Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူခရိုင်၌ ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေးဈေးနှုန်း အနည်းငယ်မြင့်တက်

      စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထား လုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံစိုက်ပျိုးရာတွင် အထွက်နှုန်းများ ပိုမိုကောင်းမွန်စေရန်နှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ကန့်ဘလူခရိုင်အတွင်းရှိ  သီးနှံစိုက်ပျိုးသူများက ဝယ်ယူအသုံး ပြုလျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း ကန့်ဘလူခရိုင်၏ စိုက်ပျိုးရေးသုံးဓာတ်မြေ ဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများမှာ ပန်းဖူး(50)kgတစ်အိတ်လျှင် (၁၄၅၀၀၀)ကျပ်၊ မြားကမ္ဘာ (50)kgတစ်အိတ်လျှင် (၁၂၅၀၀၀)ကျပ်၊ အာမို၊ ကျွဲနက်တံဆိပ်(၁၅:၁၅:၁၅) ကွန်ပေါင်းဓာတ်မြေ ဩဇာ(50)kg တစ်အိတ်လျှင်(၁၈၀၀၀၀)ကျပ်၊ ရွှေနဂါးပုလဲသာ(50)kg တစ်အိတ်လျှင် (၁၁၅၀၀၀) ကျပ်၊ ရွှေတောနစ်(၅၀၀)စီစီ တစ်ဘူးလျှင် (၁၆၅၀၀)ကျပ်၊ မိုရယ်လ်မုန်း အမြစ်ပွား၊ အသီးတင်၊ အပင်သန် ဟော်မုန်းဆေး (၅၀၀)စီစီတစ်ဘူးလျှင်(၄၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း၊ ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေး ရောင်းချသည့်ဆိုင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

         

ကန့်ဘလူမြို့မဈေး၌ ခရမ်းချဉ်သီးဈေးနှုန်း ဆက်လက်ကျဆင်းနေ

          စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းမျာ ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန် များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

     ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသည့် ခရမ်းချဉ်သီးများကို မန္တလေးမြို့မှ ဝယ်ယူရ ကြောင်း၊ ၂၀၂၅ ခုနှစ် ၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း ခရမ်းချဉ်သီးဈေးနှုန်းများမှာ အင်းသီးအလုံး ကြီး(၁)ပိဿာလျှင်(၄၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၂၃၀၀)ကျပ်နှင့် အလုံးသေး(၁)ပိဿာလျှင် (၄၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ခရမ်းချဉ်သီးသည် ဟင်းလျာအမျိုးမျိုးနှင့် တွဲဖက်အသုံးပြုကြ သည့်အတွက် အိမ်ရှင်မများ၊ စားသောက်ဆိုင်များနှင့် ထမင်းဆိုင်များမှ ဝယ်ယူအသုံးပြုကြသည့် အတွက် ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ခရမ်းချဉ်သီး ရောင်းချသူများထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့နယ်၌ နေ့စဉ်ဝင်ငွေရနေသည့် ကောက်ရိုးမှိုစိုက်ပျိုးရေးလုပ်ငန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ အမှတ်(၂)ရပ်ကွက်တွင် တစ်နိုင်တစ်ပိုင်ကောက်ရိုးမှို စိုက်ပျိုးခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိနေကြောင်း၊ ထိုသို့ကောက်ရိုးမှိုစိုက်ပျိုး ရာတွင် ၆ပေ ၃ပေရှိ မှိုတစ်ဘောင်ကို မှိုမျိုးစေ့ထုတ်(၄)ထုတ်နှင့် ကုန်ကြမ်းပစ္စည်းများဖြစ်သည့် ထုံး အနည်းငယ်၊ ဂျပ်စက္ကူ(၁၀)ပိဿာခန့်၊ ဖွဲနု၊ နွားချေး (၃)အိတ်၊ ဝါး၊ ဗေဒါပင်နှင့် ကောက်ရိုးတို့အသုံး ပြုရကြောင်း သိရသည်။

