Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ညောင်ဦးမြို့နယ်တွင် စက်သုံးဆီရောင်းချမှု အခြေအနေ

         စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၂၉.၉.၂၀၂၅ရက်နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၃၀၃၅)ကျပ်၊ 95 Octance(၃၀၉၅)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၉၅)ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၂၈၅)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။

         ညောင်ဦးမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၇)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ်ပုံမှန် ဖွင့်လှစ်ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(၂၆)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်းဈေးနှုန်းများအနေဖြင့် 92 Octance(၃၀၇၀)ကျပ်၊ 95 Octance(၃၁၈၀)ကျပ်၊ ရိုးရိုးဒီဇယ် (၂၇၃၅)ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၃၄၀)ကျပ်နှုန်း ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။ သတ်မှတ်ရည်ညွှန်းဈေးများသည် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက တစ်လီတာလျှင် 92 Octanceတွင် (၃၀)ကျပ်၊ 95 Octance တွင်(၁၀)ကျပ်နှင့် ရိုးရိုးဒီဇယ်တွင်(၅)ကျပ် ဈေးနှုန်းမြင့်တက်ခဲ့ပြီး ပရီမီယမ်ဒီဇယ်တွင် ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မြသလ္လာဈေးတွင် ရောင်းချနေသော ဘူးသီးနှင့် ကျောက်ဖရုံသီးဈေးနှုန်း

          ဘူးသီးပင်သည် မြန်မာနိုင်ငံ အပူပိုင်းနှင့်သမပိုင်းရာသီဥတုတွင် ကောင်းစွာဖြစ်ထွန်း သော ဟင်းသီးဟင်းရွက်အပင်မျိုးဖြစ်ပြီး နွယ်ပင်အမျိုးအစာဖြစ်ပါသည်။ ဘူးသီးပင်မှ ဘူးသီး များအပြင် ဘူးရွက်များလည်း စားသုံးနိုင်ကြပါသည်။

           ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ပထမပတ်တွင် မုံရွာမြို့၊ မြသလ္လာဈေးကွက်တွင် ဘူးသီးတစ်လုံးလျှင် (၈၀၀-၁၄၀၀-၂၅၀၀) ကျပ် ပေါက်ဈေးများရှိပြီး အသီးလတ်ဆက်မှုနှင့် အရွယ်အစားအကြီး၊အသေးပေါ်တွင်မူ၍ ဈေးနှုန်းများကွာခြားလျက်ရှိကြောင်း၊ ကျောက်ဖရုံသီး အကြီးတစ်လုံးလျှင် (၄၀၀၀)ကျပ်၊ အလတ်တစ်လုံးလျှင် (၃၆၀၀) ကျပ်၊ အသေးတစ်လုံးလျှင် (၂၇၀၀)ကျပ်နှင့် ရောင်းချကြောင်း သိရှိရပါသည်။ စားသုံးမှုများ၍ ဈေးကွက်တွင် ရောင်းအား ကောင်းကြောင်း၊ ကုန်စိမ်းရောင်းချသူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

DOCA(စစ်ကိုင်း)

နွားထိုးကြီးမြို့နယ်တွင် စက်သုံးဆီရောင်းချမှု အခြေအနေ

        နွားထိုးကြီးမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၀)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ်ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ စက်တင်ဘာ(၂၆)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်းဈေးနှုန်းများအနေဖြင့် 92 Octance (၃၀၃၅)ကျပ်၊ 95 Octance(၃၀၉၅)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၉၅)ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၂၈၅)ကျပ် ဖြင့် ရည်ညွှန်းဈေးအတိုင်း ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

       စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၂၉.၉.၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၃၀၃၅)ကျပ်၊ 95 Octance(၃၀၉၅)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၉၅)ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၂၈၅)ကျပ် ဖြစ်ကြောင်းသိရှိရသည်။ သတ်မှတ်ရည်ညွှန်းဈေးများသည် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက တစ်လီတာ လျှင် 92 Octanceတွင် (၃၀)ကျပ်၊ 95 Octance တွင်(၁၀)ကျပ်နှင့် ရိုးရိုးဒီဇယ်တွင်(၅)ကျပ် ဈေးနှုန်း မြင့်တက်ခဲ့ပြီး ပရီမီယမ်ဒီဇယ်တွင် ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးတွင် ရောင်းချနေသော မန်ကျည်းသီးအစိမ်းနှင့် မန်ကျည်းသီးအမှည့်ဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းရတနာဈေးတွင် အသား၊ ငါးများအပြင် ဒေသထွက်အသီးအရွက်များဖြစ်သည့်   မန်ကျည်းသီးအစိမ်းနှင့် မန်ကျည်းသီးအမှည့်များကို လည်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ပထမပတ်တွင်  ချင်းတွင်းရတနာဈေးတွင် ဖြစ်ပေါ်နေ သော  မန်ကျည်းသီးအစိမ်းဈေးနှုန်းမှာ  နို့ဆီဘူး (၁)ဘူးလျှင် (၅၀၀)ကျပ်၊ တစ်ပြည်လျှင် (၄၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ မန်ကျည်းသီးအမှည့်ဈေးနှုန်းများမှာ မန်ကျဉ်းသီးမှည့် အစေ့ လွတ် (၁) ပိဿာလျှင် (၇၀၀၀) ကျပ် မှ (၇၂၀၀) ကျပ် ၊ မန်ကျဉ်းသီးမှည့်အစေ့ပါ(၁) ပိဿာ လျှင် (၅၀၀၀) ကျပ်မှ (၅၄၀၀) ကျပ်ဖြင့်  ရောင်းချလျက်ရှိကြောင်း  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ ဗန္ဓုလဈေးတွင်ရောင်းချလျက်ရှိသော ကြက်သားဈေးနှုန်း

         စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများတွင်း မွေးမြူရေး လုပ်ငန်းများလုပ်ကိုင်လျက်ရှိရာ ကြက်မွေးမြူရေးလုပ်ငန်းများလုပ်ကိုင်လျက်ရှိပြီး ကြက်ဥများ အတွက်လည်းကောင်း၊ အသားအတွက်cpကြက်နှင့် ဒေသကြက်(ဗမာကြက်) လည်းကောင်း     မွေးမြူပြီး မုံရွာမြို့ပေါ်ရှိ ဈေးများတွင် လာရောက်ရောင်းချလျက်ရှိကြောင်း  သတင်း ရရှိပါသည်။

        ၂၀၂၅ခုနစ်၊ စက်တင်ဘာလနောက်ဆုံးပတ်တွင် မုံရွာမြို့ ဗန္ဓုလဈေးတွင် ဖြစ်ပေါ်နေသော ဖြစ်ပေါ်နေသော (CP) ကြက်သားစျေးနှုန်းမှာ (၅၀) ကျပ်သားလျှင် (၁၁၀၀၀) ကျပ်ဖြင့်လည်း ကောင်း၊  (၁) ပိသာလျှင် (၂၂၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ ဒေသကြက်သား (ဗမာကြက်) ဈေးနှုန်းမှာ (၅၀)ကျပ်သားလျှင်  (၁၄၀၀၀) ကျပ်ဖြင့်လည်ကောင်း၊ (၁) ပိသာလျှင် (၂၈၀၀၀) ကျပ်ဖြင့်လည်းကောင်း‌ရောင်းချလျက်ရှိကြောင်း ကြက်သားရောင်းချသူများထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

 

 

တောင်သာမြို့နယ်တွင် စက်သုံးဆီရောင်းချမှု အခြေအနေ

          တောင်သာမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၃)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(၂၆)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်း ဈေးနှုန်းများအနေဖြင့် 92 Octance(၃၀၅၀)ကျပ်၊ 95 Octance(၃၁၀၀)ကျပ်၊ ရိုးရိုးဒီဇယ် (၂၇၀၀) ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၃၀၀)ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

        စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၂၆.၉.၂၀၂၅ရက်နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၃၀၃၅)ကျပ်၊ 95 Octance(၃၀၉၅)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၉၅)ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၂၈၅)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။ သတ်မှတ်ရည်ညွှန်းဈေးများသည် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက တစ်လီတာ လျှင် 92 Octanceတွင် (၃၀)ကျပ်၊ 95 Octance တွင်(၁၀)ကျပ်နှင့် ရိုးရိုးဒီဇယ်တွင်(၅)ကျပ် ဈေးနှုန်းမြင့်တက်ခဲ့ပြီး ပရီမီယမ်ဒီဇယ်တွင် ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မုံရွာမြို့၊ မြသလ္လာဈေးနှင့် ချင်းတွင်းရနာဈေးတွင်ရောင်းချနေသော ပိန်းဥနှင့် ပီလောပီနံဥ ဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များ တွင်  စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာ မိမိပိုင် အိမ်ခြံဝင်းများနှင့် ယာကွက်များ တွင်  ပိန်းဥနှင့် ပီလောပီနံဥကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။ ပိန်းဥ နှင့် ပီလောပီနံဥကို  ပြုတ်၍သော်လည်းကောင်း၊ ပေါင်း၍သော်လည်းကောင်း သရေစာအဖြစ် ပြုလုပ်စားသုံးကြပါသည်။

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ  ပထမပတ်တွင် မုံရွာမြို့၊ မြသလ္လာဈေးနှင့် ချင်းတွင်း ရတနာဈေးတို့တွင်   ရောင်းချနေသော  ပိန်းဥဈေးနှုန်းမှာ လက္ကားဈေး (၁)ပိဿာလျှင် (၂၄၀၀) ကျပ်၊ လက်လီ(၁)ပိဿာလျှင်(၂၆၀၀)ကျပ်နှင့် ပီလောပီနံဥဈေးနှုန်းမှာ လက္ကားဈေး (၁)ပိဿာ လျှင်(၂၆၀၀)ကျပ်၊ လက်လီ(၁)ပိဿာလျှင် (၃၀၀၀)ကျပ်နှင့်ဖြင့် ရောင်းဝယ်လျက်ကြောင်း  သိရှိ ရပါသည်။

DOCA(စစ်ကိုင်း)

ပခုက္ကူမြို့၏ အောက်တိုဘာလ(ပထမပတ်)စက်သုံးဆီ ဈေးနှုန်းအခြေအနေ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပေါ်တွင် စက်သုံးဆီဆိုင်(ဆီပန့်)များမှ နေ့စဉ်ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(စတုတ္ထပတ်)တွင် ရောင်းချခဲ့သောဈေးနှုန်းများမှာ စက်သုံးဆီ တစ်လီတာလျှင် 92 Octance ကျပ်(၃၀၀၀) 95 Octance ကျပ်(၃၀၆၅) ရိုးရိုးဒီဇယ် ကျပ်(၂၇၁၅) ပရီမီယမ် ဒီဇယ်ကျပ်(၃၂၈၅)ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

          အောက်တိုဘာလ(ပထမပတ်)တွင် စက်သုံးဆီ တစ်လီတာလျှင် 92 Octance ကျပ်(၂၉၅၀) 95 Octance ကျပ်(၃၀၁၅)ကျပ်၊ ရိုးရိုးဒီဇယ် ကျပ်(၂၆၆၅) ပရီမီယမ် ဒီဇယ် ကျပ်(၃၂၃၅)ဖြစ်၍ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် တစ်လီတာလျှင် 92 Octance 95 Octance ရိုးရိုးဒီဇယ်၊ ပရီမီယမ်ဒီဇယ် ကျပ်(၅၀)အသီးသီး ဈေးနှုန်းကျဆင်းခဲ့ ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မြင်းခြံမြို့နယ်တွင် စက်သုံးဆီရောင်းချမှု အခြေအနေ

          စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၂၆.၉.၂၀၂၅ရက်နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၃၀၃၅)ကျပ်၊ 95 Octance(၃၀၉၅)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၉၅)ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၂၈၅)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။

