Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဈေးကျလာသောဟင်းခတ်အမွှေးအကြိုင်နံနံရွက်၏ဈေးနှုန်းဈေးကွက်

     စားဖိုဆောင်အုပ်စုဝင် နံနံပင်သည် မြန်မာပြည်တွင် အထင်ရှားဆုံး ဟင်းခက်အမွှေးအကြိုင် ဖြစ်ပြီး နံနံစေ့ကိုလည်း ဟင်းခက်မဆလာပြုလုပ်ရာတွင် အသုံးပြုကြကြောင်း၊ နံနံပင်သည် အေးမြသော ရာသီဥတုကို ကြိုက်နှစ်သက်သောကြောင့် ဆောင်းရာသီတွင် အပင်ဖြစ်ထွန်းမှု အားကောင်းပြီး ဈေးကွက်တွင်လည်း ပေါများစွာ ဝယ်ယူစားသုံးရကြောင်း၊ မြင်းခြံမြို့နယ်၊ ဓားကျွန်း ကျေးရွာတွင် မိုးဦးကာလ မေလလယ်မှစ၍ နံနံပင်များကို ဝင်‌ငွေရရှိရန်စီးပွားဖြစ် တစ်နိုင်တစ်ပိုင် စိုက်ပျိုး ထားကြောင်း သိရှိရသည်။ နံနံကိုစိုက်ပျိုးရာတွင် ဘောင်များ ပြုလုပ်၍ စိုက်ပျိုးကြောင်း၊ ရေမဝပ် သောနုံးမြေသည် နံနံစိုက်ပျိုးရန် အကောင်းဆုံးမြေမျိုးဖြစ်ကြောင်း၊ ရွှံစေးဆန်သော မြေနှင့် သဲမြေများ၌ နွားချေး၊ မြေဆွေး၊ ဖွဲပြာတို့ကိုထည့်၍ သင့်တော်သော မြေအနေအထားရ အောင်ပြုပြင်၍ ဘောင်များကို (၄-၅)လက်မ အမြင့်ပြုလုပ်၍ (၂-၃)ပေ အကျယ်ဖြင့် အရှည်ကို လိုသ‌လောက်ထားကာ စိုက်ပျိုး ကြကြောင်း၊ အစေ့ကိုရေမစိမ်မီ အိတ်‌ပေါ်တင်ပြီး ပုလင်းဖြင့် နှစ်ခြမ်းကွဲသွားစေရန် အသာယာလှိမ့်ပါ၊ ထို့နောက်နှစ်ခြမ်းကွဲ မျိုးစေ့များကို မြန်မြန်အပင် ပေါက်စေရန် ရေတွင် (၂၄) နာရီ ကြာစိမ်ရကြောင်း၊ မျိုးစေ့(၂၄)နာရီ ရေစိမ်ရာ၌ ရေနှစ်ကြိမ် လဲပေးရကြောင်း၊ ပြီးလျှင်ဆယ်ယူ၍ စစ်ထားပြီး စိုက်ပျိုးရန်‌ဘောင်ပေါ်တွင်(၀.၅) လက်မအနက် မြောင်းများကို လေးလက်မခြားဆွဲပြီး မျိုးစေ့များကို မြေတွင်တိုက်ရိုက်ချ စိုက်ပျိုးကြောင်း၊ နံနံများကိုစိုက်ပျိုးပြီး (၃၀-၄၅) ရက်အကြာတွင် ခူးဆွတ် နိုင်ကြောင်း၊ အပင်လိုက်ခူးဆွတ် မည်ဆိုပါက စိုက်ပြီး (၄၂-၅၆) ရက် သားမှစတင် နုတ်ယူ ပြီး ဈေးကွက်တွင် ရောင်းချခြင်းများ ပြုလုပ်ကြောင်း၊ ယခုဩဂုတ်လနောက်ဆုံးပတ်တွင် အေးမြသီတာဈေး၌ ရောင်းချနေသော နံနံပင် (၁၀) ကျပ်သားလျှင် (၈၀၀) ကျပ်၊ တစ်ပိဿာလျှင်(၈၀၀၀) ကျပ် ပေါက်ဈေးများ ရှိကြောင်း၊ ယခင်ဇူလိုင်နောက်ဆုံးပတ်တွင် နံနံပင်ရွက် ၁၀ ကျပ်သားလျှင်(၁၀၀၀) ကျပ်၊ တစ်ပိဿာလျှင်    ( ၁၀၀၀၀) ကျပ် ပေါက်ဈေးများဖြင့်ရောင်းချကြောင်း၊ ကာလတူနှိုင်းယှဉ်ပါက ယခု နံနံရွက်ပင် ၁၀ ကျပ်သားလျှင် (၂၀၀)ကျပ်၊ တစ်ပိဿာလျှင် (၂၀၀၀) ကျပ်ခန့်ဈေးများကျဆင်းခဲ့ကြောင်း၊ မိုးရာသီကာလဖြစ်သောကြောင့် နံနံပင်များ ပေါများစွာထွက်ပေါ်သောကြောင့် ဈေးနှုန်းကျဆင်း ခြင်းဖြစ်ကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်း စားသုံးရန်နှင့် တောင်သာမြို့သို့လည်း တင်ပို့ရောင်းချကြောင်း၊ ဈေးကွက်တွင်အရောင်းအဝယ် သွက်လျက်ရှိကြောင်း နံနံပင် ရောင်းချသူ၏ ပြောပြချက်အရသိရှိရသည်။

