓာတ်တို့ စုပေါင်းပါဝင်နေပါသည်။ ချိုမွှေးအရသာရှိပြီး ကျန်းမာရေးအတွက်လည်း အကျိုးများလှသော ရာသီစာ နာနတ်သီးများကို စားသုံးသူများပြားသည်။ နာနတ်သီးကို သဘာဝအတိုင်း စားသုံးခြင်း၊ ဖျော်ရည်ပြုလုပ်၍နာနတ်သီးထဲမှာပါဝင်တဲ့ ဗီတာမင်စီက ဆံပင်ကျွတ်တာ၊ ဆံပင်ကျဲတာ၊ ဆံပင်အဖျားနှစ်ခွဖြစ်တာ ကာကွယ်ပေးပြီး ဆံပင်ထူစေပြီး နာနတ်သီးထဲမှာ ပါဝင်တဲ့ ဗီတာမင်စီ၊ ဘရိုမီလင်အင်ဇိုင်းတို့က ဓာတ်တိုးဆန့်ကျင် အာနိသင်နဲ့ရောင်ရမ်းမှုကို လျော့နည်းစေသောအာနိသင်အပြင်  ဦးရေပြားပိုးဝင်ရောက်မှုကို  တားဆီးပေးလို့ ဆံပင်ကျွတ်တာ၊ဆံပင်ကျဲတာ၊       ဆံပင်အဖျားနှစ်ခွဖြစ်တာ ကာကွယ်ပေးသော အကျိုးများဖြစ်စေသည်ဟု သိရှိရသည်။

DOCA (မွန်)

မော်လမြိုင်မြို့ အေးသာယာဈေး၌ ရောင်းချသည့် ပန်းအမျိုးမျိုး ဈေးနှုန်း

      မွန်ပြည်နယ်၊ မော်လမြိုင်မြို့ အေးသာယာဈေးတွင် ဂန္ဓာမာပန်း၊ ပန်းထိမ်ငို (ပန်းထိမ်မနိုင်)ပန်း၊ နှင်းဆီပန်း၊ ရေမွှေးပန်းနှင့် သစ္စာပန်းနှင့် သပြေပန်းများ ရောင်းချလျက်ရှိသည်။ အဆိုပါ ပန်းများသည်ဒေသထွက်ပန်းများဖြစ်ပြီး ဘုရားပန်းကပ်လှူရန် ဝယ်ယူမှုများကြောင့် အရောင်းအဝယ်သွက်လျက်ရှိသည်။

      ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (တတိယပတ်)တွင် အေးသာယာဈေးအတွင်း ရောင်းချသည့်ပန်း ဈေးနှုန်းများမှာ ဂန္ဓာမာပန်းဖြူ အပွင့်ကြီး (၁၀ပွင့်ပါ)တစ်စည်းလျှင် ၇၀၀၀ကျပ် ၊ ဂန္ဓာမာပန်း အပွင့်သေး (အဝါရောင်၊ အဖြူရောင်) တစ်စည်းလျှင် ၄၀၀၀ကျပ်၊ ပန်းထိမ်ငိုပန်း(၁၀ပင်ပါ) တစ်စည်းလျှင် ၇၀၀ကျပ်၊ နှင်းဆီပန်း အရောင်စုံ (ပန်းရောင်၊ အဖြူရောင်၊ အနီရောင်) (၁)ပွင့်လျှင်  ၅၀၀ကျပ် ၊  (၁၀ဖွင့်ပါ ) တစ်စည်းလျှင် ၄၅၀၀ကျပ်၊  သစ္စာပန်း (အဖြူ၊ အနီ) တစ်စည်းလျှင် ၆၀၀၀ကျပ်၊ သပြေပန်း တစ်စည်း ၅၀၀ ကျပ်ဖြင့်  ရောင်းချလျက်ရှိသည်။

          ယခင်လနှင့်နှိုင်းယှဉ်ပါက  ယခုလ လဆန်းပိုင်းမှစ၍ ပန်းဈေးနှုန်းများမှာ ပျှမ်းမျှ ပန်းတစ်စည်း လျှင် ၃၀၀ ကျပ် မှ ၅၀၀ ကျပ် ခန့်အတွင်း  ဈေးနှုန်းမြင့်တက်လာကြောင်း သိရှိရပါသည်။ 

