Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပေါ်ဦးပေါ်ဖျား ထောပတ်သီးများ

                ထောပတ်သီးကို နည်းမျိုးစုံဖြင့်စားသုံးကြသည်။ ထောပတ်သီး၏ မူရင်းအရသာသည် စိမ့်၍ အနည်းငယ်အီသော အရသာရှိသည်။  ထောပတ်သီးကို ဖျော်ရည်၊ အသုပ်၊ ပူတင်း၊ ကိတ်မုန့်၊ ရေခဲမုန့်၊ ဂျယ်လီ စသည်ဖြင့် ပြုလုပ်စားသုံးနိုင်သလို ဟင်းချက်စား၍လည်း ရသည်။ ကျွန်မတို့မြန်မာနိုင်ငံတွင် ထောပတ်သီးကို ဖျော်ရည်အနေဖြင့် အများဆုံးစားသုံးကြသည်။ ဆားအနည်းငယ်ထည့်၍ သဘာဝ အတိုင်း စားသုံးပါက ကျန်းမာရေး အလွန် ညီညွတ်သည်။ ထောပတ်သီးတွင် ကယ်လိုရီနှင့် အဆီဓာတ် များကြွယ်ဝစွာ ပါဝင်ပြီး ဗီတာမင်အေ၊ ဗီတာမင်စီ၊ ဗီတာမင်အီး၊ ဗီတာမင်ကေ၊ သတ္ထုဓာတ်နှင့် သံဓာတ် များလည်း ပါဝင်သည်ဟု သိရသည်။ ထောပတ်သီးက အာဟာရဓါတ်များစွာ ပေးသည့်အပြင်  စားသုံးရန် တစ်ခုတည်းအတွက်မဟုတ်ဘဲ ခေါင်းလျှော်ရည်၊ ဆပ်ပြာ၊သဘာဝဆိုးဆေး  စသည်ဖြင့်လည်း အလှကုန် ပစ္စည်းများတွင်လည်းအသုံးပြုကြသည်။ ထောပတ်သီးအစေ့ကို ရေနွေးဆူတွင်တည်ထားပါက ပန်းရောင် ထွက်သည်။ဆေးဆိုးချင်သော အထည်ကို ထိုထောပတ်ဆူရေထဲသို့ ထည့်ခြင်းအားဖြင့် ဆေးဆိုးနိုင်သည်။ ထောပတ်သီးအား ကြိုက်နှစ်သက်သူများလာပြီး စီးပွားရေး ဈေးကွက် ပိုမိုတွင်ကျယ်လာသည်။ ထောပတ်သီးကို ရှမ်းပြည်နယ် (တောင်ပိုင်း)တွင် တောင်ကြီး၊ ဟိုပုံး၊ ညောင်ရွှေ၊ ကလော၊ ပင်းတယ၊ ရွာငံ တို့တွင် စိုက်ပျိုးကြပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ လားရှိုး၊ ကွတ်ခိုင်၊ ကျောက်မဲ၊ သီပေါ၊ နောင်ချိုတို့တွင်လည်းစိုက်ပျိုးကြပြီး မန္တလေးတိုင်းဒေသကြီးတွင်လည်း စိုက်ပျိုးကြသည်။ ထောပတ်သီး တွင် Hass ထောပတ်မျိုး၊ Bacon ထောပတ်မျိုး၊ lamb hass ထောပတ်မျိုး စသဖြင့် မျိုးပေါင်း များစွာ ရှိသည်။ထောပတ်ပင်သည်  ရေလောင်းပေးရသော်လည်း ရေမကြိုက်သောအပင်ဖြစ်သည်။ ရေဝပ်လျှင် အပင်သေတတ်သည်။ ထို့ကြောင့်ပင် အပင်စိုက်ရန် ခက်ခဲသော ကျောက်စရစ်မြေနှင့် သဲရော မြေများ ပေါ်တွင် စိုက်ပျိုးနိုင်သောအပင်တစ်မျိုးဖြစ်သည်။ အောက်တိုဘာလတွင် အသီးများစတင် ထွက်ရှိပြီး ထောပတ်ပင်များသည်နှစ်ရှည်သီးနှံပင်များဖြစ်ကာစတင်စိုက်ပျိုးပြီး(၃)နှစ်နေမှစတင်အသီးသီး ကြောင်း သိရသည်။ထောပတ်သီးသည် မမှည့်ခင်တွင် အစိမ်း ရင့်ရောင်ရှိပြီး မှည့်လာသောအခါ အညိုပုပ်ရောင် သို့မဟုတ် အမည်းရောင်သန်းလာသည်။ ရှမ်းပြည်နယ် (တောင်ပိုင်း)မှ စက်တင်ဘာလမှ ဒီဇင်ဘာလ အတွင်းထွက်ရှိသည့် Hass အမျိုးအစား ထောပတ်သီးများကို ပြည်ပနိုင်ငံများသို့အမယ်သစ် ပို့ကုန် တစ်မျိုးအဖြစ် အဓိကတင်ပို့ကြောင်းသိရပါသည်။ယနေ့ခေတ် Online မှဈေးရောင်းခြင်းများ ခေတ်စား လာသောကြောင့်ရှမ်းပြည်မှထောပတ်သီး၊ပြင်ဦးလွင်မှထောပတ်သီး၊ကြက်ဥအရွယ်ခန့်Babyထောပတ်သီး၊ ကျွဲကောသီး နီးပါးကြီးသော တောင်ပေါ် ထောပတ်သီးစသည်ဖြင့် မိမိစိတ်ကြိုက် ဝယ်ယူ စားသုံးနိုင်ပြီ ဖြစ်သည်။မန္တလေးဈေးကွက်အတွင်းသို့တောင်ကြီး၊ပြင်ဦးလွင်၊ရွာငံတို့ဘက်မှထောပတ်သီးများဝင်ရောက် လျက်ရှိပြီးဈေးနှုန်းအနေနှင့်ဒေသသီး(၃)လုံးတစ်ပိဿာလျှင် ကျပ် ၂၅၀၀/-၊ တစ်လုံးလျှင် (ကြီး)၁၅၀၀/- (လတ်)ကျပ် ၁၀၀၀/- ၊ (သေး) ကျပ် ၅၀၀/-၊ Hass ထောပတ်မျိုးများမှာ 1kg ကျပ် ၃၅၀၀-၄၅၀၀/- ဈေးနှုန်းများဖြင့် အရောင်း အဝယ် ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