DOCA(မန္တလေး)

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်ရှိ ငပိဈေးနှုန်း

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်တွင် ငပိကို အဓိကထားလုပ်ကိုင်လျက် ရှိပါသည်။ ငပိကို ‌ဒေသထွက် ပုစွန်၊ဂွေး၊ငါး စသည့်တို့မှာ အဓိကရရှိပြီး ရေထွက်ကုန်ပစ္စည်းတစ် မျိုးလည်း ဖြစ်ပါသည်။ ဟင်းချက်ရာတွင် ဟင်းမျိုးခတ်အဖြစ် ထည့်သုံးကြပါသည့်အပြင် တို့စရာ ငပိထောင်းအဖြစ်လည်း သုံးစွဲကြပါသည်။ မြိတ်ဒေသထွက်ငပိသည် မြန်မာနိုင်ငံ အမြို့မြို့အနယ် နယ်သို့ တင်ပို့လျက်ရှိပြီး လူကြိုက်များသောကြောင့် ဈေးကောင်းရရှိကြောင်းလည်း သိရှိရပါ သည်။ ငပိအမျိုးအစားအမျိုးမျိုးနှင့် အရည်အသွေးပေါ်မူတည်ပြီး ဈေးနှုန်းကွာခြားမှုများလည်း ရှိ ကြောင်းသိရှိရပါသည်။ မြိတ်ဒေသထွက်ငပိကို ထားဝယ်မြို့နှင့် ရန်ကုန်မြို့က ပိုမိုဝယ်ယူကြ ကြောင်းလည်း သိရှိ ရပါသည်။

          ယခု၂၀၂၅ခုနှစ်သြဂုတ်လနောက်ဆုံးပတ်တွင် မြိတ်မြို့ပေါ်ရှိငပိဈေးနှုန်းမှာ (၈၀၀၀)ကျပ် နှင့် (၉၀၀၀)ကျပ်ရှိကြောင်းလည်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်း၊မြိတ်မြို့ပေါ်ရှိ သစ်သီးဝလံဈေးနှုန်း

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်ရှိ စည်ပင်သာယာဈေးကြီးများနှင့် လမ်းဘေးသစ်သီးဆိုင်များတွင် ရောင်းချနေသော သစ်သီးဝလံဈေးနှုန်းများရောင်းချလျက်ရှိကြောင်း သိရှိရပါ  သည်။

