Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်ရာ အရပ်ဒေသများနှင့် ဈေးနှုန်းများအခြေအနေ

   ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ () ရက်နေ့တွင် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက်ရာဒေသများဖြစ်သည့် ဆိပ်ဖြူ၊ မြင်းခြံ၊ မုံရွာဒေသတို့မှ ကြက်သွန်နီ (၄၈၀၀၀၀) ပိဿာ ဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့် ပြန်လည်စီး  ထွက်မှုရှိကြောင်း သိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီ လက်ကျန်မှာ (၁၉၂၀၀၀) ကျန်ရှိကြောင်း ကုန်စည်ဒိုင်တင်းအရသိရှိရ သည်။ ဆိပ်ဖြူ ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၆၅၀၊ အသန့်မှာတစ်ပိဿာ ကျပ် ၁၀၀၀၊ အကြီးမှာ ကျပ် ၁၅၀၀၊ ရှယ်မှာ ကျပ် ၁၈၅၀၊ မြင်းခြံ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၆၅၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၈၅၀ ၊ အကြီးမှာ ကျပ် ၁၂၅၀၊ ရှယ်မှာ ကျပ် ၁၆၀၀၊ မုံရွာ ကြက်သွန်နီ (အသစ်)  အချော တစ်ပိဿာ ကျပ် ၇၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၁၀၀ ၊ အကြီးမှာ ကျပ် ၁၅၅၀၊ ရှယ်မှာ ကျပ် ၁၉၀၀ ဈေးတို့အသီးသီးရှိကြောင်း စုံစမ်းသိရှိရပါသည်။

          ၉.၁၀.၂၀၂၅ ရက်နေ့တွင် ကြက်သွန်နီဈေးနှုန်းများမှာ ယခင်အပတ်ထက် ဈေးအနည်းငယ် တက်လျက်ရှိကြောင်း သိရှိရပါသည်။

  DOCA (ရန်ကုန်)

မုံရွာမြို့တွင် ရောင်းချနေသော မင်းကွက်သီးနှင့် သခွားမွှေးသီး ဈေးနှုန်း

  စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာဈေးအတွင်းတွင် မင်းကွက်သီးနှင့် သခွားမွှေးသီးများ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ဈေးကွက်အတွင်း ရောင်းချနေ သော မင်းကွက်သီးများကို မော်လမြိုင်ဒေသထွက် မင်းဂွတ်သီးများ ဈေးကွက်အတွင်းဝင် ရောက်လျက်ရှိကြောင်းသိရှိရပါသည်။မုံရွာဒေသထွက် သခွားမွေးသီးများ ဈေးကောင်းရ လျက်ရှိနေကြောင်း သတင်းရရှိသည်။ သခွားမွေးသီးကို မုံရွာမြို့ အနီးတဝိုက် ကျေးရွာများ တွင်တနိုင် တပိုင်စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်း စိုက်ပျိုးကြပါသည်။ သခွားမွေးသီး များ ရောင်းချဝယ်ယူရာတွင် အရွယ်အစားလိုက်ပြီး ဈေးနှုန်းကွာဟမှုရှိပါသည်။

          ၂၀၂၅ ခုနှစ် ၊ အောက်တိုဘာလ ဒုတိယအပတ်အတွင်း မုံရွာမြို့ ကန်သာယာဈေးရှိ  သစ်သီးဆိုင်များတွင် မင်းကွက်သီးဈေးနှုန်းမှာ မင်းကွက်သီးအသေး (၁)လုံး လျှင် (၄၀၀) ကျပ်၊ မင်းကွက်သီးအလတ်(၁)လုံးလျှင် (၆၀၀) ကျပ်နှင့် မင်းကွက်သီးအကြီး (၁)လုံးလျှင် (၁၀၀၀) ကျပ် ဖြင့်ရောင်းချပြီး သခွားမွေးသီး အလုံးကြီး တစ်လုံးလျှင် (၂၅၀၀၊၄၅၀၀) ကျပ်၊ သခွားမွေးသီး အလုံးလတ်တစ်လုံးလျှင် (၂၅၀၀၊ ၃၀၀၀) ကျပ်၊ သခွားမွေးသီး အလုံးသေး တစ်လုံးလျှင် (၈၀၀၊၁၀၀၀) ကျပ် နှုန်းဖြင့်  ရောင်းချလျက်ရှိရာ လူကြီးလူငယ်မရွေး ကြိုက် နှစ်သက်သည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါ သည်။

