Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မြို့သစ်မြို့နယ်၊ ကွင်းကျေးရွာ၌ ဆောင်းမြေပဲများ လှိုင်လှိုင်ထွက်ပေါ်၍ အရောင်းအဝယ်ဖြစ်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် စပါး၊ နှမ်း၊ မြေပဲ၊ နေကြာ၊ ဝါနှင့် ပဲမျိုးစုံတို့ကို အဓိကထား စိုက်ပျိုးလျက်ရှိပြီး ကွင်းကျေးရွာတွင် ဆောင်းမြေပဲစိုက်ဧက (၁၂၀)ခန့် စိုက်ပျိုးထားကြောင်း သိရသည်။
ဆောင်းမြေပဲကို မိုးနှမ်းရိတ်သိမ်းပြီးသည့် စိုက်ခင်းမြေများတွင် ထွန်ယက်၍ ဩဂုတ်လတွင်စိုက်ပျိုးပြီး အောက်တိုဘာလကုန်တွင် လှိုင်လှိုင်ထွက်ပေါ်လျက်ရှိကြောင်း၊ မျိုးအနေဖြင့် ဗီယက်နမ် (မြေပဲဆံဖြူ)၊ စွန်တာနီ(မြေပဲဆံနီ)ဖြစ်ပြီး စွန်တာနီ(မြေပဲဆံနီ)မျိုးကို အများဆုံးစိုက်ပျိုးကြောင်း၊ တစ်ဧကလျှင် စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် ငွေကျပ် ၈၀၀၀၀၀ ခန့် ကုန်ကျပြီး အထွက်တင်း ၅၀-၆၀ တင်း ခန့်ထွက်ရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့် ငွေကျပ် ၇၀၀၀၀၀ ခန့် ရရှိကြောင်း သိရသည်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်တွင် မြေပဲတောင့်တစ်တင်းလျှင် ငွေကျပ် ၂၂၀၀၀-၂၅၀၀၀ ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ထွက်ရှိသည့်ဆောင်းမြေပဲများကို မကွေးမြို့ရှိ သီးနှံပွဲရုံများသို့ တင်ပို့ရောင်းချပြီး ထိုမှတဆင့် ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့လည်းကောင်း၊ ဒေသတွင်းရှိ ဆီစက်လုပ်ငန်းရှင်များနှင့် မြေပဲကို တန်ဖိုးမြှင့်ထုတ်ကုန် (Value Added) ပြုလုပ်၍ ပြန်လည်ရောင်းချသည့် လုပ်ငန်းရှင်များမှလည်းကောင်း ဝယ်ယူကြကြောင်း၊ ယခုနှစ်တွင် မိုးရွာသွန်းမှုများပြီး အထွက်နှုန်းအနည်းငယ်လျော့နည်းသော်လည်း ဈေးကောင်းရသောကြောင့် ထိုက်သင့်သည့အကျိုးအမြတ်များရရှိကြောင်း၊ မြေပဲပင်များကို အခြောက်ခံနေလှန်း၍ တိရိစ္ဆာန်အစာအဖြစ် အသုံးပြုနိုင်သဖြင့် တိရိစ္ဆာန်အစာဖူလုံမှုရှိသည့် သီးနှံဖြစ်သောကြောင့် တောင်သူများအနေဖြင့် နှစ်စဉ်တိုးချဲ့ စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မကွေး)

အင်္ဂပူမြို့နယ် မိုး(ကောက်စော)စပါး ဈေးကွက်အခြေအနေ

    ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် နှစ်စဉ် မိုးစပါးစိုက်ဧက (၁၁၇၅၁၂)ဧက စိုက်ပျိုးလျက်ရှိပြီး၊ အောက်တိုဘာလနောက်ဆုံးပတ်တွင် စတင်ရိတ်သိမ်းလျက် ရှိပါ သည်။ ထွက်ရှိလာသော စပါးများကို ဒေသအတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

