Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

အာလူးဈေးကွက်အရောင်းသွက်

             မန္တလေးမြို့တွင်းသို့ ရှမ်းပြည်နယ်တောင်ပိုင်းအောင်ပန်း ၊ ကလော ၊ ရွာငံနှင့် ရပ်ဆော က်နယ်များမှ ဝင်ရောက်သည့် အာလူးများနှင့် သီပေါနောင်ချိုနှင့် ပြင်ဦးလွင်နယ်များမှ ရှမ်းအာ လူးများ ဝင်ရောက်သကဲ့သို့ မိုးကုတ်နယ်ဘက်မှလည်း အာလူးများဝင်ရောက်လျက်ရှိပါ်သည်။ မန်းမြို့တွင်းဝင်ရောက်သည့် အာလူးများဈေးနှုန်းဈေးကွက်အနေနှင့် လုံးကြီး ဂျွန် 5 ပိဿာ (20000) ၊ ဂျွန်လတ် 5 ပိဿာ (17000) နှင့် ရောင်းဝယ်မှုရှိပြီး လက်လီရောင်းဝယ်သူများ အနေနှင့် လုံးကြီး 1 ပိဿာ (5000) ၊ လုံးလတ် 1 ပိဿာ (4000) ကျပ် ၊ လုံးသေး ၁ ပိဿာ (3000) တို့နှင့် ရောင်းဝယ်မှုရှိပြီး မန်းမြို့တွင်းသို့ ဝင်ရောက်သည့် အာလူးများအနေနှင့် စားသောက်ကုန်ထုတ်လုပ်ရောင်းချမှုနှင့် စားသုံးသူပြည်သူများအနေနှင့် လက်လီဝယ်ယူစား သုံးမှု ရှိကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

 

မန်းမြို့တွင်းဘူးသီးဈေးကွက်

       မန္တလေးမြို့တွင်းသို့ ယခုရက်ပိုင်းအတွင်း ဘူးသီးများဝင်ရောက်မှုများပါသည်။ ဘူးသီး ကို ဟင်းလျာအဖြစ်ချက်ပြုတ်စားသုံးခြင်း ၊ ဘူးသီးကြော်အဖြစ်ကြော်၍ စားသုံးခြင်းဖြင့် စား သောက်ကုန်တစ်ခုအဖြစ် ရောင်းဝယ်လျက်ရှိပါသည်။ ဘူးပင်ကို သီးသန့်စိုက်ပျိုးခြင်းမရှိဘဲ လယ်မြေယာမြေများတွင် စိုက်ပျိုးကြပါသည်။ ဘူးပင်သည် အသီးသာမက အရွက်အညွှန့်များ ကို စားသုံးရပါသည်။ ယခုရက်ပိုင်းအတွင်း မန္တလေးမြို့ရှိ သိရီမာလာဈေးအတွင်း ကျောက်ဆည် ၊ စဉ့်ကိုင် ၊ မြစ်သား ၊ ပုသိမ်ကြီးနှင့် မတ္တရာနယ်များမှ ဘူးသီးများဝင်ရောက်မှု များပြီး ဈေးနှုန်းအနေနှင့် လုံးကြီး (၁) လုံးလျှင် 3000 ကျပ် မှ 3500 ကျပ် ၊ လုံးလတ် (၁) လုံး လျှင် 2000 ကျပ် မှ 2500 ကျပ် ၊ လုံးသေး (၁) လုံးလျှင် 1000 ကျပ် ၊ ဈေးနှုန်းများနှင့် ကုန်စိမ်း ဒိုင်များမှ ရောင်းဝယ်မှုရှိပြီး လက်လီဈေးကွက် အနေနှင့် မိသားစုတပိုင်တနိုင် စားသုံးရန် အတွက် ဘူးသီး တစိတ်လျှင် 500 ကျပ်ဘူးသီးကြော်ရောင်းဝယ်သည့် အကြော်လုပ် ငန်းများ အနေနှင့် ကုန်စိမ်းဒိုင်များသို့ တိုက်ရိုက်ဝယ်ယူခြင်း လက်လီသမားများထံမှ ဝယ်ယူခြင်း များဖြင့် ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း လေ့လာသိရှိရပါသည်။

DOCA(မန္တလေး)

 