DOCA(စစ်ကိုင်း)

 

“ထောပတ်သီးများလှိုင်လှိုင်ဝင်ရောက်”

       ကျောက်ဆည်ခရိုင်အတွင်းရှိ အေးမြကြည်လင်ဈေးနှင့် မြို့မဈေးများသို့ ထောပတ်သီးများ လှိုင်လှိုင်ဝင်ရောက်လျက်ရှိပြီး ရှမ်းပြည်၊အောင်ပန်း၊ပင်းတယနှင့် ရွာငံရေဦး မြို့များမှထွက်ရှိသည့် ဒေသမျိုးထောပတ်သီးများ အများဆုံးဝင် ရောက်လျက်ရှိပါသည် ။ မြန်မာနိုင်ငံ သစ်သီးဝလံနှင့် ပန်းမာန်မှာဆိုလျှင် ထောပတ်သီး အမျိုးအစားသည်လည်း နေရာတစ်ခုရလာကာ လူအများ စားသုံးကြသည်ကိုတွေ့ရှိရကြောင်း၊မိရိုးဖလာမျိုးဖြစ်သည့်မြောက်ကျွန်းသူထောပတ်မျိုးလည်းရှိသလို၊ နိုင်ငံခြားမျိုးဖြစ်သည့် Pinkerton၊ Hass တို့သည် နာမည်ကြီး လူကြိုက်များပြီး အခြား နိုင်ငံခြားမျိုးများစွာလည်းရှိပြီး စျေးကွက်အတွင်း မိရိုးဖလာဖြစ်သည့် မြောက်ကျွန်းသူ ထောပတ် မျိုးများ အများဆုံးဝင်ရောက်လျက်ရှိကြောင်း ၊ ထောပတ်သီးတွင် ပိုတက်ဆီယမ်၊ ဗီတာမင် C ဗီတာမင် E ၊ အမျှင်ဓာတ် နှင့် သကြားဓာတ် အာဟာများစွာပါဝင်ကြောင်း၊ ထောပတ်သီးကို စားသုံးခြင်းဖြင့် ရောင်ရမ်းမှုကိုသက်သာစေခြင်း၊ သွေးတွင်း ကိုလက်စထရောကျဆင်းစေခြင်း၊ သွေးတွင်းသကြား ဓါတ်ကိုထိန်းညှိပေးခြင်း ၊ သွေးပေါင်ချိန်ကို ထိန်းညှိပေးခြင်း ၊ အမြင်အာရုံ ကောင်းမွန်စေခြင်း ကိုယ်ခံအားစနစ် ကောင်းမွန်စေခြင်း နှင့် အစာကြေစေခြင်းစသည့် အကျိုးကျေးဇူးများစွာရှိကြောင်း ထောပတ်သီး အကြီးတစ်လုံးလျှင် (၁၅၀၀/-) ကျပ် ၊ အလတ် တစ်လုံးလျှင် (၁၀၀၀/-) ကျပ်၊ အသေးတစ်လုံးလျှင် (၇၀၀/-) ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

 

ကျွန်းလှမြို့နယ်အတွင်း သင်္ဘောသီးစိမ်း ဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်လျက်ရှိကြောင်းသိရပါ သည်။ စိုက်ပျိုးလျက်ရှိသော  ရာသီပေါ် သီးနှံများနှင့် နှစ်ရှည်သီးနှံများဖြစ်သည့် ဩဇာသီး၊ ငှက်ပျော သီး၊ ဂွေးသီး၊ ဇီးဖြူသီး၊ မန်ကျည်းသီး၊ ရုံးပတီသိး၊ ခရမ်းသီး၊ ခရမ်းချဉ်သီး၊ ပဲတောင့်ရှည်သီး၊ ပဲလင်းမြွေသီး နှင့် အုန်းသီး စသည့်သီးနှံများကို စိုက်ပျိုးကြသည့်အပြင် သင်္ဘောသီးစိမ်းများကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက်ရောင်းချကြကြောင်း သိရှိရသည်။

          ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ပထမပတ်အတွင်း ရောင်းချလျက်ရှိသော သင်္ဘောသီးစိမ်း ဈေးနှုန်းအနေဖြင့် သင်္ဘောသီးစိမ်း()ပိဿာလျှင်(၁၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး သင်္ဘောသီးစိမ်းကို အသုပ်ဆိုင်များ၊ သင်္ဘောသီးအထောင်း ဆိုင်များနှင့် မုံညှင်းချဉ်သည်များမှ အသုံးပြုသည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရာသီစာမှိုဥနက်ဈေးနှုန်းများ

          တစ်နှစ်တွင် တစ်ခါသာ ပေါ်လေ့ရှိသည့် ရာသီစာမှိုဉနက်သည် မိုးရာသီကုန်ပြီး ဆောင်းရာသီ စတင်ဝင်သည့်အချိန်တွင် မှိုများပေါက်ရောက်ကြောင်း၊ အချို့သောသူများမှာ မှိုပေါက်သည့် အချိန် ကို မိမိတို့အမှတ်အသားများဖြင့် မှတ်သားထားကြောင်း၊ သစ်ပင်၏ အပင်ခြေရင်းများရှိ သစ်ရွက် ခြောက်/သစ်ရွက်ဆွေးများတွင်လည်းကောင်း၊ မြေလွတ်/မြေရိုင်းများတွင်လည်းကောင်း၊ မိမိတို့ နေ ထိုင်သည့် ခြံဝင်းများဘေးပတ်လည်ရှိ ခြံစည်းရိုးများတွင်လည်းကောင်း သဘာဝအလျောက် နေရာ အနှံအပြား ပေါက်ရောက်လျက်ရှိပါသည်။

          ယခုနှစ်သည် မိုးများစွာ ရွာသွန်းသော်လည်း မှိုများမှာ ပုံမှန်ထွက်ရှိပြီး မှိုများ အများအပြားပေါက်ကြောင်း ၊ ရာသီစာ မှိုဉနက်ရှာဖွေရာတွင် နှစ်ယောက်ခြင်း (သို့မဟုတ်) အဖွဲ့ လိုက်ရှာ‌ဖွေကြကြောင်း၊ ရရှိလာသည့် မှိုများကို မြေကြီးများပြောင်အောင် ဓားဖြင့်ခြစ်ပြီး သန့်ရှင်းအောင်ပြုလုပ်၍ ရောင်းပန်းလှအောင် ရောင်းချရကြောင်း၊  မှိုဉနက်များကို အိမ်တွင် စားသုံးခြင်း၊ မိတ်ဆွေများကို လက်ဆောင်ပေးခြင်းများ ပြုလုပ်ကြကြောင်း၊ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ (ပထမ)ပတ်တွင် ဖြစ်ပေါ်နေသော မှိုဉနက်ဈေးနှုန်းများမှာ အရွယ်အစားအပေါ်မူတည်၍ မှိုအဖူးအငုံ(၁)ပိဿာလျှင် (၃၀၀၀ဝိ/-) ကျပ်နှင့် မှိုအပွင့်(၁)ပိဿာလျှင် (၂၅၀၀ဝိ/-) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ သဘာဝအလျောက်ထွက်ရှိသည့် ရာသီစာ မှိုဉနက်များကိုရှာဖွေရောင်းချခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင် ရောင်းချနေသော ပန်းသစ်တော်သီးနှင့် ပန်းသီး ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်းတွင် ပန်းသစ်တော်သီးနှင့် ပန်းသီးများ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ပန်းသစ်တော်သီးနှင့် ပန်းသီးတို့သည် အေး၍စိုစွတ်သော ရာသီဥတုကို ကြိုက်နှစ်သက်သဖြင့် အေးမြသော ရာသီဥတုရှိသည့် ရှမ်းပြည်နယ်တွင် အများဆုံးဖြစ်ထွန်းသော သီးနှံဖြစ်ကြောင်း သိရှိရပါသည်။

