Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြည်ကုန်စည်ဒိုင်၏ ဩဂုတ်လအတွင်း ဖြစ်ပေါ်ခဲ့သော ပဲမျိုးစုံဈေးနှုန်းစျေးကွက်

        ပြည်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံရောင်းဝယ်လျှက်ရှိပြီး မတ်ပြ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ၊ ကုလားပဲ၊ ပဲကြီး၊ ဘိုကိတ်၊ စားတော်ပဲ(ကျွန်း)သီးနှံများရောင်းဝယ်လျက်ရှိပါသည်။

          ပြည်ကုန်စည်ဒိုင်တွင် ဩဂုတ်လ ပထမပတ်တွင်မတ်ပဲတစ်တင်းဈေးမှာ (၉၆၅၀၀ -၉၆၈၀၀) ကျပ်ဖြင့် တစ်ရက်ကို အိတ် (၂၀၀ - ၃၀၀)ခန့် ရန်ကုန်အဝယ်ရှိပါသည်။ ဩဂုတ်လ ဒုတိယပတ်တွင် မတ်ပဲတစ်တင်းကို (၉၆၀၀၀)ကျပ်ဖြင့် တစ်ရက်ကိုအိတ် (၂၅၀)ခန့် ရန်ကုန်အဝယ်ရှိပါသည်။ တတိယပတ်တွင် မတ်ပဲတစ်တင်းကို (၉၆၀၀၀)(၉၅၇၀၀)ခန့်ဖြင့် တစ်ရက်ကို အိတ်(၂၅၀)ခန့် ရန်ကုန်အဝယ်ရှိပါသည်။ဩဂုတ်လ စတုတ္ထပတ်တွင် မတ်ပဲ တစ်တင်းကို (၉၅၅၀၀ - ၉၅၇၀၀) ကျပ်ဖြင့် တစ်ရက်ကို အိတ် (၃၀၀)ခန့် ရန်ကုန်အဝယ်ရှိပါသည်။

ပဲတီစိမ်း

          ပြည်ကုန်စည်ဒိုင်တွင် ဩဂုတ်လ ပထမပတ်တွင် ပန်းတောင်း၊ကံမ၊ မင်းတုန်းဘက်ရှိ ပဲတီစိမ်းသစ်များစတင်ဝင်ရောက်လာပြီး ပဲတစ်တင်းကို (၁၀၀၀၀၀)ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပါသည်။ ဩဂုတ်လ ဒုတိယပတ်တွင် ပဲတီစိမ်း တစ်တင်းကို (၁၀၀၀၀၀)ကျပ်ဖြင့် မန္တလေး အဝယ်တစ်ရက်ကို အိတ်(၅၀၀)ခန့်အဝယ်ရှိခဲ့ပါသည်။ တတိယပတ်တွင် ပဲတီစိမ်းဈေးမှာ အေးနေခဲ့ပြီး ပဲတစ်တင်းကို (၁၀၀၀၀၀)ကျပ်ဖြင့် မန္တလေးအဝယ်တစ်ရက်ကို အိတ် (၄၅၀/၅၀၀)ခန့် အဝယ်ရှိခဲ့ပါသည်။ စတုတ္ထ ပတ်တွင် ပဲတီစိမ်းတစ်တင်းကို (၁၀၀၀၀၀)ကျပ်ဖြင့် မန္တလေးအဝယ်တစ်ရက်ကို အိတ် (၅၀၀)ခန့် အဝယ်ရှိခဲ့ပါသည်။

 

ပဲစဉ်းငုံ

          ပြည်ကုန်စည်ဒိုင်၏ ဩဂုတ်လပထမပတ်တွင် ပဲစဉ်းငုံတစ်တင်းကို (၈၆၀၀၀)ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ် (၁၀၀/၁၅၀)ခန့်အဝယ်ရှိပါသည်။ ဒုတိယပတ်တွင် ပဲစဉ်းငုံ တစ်တင်းကို (၈၅၀၀၀ - ၈၆၀၀၀)ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ် (၂၀၀)ခန့် အဝယ် ရှိခဲ့ပါသည်။ဩဂုတ်လ တတိယပတ်တွင် ပဲစဉ်းငုံတစ်တင်းကို (၈၅၀၀၀)ကျပ်ဖြင့် ရန်ကုန် အဝယ် တစ်ရက်ကို အိတ် (၂၀၀)ခန့်ရှိခဲ့ပါသည်။ စတုတ္ထပတ်တွင် ပဲစဉ်းငုံ တစ်တင်းကို (၈၂၀၀၀/၈၃၀၀၀) ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ် (၂၀၀)ခန့်ရှိခဲ့ပါသည်။

