Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပဲပုပ်ဈေးကောင်းလာခြင်းနှင့် အတူအမြတ်အစွန်း ပိုမိုရရှိနိုင်မည်ဟု တောင်သူများမျှော်မှန်း

                 စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူး ဦးသန်းဦးနှင့် ပြည်တွင်းဌာနခွဲဝန်ထမ်းများ သည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက် နံနက်(၁၀း၀၀) နာရီအချိန်တွင် ဘားအံမြို့နယ်၊ ပေါ့ထော်ကျေးရွာအုပ်စု၊ အိမ်တိုင်ကုန်း ၁၀ အိမ်စုကျေးရွာရှိ ပဲပုပ်စိုက်ခင်းများသို့ ကွင်းဆင်း၍ သီးနှံများတွက်ခြေကိုက်မှုရှိ/ မရှိ အခြေအနေများကို တောင်သူများနှင့် တွေ့ဆုံမေးမြန်းလေ့လာခဲ့ကြသည်။

               ကရင်ပြည်နယ်တွင် ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများကို ဒေသအနှံအပြားစိုက်ပျိုးကြသော်လည်း သံလွင်မြစ်ကြောင်း တစ်လျှောက်ရှိ နုန်းတင်မြေနု စိုက်ခင်းများတွင် ပဲပုပ်ကို အဓိကစိုက်ပျိုးကြသည်။

          ပဲပုပ်သည် စိုက်ပျိုးရန်လွယ်ကူပြီး တစ်ဧကကုန်ကျစရိတ်သက်သာသော သီးနှံဖြစ်သောကြောင့် သံလွင်မြစ်ကမ်းတစ်လျှောက်ရှိ ကျေးရွာများတွင် အဓိကစိုက်ပျိုးပြီး တောင်သူတွက်ခြေကိုက်သောသီးနှံဖြစ်ကြောင်းနှင့် နှစ်စဉ် မြစ်ရေကျချိန် တော်သလင်းလဆန်းတွင် စတင်စိုက်ပျိုးကြောင်းနှင့် ပြာသိုလဆန်းတွင် စတင်ရိတ်သိမ်းကြောင်း သိရသည်။ ဒေသခံ တောင်သူများအနေဖြင့် ပဲပုပ်စိုက်ပျိုးရာတွင် မြစ်ရေကျချိန် ပေါ်ထွက်လာသောမြေနုကျွန်းများတွင် မြေပြုပြင်ခြင်းမရှိပဲ ကြဲပက်စိုက်ပျိုးကြကြောင်းနှင့် တစ်ဧက အထွက်နှုန်း ၁၃ တင်းမှ ၁၅ တင်းခန့်ရရှိကြောင်း သိရသည်။ ၂၀၂၄ ခုနှစ် ပဲပုပ်ဈေးနှုန်းမှာ အဖွင့်ဈေး တစ်ပိဿာ ၃၉၀၀ ကျပ် လက်ရှိဈေး ၇၅၀၀ ကျပ်ဖြစ်ကြောင်းနှင့် ဈေးနှုန်းမြင့်တက်လာခြင်းနှင့် အတူ ယခုနှစ်တွင် အမြတ်အစွန်း ပိုမိုရှိနိုင်မည်ဟု မျှော်မှန်းလျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)

ကရင်ပြည်နယ်ဒေသထွက် ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ ဈေးနှုန်း/ဈေးကွက်အခြေအနေ

              ကရင်ပြည်နယ်ဒေသထွက် ပဲမျိုးစုံနှင့်ဆီထွက်သီးနှံများ ကနဦးပေါ်ချိန်နှင့် လက်ရှိအချိန် ဈေးနှုန်းနှိုင်းယှဉ်ချက်များအရ ပဲမျိုးစုံနှင့်ဆီထွက်သီးနှံတစ်ပိဿာဈေးနှုန်းများ မြင့်တက်ခဲ့ကြောင်း သိရသည်၊၊