DOCA (မွန်)

မော်လမြိုင်မြို့ ရင်ကွဲသရက်သီးဈေးကောင်းရရှိ

      မော်လမြိုင်ဒေသထွက် ရင်ကွဲသရက်သီး ဈေးကောင်းရရှိနေသည်။ ရင်ကွဲသီး သရက်မျိုးသည် မွန်ဒေသထွက် သရက်သီးမျိုးနွယ်(၁၂၅)မျိုးအနက် လူကြိုက်အများ ဆုံးနှင့်အသီးထွက် အကောင်းဆုံးဖြစ်သော သရက်မျိုးဖြစ်သည်။ ယခင်လများ (ဇွန်လ၊ ဇူလိုင်)တွင် ရင်ကွဲသရက်သီး လှိုင်လှိုင်ထွက်ရှိခဲ့သည်။ သို့သော်  ဩဂုတ်လဆန်းတွင် အသီးသီးနှုန်းလျော့နည်းလာ၍ ဈေးကွက်အတွင်း ဈေးနှုန်းမြင့်တက်လာပြီး အသီးရောင်း ချမှုနည်းပါးလာပါသည်။

          ယခု ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(တတိယပတ်)တွင် ရင်ကွဲသရက်သီး ဈေးနှုန်းအခြေ အနေမှာ ရင်ကွဲသရက်သီး အစိမ်းအချော အကြီးတစ်လုံးလျှင် (၅၅၀)ကျပ်၊ အသေး တစ်လုံးလျှင်(၄၅၀)ကျပ်ဖြစ်သည်။ ရင်ကွဲသရက်သီးအမှည့် အကြီးတစ်လုံးလျှင် (၉၀၀) ကျပ်၊ အသေးတစ်လုံးလျှင် (၈၀၀)ကျပ် ဖြစ်သည်။ စားသုံးသူအနေဖြင့် ဒေသအသီး ရင်ကွဲမျိုးကို ကြိုက်နှစ်သက်သောကြောင့် ဈေးကောင်းပေးဝယ် စားသုံးကြကြောင်း သိရှိရသည်။

DOCA (မွန်)

မော်လမြိုင်မြို့ ဒေသထွက်  ပီလောပီနံဥ အထွက်ကောင်း၍ ဈေးကောင်းရရှိ 

      မော်လမြိုင်မြို့တွင် ပီလောပီနံကို စိုက်ပျိုးကြသည်။ အထူးသဖြင့် ချောင်းဆုံမြို့ တွင် ပီလောပီနံဥ အများဆုံးစိုက်ပျိုးကြသည်။ ၎င်းချောင်းဆုံမြို့နယ်ရှိ ဘိုးနက်ကျေးရွာ၊ ကတောင်စိန်ကျေးရွာ၊ ခြံတန်းကျေးရွာတို့၌ ပိုမိုဖြစ်ထွန်းသည်။

          ယခုအခါ ဩဂုတ်လ (တတိယပတ်)တွင် ပီလောပီနံဥ ပေါ်ဦးပေါ်စဖြစ်၍ ဈေးကွက်တွင် ဈေးကောင်းရရှိပြီး အရောင်းအဝယ် ဖြစ်နေသည်။ မော်လမြိုင်မြို့မဈေး တွင် ရောင်းချနေသော ပီလောပီနံဥ ဈေးနှုန်းများမှာ လက်လီ တစ်ပိဿာလျှင် (၃၅၀၀) ကျပ်၊ လက်ကား တစ်ပိဿာလျှင် (၄၅၀၀)ကျပ် ဖြစ်သည်။ ထို့ကြောင့် ချောင်းဆုံ ဒေသထွက် သဘာဝအစာအစားဖြစ်သော ပီလောပီနံကို စားသုံးသူများပြား၍ ဈေးကွက်တွင် အရောင်းအဝယ်ကောင်းနေသည်။ ထိုပီလောပီနံဥ ဒေသအစားအစာကို ဝယ်ယူစားသုံးရာတွင် ပီလောပီနံဥကို အပြုတ်ပြုလုပ်၍လည်းကောင်း၊ ပီလောပီနံဥကို အမျှင်သေးခြစ်ကာ ပေါင်းခံ၍လည်းကောင်း အမျိုးမျိုးပြုလုပ် စားသုံးကြကြောင်းသိရှိရသည်။