    ၂၀၂၅ ခုနှစ် ၊ အောက်တိုဘာလ ဒုတိယအပတ်အတွင်း မုံရွာမြို့ ချင်းတွင်းရတနာဈေး ရှိ  သစ်သီးဆိုင်များတွင် ပန်းသစ်တော်သီး အသေးတစ်လုံးလျှင်(၁၅၀၀)ကျပ်၊ အလတ်တစ်လုံး လျှင် (၂၀၀၀)ကျပ်နှင့်   အကြီးတစ်လုံးလျှင် (၃၀၀၀)ကျပ်၊ ပန်းသီးဈေးနှုန်းမှာ အသေး တစ်လုံးလျှင် (၁၀၀၀)ကျပ်၊ အလတ်တစ်လုံးလျှင် (၂၀၀၀)ကျပ်နှင့်   အကြီးတစ်လုံးလျှင် (၃၀၀၀)ကျပ်နှုန်းဖြင့်  ရောင်းချ လျက်ရှိရာ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သည့်အတွက် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကင်းပုံသီးဈေးကွက်အရောင်းသွက်

       မန္တလေးမြို့ရှိ ကိုင်းတန်းဈေးနှင့် (၄၁) လမ်းဈေးတို့တွင် မုံရွာနှင့်စစ်ကိုင်းဒေသတို့မှ ထွက်ရှိကြသည့် ကင်းပုံသီးများ အရောင်းသွက်လျက်ရှိသည်။ ကင်းပုံသိးသည် သဘာဝအလျောက် ခြုံနွယ်များတွင် အလေ့ကျပေါက်သော်လည်း ယခုတွင်မူ ကင်းပုံသီးကို စီးပွားဖြစ်စိုက်ပျိုးလာကြသည်။ ကင်းပုံသီးမှာ အချိုသီးနှင့် အခါးသီးဟု(၂)မျိုးရှိပြီး အခါးမျိုးမှာဆေးဖက်ဝင်သည့်အတွက် အရောင်းပို၍သွက်ပြီး ဟင်းလျာအဖြစ် မျှစ်၊ နွားနို့တို့ဖြင့်လည်း ချက်စာကြပါသည်။ ကင်းပုံသီးသည် အဝလွန်ခြင်းကို ကာကွယ်ပေးနိုင်ပြီး အဆီဆဲလ်မဖြစ်ခင်အခြေအနေမှာ ကြိုတင်တားဆီးပေးခြင်းကြောင့် ဇီဝ ဖြစ်စဉ်နှုန်းကိုပိုမိုမြန်စေပြီး သွေးတွင်းသကြားဓါတ်ကို လျော့ကျစေကြောင်း လေ့လာချက်များအရတွေ့ရှိရပါသည်။ ကင်းပုံသီးကိုအထုတ်အလုံး(၁၀၀)သို့မဟုတ်ပြည်ချိန်ဖြင့် ဝယ်ယူကြပြီ၊ မြို့နယ်ရှိရပ်ကွက်ဈေးကလေးများတွင် လက်လီရောင်းချကြသည်။ ကင်းပုံသီး (၁၀)လုံးလျင် (၅၀၀)ကျပ်၊ (၂၅) လုံးလျင် (၁၀၀၀)ကျပ်တို့ဖြင့်ရောင်းချကြောင်း သိရှိရပါသည်။

DOCA(မန္တ‌လေး)

“ပဲတီစိမ်းစျေးနှုန်းများအနည်းငယ်ကျဆင်း”

              မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် သီးနှံမျိုးစုံအောင်မြင်ဖြစ်ထွန်းလျှက်ရှိရာ ၎င်းသီးနှံများအနက် ပဲတီစိမ်းကို ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် စဉ့်ကိုင်မြို့နယ်တွင် (၉၄၇၆)ဧက စိုက်ပျိုးထားရှိပြီး ဧကအားလုံး ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည် ။ ပဲတီစိမ်းကို စိုက်ပျိုးရာတွင် မျိုးအနေဖြင့် ကျောက်စိမ်းမျိုးနှင့်ရေဆင်း(၁၁)မျိုးကို အများဆုံးစိုက်ပျိုးကြပြီး တစ်ဧကလျှင်မျိုးစေ့(၅-၆)ပြည်ခန့် ကုန်ကျကြောင်း ၊ ပဲတီစိမ်းမျိုး ဈေးနှုန်းအနေဖြင့် တစ်ပြည်လျှင်(၈၀၀၀)ကျပ်ဈေးနှုန်းဖြင့်ဝယ်ယူစိုက်ပျိုးရပြီး (၁)ဧကကုန်ကျစရိတ် အနေဖြင့် မျိုး ၊ သွင်းအားစု၊ လုပ်သားခအပါအဝင်၊ စုစုပေါင်း (၅၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း ၊ (၁)ဧက အထွက်နှုန်းအနေဖြင့် (၁၅)တင်းခန့် ထွက်ရှိကြောင်း ၊ ပဲတီစိမ်းစျေးနှုန်း အနေဖြင့် စက်တင်ဘာလ နောက်ဆုံးပတ်တွင် တစ်တင်းလျှင်(၈၀၀၀၀/-)ကျပ်စျေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပြီး အောက်တိုဘာလ ဒုတိယပတ်တွင် တစ်တင်းလျှင်(၆၅၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ယခင်လနှင့်နှိုင်းယှဉ်ပါက စျေးနှုန်းများကျဆင်းသွားကြောင်း ၊ (၁)ဧက  အကျိုးအမြတ်အနေဖြင့် (၄၇၅၀၀၀/-)ကျပ်ဝန်းကျင်ခန့် မြတ်ကြောင်း ၊ စျေးကွက်အနေဖြင့် တောင်သူများမှ ကျောက်ဆည်မြို့ပေါ်ရှိ ပွဲရုံများသို့ လာရောက်ရောင်းချကြပြီး ပွဲရုံများမှတစ်ဆင့် မန္တလေး၊ရန်ကုန် မြို့များသို့ တင်ပို့ရောင်းချကြကြောင်း ပဲတီစိမ်းစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)

 

 

 

မုံရွာမြို့တွင် ရောင်းချနေသော နဂါးမောက်သီးနှင့် ဖရဲသီးဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မန်ကျည်းပင်ဈေးအတွင်းတွင်  နဂါးမောက်သီးနှင့် ဖရဲသီးများ အများအပြား ရောင်းချလျက်ရှိကြပါသည်။ နဂါးမောက်သီးပင်များသည် အပူပိုင်းဒေသ ရာသီဥတုရှိရာ နေရာအနှံ့အပြားတွင် စိုက်ပျိုးဖြစ်ထွန်းပြီး ရေငတ်ခံနိုင်သော ရှားစောင်းနွယ်ဝင် အပင်တစ်မျိုးဖြစ်သည်။ နဂါးမောက်သီးတွင် အဖြူ၊ အနီ၊ အဝါ သုံးမျိုးရှိပါ သည်။ဖရဲသီးအား အသီးအတိုင်းစားသုံးခြင်း၊ ဖျော်ရည်နှင့် စားသောက်ကုန်တို့တွင်ထည့်၍ စားသုံးကြောင်း သိရပါသည်။ဖရဲသီးတွင် ရေဓာတ်ပေါကြွယ်ဝစွာ ပါဝင်သောကြောင့် ရေအစား ထိုးအနေဖြင့် စားသုံးနိုင်ပြီး အပူကင်းအောင်စားပေးသင့်သော အသီးတစ်မျိုးလည်းဖြစ်ပါသည်။ နဂါးမောက်သီးနှင့် ဖရဲသီးသည် ကျန်းမာရေးအတွက် အထောက် အကူများစွာပေးပြီး၊ ဖျော်ရည်၊ နဂါးမောက်သီး ဖျော်ရည်၊ ဖရဲသီးဖျော်ရည်များ ပြုလုပ်စားသောက်ရသည့်အတွက် လူကြိုက်များကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ် ၊ အောက်တိုဘာလ ပထမအပတ်အတွင်း မုံရွာမြို့ မန်ကျည်းပင်ဈေး ရှိ  သစ်သီးဆိုင်များတွင် နဂါးမောက်သီး အသေး (၁)လုံးလျှင် (၅၀၀) ကျပ်၊ နဂါးမောက်သီး အလတ်(၁)လုံးလျှင် (၇၀၀) ကျပ်နှင့် နဂါးမောက်သီး အကြီး (၁)လုံးလျှင် (၁၀၀၀) ကျပ် ၊ ဖရဲသီးအသေးတစ်လုံးလျှင် (၁၀၀၀)ကျပ်၊ ဖရဲသီးအလုံးလတ်တစ်လုံးလျှင်(၁၅၀၀)ကျပ်နှင့် ဖရဲသီးအကြီးတစ်လုံးလျှင် (၃၀၀၀)ကျပ်ဖြင့်  ရောင်းချလျက်ရှိရာ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