              ၂၀၂၄ အောက်တိုဘာလ စတုတ္ထအပတ်အတွင်း ကရင်ပြည်နယ်ဒေသထွက် ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများ တစ်ပိဿာဈေးနှုန်းနှင့် ဈေးကွက်အခြေအနေများမှာ ဖွင့်ဈေး ပဲကြီး ၄၅၀၀ ကျပ် လက်ရှိပေါက်ဈေး ၅၃၀၀ ကျပ် ၊ ပဲလွန်းဖြူ ဖွင့်ဈေး ၄၀၀၀ ကျပ် လက်ရှိ ၅၆၀၀ ကျပ်၊ပဲကြားမဲ ဖွင့်ဈေး ၃၀၀၀ ကျပ်မှ လက်ရှိပေါက်ဈေး ၆၅၀၀ ကျပ်၊ စမုံနက် နှမ်း ဖွင့်ဈေး ၈၀၀၀ ကျပ်မှ ၁၆၀၀၀၊ မြေပဲ ဖွင့်ဈေး ၆၂၀၀ ကျပ်မှ ၉၀၀၀ ကျပ်၊ ပဲတီရွှေဝါ ဖွင့်ဈေး ၄၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်၊ ပဲဖြူကလေး ဖွင့်ဈေး ၆၂၀၀ ကျပ်မှ ၈၃၀၀ ကျပ်၊ ပဲတီရိုးရိုး ဖွင့်ဈေး ၃၉၀၀ ကျပ်မှ ၄၇၀၀ ကျပ်၊ ပဲထောပတ် ဖွင့်ဈေး ၆၂၀၀ ကျပ်မှ ၈၀၀၀၊ မတ်ပဲ ဖွင့်ဈေး ၄၂၀၀ ကျပ်မှ ၆၅၀၀ ကျပ်၊ ပဲပုပ် ဖွင့်ဈေး ၃၉၀၀ ကျပ်မှ ၇၅၀၀ ကျပ်ဖြင့်လည်းကောင်း အသီးသီးဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

          ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများအနေဖြင့် ဒေသတွင်း ကုန်သည်လက်ကျန် အနည်းငယ်သာရှိပြီး လက်လီရောင်းဝယ်မှုများသာ အဓိကရှိကြောင်းနှင့်လိုအပ်သောပဲများကိုမော်လမြိုင်မြို့နှင့်အခြားပြည်တွင်းဒေသများမှ ပြန်လည်သယ်ယူ ရောင်းချကြကြောင်း သိရှိရပါသည်။

DOCA(ကရင်)

ဘားအံမြို့ဒေသထွက် ခရမ်းချဉ်သီးဈေးနှုန်းအခြေအနေ

     ၂၀၂၄ ခုနှစ်၊ ဆောင်းရာသီတွင် ကရင်ပြည်နယ်ဒေသထွက် ခရမ်းချဉ်သီးကို ဘားအံမြို့ အနီးတစ်ဝိုက်ရှိကျေးရွာများရှိ ဒေသခံတောင်သူများက စီးပွားဖြစ်စိုက်ပျိုးကြတလို အပိုဝင်ငွေရရှိရန် အတွက်လည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပြီး  ဘားအံမြို့ပေါ်ဈေးသို့ လာရောက်ရောင်းချကြကြောင်း သိရသည်။

   ဈေးနှုန်းအနေဖြင့် ယခင်အပတ်က ခရမ်းချဉ်သီးဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်၊ ယခုအခါ ခရမ်းချဉ်သီးဈေးနှုန်းမှာ တစ်ပိဿာလျှင် (၅၀၀၀) ကျပ်နှုန်းတို့ဖြစ် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း  သိရပါသည်။

    ကရင်ပြည်နယ်ဒေသအတွင်း ဖြစ်ပေါ်နေသော နိုဝင်ဘာတတိယပတ်နှင့်နိုဝင်ဘာစတုတ္ထပတ် ဈေးနှုန်း နှိုင်းယှဉ်ခြင်းအားဖြင့် ဒေသတွင်စိုက်ခင်းများမှသီးနှံများ လှိုင်လှိုင်ထွက်ရှိလာပြီးဖြစ်၍ ကရင်ပြည်နယ်အတွင် ခရမ်းချဉ်သီးဈေးနှုန်း အနည်းငယ်ကျနေကြောင်း သိရပါသည်။    

DOCA(ကရင်)

                                                                                                         