     အင်္ဂပူမြို့နယ်အတွင်းရှိ စပါးဈေးကွက်တွင် ယခင်နှစ် မိုးစပါး(၅၅ ပေါင်) တင်း ၁၀၀ လျှင် ၁၄၅၀၀၀၀/-ကျပ် မှ ၁၅၀၀၀၀၀/- ကျပ် ဈေးနှုန်းဖြင့်သာ အရောင်းအဝယ်ဖြစ်ပြီး၊ ယခု ၂၀၂၄ ခုနှစ်တွင် မိုးစပါး (၅၅ ပေါင်)တင်း ၁၀၀ လျှင် ၁၇၅၀၀၀၀ ကျပ် မှ ၁၇၆၀၀၀၀ ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခင်နှစ်ဈေးနှုန်းဖြင့် ကာလတို နှိုင်းယှဉ်ပါက စပါးတင်း ၁၀၀ လျှင် ၃၀၀၀၀၀/- ကျပ် ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း အင်္ဂပူမြို့နယ် ဆန်စပါးကုန်သည်များထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဝါးတန်းဆန်စပါးကုန်စည်ဒိုင်သို့ နေ့စဉ်ဆန်ဝင်ရောက်မှုစာရင်း

ဝါးတန်းဆန်စပါးကုန်စည်ဒိုင်သို့ (၃၀-၁၀-၂၀၂၄) ရက်နေ့မှ (၄-၁၁-၂၀၂၄) ရက်နေ့ထိ ဆန်ဝင်ရောက်မှုစာရင်းများမှာ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံ၊ မြောင်းမြ၊ ဘိုကလေး၊ လပွတ္တာ၊ မော်ကျွန်း၊ ကျိုက်လတ်၊ ဟင်္သာတ၊ ဓနုဖြူ၊ ပန်းတနော်၊ ညောင်တုန်း၊ အဖျောက်၊ အသုတ်မြို့နယ်များမှ ပေါ်ဆန်းမွှေး (၁၇၉၈၃) အိတ်၊ ပေါ်ကျွဲ (၅၇၃၇) အိတ်၊ ဧည့်မထ (၅၄၅၀၂) အိတ်၊ ဆန်ကွဲ (၁၄၀၈၇) အိတ်ဝင်ရောက်ခဲ့ပြီး ပဲခူးတိုင်း (အရှေ့) ကျောက်တံခါး၊ ညောင်လေးပင်၊ ဖြူးမြို့နယ်များမှ ဧည့်မထ (၆၆၆၅) အိတ်နှင့် ပဲခူးတိုင်း (အနောက်) မြို့နယ်များဖြစ်သော သာယာဝတီ၊ သုံးဆယ်၊ လက်ပံတန်း၊ ကြို့ပင်ကောက် မြို့နယ်များမှ ဧည့်မထ (၂၀၇၂၆)အိတ်၊ ငစိန် (၁၁၄၀) အိတ်နှင့် ရန်ကုန်တိုင်း ပြင်ပမြို့နယ်များဖြစ်သော ကော့မှူး၊ လက်ခုတ်ကုန်း၊ ပျော်ဘွယ်၊ တိုက်ကြီး၊ ခရမ်း၊ သုံးခွ၊ ဥက္ကံမြို့နယ်များမှ ဧည့်မထ (၁၆၇၀၀) အိတ်တို့ဝင်ရောက်မှုရှိကြောင်း ဝါးတန်းဆန်စပါးကုန်စည်ဒိုင်၏ ပြောကြားချက်အရသိရှိရပါသည်။
DOCA(ရန်ကုန်)

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော သဘာဝဒေသထွက်ကုန်ဈေးနှုန်းများ

