Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

အရောင်းသွက်လျက်ရှိသော ဒေသထွက် ဆောင်းသခွားသီးဈေးနှုန်း

  ၂၀၂၅ ခုနှစ်၊ ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်တွင် ဆောင်းသခွားသီးများ ဈေးကောင်းရလျက် ရှိကြောင်း သိရသည်။

          ဘားအံမြို့၊ အနီးတစ်ဝိုက်ကျေးရွာများတွင် ဆောင်းသခွားသီးကို တစ်နိုင်တစ်ပိုင် စိုက်ပျိူး ကြသည့်အပြင် စီးပွားဖြစ်လည်းစိုက်ပျိုးကြောင်းနှင့် ဒေသထွက်ဆောင်းသခွားသီးများအား ဘားအံမြို့ရှိ ရေပေါ်ဈေးကို အခြေခံ၍ လက်လီ/လက်ကား ဖြန့်ဖြူးလျက်ရှိကြောင်းသိရသည်။ ဈေးနှုန်းများမှာ လက်ကားဈေးနှုန်းတစ်ပိဿာလျှင် (၂၀၀၀)ကျပ်၊ လက်လီဈေးနှုန်းတစ်ပိဿာလျှင် (၃၀၀၀၊ ၂၈၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

          ယခုနှစ်တွင် နယ်မြေဒသလမ်းပန်းဆက်သွယ်ရေး အခြေအနေများကြောင့် တစ်ဖက်ထိုင်းနိုင် ငံမှ သခွားသီးဝင်ရောက်လာမှုနည်းပါးကာ ဒေသထွက် မိုးသခွားသီးများ အရောင်းအဝယ်သွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)

အရောင်းသွက်သည့်နဂါးမောက်သီး

        စျေးကွက်အတွင်းသို့ မန္တလေးတိုင်းဒေသကြီးရှိအမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည် ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှ ထွက်သည့်သစ်သီးများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်နဂါးမောက်သီးများဝင်ရောက်မှုများပြားလျက်ရှိပြီး၊အရောင်းသွက်လျက်ရှိကြောင်းသိရှိရပါသည်။စျေးကွက်တွင်  နဂါးမောက်သီးအတွင်းသား အဖြူရောင်၊ ခရမ်းရောင်နှင့် အနီရောင် တို့ တွေ့ရှိရပြီး၊ အလုံးအရွယ်အစားအလိုက်စျေးကွာခြားမှုရှိကြောင်း တွေ့ရှိရပါသည်။ မန္တလေးမြို့၊ စျေးချိုတော်သစ်သီးရောင်းချသည့်စျေးတန်းတွင် ၂၀၂၅ ခုနှစ်အောက်တိုဘာလပထမပတ်အတွင်း ဖြစ်ပေါ်သည့် နဂါးမောက်သီး ၁၀ လုံးစျေးနှုန်းများမှာ  (လုံးကြီး)(အတွင်းသားဖြူ) ၂၀၀၀၀ကျပ်နှင့် ၂၅၀၀၀ ကျပ်၊ (လုံးလတ်)၁၂၀၀၀ကျပ်နှင့်၁၃၀၀၀ကျပ်၊ (လုံးသေး)၇၀၀၀ကျပ်နှင့် ၈၀၀၀ကျပ် စျေး တို့ဖြင့် ရောင်းချလျှက်ရှိကြောင်းသိရှိရပါသည်။ ဝါတွင်းကာလဖြစ်သည့်အတွက် ဘုရားပွဲနှင့် အလှူ ပွဲတော်များကျင်းပသည့်ရာသီဖြစ်ပြီး၊ သစ်သီးမျိုးစုံအရောင်းသွက်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA (မန္တလေး)

 

 

ကြက်ဥ ၊ ဘဲဥ ဈေးနှုန်း/ဈေးကွက်အခြေအနေ

   ကရင်ပြည်နယ်၊ ဘားအံမြို့ ရေပေါ်ဈေးတွင်ရောင်းချလျက်ရှိသော ကြက်ဥ /ဘဲဥ ဈေးနှုန်းများမှာ ဘဲဥကြီးအလုံးကြီးတစ်လုံးလျှင် (၆၅၀) ကျပ်၊ ဘဲဥအလုံးလတ် တစ်လုံးလျှင် (၆၀၀) ကျပ်၊ ဖြစ်ကြောင်းနှင့် ကြက်ဥအလုံးကြီး တစ်လုံးလျှင် (၅၀၀)ကျပ်၊ ကြက်ဥအလုံးလတ် တစ်လုံးလျှင်(၄၅၀)ကျပ်၊ ဖြစ်ကြောင်းသိရသည်။