မအူပင်မြို့နယ်တွင် ရောင်းချနေသာ ပေါ်ဆန်း ထမင်းခြောက်ကျော်

  မအူပင်မြို့နယ်တွင် ဒေသတွင်း တစ်ပိုင်တစ်နိုင် မုန့်ရောင်းချသော လုပ်ငန်း အများအပြားရှိပြီး ဒေသတွင်းစီးပွားရေး လုပ်ငန်းများ အဆင်ပြေချောမွေ့လျက်ရှိပါသည်။ ထမင်းခြောက်ကျော် ရောင်းချသူများရှိပြီး ပေါ်ဆန်ဆန်ကို နေလှန်ကာ ကြွပ်ကြွပ် ရွရွ အနံ့မွှေးမွှေးလေးမို့ စားပီးရင်းစားချင် ဖြစ်တဲ့ မမမြ အဆင့်မြင့် ပေါ်ဆန်းဆန်ချောင်းကြော်ကို  မအူပင်မြို့နယ်တွင် ရောင်းချလျက်ရှိသည်။

   ပေါ်ဆန်းဆန်ကို ချက်ပြုတ်ပြီး နေခြောက်လှန်းကာ ဆီဖြင့် ကျော်၍ ပါကင်ဗူးများဖြင့် ရောင်းချနေကြောင်း သိရသည်။ ရောင်းချမှု ဈေးမှာ တစ်ဗူးလျှင် ၅၅၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ တစ်ခါကျော်လျှင် ဗူး ၂၅၀ခန့် ထွက်ရှိပြီး တစ်ဗူးအလေးချိန်သည် ၁၆၀ ဂရမ်ခန့်ပါဝင်သည်။ လူတိုင်းကျန်းမာစေရန်အတွက် သဘာဝထုတ်ကုန်များကို ထုတ်လုပ်ထားကြောင်းနှင့် နို့ဆီ ၃ဗူကိုကျော်ပါက ထမင်းခြောက်ကြော် ၂ဗူးခန့် ထွက်ရှိကြောင်း သန့်ရှင်းသပ်ရပ်သော ထုတ်လုပ်မှု ကျင့်စဉ်နှင့်အညီ ထုတ်လုပ်ရောင်းချလျှက်ရှိကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