ကုလားပဲ

          ပြည်ကုန်စည်ဒိုင်၏ ဩဂုတ်လ ပထမပတ်တွင် ကုလားပဲ (HL)တစ်တင်းကို (၉၀၀၀၀/ ၈၉၀၀၀)ကျပ်၊ ကြေးမှုံတစ်တင်းကို (၉၆၀၀၀)ကျပ်ဖြင့်မြို့တွင်း ခွဲစက်သမားများ တစ်ရက်ကို အိတ် (၃၀၀)ခန့် အဝယ်ရှိပါသည်။ ဒုတိယပတ်တွင် ကုလားပဲ (HL)တစ်တင်းကို (၈၉၀၀၀/၈၈၀၀၀)ကျပ် ကုလားပဲ(မြကြေးမှုံ)တစ်တင်းကို (၉၅၀၀၀/၉၆၀၀၀)ကျပ်ဖြင့် မြို့တွင်းအဝယ်နှင့် နယ်စုံအဝယ် တစ်ရက်ကို အိတ် (၃၅၀)ခန့်အဝယ်ရှိပါသည်။ ဩဂုတ်လ တတိယပတ်တွင် ကုလားပဲ (HL) တစ်တင်းကို (၈၇၀၀၀)ကျပ်၊ မြကြေးမှုံတစ်တင်းကို (၉၅၀၀၀)ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်ကို အိတ် (၃၅၀)ခန့်အဝယ်ရှိပါသည်။ စတုတ္ထပတ်တွင် ကုလားပဲ (HL)တစ်တင်းကို (၈၉၀၀၀/၉၀၀၀၀) ကျပ်ဖြစ်ပြီး ကြေးမှုံတစ်တင်းကို (၉၅၀၀၀)ကျပ်ဖြင့် မြို့တွင်း ခွဲစက်သမားများ တစ်ရက်ကို အိတ် (၃၀၀)ခန့်အဝယ်ရှိခဲ့ပါသည်။

ပဲကြီး

          ဩဂုတ်လ ပထမပတ်တွင် ပဲကြီး (ရွှေကျွန်း)တစ်တင်းကို (၁၂၀၀၀၀)ကျပ်၊ ပဲကြီး(ကုန်းပဲ) တစ်တင်းကို (၁၁၀၀၀၀)ကျပ်ဖြင့် မြို့တွင်း ပဲကြော်သမားများတစ်ရက်ကို အိတ် (၄၀၀)ခန့် အဝယ် ရှိခဲ့ပါသည်။ ဒုတိယပတ်တွင် ပဲကြီး(ရွှေကျွန်း)တစ်တင်းကို (၁၂၀၀၀၀)ကျပ်၊ ကုန်းပဲတစ်တင်းကို (၁၁၀၀၀၀)ကျပ်ဖြင့် မြို့တွင်း ပဲကြော်သမားများတစ်ရက်ကို အိတ် (၃၅၀)ခန့် အဝယ်ရှိခဲ့ပါသည်။ ဩဂုတ်လ တတိယပတ်တွင် ပဲကြားပဲကြီး(ရွှေကျွန်း)တစ်တင်းကို (၁၂၀၀၀၀)ကျပ်၊ ကုန်းပဲ တစ်တင်းကို (၁၁၀၀၀၀)ကျပ်ဖြင့် ဈေးအေးနေခဲ့ပြီး တစ်ရက်ကို အိတ် (၄၀၀)ခန့် အဝယ်ရှိခဲ့ပါသည်။ စတုတ္ထပတ်အတွင်း ပဲကြီး(ရွှေကျွန်း)တစ်တင်းကို (၁၂၀၀၀၀)ကျပ်၊ ကုန်းပဲတစ်တင်းကို (၁၁၀၀၀၀)ကျပ်ဖြင့် မြို့တွင်း ပဲကြော်သမားများ အဝယ်ရှိခဲ့ပါသည်။