          ကရင်ပြည်နယ်တွင် ဒေသတွင်းစားသုံးရန်အတွက် ကြက်ဥ/ဘဲဥများကို တောင်ကြီး၊ ပဲခူး၊ မော်လမြိုင်စသည့်ဒေသများမှ ဝင်ရောက်ကြောင်းနှင့် ဒေသတွင်းမွေးမြူရေးများမှလည်း ထွက်ရှိ ကြောင်း သိရသည်။

DOCA(ကရင်)

ဘားအံမြို့ပေါ်ရှိခရမ်းချဉ်သီးဈေးနှုန်းအခြေအနေ

  ၂၀၂၅ ခုနှစ်၊ ဆောင်းအကူးကာလ အောက်တိုဘာတတိယပတ်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ဒေသထွက်နှင့်အခြားဒေသထွက် ခရမ်းချဉ်သီးများ အရောင်းသွက်လျက်ရှိနေကြောင်း သိရ သည်။

          ဈေးနှုန်းအနေဖြင့် ယခင်လက ခရမ်းချဉ်သီး အလုံးကြီးဈေးနှုန်း တစ်ပိဿာလျှင် (၃၅၀၀)ကျပ်၊ အလုံးသေးဈေးနှုန်း တစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ ယခုအခါ ခရမ်းချဉ်သီး အလုံးကြီး ဈေးနှုန်း တစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ အလုံးသေးဈေးနှုန် တစ်ပိဿာလျှင် (၂၅၀၀)ကျပ်၊ တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။

          ကရင်ပြည်နယ်ဒေသအတွင်း ဖြစ်ပေါ်နေသော စက်တင်ဘာလ နောက်ဆုံးပတ်နှင့် အောက်တိုဘာလ တတိယပတ် ဈေးနှုန်း နှိုင်းယှဉ်ခြင်းအားဖြင့် ကရင်ပြည်နယ်အတွင် ခရမ်းချဉ်သီး ဈေးနှုန်း အနည်းငယ်ကျနေသည်ကိုတွေ့ရပြီး ယခုလို ခရမ်းချဉ်သီးဈေးနှုန်းအနည်းငယ်ကျရခြင်း   မှာ ဒေသထွက်ခရမ်းချဉ်သီးနှင့်အခြားဒေသထွက် ခရမ်းချဉ်သီးများအဝင်များလာခြင်း တို့ကြောင့်ဖြစ် ကြောင်း သိရသည်။

DOCA(ကရင်)

ဘားအံမြို့ဒေသထွက်ဘူးသီးဈေးနှုန်းများ

  ကရင်ပြည်နယ်၊ ဘားအံမြို့ရေပေါ်ဈေး၌ အောက်တိုဘာလ တတိယပတ်အတွင်း ဒေသထွက် နှင့်အခြားဒေသထွက်ဘူးသီးများ အရောင်းသွက်လျက်ရှိကြောင်း သိရသည်။ ဘူးသီးကို ဘားအံမြို့အနီး တစ်ဝိုက်ကျေးရွာများတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်း စိုက်ပျိုးကြ သည်။ ဘူးသီးကို ဟင်းနှင့်ဟင်းချိုအဖြစ် ချက်ပြုတ်စားကြသလို အကြော်ဆိုင်များတွင် အကြော် ကြော်၍ ရောင်းချကြသောကြောင့် ဝယ်ယူမှုများပြီး စိုက်ပျိုးတောင်သူအတွက် အပိုဝင်ငွေတိုး စေပါ သည်။ ဘူးသီးကိုအလုံးအရွယ်အစားအလိုက် ဈေးနှုန်းခွဲခြားရောင်းချကြသည်။ ဘူးသီးအလုံးကြီး ဈေးနှုန်း တစ်လုံးလျှင် (၅၀၀၀)ကျပ်၊ ဘူးသီးအလုံးသေးဈေးနှုန်း တစ်လုံးလျှင် (၃၀၀၀)ကျပ် တို့ဖြစ် ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ကရင်)

