Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရွှေဘိုဈေးကွက်ရှိ မိုးမြေပဲလုံးဆံဈေး

       စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ဆီထွက်သီးနှံများကိုလည်း စိုက်ပျိုးလျက်ရှိရာ ၂၀၂၅-၂၀၂၆ခုနှစ် ဒေသထွက်မိုးမြေပဲများ ဩဂုတ်လ၊ တတိယအပတ်မှ စတင်၍ ရွှေဘိုမြို့ ဈေးကွက်အတွင်းသို့ စတင်ဝင်ရောက်ခဲ့ကြောင်း၊ ရွှေဘိုမြို့ ဈေးကွက်အတွင်း စက်တင်ဘာလ၊ စတုတ္ထအပတ်တွင်ရောင်းချသည့် မြေပဲလုံးဆံဈေးနှုန်းမှာ()ပြည်လျှင် (၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင် (၁၄၄၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်း တို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ မြေပဲလုံးဆံ(၁)ပြည်လျှင်(၉၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင်ယခင်အပတ်အောက် မြေပဲလုံးဆံ()ပြည်လျှင် (၂၀ဝိ/-)ကျပ် ဈေးနှုန်းကျဆင်းခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် မြေပဲဆီကြိတ်ခွဲမည့်သူများ၊ ဆောင်းမြေပဲစိုက်ပျိုးရန်အတွက် မျိုးပြုလုပ်မည့်သူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ လ္ဘက်၊ အကြော်ဆံရောင်းချသည့်ဆိုင်များနှင့် စားသုံးမည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့် ဆိုင်များမှသတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန်စွန်းရွက်ဈေးနှုန်းဈေးကွက်

          ကန်စွန်းရွက်သည် လူအတန်းအစားမရွေးကြိုက်နှစ်သက်သော အရွက်တစ်မျိုးဖြစ်ပြီးရေရရှိ သောနေရာများတွင် လွယ်ကူစွာပေါက်ရောက်ရှင်သန်နိုင်သည်။ ကန်စွန်းရွက်များကို လယ်ကန်သင်း ၊လယ်ကွက်၊ အင်းအိုင်၊ ချောင်းမြောင်းနှင့်အခြားရေရရှိသော နေရာများတွင်သဘာဝ အလျောက်ပေါက် ရောက်မှုများမှရရှိနိုင်သလို တစ်နိုင်တစ်ပိုင်သော်လည်းကောင်း၊ စီးပွားဖြစ်သော်လည်းကောင်း သီးသန့် စိုက်ပျိုးခြင်းများမှလည်း ထွက်ရှိကြ၍ရာသီချိန်ခါမရွေး စားသုံးရသောသီးနှံတစ်မျိုးဖြစ်ပါသည်။ ကန်စွန်းရွက်မှာ ဗမာကန်စွန်းရွက်နှင့် တရုတ်ကန်စွန်းရွက် (စိုက်ပျိုးရေး)ဟူ၍ အများအားဖြင့်သိရှိ ကြပြီး ဗမာကန်စွန်းရွက်ကို ကြိုက်နှစ် သက်မှုများသော်လည်း မိုးတွင်းရာသီကာလမှသာ အများဆုံး ထွက်ပေါ်ရရှိသဖြင့်စိုက်ပျိုးရေး ကန်စွန်းရွက်ကိုသာအားပြုစားသုံးကြပါသည်။ ကျောက်ပန်းတောင်း မြို့နယ်ရှိမြို့မစည်ပင်သာယာပျံကျဈေးအတွင်းသို့ ညောင်ဖြူပင်ကျေးရွာ၊ လဲဂွကျေးရွာ ၊ကိုင်းကျေးရွာ များတွင် စိုက်ပျိုးထွက်ရှိသောကန်စွန်းရွက်များကို ကန်စွန်းရွက်(၁)စည်းလျှင်(၁၀၀)ကျပ်၊ ကန်စွန်း(၁၀) စည်းလျှင်(၈၀၀)ကျပ်၊ ကန်စွန်းရွက်အစည်း(၁၀၀)လျှင်(၆၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ကန်စွန်းရွက် များကိုအိမ်ရှင်မများ ဟင်းချက်ရာတွင်လည်းကောင်း၊ စားသောက်ဆိုင်များနှင့် အထောင်းစုံရောင်းချ သော ဆိုင်များမှလည်းကောင်း ဝယ်ယူကြသဖြင့် ကန်စွန်းရွက်များ အရောင်းအဝယ်သွက်လျက် ရှိကြောင်း ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရသည်။

