Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော  ဟင်းညံ့(ခေါ်)ဟင်းကြာဖူးဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများဖြစ်သော ခဝဲသီး၊ ရွှေဖရုံသီး၊ ကန့်လန့်ဖူး၊ မုံညှင်းရွက်၊ ခရမ်းကဆော့သီး၊ ကြက်ဟင်းခါးသီး၊  ခရမ်းသီးများ ရောင်းချလျက်ရှိရာ ယခုအခါဟင်းညံ့(ခေါ်) ဟင်းကြာဖူးများ ရောင်းချလျက်ရှိကြောင်း သိရ သည်။ဟင်းညံ့(ခေါ်)ဟင်းကြာဖူးသည် ရေရရှိတဲ့နေရာတွေမှာပေါက်ပြီး ကြာရိုးကြာစွယ်မျိုးနွယ် ဝင်အပင်တစ်မျိုးဖြစ်ပြီး မြစ်၊ ချောင်း၊ ကန်၊ မြောင်းများတွင် အလေ့ကျပေါက်ရောက်လေ့ရှိပါ သည်။နူးညံ့တဲ့အဖူးလေးတွေကိုချိုးပြီး ချက်စားရတဲ့ဟင်းတစ်မျိုးဖြစ်ပါသည်။ဟင်းညံ့(ခေါ်)ဟင်း ကြာဖူးသည် ကြော်စား၍သော်လည်းကောင်း၊ ဟင်းချက်၍သော်လည်းကောင်း စားသုံးရလို့ရပါ သည်။ ယခုအခါ ဟင်းညံ့(ခေါ်)ဟင်းကြာဖူးများကို နတ်ပေးကျေးရွာရှိ ဒေသခံများမှခူးယူ၍ မြို့မဈေးသို့ လာရောက်ရောင်းချကြကြောင်း၊ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း  ရောင်းချလျက်ရှိသော ဟင်းညံ့(ခေါ်)ဟင်းကြာဖူး ()စည်းလျှင်(၃၀၀)ကျပ်၊ ()စည်းလျှင် (၅၀၀) ကျပ်ဖြင့်ရောင်းချလျက်ရှိပြီး အရင်းအနှီးမလိုပဲ အပိုဝင်ငွေရရှိနိုင်ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိသော တို့ဟူးခြောက်နှင့်တို့ဟူးစိမ်းဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် မိသားစုစားဝတ်နေရေး အတွက်အပိုဝင်ငွေရရှိရန် ကုလားပဲကို အမှုန့်ကြိတ်၍ တို့ဟူးစိမ်းနှင့် တို့ဟူးခြောက်များပြုလုပ်ပြီး ကန့်ဘလူမြို့မဈေးတွင် နေ့စဉ်ရောင်းချလျှက်ရှိကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း တို့ဟူးစိမ်းဈေးနှုန်းများမှာ လက်လီ(၁) ပိဿာလျှင် (၅၀၀၀)ကျပ်၊ လက်ကား(၁)ပိဿာလျှင်(၄၅၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၅၀၀)ကျပ် နှင့်တို့ဟူးခြောက်(၁)ထုပ်လျှင် (၁၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ တို့ဟူးစိမ်းကို အသုတ်ဆိုင်များ၊ တို့ဟူးခြောက်ကို စားသုံးသူများနှင့် စားသောက်ဆိုင်များက ဝယ်ယူ အသုံးပြုသည့်အတွက် နေ့စဉ်ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA (စစ်ကိုင်း)

ကန့်ဘလူမြို့၊ မြို့မဈေးတွင် ရောင်းချနေသော သစ္စာပန်းနှင့် နှင်းဆီပန်းဈေးနှုန်းများ

