Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြည်မြို့တွင် ဂွေးချိုသီးများ အရောင်းသွက်

      ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်အတွင်း ပျဉ်းပင်ကိုင်းကျေးရွာတွင် ဥယျာဉ်ခြံမြေလုပ်ကိုင် သူများသည် နှစ်ရှည်သီးနှံပင်များနှင့် ရာသီပေါ်သီးနှံများအကြားတွင် သီးညှပ်ပင်အဖြစ် ဂွေးချိုသီး ပင်များ စိုက်ပျိုးလျက်ရှိကြပါသည်။စိုက်ပျိုးရရှိသော ဂွေးချိုသီးများကို ပြည်မြို့ပေါ်ရှိ ဈေးများတွင် လာရောက်ရောင်းချကြောင်းသိရပါသည်။ ဂွေးချိုသီးပင်များသည် ရေခံ၊ မြေခံကောင်းသော နေရာ များတွင်သာ စိုက်ပျိုးဖြစ်ထွန်းကြပါသည်။ ဂွေးချိုသီးပင်သည် ရာသီမရွေး အသီးသီးသော အပင်တစ်မျိုး ဖြစ်ပါသည်။ ဂွေးချိုသီးပင်သည် စိုက်ပျိုးရာတွင် မြေဩဇာပေး၍ စနစ်တကျ ပျိုးထောင်ရခြင်း၊ ရေကို လုံလောက်စွာပေး၍ စိုက်ပျိုးရကြောင်း သိရှိရပါသည်။

          ပြည်မြို့၊ ပျဉ်းပင်ကိုင်းကျေးရွာမှ စိုက်ပျိုးရရှိသော ဂွေးချိုသီးများကို ပြည်မြို့ပေါ်ရှိ ဈေးများ တွင် လာရောက်ရောင်းချလျက်ရှိပြီး ဂွေးချိုသီး (၁)လုံးလျှင် အလုံးအရွယ်အစားပေါ်မူတည်ပြီး (၁၅၀ - ၃၀၀)ကျပ်အထိ ရောင်းချလျက်ရှိရာ မိသားစု စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိကြောင်း သိရသည်။

DOCA(ပဲခူး)                                                                                         

 

မိသားစုတစ်နိုင်တစ်ပိုင် ကောက်ရိုးမှိုစိုက်ပျိုးရေးလုပ်ငန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ အမှတ်(၂)ရပ်ကွက်တွင် တစ်နိုင်တစ်ပိုင်ကောက်ရိုးမှို စိုက်ပျိုးခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိနေကြောင်း၊ ထိုသို့ကောက်ရိုးမှိုစိုက်ပျိုး ရာတွင် ၆ပေ ၃ပေရှိ မှိုတစ်ဘောင်ကို မှိုမျိုးစေ့ထုတ်(၄)ထုတ်နှင့် ကုန်ကြမ်းပစ္စည်းများဖြစ်သည့် ထုံး အနည်းငယ်၊ ဂျပ်စက္ကူ(၁၀)ပိဿာခန့်၊ ဖွဲနု၊ နွားချေး (၃)အိတ်၊ ဝါး၊ ဗေဒါပင်နှင့် ကောက်ရိုးတို့အသုံး ပြုရကြောင်း၊ (၁၀)ရက်မြောက်နေ့မှာတော့ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကွက်ဝင်တဲ့ မှိုတွေကို နှုတ်ယူရောင်းချနိုင်ပါကြောင်း၊ ကိုယ့်မိသားစုအတွက်လည်း ဟင်းတစ်ခွက်ဖြစ်တာကြောင့် အိမ်ခြံဝင်းကျယ်ပြီး မြေပိုရှိတဲ့ သူတွေအနေနဲ့ ကောက်ရိုးမှိုကို စီးပွားဖြစ်မဟုတ်တောင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးသင့်ကြောင်း သိရသည်။

   ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင်ကောက်ရိုးမှိုတစ်ပိဿာလျှင် လက်လီဈေး(၉၀၀၀)ကျပ်၊ လက်ကားဈေး (၈၅၀၀)ကျပ်နှင့် (၅၀)ကျပ်သားလျှင် (၄၃၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျှက်ရှိကြောင်း စိုက်ပျိုးသူဦးဝင်းဦးထံမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)

 

 