နှင်းဆီပန်းဈေးကွက်

         မန္တလေးမြို့တွင်းသို့ စစ်ကိုင်းနှင့်မုံရွာနယ်ဘက်များမှ နှင်းဆီပန်းများ ဝင်ရောက်မှုရှိသကဲ့သို့ ပြင်ဦးလွင်နှင့် ရှမ်းတောင်ရွာငံဘက်တို့မှ နှင်းဆီပန်းများဝင်ရောက်လျက်ရှိပါသည်။ နှင်းဆီပန်းများကို ဘုရားပန်းတင်ခြင်း ၊ ပန်းအလှထိုးခြင်း ၊ မွေးနေ့လက်ဆောင်ပန်းစည်းများတွင် အသုံးပြုသည့်အတွက် ပန်းဈေးကွက်အတွင်း နှင်းဆီပန်းသည် ရောင်းအားကောင်းသည့် ပန်းတစ်မျိုးလည်းဖြစ်ပါသည်။ ဈေးနှုန်းဈေးကွက်အနေနှင့် စစ်ကိုင်းနှင့် မုံရွာဘက်များမှဝင်ရောက်သည့် အနီနှင့်ကြက်သွေးရဲပန်း (10) ပွင့် (1)စီးလျှင် 1000 ကျပ် မှ 1500 ကျပ် ၊ ရေမွှေးနှင်းဆီပန်းရောင်နှင့်အဝါရောင် (၁)စီးလျှင် 1500 ကျပ် မှ 2000 ကျပ် ၊ အဖြူရောင် (1)စီးလျှင် 2500 ကျပ် ၊ ရှမ်းတောင်ရွာငံမှ ဝင်ရောက်သည့် ပန်းရောင် ၊ လိမ္မော်ရောင် ၊ အဝါရောင် ၊ အဖြူရောင် (10)ပွင့် (1)စီးလျှင် 2000 ကျပ် မှ 2500 ကျပ်ထိ ဈေးရှိပြီး အရိုးရှည်ရှည်နှင့် အပွင့်ထိပ်ပိုင်းတွင် ပိုက်အုတ်များစွပ်၍ ထားသည့်အတွက် ကြာရှည်ခံပြီး ပွင့်အားကောင်းသည့် နှင်းဆီပန်းများဈေးကွက်အတွင်း ရောင်းဝယ်မှုအားကောင်းကြောင်းသိရှိရ ပါသည်။

DOCA(မန္တလေး)

မန်းမြို့တွင်းသစ်သီးဝလံဈေးကွက်

      မန္တလေးဈေးကွက်အတွင်းသို့ ကျောက်ဆည်၊စဉ့်ကိုင်၊ တံတားဦး၊ မြစ်သား ၊ ကူမဲနှင့် ပုသိမ်ကြီး၊ မတ္တရာဒေသများမှ ဖရဲ၊သခွားနှင့် သင်္ဘောသီးမှည့်များ  ဝင်ရောက်လျက် ရှိပါသည်။ သင်္ဘောသီးကို ထိုင်ဝမ်နှင့် ဗမာသင်္ဘောဟူ၍ နှစ်မျိုးရှိပြီး စားသုံးသူများအနေနှင့် ရွှေသခွားကို ပို၍ကြိုက်နှစ်သက်ကြပါသည်။ဈေးနှုန်းဈေးကွက်အနေနှင့်ရွှေသခွားမွှေးအဝိုင်းလုံးကြီး ၁လုံးလျှင် ၄၀၀၀ ကျပ်မှ ၅၀၀၀ ကျပ် ၊ လုံးရှည် ၁လုံးလျှင် ၃၀၀၀ကျပ်မှ ၄၀၀၀ ကျပ်၊ ဝိုင်းသေး ၁လုံး ၂၀၀၀ကျပ်မှ ၂၅၀၀ ကျပ် ၊ ပိုက်ကွက်လုံးကြီး ၁ လုံး ၁၀၀၀ကျပ်မှ ၁၅၀၀ ကျပ် ၊ဖရဲသီးဈေးနှုန်းအနေနှင့် လုံးကြီး ၁လုံး၅၅၀၀ ကျပ်မှ ၇၀၀၀ ကျပ်၊ လုံးလတ် ၁လုံး ၃၀၀၀ကျပ်မှ ၄၀၀၀ ကျပ်၊ လုံးသေး ၁လုံး၁၅၀၀ ကျပ်မှ ၂၀၀၀ကျပ် နှင့် သင်္ဘောသီးထိုင်ဝမ်လုံးကြီး ၁လုံး၅၀၀၀ကျပ် ၊ လုံးလတ် ၁လုံး ၃၀၀၀ကျပ်မှ ၃၅၀၀ကျပ် သေး ၁လုံး ၂၀၀၀ကျပ်မှ ၂၅၀၀ကျပ် ဗမာသင်္ဘောသီးလုံးကြီး၁လုံး ၃၅၀၀ကျပ် ၊၄၀၀၀ ကျပ်၊ လုံးလတ် ၁လုံး၂၅၀၀ကျပ်မှ ၃၀၀၀ ကျပ် ၊သေး ၁လုံး ၁၅၀၀ကျပ် ၊၂၀၀၀ ကျပ်တို့နှင့် ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး သီးနှံများကို စားသုံးသူများနှင့် အအေးဆိုင်များမှ ဝယ်ယူမှုရှိကြောင်းလေ့လာသိရှိရပါသည်။

