Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“အောင်မြင်ဖြစ်ထွန်းလျက်ရှိသောမိုးစပါး”

             မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခု ဖြစ်သော ကြောင့်စပါး၊ပဲ၊ပြောင်း၊နှမ်းသီးနှံမျိုးစုံအောင်မြင်ဖြစ်ထွန်းလျက်ရှိရာ၄င်းသီးနှံများအနက် စပါးသီးနှံကိုကျောက်ဆည်ခရိုင်အတွင်းတွင် ဇွန်လမှစတင်၍ စိုက်ပျိုးလျှက်ရှိရာ ယခုအချိန်တွင် မိုးစပါးစိုက်ပျိုးမှု အနေဖြင့် ခရိုင်အတွင်း(၁၃၇၁၈၁)ဧက စိုက်ပျိုးထားရှိပြီး ကျောက်ဆည်မြို့နယ်တွင် (၅၂၃၃၄)ဧက စိုက်ပျိုးထားကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည် ။ ယခုနှစ်တွင် မိုးရေ၊မြစ်ရေ၊ ချောင်းရေလုံလောက်စွာရရှိသောကြောင့် မိုးစပါးများ ကောင်းမွန်စွာ အောင်မြင်ဖြစ်ထွန်းလျက်ရှိ ပါသည် ။ ကျောက်ဆည်ခရိုင်အတွင်း မိုးစပါးကို အရည်အသွေးကောင်း စျေးကောင်းရရှိသော ဧရာပဒေသာ စပါးနှင့်မနောသုခစပါးမျိုးများကို အဓိကထားစိုက်ပျိုးကြပါသည်။ မိုးစပါးစိုက်ပျိုးမှုတွင် ပျိုးထောင်စိုက်ပျိုးမှုနှင့်ပတ်ကြဲစိုက်ပျိုးမှုများကိုစိုက်ပျိုးကြကြောင်း၊ (၁)ဧကကုန်ကျစရိတ် အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း(၁၀၃၀၀၀၀)ကျပ် ဝန်းကျင်ခန့် ကုန်ကျကြောင်း ၊ ယခင်နှစ် အထွက်နှုန်းအနေဖြင့် (၈၀-၈၅)တင်းခန့် ထွက်ရှိကြောင်း၊ စပါးစျေးနှုန်း အနေဖြင့် ဧရာပဒေသာ တစ်တင်းလျှင်(၂၈၀၀၀/-)ကျပ် ၊ မနောသုခ တစ်တင်းလျှင်(၂၁၀၀၀/-) ကျပ် စျေးနှုန်းဖြင့် ရောင်းဝယ်ခဲ့သောကြောင့် အကျိုးအမြတ်အနေဖြင့် စိုက်ပျိုးစရိတ်နှုတ်ပြီးပါက (၁၂၀၀၀၀၀/-)ကျပ်ခန့် မြတ်ခဲ့ကြောင်း ၊ စပါးစျေးနှုန်းအနေဖြင့် ဧရာပဒေသာ(အဟောင်း) တင်း(၁၀၀)လျှင်(၂၈၀၀၀၀၀/-)ကျပ် ၊ မနောသု(အဟောင်း)တင်း(၁၀၀)လျှင်(၂၁၀၀၀၀၀/-)ကျပ်ဖြစ်ပြီး ဆန်စျေးနှုန်းအနေဖြင့် ဧရာပဒေသာ ဆန်(အဟောင်း) တစ်အိတ်လျှင်(၁၃၅၀၀၀/-)ကျပ် ၊ မနောသုခ တစ်အိတ်လျှင်(၉၂၀၀၀/-)ကျပ်၊ နွေစပါး(အသစ်) မနောသုခ တင်း(၁၀၀)လျှင်(၁၃၀၀၀၀၀/-)ကျပ် ၊ မနောသုခဆန် တစ်အိတ်လျှင်(၆၀၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် ရောင်းဝယ်လျှက်ရှိကြောင်း ပွဲစားများထံမှသိရှိရပါသည် ။ ယခုအချိန်တွင် မိုးရွာသွန်းမှုကောင်းသောကြောင့် မိုးစပါးများ ဖုံးတုံးလုံးတုံးအနေအထားဖြင့် မကြာမှီ စပါးနှံများ စတင်ထွက်ပေါ်တော့မည့် အနေအထားဖြင့် အောင်မြင်ဖြစ်ထွန်းလျှက်ရှိပါသည်။

