Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

‌ မုံရွာမြို့တွင် ရောင်းချနေသော ထောပတ်သီးနှင့် နာနတ်သီး ဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မကျည်းပင်ဈေးအတွင်းတွင်  ထောပတ်သီးများနှင့် နာနတ်သီးများ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ဈေးကွက်အတွင်းရောင်းချနေသော ထောပတ်သီးများကို ရှမ်းပြည်နယ် (တောင်ပိုင်း၊ မြောက်ပိုင်း )  တောင်ကြီး၊ ဟိုပုံ၊ ညောင်‌ရွှေ၊ ဆီဆိုင်၊ ကလော၊ ပင်းတယ၊ ရွာငံ၊ ရပ်စောက်၊ ပင်လောင်၊ လားရှိုး၊ ကွက်ခိုင်၊ ကျောက်မဲ၊ သီပေါ၊ နောင်ချို စသည့်ဒေသများမှ တင်သွင်းပါကြောင်း၊ နာနတ်သီးသည် ဈေးနှုန်းသက်သာပြီး အများအားဖြင့်အခွံနွှာ၍ အသင့်စားသုံးနိုင်သည့်အပြင် နာနတ်သီးဖျော်ရည်၊ နာနတ်သီးယို စသည့်ဖြင့် ကိုယ်ကြိုက်နှစ်သက်သလို စားသုံးနိုင်ပါသည်။

          ၂၀၂၅ခုနှစ်၊ ဩဂုတ်လတတိယအပတ်အတွင်း ဖြစ်ပေါ်နေသော ထောပတ်သီးဈေးနှုန်းမှာ  အသေး (၁)လုံးလျှင် (၇၀၀) ကျပ်၊ အလတ်(၁)လုံးလျှင် (၈၀၀) ကျပ်နှင့် အကြီး (၁)လုံးလျှင် (၁၀၀၀) ကျပ်၊ နာနတ်သီးဈေးနှုန်းမှာ အသေး (၁)လုံး လျှင် (၁၅၀၀) ကျပ်နှင့် အကြီး (၁)လုံးလျှင် (၂၅၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ကြောင်း သိရှိရပါသည်။

DOCA (စစ်ကိုင်း)

 ကျွန်းလှမြို့၏  တီလားဗီးယားငါး နှင့် ငါးလေးဒေါင့် ဈေးနှုန်း

                                    ကျွန်းလှမြို့တွင်  ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ အသားငါး ဈေးနှုန်းများထဲမှ ငါးဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။

                 ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အတွင်းမှ ထွက်ရှိသည့် ဒေသထွက်ရေချိုငါး များကို   ဝယ်ယူရောင်းချကာ ဈေးကောင်းရရှိပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ကျွန်းလှမြို့၏ တီလားဗီးယားငါး ဈေးနှုန်းများ အနေဖြင့် တီလားဗီးယားငါး(အကြီး)(၁)ပိဿာလျှင်(၁၆၀၀၀)ကျပ်၊ တီလားဗီးယားငါးအကြီး(၅၀)ကျပ် သားလျှင်(၈၀၀၀)ကျပ်၊တီလားဗီးယားငါးအသေး(၁)ပိဿာလျှင်(၁၄၀၀၀)ကျပ်၊တီလားဗီးယားငါး အသေး (၅၀)ကျပ်သားလျှင်(၇၀၀၀)ကျပ် ဈေးနှုန်းဖြင့် လည်းကောင်း ငါးလေးဒေါင့် ဈေးနှုန်းအနေဖြင့် ငါးလေး ဒေါင့် အကြီး တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ ငါးလေးဒေါင့်(၅၀)ကျပ်သားလျှင်(၆၀၀၀)ကျပ် ဈေးနှုန်း တို့ဖြင့် ရောင်းချကြောင်း ငါးအရောင်းအဝယ် လုပ်ကိုင်သူ ထံမှ သိရ ပါသည်။

DOCA (စစ်ကိုင်း)

