Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မုံရွာမြို့တွင် ရောင်းချနေသော မုန့်ညှင်းရွက် နှင့် အိုးမုန့်ညှင်းရွက် ဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မန်ကျည်းပင်ဈေးအတွင်း မုန့်ညှင်းရွက်နှင့် အိုးမုန့်ညှင်းရွက်များ အများအပြား ရောင်းချလျက်ရှိကြပါသည်။ မုန့်ညှင်းပင်နှင့်အိုးမုန့်ညှင်းကို ဟင်းသီးဟင်းရွက်အဖြစ် လူသိများကြပြီး မြန်မာပြည်တွင် ဒေသမရွေး စိုက်ပျိုးနိုင်သည်။‌ အေးသောဒေသကိုပို၍ နှစ်သက်သည်။ မုန့်ညှင်းပင်နှင့်အိုးမုန့်ညှင်းကို ကြော်၊ လှော်၊ ချက်၊ ပြုတ်ရာတွင် အခြားသော အသားငါး၊ အသီးအရွက်တို့နှင့်ရော၍လည်း စားသုံးနိုင်သည်။ မုန့်ညှင်းချဥ်သည်  မြန်မာလူမျိုးများတို့ အထူးနှစ်သက်သော တို့စရာထဲတွင်ပါဝင်သည်။

      ၂၀၂၅ ခုနှစ် ၊ အောက်တိုဘာလ ဒုတိယအပတ်အတွင်း မုံရွာမြို့ မန်ကျည်းပင်ဈေးရှိ  မုန်ညှင်းရွက်ဈေးနှုန်းမှာ (၃၀၀-၅၀၀) ကျပ်၊ အိုးမုန်ညှင်းရွက်ဈေးနှုန်းမှာ (၃၀၀-၇၀၀) ကျပ်ထိ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

၉.၁၀.၂၀၂၅ ရက်နေ့ ဘုရင့်နောင်ပွဲရုံရှိ ကြက်သွန်ဖြူ/နီ နှင့် အာလူးဈေးနှုန်းများ

   ၉.၁၀.၂၀၂၅ ရက်နေ့ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ကြက်သွန်ဖြူ ကြူကုတ် (ရှယ်) တစ်ပိဿာ ဈေးနှုန်းများမှာ ကျပ် ၁၁၀၀၀ ၊ အောင်ပန်းထူး-၂ ကျပ် ၄၀၀၀ ၊  အောင်ပန်းထူး-၃ ကျပ် ၅၀၀၀အောင်ပန်းထူး-၄ ကျပ် ၆၀၀၀အောင်ပန်းထူး-၅ ကျပ် ၇၀၀၀၊ ကြက်သွန်နီ ဈေးနှုန်း များမှာ ဆိပ်ဖြူ(သစ်) ရှယ် ကျပ် ၁၈၅၀ ၊ ဆိပ်ဖြူ(သစ်)လတ်ကြီး ကျပ်  ၁၅၀၀၊  ဆိပ်ဖြူ(သစ်) လတ်သန့် ကျပ် ၁၀၀၀၊ ဆိပ်ဖြူ(သစ်) လတ်ချော ကျပ် ၆၅၀၊ မြင်းခြံ (သစ်) ရှယ် ကျပ် ၁၆၀၀၊ မြင်းခြံ(သစ်) လတ်ကြီး ကျပ် ၁၂၅၀၊ မြင်းခြံ(သစ်) လတ်သန့် ကျပ် ၈၅၀၊ မြင်းခြံ(သစ်) လတ်ချော ကျပ် ၆၅၀၊ မုံရွာ(သစ်) ရှယ် ကျပ် ၁၉၀၀၊  မုံရွာ(သစ်) လတ်ကြီး ကျပ် ၁၅၅၀၊ မုံရွာ(သစ်) လတ်သန့် ကျပ် ၁၁၀၀၊ မုံရွာ(သစ်) လတ်ချော ကျပ် ၇၀၀ ၊ တရုတ်အာလူး ကျပ် ၆၅၀၀/၆၇၀၀ ရှိကြောင်း သိရှိရပါသည်။ ယခုတစ်ပတ်တွင် ကြက်သွန်ဖြူ ဈေးနှုန်းများမှာ ကြူကုတ် (ရှယ်) တစ်ပိဿာလျှင် ကျပ် ၁၀၀၀ ဈေးတက်ပြီး၊ အောင်ပန်း ကြက်သွန်ဖြူမှာ တစ်ပိဿာလျှင် ကျပ် ၁၅၀၀ ဈေးတက်ပါ ကြောင်း၊ ကြက်သွန်နီဈေးနှုန်းမှာ  တစ်ပိဿာလျှင် ကျပ် ၁၀၀ မှ ကျပ် ၁၅၀  ဈေးတက်ပြီး  တရုတ် အာလူး ဈေးနှုန်းများမှာ တစ်ပိဿာလျှင် ကျပ် ၂၀၀ ဈေးနှုန်းတက်ပါကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ဈေးကွက်အတွင်းသို့ ရာသီစာပိန်းဥများ ဝင်ရောက်လျက်ရှိ”

