Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

 ကျွန်းလှမြို့နယ်အတွင်း ‌ရောင်းချလျက်ရှိသော  အမဲသား ဈေးနှုန်း

         ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် အသား/ငါးနှင့် အခြားစား‌သောက် ကုန်ပစ္စည်းများ၊ လူသုံး ကုန်ပစ္စည်းများကို ဒေသတွင်းနှင့် အခြားဒေသများမှ ဝယ်ယူရောင်းချလျက်ရှိရာ ယခုအခါ တွင် လမ်းပန်း ဆက်သွယ်ရေး အခက်ခဲများကြောင့်  ကုန်ဈေးနှုန်းများ အနည်းငယ် မြင့်တက် လျက်ရှိရာမှ အသား/ငါး ဈေးနှုန်းများထဲမှ အမဲသားဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။

     အမဲသားများကို ကျွန်းလှမြို့ ဒေသတွင်းဟင်းစလေများမှ လက်လီ/လက္ကား ရောင်းချလျက်ရှိရာ ၂၀၂၅ ခုနှစ်၊  ယခု ဩဂုတ်လ တတိယပတ်၏ အမဲသား ဈေးနှုန်းများ အနေဖြင့် အမဲသားရှယ် (တစ်တုံး ထဲသား) လက္ကားတစ်ပိဿာလျှင်(၂၆၀၀၀)ကျပ်၊အမဲသားရှယ်(တစ်တုံးထဲသား)လက်လီ တစ်ပိဿာလျှင် (၂၈၀၀၀)ကျပ်၊ အမဲသားရိုးရိုး(အသားပြွန်း) လက္ကား တစ်ပိဿာလျှင်(၂၂၀၀၀)ကျပ်၊ အမဲသားရိုးရိုး (အသားပြွန်း) လက်လီ တစ်ပိဿာလျှင်(၂၄၀၀၀)ကျပ်၊ အမဲပုဆိုးကြမ်း တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ အမဲသား အတို အစ တစ်ပိဿာ(၆၀၀၀)ကျပ်၊ အမဲသွေးခဲ တစ်ပိဿာလျှင်(၂၅၀၀)ကျပ်၊ အမဲအူ တစ်ပိဿာလျှင် (၅၀၀၀)ကျပ် နှင့် အမဲရိုး တစ်ပိဿာ(၅၀၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း အမဲသားသည် ထံမှ သိရပါသည်။

DOCA (စစ်ကိုင်း)

 

ပခုက္ကူမြို့ “ဝါ” ဈေးနှုန်းဈေးကွက်အခြေအနေ

         မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်တွင် “ဝါ”သီးနှံကို ကံတော်၊ ကံလှ၊ ကံတိန်၊ ကံရက်၊ ကံမြင့်ကုန်း၊ မြိုင်နှင့် ရေစကြိုမြို့နယ်အတွင်းရှိကျေးရွာများမှ အဓိကစိုက်ပျိုးကြ ပါသည်။ ထွက်ရှိသော“ဝါ”များကို ပခုက္ကူမြို့ပေါ်သို့ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပခုက္ကူမြို့ “ဝါ”စိုက်ဧကမှာယခင်က (၅၀၀၀ မှ ၆၀၀၀)ရှိခဲ့ပြီး ယခုအခါတွင် စိုက်ဧက(၂၅၀၀) ဝန်း ကျင်ခန့်သာ စိုက်ပျိုးကြောင်းသိရှိရပါသည်။ “ဝါ”စိုက်ပျိုးရာတွင်အဓိက ချည်မျှင်ရှည်ဝါနှင့် ချည်မျှင် တိုဝါများကို စိုက်ပျိုးကြပါသည်။ “ဝါ” စတင်ပေါ်စတွင် အစေ့ပါတစ်ပိဿာလျှင် ကျပ်(၃၈၀၀) ဖြစ်ခဲ့ပြီး တစ်နေ့လျှင် ကုန်ချိန်(၃၀ မှ ၅၀ ထိ)ဝင်ရောက်လျက်ရှိကြောင်း “ဝါ” ကုန်သည်များထံမှ သိရှိရပါသည်။