၄-၁၁-၂၀၂၄ ရက်နေ့၊ ကုန်စည်ဒိုင်တွင်ဖြစ်ပေါ်ခဲ့သော ထန်းလျက်တစ်ပိဿာဈေးနှုန်းများမှာ တောင်သာ၊ မလိုင်(ဒုံး) သစ် အနိမ့်ဆုံးဈေး ကျပ်၆၄၀၀မှ အများဆုံး ကျပ်၆၆၀၀၊ ညောင်ဦးဆေးရှယ် ကျပ် ၇၂၀၀၊ ညောင်ဦးဆေးရှယ်(ထန်းရော) အနိမ့်ဆုံးဈေး ကျပ်၅၀၀၀မှ အများဆုံး ကျပ်၅၁၀၀၊ ပခုက္ကူကြမ်း ကျပ် ၆၆၀၀၊ ရေစကြိုထန်းလျက် ကျပ်၇၅၀၀၊ ကြံသကာ(ရှမ်း) အနိမ့်ဆုံးဈေး ကျပ်၃၀၀၀ မှ အများဆုံး ကျပ်၃၁၀၀၊ ကြံသကာ(သကြားရော) ကျပ်၅၄၀၀၊ မန်ကျည်းသီးများဖြစ်သော မန်းကျည်းသီးပွင့်ကပ် အနိမ့်ဆုံးဈေး ကျပ်၃၀၀၀မှ ကျပ်၃၆၀၀၊ မန်းကျည်းသီးအသား အနိမ့်ဆုံးဈေး ကျပ်၉၀၀၀မှ ကျပ်၁၁၀၀၊ ပြည်တွင်းသကြား အနိမ့်ဆုံးဈေး ကျပ်၄၈၀၀မှ ကျပ်၅၁၀၀တို့ အသီးသီးဖြစ်ကြောင်း ကုန်စည်ဒိုင်မှ သတင်းရရှိပါသည်။
DOCA(ရန်ကုန်)

ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ရေထွက်ကုန်ပစ္စည်းဈေးနှုန်းများ

၄-၁၁-၂၀၂၄ ရက်နေ့၊ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ရေထွက်ကုန်ပစ္စည်းများ၏ တစ်ပိဿာဈေးနှုန်းများမှာ ဖျာပုံရွှေပုစွန်ရှယ်မှာ ကျပ်၁၆၀၀၀၀၊ ဖျာပုံရွှေပုစွန်ရိုးရိုး ကျပ်၁၀၀၀၀၀၊ ဖျာပုံချိုကြီးရှယ် ကျပ်၈၀၀၀၀၊ ဖျာပုံချိုကြီးရိုးရိုး ကျပ်၇၅၀၀၀၊ ဖျာပုံချိုသေးရှယ်ကျပ်၅၀၀၀၀၊ ဖျာပုံချိုသေးရိုးရိုး ကျပ်၃၅၀၀၀ ၊မြိတ်ပုစွန်လတ် ကျပ်၅၅၀၀၀၊ မြိတ်ပုစွန်ရိုးရိုး ကျပ်၆၅၀၀၀၊ ရေချိုငါးခြောက်များဖြစ်ကြသော ငါးကျည်းကြပ်တိုက်ကြီး ကျပ်၇၀၀၀၀၊ ငါးကြည်းကြပ်တိုက်သေး ကျပ်၆၀၀၀၀၊ ငါးမြွေထိုး ကျပ်၄၀၀၀၀ ၊ ငါးရံ့ခြောက်ကြီး ကျပ်၆၀၀၀၀၊ ငါးရံ့ခြောက်လတ် ကျပ်၅၅၀၀၀၊ ငါးရံ့လုံး ကျပ်၄၅၀၀၀၊ ရေငန်ငါးခြောက်များဖြစ်ကြသော ကလိန် ကျပ်၁၀၀၀၀၊ ငါးကွမ်းရှပ် ကျပ်၄၀၀၀၀၊ ငါးတံခွန်မျှင်ကြီး ကျပ်၁၂၀၀၀၊ ငါးတံခွန်လုံး ကျပ်၆၀၀၀၊ ငါးနှပ်ချို ကျပ်၁၂၀၀၀၊ ငါးရွှေသေး ကျပ်၁၀၀၀၀၊ ငါးမီးတံသွယ် ကျပ်၇၀၀၀ ဈေးတို့အသီးသီးရှိကြကြောင်း ကုန်စည်ဒိုင်မှ စုံစမ်းသိရှိရပါသည်။
DOCA(ရန်ကုန်)

ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ကြက်သွန်နီဝင်ရောက်ရာဒေသများနှင့် ဈေးနှုန်းများ

ရန်ကုန်တိုင်းဒေသကြီးသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ဝင်ရောက်လာသည့် ကြက်သွန်နီများသည် အနောက်ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနကွပ်ကဲမှုအောက်ရှိ ဘုရင့်နောင် ကုန်စည်ဒိုင်သို့ နေ့စဉ်မော်တော်ယာဉ်များဖြင့် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံများ၏ ကြက်သွန်နီလက်ကျန်အခြေအနေများအား အမှန်ကန်ဆုံးသိရှိနိုင်ရန်အတွက် ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ ကြက်သွန်နီပွဲရုံ (၄၀) အနက် Random စနစ်ဖြင့် ပွဲရုံ (၁၀) ရုံအား မေးမြန်းချက်များအရလည်းကောင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ နေ့စဉ်ဝင်ရောက်မှုစာရင်းများအရလည်းကောင်း၊ ကြက်သွန်နီလက်ကျန်အခြေအနေအား နေ့စဉ်စုံစမ်းလျက်ရှိပါသည်။ အောက်တိုဘာလ (၂၆) ရက်နေ့မှ နိုဝင်ဘာလ (၂) ရက်နေ့အထိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်ရာဒေသများဖြစ်သည့် ဆိပ်ဖြူ၊ မြင်းခြံ၊ မြင်းခြံ(ကံဆင့်) ဒေသတို့မှ ကြက်သွန်နီ (၆၄၂၀၀၀) ပိဿာဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့် ပြန်လည်စီးထွက်မှုရှိကြောင်းသိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီလက်ကျန်မှာ (၂၅၆၈၀၀) ပိဿာကျန်ရှိကြောင်း ကုန်စည်ဒိုင်သတင်းအရသိရှိရသည်။ ဆိပ်ဖြူကြက်သွန်နီ (အသစ်) အချောတစ်ပိဿာလျှင် ကျပ်၂၅၀၀၊ အသန့်မှာ တစ်ပိဿာလျှင် ကျပ်၃၅၀၀၊ အကြီးမှာ ကျပ်၄၀၀၀၊ ရှယ်မှာ ကျပ်၄၄၀၀၊ မြင်းခြံကြက်သွန်နီ (အသစ်) အချောတစ်ပိဿာလျှင် ကျပ်၂၅၀၀၊ အသန့်မှာ တစ်ပိဿာလျှင် ကျပ်၃၅၀၀၊ အကြီးမှာ ကျပ်၄၀၀၀၊ ရှယ်မှာ ကျပ်၄၄၀၀၊ မြင်းခြံ(ကံဆင့်)ကြက်သွန်နီ(အသစ်) အချောတစ်ပိဿာလျှင် ကျပ်၂၈၀၀၊ အသန့်မှာ တစ်ပိဿာလျှင် ကျပ်၃၉၀၀၊ အကြီးမှာ ကျပ်၄၂၀၀၊ ရှယ်မှာ ကျပ်၄၈၀၀ ဈေးတို့အသီးသီးရှိကြောင်း စုံစမ်းသိရှိရပါသည်။
ယခင်အပတ်နှင့် ယခုအပတ် ကြက်သွန်နီဈေးနှုန်းများကိုနှိုင်းယှဉ်ရာတွင် ဈေးနှုန်းများမှာ ယခင်အပတ်ထက် မြှင့်တက်မှုများရှိကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)