      ကောက်ရိုးမှိုစိုက်ပျိုးခြင်းဟာ ပထမအဆင့် မှိုဘောင်ပြုလုပ်ရပါတယ်၊ ပြီးရင်တော့ ထုံးအနည်းငယ်ဖြူးရပါမယ်၊ ထုံးဖြူးပြီး နွားချေးဖြူးရပါတယ်၊ နောက်နုတ်နုတ်စင်းထားတဲ့ ဗေဒါနဲ့ ရေစိမ်ထားတဲ့ ဂျပ်စက္ကူတွေကို ဘောင်ပေါ်မှာ ဖြူးပေးရကြောင်း၊ အဲဒီအပေါ်ကနေ ဖွဲနုနဲ့ မှိုမျိုးစေ့ ကိုရောပြီး ဖြူးပေးရပါတယ်၊ နောက်ပြီး နွားချေးနဲ့ ပြန်ဖုံးပေးပြီး ရေလောင်ပေးရကြောင်း၊ မှိုဘောင်ကို ပေါင်းမိုးပြုလုပ်ပြီး လေလုံအောင် ပလပ်စတစ်အကြည်နဲ့(သို့မဟုတ်) ကောက်ရိုးနဲ့ ဖုံးအုပ်ပေးထားရကြောင်း၊ (၅)ရက်မြောက်တဲ့နေ့မှာတော့ မိနစ်(၂၀)ခန့်အထိကြာအောင် အမိုးကိုဖွင့် ပေးပြီး ပြန်ဖုံးအုပ်ပေးရပါတယ်၊ (၁၀)ရက်မြောက်နေ့မှာတော့ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကွက် ဝင်တဲ့ မှိုတွေကို နှုတ်ယူရောင်းချနိုင်ပါကြောင်း၊ ကိုယ့်မိသားစုအတွက်လည်း ဟင်းတစ်ခွက်ဖြစ်တာ ကြောင့်  အိမ်ခြံဝင်းကျယ်ပြီး မြေပိုရှိတဲ့ သူတွေအနေနဲ့ ကောက်ရိုးမှိုကို စီးပွားဖြစ်မဟုတ်တောင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးသင့်ကြောင်း၊  ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ကန့်ဘလူမြို့မ ဈေးတွင်  ကောက်ရိုးမှိုတစ်ပိဿာလျှင် လက်လီဈေး(၁၁၀၀၀)ကျပ်၊ လက်ကားဈေး (၁၀၀၀၀)ကျပ် နှင့်(၅၀)ကျပ်သားလျှင် (၅၅၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း၊ ယခုပတ်အတွင်း ကောက်ရိုးမှို ဈေးနှုန်း ကျဆင်းလျက်ရှိကြောင်း၊ စိုက်ပျိုးသူဦးဝင်းဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသည့် CPကြက်နှင့် ဗမာကြက်သားဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းမျာ ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း၊ ကန့်ဘလူ“မြို့မဈေး”တွင် ရောင်းချလျက်ရှိသည့် CPကြက်သားများကို ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်အတွင်းမှ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း  CPကြက်သား(၁)ပိဿာလျှင် (၂၅၀၀၀)ကျပ်၊ ကြက်ရင်ပုံသားသန့် (၅၀)ကျပ်သားလျှင် (၁၃၀၀၀)ကျပ်နှင့် ပေါင်သား(၂၅)ကျပ်သားလျှင် (၆၀၀၀) ကျပ်၊  ဒေသကြက်(၁)ပိဿာလျှင် (၃၀၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ကြက်သားများကို စားသောက်ဆိုင်များ၊ ထမင်းဆိုင်များနှင့် အကင်ဆိုင်များမှဝယ်ယူကြကြောင်း၊  ကြက်သားရောင်း ဝယ်ရေးလုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့နယ်၌ ဈေးနှုန်းမြင့်တက်လာသည့် ကြက်သွန်နီ

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ် ကိုင်လျှက်ရှိရာ အရေးကြီးသီးနှံ(၁၀)မျိုးအပြင် စားဖိုဆောင်သီးနှံများဖြစ်သည့် ကြက်သွန်နီ၊ မုန်လာ ဥဖြူ၊ မုန်လာထုပ်တို့လည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြကြောင်း ၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကာဘိုးကျေးရွာနှင့် အခြားသောကျေးရွာများတွင် မိသားစုစားသုံးရန်နှင့် ပိုလျှံသည်များကို ရောင်းချ ရန်အတွက် ကြက်သွန်နီကို ရာသီချိန်အလိုက် စိုက်ပျိုးလျှက်ရှိကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ဒေသထွက် ကြက်သွန် နီအလုံးကြီး(၁)ပိဿာလျှင် (၁၈၀၀)ကျပ်နှင့် အလတ်(၁)ပိဿာလျှင် (၁၆၀၀)ကျပ်၊ အသေး(၁) ပိဿာလျှင် (၁၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ဩဂုတ်လ တတိယပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ကြက်သွန်နီတစ်ပိဿာလျှင် (၂၀၀)ကျပ် ဈေးနှုန်းဆက်လက်ကျ ဆင်းနေကြောင်း၊ လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့မဈေး၌ ဂေါ်ဖီထုပ်နှင့် ပန်းဂေါ်ဖီဈေးနှုန်း ဆက်လက်ကျဆင်း