 

 

ဘိုကိတ်

          ဩဂုတ်လ ပထမပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို (၇၀၀၀၀)ကျပ်ဖြင့် မြို့တွင်းနှင့် ရန်ကုန် အဝယ် တစ်ရက်ကို အိတ် (၁၀၀ - ၁၅၀)ခန့် အဝယ်ရှိပါသည်။ ဒုတိယပတ်တွင် ဘိုကိတ်ပဲ တစ်တင်းကို (၇၀၀၀၀)ကျပ်ဖြင့် ဈေးအေးနေခဲ့ပြီး တစ်ရက်ကို လက်လီ၊ လက်ကား အရောင်းအဝယ် ဖြစ်ပါသည်။ လက်လီတစ်ရက်လျှင် (၂၀ - ၂၅)အိတ်၊ လက်ကားတစ်ရက်လျှင် (၁၅၀ - ၂၀၀)ခန့် အဝယ်ရှိပါသည်။ တတိယပတ်တွင် ဘိုကိတ်တစ်တင်းကို (၇၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ရှိခဲ့ပြီး စတုတ္ထပတ်တွင် ဘိုကိတ်ဈေးအေးနေပြီး တစ်တင်းကို (၇၀၀၀၀)ကျပ်ဖြင့် ရန်ကုန်နှင့် မြို့တွင်းအဝယ် တစ်ရက်လျှင် (၁၅၀ - ၂၀၀)ခန့် ရှိခဲ့ပါသည်။

စားတော်ပဲ

          ဩဂုတ်လ ပထမပတ်တွင် စားတော်ပဲ (ကျွန်း) တစ်တင်းကို (၁၉၅၀၀၀)ကျပ်၊ (၂၀၀၀၀၀) ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်ကို အိတ် (၂၅-၅၀)ခန့်ရှိပါသည်။ ဒုတိယပတ်တွင် စားတော်ပဲ ကျွန်းတစ်တင်းကို (၁၉၅၀၀၀ - ၂၀၀၀၀၀)ကျပ်ဖြင့် မြို့တွင်းအဝယ် တစ်ရက်ကို အိတ် (၂၅ - ၃၀) အဝယ်ရှိပါသည်။ တတိယပတ်တွင် စားတော်ပဲ (ကျွန်း)တစ်တင်းကို (၁၉၅၀၀၀-၂၀၀၀၀၀)ကျပ်ဖြင့် မြို့တွင်းအဝယ် တစ်ရက်ကို အိတ် (၅၀)ခန့်ရှိပါသည်။ စတုတ္ထပတ်တွင် စားတော်ပဲ (ကျွန်း)ဈေးမှာ အေးနေပြီး ပဲတစ်တင်းကို (၁၉၅၀၀၀ - ၂၀၀၀၀၀)ကျပ်ဖြင့် မြို့တွင်းအဝယ်ရှိခဲ့ပါသည်။

          ပြည်ကုန်စည်ဒိုင်တွင် မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲ၊ ပဲကြီးသီးနှံများမှာ အရောင်းအဝယ် သွက်လျက်ရှိပြီး ပဲစဉ်းငုံ၊ ဘိုကိတ်ပဲများမှာ လက်ကျန်နည်းလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

 

ပြည်မြို့တွင်အာဆီယံသပြေများ ဈေးကောင်းရလျက်ရှိ

       ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ ရွှေလိပ်ပြာ လမ်းတွင် နေထိုင်သူ ဒေါ်ထား၏ နေအိမ်ခြံဝန်းအတွင်းတွင် အာဆီယံသပြေပန်းများ စိုက်ပျိုးထားကြောင်း သိရသည်။