   ပန်းငရုတ်သီးပွစျေးအနည်းငယ်ကျ

       ကုန်စိမ်းစျေးကွက်သို့မန္တလေးတိုင်းဒေသကြီးရှိအမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည် ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှ ထွက်သည့်ကုန်စိမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်ပန်းငရုတ်ပွနှင့်ငရုတ်သီးစိမ်းများ ဝင်ရောက်မှုများပြားလျက်ရှိပြီး၊ စျေးအနည်း ငယ်ကျ ဆင်းကာ အရောင်းသွက်လျက်ရှိကြောင်းသိရှိရပါသည်။စျေးကွက်အတွင်း ပန်းငရုတ်ပွများကို အစိမ်းရောင်၊ အဝါရောင်၊အနီရောင်နှင့်လိမေ္မာ် ရောင်တို့တွေ့ရှိရပြီး၊အလေးချိန်ဖြင့်ရောင်းချခြင်း နှင့် အလုံးအရွယ်အစားအလိုက် ရောင်းချခြင်းဟူ၍ နှစ်မျိုးတွေ့ရှိရပါသည်။ မန္တလေးမြို့၊ သီရိမာလာ စျေးနှင့်၄၁လမ်းစျေးရှိ ကုန်စိမ်းစျေးကွက်တွင် ၂၀၂၅ ခုနှစ် အောက်တိုဘာလပထမပတ်အတွင်း ဖြစ်ပေါ်သည့်ငရုတ်သီးပွစျေးနှုန်းများမှာ  ၁ပိဿာလျှင် လက္ကားစျေး ၆၀၀၀ကျပ်နှင့် ၇၀၀၀ ကျပ်၊ လက်လီစျေး  ၈၀၀၀ ကျပ်နှင့် ၉၀၀၀ကျပ်၊ ပန်းငရုတ်ပွ တစ်ခုချင်းစျေးအနေဖြင့် ၃၀၀ ကျပ်နှင့် ၅၀၀ ကျပ်စျေးတို့ဖြင့်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။  သီရိမာလာစျေးအတွင်း နေ့စဉ် ကုန်စိမ်း သီးနှံဝင်ရောက်မှုမှာ ကုန်စည်အမျိုးအစားအလိုက် Canter ၁၂ဘီးနှင့်၆ဘီး) ယာဉ်(၄၀) စီးနှင့်(၆၀) စီးအကြားဝင်ရောက်လျက် ရှိကြောင်း သိရှိရပါသည်။

DOCA (မန္တလေး)

 

ဂန္ဓမာပန်းစျေးကွက်

           ဝါတွင်းကာလမိုးရာသီအတွင်း မန္တလေးပန်းစျေးကွက်သို့  မန္တလေးတိုင်းဒေသကြီးရှိ အမရပူရ ခရိုင်၊ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်၊ မိတ္တီလာခရိုင်နှင့် မြင်းခြံခရိုင်တို့မှထွက်သည့်ပန်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်၊တောင်ကြီးဒေသတို့မှ ထွက်ရှိသည့်ဂန္ဓာမာပန်းများ ဝင် ရောက်လျက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်းသိရှိရပါသည်။ စျေးကွက်အတွင်း အများဆုံး တွေ့ ရသော ဂန္ဓမာပန်းအမည်များမှာ ဆန်းမားဖြူ၊ ဆန်းမားဝါ၊ လပ်ကီးဖြူ၊လပ်ကီးဝါ၊လပ်ကီးနီ၊ ရွှေစိမ်း၊ကီလို၊ကြွေဖြူ၊ ကြွေဝါ၊ချက်စိမ်း၊ပုလဲဖြူစသည်ဖြင့် တွေ့ရှိရပါသည်။၂၀၂၅ ခုနှစ် အောက်တို ဘာလပထမပတ်အတွင်း လက်လီစျေးအနေဖြင့် ဂန္ဓာမာပန်းကြွေဖြူ တစ်ရိုး တစ်ပွင့် (၁၀ခက်ပါ) တစ်စီးလျှင် ၄၀၀၀ ကျပ်နှင့် ၄၅၀၀ ကျပ်၊ဆန်းမား၊ လပ်ကီးတစ်စီးလျှင် ၃၀၀၀ ကျပ်နှင့် ၃၅၀၀ကျပ်အသီးသီးဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA (မန္တလေး)

အရောင်းသွက်သည့်မေမြို့ပန်း

   မိုးရာသီမန္တလေးပန်းစျေးကွက်သို့  မန္တလေးတိုင်းဒေသကြီးရှိ အမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်၊မိတ္တီလာခရိုင်နှင့်မြင်းခြံခရိုင်တို့မှထွက်သည့်ပန်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်၊ တောင်ကြီးဒေသတို့မှ ထွက်ရှိသည့်မေမြို့ပန်းများ ဝင်ရောက်လျက်ရှိပြီး၊ အရောင်း သွက် လျက်ရှိကြောင်းသိရှိရပါသည်။ ၂၀၂၅ ခုနှစ်အောက်တိုဘာလပထမပတ်အတွင်း ဖြစ်ပေါ်သည့် စျေးနှုန်းများမှာ မေမြို့ပန်း လက္ကားစျေး (အစီးကြီး) ၁စီးလျှင် ၁၀၀၀၀ ကျပ်နှင့် ၁၂၀၀၀ ကျပ်၊ (အစီးသေး) ၁ စီးလျှင် ၂၀၀၀ကျပ်နှင့်၂၅၀၀ကျပ်စျေးတို့ဖြင့် ရောင်းချလျှက်ရှိ ကြောင်းသိရှိရပါသည်။ ဝါတွင်းကာလဘုရားပွဲနှင့်အလှူပွဲတော်များကျင်းပသည့်အချိန်ဖြစ်၍မေမြို့ပန်းမှာစျေးကွက် အတွင်း ဝယ်ယူမှုများပြားလျက်ရှိကြောင်း သိရှိရပါသည်။

