Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော တို့ဟူးစိမ်း နှင့် တို့ဟူးခြောက် ဈေးနှုန်း

                 ကျွန်းလှမြို့၊ ပိ‌တောက်မြိုင်ဈေးထဲတွင် ကုန်စိမ်းသီးနှံနှင့် တွက်ဖက်၍ ပဲရေဖွှ၊ တို့ဟူးစိမ်း တို့ကိုပါ လုပ်ကိုင်ရောင်းချလျက်ရှိပါသည်။

       စက်တင်ဘာလ စတုတ္ထပတ်အတွင်း ပိတောက်မြိုင်ဈေး၌ ရောင်းချနေသော တို့ဟူးစိမ်း ဈေးနှုန်းများမှာ တို့ဟူးစိမ်း တစ်ပိဿာလျှင်(၃၀၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၅၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၈၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ‌လည်းကောင်း၊ တို့ဟူးခြောက် တစ်ပိဿာ (၁၄၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၇၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၃၅၀၀) ကျပ် နှင့် (၁၀)ကျပ်သားလျှင်(၁၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်ရောင်းချလျက်ရှိပြီး ဈေးအနည်းငယ်ကျဆင်း လျက်ရှိကြောင်း သိရသည်။       

DOCA (စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော စက်သုံးဆီဈေးနှုန်းများ

             မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေ ဖြင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြို့ကြီးများ၏ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ် သတ် မှတ်ထုတ်ပြန် ပေးလျက်ရှိပါသည်။

           စက်တင်ဘာလ စတုတ္ထပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ Octane(92) တစ်လီတာလျှင်(၃၁၀၃)ကျပ်၊ ဓါတ်ဆီ Octane(95)တစ်လီတာလျှင်(၃၁၆၅)ကျပ်၊ ဒီဇယ်(ရိုးရိုး)HSD တစ်လီတာလျှင် (၂၇၆၁)ကျပ် နှင့် ဒီဇယ် (ပရီမီယမ်)PHSDတစ်လီတာလျှင်(၃၃၅၄)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက် ရှိသောကြောင့် ယခင် အပတ်နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက စက်သုံးဆီဈေး 92တစ် လီတာလျှင်(၂၆)ကျပ်၊ 95တစ်လီတာလျှင်(၁၂)ကျပ် နှင့် ဒီဇယ်(ပရီမီယမ်) PHSDတစ်လီတာ လျှင်(၅)ကျပ် ဒီဇယ်(ရိုးရိုး)HSD တစ်လီတာလျှင်()ကျပ်၊ ဈေးနှုန်းမြင့်တက်ကာ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရပါသည်။

DOCA (စစ်ကိုင်း)

ဘားအံမြို့ ဒေသထွက် ကြက်ဟင်းခါးသီးဈေးနှုန်းအခြေအနေ

   ပွင့်လင်းရာသီ အောက်တိုဘာလတွင် ကရင်ပြည်နယ် ဘားအံမြို့ ဒေသထွက် ကြက်ဟင်းခါး သီးဈေးနှုန်း အနည်းငယ်ကျနေသော်လည်း ဈေးကွက်အတွင်းပုံမှန် အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်း သိရသည်။

          အောက်တိုဘာလ ဒုတိယပတ်တွင် ဈေးကွက်အတွင်း ကြက်ဟင်းခါးသီး ဈေးနှုန်းအနေဖြင့် ယခင်လက ကြက်ဟင်းခါးသီးအထောင့်ရှည် ဈေးနှုန်း တစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ ကြက်ဟင်းခါးသီး အထောင့်သေး တစ်ပိဿာလျှင်(၁၈၀၀/၂၀၀၀) ကျပ်ဖြင့် လည်းကောင်း ယခုအခါတွင် ကြက်ဟင်းခါးသီးအတောင့်ရှည် ဈေးနှုန်း တစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ ကြက်ဟင်းခါးသီး အတောင့်သေး တစ်ပိဿာလျှင်(၃၀၀၀)ကျပ် တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်း သိရသည်။

          ကရင်ပြည်နယ်ဒေသအတွင်း ဖြစ်ပေါ်နေသော စက်တင်ဘာလနှင့်အောက်တိုဘာလ ဒုတိယ အပတ် ဈေးနှုန်းနှိုင်းယှဉ်ခြင်းအားဖြင့် ကရင်ပြည်နယ်အတွင်း ကြက်ဟင်းခါးသီး ဈေးနှုန်းအနည်း ငယ်တက်နေသည်ကို တွေ့ရှိရပြီး ယခုလို ကြက်ဟင်းခါးသီး ဈေးနှုန်းအနည်းငယ်တက်နေရခြင်းမှာ  အနည်းငယ်တက်ရခြင်းမှာ မိုးရာသီးကုန်ချိန်နှင့်ဆောင်းရာသီးအစပ်ကာလဖြစ်၍ စိုက်ခင်းမှသီးနှံများ အထွက်နှုန်းနည်းပလာခြင်း၊ သယ်ယူစရိတ်များခြင်းတို့ကြောင့်ဖြစ်ကြောင်းသိရသည်။   