ဘားအံမြို့ဒေသထွက် ဘူးသီးဈေးနှုန်း

  ကရင်ပြည်နယ်၊ ဘားအံမြို့၏ ဈေးကွက်တွင် ဘူးသီးများ ဈေးကောင်းရလျက်ရှိကြောင်း သိရပါသည်။ ဘူးသီးကို ဘားအံမြို့အနီး တဝိုက်ကျေးရွာများတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသည့် အပြင် စီးပွားဖြစ်လည်း စိုက်ပျိုးကြပါသည်။ ဘူးသီးကို ဟင်းနှင့်ဟင်းချိုအဖြစ် ချက်ပြုတ်စားကြသလို အကြော်ဆိုင်များတွင်အကြော်ကြော်၍ ရောင်းချကြသောကြောင့် ဝယ်ယူမှုများပြီး စိုက်ပျိုးတောင်သူအတွက် အပိုဝင်ငွေတိုးစေပါသည်။ ဘူးသီးကို အလုံးအရွယ်အစားအလိုက် ဈေးနှုန်းခွဲခြား ရောင်းချကြသည်။ ဘူးသီးအလုံးကြီးဈေးနှုန်း တစ်လုံးလျှင် (၅၀၀၀)ကျပ်၊ ဘူးသီးအလုံးသေး ဈေးနှုန်း တစ်လုံးလျှင် (၃၅၀၀)ကျပ် တို့ဖြစ် ရောင်းဝယ်လျက်ရှိကြောင်း  သိရှိရပါသည်။

DOCA(ကရင်)

ဘားအံမြို့ဒေသထွက် ကြက်ဟင်းခါသီးဈေးနှုန်းအခြေအနေ

    ၂၀၂၄ ခုနှစ်၊ ဆောင်းရာသီတွင် ကရင်ပြည်နယ်ဒေသထွက် ကြက်ဟင်းခါးသီးကို ဘားအံမြို့ အနီးတစ်ဝိုက်ရှိကျေးရွာများရှိ ဒေသခံတောင်သူများက စီးပွားဖြစ်စိုက်ပျိုးကြသလို အပိုဝင်ငွေရရှိရန် အတွက်လည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပြီး  ဘားအံမြို့ပေါ်ဈေးသို့ လာရောက်ရောင်းချကြကြောင်း သိရသည်။

      ကြက်ဟင်းခါးသီးကိုပြုတ်၍ ငပိရည်နှင့်တို့စရာအဖြစ်တို့စားလို့ရသလို ပုဇွန်ခြောက်နှင့်လည်း  ကြော်စားပါက ထမင်းမြိန်စေသည့်အပြင် ဖျော်ရည်အဖြစ်လည်း သောက်ကြပါသည်။ ကြက်ဟင်းခါးသီးတွင်  အခါးဓာတ်ပါသောကြောင့် သွေးသန့်စေဖို့ အကောင်းဆုံးအထောက်အကူပေးပြီး သွေးထဲမှာရှိသော သကြားဓာတ်ကို ထိန်းပေးသည်။ ကြက်ဟင်းခါးသီးစားသုံးခြင်းသည် ကျန်းမာရေးအတွက် ကောင်းကျိုးများစွာရနိုင်ပါသည်။      

      ဈေးနှုန်းအနေဖြင့် ကြက်ဟင်းခါးသီး အထောင့်ရှည် ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၅၀၀၀) ကျပ်နှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ကရင်)

ကျိုက်မရောမြို့နယ်၌ ကြက်ဟင်းခါးသီး စျေးကောင်းရ၍ စီးပွားဖြစ်စိုက်ပျိုးသူများလာ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် စိုက်ပျိုးရေးကိုအဓိကထား၍ စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြရာ ယခုနှစ်၌ ရာသီမရွေးစိုက်ပျိုးနိုင်သော ကြက်ဟင်းခါးသီးများ စျေးကောင်းရရှိ၍ စိုက်ပျိုးသူများလာကြောင်း ကလိုင်းကနိုင်ကျေးရွာမှ တောင်သူဦးဇော်လင်းထံမှသိရသည်။
အဆိုပါ ကြက်ဟင်းခါးသီးများကို စက်တင်ဘာလမှ စတင်စိုက်ပျိုးကြပြီး ကြက်ဟင်းခါးပင်ကို အစေ့မှပျိုး၍ အညွန့်တက်လာပါက စင်တင်ပေးကာ စနစ်တကျစိုက်ပျိုးကြပြီး နိုဝင်ဘာလ၊ ပထမအပတ်မှစတင်ကာ ခူးဆွတ်နိုင်ပြီး ယခုအချိန်၌ ကြက်ဟင်းခါးသီးတစ်လုံးလျှင် (၈၀၀) ကျပ်မှ (၁၀၀၀) ကျပ်ထိရသဖြင့် တစ်နေ့ခူးလျှင် အလုံးရေ (၄၀၀) မှ (၅၀၀) ထိခူးနိုင်ပြီး သုံးရက်ခြားတစ်ကြိမ် ခူးရပြီး ဝင်ငွေ (၃၀၀၀၀၀) ကျော်ခန့်ရသဖြင့် တစ်နှစ်ပတ်လုံး စိုက်ပျိူးနိုင်သဖြင့် စီးပွားဖြစ်စိုက်ပျိုးသူများလာပြီး စျေးကောင်းလည်းရရှိသဖြင့် မိသားစုပုံမှန်ဝင်ငွေတိုးပွားကာ မိသားစုများအဆင်ပြေလျက်ရှိကြောင်းသိရသည်။
ကြက်ဟင်းခါးသီးသည် မီးဖိုချောင်သုံး စာဖိုဆောင်သီးနှံဖြစ်ပြီး လူကြိုက်လည်းများသဖြင့် မြေလွတ်များ၌ စီးပွားဖြစ်စိုက်ပျိုးလာကြသူများလာပြီး ရေမြေကောင်းသဖြင့် အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းသိရှိရပါသည်။
DOCA(မွန်)

