Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့တွင် ရောင်းချနေသော ဝက်အူချောင်းဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးတွင် ဝက်အူချောင်းများ ရောင်းချလျက်ရှိပါသည်။ ဝက်အူချောင်းများကို ရေဦးမြို့မှ မှာယူရောင်းချလျက်ရှိကြောင်းသိရပါ သည်။

     ဝက်အူချောင်းသည် လျင်မြန်စွာချက်ပြုတ်စားသောက်နိုင်သည့်အတွက်  အချိန်ကုန်သက် သာစေသောအစားအစာတစ်မျိုးဖြစ်ပါသည်။ဝက်အူချောင်းများကို စားသောက်ဆိုင်များနှင့်ထမင်း ဆိုင်များမှလည်းကောင်း၊ အိမ်ရှင်မများဟင်းချက်ရာတွင်လည်းကောင်း အများဆုံးအသုံးပြုကြ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်အတွင်း ဝက်အူချောင်း(၁)ပိဿာလျှင်(၄၆၀၀၀)ကျပ်၊ ဝက်အူချောင်း(၅၀)ကျပ်သားလျှင်(၂၃၀၀၀)ကျပ်၊ ဝက်အူချောင်း(၁၀)ကျပ်သားလျှင်(၄၆၀၀)ကျပ် ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သောကြောင့်ရောင်း အားကောင်းကြောင်း ဝက်အူချောင်းရောင်းချသူထံမှ သတင်းရရှိပါသည်။  

DOCA(စစ်ကိုင်း)

 

   ပဲထောပတ်စျေးအနည်းငယ်ကျ

      ပြည်တွင်းစားသုံးမှုနှင့် ပြည်ပတင်ပို့သည့်ပဲထောပတ်မှာ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ် ပဲထောပတ်သီးနှံ စိုက်ပျိုးမှု (၄၃၉၁၄)ဧက၊ ရိတ်သိမ်း(၂၃၈၁၈)ဧက၊ အထွက် နှုန်း(၆.၅၁)တင်းနှင့်အထွက် (၁၅၅၂၇၁)တင်းဖြစ် ကြောင်းသိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင်၂၀၂၅ခုနှစ်အောက်တိုဘာလပထမပတ်အတွင်းဖြစ်ပေါ် လျှက်ရှိသောပေါက်စျေးမှာ၃တင်းဝင်တစ်အိတ်လျှင်ပဲထောပတ်(ဂေါက်) ၃၀၅၀၀၀ ကျပ်၊ပဲထောပတ် (ကြီး)၂၉၅၀၀၀ကျပ်နှင့်၃၀၀၀၀၀ကျပ်၊ပဲထောပတ်(သေး) ၁၈၀၀၀၀ကျပ်၊ တစ်ပိဿာစျေးမှာ ပဲထော ပတ်(ဂေါက်)၅၄၂၂ကျပ်၊ပဲထောပတ် (ကြီး) ၅၂၄၄ကျပ်နှင့် ၅၃၃၃ကျပ်၊ ပဲထောပတ်(သေး) ၃၂၀၀ကျပ် တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှစ်ကာလတူတစ်ပိဿာစျေးမှာ ပဲထောပတ်(ကြီး) ၇၄၆၇ ကျပ် စျေးဖြစ်ပေါ်ခဲ့ပြီး၊ကာလတူပေါက်စျေးနှိုင်းယှဉ်ပါက ပဲထောပတ်စျေးမှာ လျော့နည်းသွားကြောင်း သိရပါသည်။

DOCA (မန္တလေး)

 

ပူစီနံနံရွက်နှင့် သင်္ဘောနံနံပင်ဈေးနှုန်းများ

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုး ရောင်းချလျက်ရှိရာ ယခုအခါ ပူစီနံနံပင်နှင့် သင်္ဘောနံနံပင်များကို  နေအိမ်ခြံဝင်းများတွင်လည်းကောင်း၊ ယာတော၊ လယ်တောများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ ရောင်းချလျက်ရှိကြောင်း သိရသည်။  