ပြည်မြို့၊ မြို့မစည်ပင်သာယာဈေးရှိ ငရုတ်သီးစိမ်း ဈေးနှုန်း

        ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့၊ မြို့မစည်ပင်သာယာဈေးကြီး၌ ရာသီပေါ် သီးနှံများ ဖြစ်ကြသည့် ခရမ်းသီး၊ ပဲတောင့်ရှည်သီး၊ ရုံးပတီသီး၊ မုန်လာဥ၊ ပန်းဂေါ်ဖီ၊ ခါကြက်ဥ၊ ဂေါ်ရခါးသီးအပြင် ငရုတ်သီးစိမ်းများ ရောင်းချလျက်ရှိပြီး စားသုံးသူများ၊ စားသောက်ဆိုင်များနှင့် ထမင်းဆိုင်များမှ နေ့စဉ် ဝယ်ယူလျက်ရှိကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ၊ ဒုတိယပတ်အတွင်း ငရုတ်သီးစိမ်းဈေးနှုန်းများမှာ လက်လီ (၁)ပိဿာလျှင် (၃၅၀၀)၊ လက်ကား(၁)ပိဿာလျှင် (၃၃၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ငရုတ်သီးစိမ်းကို မြို့ပေါ်ရပ်ကွက်များနှင့် ပြည်မြို့နယ်အတွင်းရှိ ကျေးရွာများမှ လာရောက် ရောင်းချကြောင်း သိရသည်။

DOCA(ပဲခူး)                                

ပြည်ငွေနှင်းမှုန်မှို ဈေးကွက်

     ပြည်ဈေးကွက်အတွင်း ငွေနှင်းမှုန်မှိုသည် တစ်နှစ်ပတ်လုံးထွက်ရှိသည့် မှိုအမျိုးအစားဖြစ်ပြီး ပြည်မြို့ပေါ် ရပ်ကွက်အစုံနှင့် နယ်ဘက်၊ ရွာဘက်နေရာစုံတို့တွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုး ရောင်းချကြကြောင်း သိရှိရသည်။ ပြည်လက်လီဈေးများသို့ တစ်ပတ်လျှင် နေ့စဉ် (၈)ပိဿာ၊ အချိန် (၂၀)ခန့်အဝင်ရှိပြီး ဈေးကွက်အတွင်း အဝင်ရှိသလောက် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။ ငွေနှင်းမှုန်မှိုကို ကန်စွန်းရွက်နှင့်ရော၍ ကြော်စားခြင်းဖြင့်လည်းကောင်း၊ ငရုတ်သီးစိမ်း၊  မျှင်ငပိနှင့် အစပ်ဟင်းချက်၍လည်းကောင်း၊ ချက်ပြုတ်စားသောက်ကြပြီး သတ်သတ်လွတ်သမားများ အတွက်လည်း အကြိုက်တွေ့စေမဲ့ဟင်းလျာတစ်မျိုးဖြစ်ပါသည်။ ဈေးနှုန်းများမှာ ငွေနှင်းမှုန်မှို (၁၀)ကျပ်သားလျှင် ယခင်နှစ်တွင် (၆၀၀ - ၈၀၀)ကျပ်နှုန်းမှ ယခုနှစ်တွင် ကျပ် (၁၀၀၀-၁၂၀၀)နှုန်းဖြင့် ရောင်းချကြောင်း သိရပါသည်။

DOCA(ပဲခူး)                                         

ကန့်ဘလူမြို့၏ ဒေသထွက် ငါးရံ့ခြောက်နှင့် ဆည်ပုဇွန်ခြောက်ဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊ မြို့မဈေးတွင် အသားငါးအမျိုးစုံအပြင် ရေထွက် ကုန်ပစ္စည်းဖြစ်သော ငါးရံ့ခြောက်နှင့် ပုဇွန်ခြောက်များကိုလည်း ရောင်းချလျက်ရှိပါသည်။ ယခုအခါ  ငါးရံ့ခြောက်နှင့် ပုဇွန်ခြောက်များကို  ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်အတွင်းရှိဆည်များမှ ဝင်ရောက်လျက်ရှိပြီး ငါးရံ့ခြောက်နှင့် ပုဇွန်ခြောက်များကို ဒေသထွက်ကုန်တစ်ခုအနေဖြင့်ထုတ်လုပ် ရောင်းချလျက်ရှိပါသည်။ ငါးရံ့ခြောက်နှင့် ပုဇွန်ခြောက်များကို အသိမိတ်ဆွေများအားလက် ဆောင်ပေးခြင်းအတွက်သော်လည်းကောင်း၊ ကိုယ်တိုင်စားသုံးရန်အတွက်သော်လည်းကောင်းဝယ် ယူကြကြောင်း၊ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း ရောင်းချလျက်ရှိသော ငါးရံ့ ခြောက်နှင့် ပုဇွန်ခြောက်ဈေးနှုန်းများမှာ ငါးရံ့ခြောက်(၁)ပိဿာလျှင်(၆၅၀၀၀)ကျပ်၊ ငါးရံ့ခြောက် (၅၀)ကျပ်သားလျှင် (၃၃၀၀၀)ကျပ်၊ ငါးရံ့ခြောက်(၂၅)ကျပ်သားလျှင် (၁၆၅၀၀)ကျပ်နှင့် ပုဇွန် ခြောက်အသေး (၁)ဘူးလျှင်(၂၅၀၀)ကျပ်၊ ပုဇွန်ခြောက်အသေး(၁)ပြည်လျှင်(၂၀၀၀၀)ကျပ်၊ ပုဇွန် ခြောက်အကြီး(၁)ဘူးလျှင် (၄၅၀၀)ကျပ်၊ ပုဇွန်ခြောက်အကြီး(၁)ပြည်လျှင် (၃၆၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါး၊ ပုဇွန်ရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့၌ ရောင်းချနေသော အသားတုနှင့် ကြွက်နားရွက်မှိုခြောက်ဈေးနှုန်း

     စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အနေဖြင့်ဒေသ တွင်းစိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ဈေးကွက်အ ခြေအနေတို့အား ရေးသားတင်ပြလျက်ရှိရာ ယခုအခါ ကန့်ဘလူမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသည့် အသားတုနှင့် ကြွက်နားရွက်မှိုခြောက်တို့ကို  ရွှေဘိုမြို့ရှိ လက္ကားဆိုင်များမှ ဝယ်ယူရောင်းချကြောင်း သိရသည်။

     ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ တတိယပတ်တွင် ရောင်းချနေသော အသားတုနှင့် ကြွက်နားရွက်မှိုခြောက်ဈေးနှုန်းတို့မှာ အသားတု()ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၀၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင်(၂၀၀၀)ကျပ်၊ ကြွက်နားရွက်မှိုခြောက်()ပိဿာလျှင် (၅၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၅၀၀၀)ကျပ်နှင့် (၁၀)ကျပ်သားလျှင်(၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ အသားတုနှင့် ကြွက်နားရွက်မှိုခြောက်များကို ကြာဇံချက်ဆိုင်များ၊ အကင်ဆိုင်များနှင့် တုတ်ထိုးဆိုင်များမှ အများဆုံးဝယ်ယူကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း ကုန်စုံဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

မြန်မာ့ရိုးရာ အစားအစာမုန့်ကျွဲသည်း

    မုန့်ကျွဲသည်းသည် မြန်မာ့ရိုးရာအစားအစာဖြစ်ပြီး မုန့်ကျွဲသည်းကို လူမျိုးဘာသာမရွေး စားသုံးကြသော အစားအစာဖြစ်သည်။ ဆန်ကို အခြေခံပြီးပြုလုပ်သည့်အတွက် ကျန်းမာရေးနှင့် ညီညွတ်ပြီးဘေးဥပါဒ်အန္တရာယ်ကင်းရှင်း၍ လူတိုင်းကြိုက်နှစ်သက်သော အစားအစာတစ်မျိုးဖြစ်သည်။ မုန့်ကျွဲသည်းများကို ဆန်မှုန့်၊ ထန်းလျက်(သို့မဟုတ်)သကြား၊ ဆီ၊ ဆား၊ ထုံးရည်ကြည်တို့ဖြင့် ကျိုချက်ရကြောင်း၊  ထန်းလျက်ဖြင့် ကျိုချက်ပါက အညိုရောင်ရရှိပြီး သကြားဖြင့်ကျိုချက် ပါကအဖြူရောင်ကိုရရှိကြောင်း၊ အုန်းသီးအဖက်ကလေးများကို အပေါ်မှဖြူးပေးရကြောင်း သိရှိရပါသည်။  ကန့်ဘလူမြို့၊ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း ရောင်းချလျက်ရှိသော မုန့်ကျွဲသည်းဈေးနှုန်းမှာ မုန့်ကျွဲသည်း(၁၀)ကျပ်သားလျှင်(၁၀၀၀)ကျပ်၊ မုန့်ကျွဲသည်း(၅၀)ကျပ်သား လျှင်(၄၈၀၀)ကျပ်၊ မုန့်ကျွဲသည်း()ပိဿာလျှင်(၉၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း၊မုန့်ကျွဲသည်းသည် အာဟာရဖြစ်သောမုန့် တစ်မျိုးဖြစ်သဖြင့် ကလေး၊လူကြီးမရွေးကြိုက် နှစ်သက်သောကြောင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။                                                                                                                            

