Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့၏ ပန်းသစ်တော်သီး နှင့် ပန်းသီး ဈေးနှုန်း

           ကျွန်းလှမြို့တွင် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ စပျစ်သီး၊ သင်္ဘောသီး၊ ဖရဲသီး၊ ဩဇာသီး၊ သခွားမွှေးသီး၊ ကျောက်သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ မင်းဂွတ်သီး၊  ဒညှင်းသီး  နှင့် ဖရဲသီးများကို  ရောင်းချလျက်ရှိကြောင်းသိရ သည်။

          ၂၀၂၅ ခုနှစ်၊ ယခု စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ပန်းသစ် တော်သီး ဈေးနှုန်းများမှာ ပန်းသစ်တော်သီး အကြီး(၁)လုံးလျှင်(၄၀၀၀)ကျပ်၊ အသေး(၁)လုံး လျှင်(၃၅၀၀)ကျပ်၊ ငွေကျပ်(၁၀၀၀၀)ဖိုး(၃)လုံး ဈေးနှုန်း တို့ဖြင့်လည်းကောင်း၊ ပန်းသီး ဈေးနှုန်းများမှာ ပန်းသီး အကြီး(၁)လုံးလျှင်(၂၅၀၀)ကျပ်၊ ငွေကျပ်(၁၀၀၀၀)ဖိုး(၄)လုံး၊ အလတ်(၁)လုံးလျှင်(၂၀၀၀)ကျပ်၊ ငွေကျပ်(၁၀၀၀၀)ဖိုးလျှင်(၅)လုံး နှင့် အသေး(၁)လုံးလျှင်(၁၇၀၀)ကျပ်၊ ငွေကျပ်(၁၀၀၀၀)ဖိုးလျှင်(၆)လုံး ဈေးနှုန်းတို့ဖြင့်‌ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင် ရောင်းချနေသော ကျောက်ဖရုံသီးနှင့် ရွှေဖရုံသီးဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မန်ကျည်းပင်ဈေးအတွင်းတွင် ကျောက်ဖရုံသီးနှင့် ရွှေဖရုံသီးများ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ကုန်စိမ်းသီးနှံမျိုးစုံကို ရောင်းချသည့် အလုပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုရာမှ ကျောက်ဖရုံသီးနှင့်ရွှေဖရုံသီးကို မိမိတို့‌ ဒေသတွင်း ထွက်ရှိသည့်သီးနှံများကိုရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ဒုတိယအပတ်အတွင်း ဖြစ်ပေါ်နေသော ရွှေဖရုံသီး ဈေးနှုန်းများမှာ အလုံးကြီးတစ်လုံးလျှင် (၂၀၀၀)ကျပ် နှင့် အလုံးသေးတစ်လုံးလျှင် (၉၀၀)ကျပ်၊  ကျောက်ဖရုံသီး ဈေးနှုန်းအနေဖြင့် အကြီးတစ်လုံးလျှင် (၄၀၀၀)ကျပ်၊ ကျောက်ဖရုံသီး သေးတစ်လုံးလျှင်(၂၅၀၀)ကျပ် နှင့် ကျောက်ဖရုံသီး တစ်စိတ်လျှင် (၁၀၀၀)ကျပ် ဈေးနှုန်း တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းသီးနှံမျိုးစုံ ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင်  ဈေးနှုန်းမြင့်တက်လာသော နေကြာစေ့လှော်