       ယခုအခါ ကန့်ဘလူမြို့မဈေးတွင် ကုန်စိမ်းရောင်းချသူတစ်ဦး၏ ပြောပြချက်အရ ပူစီနံနံရွက် နှင့်သင်္ဘောနံနံပင်များကို ကန့်ဘလူမြို့ပေါ်နှင့် နတ်ပေးကျေးရွာ၊ နတ်အင်းကျေးရွာများမှလည်း ကောင်းဝယ်ယူရောင်းချလျက်ရှိကြောင်း ပူစီနံနံရွက်နှင့် သင်္ဘောနံနံများကို အစည်းလေးများစည်း၍ ရောင်းချရာ(၁)စည်းလျှင် (၂၀၀)ကျပ်၊ (၃)စည်းလျှင် (၅၀၀)ကျပ်၊ (၇)စည်းလျှင် (၁၀၀၀)ကျပ်နှင့် သင်္ဘောနံနံ(၁)စည်းလျှင်(၃၀၀)ကျပ်၊ (၂)စည်းလျှင်(၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ သင်္ဘောနံနံကို အိမ်ရှင်မများဟင်းချက်ရာတွင် ဟင်းခတ်အမွှေးအကြိုင်အဖြစ်အသုံးပြုကြကြောင်း၊ ပူစီနံနံရွက်များကို ဒံပေါက်ဆိုင်များနှင့် ထမင်းဆိုင်များမှဝယ်ယူသည့်အတွက် နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

                                                                  

အရောင်းသွက်သည့်ပဲတီစိမ်းစျေးကွက် 

      ပြည်တွင်းစားသုံးမှုနှင့်ပြည်ပသို့တင်ပို့သည့်ပဲတီစိမ်းမှာအရောင်းသွက်သည့် ပဲအမျိုးအစား ဖြစ်ပြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်း၂၀၂၄-၂၀၂၅ ခုနှစ် ပဲတီစိမ်းစိုက်ပျိုးမှု (၂၇၀၉၅၈)ဧက၊ ရိတ်သိမ်း(၂၅၃၄၄၁)ဧက၊ အထွက်နှုန်း(၁၁.၆၄)တင်းနှင့် အထွက် (၂၉၄၉၀၁၇) တင်း ဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ကုန်သည်၊စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ် အောက်တိုဘာလပထမပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသောစျေးမှာ၃တင်းဝင်တစ်အိတ်လျှင် ပဲတီစိမ်း (ညာ)၂၈၀၀၀၀ကျပ်နှင့် ၃၄၀၀၀၀ကျပ်၊ပဲတီရွှေဝါ(ပဲခွဲ)၂၈၀၀၀၀ကျပ်၊ တစ်ပိဿာ စျေးမှာ ပဲတီစိမ်း (ညာ) ၄၉၇၈ကျပ်နှင့်၆၀၄၄ကျပ်၊ပဲတီရွှေဝါ(ပဲခွဲ) ၄၉၇၈ကျပ် တို့ဖြစ်ကြောင်းသိရှိရပါသည်။ ယခင်နှစ် ကာလတူတစ်ပိဿာစျေးမှာ ပဲတီစိမ်း(အညာ)၃၃၇၈ ကျပ်နှင့် ၄၀၈၉ ကျပ်၊ ပဲတီစိမ်း (ပဲခွဲ) ၂၅၇၈ ကျပ်နှင့် ၃၂၈၉ကျပ်တို့ဖြစ်ပေါ်ခဲ့ပြီး၊ ကာလတူစျေးနှိုင်းယှဉ်ပါက ပဲတီစိမ်း (ညာ) မှာ တစ်ပိဿာလျှင် ၁၉၅၅ ကျပ်စျေး ပိုမိုရရှိကြောင်း သိရပါသည်။

DOCA (မန္တလေး)

                                               

၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသော ပိန်းဥဈေးနှုန်းအခြေအနေ

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ကုန်စိမ်းသီးနှံများဖြစ်သော ခဝဲသီး၊ ရွှေဖရုံသီး၊ ဘူသီး၊ မုန်လာထုပ်၊ ပန်းမုံလာပွင့်၊ ရွှေပဲသီး၊ ခရမ်းချဉ်သီး ၊မုံညှင်းထုပ်၊ ပြောင်းဖူး၊ ခါကြက်ဥ၊ ကန်စွန်းဥများ ရောင်းချလျက်ရှိရာ ယခုအခါ ပိန်းဥများကို  ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိပါသည်။ ပိန်းဥများကို မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရ သည်။ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်အတွင်း ရောင်းချလျက်ရှိသော ပိန်းဥဈေးနှုန်းများ မှာပိန်းဥ(၁)ပိဿာလျှင် (၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၅၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင် (၈၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ ပိန်းဥကို ပြုတ်၍သော်လည်းကောင်း၊ အရွက်စုံနှင့်ရောကာ ဟင်းချိုအဖြစ်လည်းကောင်း စားသုံးကြ၍ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သဖြင့် ဝယ်ယူစားသုံးသူများလာ၍ အရောင်းအဝယ်သွက်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

                                                                            

အောက်တိုဘာလပထမပတ်မတ်ပဲစျေး

            ပြည်တွင်းစားသုံးမှုများပြားခြင်းနှင့် ပြည်ပသို့တင်ပို့သည့်မတ်ပဲမှာ မန္တလေးတိုင်းဒေသကြီးအတွင်း၂၀၂၄-၂၀၂၅ခုနှစ်မတ်ပဲသီးနှံစိုက်ပျိုးမှု(၃၂၁၄၂)ဧရိတ် သိမ်း(၁၀၄၉၅) ဧက၊ အထွက် နှုန်း(၁၂.၆၅)တင်းနှင့် အထွက်(၁၃၂၇၀၉)တင်းဖြစ်ကြောင်းသိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်အောက်တိုဘာ လပထမပတ်အတွင်း ဖြစ် ပေါ်လျှက်ရှိသောပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် မတ်ပဲ (ကျောက်စရစ်)၂၇၁၀၀၀ကျပ်၊ မတ်ပဲ ၁၇၀၀၀၀ ကျပ်နှင့် ၂၆၀၀၀၀ကျပ်၊ တစ်ပိဿာစျေးမှာ မတ်ပဲ (ကျောက်စရစ်) ၄၅၁၇ ကျပ်၊ မတ်ပဲ ၂၈၃၃ ကျပ်နှင့် ၄၃၃၃ ကျပ်ဖြစ်ပြီး၊ ယခင်နှစ် ကာလတူ တစ်ပိဿာစျေးမှာ မတ်ပဲ (ဟောင်း)  ၆၂၅၀ ကျပ်ဖြစ်ကြောင်းသိရှိရပါသည်။ ယခုနှစ်နှင့် ယခင်နှစ်ကာလတူစျေးနှိုင်းယှဉ်ပါက မတ်ပဲစျေး မှာ အနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။

DOCA (မန္တလေး)

မြို့မဈေးတွင် ရောင်းချနေသော ပန်းကုံးဈေးနှုန်းများ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးရှိ ၂၀၂၅ခုနှစ်၊အောက်တိုဘာလ ဒုတိယပတ်တွင်ရောင်းချလျက်ရှိသော ပန်းကုံးဈေးနှုန်းများမှာ မြတ်လေးပန်း(၁)ကုံးလျှင် (၁၀၀) ကျပ်၊ မြတ်လေးပန်း(၆)ကုံးလျှင် (၅၀၀)ကျပ်၊ ဇွန်ပန်း(၁)ကုံးလျှင် (၃၅၀)ကျပ်၊ ဇွန်ပန်း(၃)ကုံးလျှင် (၁၀၀၀)ကျပ်၊ စကားဖြူ၊ စကားဝါပန်း(၁)ကုံးလျှင်(၃၀၀)ကျပ်၊ စကားဖြူ၊ စကားဝါပန်း(၂)ကုံးလျှင် (၅၀၀)ကျပ်၊ ရွှေပန်း၊ငွေပန်း(၁)ကုံးလျှင် (၁၀၀)ကျပ်၊ ရွှေပန်း၊ငွေပန်း(၆)ကုံးလျှင်(၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ထိုပန်းကုံးများကို ဘုရားပန်းကပ်လှူရန်အတွက်လည်း ကောင်း၊ အမျိုးသမီးများအလှပန်ရန် အတွက်လည်းကောင်း၊ ကားများ၊ ဈေးဆိုင်များတွင် သဘာဝ ပန်းအလှများ ချိတ်ဆွဲရန်အတွက်လည်းကောင်း ဝယ်ယူကြကြောင်း သိရှိရသည်။