          ကျောက်ဆည်ခရိုင်အတွင်းရှိ အေးမြကြည်လင်ဈေးနှင့် မြို့မဈေးများသို့ ရာသီစာဖြစ်သော ပိန်းဥများ ဈေးကွက်သို့ စတင်ဝင်ရောက်လာပြီး ဒေသခံစားသုံးသူများ၏ ဝယ်ယူမှုဖြင့် အရောင်းအဝယ် သွက်လက်လျက်ရှိကြောင်း၊ ပိန်းဥများကို စားသုံးသူများက ပြုတ်၍ဖြစ်စေ၊ ပိန်းဥရွက်နှင့် ရောချက် ပြုတ်၍ဖြစ်စေ နှစ်သက်စွာ စားသုံးလျက်ရှိကြောင်း၊ ပိန်းဥသည် သွေးလည်ပတ်မှုကောင်းစေခြင်း၊ ကိုယ်ခံအားစနစ်မြှင့်တင်ပေးခြင်း၊ မျက်စိကျန်းမာရေးကောင်းစေခြင်း စသည့်ကျန်းမာရေးကောင်း ကျိုးများစွာပါဝင်သည့် ရာသီစာဟင်းသီးဟင်းရွက်တစ်မျိုးလည်း ဖြစ်ကြောင်း၊ ဈေးနှုန်းအနေဖြင့် လက်ကားဈေး တစ်ပိဿာလျှင် (၁၈၀၀/-)ကျပ်၊ လက်လီဈေး တစ်ပိဿာလျှင် (၂၅၀၀/-) ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ပိန်းဥကို   သက်သတ်လွတ်ဟင်းလျာအဖြစ် အာဟာရပြည့်ဝစွာ သုံးဆောင်နိုင်သလို မိမိနှစ်သက်ရာ အသားတစ်မျိုးမျိုး  (သို့မဟုတ်)  ငါး (သို့မဟုတ်) ပုစွန်ဖြင့်ရော ချက်၍လည်းကောင်း၊ စွပ်ပြုတ်အဖြစ်လည်းကောင်း စားသုံးနိုင်ကြောင်း၊ ပိန်းဥကိုပြုတ်၍ ဆီ၊ ဆားဖြင့်စားခြင်းသည်  အလွယ်ကူဆုံးသော စားသုံးနည်းဖြစ်ပြီး ကလေး၊ လူကြီးအားလုံး ကြိုက်သော သရေစာတစ်မျိုးလည်းဖြစ်ကြောင်း၊ တိုးတက်ခေတ်မီသောနိုင်ငံများတွင် ပိန်းဥကို အမှုန့်ပြုလုပ်၍ ဟင်းခတ်စားဖွယ်အဖြစ်လည်းကောင်း၊  ရေခဲမုန့် သို့မဟုတ် မုန့်ချိုပြုလုပ်၍ လည်းကောင်း၊  နို့မှုန့်အစားထိုး ပိန်းဥဖျော်ရည်အဖြစ်လည်းကောင်း  အရသာရှိရှိ စားသုံးကြကြောင်း၊ ပိန်းဥများ ဈေးကွက်ဝင်ရောက်လာခြင်းနှင့်အတူ ဒေသခံစားသုံးသူများအနေဖြင့် ဈေးနှုန်းသင့်တင့်စွာ ဖြင့် ဝယ်ယူစားသုံးနိုင်ခြင်းကြောင့် ရောင်းအားကောင်းလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

“ဈေးကွက်ထဲသို့ ဝင်ရောက်လာသည့် တောင်ပို့မှိုများ”