DOCA(မန္တလေး)

ပန်းတနော်မြို့နယ် ရောင်းချနေသော ကြက်ဥ၊ ဘဲဥ ဈေးနှုန်း

   ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၌ ကြက်ဥအလုံး ၁၀၀ လျှင် ငွေကျပ် ၄၃၀၀၀ အထိ ဈေးကောင်းရရှိလာသဖြင့် မွေးမြူသူ များ    အဆင်ပြေ လာကြောင်းသိရသည်။ ပန်းတနော်မြို့နယ် ကြက်ဥ၊ ဘဲဥ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ပြောပြချက် အရ သိရသည်။ ပန်းတနော်မြို့နယ်၌ စက်တင်ဘာလက ကြက်ဥအလုံး ၁၀၀ လျှင် ငွေကျပ် ၄၅၀၀၀ အထိသာ ရရှိခဲ့ပြီး လက်ရှိတွင် ကြက်ဥအလုံး ၁၀၀ လျှင် ငွေကျပ် ၄၃၀၀၀ အထိ လက်ကားဈေးနှုန်း ကျဆင်းတည်ငြိမ်လာခြင်းဖြစ်သည်။  

          လက်ရှိပန်းတနော်မြို့နယ်တွင် ‌ရောင်းချနေသော ကြက်ဥ၊ဘဲဥ များသည် မအူပင်မြို့နှင့် ညောင်တုန်းမြို့မှ လည်း မှာယူရောင်းချခြင်းဖြစ်သည်။  ရောင်းချနေသော လက်လီဈေးနှုန်းအနေဖြင့် ကြက်ဥ ၁လုံး ၄၅၀ကျပ်၊ ဘဲဥ တစ်လုံးလျှင် ၅၀၀-၅၅၀ကျပ်ဖြင့် ရောင်းချနေကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို့နယ် ဟင်းသီးဟင်းရွက် ဈေးနှုန်းများ

   ၁၃-၁၀- ၂၀၂၅ ရက်နေ့တွင် မအူပင်ခရိုင် ပန်းတနော်မြို့နယ် မြို့မဈေးအတွင်းတွင် ဟင်းသီးဟင်းရွက် အမျိုးမျိုးရောင်းချလျက်ရှိသည်။ ၊ အောက်တိုဘာလ(တတိယပတ်)တွင် ပန်းတနော်မြို့၊ မြို့မဈေး၌ ဖြစ်ပေါ်နေသော ဟင်းသီးဟင်းရွက်အမျိုးမျိုး၏ ဈေးနှုန်းအနေဖြင့် ကန်းစွမ်းရွက် ၂စီးလျှင် ၅၀၀ကျပ်၊ ကန်စွမ်းရိုးနီ တစ်စီးလျှင် ၃၀၀ကျပ်၊ ခရမ်းချဉ်သီး ၁ပိဿာ ၁၅၀၀၀ကျပ်၊ ရုံးပတီသီး(၁၀) လုံးလျှင် (၅၀၀) ကျပ်၊‌

