Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဝါကျွတ်ပွဲတော်အပြီး ကြက်သွန်ဖြူဈေးနှုန်း အနည်းငယ်ပြန်တက်လာ

  ၂၀၂၅ ခုနှစ် အောက်တိုဘာလ၏ ကြက်သွန်ဖြူသီးနှံဈေးနှုန်းများမှာ လက်ကား တစ်ပိဿာ လျှင် (၄၀၀၀-၄၅၀၀)ကျပ် နှင့် လက်လီ တစ်ပိဿာလျှင် (၅၀၀၀-၆၀၀၀)ကျပ် ဈေးပေါက်ခဲ့ပါသည်။

   စိုက်ဧကများသောတောင်သူများနှင့်ကုန်သည်အချို့တို့မှ ၂၀၂၅ခုနှစ်မေလနှောင်းပိုင်းမှ စတင်၍ သိုလှောင်ထားခဲ့ ရာ သိုလှောင်ကာလကြာမြင့်လာခြင်း၊ ကုန်စည်အရည်အသွေးကျဆင်း လာမည့် အခြေအနေများကြောင့် ဈေးကွက်သို့ အမြောက်အမြား ပို့ဆောင်ရောင်းချခြင်းကြောင့် ကုန် စည် ဖောင်းပွမှုဖြစ်ပေါ်၍ ဈေးကျဆင်းရကြောင်း လေ့လာသိရှိရပါသည်။

          ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်လျှင် ဈေးကွာဟချက်ကြီးမား၍ ကြက်သွန်ဖြူစိုက်တောင်သူ များအနေဖြင့် တွက်ခြေကိုက် စိုက်ပျိုးမှု အခြေအနေရှိခဲ့သော်လည်း အကျိုးအမြတ်နည်းပါးကြောင်း သိရှိရပါသည်။ကြက်သွန်ဖြူအသစ်များမှာ နှစ်ကုန်ပိုင်းကာလတွင် ထွက်ပေါ်လာနိုင်၍ အဟောင်း လက်ကျန်များအား ဈေးကွက်သို့ တင်ပို့ရောင်းချခြင်းဖြစ်ပါသည်။

    ဝါကျွတ်ကာလမတိုင်မီ ဈေးကျလာခဲ့သော ကြက်သွန်ဖြူမှာ ဝါကျွတ်ပွဲတော်အပြီးတွင် ဈေးအ နည်းငယ်ပြန်လည်တက်လာပြီး ဈေးကွက်ဝယ်လိုအားလည်းပြန်လည်ကောင်းမွန်လာနိုင်သဖြင့် ကြက်သွန်ဖြူ ဈေးနှုန်း၊ဈေးကွက် ဆက်လက်ကောင်းမွန်နိုင်ကြောင်း လေ့လာရေးသားအပ်ပါသည်။

DOCA(ှရှမ်း)

      

ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် ရောင်းချနေသော အခြေခံစားကုန်ပစ္စည်းများ၏ ဈေးနှုန်းများ

  အောက်တိုဘာလ အောင်ပန်းမြို့ (မြို့မဈေး)၌ အခြေခံစားကုန်ပစ္စည်းများဖြစ်သော  ရွှေဘို ပေါ်ဆန်း တစ်ပြည် (၇၀၀၀)ကျပ်၊ ဧည့်မထဆန် တစ်ပြည်(၄၀၀၀)ကျပ်၊ ငစိန် တစ်ပြည် (၃၀၀၀) ကျပ်၊ ပဲဆီ တစ်ပိဿာ (၁၉၀၀၀)ကျပ်၊ ကြက်သွန်နီ တစ်ပိဿာ(၂၀၀၀)ကျပ်၊ ကြက်သွန်ဖြူ တစ် ပိဿာ(၅၀၀၀)ကျပ်၊ ကုလားပဲ တစ်ပိဿာ (၆၅၀၀)ကျပ်၊ အာလူး တစ်ပိဿာ (၅၅၀၀)ကျပ်၊ ဆား တစ်ပိဿာ(၁၈၀၀)ကျပ်၊ သကြားတစ်ပိဿာ(၅၃၀၀)ကျပ်၊ ငရုတ်ရှည် တစ်ပိဿာ(၁၃၅၀၀)ကျပ်၊ ငရုတ်ပု တစ်ပိဿာ (၂၀၀၀၀)ကျပ်၊ ဗမာကြက်တစ်ပိဿာလျှင်(၃၅၀၀၀)ကျပ်၊ CPကြက်တစ်ပိဿာ လျှင်(၂၄၀၀၀)ကျပ်၊ အမဲသားတစ်ပိဿာလျှင် (၃၄၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင် (၄၅၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၃၄၀၀၀)ကျပ်၊ ငါးကြင်းဖြူတစ်ပိဿာလျှင်(၂၆၀၀၀)ကျပ်၊ ကြက်ဥ တစ်လုံး (၃၈၀)ကျပ်၊ ဘဲဥတစ်လုံး (၆၀၀)ကျပ်၊ ငါးပိ တစ်ပိဿာ (၉၀၀၀)ကျပ် နှင့် ငါးတံခွန်ခြောက် တစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်ဖြင့် ဈေးကွက်အတွင်းတွင် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။ 