ဘုရင့်နောင်ပွဲရုံရှိ ကြက်သွန်ဖြူ/ နီဈေးနှုန်းများ

၄-၁၁-၂၀၂၄ ရက်နေ့ ဘုရင့်နောင်ကုန်စည်ဒိုင်တွင်ဖြစ်ပေါ်ခဲ့သော ကြက်သွန်ဖြူတစ်ပိဿာဈေးနှုန်းများမှာ အောင်ပန်းထူး-၂ ကျပ်၁၃၅၀၀၊ အောင်ပန်းထူး-၃ ကျပ်၁၄၅၀၀၊ အောင်ပန်းထူး-၄ ကျပ်၁၅၅၀၀၊ အောင်ပန်းထူး-၅ ကျပ်၁၆၅၀၀၊ ကြက်သွန်နီဈေးနှုန်းများမှာ ဆိပ်ဖြူရှယ် ကျပ်၄၄၀၀၊ ဆိပ်ဖြူလတ်ကြီး ကျပ်၄၁၀၀၊ ဆိပ်ဖြူလတ်သန့် ကျပ်၃၆၀၀၊ ဆိပ်ဖြူလတ်ချော ကျပ်၂၆၀၀၊ မြင်းခြံရှယ် ကျပ်၄၄၀၀၊ မြင်းခြံလတ်ကြီး ကျပ်၄၁၀၀၊ မြင်းခြံလတ်သန့် ကျပ်၃၆၀၀၊ မြင်းခြံလတ်ချော ကျပ်၂၆၀၀၊ မြင်းခြံ(ကံဆင့်)ရှယ် ကျပ်၄၅၀၀၊ မြင်းခြံလတ်ကြီး(ကံဆင့်) ကျပ်၄၃၀၀၊ မြင်းခြံလတ်သန့်(ကံဆင့်) ကျပ်၃၈၀၀၊ မြင်းခြံလတ်ချော(ကံဆင့်) ကျပ်၂၉၀၀၊ ပခုက္ကူရှယ် ကျပ်၄၃၀၀၊ ပခုက္ကူလတ်ကြီး ကျပ်၄၀၀၀၊ ပခုက္ကူလတ်သန့် ကျပ်၃၅၀၀၊ ပခုက္ကူလတ်ချော ကျပ်၂၅၀၀ဈေးတို့ အသီးသီးရှိကြကြောင်း ကုန်စည်ဒိုင်မှ စုံစမ်းသိရှိရပါသည်။
DOCA(ရန်ကုန်)

မန္တလေးမြို့အတွင်းရှိ ကြက်သွန်နီဈေးနှုန်းဈေးကွက်အခြေအနေ

      ကြက်သွန်နီထွက်ရှိရာ ဒေသများဖြစ်ကြသည့် မြင်းခြံ၊ ပခုက္ကူ၊ မြစ်သား၊ မိတ္ထီလာ၊ ကျောက်ဆည်ခရိုင်များမှ ကြက်သွန်နီများ မန္တလေးမြို့အတွင်းသို့ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ယခုအပတ်တွင်မူ မုံရွာ၊ မြင်းမူ၊ ပခုက္ကူနှင့် မြင်းခြံမြို့များမှ ကြက်သွန်နီ(၄၀၀၀၀)ပိဿာဝန်းကျင် ဝင်ရောက်မှုရှိပြီး ပွဲရုံများနှင့် လက်လီရောင်းချသူများ၊ စားသောက်ဆိုင်လုပ်ငန်းများ၊ ကြက်သွန်နီ ကြော်လုပ်ငန်းများမှ အဓိကမှာယူမှုရှိကြောင်း တောင်သူများထံမှ သိရှိရသည်။ ယခင်နှစ် ကြက်သွန်နီ ဈေးနှုန်းမှာ အရွယ်အစားအလိုက်  တစ်ပိဿာလျှင် ၁၅၀၀-၂၀၀၀-၂၅၀၀ ကျပ်ရှိခဲ့ပြီး ယခုနှစ်တွင် တစ်ပိဿာလျှင် ၃၀၀၀ မှ ၃၅၀၀ ကျပ်အထိရှိရာ ယခုနှစ်တွင် မိုးကြက်သွန်နီ အသစ်ထွက်ချိန် နောက်ကျသည့်အတွက် ကြက်သွန်နီဈေးမြင့်တက်လာခြင်းဖြစ်ကြောင်း စိုက်ပျိုးတောင်သူများထံမှ သိရှိရသည်။