     ကန့်ဘလူမြို့၊ မြို့မဈေးအတွင်းတွင် ဘုရားပန်းမျိုးစုံဖြစ်သည့် သပြေပန်း၊ နှင်းပန်း၊ ဂန္ဓမာပန်း၊ ဇွန်ပန်း၊ စံပယ်ပန်း၊ စကားဝါပန်း၊ စကားဖြူပန်း၊ ရွှေပန်း၊ ငွေပန်း၊ ပန်းတိမ်ငိုပန်း၊ နှင်းဆီပန်း၊ ခိုင်ရွှေဝါပန်းနှင့် ဇော်စိမ်းပန်း(ခေါ်)ကျောက်စိမ်းပန်းများ ရောင်းချလျက်ရှိရာ လူကြိုက်များသော သစ္စာပန်းနှင့် နှင်းဆီပန်းများကို မန္တလေးမြို့နှင့် ပြင်ဦးလွင်မြို့မှလည်းမှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ လူကြိုက်များသော သစ္စာပန်းနှင့် နှင်းဆီပန်းများမှာ ဘုရားပန်းနှင့် အလှပန်းထိုးရာ၌လည်း အဓိကထားအသုံးပြုကြကြောင်း၊ ၂၀၂၅ခုနှစ်၊ အောက်တို ဘာလ တတိယပတ်အတွင်း သစ္စာပန်း(၁)စည်းလျှင် (၃၀၀၀)ကျပ်၊ (၃)စည်းလျှင် (၈၀၀၀)ကျပ်၊ နှင်းဆီပန်းအကြီး(၁)ပွင့်လျှင် (၇၀၀)ကျပ်၊ အသေး(၁)ပွင့်လျှင် (၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိ ကြောင်းဘုရားပန်းမျိုးစုံ ရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ဝဥများစတင်ရောင်းချလျက်ရှိ

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုး ရောင်းချလျက်ရှိရာ ယခုအခါ ဝဥပင်များကို နေအိမ်ခြံဝင်းများတွင်လည်းကောင်း၊ ယာကွက်ခြံစည်း ရိုးများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ ရောင်းချလျက်ရှိကြောင်း သိရသည်။  

     ၂၀၂၅ခုနှစ်၊အောက်တိုဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ကုန်စိမ်းရောင်း ချသူတစ်ဦး၏ပြောပြချက်အရ ဝဥများကို ကန့်ဘလူမြို့ပေါ်နှင့် နတ်ပေးကျေးရွာမှလည်းကောင်း ဝယ်ယူရောင်းချလျက်ရှိကြောင်း၊ ဝဥဈေးနှုန်းမှာ ဝဥ(အကြီး)(၁)လုံးလျှင် (၃၀၀၀)ကျပ်၊ အလတ်(၁) လုံးလျှင်(၂၀၀၀)ကျပ်၊ အသေး(၁)လုံးလျှင်(၁၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ဝဥသည်  အာဟာရပြည့်ဝသည့် သစ်ဥသစ်ဖုတစ်မျိုးဖြစ်ပြီး အိမ်ရှင်မများ ဟင်းချက်ရာတွင် အသုံးပြုကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

မာလကာသီးနှင့် သလဲသီးဈေးနှုန်းများ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးတွင် မာလကာသီးနှင့် သလဲသီးများကို ရောင်းချလျက်ရှိပါသည်။ မာလကာသီးနှင့် သလဲသီးများကို နေအိမ်ခြံစည်းရိုး များတွင်စိုက်ပျိုးပြီး မိမိတို့အိမ်တွင် စားသုံး၍ပိုလျှံသည့် အသီးများကို ကန့်ဘလူမြို့မဈေးသို့ လာရောက်ရောင်းချကြောင်းသိရသည်။

     မာလကာသီးနှင့် သလဲသီးများသည် အရည်ရွှမ်းပြီး အရသာရှိသောကြောင့် သရေစာ ဖြစ်အများဆုံးစားသုံးကြကြောင်း၊ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း မာလကာ သီးအကြီး(၁)လုံးလျှင်(၁၀၀၀)ကျပ်၊ (၂)လုံးလျှင် (၁၅၀၀)ကျပ်၊ မာလကာသီးအသေး(၁)လုံးလျှင် (၅၀၀)ကျပ်နှင့် သလဲသီးအကြီး(၁)လုံးလျှင် (၁၅၀၀)ကျပ်၊ အသေး(၁)လုံးလျှင်(၁၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သောကြောင့်ရောင်း အားကောင်းကြောင်း ကုန်စိမ်းရောင်းချသူထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

         

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော မန်ကျည်းသီးစိမ်းနှင့် မန်ကျည်းရွက်နုဈေးနှုန်းများ          