DOCA(မန္တလေး)

“ကျောက်ဆည်ကြက်သွန်နီစျေးခပ်အေးအေး”

             ကျောက်ဆည်ခရိုင်အနေဖြင့် သီးနှံမျိုးစုံစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချမှုကိုတစ်နှစ်ပတ်လုံး ရာသီအလိုက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချပေးလျက်ရှိရာ ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ် တင်ပို့မှုမှာလည်း အဓိကနေရာမှပါဝင်လျက်ရှိပြီး စျေးနှုန်းများအနေဖြင့် ခပ်အေးအေး‌ရောင်းဝယ်နေ ပြီး ကြက်သွန်နီ (၁)ပိဿာလျှင် အကြီး(၁၇၀၀-၁၈၀၀)ကျပ်၊အလတ်(၁၄၀၀-၁၅၀၀)ကျပ်၊အသေး (၁၀၀၀-၁၁၀၀)ကျပ်ဖြင့် စျေးကွက်အတွင်းဖြစ်ပေါ်လျက်ရှိပါသည် ။ စျေးနှုန်းများအနေဖြင့် ထွက်ပေါ် ချိန်ထက်ပင် စျေးနှုန်းများထပ်ကျနေကြောင်းသိရှိရပြီး တောင်သူများအနေဖြင့် ကြက်သွန်နီစျေးကို တက်စျေးမျှော်နေကြကြောင်း၊ ကုန်သည်ပွဲစားများအနေဖြင့် ယခုနှစ် သိုလှောင်မှုအနည်းငယ်ရှိပါ ကြောင်း၊တောင်သူများလက်ဝယ်တွင်သာ အများဆုံးကျန်ရှိနေကြောင်း သိရှိရပါသည်။ ယခင်နှစ် စျေးနှုန်းများဖြင့်နှိုင်းယှဉ်ပါက ယခုနှစ်တွင် တောင်သူများအနေဖြင့် တွက်ခြေကိုက်မှုနည်းပါကြောင်း၊ လေးဆယ်ကုန်းရွာမှ ကြက်သွန်နီစိုက်တောင်သူကြီးတစ်ဦးမှ ပြောပြချက်အရသိရှိရပါသည်။ရန်ကုန် ဘုရင့်နောင်သို့ပင် နေ့စဉ်တင်ပို့နိုင်မှုမရှိကြောင်း တွေ့ရှိရပြီး ကျောက်ဆည်(မြစ်သားစ) နေ့စဉ် စျေးနှုန်းထုတ်ပြန်မှုအရသိရှိရပါသည်။

DOCA(မန္တလေး)

“ချည်မျှင်ရှည်ဝါများအောင်မြင်ဖြစ်ထွန်းလျက်ရှိ”

             မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်အတွင်း ကျောက်ဆည်၊မြစ်သားမြို့နယ် များတွင် ၂၀၂၅-၂၀၂၆ခုနှစ်၊မိုးချည်မျှင်ရှည်ဝါများ ပန်းတိုင်အတွက်နှုန်းရရှိရေး ရည်မှန်းချက်ထားဆောင်ရွက် လျက်ရှိရာကျောက်ဆည်မြို့နယ်တွင်(၁၁၅၉၇)ဧက၊မြစ်သားမြို့နယ်တွင်(၁၀၆၇၂)ဧက စိုက်ပျိုးထား ရှိပြီးယခုအခါ အောင်မြင်ဖြစ်ထွန်းလျက်ရှိသောကြောင့် ကျောက်ဆည်မြို့နယ်၊မှိုင်းပန်ကျေးရွာမှ ဝါစိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည် ။ ကျောက်ဆည်မြို့နယ်အနေဖြင့် မိုးချည်မျှင်ရှည်ဝါသီးနှံများကို ကျောက်ဆည်မြို့အရှေ့ဘက် ဖျောက်ဆိပ်ပင်ကျေးရွာ အပါအဝင် ရဲဘော်ကြီး၊မှိုင်းပန်၊ကလေး၊ရှမ်းတောင်ဦး၊ရဲယမန်းရွာ၊ တောင်တော်၊ ပေါင်လောင်၊ ကင်းကျေးရွာများ တွင်လည်းအများဆုံးစိုက်ပျိုးနိုင်ပြီး မျိုးအနေဖြင့် ရွှေတောင်(၈)၊ရွှေတောင်(၁၀)နှင့် B-31  မျိုးများ စိုက်ပျိုးထားကြောင်း သိရှိရပါသည် ။ မြစ်သားမြို့နယ်အနေဖြင့်  မိုးချည်မျှင်ရှည်ဝါ မျိုးအနေဖြင့် ရာကာ 666 မျိုးကိုစိုက်ပျိုးရန် ဆန္ဒရှိသော်လည်း ဝယ်ယူစိုက်ပျိုးရန် အခက်အခဲရှိပါသဖြင့် တောင်သူ များအချင်းချင်းမျိုးခံ၍ မျိုးထုပ်စိုက်ပျိုးမှုများလည်းရှိပါကြောင်း၊ ရွှေတောင်(၈)၊ရွှေတောင်(၁၀)မျိုး များကိုစိုက်ပျိုးကြကြောင်း၊ခန္တီးကြီးကျေးရွာမှ ဝါစိုက်တောင်သူတစ်ဦး၏ ပြေပြချက်အရ အထွက်နှုန်း (၁)ဧက ပိဿာ(၈၀၀-၁၀၀၀)အထိထွက်ရှိကြောင်း၊သွင်းအားစုနှင့်အပြုအစုကောင်းရန်၊ပိုးသတ်ဆေးနှင့်ရေသွင်းရေထုတ်စနစ်တကျ ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ယခုနှစ်အနေဖြင့်ဝါစျေးနှုန်း(၄၀၀၀-၄၂၀၀) ကျပ် ရရှိသဖြင့် တွက်ခြေကိုက်မှုရှိပါကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

ကျွန်းလှမြို့တွင် ရောင်းချနေသော တီလားဗီးယားငါး နှင့် ငါးလေးဒေါင့် ဈေးနှုန်း

        စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့တွင်  ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ အသားငါး ဈေးနှုန်းများထဲမှ ငါးဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိရာ သဖန်းဆိပ်ဆည်အတွင်းမှ ထွက်ရှိသည့် ဒေသထွက်ရေချိုငါးများကို   ဝယ်ယူရောင်းချကာ ဈေးကောင်းရရှိပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

       ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ပထမပတ်၌ တီလားဗီးယားငါး ဈေးနှုန်းများ အနေဖြင့် တီလား ဗီးယားငါး(အကြီး)(၁)ပိဿာလျှင်(၁၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၈၀၀၀)ကျပ်၊ တီလားဗီးယားငါး အသေး(၁)ပိဿာလျှင်(၁၄၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၇၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း ငါးလေးဒေါင့် ဈေးနှုန်းအနေဖြင့် ငါးလေးဒေါင့် အကြီး တစ်ပိဿာလျှင်(၁၄၀၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၇၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါးအရောင်းအဝယ် လုပ်ကိုင်သူ ထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

ဩဇာသီး နှင့် သလဲသီး ဈေးနှုန်း

         ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ နှစ်ရှည်သီးနှံပင်ဖြစ်သည့် သရက်သီးပင်၊ သီးသီးပင်၊ နဂါးမောက်သီး ပင်၊ ပိန္နဲသီးပင်၊ ဂွေးသီးပင်၊ စောင်းလျှားသီးပင်၊ မန်ကျည်းသီးပင်၊ ဩဇာသီးပင်၊ အုန်းသီးပင် နှင့် မာလကာသီးပင်များကိုလည်းစိုက်ပျိုးကြသည့်အနက် ဩဇာသီးပင်များကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ဩဇာသီး  ဈေးနှုန်းအနေဖြင့် ဩဇာသီး အကြီး တစ်လုံးလျှင်(၅၀၀)ကျပ်၊ ငွေကျပ်(၁၀၀၀)ဖိုး(၂)လုံး၊ အလတ် တစ်လုံးလျှင်(၂၅၀/၃၅၀)ကျပ်၊ ငွေကျပ်(၁၀၀၀)ဖိုးလျှင်(၄/၃)လုံး နှင့် အသေး တစ်လုံးလျှင်(၂၀၀)ကျပ် ငွေကျပ်(၁၀၀၀)ဖိုး(၅)လုံး ဈေးနှုန်းတို့ဖြင့်လည်းကောင်း၊ အလားတူပင် သလဲသီး အကြီး(၁)လုံးလျှင် (၅၀၀၀)ကျပ်၊ အသေး(၁)လုံးလျှင်(၄၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သိရသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင် ရောင်းချနေသော ချဉ်ပေါင်ရွက် နှင့် ကန်စွန်းရွက် ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ မန်ကျည်းပင်ဈေးအတွင်း ချဉ်ပေါင်ရွက်နှင့် ကန်စွန်းရွက် အများအပြား ရောင်းချလျက်ရှိကြပါသည်။ ချဉ်ပေါင်ရွက် နှင့် ကန်စွန်းရွက်ကို ဟင်းသီးဟင်းရွက်အဖြစ် လူသိများကြပြီး မြန်မာပြည်တွင် ဒေသမရွေး စိုက်ပျိုးနိုင်သည်။‌ ချဉ်ပေါင်ရွက် နှင့် ကန်စွန်းရွက်ကို ကြော်၊ လှော်၊ ချက်၊ ပြုတ်ရာတွင် အခြားသော အသားငါး၊ အသီးအရွက်တို့နှင့်ရော၍လည်း စားသုံးနိုင်သည်။