DOCA (မန္တလေး)

 

                                                                                      

ရွှေဘိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသည့် မြေထောက်ပဲ(အဖြူနှင့်အညို)ဈေး

           စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ မြေထောက်ပဲစိုက်ပျိုးမှုမရှိကြောင်း သိရှိရပါသည်။

       ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် မြေထောက်ပဲများကို အခြားဒေသများမှ မှာယူရောင်းချခြင်းမရှိဘဲ သယ်ယူခကုန်ကျစရိတ်များ သက်သာစေရန်  ရွှေဘိုမြို့တွင်းရှိ ပွဲရုံများမှ ဝယ်ယူရောင်းချကြောင်း၊ မြေထောက်ပဲမှာ အဖြူရောင်နှင့် အညိုရောင်ဟူ၍ နှစ်မျိုးရှိကြောင်း၊ ရွှေဘိုမြို့ဈေးကွက်အတွင်း စက်တင်ဘာလ၊ စတုတ္ထအပတ်တွင်ရောင်းချသည့် မြေထောက်ပဲ(ဖြူ)ဈေးနှုန်းမှာ ()ပြည်လျှင်(၀ဝိ/-) ကျပ်နှင့် တစ်တင်းလျှင်(၁၃၇၆၀ဝိ/-)ကျပ် ဖြစ်ကြောင်း၊ ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ မြေထောက်ပဲ(ဖြူ)(၁)ပြည်လျှင် (၈၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်ထက် မြေထောက်ပဲ(ဖြူ)()ပြည်လျှင် (၁၀ဝိ/-)ကျပ်ဈေးပိုခဲ့ကြောင်း၊ မြေထောက်ပဲ(ညို) (၁)ပြည်လျှင်(၇၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၁၂၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခု အပတ်တို့၏အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ မြေထောက်ပဲ(ညို) (၁)ပြည်လျှင်(၇၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်း တူညီပြီး ဈေးငြိမ်နေကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိ စားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများ၊ ပဲပြုတ်ရောင်းချသူများ၊ အလှူမင်္ဂလာပွဲလမ်း ဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