          ယခု၂၀၂၅ခုနှစ်သြဂုတ်လနောက်ဆုံးပတ်တွင် ဖြစ်ပေါ်နေသော သစ်သီးဈေးနှုန်းများမှာ စပျစ်သီး၁ဆယ်သားလျှင် (၃၀၀၀)ကျပ်နှင့် စပျစ်သီးတစ်ကီလိုလျှင် (၂၀၀၀၀)ကျပ်၊ ပန်းသီး အကြီးတစ်လုံးလျှင် (၂၅၀၀)ကျပ်နှင့်ပန်းသီးအငယ်တစ်လုံးလျှင် (၁၂၀၀)ကျပ်၊ ရွှေလိမ္မော်တစ် ကီလိုလျှင် (၁၂၀၀၀)ကျပ်၊ ရင်ဂန်းချိုသီးတစ်ကီလိုလျှင် (၁၂၀၀၀)ကျပ်၊ မက်မန်းသီးတစ်ကီလို လျှင်(၁၂၀၀၀)ကျပ်၊  ယိုးဒယားပန်းမာလကာသီးတစ်ကီလိုလျှင် (၅၀၀၀)ကျပ်၊ သရက်သီးတစ်လုံး လျှင် (၂၅၀၀)ကျပ်နှင့် (၂၀၀၀)ကျပ်၊ သလဲသီးတစ်လုံးလျှင် (၂၅၀၀)ကျပ်၊ နဂါးမောက်သီးတစ်လုံး လျှင် (၄၀၀၀)ကျပ်၊ ဆမ်းကစ်သီးတစ်လုံးလျှင် (၂၅၀၀)ကျပ်၊ ပန်းဇီးသီးစိမ်းတစ်လုံးလျှင် (၇၀၀) ကျပ်၊ ပန်းသစ်တော်သီးတစ်လုံးလျှင်(၂၅၀၀)ကျပ်၊ လိုင်ချီးသီးနို့စည်ဗူးတစ်ဗူးလျှင် (၂၀၀၀)ကျပ်၊ လော်ကော်သီး ၁ဆယ်သားလျှင် (၂၀၀၀)ကျပ်၊ မက်မွန်သီးတစ်လုံးလျှင် (၁၅၀၀)ကျပ်၊ဖရဲသီး အကြီးတစ်လုံးလျှင်(၇၀၀၀)ကျပ်၊ နာနတ်သီးတစ်လုံးလျှင် (၂၅၀၀)ကျပ်၊ ကျွဲ‌ကောသီးတစ်လုံး လျှင် (၅၀၀၀)ကျပ်နှင့် (၄၅၀၀)ကျပ်ဖြင့် အသီးသီးရောင်းချနေကြောင်း မြိတ်မြို့ စည်ပင်သာယာ ဈေးကြီးတွင် ရောင်းချလျက်ရှိသော သစ်သီးဆိုင်များထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး၊မြိတ်မြို့ပေါ်ရှိ ရွှေလိမ္မော်ဈေးနှုန်း

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်တွင် သစ်သီးမျိုးစုံဖြစ်သည့် ပန်းသီး၊ ဇီးသီး၊ နဂါးမောက်သီး၊ သရက်သီး၊ ဌက်ပျောသီး၊ နာနတ်သီး၊ လိမ္မော်သီး၊ စပျစ်သီး၊ သခွားမွေး သီး၊ ပန်းသစ်တော်၊ လိုင်ချီးသီး၊ စိမ်းစားဥနှင့် အစရှိသည့်သီးနှံများကို မြိတ်မြို့ဈေးကြီးများနှင့် လမ်းဘေးသစ်သီးဆိုင်များတွင် ရောင်းချနေကြောင်း သိရှိရပါသည်။

          ၂၀၂၅ခုနှစ် သြဂုတ်လနောက်ဆုံးပတ်တွင် မြိတ်မြို့ပေါ်ရှိ ရောင်းချနေသော ရွှေလိမ္မော် ဈေးနှုန်းမှာ တစ်ကီလိုလျှင် (၁၂၀၀၀)ကျပ်ရှိကြောင်း သစ်သီးရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး၊မြိတ်မြို့ပေါ်ရှိ စပျစ်သီးဈေးနှုန်း

   တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်တွင် သစ်သီးမျိုးစုံဖြစ်သည့် ပန်းသီး၊ ဇီးသီး၊ နဂါးမောက်သီး၊ သရက်သီး၊ ဌက်ပျောသီး၊ နာနတ်သီး၊ လိမ္မော်သီး၊ စပျစ်သီး၊ သခွားမွေး သီး၊ ပန်းသစ်တော်၊ လိုင်ချီးသီး၊ စိမ်းစားဥနှင့် အစရှိသည့်သီးနှံများကို မြိတ်မြို့ဈေးကြီးများနှင့် လမ်းဘေးသစ်သီးဆိုင်များတွင် ရောင်းချနေကြောင်း သိရှိရပါသည်။

          ၂၀၂၅ခုနှစ် သြဂုတ်လနောက်ဆုံးပတ်တွင် မြိတ်မြို့ပေါ်ရှိ ရောင်းချနေသော စပျစ်သီး အစေ့လွတ်ဈေးနှုန်းမှာ တစ်ကီလိုလျှင် (၂၀၀၀၀)ကျပ်ရှိကြောင်း သစ်သီးရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

 

 

 

 

 

 

တနင်္သာရီတိုင်းဒေသကြီး၊မြိတ်မြို့ပေါ်ရှိ သရက်သီးဈေးနှုန်း

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်တွင် သစ်သီးမျိုးစုံဖြစ်သည့် ပန်းသီး၊ ဇီးသီး၊ နဂါးမောက်သီး၊ သရက်သီး၊ ဌက်ပျောသီး၊ နာနတ်သီး၊ လိမ္မော်သီး၊ စပျစ်သီး၊ သခွားမွေး သီး၊ ပန်းသစ်တော်၊ လိုင်ချီးသီး၊ စိမ်းစားဥနှင့် အစရှိသည့်သီးနှံများကို မြိတ်မြို့ဈေးကြီးများနှင့် လမ်းဘေးသစ်သီးဆိုင်များတွင် ရောင်းချနေကြောင်း သိရှိရပါသည်။