          ဈေးနှုန်းဈေးကွက်အနေဖြင့် ပခုက္ကူမြို့နယ်မှထွက်ရှိသော“ဝါ”များကို မန္တလေးတိုင်းဒေသ ကြီးနှင့် သရက်၊အောင်လံခရိုင်များသို့လည်းတင်ပို့ရောင်းဝယ်လျက်ရှိပါသည်။ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ အစောပိုင်းတွင် “ဝါ”ဝင်ရောက်မှုမှာအလွန်နည်းပါးကြောင်း၊ ဈေးနှုန်းအနေဖြင့် ချည်မျှင်ရှည်ဝါ တစ် ပိဿာလျှင် ကျပ်(၃၇၀၀-၃၈၀၀)၊ ချည်မျှင်တိုဝါ တစ်ပိဿာ လျှင်ကျပ်(၃၅၀၀)၊ ဝါကြိတ်ဖတ် တစ် ပိဿာလျှင် ကျပ်(၁၅၀၀)၊ ဝါစေ့တစ် ပိဿာလျှင် ကျပ်(၂၅၀၀)၊ ဝါစေ့ဆီ တစ်ပိဿာ လျှင် ကျပ် (၁၅၀၀၀)ဈေးဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်ဇွန်လ(ပထမပတ်)နှင့်ဈေးနှုန်းနှိုင်းယှဉ်ပါက ဝါဂွမ်း တစ်ပိဿာလျှင် ကျပ်(၃၀၀)ခန့်၊ ဝါစေ့ဆီ တစ်ပိဿာလျှင် ကျပ်(၂၀၀)ခန့် ဈေးတက်ပြီး အရောင်း အဝယ်ဖြစ်ကြောင်း၊ “ဝါ”ဝင်ရောက်မှုမှာနည်းပါးနေကြောင်း “ဝါ”ကုန်သည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

ကျွန်းလှမြို့တွင် ရောင်းချနေသော ဝက်သားပေါက် ဈေးနှုန်း

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  စားသုံးသူကာ ကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါဆောင်ရွက် လျက် ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့တွင် မိသားစုစားဝတ်နေရေး အပိုဝင်ငွေရရှိရန် အတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထား လုပ်ကိုင်ကြရာမှ ဝက်မွေးမြူရေးလုပ်ငန်းကိုပါလုပ်ကိုင် လျက်ရှိကြောင်း သိရှိရပါသည်။

          ယခုလို ဝက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ရာတွင် အသားတိုးဝက်ကို မွေးမြူကြသလို သားကျဝက် ကိုလည်းမွေးမြူပြီး ရောင်းချသူများလည်းရှိပါသည်။ ဝက်သားကျ မွေးမြူသူများမှ သားဖောက်ရောင်းသော သားပေါက်ကလေးများကို အသားတိုးဝက်မွေးမြူရန်အတွက် ဝက်ပေါက် တစ်လခွဲသားများကို ဝယ်ယူပြီး မွေးမြူရကြောင်း ကျွန်းလှမြို့နယ်အတွင်း ရောင်းချလျက်ရှိသော ဝက်သားပေါက် ဈေးနှုန်းအနေဖြင့် အကောင်အကြီးအသေး နှင့် မျိုးကောင်း မကောင်း အပေါ်မူတည်၍ ဝက်သားပေါက် တစ်ကောင်လျှင် (၃၇၀၀၀၀ မှ ၄၀၀၀၀၀)ဈေးအထိ ဈေးနှုန်းအစားစားဖြင့် ရောင်းချလျက်ရှိပြီး ယခင်အပတ်ထက် ဝက်သား ပေါက်ဈေး အနည်းငယ် မြင့်တက်ပြီးဈေးကောင်းရရှိသည့်အတွက် ဝက်သားကျဖောက်ရောင်းသူများ အနေ ဖြင့် မိသားစုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်းသိရသည်။

DOCA (စစ်ကိုင်း)