အာဟာရဓာတ်ကြွယ်ဝသောငှက်ပျောဖူး

           ငှက်ပျောဖူးသည် ငှက်ပျောပင်၏ အပွင့်ဖြစ်ပြီး ငှက်ပျောသီးအဖြစ် မအောင်မြင်မီ အဆင့်တွင်ရှိသော အပွင့်ဖူးအစိတ်အပိုင်းဖြစ်ကြောင်း၊ ခရမ်းရောင်ရှိပြီး မာကျောသည့်အခွံဖြင့်ဖုံး အုပ်ထားကာ အတွင်းတွင်ပျော့ပျောင်းပြီး အဝါရောင်သန်းသော အပွင့်လေးများ ခွေလျက်ရှိသော အဖူးဖြစ်သည်။ ငှက်ပျောဖူးသည် အာဟာရဓာတ်ကြွယ်ဝသော အစားအစာတစ်ခုဖြစ်ပြီး အမျှင် ဓာတ်ပါဝင်၍ အစာခြေစနစ်အတွက်ကောင်းမွန်ကြောင်း၊ ပရိုတင်းနှင့် ပိုတက်ဆီယမ်ကြွယ်ဝသဖြင့် ကြွက်သားများနှင့် အာရုံကြောများအတွက်အကျိုးပြုကြောင်း၊ ကိုယ်ခံအားကိုမြှင့်တင်ပေးသော ဗီတာမင်အေ၊စီနှင့်အီးတို့ပါဝင်၍ အရွယ်တင်နုပျိုစေကြောင်း၊ သံဓာတ်ပါဝင်ပြီး သွေးအားနည်းရော ဂါကို ကာကွယ်ပေးကြောင်းသိရှိရသည်။ ကျန်းမာရေးအကျိုးကျေးဇူးများအနေဖြင့်  သကြားဓာတ် နည်းပြီး အမျှင်ဓာတ်နည်းသဖြင့် သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေး၍ ဆီးချိုရောဂါကို ကာ ကွယ်ပေးကြောင်း၊ ပိုတက်ဆီယမ်ဓာတ်သည် သွေးပေါင်ချိန်ကိုထိန်းညှိပေးသောကြောင့် သွေးတိုး ကျစေကြောင့်၊ အူမကြီးကိုသန့်စင်စေပြီး ဝမ်းချုပ်ခြင်းကိုကာကွယ်ပေး၍ အစာခြေစနစ်ကို အထောက်အကူပြုကြောင်း၊ ကယ်လိုရီနည်းပြီး ဗိုက်ပြည့်စေသောအစားအစာဖြစ်သောကြောင့် ခန္ဓာကိုယ်အတွက် ဝိတ်ချသူများအနေဖြင့်  ကိုယ်အလေးချိန်ကျဆင်းကြောင်း၊ မဂ္ဂနီဆီယမ် ကြွယ်ဝ စွာပါဝင်သဖြင့် စိတ်ကျရောဂါကို သက်သာစေကြောင်းဖတ်ရှု့သိရှိရသည်။ လတ်ဆတ်သော ငှက်ပျောဖူးများကို ရွေးချယ်ဝယ်ယူစားသုံးသင့်ကြောင်း၊ ၂၀၂၅ခုနှစ်၊စက်တင်ဘာလ နောက်ဆုံး ပတ်တွင် မြင်းခြံမြို့ အေးမြသီတာဈေးတွင်ရောင်းချနေသော ငှက်ပျောဖူးတစ်ဖူးလျှင် (၁၀၀၀-၁၅၀၀)ကျပ်ခန့် ပေါက် ဈေးများဖြင့် ‌ရောင်းချကြောင်း၊ ငှက်ပျေားဖူးသည် မြန်မာ့ရိုးရာအစား အစာတစ်ခုသာမက ကျန်းမာရေးအတွက်လည်းအလွန်ကောင်းမွန်သော ဟင်းသီးဟင်းရွက် တစ်မျိုးဖြစ်ကြောင်းသိရှိရသည်။

DOCA (မန္တလေး)

ရွှေဘိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဘိုပဲဈေး

      စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ တရုတ်ပဲကြီးစိုက်ပျိုးမှုမရှိကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် တရုတ်ပဲကြီးများကို အခြားဒေသများမှ မှာယူရောင်းချခြင်းမရှိဘဲ သယ်ယူခကုန်ကျစရိတ်များ သက်သာစေရန် ဒေသတွင်းရှိပွဲရုံများမှ ဝယ်ယူရောင်းချကြပါသည်။

      ရွှေဘိုမြို့ဈေးကွက်အတွင်း အောက်တိုဘာလ၊ ပထမအပတ်တွင် ရောင်းချသည့် ဘိုပဲဈေးနှုန်းမှာ ()ပြည်လျှင်(၁၃၅၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၂၁၆၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ဘိုပဲ(၁)ပြည် လျှင်(၁၃၅၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိ စားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများ၊ အလှူမင်္ဂလာပွဲလမ်းဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စက်သုံးဆီဈေးနှုန်း အပတ်စဉ်ပြောင်းလဲမှုအခြေအနေ