          ၂၀၂၅ခုနှစ် သြဂုတ်လနောက်ဆုံးပတ်တွင် မြိတ်မြို့ပေါ်ရှိ ရောင်းချနေသော သရက်သီး ဈေးနှုန်းမှာ တစ်လုံးလျှင် (၂၀၀၀)ကျပ်နှင့် (၂၅၀၀)ကျပ်ရှိကြောင်း သစ်သီးရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့ပေါ်ရှိ ကျွဲကောသီးဈေးနှုန်း/ဈေးကွက်

      တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်တွင် ကျွဲကောသီးသည် လူကြိုက်များပြီး ဈေး ကောင်းများရရှိလျက်ရှိကြောင်း သိရှိရပါသည်။ ကျွဲကောသီးများကို ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် မွန်ပြည်နယ်များတွင် အများဆုံးစိုက်ပျိုးကြောင်း သိရှိရပါသည်။ ကျွဲကောသီးသည် သဲနုံးမြေတွင် စိုက်ပျိုးပြီး ဇွန်လနှင့် သြဂုတ်လများတွင် ပိုမိုစိုက်ပျိုးကြောင်း သိရှိရပါသည်။ ကျွဲကောသီးများ စားသုံးခြင်းဖြင့် သွားနှင့် ခံတွင်းကိုပိုမိုကောင်းမွန်စေပြီး ကိုယ်အလေးချိန်များထိန်းချုပ်ပေးခြင်း နှင့် သွေးဖိအားများကို အလွန်ပင်ကောင်းမွန်စေသော သီးနှံတစ်မျိုးဖြစ်ပါသည်။ အခြားသော သီးနှံများမှာလည်း အလွန်ပင်ရောင်းကောင်းကြောင်းလည်း သိရှိရပါသည်။ ယခုမြိတ်မြို့ပေါ်တွင် မော်လမြိုင်ကျွဲကောသီးများကို အများဆုံးတင်သွင်းရောင်းချကြကြောင်းလည်း သိရှိရပါသည်။

          ယခု၂၀၂၅ခုနှစ်၊ သြဂုတ်လနောက်ဆုံးပတ်တွင် မော်လမြိုင်ကျွဲကောသီးတစ်လုံးလျှင် (၄၅၀၀)နှင့် (၅၀၀၀)ကျပ်ဖြင့် ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်ရှိ အခြေခံစားကုန်ဈေးနှုန်း

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တွင် ယခုသြဂုတ်လ နောက်ဆုံးပတ်အတွင်း အခြေခံစားကုန်များဖြစ်သော ဧည့်မထတစ်ပြည်လျှင် (၃၃၀၀)ကျပ်မှ(၃၁၀၀)ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင် (၇၃၅၀) ကျပ်မှ (၇၄၆၀)ကျပ်၊ ကြက်သွန်နီတစ်ပိဿာလျှင် (၂၈၀၀)ကျပ်မှ (၂၆၀၀)ကျပ်၊ ငရုတ်ခြောက် တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်မှ (၁၆၀၀၀)ကျပ်၊ ကြက်သွန်ဖြူ (ရှမ်းစ)တစ်ပိဿာလျှင် (၁၁၀၀၀)ကျပ်မှ (၁၀၀၀၀)ကျပ်၊ ကြက်သွန်ဖြူ(ကြူဂုတ်) တစ်ပိဿာ လျှင်(၁၅၀၀၀)ကျပ်မှ (၁၄၅၀၀)ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာ (၇၅၀၀)ကျပ်မှ (၈၀၀၀)ကျပ်၊ အာလူး တစ်ပိဿာလျှင် (၇၀၀၀)ကျပ်မှ (၆၅၀၀)ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၆၀၀)ကျပ်မှ (၅၅၀)ကျပ်၊ ဘဲဥတစ်လုံးလျှင် (၇၀၀)ကျပ်မှ (၆၅၀)ကျပ်၊ ငရုတ်သီး(ပု) တစ်ပိဿာလျှင် (၂၄၀၀၀)ကျပ်မှ (၂၅၀၀၀)ကျပ်၊ ကြက်သား(CP)တစ်ပိဿာလျှင်(၂၄၀၀၀)ကျပ်မှ (၂၅၀၀၀)ကျပ်၊ ကြက်သား (ဗမာ)တစ်ပိဿာလျှင် (၃၀၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၃၇၀၀၀)ကျပ်မှ (၃၆၀၀၀)ကျပ်၊ အမဲသား တစ်ပိဿာလျှင် (၂၇၀၀၀)ကျပ်နှင့် ဆိတ်သားတစ်ပိဿာလျှင် (၄၀၀၀၀)ကျပ်ထိ ဈေးနှုန်း အနည်း ငယ်ပြောင်းလဲနေကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