   ရှမ်း ဂေါ်ဖီထုတ် တစ်ထုတ်လျှင်(၅၀၀၀)ကျပ်၊ ရှမ်းပန်းဂေါ်ဖီ တစ်ပွင့်လျှင်(၄၀၀၀)ကျပ်၊  မုန်လာဥနီ တစ်လုံးလျှင် (၂၀၀၀)ကျပ်၊ ပဲသီးတောင့်ရှည် ၁၀တောင့် တစ်စည်းလျှင် (၈၀၀)ကျပ်၊   ချဥ်ပေါင်ရွက် တစ်စည်းလျှင် (၂၀၀)ကျပ်၊ ပဲကြီး ၁ဆယ်သားလျှင် ၁၅၀၀ကျပ်၊ ဂေါ်ရခါးသီး ၁လုံးလျှင် ၅၀၀ကျပ်၊ ငရုတ်သီးစိမ်း ၁၀ဆယ်သားလျှင် ၆၀၀ကျပ်၊ မျှစ် ၁ဆယ်သားလျှင် ၄၀၀ကျပ်၊ ပဲပြား ၂တွဲပါ တစ်တုံး ၈၀၀ကျပ်၊ ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

မြင်းခြံမြို့စည်ပင်သာယာဈေးကြီးတွင်ရောင်းချနေသောအခြေခံစားကုန်ဈေးနှုန်းများ

           မြင်းခြံမြို့နယ်အတွင်းရှိ စည်ပင်သာယာဈေးကြီးတွင် လူသုံးကုန်ပစ္စည်းအမျိုးမျိုး၊ သစ်သီးဝလံဟင်းသီးဟင်းရွက်နှင့် အခြေခံစားသောက်ကုန်အမျိုးမျိုး  ရောင်းချလျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလပထမပတ်တွင် ရောင်းချလျက်ရှိသော အခြေခံစားကုန် လက်လီလက်ကား ဈေးနှုန်းများအနေဖြင့် ပေါ်ဆန်းမွှေးဆန်တစ်ပြည်လျှင် (၆၀၀၀ - ၆၅၀၀) ကျပ်၊ ဆီ(စားအုန်းဆီ) ၁ပိဿာလျှင် (  ၇၇၉၀-၇၅၄၀) ကျပ်၊ ပဲဆီသန့် တစ်ပိဿာလျှင် (၁၅၀၀၀- ၁၄၅၀၀) ကျပ်၊ ကြက်သွန်နီ ၁ ပိဿာလျှင် (၁၁၀၀ - ၁၂၀၀) ကျပ်၊ ကြက်သွန်ဖြူ ၁ ပိဿာလျှင် (၆၀၀၀ - ၅၅၀၀) ကျပ်၊ ဆိတ်သား ၁ ပိဿာလျှင် (၂၃၀၀၀-၂၅၀၀၀) ကျပ်၊ ဝက်သား(သုံးထပ်သား) ၁ ပိဿာလျှင် (၃၀၀၀၀ - ၂၈၀၀၀) ကျပ်၊ အမဲသား ၁ ပိဿာလျှင် (၂၅၀၀၀- ၂၂၀၀၀) ကျပ်၊ ငါးမြစ်ချင်း အကောင်လိုက် ၁ ပိဿာလျှင် (၁၂၀၀၀ - ၁၄၀၀၀) ကျပ်၊ ကြက်သား CP(မွေးမြူရေးကြက်) အကောင်လိုက် ၁ ပိဿာ လျှင်(၁၈၀၀၀ - ၁၈၅၀၀) ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၄၅၀-၄၈၀) ကျပ်၊ ဘဲဥတစ်လုံးလျှင် (၆၀၀-၇၀၀)ကျပ်ပေါက်ဈေးများဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခင်စက်တင် ဘာလပထမပတ်နှင့် နှိုင်းယှဉ်ပါက ယခုလတွင် ဆန်ဈေးနှင့် ကြက်ဥ၊ ဘဲဥဈေးများမှာ တည်ငြိမ်လျက်ရှိပြီး စားအုန်းဆီနှင့် ကြက်သား၊ ဝက်သား၊  ဆိတ်သား၊ အမဲသားဈေးများမှာ ဈေးနှုန်းမြင့်တက်ခဲ့၍ ပဲဆီသန့်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ဈေးများမှာဈေးနှုန်း ကျဆင်းခဲ့ ကြောင်းသိရှိရသည်။