ကျွန်းလှမြို့၌ ရောင်းချလျက်ရှိသော တို့ဟူးစိမ်းနှင့် တို့ဟူးခြောက် ဈေးနှုန်း

                            ကျွန်းလှမြို့၊ ပိ‌တောက်မြိုင်ဈေးထဲတွင် ကုန်စိမ်းသီးနှံနှင့် တွက်ဖက်၍ ပဲရေဖွှ၊ တို့ဟူးစိမ်း တို့ကိုပါ လုပ်ကိုင်ရောင်းချလျက်ရှိပါသည်။

              ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး၌ ဖြစ်ပေါ်နေသော တို့ဟူးစိမ်း ဈေးနှုန်းများမှာ တို့ဟူးစိမ်း တစ်ပိဿာလျှင်(၃၂၀၀)ကျပ်၊ တို့ဟူးစိမ်း(၅၀)ကျပ်သားလျှင် (၁၆၀၀)ကျပ်၊ တို့ဟူးစိမ်း(၂၅)ကျပ်သားလျှင်(၈၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ‌လည်းကောင်း တို့ဟူးခြောက် တစ်ပိဿာ(၁၀၀၀၀)ကျပ်၊ တို့ဟူးခြောက်(၅၀)ကျပ်သားလျှင်(၅၀၀၀)ကျပ် နှင့် တို့ဟူးခြောက် (၁၀)ကျပ် သားလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။  

DOCA (စစ်ကိုင်း)

 

စကားဖြူပန်း နှင့် စကားဝါပန်း ဈေးနှုန်း

            ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် စကားဖြူပန်း၊ စကားဝါပန်းများကို ရောင်းချလျက်ရှိရာ စကားဖြူ/ဝါပန်းပင်သည် အပင်ကြီးမျိုးဖြစ်ပြီး အရွက်ပုံစံမှာဘဲစဥပုံနှင့်  စကားဖြူ/ဝါပန်းပင်သည် မြန်မာ ပြည်အနှံအပြား စိုက်ပျိုးနိုင်သည်။ စကားဖြူ/ဝါပန်းပင်သည် ပူအိုက်စွတ်စိုသော ရာသီကို ကြိုက်နှစ် သက်သည့် အပင်ဖြစ်သည်။ မြေနေရာမရွေး စိုက်ပျိုးနိုင်ပြီး ရေဝပ်ဒဏ် မခံနိုင်ပါကြောင်း သိရသည်။

           ၂၀၂၅ ခုနှစ်၊  ဩဂုတ်လ တတိယပတ်တွင်ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး၌ ဖြစ်ပေါ်နေသော စကားဖြူပန်း ဈေးနှုန်းဖြင့် စကားဖြူပန်း(၃)ပွင့်ပါ တစ်ကုံးလျှင်(၄၀၀)ကျပ်၊ စကားဖြူပန်း(၃)ကုံးလျှင် (၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း စကားဝါပန်း ဈေးနှုန်းဖြင့် စကားဝါပန်း(၅)ပွင့်ပါ တစ်ကုံးလျှင် (၅၀၀)ကျပ်၊ စကားဝါပန်း(၃)ပွင့်ပါ တစ်ကုံးလျှင်(၃၅၀)ကျပ်၊ စကားဝါပန်း(၃)ကုံးလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ဘုရားပန်းမျိုးစုံ ရောင်းချနေသော ပန်းသည် ထံမှ သိရပါသည်။

DOCA (စစ်ကိုင်း)

 သဖန်းဆိပ်ဆည်အတွင်းမှ ရေချို  ငါးရံ့ နှင့် ငါးရံ့ခြောက် ဈေးနှုန်း

                            ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း ငါးဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ ငါးရံ့ နှင့် ငါးရံ့ခြောက်ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