DOCA(ရှမ်း)            

“ လားရှို့မြို့တွင် အာလူးများအရောင်းအဝယ်သွက်လျက်ရှိ ”

  ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်ရှိ ကုန်အရောင်းဆိုင်များသို့ နီးစပ်ရာဒေသများမှ အာလူးများ ဝင်ရောက်လာပြီး အရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။ အာလူးများအနေဖြင့် အလုံးကြီး၊ အလုံးလတ်နှင့် အလုံးသေးဟူ၍ သုံးမျိုးရှိပြီး အလုံးကြီးများကို အာလူးကြော်လုပ်ငန်း များတွင် အသုံးပြုပြီး အလုံးလတ်များကို စားသုံးရာတွင်အသုံးပြုကြောင်း၊ အလုံးသေးများကိုမူ အကြော်စုံသမားများမှ အာလူးကြော်အတွက်အသုံးပြုခြင်း၊ အာလူးထမင်းအတွက် အသုံးပြုခြင်းများ ရှိကြောင်း သိရှိရသည်။

          အာလူးဈေးနှုန်းမှာ တစ်ပိဿာလျှင် (၂၅၀၀) ကျပ်မှ (၃၀၀၀) ကျပ်အထိရှိပြီး အမျိုးအစား၊ အကြီးအသေးပေါ်မူတည်၍ အရောင်းအဝယ်ဖြစ်နေကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရှိ ရပါသည်။ အာလူးမှာ အမျိုးအစားကွဲပြားသော်လည်း ရောင်းချသည့်ဈေးနှုန်းမှာ အတူတူပင်ဖြစ်ကြောင်း၊ ရှမ်းမြောက်ဒေသတွင်ဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများကြောင့် ကုန်စည်စီးဆင်းမှုများခက်ခဲနေ ကြောင်းလည်း သိရှိရပါသည်။

DOCA(ရှမ်း)

လားရှိုးမြို့ရှိ ချင်း(ဂျင်း)တက် ဈေးနှုန်းများ

  ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ မြို့မဈေးနှင့် ရပ်ကွက်အတွင်းရှိဈေးများတွင် အသား၊ ငါး၊ အသီးအရွက်များ၊ ဒေသထွက်သီးနှံများကို ရောင်းချလျက်ရှိပြီး ချင်း(ဂျင်း)တက်များကိုလည်း ပေါများစွာရောင်းချလျက်ရှိကြောင်း တွေ့ရှိရပါသည်။

          ချင်း(ဂျင်း)တက်ကို ဟင်းချက်ရာတွင် အမွှေးအကြိုင်ဖြစ်လည်းကောင်း၊ ပါးပါးလှီးအခြောက် လှမ်း၍ ပျားရည်နှင့်ရော၍ ဆေးအဖြစ်လည်းကောင်း မျိုးစုံအသုံးပြုနိုင်ကြောင်း သိရှိရသည်။ ချင်း(ဂျင်း)ကိုစားသုံးခြင်းဖြင့် ဝမ်းတွင်းပြသနာကိုသက်သာစေခြင်း၊ အစာအဆိပ်သင့်ခြင်းကို သက်သာ စေခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်းကိုသက်သာစေခြင်း၊ ငှက်ဖျားရောဂါကို ကာကွယ်ပေးခြင်း၊ အသက်ရှုလမ်းကြောင်းရောဂါကို ကုသပေးနိုင်ခြင်း၊ ယောင်ရမ်းမှုကို လျော့ကျစေခြင်း၊ အမျိုး သမီးများ ရာသီလာစဉ်ပြသနာများကို သက်သာစေခြင်းစသော အကျိုးကျေးဇူးများစွာရရှိ စေနိုင် ပါသည်။ ချင်း(ဂျင်း)တက် ဈေးနှုန်းများမှာ တစ်ပိဿာလျှင် (၅၅၀၀) ကျပ်မှ (၆၀၀၀) ကျပ်အထိ ရောင်းချကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

လားရှိုးမြို့ရှိ ခြံထွက်ဘူးသီးဈေးနှုန်းများ

  ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ဘူတာဈေးတွင် အသား၊ ငါး၊ အသီးအရွက်များ၊ ဒေသထွက်သီးနှံများကို ရောင်းချလျက်ရှိရာ ခြံထွက်ဘူးသီးများကိုလည်း ပေါများစွာရောင်းချလျက် ရှိကြောင်း တွေ့ရှိရပါသည်။