DOCA(မန္တလေး)

 

 

                  

ညောင်ဦးမြို့မဏိစည်သူဈေးတွင်ရောင်းချနေသောအခြေခံစားကုန်ဈေးနှုန်းများ

          ညောင်ဦးမြို့နယ်အတွင်းရှိ မဏိစည်သူဈေးတွင် သစ်သီးဝလံဟင်းသီးဟင်းရွက်၊ မုန့်မျိုးစုံ၊ စားသောက်ကုန်အမျိုးမျိုး၊ လူသုံးကုန်ပစ္စည်းများနှင့် အသားငါးမျိုးစုံရောင်းချလျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ပထမပတ်တွင် ရောင်းချလျက်ရှိသော အခြေခံစားကုန် လက်လီလက်ကား ဈေးနှုန်းများအနေဖြင့် ပေါ်ဆန်းမွှေးဆန် တစ်ပြည်လျှင် (၆၀၀၀-၆၅၀၀) ကျပ်၊ ဆီ(စားအုန်းဆီ) ၁ပိဿာ လျှင် (၇၄၅၅-၇၇၀၅) ကျပ်၊ ပဲဆီသန့် တစ်ပိဿာလျှင် (၁၅၀၀၀- ၁၆၀၀၀) ကျပ်၊ ကြက်သွန်နီ ၁ ပိဿာလျှင် (၁၄၅၀-၁၅၀၀) ကျပ်၊ ကြက်သွန်ဖြူ ၁ ပိဿာလျှင် (၇၀၀၀ - ၇၃၀၀) ကျပ်၊ ဆိတ်သား ၁ ပိဿာလျှင် (-၃၀၀၀၀-၃၂၀၀၀) ကျပ်၊ ဝက်သား(သုံးထပ်သား) ၁ ပိဿာလျှင် (၃၂၀၀၀-၃၀၀၀၀) ကျပ်၊ အမဲသား ၁ ပိဿာလျှင် (၂၈၀၀၀-၂၉၀၀၀) ကျပ်၊ ငါးမြစ်ချင်း အကောင်လိုက် ၁ ပိဿာလျှင် (၁၄၀၀၀-၁၆၀၀၀) ကျပ်၊ ကြက်သားCP(မွေးမြူရေးကြက်) အကောင်လိုက် ၁ ပိဿာ လျှင်(၁၅၀၀၀-၁၆၀၀၀) ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၄၀၀-၄၅၀) ကျပ်၊ ဘဲဥတစ်လုံးလျှင် (၆၀၀-၆၅၀) ကျပ်ပေါက်ဈေးများဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခင်စက်တင် ဘာလ ပထမပတ်နှင့် နှိုင်းယှဉ်ပါက ယခုလတွင် စားအုန်းဆီနှင့် ကြက်သား၊ ဝက်သား၊  ဆိတ်သားဈေးများမှာ ဈေးနှုန်းမြင့်တက်ခဲ့ပြီး ပဲဆီသန့်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူများမှာ ဈေးနှုန်းများကျဆင်းခဲ့ကြောင်းသိရှိရသည်။

DOCA(မန္တလေး)

 

           