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးရှိ ဟင်းသီးဟင်းရွက်ဈေးတန်း၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော ဂေါ်ဖီထုပ်နှင့် ပန်းဂေါ်ဖီများကို အိမ်ရှင်မများက အိမ်သုံးအတွက် ဝယ်ယူကြသလို ထမင်းဆိုင်နှင့် စားသောက်ဆိုင်များမှ အဓိကဝယ်ယူကြောင်း သိရှိရသည်။

     ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း ဂေါ်ဖီထုပ်အကြီး(၁)ထုပ်လျှင် (၃၀၀၀)ကျပ်၊ အသေး(၁)ထုပ်လျှင် (၂၅၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ဩဂုတ်လ စတုတ္ထအတွင်း ပန်းဂေါ်ဖီ တစ်ပွင့်လျှင် (၃၀၀၀မှ ၄၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခင်အပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ဂေါ်ဖီထုပ်(၁)ထုပ်လျှင်(၁၅၀၀)ကျပ်နှင့် ပန်းဂေါ်ဖီ(၁)ပွင့်လျှင်(၁၀၀၀) ကျပ်ဈေးနှုန်းကျဆင်းသွားကြောင်း၊ ဂေါ်ဖီထုပ်နှင့် ပန်းဂေါ်ဖီများကို မန္တလေးမြို့မှ ဝယ်ယူရောင်းချ လျက်ရှိကြောင်း၊ ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့နယ်၌ မိသားစုဝင်ငွေရရှိဖို့ တစ်နိုင်တစ်ပိုင် ဒန့်ဒလွန်စိုက်ပျိုး

      စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု ၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများအပြင် ကန့်ဘလူခရိုင်အတွင်းရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၏ စိုက်ပျိုးထုတ်လုပ်မှု၊ အကျိုးအမြတ်ရရှိမှု စသည့်သတင်းအချက်အလက်များကိုလည်း သိရှိလေ့လာနိုင်စေရန် ရည်ရွယ်၍ ကွင်းဆင်းလေ့လာပြီး ရေးသားတင်ပြလျက်ရှိကြောင်း သိရသည်။

      မြန်မာလူမျိုးများသည် ဒန့်ဒလွန်သီး၊ ဒန့်ဒလွန်ရွက်တို့ကို နှစ်သက်စွာ ချက်ပြုတ်စားသောက် ကြကြောင်း၊ ဒန့်ဒလွန်တစ်ပင်လုံးသည် ကျန်းမာရေးအတွက်အကျိုးပြုသော အဟာရဓာတ်များစွာ ပါဝင်ကြောင်း၊ ဒန့်ဒလွန်ပင်ကို နေအိမ်ခြံဝင်းများ၌ စိုက်ပျိုးနိုင်သည့်အတွက် စားစရာဟင်းတစ်ခွက် အပြင် အသီး၊အရွက်တို့ကို ခူးဆွတ်ရောင်းချခြင်းဖြင့် မိသားစုဝင်ငွေရရှိသည့်အတွက် စိုက်ပျိုးသင့် ကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ဒန့်ဒလွန်သီး (၁)စီးလျှင်(၅၀၀)ကျပ်၊ (၂)စီးလျှင်(၉၀၀)ကျပ်၊ ဒန့်ဒလွန်ရွက်(၁)စီးလျှင် (၃၀၀)ကျပ်နှင့် (၂)စီးလျှင် (၅၀၀)ကျပ်တို့ဖြင့် ရောင်းချရကြောင်း သိရှိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့ကုန်စုံဆိုင်းများတွင် ရောင်းချနေသည့် အညာဒေသထွက် မြေပဲယိုနှင့် ရာသီပေါ်ကြံသကာဈေးနှုန်း

       စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အနေဖြင့် ဒေသတွင်း စိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေ တို့အား ရေးသားတင်ပြလျက်ရှိရာ ယခုအခါ ကန့်ဘလူမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင်ရောင်းချလျက် ရှိသည့် မြေပဲယိုများနှင့် ရာသီပေါ်ကြံသကာများ ကန့်ဘလူမြို့နယ်မှမြေပဲယိုများ အနည်းငယ် ထွက်ရှိပြီး ရွှေဘိုမြို့ရှိလက္ကားဆိုင်များမှ ဝယ်ယူရောင်း ချကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော မြေပဲယိုဈေးနှုန်းမှာ ()ပိဿာလျှင်(၉၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၄၅၀၀)ကျပ်၊ (၁၀)ကျပ်သား လျှင်(၉၀၀)ကျပ်နှင့် အသင့်ထုတ်ပြီး()ထုတ်လျှင် (၁၅၀၀)ကျပ်တို့ဖြင့် ရောင်းချကြောင်း၊ ကြံသကာဈေးနှုန်းမှာ တစ်ပိဿာလျှင် ၆၀၀၀ကျပ် (၅၀)ကျပ်သားလျှင် ၃၀၀၀ ကျပ်နှင့် (၁၀)ကျပ်သားလျှင် ၆၅၀ကျပ်ဖြင့် ယခု အချိန်ခါသည် လယ်ယာလုပ်ငန်းများ လုပ်ကိုင်ရာသီဖြစ်သောကြောင့် တောင်သူဦးကြီးများသည် အဆာပြေ၊ အမေားပြေစေရန် ရေနွေးကြမ်းနှင့် တွဲဖက်စားသုံးကြသောကြောင့် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့ပန်းဈေးကွက်ရှိ နှင်းပန်းနှင့် ပန်းတိမ်ငိုပန်းဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ပန်းဈေးကွက်၌ နှင်းဆီပန်း၊ နှင်းပန်း၊ ဂန္ဓမာပန်း၊ သပြေပန်း၊ အာစီယံသပြေ၊ စံပါယ်ပန်း၊ ဇွန်ပန်း၊ ပန်းထိမ်ငိုပန်းစသည့် ပန်းမျိုးစုံရောင်းချ လျက်ရှိကြောင်း၊ ဒေသခံပြည်သူများကလည်း ဘုရားပန်းကပ်လှူရန်၊ ပန်းအလှဆင်ရန်နှင့် အမျိုးသမီး များအလှပန်ဆင်ရန် နေ့စဉ်ဝယ်ယူအသုံးပြုလျက်ရှိကြောင်း သိရသည်။

     ကန့်ဘလူမြို့ပန်းဈေးကွက်၌ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း ဖြစ်ပေါ်နေသော ပန်း ဈေးနှုန်းများအနေဖြင့် နှင်းပန်းတစ်စီးလျှင်(၁၀၀၀)ကျပ်နှင့် (၃)စီးလျှင်(၂၇၀၀)ကျပ်ဖြင့်လည်းကောင်း၊ ပန်းထိမ်ငိုပန်း(၁)စီးလျှင် (၅၀၀မှ ၇၀၀)ကျပ်၊ (၃)စီးလျှင် (၂၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း၊ ယခင်အပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း နှင်းပန်း(၁)စီးလျှင် (၃၀၀)ကျပ်၊ ပန်းထိမ်ငိုပန်း(၁)စီးလျှင် (၂၀၀)ကျပ် ဈေးနှုန်းမြင့်တက်လာကြောင်း ပန်းရောင်းချသူများထံမှ သိရှိရပါ သည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့မဈေးတွင် သရက်သီးခြောက်နှင့် ခရမ်းသီးခြောက်ဈေးနှုန်း အနည်းငယ်ကျဆင်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ “မြို့မဈေး”သည် နေ့စဉ်ဈေးရောင်းသူများ၊ ဈေးဝယ် သူများနှင့်စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင် ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း ကန့်ဘလူ“မြို့မဈေး”ရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသည့်  ခရမ်းသီးခြောက် (၁)ပြည်လျှင်(၁၀၀၀)ကျပ်၊ (၂)ပြည်လျှင် (၁၈၀၀)ကျပ်၊ ဩဂုတ် လစတုတ္ထပတ်အတွင်း သရက်သီးခြောက်ဈေးနှုန်းမှာ (၁၀)ကျပ်သားလျှင် (၃၀၀)ကျပ်နှင့် (၅၀)ကျပ် သားလျှင် (၁၅၀၀)ကျပ်၊ (၁)ပိဿာလျှင် (၃၀၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း၊ အသီး ခြောက်များကို မြို့ပေါ်ရပ်ကွက်နှင့် ကန့်ဘလူမြို့နယ် ဆိတ်ဖူးမြောင်ကျေးရွာ၊ နတ်ပေးကျေးရွာတို့မှ လာရောက်ရောင်းချကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း