          အာဆီယံသပြေပန်းများကို ရာသီမရွေး စိုက်ပျိုးကြသည်။ အာဆီယံသပြေသည် နှစ်ရှည်ပင် အမျိုးအစားဖြစ်ပါသည်။ အာဆီယံသပြေကို စီးပွားဖြစ်စိုက်ပျိုးပါက တစ်နေ့ (၂)ကြိမ် ရေလောင်း ပေးရပါသည်။ မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် ရေလောင်းပါက လုံလောက်ပါသည်။အာဆီယံ သပြေသည်  စစိုက်ပျိုးချိန်မှ (၈)လမှ (၁)နှစ်ခွဲအကြာတွင် ဈေးကွက်အတွင်းသို့ တင်ပို့ရောင်းချ နိုင်ပါသည်။ အာဆီယံသပြေအညွန့်များကို (၁၅)ရက်တစ်ကြိမ် ဖြတ်တောက်ရောင်းချလို့ရနိုင် ပါသည်။

          အာဆီယံသပြေပန်းအညွန့် အစည်းသေး တစ်စည်းလျှင် (၃)ညွန့် (သို့)(၅)ညွန့်ပါဝင်ပြီး အစည်းကြီး တစ်စည်းလျှင် အစည်းအသေး (၅)စည်းပါဝင်ပြီး ဖောက်သည်ဈေး (၈၀၀)ကျပ်ဖြင့် ပေးရပြီး ပြန်ရောင်းချသူများမှာ (၁၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်း သိရသည်။

DOCA(ပဲခူး)

ပြည် ငွေနှင်းမှို ဈေးကွက်

      ပြည်ဈေးကွက်အတွင်း ငွေနှင်းမှိုသည် တစ်နှစ်ပတ်လုံးထွက်ရှိသည့် မှိုအမျိုးအစားဖြစ်ပြီး ပြည်မြို့ပေါ် ရွာဘဲရပ်၊ နဝဒေးရပ်၊ ခေတ္တရာရပ်ကွက်အစုံနှင့် မြို့နယ်နေရာအချို့တွင် တစ်နိုင် တစ်ပိုင် စိုက်ပျိုးရောင်းချနေကြပါသည်။ ပြည်မြို့ပေါ်လက်လီဈေးများသို့ တစ်ပတ်လျှင် ရက်ခြား (၈)ပိဿာမှ (၁၀)ပိဿာခန့်အဝင်ရှိပြီး ဈေးကွက်အတွင်း အဝင်ရှိသလောက် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

          ငွေနှင်းမှိုကို ကန်စွန်းရွက်နှင့်ရော၍ ချက်စားခြင်း၊ ငရုတ်သီးစိမ်း၊ မျှင်ငပိတို့နှင့် ငပိချက် ချက်၍ စားသောက်ကြပါသည်။ ပြည်မြို့ပေါ် ဈေးကွက်တွင် ငွေနှင်းမှို (၁၀)ကျပ်သားလျှင် (၁၀၀၀)ကျပ်မှ (၁၂၀၀)ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

ရှောက်ချိုသီးများ ပြည်ဈေးကွက်သို့ စတင်ဝင်ရောက်လာ

      ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ မြို့မစည်ပင်သာယာဈေးကြီးနှင့်  အခြားဈေးများတွင် သစ်သီးဝလံဈေးကွက်အတွင်းအသီးအနှံမျိုးစုံ အသီးအရွက်မျိုးစုံရောင်းဝယ်လျက်ရှိရာ ရာသီစာ သစ်သီးဝလံတစ်မျိုးဖြစ်သော ရှောက်ချိုသီးများ ရောင်းဝယ်လျက်ရှိကြောင်း သိရသည်။

          ရှောက်ချိုသီးများကို ပြည်မြို့နယ် အနီးအနားရှိ ကျေးရွာများဖြစ်သော ပျဉ်းပြင်ကိုင်းကျေးရွာအတွင်းရှိ ခြံကွက်များတွင် စိုက်ပျိုးထားသော ရှောက်ချိုသီးများမှ အသီးများကို ပြည်မြို့နယ်အတွင်းရှိ ဈေးများသို့ ရောင်းချကြောင်း သိရသည်။ရှောက်ချိုသီးကို အချဉ်ပေါင်းသယ်နှင့် ကျောင်းဈေးများတွင် ရောင်းချကြောင်းလည်းသိရသည်။ ရှောက်ချိုပင်တစ်ပင်လျှင် အလုံး (၂၀၀)ခန့် ခူးဆွတ်ရကြောင်း၊ ဈေးနှုန်းများအနေဖြင့် တစ်လုံးလျှင် (၂၀၀)ကျပ်ခန့်ရောင်းချ ရကြောင်းသိရသည်။ ရှောက်ချိုသီးများကို လှီး၍ အတို့ဖြင့်စားကြသလို ငပိ၊ ငံပြာရည်တို့ဖြင့်လည်း သုပ်၍ စားသုံးကြပါသည်။