                     ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်တွင် ကျွန်းလှမြို့နယ်အတွင်း ဖြစ်ပေါ်နေသော ငါးရံ့ ဈေးနှုန်း များအနေဖြင့် ငါးရံ့ အကြီး တစ်ပိဿာလျှင်(၃၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၆၅၀၀)ကျပ် ငါးရံ့ (အသေး)တစ်ပိဿာလျှင်(၂၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၃၀၀၀)ကျပ် ဈေးနှုန်းဖြင့် လည်းကောင်း၊ ငါးရံ့ခြောက် ဈေးနှုန်းများအနေဖြင့် ငါးရံ့ခြောက် အကြီး လက်လီဈေး တစ်ပိဿာလျှင် (၈၅၀၀၀)ကျပ်၊ ငါးရံ့ခြောက်(၅၀)ကျပ်သားလျှင်(၄၃၀၀၀)ကျပ်၊ ငါးရံ့ခြောက်(အ‌သေး)လက်လီဈေး တစ်ပိဿာလျှင် (၆၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၃၃၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ငါးရံ့သည် အခြားငါးများထက် အသားကျစ်လစ်ပြီး အရိုးနည်းသည့်အတွက် လူကြိုက်များပြီး ရောင်းအား ကောင်းလျက်ရှိကြောင်း ငါးသည် ထံမှ သိရပါသည်။

DOCA (စစ်ကိုင်း)

 

ဈေးအနည်းငယ်မြင့်တက်နေသော ငါးပတ်နှင့် ငါးပေါက်စ

        ငါးပတ်နှင့်ငါးပေါက်စကို ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ သဖန်းဆိပ်ဆည်အတွင်းမှ ထွက်ရှိသည့် ဒေသထွက်ရေချိုငါးများကို  လက်လီ/လက္ကား ငါးအရောင်းအဝယ်ပြုလုပ်သည့် ဒိုင်များမှ ဝယ်ယူရောင်းချကာ  ဈေးကောင်းရရှိပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

       ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ််တွင် ကျွန်းလှမြို့၏ ငါးပတ် ဈေးနှုန်းများ အနေဖြင့် ငါးပတ် ရှယ်ဆိုက်ဝင်(အကြီး) တစ်ပိဿာလျှင်(၂၇၀၀၀)ကျပ် နှင့် ငါးပတ် အကောင်သေး တစ်ပိဿာလျှင် (၂၃၀၀၀)ကျပ် ဈေးနှုန်းဖြစ်ပြီး ငါးပေါက်စဈေးနှုန်းများ အနေဖြင့် ငါးပေါက်စ(ခေါင်းဖြတ် ချေးဖောက်ပြီး) လက်လီ တစ်ပိဿာလျှင်(၁၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၈၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင် (၄၀၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါးဘတ်သားသည် အခြားငါးအသားများ နှင့်မတူ အသားနုညံ့ပြီး အရိုးနည်းကာ အရသာရှိသည့်အတွက် ဈေးကြီးသောလည်း ရောင်းအားကောင်း လျက်ရှိကြောင်း ငါးအရောင်းအဝယ်လုပ်ကိုင်သူ ထံမှ သိရ ပါသည်။

DOCA (စစ်ကိုင်း)

  ငရုပ်သီးစိမ်းနှင့် ပန်းငရုပ်ပွသီး ဈေးနှုန်း

           ကျွန်းလှမြို့တွင် စိုက်ပျိုးရေးလုပ်ငန်းကို တစ်ပိုင်တစ်နိုင်အနေဖြင့် စိုက်ပျိုးကြရာတွင် စားဖိုဆောင် သီးနှံများဖြစ်သည့် ကန်ဇွန်း၊ ချဉ်ပေါင်၊ ကြက်ဟင်းခါး၊ ခဝဲ၊ ခဆော့သီး၊ ကင်းမုံသီး၊ ပဲတောင့်ရှည်သီး ရုံးပတီသီး နှင့် သခွားသီး စသည်တို့ကို စိုက်ပျိုးသည့်အနက် ငရုပ်သီးစိမ်းများဖြစ်သည့် မိုးထော်ငရုပ် (ကျောက်စိမ်းမျိုး)နှင့် ကုလားအော် ငရုပ်သီးစိမ်း တို့ကိုပါ စိုက်ပျိုးရောင်းချကြပါသည်။

               ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ကျွန်းလှမြို့၌ ဖြစ်ပေါ်နေသော ငရုပ်သီးစိမ်း ဈေးနှုန်း/ဈေးကွက် အနေဖြင့် မိုးထော်ငရုပ်(ကျောက်စိမ်းသီး) တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ (၅၀)ကျပ် သားလျှင်(၂၀၀၀)ကျပ်၊ ကုလားအော် ငရုပ်သီးစိမ်း တစ်ပြည်လျှင်(၁၂၀၀၀)ကျပ်၊ နို့ဆီတစ်ဘူးလျှင်(၁၅၀၀) ကျပ်နှင့် ကုလားအော် ငရုပ်သီးစိမ်း တစ်ပုံလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း ပန်းငရုပ်ပွသီး ဈေးနှုန်းအနေဖြင့် ပန်းငရုပ်ပွသီး တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ ပန်းငရုပ်ပွသီး(၅၀)ကျပ်သားလျှင် (၆၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)

 

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော  ကြက်သား ဈေးနှုန်း

       ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး နှင့် သစ်ရာမြိုင်ဈေးများတွင် အသား/ငါးနှင့် အခြားစား‌သောက် ကုန်ပစ္စည်းများ၊ လူသုံး ကုန်ပစ္စည်းများကို ရောင်းချလျက်ရှိရာ အသား/ငါး ဈေးနှုန်းများထဲမှ ကြက်သား ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။

       ဒေသတွင်းနှင့် ရွှေဘိုမြို့တို့မှ ဖောက်သည်ဝယ်ယူ၍ မွေးမြူးရေးကြက်နှင့် ဗမာကြက်ဟူ၍ နှစ်မျိုး  ရောင်းချလျက်ရှိရာ ကြက်သားဈေးနှုန်းများမှာ ဩဂုတ်လ တတိယပတ် မွေးမြူရေးကြက်သားဈေးနှုန်း တစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်၊ ဗမာကြက်သား ဈေးနှုန်း တစ်ပိဿာလျှင်(၃၀၀၀၀)ကျပ်၊ ကြက်မြစ် ကြက်သဲ တစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်၊ ကြက်အမြစ်သီးသန့် တစ်ပိဿာလျှင်(၃၂၀၀၀)ကျပ် နှင့် ကြက်အရိုး အစုံဖြစ်သည့် လည်ပင်းရိုး၊ တောင်ပံရိုး၊ ခြေထောက်ရိုး တို့၏ ဈေးနှုန်းအနေဖြင့်  တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း ကြက်သားသည် ထံမှ သိရပါသည်။

DOCA (စစ်ကိုင်း)

