Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့နယ်၌ ဆီနေကြာသီးနှံဈေးနှုန်း ပြန်လည်မြင့်တက်

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ ကြက်ဆူနှင့် နေကြာသီးနှံတို့ကို စိုက်ပျိုးလျက်ရှိကြောင်း၊ ဆီနေကြာစိုက်ပျိုးရာတွင် မိုးနေကြာနှင့် ဆောင်းနေကြာဟူ၍ (၂)မျိုးရှိကြောင်း၊ ကန့်ဘလူမြို့နယ်၌ စိုက်ပျိုးလျက်ရှိသည့် နေကြာမျိုးအနေဖြင့် ဆင်းရွှေကြာ-၂မျိုးကို အများဆုံးစိုက်ပျိုးကြောင်း၊ သွင်းအားစုနှင့် မြေအနေ အထားအပေါ်မူတည်၍ နေကြာအထွက်နှုန်း ကွာခြားမှုရှိကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်အတွင်း ဆီနေကြာတစ်တင်းလျှင် (၅၅၀၀၀)ကျပ်၊ နေကြာညံ့လျှင် (၅၄၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ အောက်တိုဘာ လပထမပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ဆီနေကြာတစ်တင်းလျှင် (၂၀၀၀)ကျပ် ဈေးနှုန်းမြင့်တက်လာကြောင်း၊ ကန့်ဘလူမြို့နယ်တွင် နေကြာသီးနှံကိုဆီကြိတ်၍ ကုန်ချောထုတ် လုပ်ပြီး ပိုလျှံသောနေကြာသီးနှံများကို ရွှေဘိုမြို့နှင့် မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့လျက်ရှိကြောင်း ဒေသတွင်းပွဲရုံ လုပ်ငန်းများထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

 

အောက်တိုဘာလဒုတိယပတ်ရှိမန္တလေးစပျစ်သီးပေါက်စျေး

   မန္တလေးသစ်သီးစျေးကွက်သို့  မိုးနှောင်းရာသီးချိန်အတွင်း စပျစ်သီးဝင်ရောက်မှု လျော့နည်း လာသည့်အတွက် စျေးအနည်း ငယ်တက်သွားကြောင်းသိရပါသည်။   ၂၀၂၄-၂၀၂၅   ခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီးအတွင်း စပျစ်သီးစိုက်ပျိုးမှု ၃၇၀၅ ဧက၊ရိတ်သိမ်းမှု  ၃၆၅၇ ဧက၊အထွက်နှုန်း  ၅၅၃၉.၄၉ နှင့်အထွက်စုစုပေါင်း ၂၀၂၅၇၉၁၇ တင်းဖြစ်ကြောင်း သိရှိရပါသည်။၂၀၂၅ ခုနှစ်အောက်တို ဘာလဒုတိယပတ်အတွင်း  စပျစ်သီး‌စျေး တစ်ပိဿာလျှင် စပျစ်သီးအလုံးဝိုင်း (ကြီး)  ၁၅၀၀၀  ကျပ်   နှင့်၁၈၀၀၀ကျပ်၊စပျစ်သီးအချွန်မျိုး ၁၀၀၀ဝကျပ် နှင့်၁၁၀၀၀ ကျပ်၊စပျစ်သီး (လုံးသေး) ၈၀၀၀ ကျပ် နှင့် ၉၅၀၀ ကျပ် စျေးတို့ဖြင့် ရောင်းချလျက်ရှိပြီး၊ သီတင်းကျွတ်အခါသမယအချိန်တွင် စပျစ်သီးမှာ အရောင်းသွက်လျက်ရှိကြောင်း မန္တလေးစျေးချိုရှိ သစ်သီးရောင်းချ သူတစ်ဦးထံမှသိရပါသည်။

DOCA(မန္တလေး)

ကန့်ဘလူမြို့နယ်၌ဆီထွက်သီးနှံ နှမ်းနက်၊နှမ်းဖြူဈေးနှုန်းမြင့်တက်လျက်ရှိ

       ကန့်ဘလူခရိုင်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် ကန့်ဘလူမြို့နယ် တောက္ကရှပ်ကျေးရွာ၊ မြေထူးကျေးရွာ၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင် ဆောင်းနှမ်းကိုအဓိက စိုက်ပျိုး ကြောင်း၊ နှမ်းသီးနှံကို ဒေသတွင်း၌ဆီကြိတ်သော်လည်း ပိုလျှံသောသီးနှံများကို ရွှေဘိုမြို့နှင့် မန္တလေးမြို့ရှိပွဲရုံများသို့ အဓိကတင်ပို့ကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်အတွင်း နှမ်းနက်(စမုံ)တစ်တင်းလျှင် (၂၃၂၀၀၀) ကျပ်၊ နှမ်းဖြူ(ဂျပန်)တစ်တင်းလျှင် (၁၀၄၀၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်ပထမပတ် ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း နှမ်းနက်တစ်တင်းလျှင် (၈၀၀၀)ကျပ်ဈေးနှုန်းမြင့်တက်လာကြောင်း ဒေသတွင်းသီးနှံပွဲရုံများထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