        ကျောက်ဆည်ခရိုင်အတွင်းရှိ အေးမြကြည်လင်ဈေးနှင့် မြို့မဈေးများသို့ စက်တင်ဘာလ တွင်  ခရိုင်အတွင်းမှထွက်ရှိသော တောင်ပို့မှိုများ ဝင်ရောက်မှုများပြားပြီး၊ အရောင်းသွက်လျက် ရှိကြောင်း၊ ဈေးကွက်ထဲတွင် မိုးရာသီချိန်တွင်ရရှိသည့် ပြင်ဦးလွင်ဒေသထွက်တောင်ပို့မှိုများ၊ ငွေနှင်းမှို၊ ကောက်ရိုးမှို၊ အပ်မှို၊ မှိုကြက်တောင်၊ ဝါးမှိုများ၊ ငှက်ပျောမှို၊ မှိုအုံးနက်များ တွေ့ရှိရ ကြောင်း၊   စျေးကွက်အတွင်း   သဘာဝအတိုင်းထွက်သည့်မှိုနှင့် စိုက်ပျိုးသည့်မှိုနှစ်မျိုးတို့ တွေ့ရှိရ ကြောင်း၊ တောင်ပို့မှို လက်ကားတစ်ပိဿာလျှင်   (၃၀၀၀၀/-) ကျပ်၊ လက်လီတစ်ပိဿာလျှင် (၃၅၀၀၀/-) ကျပ် ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ တောင်ပို့မှို မျိုးစိတ်များသည် အမျှင်များခြင်း၊ ကယ်လိုရီနည်းခြင်း၊ ဆိုဒီယမ် ပါဝင်မှုနည်းခြင်း၊ ဂလူးကိုစ်အချိုဓာတ်  ပါဝင်မှုနည်းခြင်း၊ မင်နရယ်နှင် ဗိုက်တာမင်များခြင်း၊ အာဟာရအတွက်သာမက ဆေးဖက်ဝင်သည့် တောင်ပို့မှို စားသုံးခြင်းဖြင့် ကင်ဆာဖြစ်စေမှု လျော့ကျခြင်း၊ အအေးမိခြင်း၊ ဖျားနာခြင်းမှ လွတ်ကင်းခြင်း၊ အစာအိမ်နှင့် အူလမ်းကြောင်း ကောင်းစေခြင်း၊ သွေးတွင်းကိုလက်စ ထရော အဆင့်ညီမျှအောင် ဆောင်ရွက်ပေးခြင်း၊ ကိုယ်ခံအားကောင်းစေခြင်း၊ ကိုယ်အလေးချိန်ကျစေခြင်း၊ နာတာရှည် ရောဂါများဖြစ်နိုင်ချေမှ ကာကွယ်ပေးခြင်း၊ ကယ်လိုရီနည်းပြီး အမျှင်များသော အစားအစာဖြစ်သည့် အတွက် မှိုများကို ဆေးဖက်ဝင်ဖြည့်စွက်စာ အဖြစ် သုံးလာကြကြောင်း သတင်းရရှိပါသည်။       

DOCA(မန္တလေး)

                            

                  

“ပန်းဂေါ်ဖီဈေးနှုန်း”