   သောကြာနေ့တိုင်း တစ်ပတ်တစ်ကြိမ် စက်သုံးဆီဈေးနှုန်းများ ပြောင်းလဲလျှက်ရှိရာ ယခု တစ်ပတ်(၁၀.၁၀.၂၀၂၅) ရက်နေ့တွင် ဒီဇယ်(ရိုးရိုး) (အဆင့်မြင့်)၊ ဓါတ်ဆီ(ရိုးရိုး) (အဆင့်မြင့်) တို့၏ ဈေးနှုန်းပြောင်းလဲ မှုမှာ 95 Octance ဓါတ်ဆီ(အဆင့်မြင့်) ဈေးနှုန်းတစ်လီတာမှာ ၂၈၀၀ ကျပ်၊ 92 Octance ဓါတ်ဆီ (ရိုးရိုး) ဈေးနှုန်းတစ်လီတာမှာ ၂၇၃၀ ကျပ်၊ ဒီဇယ်(ရိုးရိုး) ဈေးနှုန်းတစ်လီတာမှာ ၂၅၀၅ ကျပ်၊ ဒီဇယ် (အဆင့်မြင့်) ဈေးနှုန်းတစ်လီတာမှာ ၃၀၅၀ ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်တစ်ပတ် သောကြာနေ့ စက်သုံးဆီဈေးနှုန်းမှာ 95 Octance ဓါတ်ဆီ (အဆင့်မြင့်) ဈေးနှုန်း တစ်လီတာမှာ ၂၈၉၅ ကျပ်၊ 92 Octance ရိုးရိုး ဓါတ်ဆီဈေးနှုန်း တစ်လီတာမှာ ၂၈၃၀ ကျပ်၊ ဒီဇယ် (ရိုးရိုး) ဈေးနှုန်းတစ်လီတာမှာ ၂၅၄၅ ကျပ်၊ ဒီဇယ်(အဆင့်မြင့်) ဈေးနှုန်း တစ်လီတာမှာ ၃၁၁၅ ကျပ် ဖြစ်ကြောင်း၊ ယခုတစ်ပတ်သောကြာနေ့တွင် စက်သုံးဆီ ဈေးနှုန်းများမှာ ယခင်တစ်ပတ်ထက် ယခု တစ်ပတ်တွင် ဒီဇယ်(အဆင့်မြင့်)မှာ ၆၅ ကျပ် ဈေးကျပြီး  ဒီဇယ်(ရိုးရိုး) မှာ ၄၀ ကျပ် ဈေးကျပါ ကြောင်း၊  ဓါတ်ဆီ (အဆင့်မြင့်)မှာ ၉၅ ကျပ်ဈေးကျပြီး  ဓါတ်ဆီ(ရိုးရိုး)မှာ ၁၀၀ ကျပ် ဈေးကျလျက် ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ရွှေဘိုဈေးကွက်ရှိ ပဲလွန်းပြာနှင့် ပဲလွန်းဖြူဈေး

        စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ ပဲလွန်း(၂၃၀၇)ဧက စိုက်ပျိုးကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် ပဲလွန်းပြာနှင့် ပဲလွန်းဖြူများကို အခြားဒေသများမှ မှာယူရောင်းချခြင်းမရှိဘဲ သယ်ယူခကုန်ကျစရိတ်များ သက်သာ စေရန်  ဒေသတွင်းရှိပွဲရုံများမှ ဝယ်ယူရောင်းချကြပါသည်။

ပဲလွန်းပြာ

        ရွှေဘိုမြို့ ဈေးကွက်အတွင်း အောက်တိုဘာလ၊ ပထမအပတ်တွင်ရောင်းချသည့် ပဲလွန်းပြာ ဈေးနှုန်းမှာ ()ပြည်လျှင်(၅၅၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၈၈၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ် တို့၏အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲလွန်းပြာ (၁)ပြည်လျှင် (၅၅၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့်  ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ် ဖြစ်သည့်ဈေးနှုန်းတူညီကြောင်း၊ ဈေးကွက်အနေဖြင့်ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည်ရောင်း ချမည့်သူများ၊ ကောက်ညှင်းပေါင်း ရောင်းချသည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့် ဆိုင်များမှ သတင်းရရှိပါသည်။