DOCA(ကရင်)    

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ငါးဖယ်ခြစ် နှင့် ငါးဖယ် ဈေးနှုန်း

       ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ သဖန်းဆိပ်ဆည်အတွင်းမှ ထွက်ရှိသည့် ဒေသထွက် ရေချိုငါးများကို  လက်လီ/လက္ကား ငါးအရောင်းအဝယ်ပြုလုပ်သည့် ဒိုင်များမှ ဝယ်ယူရောင်းချကာ  ဈေး ကောင်းရရှိပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်တွင် ကျွန်းလှမြို့၏ ငါးဖယ်ခြစ် ဈေးနှုန်းများ အနေဖြင့် ငါးဖယ်ခြစ် တစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၂၅၀၀)ကျပ် နှင့် (၁၀)ကျပ်သားလျှင် (၂၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး  ငါးဖယ် ဈေးနှုန်းများမှာ ငါးဖယ် အကောင်လိုက် လက်လီ တစ်ပိဿာလျှင်(၁၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၈၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင် (၄၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သိရသည်။

DOCA (စစ်ကိုင်း)

ဘားအံမြို့ဈေးကောင်းရနေသော သံပရာသီး

   ကရင်ပြည်နယ် ဘားအံမြို့၏ ဈေးကွက်အတွင်း ရာသီပေါ်သံပုရာသီးများ ဈေးကောင်းရ လျက်ရှိကြောင်းသိရသည်။ သံပုရာသီးကို ဘားအံမြို့အနီးတဝိုက်ကျေးရွာများတွင် စီးပွားဖြစ်စိုက် ပျိုးကြသည်။ ဘားအံမြို့ဈေးကွက်အတွင်းသို့ဝင်ရောက်လာသော သံပုရာသီးများမှာ ဘားအံမြို့အနီး ရှိ ကျေးရွာများနှင့် ကြာအင်းဆိပ်ကြီး၊မော်လမြိုင်၊ ရေးမြို့နှင့် ထိုင်းတို့ဘက်မှ ဖြစ်သည်။ မြန်မာ သံပုရာသီး အိတ်ကြီးတစ်အိတ်လျှင် (၁၅၀၀၀၀၊၁၈၀၀၀)ကျပ်ဖြစ်ပြီး တစ်အိတ်တွင် အလုံးရေ ၁၅၀၀ မှ ၁၇၀၀ ကြားအထိပါရှိသည်။ သံပုရာသီးဈေးနှုန်းများမှာ သံပုရာသီးအလုံးကြီး တစ်လုံးလျှင် (၂၅၀)ကျပ်၊ အလုံးလတ် တစ်လုံးလျှင်(၁၅၀)ကျပ်နှင့် အလုံးသေးတစ်လုံးလျှင်(၁၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ကာ ယိုးဒယားသံပုရာသီးအလုံးကြီး တစ်လုံးလျှင်(၂၀၀)ကျပ်နှင့် အလုံးသေး တစ်လုံးလျှင်(၁၀၀) ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းနှင့် ကရင်ပြည်နယ်ဒေသအတွင်း ယခုလိုသံပရာသီးနှံဈေးနှုန်း အနည်းငယ်ကျရခြင်းမှာ စိုက်ခင်းမှလှိုင်လှိုင်ထွက်ခြင်းဖြစ်ပြီး သံပုရာသီး၊ ရှောက်သီးများကို ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် အများဆုံးစိုက်ပျိုး ကြောင်း သိရှိရပါသည်။

DOCA(ကရင်)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ငါးဖန့်ဝိုင်းဈေးနှုန်း

       ကျွန်းလှမြို့နယ်အတွင်း လူသုံးကုန်၊ စားသောက်ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက် ရှိရာမှ အသားငါးဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပြီး သဖန်းဆိပ်ဆည်အတွင်းမှ ထွက်ရှိသည့် ဒေသထွက် ရေချိုငါးများကို ဝယ်ယူရောင်းချကာ ဈေးကောင်းရရှိ၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သိရသည်။