            ၂၀၂၅ ခုနှစ် ၊ အောက်တိုဘာလ ဒုတိယအပတ်အတွင်း မုံရွာမြို့ မန်ကျည်းပင်ဈေးရှိ  ချဉ်ပေါင်ရွက်ဈေးနှုန်းမှာ (၃၀၀-၅၀၀) ကျပ်၊ ကန်စွန်းရွက် ဈေးနှုန်းမှာ (၃၀၀-၅၀၀) ကျပ်ထိ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ရေဘဝဲ နှင့် ပြည်ကြီးငါး ဈေးနှုန်း

            ကျွန်းလှမြို့နယ်အတွင်း ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ အသား/ငါး ဈေးနှုန်း များထဲမှ ရေဘဝဲ နှင့် ပြည်ကြီးငါး ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိရာ ရေဘဝဲ နှင့် ပြည်ကြီးငါး များကို  ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ် မော်လမြိုင်မြို့ နှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ  တစ်ဆင့် ဝယ်ယူရောင်းချကာ ထမင်းဆိုင်များ၊ စားသောက်ဆိုင်များ နှင့် စားဖွယ်စုံရောင်းချသည့် ဆိုင်မျာမှ ဝယ်ယူအသုံးပြုနေသည့်အတွက် ဈေးကောင်းသော်လည်း ရောင်းအားကောင်းလျက်ရှိကြောင်းသိရသည်။

        ယခု စက်တင်ဘာလ နောက်ဆုံးပတ်တွင် ကျွန်းလှမြို့၏ ရေဘဝဲ နှင့် ပြည်ကြီးငါး ဈေးနှုန်းများ အနေဖြင့် ရေဘဝဲ လက်လီဈေး()ပိဿာလျှင်(၇၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၃၅၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၈၀၀၀)ကျပ်၊ ပြည်ကြီးငါး လက်လီ တစ်ပိဿာလျှင်(၇၀၀၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၃၅၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၁၈၀၀၀)ကျပ်  ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း ငါး/ပုဇွန်၊ ရေဘဝဲ နှင့် ပြည်ကြီးငါး အရောင်းအဝယ် လုပ်ကိုင်သူထံမှ သိရ ပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော မာလကာသီး နှင့် ငှက်ပျောသီး ဈေးနှုန်း

               ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိ ရာ နှစ်ရှည်သီးနှံဖြစ်သည့် သရက်သီးပင်၊ နဂါးမောက်သီးပင်၊ ပိန္နဲသီးပင်၊ မန်ကျည်းသီးပင်၊ သင်္ဘောသီး မှည့် နှင့် မာလကာသီးပင်များကိုလည်း မိမိတို့ နေအိမ် ခြံစည်းရိုးများနှင့် တောင်ယာများထဲတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး နဂါးမောက်သီး နှင့် သင်္ဘောသီးများကို မန်ကျည်းအင်းကျေးရွာ၊ အင်းကောင်းကျေးရွာ၊ ရှမ်းစုကျေးရွာ နှင့် မြို့ပေါ်ရပ်ကွက်များမှ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

    ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ မာလကာသီး ဈေးနှုန်းများမှာ မာလကာသီး အကြီး တစ်လုံးလျှင်(၁၀၀၀)ကျပ်၊ အလတ်(၁)လုံးလျှင် (၇၀၀/၈၀၀)ကျပ်၊ (၂)လုံးလျှင်(၁၅၀၀)ကျပ်၊  အသေး တစ်လုံးလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချ လျက်ရှိပြီး အလားတူပင် အာနီငှက်ပျောသီး တစ်ဖီးလျှင်(၃၅၀၀)ကျပ်၊ ငှက်ပျောသီး ဖီးကြမ်း တစ်ဖီးလျှင်(၁၅၀၀ မှ ၃၀၀၀)ကျပ်၊ ခွန်စိမ်းငှက်ပျောသီး တစ်ဖီးလျှင်(၂၅၀၀/၃၀၀၀)ကျပ်ဈေးနှုန်း ရှိပြီး ငှက်ပျောဖီး အကြီး အသေးပေါ်မူတည်၍ ဈေးနှုန်းအစားစားတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သီးနှံမျိုးစုံထဲမှ ဖရဲသီး၊ ဩဇာသီး၊ နဂါးမောက်သီး၊ ငှက်ပျောသီး နှင့် မာလကာသီးတို့ကို မိမိတို့ ဒေသထွက် နှင့် အခြားသစ်သီးများကိုမူ မြစ်ကြီးနားမြို့၊ မန္တလေးမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သစ်ရာမြိုင်ဈေးတိုက်တန်းတွင် သစ်သီးမျိုးစုံ ရောင်းချနေသော ဈေးသည် ထံမှ သိရသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင် ရောင်းချနေသော ဈေးကွက်အတွင်း ကြက်ဥ၊ ဘဲဥ ဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မန်ကျည်းပင်ဈေးအတွင်းတွင်  ဈေးကွက် အတွင်း  ကြက်ဥ၊ ဘဲဥများ အများအပြား ရောင်းချလျက်ရှိကြပါသည်။

      ၂၀၂၅ ခုနှစ် ၊ အောက်တိုဘာလ ဒုတိယအပတ်အတွင်း ဖြစ်ပေါ်နေသော ကြက်ဥ ဈေးနှုန်းမှာ အသေး (၄၀၀)ကျပ်၊ အလက် (၅၀၀) ကျပ် နှင့် အကြီး(၅၅၀) ကျပ် အထိ အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း၊  ဘဲဥ ဈေးနှုန်းမှာ (၆၀၀-၇၀၀) ကျပ်အထိ ရောင်းချလျက်ရှိကြောင်း ကြက်ဥ နှင့် ဘဲဥရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ဒေသထွက် ဖရဲသီး နှင့် ကျွဲကောသီး ဈေးနှုန်း

            ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင် စားသောက်ကြရာမှာ နှစ်ရှည်သီးနှံဖြစ်သည့် သရက်သီးပင်၊ နဂါးမောက်သီးပင်၊ ပိန္နဲသီးပင်၊ မန်ကျည်း သီးပင်၊ ကျွဲကောသီးပင် နှင့် မာလကာသီးပင်များကိုလည်း စိုက်ပျိုးကြသလို  မိမိတို့ တောင်ယာ များထဲတွင် တစ်ပိုင်တစ်နိုင် အနေဖြင့် ရာသီပေါ်သီးနှံဖြစ်သည့် ဖရဲသီးများကို မန်ကျည်းအင်း ကျေးရွာ၊ သံဘိုကျေးရွာ၊ ရှမ်းစုကျေးရွာနှင့် မြို့ပေါ်ရပ်ကွက်များမှ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ဖရဲသီး ဈေးနှုန်းများမှာ ဖရဲသီးအကြီး တစ်လုံးလျှင်(၇၀၀၀)ကျပ်၊  အသေး တစ်လုံးလျှင်(၅၀၀၀)ကျပ် နှင့် ဖရဲသီး စိတ် တစ်စိတ်လျှင်(၃၅၀)ကျပ်  ငွေကျပ်(၁၀၀၀)ဖိုး(၃)စိတ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း၊ ကျွဲကောသီး ဈေးနှုန်းအနေ‌ဖြင့် ကျွဲကောသီး အကြီး တစ်လုံးလျှင်(၄၅၀၀)ကျပ်၊ အသေးတစ်လုံးလျှင်(၃၅၀၀)ကျပ် ငွေကျပ်(၁၀၀၀၀)ဖိုး(၃)လုံး ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း