          မြင်းခြံမြို့တွင် စက်သုံးဆီအရောင်းဆိုင်(၂၈)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ်ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(၂၆)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်းဈေးနှုန်းများအနေဖြင့် 92 Octance(၃၀၉၅)ကျပ်၊ 95 Octance(၃၁၅၅)ကျပ်၊ ရိုးရိုးဒီဇယ်(၂၇၅၅)ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၃၄၅)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။ သတ်မှတ်ရည်ညွှန်းဈေးများသည် ယခင် အပတ်နှင့်နှိုင်းယှဉ်ပါက တစ်လီတာလျှင် 92 Octanceတွင် (၃၀)ကျပ်၊ 95 Octance တွင်(၁၀)ကျပ်နှင့် ရိုးရိုးဒီဇယ်တွင်(၅)ကျပ် ဈေးနှုန်းမြင့်တက်ခဲ့ပြီး ပရီမီယမ်ဒီဇယ်တွင် ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း သိရှိရပါသည်။   

DOCA(မန္တလေး)

ပခုက္ကူဈေးကွက်၌ ပဲစဉ်းငုံသီးနှံ ဈေးအနည်းငယ်တက်နေပြီး အရောင်းအဝယ်ဖြစ်

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူဈေးကွက်၌ စက်တင်ဘာလ(စတုတ္ထပတ်)တွင် ပဲစဉ်းငုံသီးနှံများ ဈေးတက်နေပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။ ၂၀၂၅ ခုနှစ်၊ သီးနှံပေါ်စ ဇန်နဝါရီလတွင် တစ်တင်းလျှင် ကျပ်(၁၂၆၅၀၀-၁၂၂၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ ပြည်ပ ဈေးကွက် ဝယ်လိုအားနည်း၍ ဈေးတရိပ်ရိပ်ကျဆင်း၍ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ပဲစဉ်းငုံ သီးနှံကို ဈေးကွက်သို့ ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် စစ်ကိုင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများမှ အများဆုံးစိုက်ပျိုးပြီး ပခုက္ကူပဲဈေးကွက် သို့ ဝင်ရောက်လျက်ရှိပြီး ယခုရာသီချိန်တွင် တောင်သူများတွင် ပဲလက်ကျန်နည်းပြီး မြို့ပေါ်ရှိ ကုန်သည်များမှ သီးနှံလှိုင်လှိုင်ပေါ်ချိန်တွင် ဝယ်ယူသိုလှောင်ထားသော ပဲစဉ်းငုံနီများ ပြန်လည် ဖြန့်ဖြူးမှုများကြောင်း၊ ဩဂုတ်လ (စတုတ္ထပတ်)တွင် တစ်ရက်လျှင် ပဲစဉ်းငုံနီ ပိဿာ (၃၀)ဝင် အိတ် (၂၀၀-၃၀၀)ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရှိရသည်။

          ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (စတုတ္ထပတ်)တွင် ပဲစဉ်းငုံနီ တစ်တင်းလျှင် ကျပ်(၇၈၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး (တတိယပတ်)တွင်ကျပ်(၇၅၂၀၀)ဖြစ်၍ ဈေးနှုန်း နှိုင်းယှဉ်ပါက ဈေးနှုန်းအနည်းငယ်တက်နေပြီး အရောင်းအဝယ်ဖြစ်နေကြောင်း၊ ဈေးကွက်သို့ ကုန်ဝင်သလောက် အရောင်းအဝယ်ဖြစ်ကြောင်း၊ ပခုက္ကူ ဈေးကွက်သို့ ဝင်ရောက်လာသည့် ပဲစဉ်းငုံနီ များကို ရန်ကုန်၊ မန္တလေး ဈေးကွက်သို့ တင်ပို့ပြီး ထိုမှတစ်ဆင့် ပြည်ပအိန္ဒိယနိုင်ငံသို့ တင်ပို့ လျက်ရှိကြောင်း၊ ပဲစဉ်းငုံသီးနှံသည် ပြည်ပို့ကုန် ပဲတစ်မျိုးဖြစ်၍ ဈေးကွက် ဝယ်လိုအားပေါ် မူတည် ပြီး နေ့စဉ်နှင့်အမျှ ဈေးနှုန်းပြောင်းလဲမှု ရှိကြောင်း ဈေးကွက်မှ သိရှိရသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း