      ၂၀၂၅ ခုနှစ်၊ ယခု စက်တင်ဘာလ စတုတ္ထပတ်တွင် ကျွန်းလှမြို့နယ်၊ အင်းကောင်းကျေးရွာ ငါးဒိုင်တွင် ရောင်းချလျက်ရှိသော ငါးဖန့်ဝိုင်း ဈေးနှုန်းအနေဖြင် တစ်ပိဿာလျှင်(၁၅၀၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင်(၇၅၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၄၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်  အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း ငါးအရောင်းအဝယ် လုပ်ကိုင်သည့် ငါးဒိုင်ပိုင်ရှင်ထံမှ သိရပါသည်။

DOCA (စစ်ကိုင်း)

ဘားအံမြို့ရေပေါ်ဈေးရှိ ကုန်စိမ်းသီးနှံ ဈေးနှုန်းခြေအနေ

   ကရင်ပြည်နယ်၊ ဘားအံမြို့ရေပေါ်ဈေး၌ အောက်တိုဘာလ ဒုတိယပတ်အတွင်း ဒေသထွက် နှင့်အခြားဒေသထွက် ကုန်စိမ်းသီးနှံများ ဝင်ရောက်ကာ အရောင်းသွက်လျက်ရှိကြောင်း သိရသည်။

          ဈေးနှုန်းအနေဖြင့် ခရမ်းသီးတစ်ပိဿာလျှင် (၃၅၀၀) ကျပ်၊ ခရမ်းချည်သီး တစ်ပိဿာလျှင်       ( ၃၀၀၀ ) ကျပ်၊ ဂေါ်ဖီထုပ် တစ်ထုပ်လျှင် (၄၀၀၀) ကျပ်၊  လွှတ်တစ်ပိဿာလျှင် ( ၃၀၀၀ ) ကျပ်၊ ငရုတ်ပွ တစ်ပိဿာလျှင် (၃၅၀၀) ကျပ်၊ ခဝဲသီး တစ်ပိဿာလျှင် (၄၀၀၀) ကျပ်၊ ကြက်ဟင်းခါးသီး တစ်ပိဿာလျှင် (၄၀၀၀) ကျပ်၊ ရုံးပတေသီး တစ်ပိဿာလျှင် ( ၃၀၀၀ ) ကျပ်၊ ပဲထောင့်ရှည်သီး တစ်ပိဿာအစည်း ( ၆၀၀၀ )ကျပ်၊ ငရုတ်စိမ်းထောင့်ရှည် တစ်ပိဿာလျှင် ( ၆၀၀၀ ) ကျပ်၊ ကန်စွန်းရွက် တစ်စည်းလျှင်( ၂၅၀ )ကျပ်၊ ကင်ပွန်းချည်ရွက် တစ်စည်းလျှင် ( ၅၀၀ )ကျပ်၊ ချည်ပေါင်ရွက်(၃)စည်းလျှင် ( ၁၀၀၀ ) ကျပ်၊ ပူစီနံ တစ်စည်းလျှင် ( ၇၀၀ ) ကျပ်၊ နံနံပင် တစ်စည်းလျှင် ( ၁၀၀၀ ) ကျပ်၊ ဝါးမြစ်ပြုတ် တစ်ပိဿာလျှင် ( ၈၀၀၀ ) ကျပ် တို့ဖြစ် အရောင်း အဝယ် သွက်လျက်ရှိကြောင်း သိရသည်။

  ကရင်ပြည်နယ်ဒေသအတွင်း ယခုလိုကုန်စိမ်းသီးနှံဈေးနှုန်း အနည်းငယ်တက်ရခြင်းမှာ မိုးရာသီးကုန်ချိန်နှင့်ဆောင်းရာသီးအစပ်ကာလဖြစ်၍ စိုက်ခင်းမှသီးနှံများ အထွက်နှုန်းနည်းပလာခြင်း၊ သယ်ယူစရိတ်များခြင်းတို့ကြောင့်ဖြစ်ကြောင်းသိရသည်။

DOCA(  ကရင်)

ကျွန်းလှမြို့တွင် ရောင်းချနေသော ခါကြက်ဥ နှင့် မုန့်ညှင်ထုတ်ဈေးနှုန်း

        ကျွန်းလှမြို့နယ်တွင် စိုက်ပျိုးရေးကို လုပ်ကိုင်လျက်ရှိပြီး ကင်မုံသီး၊ ကြက်ဟင်းခါးသီး နှင့်  ခါကြက်ဥ(ဗမာ)မျိုးကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပြီး ဈေးကွက်သို့ ရောင်းချလျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ ယခု စက်တင်ဘာလ စတုတ္ထအပတ်၌ ရောင်းချနေသော  ခါကြက်ဥ ဈေးနှုန်းမှာ ခါကြက်ဥ(ဗမာ)ဥ တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင် (၅၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၂၅၀၀)ကျပ်၊ ခါကြက်ဥ(တရုတ်ဥ)တစ်ပိဿာလျှင်(၁၆၀၀၀)ကျပ်၊ (၅၀) ကျပ်သားလျှင်(၈၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၄၀၀၀)ကျပ် ဈေးနှုန်းဖြင့် လည်းကောင်း  မုံညှင်း ထုတ် ဈေးနှုန်းအနေဖြင့် မုံညှင်းထုတ် တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၄၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း သိရှိရပါသည်။