DOCA(ပဲခူး)

ရွှေဖရုံသီး စိုက်ပျိုးထွက်ရှိမှုနှင့် အကျိုးအမြတ်ရရှိမှု အခြေအနေ

      ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ မှော်ဇာကျေးရွာရှိ တောင်သူ ဦးခင်မောင်ချင်း ၏ (၀.၂၅)ဧကရှိ စိုက်ဧကပေါ်တွင် ဖရုံသီးများ စိုက်ပျိုးထားကြောင်းသိရသည်။ စတင်စိုက်ပျိုးသည့် လမှာ ဇွန်လတွင် စတင်စိုက်ပျိုးရပါသည်။ မျိုးများအနေဖြင့် မျှားနီ၊ ပစ်တိုင်းထောင်မျိုးများကို စိုက်ပျိုးပါသည်။ မျိုးထုတ်ကြီးတစ်ထုတ်လျှင် မျိုးစေ့ (၁၃၀)ခန့်ပါရှိပြီး မျိုး (၂)ထုတ် စိုက်ပျိုးထား ကြောင်းသိရသည်။ စတင်စိုက်ပျိုးသည့်ကာလမှာ (၂)လအကြာတွင် စတင်ခူးဆွတ်နိုင်ပြီဖြစ်ပါသည်။ ဇွန်လတွင် စတင်စိုက်ပျိုးထားသောကြောင့် ယခု ဩဂုတ်လတွင် စတင်ခူးဆွတ်နိုင်ကြောင်း သိရသည်။ ဖရုံသီးဒိုင်များသို့ အနုသီး၊ အရင့်သီး သောင်းပြောင်းပေးပို့ရသည်။ သောင်းပြောင်းဈေးမှာ တစ်လုံးလျှင် (၅၀၀)ကျပ်ဖြင့် ပေးပို့ရပြီး လက်လီဈေးမှာ တစ်လုံး (၆၀၀ - ၇၀၀)ကျပ်ဖြင့် ရောင်းချ နေပါသည်။ (၃)ရက် (၄)ရက်ခြားတစ်ကြိမ် ခူးဆွတ်ရသည်။ တစ်ခါခူးလျှင် အလုံး (၁၅၀ - ၂၀၀) လောက် ခူးဆွတ်ရပါသည်။ ခူးဆွတ်ချိန် (၂)လလောက်ရှိကြောင်းလည်း သိရသည်။ ဖရုံသီးတွင် အသီးသာမက အညွန့်များကိုပါ ခူးဆွတ်ရောင်းချနိုင်ကြောင်း သိရသည်။

          ဖရုံသီး စိုက်ပျိုးခြင်းဖြင့် အရင်းအနီးသိပ်မများပဲ အကျိုးအမြတ်များစွာရှိသဖြင့် စိုက်ပျိုးသင့်သော သီးနှံတစ်မျိုးဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဈေးနှုန်းကျဆင်းလာ၍ ဝယ်လက်များလာသော ပြည်အာလူးဈေးကွက်

        ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့အတွင်းသို့ ရှမ်းပြည်နယ်၊ အောင်ပန်းမြို့မှ ပြည်ပွဲရုံများသို့ အာလူးများ ဆက်တိုက်ဝင်ရောက်လျက်ရှိပါသည်။ အာလူးအိတ်များမှာ အကြီး၊ အလတ်၊ အသေးအလိုက် ဝင်ရောက်ပြီး အလုံးလှကာ အရည်အသွေးကောင်းသောကြောင့် အာလူး အရောင်းအဝယ်သွက်နေကြောင်း သိရှိရပါသည်။ အာလူးနှင့်ပတ်သက်သော အကြော်နှင့် မုန့်လုပ်ငန်း အရောင်းအဝယ်သမားတို့ အများဆုံးဝယ်ယူနေပြီး လက်လီဈေးများတွင်လည်း ဈေးနှုန်း ကျဆင်းလာ၍ ဝယ်လက်များလာကာ အရောင်းအဝယ်ကောင်းလာကြောင်း သိရှိရပါသည်။         ပြည်ဈေးကွက်တွင် ရောင်းချနေသော အာလူးဈေးနှုန်းများမှာ (ပွဲရုံဈေး) တစ်ပိဿာလျှင် (၄၅၀၀ - ၅၅၀၀)ကျပ်ဈေးဖြစ်ပြီး လက်လီဈေးမှာ အာလူးအကြီး တစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ အလတ် တစ်ပိဿာလျှင် (၅၀၀၀)ကျပ်နှင့် အသေးတစ်ပိဿာလျှင် (၃၀၀၀)ကျပ်အသီးသီးရှိပြီး အရောင်းအဝယ်ကောင်းကြောင်း သိရှိရပါသည်။ ဈေးနှုန်းလည်းသင့်တင့်ပြီး အမျိုးအစားကောင်း အာလူးများဖြစ်သောကြောင့် ပွဲရုံများတွင် အာလူးအရောင်းအဝယ်ကောင်းကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည် နံနံပင်ဈေးနှုန်းများကျဆင်း

      ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့အတွင်းရှိ မြို့မစည်ပင်သာယာဈေးကြီးနှင့် အခြား ဈေးများတွင် နံနံပင်ဈေးနှုန်းများ ကျဆင်းလျက်ရှိပြီး (၁၀)ပင်စည်း တစ်စည်းလျှင် (၃၀၀)ကျပ်မှ (၂၀၀)ကျပ်ထိ တဖြည်းဖြည်း ကျဆင်းလာကြောင်းသိရပါသည်။ ပြည်ဈေးကွက်သို့ ပြည်မြို့ အတွင်းရှိ ကျေးရွာများဖြစ်သော မှော်ဇာ၊ ဇီးအုပ်၊ တောင်လုံးညို၊ ဝက်ထီးကန်၊ ရွှေတောင်၊ ပုတီးကုန်း၊ သဲကုန်း၊ ဝက်ပုတ်နယ်များမှ ကားလမ်းဖြင့်လည်းကောင်း၊ ရထားများဖြင့်လည်းကောင်း ရက်ခြားဝင်ရောက်လာရောက် ရောင်းချကြကြောင်းသိရပါသည်။ ဈေးနှုန်းအနေဖြင့် ၁၀ ပင်စည်း တစ်စည်းကို (၂၀၀)ကျပ်နှင့် တစ်ပိဿာလျှင် ကျပ် (၂၀၀၀၀)နှုန်းများဖြင့် အသီးသီးရောင်းချလျက် ရှိကြောင်းသိရပါသည်။ ဈေးနှုန်းချိုသာသောကြောင့် စားသုံးသူပြည်သူများ စိတ်ကြိုက်ဝယ်ယူ စားသုံးမှုများကြောင့် ရောင်းအားတက်လာကြောင်း သိရပါသည်။

DOCA(ပဲခူး)

ရှားရှားပါးပါး ကိုင်းဥဈေးကွက်

      ပြည်မြို့တွင် တွေ့ရခဲသော ကိုင်းဥကို ပြည်မြို့၊ မြို့မဈေးကြီးတွင် ရောင်းချနေကြောင်း သိရှိရပါသည်။ ကိုင်းဥကို ရန်ကုန်မြို့နှင့် အခြားမြို့များတွင်သာ ထွက်ရှိရောင်းချနေကြပြီး ပြည်မြို့ အနေဖြင့် ရောင်းချခဲသော ရာသီပေါ်အသီးတစ်မျိုးဖြစ်ပါသည်။ ကိုင်းဥ၏ အရသာမှာ နို့အရသာနှင့် စိမ့်သော အရသာရရှိကြောင်း သိရှိရပါသည်။

      ပြည်မြို့တွင် ကိုင်းဥကို နို့ဆီဗူးတစ်ဗူးလျှင် အကြီး (၅၀၀၀)ကျပ်၊ အသေး (၃၀၀၀)ကျပ်နှုန်း ရောင်းချကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်မြို့၏ သံပုရာသီးဈေးကွက်