မြင်းခြံမြို့၏သစ္စာပန်းဈေးနှုန်းအခြေအနေ

   ဗုဒ္ဓဘာသာမြန်မာလူမျိုးများသည် မိမိတို့နေအိမ်များရှိ ကိုးကွယ်ကြသော မြတ်စွာဘုရား ရုပ်ပွားတော်များအား ဘုရားပန်းအမျိုးမျိုးဖြင့်ကပ်လှူကြရာ သစ္စာပန်းများကိုလည်း ဘုရားပန်း များအဖြစ် လှူဒါန်းပူဇော်ကြကြောင်းသိရှိရသည်။  မြင်းခြံဈေးကွက်တွင်ရောင်းချနေသော ဘုရား ပန်းများကို မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့တို့မှ မှာယူ၍ ဒေသတွင်းဖြန့်ဖြူး ရောင်းချ ကြောင်း၊ ၂၀၂၅ခုနှစ်၊အောက်တိုဘာလ ပထမပတ်တွင် အေးမြသီတာဈေးနှင့်မြို့မဈေးတို့တွင် ရောင်းချ နေသောသစ္စာပန်း(၁၀)ခတ်ပါ တစ်စည်းလျှင် (၃၅၀၀-၄၀၀၀)ကျပ်ခန့် ပေါက်ဈေးများဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရသည်။ ၎င်းပန်းသည်ဘုရားပန်းလှူရာတွင် တာရှည်ခံသော၍ ဝယ်ယူမှုများပြားကြောင်း ဘုရားပန်း‌ရောင်းချသူ၏ပြောပြချက်အရသိရှိရသည်။ မြန်မာလူမျိုးများသည်ဘုရားပန်းလှူသလို၊ သစ္စာပန်းများကိုလည်း ပန်းပွဲတော်များ၌ အလှဆင် ရန်မြင်ကွင်းများ၊ ဥယျာဉ်များ၊ ပန်းခြံများနှင့်အလှူမင်္ဂလာပွဲများတွင် လည်းပန်းအလှ ဆင်ခြင်း၊ စီးပွာရေးနှင့်ပတ်သက်သောပွဲများတွင် ပန်းအဆင်အပြင်များ အဖြစ်လည်းအသုံး ပြုကြကြောင်း သိရှိရသည်။

DOCA(မန္တလေး)

 

မြင်းခြံမြို့၏ Value addedထုတ်ကုန်တစ်ခုဖြစ်သောသံပုရာသီးသနပ်ဈေးနှုန်း

            မြင်းခြံမြို့ရှိ မြို့နေလူထုနှင့် ကျေးရွာများတွင် မိသားစုစားဝတ်နေရေးအတွက် သံပုရာသီးများကိုအချဉ်တည်ပြီး Value added ထုတ်ကုန်အဖြစ် ပြုပြင်ပြောင်းလဲပြီး သံပုရာသီးသနပ်များကို ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလျက် ရှိကြောင်းသိရှိရသည်။ အေးမြသီတာဈေးနှင့် စံပြဈေးများတွင် ၂၀၂၅ခုနှစ်၊အောက်တိုဘာလပထမပတ်၌ ‌ရောင်းချနေသောသံပုရာသီးသနပ်လက်ကားဈေးတစ်ပိဿာလျှင်(၅၅၀၀)ကျပ်၊လက်လီဈေး ၂၅ကျပ်သား လျှင် (၁၅၀၀)ကျပ်ခန့်ပေါက်ဈေးများဖြင့်ရောင်းချရကြောင်း၊ဝါတွင်းကာလဖြစ်၍ ရဟန်းရှင်လူ သားသတ်လွတ်သမားများ စားသုံးမှုများ၍ အရောင်းအဝယ်ကောင်းကြောင်း၊ နေ့စဉ် Value added ထုတ်ကုန်ဖြစ်သော သံပုရာသီးသနပ် လက်လီ၊လက်ကားရောင်းချရမှုအနေဖြင့် (၇-၁၀)ပိဿာ ခန့်‌ရောင်းချရကြောင်း၊ယခုကာလသည် မိုးရာသီဖြစ်၍ သံပုရာသီးများပေါများစွာ ထွက်ပေါ်ချိန် ဖြစ်သောကြောင့် ကုန်ကြမ်းဖြစ်သောသံပုရာသီးဈေးများ ကျဆင်းလျက်ရှိပြီး Value added ထုတ်ကုန်ဖြစ်သော သံပုရာသီးသနပ်များဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးရကြောင်း၊ သံပုရာသီး သနပ်ထုတ်လုပ်‌ရာတွင် ဆား၊ ဆီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးမှုန့်၊ သကြားနည်းနည်း၊ မဆာလာ စသည်တို့နှင့် ရောစပ်ကာပြုလုပ်ရကြောင်း၊ မြန်မာ့သံပုရာသီးသနပ်သည် ထမင်းမြိန်၍ အာဟာရပြည့်ဝပြီး စားသုံးမှုများသောကြောင့် အရောင်းအဝယ်ကောင်းကြောင်း သံပုရာသီးသနပ် ပြုလုပ်ရောင်းချသူ၏ ပြောပြချက်အရသိရှိရသည်။

DOCA(မန္တလေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း