   ဘူးသီးကို အတို့အမြှပ်ဖြစ်လည်းကောင်း၊ ဘူးသီးအချဉ်ဟင်းပြုလုပ်၍လည်းကောင်း၊ ကြက် ကာလသားဟင်းချက်ရာတွင်ရော၍လည်းကောင်း၊ ဘူးသီးဟင်းခါးအဖြစ်လည်းကောင်း မျိုးစုံပြလုပ် စားသုံးနိုင်သလို၊ ဘူးသီးခြောက်ပြုလုပ်ပြီး ကြာရှည်အထားခံနိုင်အောင်ပြုလုပ်၍လည်း စားသုံးကြ ကြောင်း သိရှိရသည်။ ဘူးသီးဈေးနှုန်းမှာ တစ်လုံးလျှင် (၂၀၀၀) ကျပ်မှ (၃၀၀၀) ကျပ်အထိ ရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။ ဘူးသီးကို မြို့တွင်းရှိ ရေခြံစိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူများမှ လာရောက်ရောင်းချကြကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

လားရှိုးမြို့တွင်ဖြစ်ပေါ်နေသော ငရုတ်သီးခြောက်ဈေးနှုန်းများ

  ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ဘူတာဈေး(ခေးနင်းဈေး)နှင့် မြို့မဈေးတွင် အသား၊ ငါး၊ အသီးအရွက်များ၊ ဒေသထွက်သီးနှံများကို ရောင်းချလျက်ရှိရာ ငရုတ်သီးခြောက်များကိုလည်း ပေါများစွာ ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပါသည်။

   ငရုတ်သီးခြောက်ဈေးနှုန်းများမှာ ငရုတ်သီးခြောက်အရှည်(အညှာပါ) တစ်ပိဿာလျှင် (၂၅၀၀၀) ကျပ်၊ ငရုတ်သီးခြောက်အရှည်(အညှာမပါ) တစ်ပိဿာလျှင် (၂၇၀၀၀) ကျပ်၊ ငရုတ်သီး ခြောက်အပု(အညှာပါ) တစ်ပိဿာလျှင် (၂၀၀၀၀) ကျပ်၊ ငရုတ်သီးခြောက်အပု (အညှာမပါ) တစ်ပိဿာလျှင် (၂၃0၀၀) ကျပ် နှုန်းဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။ ငရုတ်သီးခြောက်ကို ရန်ကုန်၊ မန္တလေးနှင့် အောင်ပန်းမှ ယူ၍ရောင်းချကြကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

 

မုံရွာမြို့ရှိ ဩဇာသီး၊ ဂွေးသီးနှင့် မာလကာသီးဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများ နှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှ နှစ်ရှည်သီးနှံဖြစ်သည့် ဂွေးပင်၊ မာလကာသီးပင်၊ ဩဇာသီးပင်၊ သရက်သီးပင်၊ နဂါးမောက်သီးပင်၊ ပိန္နဲသီးပင်နှင့် မန်ကျည်းသီးပင် များကိုလည်း မိမိတို့ နေအိမ်ခြံစည်းရိုးများနှင့် တောင်ယာများထဲတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိ ကြပါ သည်။ စိုက်ပျိုးရရှိသော သီနှံများထဲမှ  ဩဇာသီး၊ ဂွေးသီးနှင့် မာလကာသီးမျာကို မုံရွာမြို့၊ ချင်းတွင်းရတနာဈေး၊ သံလမ်းဈေးနှင့် ဈေးဟောင်းတို့တွင်  လာရောက်ရောင်းချလျက်ရှိ ကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ နောက်ဆုံးပတ်တွင် ဩဇာသီးဈေးနှုန်းများမှာ အရွယ် အစားအလိုက်ဈေးအမျိုးမျိုးရှိပြီး အရွယ်ကြီးအလုံးလှ(၁)လုံးလျှင် (၆၀၀)ကျပ်၊ အရွယ်သေး အလုံးသေး (၁)လုံးလျှင် (၅၀၀)ကျပ်ဖြင့်လည်းကောင်း၊  ဂွေးချိုသီး ဈေးနှုန်းမှာ ဂွေးချိုသီး (၂၂)လုံးပါ တစ်ထုပ်လျှင် (၁၀၀၀)ကျပ်ဖြင့် လည်းကောင်း၊ ကီလိုမာလကာသီးဈေးနှုန်းများ အနေဖြင့် အကြီးတစ်လုံးလျှင် (၆၀၀)ကျပ်၊ အသေးတစ်လုံးလျှင် (၅၀၀) ကျပ်ဖြစ်ပြီး အကြီး အသေး ပေါ်မူတည်ပြီး ရောင်းချလျက်ရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