DOCA (မွန်)

ဓနုဖြူမြို့နယ်တွင် ရောင်းချနေသော ကုန်စိမ်းများ ရောင်းအားကောင်းလျက်ရှိ

    မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ဦ မြို့မဈေးနှင့် ဇကာကြီးဈေးတွင် ကုန်စိမ်းမျိုးစုံရောင်းချသူများ ယခင်ကရက်တွေထက် ပိုမိုရောင်းအားကောင်း ဈေးကွက်အတွင်း ဩဂုတ်လ စတုတ္ထပါတ် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာ ကုန်စိမ်းရောင်းချသူထံမှ သိရသည်။

    စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ တိမွေးကု ဌာနတို့ ပူးပေါင်း၍ အပါတ်စဉ် လစဉ် ကွင်းဆင်းစစ်ဆေးဆောင်ရွက် ခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိပြီး စားသုံးသူရေးရာဦးစီးဌာနမှ ကုန်စည်များတွင် ကုန်အညွှန်အမှတ် အသားစစ်ဆေးခြင်း၊ ဒေသတွင် ကုန်စည်များ၊ သားငါး၊ အသီးအရွက်၊ အခြေခံစားသောက်ကုန် ဈေးနှုန်းများ စာရင်းကောက်ယူစုံစမ်းစစ်ဆေးခြင်း၊ တိမွေးကုဌာနမှ သားငါး အေးခဲသာများရောင်းချခြင်းမပြုရန်၊ မှန်ကန်သောဈေးဖြင့်အလေးချိန်ပြည့်ဝစွာ ရောင်းချရန် စစ်ဆေးခြင်း၊ စည်ပင်သာယာရေးအဖွဲ့မှ စည်ပင်သာယာနယ်နိမိတ်အတွင်း ရောင်းချသူ ဈေးသည်များ လုပ်ငန်းလိုင်စင်နှင့် သား၊ များကို လေလံဈေးဖြင့်သာ ဈေးနှုန်းမှန်ကန်၊ အလေးချိန်ပြည့်ဝစွာရောင်းချရန် စစ်ဆေးခြင်းများ ကိုစစ်ဆေး ဆောင်ရွက်ခြင်းပြုလုပ်လျက်ရှိသည်။ ကွင်းဆင်းဆောင်ရွက်ရာမှ ပွင့်လင်းရာသီသို့ ရောက်လာတော့မည်ဖြစ်၍ ကုန်စိမ်းသည်များက အနယ်နယ်အရပ်ရပ်က ပြည်သူတွေအနေနဲ့ ဈေးထဲ မိုးလင်းကတည်းက အလုအယက်ဈေး ဝယ်နေကြပြီး အခါကြီးရက်တွေမှာဆို ပိုမိုလူစည်းတော့ ပိုရောင်းရကြောင်း၊ ပုံမှန်ရက်တွေထက် ရောင်းအား ပိုကောင်းပါတယ်၊ ဈေးနှုန်းတွေအနေနဲ့ ပုံမှန်ဈေးနှုန်းပါ၊ ပိုရောင်းချ တာမရှိပါဘူး၊  ကုန်စိမ်းရောင်းချသူများ အနေနဲ့ အဝေးကလာရောက် ရောင်းချသူများလိုသလို တစ်ဆင့်ခံရောင်းချများလည်းရှိပါတယ်၊ ဈေးဝယ်သူများကလည်း ကြုံသလိုဝယ်ကြပါတယ်၊ ဆိုင်တိုင်းလည်း ရောင်းအားကောင်းကြကြောင်း၊ ငရုတ်၊ ရုံးပတီ၊ ပဲသီးတောင့်အရှည်၊ ခရမ်းသီး၊ ဆလတ်ရွက်၊ နံနံ၊ ခါကြက်ဥ စတဲ့ ကုန်စိမ်းမျိုးစုံရောင်းချပါတယ်ဟု ၎င်းထံမှ သိရသည်။