             ကျောက်ဆည်ခရိုင်အတွင်းရှိ အေးမြကြည်လင်ဈေးနှင့် မြို့မဈေးများသို့ ပန်းဂေါ်ဖီများ ဝင်ရောက်လျက်ရှိပြီးရှမ်းပြည်၊အောင်ပန်း၊ပင်းတယနှင့်ရွာငံရေဦး မြို့များမှ အများဆုံးဝင်ရောက်လျက် ရှိကြောင်း၊ ပန်းဂေါ်ဖီဈေးနှုန်းအနေဖြင့် အကြီးတစ်ပွင့်လျှင် (၄၀၀၀/-)ကျပ်၊ အသေးတစ်ပွင့်လျှင် (၃၀၀၀/-) ကျပ် ရှိကြောင်း၊ ပန်းဂေါ်ဖီတွင် ကယ်လိုရီဓာတ်နည်းပါးး ဗီတာမင်များစွာ ကြွယ်ဝ သောကြောင့် လိုအပ်သည့် ဗီတာမင်နဲ့ သတ္တုဓာတ် များစွာပါဝင်ကြောင်း၊ ပန်းဂေါ်ဖီကို ဘဲဥနဲ့ပဲ ကြော်စားစား၊ ချဉ်ရည်ဟင်းပဲချက်ချက်၊ လက်ဖက်နဲ့ပဲရော သုပ်သုပ်၊ ရေနွေးဖျော၍ သုပ်သုပ် စားသုံး၍ ရကြောင်း၊ ပန်းဂေါ်ဖီကို စားသုံးခြင်းဖြင့် အစာခြေစနစ်ကျန်းမာစေခြင်း၊ အရိုးများသန်မာစေခြင်း၊ သွေးလည်ပတ်မှုကောင်းစေခြင်း၊ ဝိတ်ကျစေခြင်း စသည့်ကျန်းမာရေး အကျိုးကျေးဇူးများစွာရရှိ ကြောင်း၊ ဟင်းသီးဟင်းရွက်များကို ပုံမှန်စားသုံးခြင်းဖြင့် ကျန်းမာရေးကောင်းစေနိုင်ပြီး ရောဂါဖြစ် နိုင်ခြေကို လျှော့ချပေးနိုင်ကြောင်း၊ ပန်းဂေါ်ဖီ အပါအဝင် ဟင်းသီးဟင်းရွက်များကို များများစားသုံး ပေးခြင်းကြောင့် အဝလွန်တာ၊ ဆီးချို၊ နှလုံးရောဂါ အပါအဝင် နာတာရှည်ရောဂါ အမျိုးမျိုးကို ကာကွယ်ပေးနိုင်ကြောင်း ကျန်းမာရေး စာ‌စောင်များမှ သိရှိရပါသည်။

DOCA(မန္တလေး)

 

 

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်ရာ အရပ်ဒေသများနှင့် ဈေးနှုန်းများအခြေအနေ

   ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ () ရက်နေ့တွင် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက်ရာဒေသများဖြစ်သည့် ဆိပ်ဖြူ၊ မြင်းခြံ၊ မုံရွာဒေသတို့မှ ကြက်သွန်နီ (၄၈၀၀၀၀) ပိဿာ ဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့် ပြန်လည်စီး  ထွက်မှုရှိကြောင်း သိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီ လက်ကျန်မှာ (၁၉၂၀၀၀) ကျန်ရှိကြောင်း ကုန်စည်ဒိုင်တင်းအရသိရှိရ သည်။ ဆိပ်ဖြူ ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၆၅၀၊ အသန့်မှာတစ်ပိဿာ ကျပ် ၁၀၀၀၊ အကြီးမှာ ကျပ် ၁၅၀၀၊ ရှယ်မှာ ကျပ် ၁၈၅၀၊ မြင်းခြံ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၆၅၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၈၅၀ ၊ အကြီးမှာ ကျပ် ၁၂၅၀၊ ရှယ်မှာ ကျပ် ၁၆၀၀၊ မုံရွာ ကြက်သွန်နီ (အသစ်)  အချော တစ်ပိဿာ ကျပ် ၇၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၁၀၀ ၊ အကြီးမှာ ကျပ် ၁၅၅၀၊ ရှယ်မှာ ကျပ် ၁၉၀၀ ဈေးတို့အသီးသီးရှိကြောင်း စုံစမ်းသိရှိရပါသည်။

          ၉.၁၀.၂၀၂၅ ရက်နေ့တွင် ကြက်သွန်နီဈေးနှုန်းများမှာ ယခင်အပတ်ထက် ဈေးအနည်းငယ် တက်လျက်ရှိကြောင်း သိရှိရပါသည်။

  DOCA (ရန်ကုန်)

မုံရွာမြို့တွင် ရောင်းချနေသော မင်းကွက်သီးနှင့် သခွားမွှေးသီး ဈေးနှုန်း

  စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာဈေးအတွင်းတွင် မင်းကွက်သီးနှင့် သခွားမွှေးသီးများ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ဈေးကွက်အတွင်း ရောင်းချနေ သော မင်းကွက်သီးများကို မော်လမြိုင်ဒေသထွက် မင်းဂွတ်သီးများ ဈေးကွက်အတွင်းဝင် ရောက်လျက်ရှိကြောင်းသိရှိရပါသည်။မုံရွာဒေသထွက် သခွားမွေးသီးများ ဈေးကောင်းရ လျက်ရှိနေကြောင်း သတင်းရရှိသည်။ သခွားမွေးသီးကို မုံရွာမြို့ အနီးတဝိုက် ကျေးရွာများ တွင်တနိုင် တပိုင်စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်း စိုက်ပျိုးကြပါသည်။ သခွားမွေးသီး များ ရောင်းချဝယ်ယူရာတွင် အရွယ်အစားလိုက်ပြီး ဈေးနှုန်းကွာဟမှုရှိပါသည်။