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်တွင် မန်ကျည်းပင်များကို အခြားစားပင်သီးပင်များ ကဲ့သို့ ခြံဖွဲ့၍ စိုက်ပျိုးခြင်းမရှိသော်လည်း ကန့်ဘလူမြို့နယ်နေရာအနှံ့အပြားတွင် အများအပြား လေ့ကျပေါက်ရောက်ကြသည်။  မန်ကျည်းပင်သည် အေးမြသော အရိပ်ကိုပေးသည့်အပြင်  အရွက်၊ အသီး၊ အခေါက် တစ်ပင်လုံးနီးပါး လူတို့အတွက် အသုံးဝင်ပါသည်။ လယ်တော၊ ယာတောများနှင့် မိမိတို့အိမ်တွင် စားသုံး၍ပိုလျှံသည့် မန်ကျည်းသီးစိမ်းနှင့်မန်ကျည်းရွက်နုများကို ကန့်ဘလူမြို့မဈေး တွင်လာရောက်ရောင်းချကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း မန်ကျည်းသီးစိမ်း (၁)ပုံလျှင်(၃၀၀) ကျပ်၊ မန်ကျည်းသီးစိမ်း(၂)ပုံလျှင် (၅၀၀)ကျပ်၊ မန်ကျည်းရွက်နု(၁)ပုံလျှင် (၃၀၀)ကျပ်နှင့်မန်ကျည်း ရွက်နု(၂)ပုံလျှင် (၅၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ရာသီစာတစ်ခုဖြစ်သည့် မန်ကျည်းသီးစိမ်းနှင့်မန် ကျည်းရွက်နုများအား အိမ်ရှင်မများဟင်းချက်ရာတွင်လည်းကောင်း၊ ထမင်းဆိုင်များတွင်လည်း အသုံးပြုကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း မြို့မဈေးရှိ ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော ဖူးစားပြောင်းဈေးနှုန်း

    ကန့်ဘလူမြို့ မြို့မဈေးတွင်လည်းကောင်း၊ ရပ်ကွက်အတွင်းလှည့်လည်ရောင်းချသည့်ဈေး သည်များတွင်လည်းကောင်း ပြောင်းဖူးများကို ရောင်းချလျက်ရှိသည်။ ပြောင်းဖူးများကို ကန့်ဘလူ ဒေသတွင်းမှလည်းကောင်း ဝင်ရောက်လျက်ရှိသည်။ နေ့စဉ်ရောင်းချလျက်ရှိသော ပြောင်းဖူးအမျိုး အစားမှာ ထိုင်ဝမ်ပြောင်းဖူးအမျိုးအစားဖြစ်ပြီး ပြောင်းဖူးပြုတ်ကို လူကြီးလူငယ်မရွေး သရေစာ အဖြစ်စားသုံးကြသလို အိမ်ရှင်မများကလည်း ပြောင်းဖူးအစိမ်းကို ဟင်းချက်ရာတွင်လည်း ထည့်သွင်း ချက်ပြုတ်ကြသည်။၂၀၂၅ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း ပြောင်းဖူးများ ကိုကန့်ဘလူမြို့မဈေးတွင် လက်လီ၊ လက်ကားရောင်းချနေသည့် လုပ်ငန်းရှင်တစ်ဦး၏ ပြောပြချက် အရပြောင်းဖူးအစိမ်းအကြီး (၁)ဖူးလျှင် (၄၀၀)ကျပ်၊ အသေး(၁)ဖူးလျှင် (၃၀၀)ကျပ်ဖြင့် ရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ရာသီမရွေး အရောင်းအဝယ်ဖြစ်သည့် ပဲနီရေပွနှင့် စားတော်ပဲပြုတ်ဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ပေါ်ရပ်ကွက်များမှ ပြည်သူများသည် မိသားစုစားဝတ်နေရေး အဆင်ပြေစေရန်နှင့် အပိုဝင်ငွေရရှိရန်အတွက် စိုက်ပျိုးရေးလုပ်ငန်းများ အပြင် စွန်တာနီ(ခေါ်)ပဲနီနှင့် စားတော်ပဲတို့ကိုပြုတ်၍ ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိရာ စားတော်ပဲပြုတ်ကို လဖက်ရည်ဆိုင်များနှင့် စားသုံးသူများက ဝယ်ယူကြောင်း၊ ပဲနီရေပွနှင့် စားတော် ပဲပြုတ်တို့ကို ရပ်ကွက်နှင့်ကျေးရွာများတွင် စက်ဘီး၊ ဆိုင်ကယ်တို့ဖြင့် လှည့်လည်ရောင်းချသူများကို ဖောက်သည်ပေးရသည့်အတွက် နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