 

 

 

မြိတ်ဒေသထွက် ခရုအုန်း(အုန်းခရု)ဈေးနှုန်း

    တနင်္သာရီတိုင်း‌ဒေသကြီး၊မြိတ်မြို့သည် ပင်လယ်ကမ်းရိုးတန်း‌ဒေသဖြစ်သည့်အလျောက် ရေထွက်ကုန်များ အများအပြားထွက်ရှိ‌သောဒေသဖြစ်ပါသည်။ ပုဇွန်၊ကဏန်း၊ကင်းမွန် စသည်တို့ သာမက ခရုအုန်းလည်းထွက်ရှိသောဒေသဖြစ်ပါသည်။ ခရုအုန်း(သို့)အုန်းခရုသည် ပင်လယ် ကြမ်းပြင်တွင် ကျက်စားနေထိုင်ကြသည့် ခရုတစ်မျိုးဖြစ်သည်။ အခွံခွာထားသည့်အုန်းသီး သဏ္ဌာန်ရှိ၍ ခရုအုန်း (သို့) အုန်းခရုဟုဒေသခံများခေါ်ကြသည်။ အရောင်အဆင်းမှာ ဝါကြန့်ကြန့် ဖြစ်ပြီးအခွံမာတွင် အစက်ပြောက်များအနည်းငယ်ရှိသည်။ စားသောက်ဆိုင်များတွင် ခရုအုန်း (သို့)အုန်းခရုအချဥ်တို့ ၁ပွဲ(၄၀၀၀)ကျပ်၊ အုန်းခရုထောင်း၊ အုန်းခရုသုပ် ၁ပွဲ(၅၀၀၀)ကျပ် ဖြင့် ရောင်းချကြသည်။

          မြိတ်မြို့ပေါ်ရှိ ဇေယျာသီရိဈေး၊ဆိပ်ငယ်ဈေးနှင့်မြို့သစ်စျေးတို့တွင် ခရုအုန်း(သို့) အုန်းခရု ၁ပိဿာ(၂၀၀၀၀) ကျပ်ဖြင့်ရောင်းချကြပြီး အရွယ်အစားအလိုက် ဈေးနှုန်းအပြောင်းအလဲ ရှိနိုင်ပါသည်။

DOCA(တနင်္သာရီ)

 

မြိတ်ခရိုင်ရှိ နနွင်းထုတ်လုပ်ရောင်းချနေမှုနှင့် စျေးနှုန်းစျေးကွက်

    တနင်္သာရီတိုင်း၊ မြိတ်ခရိုင်တွင် နွယ်ပင်အမျိုးအစားဖြစ်သော နနွင်းပင်ကို စီးပွားဖြစ်သော် လည်ကောင်း၊ အိမ်တွင်းသုံးစွဲရန်သော်လည်းကောင်း စိုက်ပျိုးလျက်ရှိပြီး အခြားဒေသ၊ ကျေးရွာ၊ မြို့များနှင့်‌စျေးများသို့ တင်ပို့‌ရောင်းချလျက်ရှိပါသည်။ နနွင်းပင်မှ ရရှိသော နနွင်းတက်ကို သန့်ရှင်း ပြီး အခြောက်လှန်းကာ ကြိတ်၍ နနွင်းမှုန့်ရရှိလာမည်ဖြစ်သည်။  နနွင်းကို ဟင်းခတ်အမွှေး အကြိုင်အဖြစ် ထည့်စွဲလေ့ရှိကြပြီး သဘာဝအရရရှိသောကြောင့် ဘေးထွက်ဆိုးကျိုးမရှိသည့် အပြင် ကျန်းမာရေးအရအသုံးဝင်သော အမှုန့်ဖြစ်သည်။ ၎င်းအပြင် သဘာဝပိုးသတ်ဆေးအဖြစ် လူ၊ တရိစ္ဆာန်နှင့် စိုက်ပျိုးရေးကဏ္ဍများတွင်လည်း သုံးစွဲလေ့ရှိကြပါသည်။

မြိတ်မြို့တွင် သဘာဝအရထုတ်လုပ်ထားသော နို့စည်ဘူးတစ်ဘူးအပါ နနွင်းတစ်ထုတ်လျှင် ၃၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း