DOCA(စစ်ကိုင်း)

မြင်းခြံမြို့ ကြိမ်စေ့လှော်ဈေးနှုန်း

  ကြိမ်စေ့လှော်သည် မြန်မာနိုင်ငံတွင်ရေပန်းစားသော သွားရေစာတစ်မျိုးဖြစ်၍ ကြိမ်ပင်များမှ ထွက်သောအစေ့များကို လှော်ထားခြင်းဖြစ်ကြောင်း၊ ‌‌တောင်ကုန်းတောင်တန်း ဒေသများဖြစ်သော ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် ချင်းပြည်နယ်များတွင်ကြိမ်ပင် များပိုမို စိုက်ပျိုးထွက်ရှိကြောင်း သိရှိရသည်။ မြင်းခြံမြို့၊အေးမြသီတာဈေးတွင်ရောင်းချနေသော ကြိမ်စေ့ လှော်များကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တို့မှ မှာယူရောင်းချ၍ ဒေသတွင်းဖြန့်ဖြူး ရောင်းချ ကြောင်း၊ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ နောက်ဆုံးပတ်တွင် ကြိမ်စေ့လှော်လက်လီဈေး နို့ဆီဗူး တစ်ဗူးလျှင်(၃၀၀၀)ကျပ်၊ လက်ကားဈေးတစ်ပြည်လျှင်  (၂၀၀၀၀) ကျပ်ခန့်ပေါက်ဈေး များဖြင့် ရောင်းချကြောင်း၊ ကျန်းမာရေးနှင့် ညီညွတ်သည့်အဆီဓာတ်များပါဝင်သောကြောင့် နှလုံး ကျန်းမာရေးကိုအကျိုးပြုပြီး   ပရိုတင်းဓာတ်ကြွယ်ဝသောကြောင့် ခန္ဓာကိုယ်ကြီးထွားရန်နှင့် ကြွက်သား ဖွံ့ဖြိုးမှုကိုအထောက်အကူပြုကြောင်း၊  ကြိမ့်စေ့လှော်သည် အာဟာရဓာတ်ကြွယ်ဝ သဖြင့်  ကယ်လိုရီပါဝင်မှုမြင့်မားသောကြောင့် လွန်ကဲစွာစားသုံးပါက ကိုယ်အလေးချိန်တက်နိုင် သဖြင့် သင့်တင့်မျှတစွာ စားသုံးသင့်ပါကြောင်း သိရှိရသည်။

DOCA(မန္တလေး)

မြို့မဈေးတွင် ရောင်းချနေသော နှင်းဆီပန်းနှင့် ဇော်စိမ်းပန်း(ခေါ်)ကျောက်စိမ်းပန်းဈေးကွက်