          မြန်မာလူမျိုးတို့သည် နံနက်စာ ထမင်းဆီဆမ်းပူပူလေးနှင့် စားတော်ပဲပြုတ်ကို တွဲဖက်စားသုံး ကြသလို ကောက်ညှင်းပေါင်းနှင့်လည်း တွဲဖက်စားသုံးကြကြောင်း၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း ပဲနီရေပွ(၁)ပြည်လျှင် (၄၅၀၀)ကျပ်၊ နို့ဆီဗူး(၁)ဘူးလျှင် (၆၀၀)ကျပ်နှင့် စားတော်ပဲပြုတ် (၁)ပန်းကန်လျှင်(၃၀၀)ကျပ်၊ (၂)ပန်းကန်လျှင် (၅၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ပဲပြုတ်ရောင်းချသူထံမှ သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ရောင်းချနေသည့် ကုလားပဲချောင်းနှင့်စလေဘီဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ပေါ်ရှိ  ဒေသခံများသည်မိသားစု စားဝတ်နေရေး အဆင်ပြေ‌စေရန်အတွက် ကုလားပဲချောင်းနှင့် စလေဘီများကို တစ်နိုင်တစ်ပိုင် ပြုလုပ်ရောင်းချကြပါသည်။ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ တတိယပတ်တွင် ရောင်းချလျက်ရှိ သောကုလားပဲချောင်းနှင့် စလေဘီဈေးနှုန်းများမှာ စလေဘီ(၁)ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ စလေ ဘီ(၅၀)ကျပ်သားလျှင် (၆၀၀၀)ကျပ်နှင့် စလေဘီ(၂၅)ကျပ်သားလျှင် (၃၀၀၀)ကျပ်နှင့် ကုလားပဲ ချောင်း(၁)ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ကုလားပဲချောင်း(၅၀)ကျပ်သားလျှင် (၁၀၀၀၀)ကျပ်၊ ကုလားပဲချောင်း (၂၅)ကျပ်သားလျှင် (၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကုလားပဲချောင်းနှင့် စလေဘီများကိုသရေစာအဖြစ် စားသုံးရန်အတွက်လည်းကောင်း၊လက်ဆောင်ပေးရန်အတွက်လည်းကောင်း ဝယ်ယူကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

အောက်တိုဘာလ တတိယပတ်အတွင်း ရောင်းချလျက်ရှိသည့် ငါးခြောက်ဈေးနှုန်းများ

     ကန့်ဘလူမြို့၊ မြို့မဈေးတွင်ရောင်းချနေသော ငါးခြောက်များမှာ ရန်ကုန်မြို့မှမှာယူရောင်းချ ကြကြောင်း သိရှိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်၏ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့၊ မြို့မဈေးတွင်ရောင်းချနေသော ငါးခြောက်ဈေးနှုန်းများမှာ ငါးရံ့ ခြောက်(လုံး)()ပိဿာလျှင် (၂၈၀၀၀)ကျပ်၊ ငါးကြီးသားခြောက်()ပိဿာလျှင် (၁၀၀၀၀၀)ကျပ်၊ ငါးနီတူခြောက်()ပိဿာလျှင် (၃၂၀၀၀)ကျပ်၊ လသာခြောက်(အချို)()ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ငါးရောင်ခြောက်()ပိဿာလျှင်(၃၇၀၀၀)ကျပ်၊ အာပြဲခြောက်()ပိဿာလျှင်(၃၅၀၀၀)ကျပ်၊ အသား မျှင်ခြောက်()ပိဿာလျှင်(၄၅၀၀၀)ကျပ်၊ ငါးတံခွန်ခြောက်()ပိဿာလျှင်(၂၅၀၀၀)ကျပ်ဖြင့်ရောင်း ချကြောင်း၊ ယခုအခါ အလှူအတန်းများပြုလုပ်ရာတွင် ငါးခြောက်များကို အသုံးပြုကြသဖြင့်အ ရောင်းဝယ်သွက်လျက်ရှိကြောင်း ကန့်ဘလူမြို့၊ မြို့မဈေးအတွင်း ငါးခြောက်ရောင်းချသည့် လုပ်ငန်း ရှင်ထံမှ သိရသည်။

          DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း