 

 

ကန့်ဘလူမြို့နယ်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော ထောပတ်ပဲဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ် ငန်းများကို လုပ်ကိုင်ကြပြီး  သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ထောပတ်ပဲသီးနှံကို စိုက်ပျိုးထားရှိကြောင်း၊ ထောပတ်ပဲသီးနှံကို ကန့်ဘလူမြို့နယ် တောက္ကရှပ်ကျေးရွာ၊ နတ်ပေးကျေးရွာနှင့် အခြား သောကျေးရွာများတွင် စိုက်ပျိုးကြပြီး ကန့်ဘလူမြို့ပေါ်ရှိ  ပွဲရုံများသို့ရောင်းချကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်အတွင်း ထောပတ်ပဲတစ်တင်းလျှင် (၁၃၂၀၀၀) ကျပ်၊ အကွဲအနာပါတစ်တင်းလျှင် (၁၃၁၅၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း၊ အောက်တိုဘာလ ပထမပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ထောပတ်ပဲ တစ်တင်းလျှင်(၇၀၀၀)ကျပ် ဈေးနှုန်းပြန်လည်မြင့်တက်လာကြောင်း၊ ထောပတ်ပဲသီးနှံကို မန္တလေး မြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိပါ သည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့ပဲဈေးကွက်၌ စွန်တာနီ(ပဲနီ)ဈေးနှုန်း ပြန်လည်မြင့်တက်

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် သီးနှံမျိုးစုံစိုက်ပျိုးလျက် ရှိရာ စွန်တာနီ(ပဲနီ)သီးနှံများကို ကန့်ဘလူမြို့နယ် ကံကြီးကုန်းကျေးရွာ၊ တောက္ကရှပ်ကျေးရွာနှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးလျက်ရှိပြီး မိုးသီးနှံ စွန်တာနီ(ပဲနီ)(၂၂၀၀)ဧကကျော် စိုက်ပျိုး ထားကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။

      ၂၀၂၅ ခုနှစ် အောက်တိုဘာလ ဒုတိယပတ်အတွင်း စွန်တာနီ(ပဲနီ)တစ်တင်းလျှင် (၁၀၃၀၀၀) ကျပ်၊ အကွဲအနာပါတစ်တင်းလျှင် (၁၀၂၅၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်ပထမပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း စွန်တာနီ(ပဲနီ)တစ်တင်းလျှင် (၄၅၀၀)ကျပ် ဈေးနှုန်းပြန်လည်မြင့်တက်လာကြောင်း ပွဲရုံလုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့သီးနှံဈေးကွက်ရှိ ကြက်ဆူစေ့ဈေးနှုန်း အနည်းငယ်ကျဆင်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိ ရာ ယာကွက်လွတ်များ၌လည်းကောင်း၊ ယာခင်းဘေးပတ်လည်၌လည်းကောင်း၊ ကြဲပက်စနစ်နှင့် တန်းစိုက်စနစ်တို့ဖြင့် ကြက်ဆူသီးနှံကိုစိုက်ပျိုးကြောင်း၊ ကြက်ဆူသီးနှံသည် ကန့်ဘလူမြို့နယ် ကံကြီးကုန်းကျေးရွာ၊ တောက္ကရှပ်ကျေးရွာနှင့် အခြားသောကျေးရွာများတွင်စိုက်ပျိုးပြီး ကန့်ဘလူ မြို့ပေါ်သို့ လာရောက်ရောင်းချကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်အတွင်း  ကြက်ဆူစေ့တစ်တင်းလျှင် (၄၉၀၀၀) ကျပ်၊ ကြက်ဆူစေ့ညံ့လျှင်(၄၈၅၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင် ပထမပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ကြက်ဆူစေ့(၁)တင်းလျှင် (၅၀၀)ကျပ် ဈေးနှုန်းကျဆင်းသွားကြောင်း၊ ကြက်ဆူစေ့များကို မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့တင်ပို့ ရောင်းချကြောင်း ဒေသတွင်းလုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