ပဲလွန်းဖြူ

      ရွှေဘိုမြို့ ဈေးကွက်အတွင်း အောက်တိုဘာလ၊ ပထမအပတ်တွင်ရောင်းချသည့် ပဲလွန်းဖြူ ဈေးနှုန်းမှာ ()ပြည်လျှင်(၆၈၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၀၈၈၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ် နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲလွန်းဖြူ (၁)ပြည်လျှင် (၆၈၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ် ဖြစ်သည့်ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊  ဈေးကွက်အနေဖြင့်ဒေသတွင်းရှိ စားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများ၊ ကောက်ညှင်းပေါင်း ရောင်းချသူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့် ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုဈေးကွက်ရှိ ပဲပုတ်စေ့နှင့် မတ်ပဲခြမ်းဈေး

         စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ ပဲပုတ်စိုက်ပျိုးမှုမရှိဘဲ မတ်ပဲ(၁၀၂၉၆)ဧက စိုက်ပျိုးကြောင်း  သိရှိရပါသည်။ ပဲမျိုးစုံမှာအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင် ရောင်းချသည့် ပဲပုတ်နှင့်မတ်ပဲခြမ်းများကို အခြားဒေသများမှ မှာယူရောင်းချခြင်းမရှိဘဲ သယ်ယူခ ကုန်ကျစရိတ်များ သက်သာစေရန်  ဒေသတွင်းရှိပွဲရုံများမှ ဝယ်ယူရောင်းချကြပါသည်။

ပဲပုတ်စေ့

          ရွှေဘိုမြို့ ဈေးကွက်အတွင်း အောက်တိုဘာလ၊ ပထမအပတ်တွင်ရောင်းချသည့် ပဲပုတ်စေ့ ဈေးနှုန်းမှာ ()ပြည်လျှင်(၉၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၄၄၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ် နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲပုတ်စေ့ (၁)ပြည်လျှင်(၉၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ် ဖြစ်သည့်ဈေးနှုန်းတူညီကြောင်း၊ ပဲပုတ်စေ့မှာ အစေ့အကြီးနှင့် အသေးဟူ၍ နှစ်မျိုးရှိကြောင်း၊ ဈေးကွက်အနေဖြင့် ပဲပုတ်စေ့အကြီးကို ပဲနို့ပြုလုပ်သည့်သူများမှဝယ်ယူပြီး ပဲပုတ်စေ့အသေးကို ပဲငါးပိပြုလုပ်သူများ၊ ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများမှ ဝယ်ယူကြ ကြောင်း ပဲမျိုးစုံရောင်းချသည့် ဆိုင်များမှသတင်းရရှိပါသည်။

မတ်ပဲခြမ်း

       ရွှေဘိုမြို့ဈေးကွက်အတွင်း အောက်တိုဘာလ၊ ပထမအပတ်တွင်ရောင်းချသည့် မတ်ပဲခြမ်း ဈေးနှုန်းမှာ ()ပြည်လျှင်(၇၂၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင် (၁၁၅၂၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ် နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ မတ်ပဲခြမ်း (၁)ပြည်လျှင်(၇၂၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ် ဖြစ်သည့် ဈေးနှုန်းတူညီကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများ၊ အကြော်ဆိုင်၊ လ္ဘက်ရည်ဆိုင်များမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့် ဆိုင်များမှသတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မြင်းခြံဈေးကွက်၌ဈေးနှုန်းကျဆင်းလာသောဂေါ်ရခါးသီး