DOCA(စစ်ကိုင်း)

                                                                                                                                                                  

အညာဒေသထွက် မြေပဲယိုဈေးနှုန်း အနည်းငယ်မြင့်တက်

     စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အနေဖြင့် ဒေသတွင်း စိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေ တို့အား ရေးသားတင်ပြလျက်ရှိရာ ယခုအခါ ကန့်ဘလူမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင်ရောင်းချလျက် ရှိသည့် မြေပဲယိုများကို ကန့်ဘလူမြို့နယ်မှထွက်ရှိသလို ရွှေဘိုမြို့ရှိလက္ကားဆိုင်များမှ ဝယ်ယူရောင်း ချကြောင်း သိရသည်။

         ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေ သောမြေပဲယိုဈေးနှုန်းမှာ (၁)ပိဿာလျှင်(၉၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၄၅၀၀)ကျပ်၊ (၁၀) ကျပ်သားလျှင်(၁၀၀၀)ကျပ်နှင့် အသင့်ထုတ်ပြီး(၁)ထုတ်လျှင် (၁၆၀၀)ကျပ်ဈေးနှုန်းတို့ဖြင့်ရောင်းချ ကြောင်း၊ ယခင်ဒုတိယပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း မြေပဲယို(၁)ပိဿာလျှင် (၅၀၀)ကျပ်မြင့်တက်လျက်ရှိကြောင်း သိရသည်။

DOCA (စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော ပဲစောင်းလျားသီးဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများဖြစ်သော ခဝဲသီး၊ ရွှေဖရုံသီး၊ ကန့်လန့်ဖူး၊ မုံညှင်းရွက်၊ ခရမ်းကဆော့သီး၊ ကြက်ဟင်းခါးသီး၊  ခရမ်းသီးများ ရောင်းချလျက်ရှိရာ ယခုအခါ ပဲစောင်းလျားပင်များကို နေအိမ်ခြံဝင်းများတွင်လည်းကောင်း၊ ယာ ကွက်ခြံစည်းရိုးများတွင်လည်းကောင်း စိုက်ပျိုး၍ ရောင်းချလျက်ရှိကြောင်းသိရသည်။ ပဲစောင်းလျား သီးများကို သုပ်စား၊ချက်စား၊ ငပိရည်နှင့်တွဲဖက်၍လည်း အမျိုးမျိုးပြုလုပ်၍ စားသုံးကြကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ပဲစောင်းလျား သီးများကို ကန့်ဘလူမြို့ပေါ်၊နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများမှဝယ်ယူ၍ ရောင်းချ လျက်ရှိကြောင်း၊ ပဲစောင်းလျားသီး()တောင့်ပါ ()စည်းလျှင် (၅၀၀)ကျပ်၊ ()စည်းလျှင် (၁၃၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့မဈေးရှိ ပဲပင်ပေါက်နှင့် ပဲချဉ်ဈေးနှုန်း

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုးရောင်း ချသည့်အပြင်၊ ဒေသထွက် ရိုးရာလက်လုပ်ချဉ်များ ပြုလုပ်ရောင်းချပြီး မိသားစုစားဝတ်နေရေးအတွက် အထောက်အပံ့များရရှိကာ အဆင်ပြေလျက်ရှိကြောင်း၊ ပဲပင်ဖောက်ရာတွင် ပဲတီစိမ်းနှင့် မတ်ပဲတို့ကို အသုံးများကြောင်း၊ အသုံးပြုမည့်ပဲကို ကြိုတင်ရေစိမ်ထားရကြောင်း၊ ရရှိလာသောပဲပင်ပေါက်များကို သန့်ရှင်းအောင်ပြုလုပ်ပြီး ပဲချဉ်ပြုလုပ်ရကြောင်း သိရှိရသည်။

        ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့၊ မြို့မဈေး၌ဖြစ်ပေါ်နေသော ပဲပင်ပေါက်ဈေးနှုန်းမှာ ပဲပင်ပေါက် လက္ကားတစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ လက်လီတစ်ပိဿာလျှင် (၃၅၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင်(၃၅၀)ကျပ်နှင့် ပဲချဉ်လက္ကားတစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ လက်လီ တစ်ပိဿာလျှင် (၃၂၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၆၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း၊ ပဲပင်ပေါက်နှင့် ပဲချဉ်ရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA (စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း