          ၂၀၂၅ ခုနှစ် ၊ အောက်တိုဘာလ ဒုတိယအပတ်အတွင်း မုံရွာမြို့ ကန်သာယာဈေးရှိ  သစ်သီးဆိုင်များတွင် မင်းကွက်သီးဈေးနှုန်းမှာ မင်းကွက်သီးအသေး (၁)လုံး လျှင် (၄၀၀) ကျပ်၊ မင်းကွက်သီးအလတ်(၁)လုံးလျှင် (၆၀၀) ကျပ်နှင့် မင်းကွက်သီးအကြီး (၁)လုံးလျှင် (၁၀၀၀) ကျပ် ဖြင့်ရောင်းချပြီး သခွားမွေးသီး အလုံးကြီး တစ်လုံးလျှင် (၂၅၀၀၊၄၅၀၀) ကျပ်၊ သခွားမွေးသီး အလုံးလတ်တစ်လုံးလျှင် (၂၅၀၀၊ ၃၀၀၀) ကျပ်၊ သခွားမွေးသီး အလုံးသေး တစ်လုံးလျှင် (၈၀၀၊၁၀၀၀) ကျပ် နှုန်းဖြင့်  ရောင်းချလျက်ရှိရာ လူကြီးလူငယ်မရွေး ကြိုက် နှစ်သက်သည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါ သည်။

DOCA(စစ်ကိုင်း)

 

“ထောပတ်သီးများလှိုင်လှိုင်ဝင်ရောက်”

       ကျောက်ဆည်ခရိုင်အတွင်းရှိ အေးမြကြည်လင်ဈေးနှင့် မြို့မဈေးများသို့ ထောပတ်သီးများ လှိုင်လှိုင်ဝင်ရောက်လျက်ရှိပြီး ရှမ်းပြည်၊အောင်ပန်း၊ပင်းတယနှင့် ရွာငံရေဦး မြို့များမှထွက်ရှိသည့် ဒေသမျိုးထောပတ်သီးများ အများဆုံးဝင် ရောက်လျက်ရှိပါသည် ။ မြန်မာနိုင်ငံ သစ်သီးဝလံနှင့် ပန်းမာန်မှာဆိုလျှင် ထောပတ်သီး အမျိုးအစားသည်လည်း နေရာတစ်ခုရလာကာ လူအများ စားသုံးကြသည်ကိုတွေ့ရှိရကြောင်း၊မိရိုးဖလာမျိုးဖြစ်သည့်မြောက်ကျွန်းသူထောပတ်မျိုးလည်းရှိသလို၊ နိုင်ငံခြားမျိုးဖြစ်သည့် Pinkerton၊ Hass တို့သည် နာမည်ကြီး လူကြိုက်များပြီး အခြား နိုင်ငံခြားမျိုးများစွာလည်းရှိပြီး စျေးကွက်အတွင်း မိရိုးဖလာဖြစ်သည့် မြောက်ကျွန်းသူ ထောပတ် မျိုးများ အများဆုံးဝင်ရောက်လျက်ရှိကြောင်း ၊ ထောပတ်သီးတွင် ပိုတက်ဆီယမ်၊ ဗီတာမင် C ဗီတာမင် E ၊ အမျှင်ဓာတ် နှင့် သကြားဓာတ် အာဟာများစွာပါဝင်ကြောင်း၊ ထောပတ်သီးကို စားသုံးခြင်းဖြင့် ရောင်ရမ်းမှုကိုသက်သာစေခြင်း၊ သွေးတွင်း ကိုလက်စထရောကျဆင်းစေခြင်း၊ သွေးတွင်းသကြား ဓါတ်ကိုထိန်းညှိပေးခြင်း ၊ သွေးပေါင်ချိန်ကို ထိန်းညှိပေးခြင်း ၊ အမြင်အာရုံ ကောင်းမွန်စေခြင်း ကိုယ်ခံအားစနစ် ကောင်းမွန်စေခြင်း နှင့် အစာကြေစေခြင်းစသည့် အကျိုးကျေးဇူးများစွာရှိကြောင်း ထောပတ်သီး အကြီးတစ်လုံးလျှင် (၁၅၀၀/-) ကျပ် ၊ အလတ် တစ်လုံးလျှင် (၁၀၀၀/-) ကျပ်၊ အသေးတစ်လုံးလျှင် (၇၀၀/-) ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