ဖရုံစေ့လှော်ဈေးနှုန်းဈေးကွက်

         မြင်းခြံမြို့နယ်အတွင်းရှိ ဈေးကွက်တွင် ရောင်းချနေသော ၂၀၂၅ခုနှစ်၊ ဩဂုတ်လ၌ ဖရုံစေ့လှော် လက်လီတစ်ဗူးလျှင် ၃၅၀၀ ကျပ်၊ တစ်ပြည်လျှင် ၂၅၀၀၀ ကျပ် ပေါက်ဈေးများရှိကြောင်း၊ ဒေသတွင်းစားသုံးမှုများပြီး ဈေးကွက်တွင် အရောင်းအဝယ် သွက်လျက်ရှိကြောင်း၊ ဖရုံစေ့လှော်များကို မုံရွာမြို့နှင့် ပခုက္ကူမြို့တို့မှ မှာယူရောင်းချကြောင်း သိရှိရသည်။  ဖရုံစေ့လှော်ကို တစ်နေ့လျှင် လက်တစ်ဆုပ်စာ (၂၈-၃၀) ဂရမ်ခန့် စားသုံးပေးခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများကို ရရှိစေပြီး ပရိုတင်းဓာတ်ပါဝင်သောကြောင့် ကြွက်သားနှင့် ဆဲလ်များအားကောင်းစေပြီး Omega 3၊ Omega 6  မဂ္ဂနီဆီယမ် ကြွယ်ဝစွာ ပါဝင်သောကြောင့် အရိုးကျန်းမာရေး၊ နှလုံးကျန်းမာရေးကို အထောက်အကူပြုကြောင်း၊ ဦးနှောက်လုပ်ဆောင်မှုနှင့် အရေပြားကျန်းမာရေးကိုလည်းအထောက် အကူပြုကြောင်း သိရှိရသည်။ အမျှင်ဓာတ်ပါဝင်သောကြောင့် အစာခြေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းမှန်စေကာ အူလမ်းကြောင်းကျန်းမာရေးကို ကောင်းမွန်ကြောင်း၊ ဖရုံစေ့လှော်စားသုံးခြင်းဖြင့် ဆီးကျိတ်ရောင်ရမ်းခြင်း လက္ခဏာတွေကို သက်သာစေကြောင်း၊ ညအိပ်မပျော်ဖြစ်နေသော သူများအတွက် မအိပ်ခင် ဖရုံစေ့လှော် အနည်းငယ်စားပေးပါက ၎င်းတွင်အမိုင်နိုအက်ဆစ် ပါဝင်သောကြောင့် အိပ်စက်ခြင်းကို အထောကအကူပြုကြောင်း  ဖရုံစေ့လှော်သည် အာဟာရဓာတ် များစွာပါဝင်သောကြောင့် ပြည်တွင်း၌ အလွယ်တကူရနိုင်ပြီး ပရိုတင်းဓါတ်ကြွယ်ဝသော ဖရုံစေ့လှော်ကို စားသုံးသင့်ပါကြောင်း သိရှိရသည်။

DOCA(မန္တလေး)

ဆားနင်းခြင်း၏အကျိုးကျေးဇူးနှင့်ဈေးနှုန်းဈေးကွက်

          ဆားနင်းခြင်းသည်နှစ်ခြိုက်စွာအိပ်ပျော်စေခြင်း၊ အကြောပြေ၊ ခြေကျဉ်ထုံနာတွေပျောက်ကင်းစေခြင်း၊ ခြေကွဲခြင်းမရှိခြင်း၊ ဆံပင်မကျွတ်ပဲ ဆံပင်တွေသန်လာစေခြင်း၊ ကျန်းမာခြင်း အကျိုးကျေးဇူးများမှာ မလိုအပ်သည့်အပူအောင်းနေသော အခိုးအငွေ့များ ခြေဖဝါးမှတစ်ဆင့် ထွက်သွားနိုင်ခြင်း၊ ကျောက်ကပ်တွင် အပူခိုခြင်းမှကာကွယ်၍ဆီးလမ်းကြောင်းကို လည်းအကျိုး ပြုစေခြင်းကြာကြာနင်း လျှင်ခါးမှအပူများဆင်းသဖြင့် ခါးနာသက်သာစေခြင်း ၊ အညောင်းရောဂါ၊ အကြောပိတ် အကြောတင်ခြင်းများမှကာကွယ်ပေးနိုင်ခြင်း၊ မျက်စိကြည်စေခြင်း၊ ခေါင်းကိုက်၊ မျက်ရိုးကိုက် ၊မျက်ရည်ကျသူများ သက်သာစေခြင်း၊ သားအိမ်လမ်းကြောင်းကောင်းမွန်စေခြင်း၊ ဆီးကျိတ်ရောဂါကာကွယ်ပေးနိုင်ကြောင်း သိရှိရသည်။ မြင်းခြံမြို့စည်ပင်သာယာဈေးတွင်ဆား တစ်ပိဿာလျှင်(၁၉၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း