ရွှေဘိုဈေးကွက်ရှိ မိုးမြေပဲလုံးဆံဈေး

  စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ဆီထွက်သီးနှံများကိုလည်း စိုက်ပျိုးလျက်ရှိရာ ၂၀၂၅-၂၀၂၆ခုနှစ် ဒေသထွက်မိုးမြေပဲများ ဩဂုတ်လ၊ တတိယအပတ်မှ စတင်၍ ရွှေဘိုမြို့ ဈေးကွက်အတွင်းသို့ စတင်ဝင်ရောက်ခဲ့ကြောင်း၊ ရွှေဘိုမြို့ ဈေးကွက်အတွင်း စက်တင်ဘာလ၊ စတုတ္ထအပတ်တွင်ရောင်းချသည့် မြေပဲလုံးဆံဈေးနှုန်းမှာ()ပြည်လျှင် (၉၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင် (၁၄၄၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်း တို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ မြေပဲလုံးဆံ(၁)ပြည်လျှင်(၉၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းကြောင်း၊ ဈေးကွက်အနေဖြင့် မြေပဲဆီကြိတ်ခွဲမည့်သူများ၊ ဆောင်းမြေပဲစိုက်ပျိုးရန်အတွက် မျိုးပြုလုပ်မည့်သူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများ၊ လ္ဘက်၊ အကြော်ဆံရောင်းချသည့်ဆိုင်များနှင့် စားသုံးမည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့် ဆိုင်များမှသတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသည့် မြေထောက်ပဲ(အဖြူနှင့်အညို)ဈေး

   စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ မြေထောက်ပဲစိုက်ပျိုးမှုမရှိကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် မြေထောက်ပဲများ ကို အခြားဒေသများမှ မှာယူရောင်းချခြင်းမရှိဘဲ သယ်ယူခကုန်ကျစရိတ်များ သက်သာစေရန်  ရွှေဘိုမြို့တွင်းရှိ ပွဲရုံများမှ ဝယ်ယူရောင်းချကြောင်း၊ မြေထောက်ပဲမှာ အဖြူရောင်နှင့် အညိုရောင်ဟူ၍ နှစ်မျိုးရှိကြောင်း၊ ရွှေဘိုမြို့ဈေးကွက်အတွင်း အောက်တိုဘာလ၊ ဒုတိယအပတ်တွင်ရောင်းချသည့် မြေထောက်ပဲ(ဖြူ)ဈေးနှုန်းမှာ ()ပြည်လျှင်(၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၃၆၀၀ဝိ/-)ကျပ် ဖြစ်ကြောင်း၊ ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ မြေထောက်ပဲ(ဖြူ)(၁)ပြည်လျှင် (၈၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်အောက် မြေထောက်ပဲ(ဖြူ)()ပြည်လျှင် (၁၀ဝိ/-)ကျပ်ဈေးလျော့နည်းခဲ့ကြောင်း၊ မြေထောက်ပဲ(ညို) (၁)ပြည်လျှင်(၇၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၁၂၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခု အပတ်တို့၏အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ မြေထောက်ပဲ(ညို) (၁)ပြည်လျှင်(၇၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီပြီးဈေးငြိမ်နေကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိ စားသုံးသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ ပဲပြုတ်ရောင်းချသူများ၊ အလှူမင်္ဂလာပွဲလမ်း ဆောင်ရွက်မည့် သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဘိုပဲဈေး

   စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ တရုတ်ပဲကြီးစိုက်ပျိုးမှုမရှိကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် တရုတ်ပဲကြီး များကို အခြားဒေသများမှ မှာယူရောင်းချခြင်းမရှိဘဲ သယ်ယူခကုန်ကျစရိတ်များ သက်သာစေရန် ဒေသတွင်းရှိပွဲရုံများမှ ဝယ်ယူရောင်းချကြပါသည်။