လားရှိုးမြို့တွင်ဖြစ်ပေါ်နေသော ငရုတ်သီးစိမ်းဈေးနှုန်းများ

   ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ မြို့မဈေးတွင် အသီးအရွက်များ၊ ဒေသထွက် သီးနှံများအပြင် ငရုတ်သီးစိမ်းများကိုလည်း ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပါသည်။

   ငရုတ်သီးစိမ်းဈေးနှုန်းများမှာ ကချင်ငရုတ်သီး တစ်ပိဿာလျှင် (၇၀၀၀) ကျပ်မှ (၈၀၀၀)ကျပ်၊ ကုလားအော်သီး(ပင်နံသီး) တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်မှ (၁၃၀၀၀) ကျပ်အထိ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။ ငရူတ်သီးစိမ်းကို မြို့ထဲရှိရေခြံစိုက်ပျိုးရေးလုပ်ကိုင်သူ များနှင့် လားရှိုးမြို့အနီးနားရှိစိုက်ပျိုးရေးလုပ်ကိုင်သူများမှ လာရောက်ရောင်းချကြပြီး၊ တောင်ကြီး၊ အောင်ပန်းမှတစ်ဆင့်ယူ၍လည်း ရောင်းချကြကြောင်း သိရှိရသည်။

DOCA(ရှမ်း)

မြသလ္လာဈေးတွင် ရောင်းချနေသော ဘူးသီးနှင့် ကျောက်ဖရုံသီးဈေးနှုန်း

         ဘူးသီးပင်သည် မြန်မာနိုင်ငံ အပူပိုင်းနှင့်သမပိုင်းရာသီဥတုတွင် ကောင်းစွာဖြစ်ထွန်း သော ဟင်းသီးဟင်းရွက်အပင်မျိုးဖြစ်ပြီး နွယ်ပင်အမျိုးအစာဖြစ်ပါသည်။ ဘူးသီးပင်မှ ဘူးသီး များအပြင် ဘူးရွက်များလည်း စားသုံးနိုင်ကြပါသည်။ ဘူးပင်နှင့် ကျောက်ဖရုံသီးပင်သည် အိမ်တိုင်းနီးပါ စိုက်ပျိုးလေ့ရှိရာ စိုက်ပျိုးရလွယ်ကူပြီး အာဟာရဓာတ် ကြွယ်ဝသော အသီးအနှံ ဖြစ်သောကြောင့် နေ့စဉ်စားသင့်ကြောင်း သိရှိရသည်။

           ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ နောက်ဆုံးပတ်တွင် မုံရွာမြို့၊ မြသလ္လာဈေးကွက်တွင် ဘူးသီးတစ်လုံးလျှင် (၁၀၀၀-၁၅၀၀-၂၀၀၀) ကျပ် ပေါက်ဈေးများရှိပြီး အသီးလတ်ဆက်မှုနှင့် အရွယ်အစားအကြီး၊ အသေးပေါ်တွင်မူ၍ ဈေးနှုန်းများကွာခြားလျက်ရှိပြီး ကျောက်ဖရုံသီးအကြီး တစ်လုံးလျှင် (၄၅၀၀)ကျပ်၊ အလတ်တစ်လုံးလျှင် (၄၀၀၀) ကျပ်၊ အသေးတစ်လုံးလျှင် (၂၅၀၀)ကျပ်နှင့် ရောင်းချကြောင်း သိရှိရပါသည်။ စားသုံးမှုများ၍ ဈေးကွက်တွင် ရောင်းအား ကောင်းကြောင်း၊ ကုန်စိမ်းရောင်းချသူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

DOCA(စစ်ကိုင်း)

လားရှိုးမြို့မှ ကင်ပွန်းချဉ်ဈေးနှုန်း

  ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ အမှတ်(၉)ရပ်ကွက်၊ ဘူတာဈေးတွင် အသား၊ ငါး၊ အသီးအရွက်များ၊ ဒေသထွက်သီးနှံများကိုရောင်းချလျက်ရှိရာ  ကင်ပွန်းချဉ်များကိုလည်း ရောင်းချ လျက်ရှိကြောင်း တွေ့ရှိရပါသည်။

  ကင်ပွန်းချဉ်ဈေးနှုန်းများမှာ (၁)စည်းလျှင် (၁၀၀၀) ကျပ် မှ (၁၅၀၀) ကျပ်အထိ ဈေးကွက် အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။ ကင်ပွန်းချဉ်ကို အနီးနားရှိရွာများမှ လာရောက်ရောင်းချကြကြောင်းလည်း သိရှိရပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း