         မြင်းခြံမြို့နယ်အတွင်း ဥယျာဉ်ခြံမြေများတွင် စိုက်ပျိုးဖြစ်ထွန်းမှုမရှိသော ဟင်းသီးဟင်းရွက် နှင့် သစ်သီးဝလံများကို ပြည်သူများစားသုံးရန်အတွက် ဈေးကွက်လိုအပ်ချက်အရ ရှမ်းပြည်နယ် တောင်ပိုင်း အောင်ပန်းမြို့တို့မှ မှာယူရောင်းချကြောင်း၊  ယခု၂၀၂၅ခုနှစ်၊ စက်တင်ဘာလနောက် ဆုံးပတ်တွင် အေးမြသီတာဈေး၌ ရောင်းချနေသော ဂေါ်ရခါးသီးတစ်လုံးလျှင် (၂၀၀)ကျပ်၊ (၁၀)လုံးလျှင် (၁၅၀၀)ကျပ်ခန့် ပေါက်ဈေးများဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခင်တတိယပတ် တွင် ဂေါ်ရခါးသီးတစ်လုံးလျှင် (၂၅၀) ကျပ်၊ (၁၀)လုံးလျှင် (၂၀၀၀) ကျပ်ပေါက်ဈေးများဖြင့် ရောင်းချခဲ့ကြောင်း၊ ယခင်တစ်ပတ်ထက် ယခုတစ်ပတ်တွင် ဂေါ်ရခါးသီးတစ်လုံးလျှင် (၅၀) ကျပ်၊ (၁၀)လုံးလျှင် (၅၀၀)ကျပ်ခန့်ဈေးနှုန်းများကျဆင်းခဲ့ကြောင်း၊  အလုံးအကြီးအသေးနှင့် အရည် အသွေးပေါ်မှုတည်ပြီး ဈေးနှုန်းများကွာခြားကြောင်း၊ ဒေသတွင်းစိုက်ပျိုးဖြစ်ထွန်းမှုမရှိသော သီးနှံဖြစ်သောကြောင့် ရာသီပေါ်ဂေါ်ရခါးသီး သီးနှံသည်စားသုံးမှုများပြား၍ အရောင်းအဝယ် ကောင်းကြောင်း၊ လက်လီ၊လက်ကား ရောင်းချမှုအနေဖြင့်နေ့စဉ်အလုံး အရေအတွက် (၃၀၀-၅၀၀) လုံးခန့် ရောင်းကုန်ကြောင်း ကုန်စိမ်းရောင်း ချသူ၏ပြောပြချက် အရသိရှိရသည်။

DOCA (မန္တလေး)

 

ရွှေဘိုဈေးကွက်ရှိ  ပဲနီပြားနှင့် ပဲဖြူပြားဈေး

     စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ ပဲနီပြားနှင့် ပဲဖြူပြားများ စိုက်ပျိုးမှုမရှိကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များ မှာဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် ပဲနီပြားနှင့် ပဲဖြူပြားများကို အခြားဒေသများမှ မှာယူရောင်းချခြင်းမရှိဘဲ သယ်ယူခကုန်ကျစရိတ်များ သက်သာစေရန်  ဒေသတွင်းရှိ ပွဲရုံများမှ  ဝယ်ယူရောင်းချကြပါသည်။

ပဲနီပြား

     ရွှေဘိုမြို့ဈေးကွက်အတွင်း အောက်တိုဘာလ၊ ပထမအပတ်တွင်ရောင်းချသည့် ပဲနီပြားဈေးနှုန်းမှာ ()ပြည်လျှင်(၁၁၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၇၆၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲနီပြား(၁)ပြည် လျှင်(၁၁၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများ၊ ပဲပြုတ်ရောင်းချသူများ၊ ပဲနီပြားကိုရေစိမ်၍ အခွံချွတ်ပြီးပြန်လည်ရောင်းချသူများ၊ ကိုယ်တိုင်ကြော်သည့် ပဲကြမ်းကြော်ဖိုများ၊ အလှူမင်္ဂလာပွဲလမ်းဆောင်ရွက်မည့်သူများမှ ဝယ်ယူကြ ကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

ပဲဖြူပြား

    ရွှေဘိုမြို့ ဈေးကွက်အတွင်း အောက်တိုဘာလ၊ ပထမအပတ်တွင်ရောင်းချသည့် ပဲဖြူပြား ဈေးနှုန်းမှာ ()ပြည်လျှင်(၈၅၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၃၆၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ် နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲဖြူပြား (၁)ပြည်လျှင် (၈၅၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ် ဖြစ်သည့်ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ ပဲဖြူပြားကို ရေစိမ်ပြီးအခွံချွတ်၍ ပြန်လည်ရောင်းချသူများ၊ ကိုယ်တိုင်ကြော်သည့် ပဲကြမ်းကြော်ဖိုများ၊ အလှူမင်္ဂလာပွဲလမ်းဆောင်ရွက်မည့်သူများမှ ဝယ်ယူကြ ကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း