DOCA(မန္တလေး)

 

ဘုရင့်နောင်ကုန်စည်ဒိုင်တွင်ဖြစ်ပေါ်ခဲ့သော ငြုပ်သီးဈေးနှုန်းများ

      ၄-၁၁-၂၀၂၄ ရက်နေ့၊ ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငြုပ်သီးတစ်ပိဿာဈေးနှုန်းများမှာ ပန်းရဲ အမြင့်ဆုံးဈေး ကျပ်၆၅၀၀မှ  အနိမ့်ဆုံးဈေး ကျပ်၆၀၀၀၊ မြှားနီ အမြင့်ဆုံးဈေး ကျပ်၆၀၀၀မှ အနိမ့်ဆုံးဈေး ကျပ်၅၅၀၀၊ ပန်းရဲ/မြှားနီ(AC) အမြင့်ဆုံးဈေး ကျပ်၁၁၀၀၀မှ အနိမ့်ဆုံးဈေး ကျပ်၁၀၀၀၀၊ ပန်းတနော်(ရှည်) အမြင့်ဆုံးဈေး ကျပ်၅၅၀၀မှ အနိမ့်ဆုံးဈေး ကျပ်၅၀၀၀၊ မိုးထောင် မြစ်ဝ အမြင့်ဆုံးဈေး ကျပ်၁၂၀၀၀မှ အနိမ့်ဆုံးဈေး ကျပ်၁၀၀၀၀၊ ဆင်ဖြူကျွန်း(ပု) အမြင့်ဆုံးဈေး ကျပ်၁၄၀၀၀ မှ အနိမ့်ဆုံးဈေး ကျပ်၁၂၀၀၀၊ မြစ်ဝ (ပု) အမြင့်ဆုံးဈေး ကျပ်၁၀၅၀၀မှ အနိမ့်ဆုံးဈေး ကျပ်၁၀၀၀၀တို့ အသီးသီးဖြစ်ကြောင်း ကုန်စည်ဒိုင်မှ သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

ကန့်ဘလူမြို့နယ်၏ မတ်ပဲဈေးနှုန်း၊ဈေးကွက် အခြေအနေ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါးနှင့် ဆီထွက်သီးနှံများအပြင် ပဲမျိုးစုံကိုလည်း စိုက်ပျိုးကြောင်း သိရသည်။ ယခုအခါ မတ်ပဲသီးနှံများ ဈေးကွက်အတွင်း ဝင်ရောက်လျက်ရှိပြီး နိုဝင်ဘာလဒုတိယပတ်အတွင်း ဈေးနှုန်းများမှာ မတ်ပဲထွက်တိုးတစ်တင်းလျှင် (၁၀၂၀၀၀)ကျပ်၊ မတ်ပဲ(ဂျပန်)တစ်တင်းလျှင် (၉၈၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှထွက်ရှိသော မတ်ပဲများကို ရွှေဘိုမြို့နှင့် မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

     မတ်ပဲသီးနှံများသည် ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများမှ အဓိကဝင်ရောက်လျက်ရှိပြီး နိုဝင်ဘာလပထမပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ဈေးနှုန်းတည်ငြိမ်ပြီး ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သီးနှံရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း