မုန့်ပြားသလက် နှင့် မုန့်လင်မယား ဈေးနှုန်း

       ကျွန်းလှမြို့တွင် မုန့်ပြားသလက် နှင့် မုန့်လင်မယားကို ပြုလုပ်ရောင်းချလျက်ရှိရာ မုန့်ပြား သလက်သည် မြန်မာလူမျိုးတို့အတွက် ရှေးယခင်ကတည်းက ရိုးရာအစားအစာဖြစ်ပြီး လူကြီး/ လူငယ် မရွေးစားသုံးကြသော အစားအစာဖြစ်သည်။ မုန့်ပြားသလက်သည် ဆီပါဝင်မှုနည်းပြီး ကျန်းမာရေးနှင်ညီညွတ်သည့်အတွက် လူကြိုက်များပြီး ဗိုက်ပြည့်သော သရေစာမုန့်တစ်ခု ဖြစ်ပါ သည်။ မုန့်လင်မယားကိုတော့ ဆီဖြင့်ကြော်ရသည့်အတွက် ဆီပါဝင်မှုများ၍ လူတိုင်းစားသုံးခြင်း မပြုသည့်အတွက် မုန့်ပြားသလက်လောက်တော့ ရောင်းအားမကောင်းကြောင်း  မုန့်ပြားသလက်နှင့် မုန့်လင်မယားကို ဆန်ကြမ်းဖြင့် ပြုလုပ်ရသော မုန့်ဖြစ်ပြီး မုန့်ပြားသလက်ကို အနီ/ အဖြူ နှင့် ကြက်ဥတို့ဖြင့် လုပ်ကိုင်ကာ ဈေးနှုန်းအစားစားဖြင့် ရောင်းချလျက်ရှိကြောင်း မုန့်ပြားသလက် အနီမှာ ထန်းလျက်ရည်နှင့်ပြုလုပ်ပြီး မုန့်ပြားသလက်အဖြူမှာ ပဲတစ်မျိုးမျိုး၊ ဆူးပုတ်ရွက်၊ ရှမ်းနံနံ၊  နံနံပင်၊ ငရုပ်သီးစိမ်း နှင့် ခရမ်းချဉ်သီးတို့ပါဝင်ပြီး ကြက်ဥ မုန့်ပြား သလက်ကို ကြက်ဥထည့် ပြီးကျန်သည့်အဆာပလာများလည်းပါဝင်ပါသည်။

     ၂၀၂၅ခုနှစ်၊ ဩဂုတ်လ တတိယပတ် ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော မုန့်ပြားသလက် အဖြူဈေးနှုန်းမှာ()ခုလျှင်(၂၀၀)ကျပ်၊ မုန့်ပြားသလက်အနီဈေးနှုန်းမှာ()ခုလျှင်(၃၀၀)ကျပ် နှင့်  ကြက်ဥမုန့်ပြားသလက် ဈေးနှုန်းမှာ()ခုလျှင်(၈၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း မုန့်လင် မယား ဈေးနှုန်းအနေဖြင့် မုန့်လင်မယား()ခုလျှင်(၁၀၀)ကျပ်၊ ငွေကျပ်(၁၀၀၀)ဖိုးလျှင်(၁၁)ခု တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။   

DOCA (စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော မုန့်တီဖတ် နှင့် မုန့်ဟင်းခါးဖတ်

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် မိသားစုစားဝတ်နေ ရေးအတွက် မုန့်တီစိမ်း လုပ်ငန်းကိုလုပ်ကိုင် ရောင်းချလျက်ရှိရာ ကျွန်းလှမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့   ရောင်းချလျက်ရှိကြောင်းသိရသည်။

           ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ကျွန်းလှမြို့ဈေးကွက်၌ ဖြစ်ပေါ်နေသော မုန့်တီစိမ်း ဈေးနှုန်းမှာ မုန့်တီစိမ်း လက်လီ တစ်ပိဿာလျှင်(၂၈၀၀)ကျပ်၊ မုန့်တီစိမ်း (၅၀)ကျပ်သားလျှင်(၁၅၀၀) ကျပ် နှင့် မုန့်တီစိမ်း(၂၅)ကျပ်သားလျှင်(၈၀၀)ကျပ် နှင့် မုန့်တီသုပ် တစ်ပွဲလျှင်(၁၅၀၀)ကျပ်၊ မုန့်ဟင်းခါး တစ်ပွဲလျှင်(၁၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ‌အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မုန့်တီစိမ်း၊ မုန့်ဟင်းခါးဖတ် အစိမ်း တို့ကို မိမိတို့မြို့နယ်အတွင်းတွင်သာ လက်လီ/လက္ကား ရောင်းချလျက်ရှိကြောင်း သိရ သည်။