  ရွှေဘိုမြို့ဈေးကွက်အတွင်း အောက်တိုဘာလ၊ ဒုတိယအပတ်တွင် ရောင်းချသည့် ဘိုပဲဈေးနှုန်းမှာ ()ပြည်လျှင်(၁၃၅၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၂၁၆၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ဘိုပဲ(၁)ပြည် လျှင်(၁၃၅၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိ စားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများ၊ အလှူမင်္ဂလာပွဲလမ်းဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချ သည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

နန္ဒဝန်ဈေးသစ်ရှိ ပဲလိပ်ပြာဈေးနှုန်း

  မုံရွာမြို့ရှိ နန္ဒဝန်ဈေးသစ်တွင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများအပြင် ဒေသထွက် ပဲလိပ်ပြာများ ရောက်ရောင်းချလျက်ရှိပါသည်။ ပဲလိပ်ပြာသည် ချိုဆိမ့်အရသာ ရှိပြီး ပဲဟင်းရည်ချက်စားရာတွင်လည်းကောင်း ခရမ်းချဉ်သီးကို အနှစ်ပြုလုပ်ပြီး ရော၍ ချက်စားလျှင်လည်း အရသာ ကောင်းမွန်သဖြင့် လူကြိုက်များ၍ ရောင်းအားကောင်းကြောင်း သိရပါသည်။

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်တွင် နန္နဝန်ဈေးသစ်၌ ဖြစ်ပေါ်နေသော ပဲလိပ်ပြာဈေးနှုန်းမှာ ပဲလိပ်ပြာ(၂၅)ကျပ်သားလျှင် (၂၉၀၀)ကျပ်၊ တစ်ပိဿာလျှင် (၁၁၅၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုဈေးကွက်ရှိ ပဲလွန်းပြာနှင့် ပဲလွန်းဖြူဈေး

   စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ ပဲလွန်း(၂၃၀၇)ဧက စိုက်ပျိုးကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် ပဲလွန်းပြာနှင့် ပဲလွန်းဖြူများကို အခြားဒေသများမှ မှာယူရောင်းချခြင်းမရှိဘဲ သယ်ယူခကုန်ကျစရိတ်များ သက်သာ စေရန်  ဒေသတွင်းရှိပွဲရုံများမှ ဝယ်ယူရောင်းချကြပါသည်။

ပဲလွန်းပြာ

ရွှေဘိုမြို့ ဈေးကွက်အတွင်း အောက်တိုဘာလ၊ ဒုတိယအပတ်တွင်ရောင်းချသည့် ပဲလွန်းပြာ ဈေးနှုန်းမှာ ()ပြည်လျှင်(၅၅၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၈၈၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ် တို့၏အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲလွန်းပြာ (၁)ပြည်လျှင် (၅၅၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့်  ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ် ဖြစ်သည့်ဈေးနှုန်းတူညီကြောင်း၊ ဈေးကွက်အနေဖြင့်ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည်ရောင်း ချမည့်သူများ၊ ကောက်ညှင်းပေါင်း ရောင်းချသည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့် ဆိုင်များမှ သတင်းရရှိပါသည်။

ပဲလွန်းဖြူ

ရွှေဘိုမြို့ ဈေးကွက်အတွင်း အောက်တိုဘာလ၊ ဒုတိယအပတ်တွင်ရောင်းချသည့် ပဲလွန်းဖြူ ဈေးနှုန်းမှာ ()ပြည်လျှင်(၆၈၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၀၈၈၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ် နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲလွန်းဖြူ (၁)ပြည်လျှင် (၆၈၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ် ဖြစ်သည့်ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊  ဈေးကွက်အနေဖြင့်ဒေသတွင်းရှိ စားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများ၊ ကောက်ညှင်းပေါင်း ရောင်းချသူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့် ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