တနင်္သာရီတိုင်းဒေသကြီး ဒေသထွက် ငါးမုန့်

     တနင်္သာရီတိုင်းဒေသကြီးမှ ထွက်ရှိသော ငါးမုန့်များ၏ အရသာထူးကဲကောင်းမွန်မှုသည် မြန်မာနိုင်ငံအနှံ့အပြားစားသုံးသူပြည်သူအများအပြား လက်ခံလျက်ရှိပါသည်။ အရာသာကောင်းမွန်သော ငါးမုန့်များအဖြစ် ထုတ်လုပ်ရောင်းချနိုင်ရန် အတွက် ငါးအမျိုးအစားသည် အလွန်ပင် အရေးကြီးလှပါသည်။ တနင်္သာရီတိုင်းဒေသကြီးရှိ ငါးမုန့်လုပ်ငန်းအများစုသည် ငါးကွန်းရှပ်(ဒေသအခေါ်) ဘီးဇင်းငါးအမျိုးအစား တစ်ခုတည်းကိုသာ အဓိကထားအသုံးပြုကြပါသည်။

     တနင်္သာရီတိုင်း‌ဒေသကြီးအတွင်း ငါးမုန့်များတွင် ငါးမုန့်အခြောက်အစိမ်း၊ နှမ်းများကပ်ကာ နှမ်းကပ်ငါးမုန့်ခြောက်အစိမ်း၊ ဆီပူတွင် ကြော်ကာ အသင့်ကြော်ငါးမုန့် အထုတ်ငယ်များဖြင့် အသီးသီး ရောင်းချလျက်ရှိရာ စျေးနှုန်းများအနေဖြင့် ငါးမုန့်ခြောက်အစီမ်း တစ်ပိဿာလျှင်(၃၈၀၀၀) ကျပ်ဖြင့် မြန်မာနိုင်ငံနေရာအနှံ့အပြားသို့ တင်ပို့ရောင်းချလျက်ရှိပြီး အသင့်ကြော်ငါးမုန့်များအား လေလုံအောင် ထုပ်ပိုး၍ အထုတ်ငယ်တစ်ထုတ်လျှင်(၄၀၀/၇၀၀)ကျပ်နှုန်းဖြင့် ဒေသတွင်း ကုန်စုံဆိုင်၊ အအေးဆိုင် များ၊ စားသောက်ဆိုင်များနှင့် မြို့အနီးပတ်ဝန်းကျင် ကျေးရွာများအထိ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ကျိုက်ထိုမြို့နယ် ဒေသခံပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများဖြန့်ဖြူးရောင်းချပေး

မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တာဝန်ခံ ဦးဇော်ဦးသည် (၂၀-၁၁-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၅:၀၀)နာရီအချိန်တွင် ကျိုက်ထိုမြို့နယ်ရှိ ဆီကိုယ်စားလှယ်များထံသို့ Kaung Hlyan New Asia ကုမ္ပဏီမှ (ယာဉ်အမှတ် 4G-2351) (ယာဉ်အမှတ် 9B-8875) မော်တော်ယာဉ်ဖြင့် စားအုန်းဆီ (၃၁) ပေပါရောက်ရှိလာခဲ့ကြောင်းသိရှိရပါသည်။
အဆိုပါစားအုန်းဆီများကို ကျိုက်ထိုမြို့နယ်တာဝန်ခံက သွားရောက်စစ်ဆေးခဲ့ပြီး ခွဲတမ်းရရှိသောစားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးအပေါ် သယ်ယူပို့ဆောင်ခကုန်ကျစရိတ် အမြတ်၂% တို့ဖြင့် လက်လီ/လက်ကားဆိုင်ခွဲများသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီ/လက်ကားအရောင်းဆိုင်များကလည်း စားသုံးသူပြည်သူများထံသို့ အမြတ် ၂% ရယူ၍ မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများသို့ လှည့်လည်ရောင်းချပေးလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် ဈေးနှုန်းသက်သာစွာဝယ်ယူလျက်ရှိကြောင်း စားအုန်းဆီရောင်းချရန် ခွဲတမ်းရရှိသော ကိုယ်စားလှယ်များထံမှ သိရှိရပါသည်။
DOCA(မွန်)