“ငှက်ပျောစိုက်ပျိုးဝင်ငွေတိုး”

             မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသဖြစ်သောကြောင့် စပါး၊ပဲမျိုးစုံ၊ဆီထွက်သီးနှံမျိုးစုံ၊ငရုတ်၊သရက်နှင့်ငှက်ပျောစသည့် သီးနှံများအား ရာသီအလိုက် စိုက်ပျိုးလျှက်ရှိရာ ၄င်းသီးနှံများအနက် ငှက်ပျောသီးနှံအား တစ်နိုင်တစ်ပိုင်စိုက်ပျိုးရာမှ စီးပွားဖြစ် စိုက်ပျိုးလာကြပါသည်။ငှက်ပျောစိုက်ပျိုးမှုအနေဖြင့် ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်၊ ကျောက်ဆည်ခရိုင်တွင် (၃၁၁၃)ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်း ၊ ကျောက်ဆည်မြို့နယ်တွင်(၁၂၈၂)ဧက စိုက်ပျိုးထားရှိပြီး (၈၀၄)ဧက ရိတ်သိမ်းပြီးကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည် ။ ငှက်ပျောကို ရာသီမရွေး စိုက်ပျိုးနိုင်ကြောင်း၊ငှက်ပျောစိုက်ပျိုးရာတွင် (၁)ဧကလျှင်အပင်(၈၀၀)စိုက်ပျိုးရကြောင်း၊ တစ်ပင်နှင့် တစ်ပင်(၈)ပေခြားကာ စိုက်ပျိုးရပြီး (၉-၁၀)လ အကြာတွင် ငှက်ပျောဖူးများ စတင်ထွက်ရှိ၍ ငှက်ပျောဖူးထွက်ပြီး(၃)လကြာလျှင် ရောင်းတန်းဝင် ငှက်ပျောခိုင်များရရှိလာပါသည်။ ကျောက်ဆည် ဒေသ၌ အများအားဖြင့် ဖီးကြမ်းငှက်ပျောမျိုးများကို အဓိကထားစိုက်ပျိုးကြပါသည် ။ (၁)ဧက စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် ပျိုးပင်၊သွင်းအားစု၊လုပ်သားခအပါအဝင် စုစုပေါင်း(၂၀)သိန်းကျပ် ဝန်းကျင်ခန့်ကုန်ကျကြောင်းသိရှိရပါသည်။ငှက်ပျောခြံများမှ ငှက်ပျောအခိုင်(၄၀)ပါလှည်းတစ်စီးလျှင် (၄၅၀၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် အ‌ရောင်းအဝယ်ဖြစ်နေကြောင်း ၊ ငှက်ပျောသီးဖီးကြမ်း တစ်ဖီးစျေးနှုန်းမှာ လက်ရင်း(၃၅၀၀-၄၀၀၀)ကျပ် ၊ လက်ဖျား(၂၅၀၀-၃၀၀၀)ကျပ် စျေးနှုန်းများဖြင့် ရောင်းဝယ် လျှက်ရှိကြောင်း၊ (၁)ဧက အကျိုးအမြတ်အနေဖြင့် သိန်း(၇၀) ဝန်းကျင်ခန့်မြတ်ကြောင်း၊ ကျောက်ဆည်မြို့နယ်ရှိ ငှက်ပျောပွဲစားများသည် ငှက်ပျောခြံအထိ လာရောက်ဝယ်ယူကြကြောင်း ၊ စျေးကွက်အနေဖြင့် ရန်ကုန်၊ မန္တလေး၊ပဲခူးမြို့များ သို့တင်ပို့ရောင်းချကြောင်း၊ ငှက်ပျောစိုက်ပျိုးခြင်း ဖြင့် ဝင်ငွေတိုးပြီး တွက်ခြေကိုက်သည့် သီးနှံဖြစ်ကြောင်း ဖီးကြမ်းငှက်ပျော စိုက်ပျိုးသော တောင်သူ တစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)

 

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း