သာစည်ဈေးရှိ ဗုံလုံသီး (ခေါ်) ပဲလင်းမြွှေသီးနှင့် ပဲတောင့်ရှည် ဈေးနှုန်း

          မုံရွာမြို့ ပတ်ဝန်းကျင်ရှိ ကျေးရွာများမှာ သာစည်ဈေးအတွင်းသို့ ရာသီစာ အသီး အရွက်များအပြင် ဗုံလုံးသီးနှင့် ပဲတောင့်ရှည်များလည်း လာရောက်ရောင်းချကြပါသည်။ ဗုံလုံသီး(ခေါ်)ပဲလင်းမြွှေသီးများကို ပုစွန်ဖြင့်အစာသွပ်၍လည်းကောင်း၊ ကြက်ဥဖြင့်ရောမွှေ၍ ကြောက်ချက်၍သော်လည်းကောင်း၊ ဝက်သားဖြင့် ရောက်ချက်၍လည်းကောင်း စားသုံးနိုင် ကြပါသည်။ ပဲတောင့်ရှည်သည် လူတိုင်းကြိုက်ကြသည့် အသီးတစ်မျိူးလည်းဖြစ်ပြီး အကြော်၊ အတို့၊ အမြုပ်၊ သီးစုံပဲဟင်း စသည်တို့ဖြင့် အမျိုးမျိုး စားသုံးကြသည်။

          မုံရွာမြို့၊ သာစည်ဈေးတွင်  ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်တွင် ဖြစ်ပေါ်နေသော  ဗုံလုံသီး (ခေါ်) ပဲလင်းမြွှေသီး ဈေးနှုန်းများမှာ ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီး အကြီးတစ်တောင့်လျှင် (၁၃၀၀)ကျပ်၊ ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီး အလတ်တစ်တောင့်လျှင် (၉၀၀) ကျပ် နှင့် ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီး အသေးတစ်တောင့်လျှင်(၇၀၀)ကျပ်ဖြစ်ပြီး ပဲတောင့်ရှည် စျေးနှုန်းမှာ တစ်ပိဿာလျှင် ၂၅၀၀- ၃၅၀၀ ကျပ်ထိ ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

နွားထိုးကြီးမြို့နယ်၏ အောက်တိုဘာလပထမပတ် စက်သုံးဆီရောင်းချမှု အခြေအနေ

      နွားထိုးကြီးမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၀)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန် ဖွင့်လှစ်ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊အောက်တိုဘာလ(၃)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်း ဈေးနှုန်းများအနေဖြင့် 92 Octance (၂၉၄၀)ကျပ်၊ 95 Octance(၃၀၁၀)ကျပ်၊ ရိုးရိုးဒီဇယ် (၂၆၅၅)ကျပ်၊ ပရီမီယမ်ဒီဇယ်(၃၂၃၀)ကျပ်ဖြင့် ရည်ညွှန်းဈေးအတိုင်းရောင်းချလျက်ရှိကြောင်း သိရှိရသည်။

       စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၃-၁၀-၂၀၂၅ ရက်နေ့ တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၂၉၄၀) ကျပ်၊ 95 Octance(၃၀၁၀)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၅၅)ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၂၃၀)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။ သတ်မှတ်ရည်ညွှန်းဈေးများသည် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက တစ်လီတာလျှင် 92 Octanceတွင်(၉၅)ကျပ်၊ 95 Octanceတွင်(၈၅)ကျပ်၊ ရိုးရိုးဒီဇယ်တွင် (၄၀)ကျပ်၊ ပရီမီယမ်ဒီဇယ်တွင် (၅၅)ကျပ် အသီးသီးဈေးနှုန်း ကျဆင်းခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

တောင်သာမြို့နယ်၏ အောက်တိုဘာလပထမပတ် စက်သုံးဆီရောင်းချမှု အခြေအနေ

       တောင်သာမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၃)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန် ဖွင့်လှစ် ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊အောက်တိုဘာလ(၃)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်း ဈေးနှုန်းများအနေဖြင့် 92 Octance(၃၀၄၀)ကျပ်၊ 95 Octance(၃၂၀၀)ကျပ်၊ ရိုးရိုးဒီဇယ် (၂၇၅၅) ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၃၃၀)ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

      စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၃-၁၀-၂၀၂၅ ရက်နေ့ တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၂၉၄၀) ကျပ်၊ 95 Octance(၃၀၁၀)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၅၅)ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၂၃၀)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။ သတ်မှတ်ရည်ညွှန်း ဈေးများသည် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက တစ်လီတာလျှင် 92 Octanceတွင်(၉၅)ကျပ်၊ 95 Octanceတွင်(၈၅)ကျပ်၊ ရိုးရိုးဒီဇယ်တွင် (၄၀)ကျပ်၊ ပရီမီယမ်ဒီဇယ် တွင်(၅၅)ကျပ် အသီးသီးဈေးနှုန်း ကျဆင်းခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း