အုတ်ဖိုဝါးခမောက်လုပ်ငန်း

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးမှုမှ နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးမှုဖြစ်ပေါ်လာမည်ဖြစ်သည်နှင့်အညီ နိုင်ငံတော်၏အားပေးမြှင့်တင်မှုနှင့် အတူ (MSMEs)လုပ်ငန်းများစွာရှိသည့်အနက် အုတ်ဖိုမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်၊ အောင်မင်္ဂလာ (၂)လမ်းရှိ စီးပွားရေးလုပ်ငန်းရှင် ဦးသိန်းဝင်း၏ ဝါးခမောက်လုပ်ငန်းမှာ ဖြစ်ထွန်းအောင်မြင်လာပြီဖြစ်ကြောင်းသိရှိရ၍ ဝါးခမောက်လုပ်ငန်းလုပ်ကိုင်ရာနေရာသို့ စားသုံးသူရေးရာဦးစီးဌာနမှ သွားရောက်တွေ့ဆုံလေ့လာခဲ့ပါသည်။
ဦးသိန်းဝင်း၏ ဝါးခမောက်လုပ်ငန်းသည် ကုန်ကြမ်းများရင်းနှီးမြှပ်နှံမှုအနေဖြင့် ဝါး၊ ဝါးပလပ်၊ အချဉ်တံ၊ အပ်ချည်အမျိုးမျိုး၊ ဖယောင်း၊ သင်္ဘောဆေး၊ဓါတ်ဆီ ၊ပလပ်စတစ်ကြိုး စသည်ဖြင့် ရင်းနှီးမတည်မှု ကျပ်သိန်း (၁၀၀၀၀၀၀၀) ရင်းနှီးရပြီး၊ ဝါးခမောက်လုပ်ငန်းလုပ်ကိုင်ရန် လုပ်သားဦးရေ (၂၀)ခန့်နှင့်လုပ်ကိုင်ရသဖြင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်ပါသည်။ ထုတ်လုပ်မှုအနေဖြင့် ပန်းချော၊ ငါးကြင်းကွက်၊ ဗီယက်နန်၊ ပဲခူးသူ စသည်ဖြင့် ပုံစံအမျိုးမျိုးထုတ်လုပ်ရောင်းချရပါသည်။ ဝါးခမောက်တစ်လုံးလျှင် ရင်းနှီးမြှပ်နှံမှုကုန်ကျစရိတ်အနေဖြင့် ၂၅၀၀ကျပ်ခန့်ကုန်ကျပါသည်။ ဈေးအတွင်း လက်ကားရောင်းဈေးအနေဖြင့် ၃၀၀၀ကျပ်မှ ၃၅၀၀ကျပ်အထိဈေးနှုန်းရရှိပါသည်။ တစ်လုံးလျှင် ပျမ်းမျှအမြတ်ငွေ (၇၂၀)ကျပ်အမြတ်ရရှိပြီး တစ်လလျှင် ဝါးခမောက်အလုံးရေ (၇၀၀) လုံးခန့်ရောင်းချရသဖြင့် တစ်လအမြတ်ငွေ (၅၀၀၀၀၀/) ကျပ်ရရှိနိုင်ပါသည်။ တစ်နှစ်ပတ်လုံး ကုန်ကြမ်းများသိုလှောင်ထားရှိပြီး လုပ်ငန်းလုပ်ကိုင်ရသဖြင့် ယခင်နှစ်တွင် အကျိုးအမြတ်အနေဖြင့် လစဉ်အမြတ်ငွေ ကျပ်(၉၀၀၀၀၀)ခန့်အမြတ်ရရှိခဲ့ပါသည်။ ယခုနှစ် ဝါးပလပ်ရွက်ပေါက်ဈေးမှာ တစ်ရွက်လျှင် (၄၂)ကျပ်ခန့်မြင့်တက်လာသဖြင့် အမြတ်ဝင်ငွေနည်းပါးသွားပြီး (၅၀၀၀၀၀) သိန်းကျပ်ခန့်သာအမြတ်ရရှိပါသည်။
ဈေးကွက်ရောင်းချမှုအနေဖြင့် ဒေသတွင်း ပဲခူး၊ ပြည်၊ မန္တလေးမြို့၊ ပြင်ဦးလွင်မြို့တို့ရှိ ဈေးကွက်များသို့တင်ပို့ရောင်းချရကြောင်းနှင့် ဝါးခမောက်များကို နွေ၊ မိုး၊ ဆောင်း ရာသီသုံးမျိုးစလုံးတွင် အသုံးပြုနိုင်ကြောင်းလည်းသိရှိရပါသည်။
DOCA(ပဲခူး)