     ကန့်ဘလူမြို့၊ မြို့မဈေးအတွင်းတွင် ဘုရားပန်းမျိုးစုံဖြစ်သည့် သပြေပန်း၊ နှင်းပန်း၊ ဂန္ဓမာပန်း၊ ဇွန်ပန်း၊ စံပယ်ပန်း၊ စကားဝါပန်း၊ စကားဖြူပန်း၊ ရွှေပန်း၊ ငွေပန်း၊ ပန်းတိမ်ငိုပန်း၊ နှင်းဆီပန်း၊ ဇော်စိမ်းပန်း(ခေါ်)ကျောက်စိမ်းပန်းများ ရောင်းချလျက်ရှိရာ လူကြိုက်များသော နှင်းဆီပန်းများနှင့် ဇော်စိမ်းပန်း(ခေါ်)ကျောက်စိမ်းပန်းများကို ကန့်ဘလူမြို့ပေါ်နှင့် ဒေသအနီးတစ် ဝိုက်ရှိကျေးရွာများမှ တစ်နိုင်တစ်ပိုင်စိုက်ပျိုး ရောင်းချလျက်ရှိသလို နှင်းဆီပန်းများကို ပြင်ဦးလွင်မြို့ မှလည်းမှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ လူကြိုက်များသော နှင်းဆီပန်းများမှာ ဘုရားပန်းအတွက် သာမက လက်ဆောင်ပေးရာ၌လည်း အဓိကထားအသုံးပြုကြကြောင်း၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း နှင်းဆီပန်းအကြီး(၁)ပွင့်လျှင် (၇၀၀)ကျပ်၊ အသေး(၁)ပွင့် လျှင်(၅၀၀)ကျပ်နှင့် ဇော်စိမ်းပန်း(ခေါ်)ကျောက်စိမ်းပန်း(၃)ခက်ပါ(၁)စည်းလျှင် (၁၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ဘုရားပန်းမျိုးစုံရောင်းဝယ်ရေး လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

မြင်းခြံမြို့၌ရောင်းချနေသောကွမ်းသီးဈေးနှုန်းများ

  မြင်းခြံမြို့နယ်အတွင်းရောင်းချနေသော ကွမ်းသီးများကို ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နှင့် မန္တလေးမြို့တို့မှ တင်သွင်းရောင်းချကြောင်းသိရှိရသည်။ ကွမ်းသီးပင်များသည် ရာသီဥတုသင့်တင့်မျှ တသော ဒေသများတွင်ဖြစ်ထွန်းပြီး ကွမ်းသီးပင်များသည် စိုက်ပျိုးပြီး (၈)နှစ်အကြာတွင် ကွမ်းသီးများစတင်ခူးဆွတ်နိုင်ကြောင်း၊ အပင်မြင့်မျိုးဖြစ်ပြီး လေဒဏ်မခံနိုင်သောကြောင့် လေပြင်း ပါက အပင်လဲနိုင်သဖြင့် အပူချိန်မြင့်မားချိန်တွင် အပူဒဏ်ခံနိုင်ရန် လေကာပင်များနှင့် တောင်အရိပ် ရှိပါက ကွမ်းသီးပင်များဖြစ်ထွန်းနိုင်ကြောင်းသိရှိရသည်။ ၂၀၂၅ခုနှစ်၊ စက်တင်ဘာ နောက်ဆုံးပတ် ကွမ်းသီးအစိပ်ထိပ်စတစ်ပိဿာလျှင် (၃၅၀၀၀) ကျပ်၊ ကွမ်းသီးအလတ်စ တစ်ပိဿာလျှင် (၃၀၀၀၀)ကျပ်၊ ကွမ်းသီးလုံးတစ်ပိဿာလျှင် (၂၅၀၀၀) ကျပ်ခန့်ပေါက်ဈေးများဖြင့်‌ ရောင်းချ ကြောင်း၊ အရည်အသွေးအမျိုးအစားပေါ်မှုတည်၍ ဈေးနှုန်းများကွာခြားကြောင်း၊ မြန်မာနိုင်ငံတွင် ကွမ်းယာစားသုံးမှုများသောကြောင့် ကွမ်းသီးရောင်းဝယ်ရေးသည် ဈေးကွက်တစ်ခုအဖြစ် ခိုင်ခိုင် မာမာရပ်တည်လျက်ရှိကြောင်း၊ အရောင်းအဝယ်လည်းကောင်းကြောင်း ကွမ်းရွက်နှင့် ကွမ်းသီး ရောင်းချသူများ ထံမှသိရှိရသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း