DOCA (စစ်ကိုင်း)

 

 မုံညှင်းရွက် နှင့် မုန့်ညှင်းချဉ် ဈေးနှုန်း

                         ကျွန်းလှမြို့တွင် ဒေသထွက် ရာသီစာဖြစ်သည့် မုန့်ညှင်းချဉ်လုပ်ငန်းကို လုပ်ကိုင် ရောင်းချလျက် ရှိကြောင်း သိရပါသည်။

            ၂၀၂၅ ခုနှစ်၊  ဩဂုတ်လ တတိယပတ်တွင်  မုန့်ညှင်းချဉ် ဈေးနှုန်းအနေဖြင့် မုံညှင်းချဉ် လက်လီ တစ်ပိဿာလျှင်(၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၅၀၀)ကျပ် နှင့် လက်ဖက်ရည် သောက်ပန်ကန် တစ်ပန်ကန်လျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း မုန့်ညှင်းရွက် ဈေးနှုန်းအနေဖြင့် မုန့်ညှင်းရွက် တစ်စီးလျှင်(၃၀၀)ကျပ်၊ မုန့်ညှင်းရွက်()စီးလျှင်(၅၀၀)ကျပ်နှင့် မုန့်ညှင်းရွက်()စီးလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သိရသည်။

DOCA (စစ်ကိုင်း)

 

မြေပဲလုံးဆံ၊ မြေပဲပတ် နှင့် မြေပဲဆီ ဈေးနှုန်း

                  ကျွန်းလှမြို့ရှိ  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များ နှင့် ဆီသန့်စက်များတွင် မြေပဲလုံးဆံများကို ဒေသ တွင်း ထွက်ရှိသည်များနှင့် မန္တလေးမြို့မှ မှာယူရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချသည့် ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော မြေပဲလုံးဆံ ဈေးနှုန်း အနေဖြင့် မြေပဲလုံးဆံ တစ်ပြည့်လျှင်(၁၂၀၀၀)ကျပ်၊ မြေပဲလုံးဆံ နို့ဆီဘူး(၄)ဘူးလျှင်(၆၀၀၀)ကျပ်၊ နို့ဆီ()ဘူးလျှင်(၁၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း မြေပဲဆီ ဈေးနှုန်းအနေဖြင့် မြေပဲဆီ တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊ မြေပဲဆီ()ပိဿာ တစ်ပုံးလျှင် (၁၈၀၀၀၀) ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း မြေပဲပတ် ဈေးနှုန်းအနေဖြင့် မြေပဲပတ် တစ်ပိဿာလျှင်(၄၃၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် မန္တလေးမြို့သို့ ပို့ဆောင် ရောင်းချလျက်ရှိကြောင်း ဆီစက် လုပ်ငန်းရှင် များထံမှ သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)

မြင်းခွာရွက်နှင့် ပူစီနံနံရွက် ဈေးနှုန်း

           ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စားဖိုဆောင်သီးနှံများကို မြေအောက်ရေတင် စနစ်ဖြင့် စိုက်ပျိုးရောင်းချ လျက်ရှိရာမှ မြင်းခွာရွက် နှင့် ပူစီနံနံပင်များကိုလည်း အနည်းငယ်မျှသာ စိုက်ပျိုးထားသော်လည်း သဘာဝအရ မျိုးပွားသည့်အတွက် နေ့စဉ်ခူးဆွတ်ပြီး   ကျွန်းလှမြို့၊ သစ်ရာ မြိုင်‌ဈေး ကွက်အတွင်းသို့ လာရောက် ပို့ဆောင် ရောင်းချရကြောင်း သိရှိရပါ သည်။

    ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ရောင်းချ လျက် ရှိသောမြင်းခွာရွက် ဈေးနှုန်းမှာ မြင်းခွာရွက် တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ မြင်းခွာရွက်(၅၀) ကျပ်သားလျှင်(၁၀၀၀၀)ကျပ်၊ မြင်းခွာရွက်()ကျပ်သားခန့် တစ်ပုံလျှင်(၁၀၀၀)ကျပ် ဈေးနှုန်း တို့ဖြင့် လည်းကောင်း ပူစီနံနံရွက် တစ်စည်းလျှင်(၃၀၀)ကျပ်၊ လက်တွင်းတစ်ဆုပ်စာ တစ်ပုံလျှင်(၃၀၀)ကျပ် ()ပုံလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA (စစ်ကိုင်း)

 ဈေးနှုန်း ဆက်လက်ကျဆင်းလျက်ရှိသော မျှစ်စိမ်း နှင့် မျှစ်ပြုတ်

                          ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဒေသထွက် ပေါ်ဦးပေါ်ဖျား မျှစ်စိမ်းများကို  ရှာဖွေ၍ ဈေးကွက်အတွင်းသို့ ရောင်းချကာ ဈေးကောင်းရရှိလျက်ရှိကြောင်း သိရှိရပါသည်။

          ဩဂုတ်လ ဒုတိယပတ်အတွင်း မျှစ်စိမ်း တစ်ပိဿာလျှင်(၂၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၃၀၀)ကျပ်၊ မျှစ်ပြုတ် တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိခဲ့ပြီး ယခု ဩဂုတ်လ တတိယပတ်အတွင်း မျှစ်စိမ်း တစ်ပိဿာလျှင်(၂၂၀၀)ကျပ်၊ (၅)ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၁၀၀)ကျပ်၊ မျှစ်ပြုတ် တစ်ပိဿာလျှင်(၂၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိသောကြောင့် ယခင်အပတ်ထက် မျှစ်စိမ်း တစ်ပိဿာလျှင်(၃၀၀)ကျပ်၊ မျှစ်ပြုတ် တစ်ပိဿာလျှင်(၅၀၀)ကျပ်ဈေးနှုန်းတို့ ဆက်လက်ကျ ဆင်းလျက်ရှိပြီး  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရ ပါသည်။

DOCA (စစ်ကိုင်း)

 

စွန်တာနီပဲ(ခေါ်)ပဲနီရေပွ နှင့်စားတော်ပဲပြုတ် ဈေးနှုန်း

           ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးကို လုပ်ကိုင်လျက်ရှိရာ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ နေကြာ စသည့်တို့အနက်မှ စွန်တာနီပဲ(ခေါ်)ပဲနီ နှင့် စားတော်ပဲတို့ကိုလည်း ကန့်ဘလူမြို့ ပွဲရုံများနှင့်ကျွန်းလှမြို့ပေါ်ဈေးကွက်သို့ လာရောက်ရောင်းချကာ ဈေး‌ကောင်ရရှိ၍ အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်းသိရသည်။

          ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ပိတောက်မြိုင်ဈေး၏ စွန်တာနီပဲ (ခေါ်)ပဲနီရေပွ ဈေးနှုန်းအနေဖြင့် စွန်တာနီပဲ(ခေါ်)ပဲနီရေပွဈေးနှုန်းများမှာ စွန်တာနီပဲ(ခေါ်)ပဲနီရေပွ တစ်ပြည်လျှင်(၄၈၀၀)ကျပ်၊ နို့ဆီဘူး(၄)ဘူးလျှင်(၂၄၀၀)ကျပ်၊ နို့ဆီတစ်ဘူးလျှင်(၆၀၀)ကျပ် နှင့် စားတော် ပဲပြုတ် လဖက်ရည်သောက်ပန်းကန် တစ်လုံးလျှင်(၅၀၀)ကျပ်၊ ငွေကျပ်(၂၀၀၀)ဖိုးလျှင်(၅)ပန်ကန်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပဲရေပွနှင့်စားတော်ပဲပြုတ် ရောင်းချ သူထံ မှ သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း