ဧရာဝတီတိုင်းဒေသကြီးအတွင်း နိုဝင်ဘာလတတိယအပတ် အခြေခံစားသောက်ကုန်ဈေးနှုန်းအချို့အတက်/အကျဖြစ်

     ဧရာဝတီတိုင်းဒေသကြီးအတွင်း နိုဝင်ဘာလတတိယအပတ် ပဲဆီသန့်တစ်ပိဿာလျှင် ယခင်အပတ် ၁၉၀၀၀/၂၀၀၀၀ဈေးမှ ယခုဈေး ၁၈၀၀၀/၂၀၀၀၀ ဖြစ်သွား၍ ပဲဆီသန့်တစ်ပိဿာ ကျပ်၁၀၀၀ခန့်ဈေးနှုန်း ကျဆင်းလျက်ရှိပြီး နှမ်းဆီ တစ်ပိဿာ ယခင် ၁၈၀၀၀/၁၉၀၀၀ကျပ် ဈေးမှ ယခု၁၉၀၀၀/၂၀၀၀၀ဖြစ်သွား၍ တစ်ပိဿာကျပ် ၁၀၀၀ဈေးနှုန်း  မြင့်တက်လျက်ရှိပြီး ငရုတ်ခြောက်ရှည်တစ်ပိဿာလျှင် ကျပ် ၈၀၀၀/၈၅၀၀ ဈေးမှ ယခုဈေး တစ်ပိဿာကျပ် ၇၅၀၀/၈၀၀၀ ဖြစ်သွားသည့်အတွက် ငရုတ်ခြောက်ရှည် တစ်ပိဿာကျပ် ၅၀၀ခန့်ဈေးနှုန်းကျဆင်းလျက်ရှိပြီး ပွင့်လင်းရာသီတွင် ကြက်သွန်နီအသစ်များ ဈေးကွက်ဝင်ရောက်လာချိန် ယခင်ကြက်သွန်နီ တစ်ပိဿာ ၄၂၀၀/၄၅၀၀ ကျပ်ဈေးမှ ယခု ၄၀၀၀/၄၂၀၀ဖြစ်သွား၍ ကြက်သွန်နီတစ်ပိဿာကျပ် ၂၀၀/၃၀၀ခန့်ဈေးနှုန်း ကျဆင်းလျက်ရှိပြီး အာလူးအလတ် တစ်ပိဿာ ယခင် ၇၅၀၀/၈၀၀၀ကျပ်ဈေးမှ ယခုဈေး ၉၃၅၀/၁၀၀၀၀ဖြစ်သွား၍ အာလူး တစ်ပိဿာကျပ် ၂၀၀၀ခန့် ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း ဈေးကွက်မှသိရသည်။

       မြန်မာကြက်သား တစ်ပိဿာ ယခင်ကျပ် ၃၀၀၀၀/၃၂၀၀၀ ဈေးမှယခုဈေးတစ်ပိဿာ ကျပ် ၃၂၀၀၀/၃၄၀၀၀ ဖြစ်သွား၍ တစ်ပိဿာကျပ် ၂၀၀၀ဈေးနှုန်းမြင့်တက်မှုရှိပြီး မွေးမြူရေးကြက်သား၊ ဘဲသား၊အမဲသား၊ ဆိတ်သားဈေး၊ငါးဈေး ၊ငါးခြောက်ဈေးနှုန်းများနှင့် ဟင်းသီးဟင်းရွက်ဈေးနှုန်းများမှာ ယခင်အပတ်နှင့် ယခုအပတ်ဈေးနှုန်း အပြောင်းအလဲမရှိကြောင်း ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အခြေခံစားသောက်ကုန်စာရင်းမှ သိရသည်။

DOCA(ဧရာဝတီ)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း