     သံပုရာသီးကို နွေသီးနှင့် မိုးသီးဟူ၍ နှစ်မျိုးရှိပြီး ယခုမိုးတွင်းကာလတွင် သီးသော အသီးမှာ လှိုင်လှိုင်ထွက်ပြီး အသီးအလုံးလည်းကြီးကာ အရည်လည်း ရွှမ်းသောကြောင့် ဈေးကွက်တွင် အရောင်းအဝယ်လိုက်လျှက်ရှိပါသည်။ ယခင်က နွေရာသီတွင် ထွက်ရှိသော အသီးများမှာ အလုံး သေးပြီး အရည်နည်းကာ အထွက်နည်းသောကြောင့် တစ်လုံးလျှင် ၂၀၀ ခန့်ထိဈေးမြင့်ခဲ့သော်လည်း ယခု ဩဂုတ်လတွင်တော့ သံပုရာသီးအရည်ရွှမ်း၊ အလုံးကြီး တစ်လုံးကို (၈၀ - ၁၀၀)ကျပ်ခန့် ရောင်းချကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပေါင်းတည်မြို့တွင်မြေပဲများလှိုင်လှိုင်ပေါ်၍ အရောင်းအဝယ်ဖြစ်လျက်ရှိ

      ပဲခူးတိုင်းဒေသကြီး (အနောက်) နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် အတွင်းရှိ ကျေးရွာများတွင် လယ်ယာ စိုက်ပျိူးခြင်းလုပ်ငန်း လုပ်ကိုင်ကြပြီး သီးနှံမျိူးစုံကို စိုက်ပျိူးလျက်ရှိရာ ဆီထွက်သီးနှံအဖြစ် မြေပဲကိုလည်း မိုးစိုက်နှင့်ဆောင်းစိုက်ဟူ၍ စိုက်ပျိူးလျက်   ရှိကြောင်း သိရပါသည်။

       မိုးမြေပဲ စိုက်ပျိူးရာတွင် မေလနှင့် ဇွန်လများတွင် စိုက်ပျိူးကြပြီး ဩဂုတ်လတွင် လတွင် သီးနှံထွက်ပေါ်ကြောင်း မြေပဲ အမျိူးအဖြစ် မကွေး(၁၁)မျိူး အများဆုံး စိုက်ပျိူးလျက် ရှိပါသည်။ မိုးမြေပဲ တစ်ဧက စိုက်ပျိူးမည်ဆိုပါက မျိူးမြေပဲဆံနှစ်တင်းခန့် အသုံးပြုရပြီး မြေပြင်ထွန်ယက်ခ၊ သွင်းအားစု လုပ်အားခအပါအဝင်  တစ်ဧကစုစုပေါင်း ငွေကျပ် (၇၀၀၀၀၀)ခန့် ကုန်ကျပါကြောင်း တစ်ဧကလျှင်အထွက်နှုန်း (၅၀-၆၀)တင်းခန့် ထွက်ရှိပြီး ယခုဩဂုတ်လ တတိယပါတ်တွင် မိုးမြေပဲ တစ်တင်း (၁၂)ပိဿာ ဈေးနှုန်းမှာ ငွေကျပ်(၂၄၀၀၀-၂၆၀၀၀)နှုန်း ပေါက်ဈေးရှိကြောင်းသိရှိရပြီး စိုက်ပျိူးမြေအနေအထားနှင့် သီးနှံ ဖြစ်ထွန်းအောင်မြင်မှု အပေါ်မူတည်၍ အထွက်နှုန်းများလည်း ကွာခြားမှုရှိကြောင်း ဈေးကွက်အနေဖြင့် ပေါင်းတည်မြို့နယ်ရှိ ပွဲရုံများမှ ကျေးရွာများအ‌ရောက် လာရောက်ဝယ်ယူကြောင်း သိရပါသည်။

          ယခုအချိန် မြေပဲလှိုင်လှိုင် ထွက်ပေါ်လျှက်ရှိရာ တောင်သူများအနေဖြင့် ထိုက်သင့်သည့် အကျိုးအမြက်များရရှိကြောင်း မြေပဲစိုက်တောင်သူတစ်ဦးထံမှ သိရှိရ ပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း