   ယခုအချိန်တွင် ကုန်စိမ်းများကို တောင်သူများမှ တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြပြီး တောင်သူများထံမှ ကျွန်မတို့က တစ်ဆင့်ဝယ်ယူရောင်းချကြောင်း၊ မြို့မဈေးနှင့် ဇကာကြီးဈေးကို အပတ်စဉ် ဥပုဒ်နေ့တိုင်း ဈေးပိတ်ပေမဲ့ ကျွန်မတို့က ဈေးအပြင်ဘက်မှာ နေ့စဉ်ရောင်းချပေးတော့ ဝယ်ယူစားသုံးများလည်း အဆင်ပြေပြီး ကျွန်မတို့အတွက်လည်း အဆင်ပြေကြောင်း လည်းသိရသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့နယ်တွင် ဗူးပင် စိုက်ပျိုးခြင်းဖြင့် တောင်သူ အကျိုးအမြတ်ရရှိ

      ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လယ်ယာ စိုက်ပျိုးရေးနှင့် ဥယျာဉ်ခြံမြေလုပ်ငန်းများတို့ကို အဓိကလုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိ ရာ မိသားစုအပိုဝင်ငွေ ရရှိရန်အတွက် ဘူးသီးနှံများကိုလည်း စီးပွားဖြစ် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ 

        ဘူးသီးကို ဧပြီလတွင် စိုက်ပျိုး၍ ၂ လခွဲခန့်အကြာ ဇူလိုင်လမှစတင်၍ ဘူးသီးများ ခူးဆွတ်ရောင်းချရကြောင်း၊ မျိုးအနေဖြင့် ဗမာမျိုးများကို စိုက်ပျိုးကြပြီး စင်တင်စနစ်နှင့် မြေချစနစ်ဟူ၍ရှိရာ စင်တင်စနစ်ဖြင့်သာ အများဆုံးစိုက်ပျိုးကြကြောင်း၊ တစ်ဧကလျှင် ဘူးပင်ရေ ၂၀၀ ခန့် ဝင်ဆံ့စိုက်ပျိုးနိုင်ပြီး စင်တင်စနစ်စိုက်ပျိုးရာ ၌ အသုံးပြုသည့်ဝါးစင်ကို ၂ နှစ်အတွင်း ပြန်လည်အသုံးပြုနိုင်ကြောင်း၊ မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၁၇ သိန်းကျော် ခန့်ကုန်ကျကြောင်း၊ ဘူးသီးကို တစ်လျှင်  ကြိမ် ခူးဆွတ်နိုင်ပြီး ၄ လ အကြာထိ ခူးဆွတ်လျက် ရှိရာ တစ်ဧကလျှင် စုစုပေါင်း ဘူးသီးအလုံးရေ ၄,၂၀၀-၄,၅၀၀ လုံးခန့်ထွက်ရှိကြောင်း၊ ဈေးကွက် အနေဖြင့် ဓနုဖြူမြို့နယ်နှင့် ပန်းတနော် မြို့နယ်အတွင်းရှိ ကုန်စိမ်းလက်ကားဆိုင်များ၊ ဘူးသီးကြော်ဆိုင်များသို့ ရောင်းချလျက်ရှိရာ ဘူးသီးနှံစိုက်ပျိုးခြင်းသည် ကုန်ကျစရိတ် သက်သာ၍ အကျိုးအမြတ်ရရှိသောကြောင့် နှစ်စဉ်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ 

DOCA(ဧရာဝတီ) 

ပုသိမ်မြို့ပေါ်ရှိ သရက်ဈေးနှုန်း

   ၂၀၂၅ခုနှစ်၊ ဩဂုတ်လ တတိယပတ်၌ ပုသိမ်မြို့ဘူတာဈေးတွင် ရောင်းချလျက်ရှိသော သရက်ဈေးနှုန်းများအနေဖြင့် သရက်ချဉ် (၁၀) ကျပ်သားပါ အထုပ်တစ်ထုပ်လျှင် (၁၀၀၀)ကျပ်၊ သရက်သီး စိမ်း (၁) လုံးလျှင် (၅၀၀) ကျပ်၊ ၁၀လုံးလျှင် (၄၀၀၀) ကျပ် ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူဈေးသည်တစ်ဦးထံမှ သိရပါသည်။

DOCA(ဧရာဝတီ) 