               ကျွန်းလှမြို့တွင်  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် နေကြာစေ့များကို ရွှေဘိုမြို့နှင့်မန္တလေးမြို့ တို့မှ မှာယူရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း ကျွန်းလှမြို့ ကုန်မျိုးစုံ ရောင်းချသည့် ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော နေကြာစေ့လှော် ဈေးနှုန်းအနေဖြင့် နေကြာစေ့လှော်(ရိုးရိုး)လက်က္ကား တစ်ပြည်လျှင်(၉၇၀၀)ကျပ်၊ နေကြာစေ့လှော်(ရိုးရိုး)လက်လီ တစ်ပြည်လျှင်(၁၀၄၀၀)ကျပ်၊ နို့ဆီဘူး ()ဘူး လျှင်(၅၂၀၀)ကျပ်၊ နို့ဆီဘူး(၁)ဘူးလျှင်(၁၃၀၀)ကျပ် နှင့် နေကြာစေ့လှော် (သစ်ကြားသီးအနံ့) တစ်ပြည် လျှင်(၁၂၀၀၀)ကျပ်၊ နို့ဆီ(၄)ဘူးလျှင်(၆၀၀၀)ကျပ်၊ နို့ဆီဘူး(၁)ဘူးလျှင် (၁၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိသောကြောင့် ယခင်အပတ်ထက် နေကြာစေ့လှော်(ရိုးရိုး) တစ်ပြည်လျှင် (၈၀၀)ကျပ် ဈေးနှုန်း ဖြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း   သိရသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင် ရောင်းချနေသော ဂျပန်ပျားလိမ္မော်သီးနှင့် ကဗ္ဗလာသီး ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မန်ကျည်းပင်ဈေးအတွင်းတွင် ဂျပန်ပျားလိမ္မော်သီးနှင့် ကဗလာသီးများ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ဂျပန်ပျားလိမ္မော်သီးနှင့် ကဗလာသီးတို့သည် အေး၍စိုစွတ်သော ရာသီဥတုကို ကြိုက်နှစ်သက်သဖြင့် အေးမြသော ရာသီဥတုရှိသည့် ရှမ်းပြည်နယ်တွင် အများဆုံးဖြစ်ထွန်းသော သီးနှံဖြစ်ကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ် ၊ အောက်တိုဘာလ ဒုတိယအပတ်အတွင်း မုံရွာမြို့ မန်ကျည်းပင်ဈေး ရှိ  သစ်သီး ဆိုင်များတွင် ဂျပန်ပျားလိမ္မော်သီးဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ် ၊  ကဗလာသီးဈေးနှုန်းမှာ တစ်ပိဿာလျှင် (၆၀၀၀) ကျပ် နှုန်းဖြင့်  ရောင်းချလျက်ရှိရာ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရာသီချိန်ကုန်၍ ရှားပါးလာသည့် နာနတ်သီး နှင့် ထောပတ်သီး ဈေးနှုန်း

           ကျွန်းလှမြို့တွင် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ စပျစ်သီး၊ သင်္ဘောသီး၊ ဖရဲသီး၊ ဩဇာသီး၊ သခွားမွှေးသီး၊ ကျောက်သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ မင်းဂွတ်သီး၊  ဒညှင်းသီး  နှင့် ဖရဲသီးများကို  ရောင်းချလျက်ရှိကြောင်းသိရ သည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ နာနတ်သီ ဈေးနှုန်းများမှာ နာနတ်သီး အကြီး(၁)လုံးလျှင်(၇၅၀၀)ကျပ်၊ အသေး(၁)လုံးလျှင်(၇၀၀၀)ကျပ်ဈေးနှုန်း တို့ဖြင့်လည်းကောင်း အလားတူပင် ထောပတ်သီး ဈေးနှုန်းများမှာ ထောပတ်သီး အကြီး(၁)လုံးလျှင် (၂၀၀၀)ကျပ်၊ ငွေကျပ်(၅၀၀၀)ဖိုးလျှင်(၃)လုံး နှင့် အသေး(၁)လုံးလျှင်(၁၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့်‌ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော ဒေသထွက် နဂါးမောက်သီး နှင့် သင်္ဘောသီးမှည့် ဈေးနှုန်း

              ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိ ရာ နှစ်ရှည်သီးနှံဖြစ်သည့် သရက်သီးပင်၊ နဂါးမောက်သီးပင်၊ ပိန္နဲသီးပင်၊ မန်ကျည်းသီးပင်၊ သင်္ဘောသီး မှည့် နှင့် မာလကာသီးပင်များကိုလည်း မိမိတို့ နေအိမ် ခြံစည်းရိုးများနှင့် တောင်ယာများထဲတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး နဂါးမောက်သီး နှင့် သင်္ဘောသီးများကို မန်ကျည်းအင်းကျေးရွာ၊ အင်းကောင်းကျေးရွာ၊ ရှမ်းစုကျေးရွာ နှင့် မြို့ပေါ်ရပ်ကွက်များမှ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ နဂါးမောက်သီး ဈေးနှုန်းများမှာ နဂါးမောက်သီး  အကြီး တစ်လုံးလျှင်(၂၀၀၀)ကျပ်၊  အသေး တစ်လုံးလျှင် (၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး အလားတူပင် သင်္ဘောသီးမှည့် ဈေးနှုန်းများမှာ သင်္ဘောသီးမှည့် အကြီး တစ်လုံးလျှင်(၄၀၀၀)ကျပ် နှင့် အသေး တစ်လုံးလျှင်(၃၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း  ယခင်အပတ်ထက် သင်္ဘောသီးမှည့် ဈေးနှုန်း အနည်းငယ် ကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သီးနှံမျိုးစုံထဲမှ ဖရဲသီး၊ ဩဇာသီး၊ နဂါးမောက်သီး၊ ငှက်ပျောသီး နှင့် မာလကာသီးတို့ကို မိမိတို့ ဒေသထွက် နှင့် အခြားသစ်သီးများကိုမူ မြစ်ကြီးနားမြို့တို့မှ မှာယူ ရောင်းချလျက်ရှိကြောင်း သစ်ရာမြိုင်ဈေးတိုက်တန်းတွင် သစ်သီးမျိုးစုံ ရောင်းချနေသော ဈေးသည် ထံမှ သိရသည်။

DOCA(စစ်ကိုင်း)

မန်ကျည်းရွက်ဈေးနှုန်းဈေးကွက်

         မန်ကျည်းပင်သည် နွေရာသီဆိုလျှင် အေးမြသည့်အရိပ်ကိုပေးနိုင်ပါသည်။ နွေနေပူမှာ မန်ကျည်းရိပ်အေးအေးလေးတွင်ထိုင်ပြီး အကြမ်းရည်သောက်၍ အညာဓလေ့အတိုင်း ထန်းလျက်လေးစားပြီး စကားပြောကြသည်မှာ အညာဒေသ၏ချစ်စရာဓလေ့တစ်ခုဖြစ်ပါသည်။ မန်ကျည်းပင်သည် အရွက်၊ အသီး၊ အခေါက်၊ အစေ့၊ တစ်ပင်လုံးနီးပါး အသုံးဝင်ပါသည်။ ယခုအခါ နွေရာသီသို့ ရောက်ရှိလာသည့်အတွက် ရာသီစာတစ်ခုအနေဖြင့် မန်ကျည်းရွက်နုနုကို ကြက်သွန်စိမ်း၊ ပုဇွန် ခြောက်၊ မြေပဲမှုန့်၊ ဆီစိမ်း၊ အချို၊ အငန် အရသာထည့်ပြီး သုပ်စားကြသလို ချဉ်ရည်ဟင်း ချက်စားကြသည်များလည်း ရှိပါသည်။ မန်ကျည်းရွက်တွင် ဗီတာမင်အေ၊ ဗီတာမင်စီ၊ ကယ်လ်ဆီယမ်၊ သံဓာတ်၊ အမျှင်ဓာတ်၊ ပိုတက်ဆီယမ်စသည့်  အာဟာရဓာတ်များစွာ ပါဝင်ပါသည်။မြင်းခြံမြို့၊ အေးမြသီတာဈေး တွင်ရောင်းချသည့် မန်ကျည်းရွက် ဈေးနှုန်းများအနေဖြင့် (၁၀)ကျပ်သားလျှင် (၁၅၀၀)ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော တောင်ဘို့မှို နှင့် ငှက်စွတ်မှို ဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကို လုပ်ကိုင် ပြီး အသက်မွေးဝမ်းကြောင်းပြုကြသူများရှိသလို တောတောင်ကို အမှီပြုပြီး သပြေပန်းချိုးရောင်း ခြင်း၊ မျှစ်ချိုရောင်းခြင်း၊ မှိုရှာရောင်းခြင်း၊ အသီးအရွက်ခူးရောင်းခြင်း၊ အင်ဖက်ခူးရောင်းခြင်းနှင် ပျားရှာသည့်လုပ်ငန်းတို့ကိုလည်း လုပ်ကိုင်ပြီး သဘာဝအရပေါက်ရောက်သည့် တောမှို၊ တောင်ဘို့မှိုတို့ကို လိုက်ရှာပြီး ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးတွင် လာရောက် ရောင်းချလျက် ရှိကြောင်း သိရသည်။

           ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း ကျွန်းလှမြို့၌ ရောင်းချလျက်ရှိသော  တောင်ဘို့မှို ဈေးနှုန်းများမှာ တောင်ဘို့မှို တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ (၅၀)ကျပ် သားလျှင်(၁၀၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၅၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း ၊ ငှက်စွတ်မှိုဈေးနှုန်းအနေဖြင့် ငှက်စွတ်မှို တစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၁၂၅၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၆၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး ရာသီစာဖြစ်သည့်အတွက် ဈေးကောင်းသော်လည်း လူကြိုက်များပြီး အရောင်း အဝယ်ကောင်းလျက် ရှိကြောင်း  သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော ပျားလိမ္မော်သီး နှင့် တည်သီး ဈေးနှုန်း

            ကျွန်းလှမြို့တွင် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ စပျစ်သီး၊ သင်္ဘောသီး၊ ပျားလိမ္မော်သီး၊ ဖရဲသီး၊ ဩဇာသီး၊ သခွားမွှေးသီး၊ ကျောက်သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ မင်းဂွတ်သီး၊  ဒညှင်းသီး  နှင့် ဖရဲသီးများကို  ရောင်းချလျက်ရှိကြောင်း သိရ သည်။

            ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း ဖသော ကျွန်းလှမြို့၏ တည်သီး ဈေးနှုန်းများမှာ တည်သီး အကြီး တစ်လုံးလျှင်(၂၅၀၀)ကျပ်၊ ငွေကျပ်(၁၀၀၀၀)ဖိုး(၄)လုံး နှင့်  အလတ် တစ်လုံးလျှင်(၂၀၀၀)ကျပ်၊ ငွေကျပ်(၁၀၀၀၀)ဖိုး(၅)လုံး အသေး တစ်လုံးလျှင်(၁၇၀၀)ကျပ်၊ ငွေကျပ် (၁၀၀၀၀)ဖိုး(၆)လုံးတို့ဖြင့် ရောင်းချလျက်ရှိပြီး အလားတူပင် ပျားလိမ္မော်သီး ဈေးနှုန်းများမှာ ပျားလိမ္မော်သီး တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၀၀၀၀)ကျပ် နှင့် (၂၅)ကျပ်သား လျှင်(၅၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သီးနှံမျိုးစုံထဲမှ ဖရဲသီး၊ ဩဇာသီး၊ နဂါးမောက်သီး၊ ငှက်ပျောသီး နှင့် မာလကာသီးတို့ကို မိမိတို့ ဒေသထွက် နှင့် အခြားသစ်သီးများကိုမူ မြစ်ကြီးနားမြို့၊ မန္တလေးမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သစ်ရာမြိုင် ဈေးတိုက်တန်းတွင် သစ်သီးမျိုးစုံ ရောင်းချနေသော ဈေးသည် ထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော  ငါးရံ့ နှင့် ငါးရံ့ခြောက် ဈေးနှုန်း

                            ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း ငါးဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ ငါးရံ့ နှင့် ငါးရံ့ခြောက်ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

         ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ နောက်ဆုံးပတ်တွင် ကျွန်းလှမြို့နယ်အတွင်း ရောင်းချနေသော ငါးရံ့ ဈေးနှုန်းများမှာ ငါးရံ့ အကြီး တစ်ပိဿာလျှင်(၃၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၅၀၀၀)ကျပ် ငါးရံ့(အသေး)တစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၂၅၀၀)ကျပ် ဈေးနှုန်းဖြင့် လည်း ကောင်း၊ ငါးရံ့ခြောက် ဈေးနှုန်းများမှာ ငါးရံ့ခြောက် အကြီး လက်လီဈေး တစ်ပိဿာလျှင် (၈၅၀၀၀)ကျပ်၊ ငါးရံ့ခြောက်(၅၀)ကျပ်သားလျှင်(၄၃၀၀၀)ကျပ်၊ ငါးရံ့ခြောက်(အ‌သေး)လက်လီဈေး တစ်ပိဿာလျှင်(၆၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၃၃၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ် လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း