DOCA (စစ်ကိုင်း)

ကယားပြည်နယ် စားဖိုဆောင်သီးနှံဈေးနှုန်းအခြေအနေ

   ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၇ရက်နေ့ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ သီရီမင်္ဂလာ ဈေးတွင် ဖြစ်ပေါ်နေသော စားဖိုဆောင်သီးနှံဈေးနှုန်းများမှာ ကြက်သွန်နီ တစ်ပိဿာလျှင် (၂၀၀၀)ကျပ်၊ ကြက်သွန်ဖြူ(ရှမ်းစ) တစ်ပိဿာလျှင်(၇၅၀၀)ကျပ်၊ ကုလားပဲခြမ်းတစ်ပိဿာ လျှင် (၆၅၀၀)ကျပ်၊ အာလူး တစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ ဆားတစ်ပိဿာလျှင် (၂၇၀၀)ကျပ်၊ သကြားတစ်ပိဿာလျှင်(၅၅၀၀)ကျပ်၊ ငရုတ်သီးခြောက်(အရှည်) တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊ ငရုပ်သီးခြောက်(အပု) တစ်ပိဿာလျှင်(၄၀၀၀၀)ကျပ်၊ ကန်စွန်းရွက်တစ်စည်းလျှင် (၄၀၀)ကျပ်၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင်(၁၀၀၀)ကျပ်၊ ပန်းဂေါ်ဖီတစ်ပွင့်လျှင်(၂၀၀၀)ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာ လျှင်(၂၅၀၀)ကျပ်၊ ပဲတောင့်ရှည်တစ်စည်းလျှင်(၅၀၀)ကျပ်၊ ပဲနီလေးတစ်ပိဿာလျှင်(၁၂၅၀၀)ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သီရိမင်္ဂလာဈေးအတွင်းရှိ ဈေးသည်များထံမှ သိရှိရပါ သည်။

   ယခင်တစ်ပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ကြည့်လျှင် ငရုတ်သီးခြောက် (အရှည်) တစ်ပိဿာ လျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတက်သွားပြီး ကျန်စားဖိုဆောင်သီးနှံဈေးနှုန်းများ တည်ငြိမ်နေ ကြောင်း သိရှိရပြီး၊ ဈေးနှုန်းတက်သွားရခြင်းမှာလည်း ဝယ်ယူရောင်းချရသည့် အရင်းဈေးနှုန်း နှင့် သယ်ယူစရိတ်များကြောင့် တက်သွားရခြင်းဖြစ်ကြောင်း သုံးသပ်မိပါသည်။

DOCA(ကယား)

ကျွန်းလှမြို့၌ ရောင်းချလျက်ရှိသော ခရမ်းချဉ်သီး ဈေးနှုန်း

      ကျွန်းလှမြို့နယ် သံဘိုကျေးရွာ၊ ရှမ်းစုကျေးရွာတို့မှ ထွက်ရှိသည့် ဒေသထွက် ခရမ်းချဉ်သီး များ ဈေးကွက်အတွင်းသို့ ဝင်ရောက်မှု နည်းပါးလာသည့်အတွက် မန္တလေးမြို့ နှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့ တို့မှ မှာယူရောင်းချလျက်ရှိကြောင်းသိရသည်။

         ၂၀၂၅ ခုနှစ်၊ ယခု စက်တင်ဘာလ စတုတ္ထပတ်တွင် ပိတောက်မြိုင်ဈေး၌ ဖြစ်ပေါ်နေသော ခရမ်းချဉ်သီးဈေးနှုန်းများမှာ ကျွန်းလှဒေသထွက်ခရမ်းချဉ်သီး အလုံးကြီး တစ်ပိဿာလျှင်(၃၂၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၆၀၀)ကျပ်၊ အလုံးသေး တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊(၅၀)ကျပ်သားလျှင်(၁၅၀၀) ကျပ်၊ ရှမ်းပြည်ဒေသထွက် ခရမ်းချဉ်သီး(အင်းသီး)တစ်ပိဿာလျှင်(၃၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၈၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင်(၉၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး နည်းအငယ်မြင့် တက်နေကြောင်း သိရသည်။

DOCA (စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း