ပုသိမ်မြို့ရှိ နဂါးမောက်သီးဈေးနှုန်းဈေးကွက်

      ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်၊ ပုသိမ်မြို့ပေါ်တွင် မိသားစုစားဝတ်နေရေးအတွက် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ ငှက်ပျောသီး၊ စပျစ်သီး၊ သင်္ဘောသီး၊ မင်းဂွတ်သီးနှင့် ဩဇာသီးများကို ရန်ကုန်မြို့နှင့်မန္တလေးမြို့များမှ မှာယူရောင်းချလျက်ရှိကြောင်း သိရပါသည်။  ၂၀၂၅ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ပုသိမ်မြို့ပေါ်တွင် ရောင်းချလျက်ရှိသော နဂါးမောက်သီးဈေးနှုန်းများမှာ အကြီးတစ်လုံးလျှင် (၂၅၀၀) ကျပ်၊ အလတ်တစ်လုံးလျှင် (၁၅၀၀) ကျပ်၊ နှင့် အသေးတစ်လုံးလျှင် (၁၀၀၀) ကျပ်တို့ဖြင့်ရောင်းချလျက်ရှိကြောင်း သစ်သီးမျိုးစုံရောင်းချနေသော ရောင်းချသူတစ်ဉီးထံမှ သိရှိရပါသည်။

 

DOCA(ဧရာဝတီ) 

တညှင်းသီး အစားထိုး စိုက်ပျိုးသင့်သော အဟာရ ကြွယ်ဝသာ မျောက်ငိုသီး ပျိုးပင်များရောင်းချ

       မအူပင်ခရိုင်၊ ရွှေတောင်ပေါ်ကျေးရွာတွင် မျောက်ငိုသီး ပျိုးပင် အပင်ပေါက် ရောင်းချသူရှိကြောင်း သိရသည်။ မအူပင်ကျေးရွာများတွင် ဟင်းသီးဟင်းရွက် စိုက်ပျိုးသူများရှိပြီး မအူပင်မြို့နယ်သည် သီးနှံ၊ ဟင်းရွက်စိုက်ပျိုးသူပေါများသည်။ ဟင်းသီးဟင်းရွက် စိုက်ဧက ၃၃၈ ဧက ရှိကြောင်း သိရသည်။

            မျောက်ငိုသီး ပျိုးပင်များကို တညှင်းသီးအစားထိုးစိုက်ပျိုးရန် သင့်ကြောင်း ပျိုးပင်ရောင်းချသူ ဦးလှဦးမှ ပြောပြသည်။ မျောက်ငိုသီးမှာ အစိမ်းရောင်ရှိပြီး ပဲကြီးစေ့ အရွယ်ရှိသည်။ ပဲမျိုးဝင်အုပ်စုတွင်ပါဝင်သည်ဟု သိရသည်။ မျောက်ငိုသီး စားသုံးခြင်းဖြင့် စိတ်ကိုပေါ့ပါးစေပြီး စိတ်ဖိစီးမှုကို လျော့ချနိုင်စွမ်းရှိကြောင်း ဗီတာမင် B6 ပါဝင်ပြီး သွေးချိုကို မျှတအောင် ထိန်းညှိပေးပြီး စိတ်ကိုရွှင်လန်းစေသည်။ မျောက်ငိုသီးကို မအူပင်နယ်မြေတွင် အများဆုံး စိုက်ပျိုးနိုင်ရန်အတွက် ပျိုးပင်များကို ရောင်းချခြင်းဖြစ်ကြောင်း၊ တညှင်းသီးအစားထိုးသီးနှံ အဖြစ် စိုက်ပျိုးရန် သင့်တော်သောကြောင့် ပျိုးပင်ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။ ပျိုးပင်ပေါက် ၁ပင်လျှင် ၆၅၀၀ကျပ် ဖြင့် ရောင်းချပေးလျက်ရှိပြီး ပျိုးပင် လိုသလောက် မှာယူနိုင်ကြောင်း ရောင်းချသူထံမှ သိရသည်။ ဈေးကွက်အတွင်း မတွေ့ရှိရသေးပေမဲ့ အွန်လိုင်းမှ မျောက်ငိုသီး ဝယ်ယူစားသုံးသူများပြားကြောင်း သိရသည်။ စိုက်ပျိုးသူများ ကျန်းမာရေး အသိကြွယ်ဝစေရန်အတွက် အသိပညာပေး လုပ်ငန်းများဆောင်ရွက်ပြီး လက်ရှိတွင် ပျိုးပင်ပေါင်း ၁၅၀၀နီးပါး ရောင်းချရန် ရှိကြောင်း အပင်ပေါက်ရောင်းချသူထံမှသိရသည်။ မျောက်ငိုသီးသည် ကျန်းမာရေးအထောက်အကူပြု သီးနှံဖြစ်သောကြောင့် စိုက်ပျိုးသင့်သော အပင်တစ်မျိုးဖြစ်သည်။