DOCA (မန္တလေး)

မြေပဲမွကြော် ထုတ်လုပ်ရောင်းချမှု အခြေအနေ

      မအူပင်မြို့နယ်တွင် ‌ဒေသတွင်း အညာဒေသထွက် မြေပဲမွကြော်များ ရောင်းချလျက်ရှိသည်။ မြေပဲမွကြော် ကြွပ်ရွ၍ မာမာကြီးဖြစ်အနေပဲ စား၍ ကောင်းမွန်သော အညာဒေသလက်မှ မှာယူရောင်းချသည့် မြေပဲမွကြော် ဖြစ်သည်။ မြေပဲနှင့် ဆန်နှစ်ကို လုံး၍ ဆီဖြင့်ကြော်ထားသော မုန့်တစ်ခုဖြစ်ပြီး ရောင်းအားကောင်းသော အစားအစာတစ်ခုဖြစ်ကြောင်း သိရသည်။

      ရောင်းချမှုအနေဖြင့် မြေပဲမွကြော် တစ်ထုတ်လျှင် ၃၀၀၀ ကျပ်ဖြင့် ‌ရောင်းချကြောင်း သိရသည်။ မြေပဲ မွကြော်ကို အညာဘက်မှ ပီနံအိတ်လိုက်မှာယူပြီး မအူပင်မြို့နယ်တွင် ပြန်လည်ထုတ်ပိုး၍ အချိန်ဖြင့် ရောင်းချကြောင်း၊ ၁ထုတ်လျှင် ၂၅ကျပ်သား ရှိပြီး ၅၀ကျပ်သား ၁ထုတ်လျှင် ၆၀၀၀ကျပ်၊ ၁ပိသာလျင် ၁၀၀၀၀ကျပ်ဖြင့် ရောင်းချပြီး ရောင်းအားကောင်း၍ အဆင်ပြေလျက်ရှိကြောင်းသိရသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့နယ်တွင် ရောင်းချနေသာ ပေါ်ဆန်း ထမင်းခြောက်ကျော်

        မအူပင်မြို့နယ်တွင် ဒေသတွင်း တစ်ပိုင်တစ်နိုင် မုန့်ရောင်းချသော လုပ်ငန်း အများအပြားရှိပြီး ဒေသတွင်းစီးပွားရေး လုပ်ငန်းများ အဆင်ပြေချောမွေ့လျက်ရှိပါသည်။ ထမင်းခြောက်ကျော် ရောင်းချသူများရှိပြီး ပေါ်ဆန်ဆန်ကို နေလှန်ကာ ကြွပ်ကြွပ် ရွရွ အနံ့မွှေးမွှေးလေးမို့ စားပီးရင်းစားချင် ဖြစ်တဲ့ မမမြ အဆင့်မြင့် ပေါ်ဆန်းဆန်ချောင်းကြော်ကို  မအူပင်မြို့နယ်တွင် ရောင်းချလျက်ရှိသည်။

       ပေါ်ဆန်းဆန်ကို ချက်ပြုတ်ပြီး နေခြောက်လှန်းကာ ဆီဖြင့် ကျော်၍ ပါကင်ဗူးများဖြင့် ရောင်းချနေကြောင်း သိရသည်။ ရောင်းချမှု ဈေးမှာ တစ်ဗူးလျှင် ၅၅၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ တစ်ခါကျော်လျှင် ဗူး ၂၅၀ခန့် ထွက်ရှိပြီး တစ်ဗူးအလေးချိန်သည် ၁၆၀ ဂရမ်ခန့်ပါဝင်သည်။ လူတိုင်းကျန်းမာစေရန်အတွက် သဘာဝထုတ်ကုန်များကို ထုတ်လုပ်ထားကြောင်းနှင့် နို့ဆီ ၃ဗူကိုကျော်ပါက ထမင်းခြောက်ကြော် ၂ဗူးခန့် ထွက်ရှိကြောင်း သန့်ရှင်းသပ်ရပ်သော ထုတ်လုပ်မှု ကျင့်စဉ်နှင့်အညီ ထုတ်လုပ်ရောင်းချလျှက်ရှိကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း