 

ကျွန်းလှမြို့နယ်အတွင်း သင်္ဘောသီးစိမ်း ဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်လျက်ရှိကြောင်းသိရပါ သည်။ စိုက်ပျိုးလျက်ရှိသော  ရာသီပေါ် သီးနှံများနှင့် နှစ်ရှည်သီးနှံများဖြစ်သည့် ဩဇာသီး၊ ငှက်ပျော သီး၊ ဂွေးသီး၊ ဇီးဖြူသီး၊ မန်ကျည်းသီး၊ ရုံးပတီသိး၊ ခရမ်းသီး၊ ခရမ်းချဉ်သီး၊ ပဲတောင့်ရှည်သီး၊ ပဲလင်းမြွေသီး နှင့် အုန်းသီး စသည့်သီးနှံများကို စိုက်ပျိုးကြသည့်အပြင် သင်္ဘောသီးစိမ်းများကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက်ရောင်းချကြကြောင်း သိရှိရသည်။

          ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ပထမပတ်အတွင်း ရောင်းချလျက်ရှိသော သင်္ဘောသီးစိမ်း ဈေးနှုန်းအနေဖြင့် သင်္ဘောသီးစိမ်း()ပိဿာလျှင်(၁၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး သင်္ဘောသီးစိမ်းကို အသုပ်ဆိုင်များ၊ သင်္ဘောသီးအထောင်း ဆိုင်များနှင့် မုံညှင်းချဉ်သည်များမှ အသုံးပြုသည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရာသီစာမှိုဥနက်ဈေးနှုန်းများ

          တစ်နှစ်တွင် တစ်ခါသာ ပေါ်လေ့ရှိသည့် ရာသီစာမှိုဉနက်သည် မိုးရာသီကုန်ပြီး ဆောင်းရာသီ စတင်ဝင်သည့်အချိန်တွင် မှိုများပေါက်ရောက်ကြောင်း၊ အချို့သောသူများမှာ မှိုပေါက်သည့် အချိန် ကို မိမိတို့အမှတ်အသားများဖြင့် မှတ်သားထားကြောင်း၊ သစ်ပင်၏ အပင်ခြေရင်းများရှိ သစ်ရွက် ခြောက်/သစ်ရွက်ဆွေးများတွင်လည်းကောင်း၊ မြေလွတ်/မြေရိုင်းများတွင်လည်းကောင်း၊ မိမိတို့ နေ ထိုင်သည့် ခြံဝင်းများဘေးပတ်လည်ရှိ ခြံစည်းရိုးများတွင်လည်းကောင်း သဘာဝအလျောက် နေရာ အနှံအပြား ပေါက်ရောက်လျက်ရှိပါသည်။

          ယခုနှစ်သည် မိုးများစွာ ရွာသွန်းသော်လည်း မှိုများမှာ ပုံမှန်ထွက်ရှိပြီး မှိုများ အများအပြားပေါက်ကြောင်း ၊ ရာသီစာ မှိုဉနက်ရှာဖွေရာတွင် နှစ်ယောက်ခြင်း (သို့မဟုတ်) အဖွဲ့ လိုက်ရှာ‌ဖွေကြကြောင်း၊ ရရှိလာသည့် မှိုများကို မြေကြီးများပြောင်အောင် ဓားဖြင့်ခြစ်ပြီး သန့်ရှင်းအောင်ပြုလုပ်၍ ရောင်းပန်းလှအောင် ရောင်းချရကြောင်း၊  မှိုဉနက်များကို အိမ်တွင် စားသုံးခြင်း၊ မိတ်ဆွေများကို လက်ဆောင်ပေးခြင်းများ ပြုလုပ်ကြကြောင်း၊ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ (ပထမ)ပတ်တွင် ဖြစ်ပေါ်နေသော မှိုဉနက်ဈေးနှုန်းများမှာ အရွယ်အစားအပေါ်မူတည်၍ မှိုအဖူးအငုံ(၁)ပိဿာလျှင် (၃၀၀၀ဝိ/-) ကျပ်နှင့် မှိုအပွင့်(၁)ပိဿာလျှင် (၂၅၀၀ဝိ/-) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ သဘာဝအလျောက်ထွက်ရှိသည့် ရာသီစာ မှိုဉနက်များကိုရှာဖွေရောင်းချခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း