DOCA(ဧရာဝတီ)

တနင်္သာရီတိုင်းမှ ဒူးရင်းသီးများ ဧရာဝတီသို့ ရာသီအလိုက် တင်ပို့မှု စံချိန်တင် မြင့်တက်

         ဧရာဝတီတိုင်းဒေသကြီးအတွင်းသို့ တနင်္သာရီတိုင်းမှ ဒူးရင်းသီးများ ယခုရာသီတွင် စံချိန်တင် တင်ပို့မှုများ ရှိလာပြီး ဇွန်လမှ စက်တင်ဘာလအတွင်း ဒူးရင်းသီးရာသီ ဖြစ်သည့်အတွက် တနင်္သာရီတိုင်းမှ ဒူးရင်းသီးများကို ဧရာဝတီတိုင်းအတွင်း ပိုမိုများပြားစွာ တွေ့ရှိရပြီး ယခုနှစ်တွင် ယခင်နှစ်များထက် ၄၀ ရာခိုင်နှုန်းခန့် တိုးတက်လာကြောင်း သိရသည်။

            ဒူးရင်းသီးများကို အဓိကအားဖြင့် မြိတ်မြို့နှင့် ပုသိမ်မြို့ကြား ကုန်းလမ်းများမှတစ်ဆင့် သယ်ယူ ပို့ဆောင်လျက်ရှိပြီး ပုသိမ်ဆိပ်ကမ်းမှတစ်ဆင့်လည်း ဧရာဝတီတိုင်းအတွင်းရှိ ကျေးလက်ဒေသများသို့ ဖြန့်ဖြူးပေးလျက်ရှိသည်။ ဒူးရင်းသီး တစ်လုံးလျှင် ကျပ် ၈၀၀၀ မှ ၃၀၀၀၀ အထိ ဈေးနှုန်းများ ရှိပြီး အရည်အသွေးနှင့် အရွယ်အစားပေါ် မူတည်၍ ဈေးနှုန်းကွာခြားမှုများ ရှိနေသည်။

            ဧရာဝတီတိုင်းအတွင်း ဒူးရင်းသီးဝယ်လိုအား မြင့်မားလာရခြင်း၏ အဓိကအကြောင်းရင်းမှာ တနင်္သာရီတိုင်းမှ ဒူးရင်းသီးများ၏ အရည်အသွေးကောင်းမွန်မှုကြောင့်ဖြစ်သည်။ ချိုဆိမ့်ပြီး အခွံပါးသည့် ဒူးရင်းသီးများကို ဧရာဝတီတိုင်းရှိ စားသုံးသူများမျာ အထူးနှစ်ခြိုက်ကြသည်။ ထို့အပြင် မြိတ်-ပုသိမ် ကားလမ်းလမ်းပန်းဆက်သွယ်ရေး တိုးတက်ကောင်းမွန်လာမှုကလည်း ဒူးရင်းသီးများ ပိုမိုလွယ်ကူစွာ သယ်ယူနိုင်ရန် အထောက်အကူဖြစ်စေသည်။

            သို့ရာတွင် ဧရာဝတီဒေသခံ သစ်သီးစိုက်ပျိုးသူများအနေဖြင့် ဒေသထွက် သရက်သီး၊ မင်းကွတ်သီး စသည့် ဒေသခံသီးနှံများ၏ ဈေးကွက်ကျဆင်းမှုကို စိုးရိမ်နေကြသည်။ "တနင်္သာရီဒူးရင်းသီးတွေ ဈေးကောင်းရတော့ ကျွန်တော်တို့ရဲ့ ဒေသထွက်သီးနှံတွေ ဝယ်သူနည်းသွားတယ်" ဟု ပုသိမ်မြို့နေ သစ်သီးရောင်းဝယ်ရေးလုပ်ငန်းရှင် ဦးမျိုးမင်းက ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း