 ကန့်ဘလူမြို့နယ်၌ ဘိလပ်စေ့သီးနှံဈေးနှုန်း အနည်းငယ်မြင့်တက်

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါးနှင့် ဆီထွက်သီးနှံများ အပြင် ဘိလပ်စေ့သီးနှံကိုလည်း စိုက်ပျိုးကြောင်း၊ ဘိလပ်စေ့ကို ယာကွက်လွတ်များ၌လည်းကောင်း၊ ယာခင်းဘေး ပတ်လည်၌လည်းကောင်း၊ ကြဲပက်စနစ်နှင့် တန်းစိုက်စနစ်တို့ဖြင့် စိုက်ပျိုးကြကြောင်း၊ ကန့်ဘလူမြို့နယ် ကံကြီးကုန်းကျေးရွာ၊ တောက္ကရှပ်ကျေးရွာနှင့် အခြားသောကျေးရွာ များမှဝင်ရောက်လျက်ရှိပြီး ဘိလပ်စေ့သည် စိုက်ပျိုးရလွယ်ကူပြီး ဈေးကောင်းရသဖြင့် စိုက်ပျိုးသူ များ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်အတွင်း ဘိလပ်စေ့တစ်တင်းလျှင် (၆၈၅၀၀)ကျပ်၊ ဘိလပ်စေ့ညံ့လျှင် (၆၈၀၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်ပထမ ပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုဒုတိယပတ်အတွင်း ဘိလပ်စေ့တစ်တင်းလျှင် (၅၀၀)ကျပ် ဈေးနှုန်းမြင့်တက်လာကြောင်း  သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

 

          ကန့်ဘလူမြို့ပဲဈေးကွက်ရှိ ကုလားပဲမျိုးစုံဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ကုလားပဲသီး နှံများကို မှော်တော်ကျေးရွာ၊ မြေထူးကျေးရွာနှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးကြောင်း၊ ကုလားပဲကို ဆောင်းရာသီ၌ အများဆုံးစိုက်ပျိုးကြောင်း သီးနှံစိုက်ပျိုးမှုစာရင်းများအရ သိရသည်။

    ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့နယ်၌ ကုလားပဲထိုင်ဝမ် တစ်တင်းလျှင် (၆၇၀၀၀)ကျပ်၊ (929)တစ်တင်းလျှင် (၇၀၅၀၀)ကျပ်၊ (V2)တစ်တင်းလျှင် (၇၂၅၀၀) ကျပ်နှင့် (V7)တစ်တင်းလျှင် (၇၁၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်ပထမပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ကုလားပဲဈေးနှုန်းများ ပြန်လည် မြင့်တက်လာကြောင်း ကန့်ဘလူမြို့နယ်မှ ထွက်ရှိသည့်ကုလားပဲများကို မန္တလေးမြို့ရှိပွဲရုံများနှင့် ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း ဒေသတွင် သီးနှံပွဲရုံများထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

                                               

ကန့်ဘလူမြို့နယ်ဆီကိုယ်စားလှယ်၏ စားအုန်းဆီကားရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေး

   စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်း သန်းသည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၈ ရက် နံနက်ပိုင်းတွင် ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ်၏မန္တလေးမြို့ရှိ စားအုန်းဆီကုမ္ပဏီမှ ခွဲတမ်းရစားသုံးဆီ(၄၅)ပေပါ(သို့) (၄၉၅၀)ပိဿာရောက် ရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ်က ခွဲတမ်းရရှိလာ သောစားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်နှင့် ၂%အမြတ်တို့ဖြင့် စားအုန်းဆီလက်လီ/လက္ကားဆိုင်များသို့ ဖြန့်ခွဲရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီဆိုင်များမှ စားသုံးသူပြည်သူများသို့ ၂%အမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ခွဲတမ်းရရှိ သောစားအုန်းဆီ လက်လီ/လက္ကားကိုယ်စားလှယ်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)       

 

ရာသီစာသီးမွှေးငှက်ပျောသီးစျေးကွက်

   မန္တလေးစျေးကွက်အတွင်း  ရာသီစာသီးမွှေးငှက်‌ပျောသီးများ အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ် ငှက်ပျောသီးစိုက်ပျိုးမှု ၁၃၂၃၀ ဧက၊ ရိတ်သိမ်းမှု ၁၂၈၃၅ ဧက၊အထွက်နှုန်း ၁၀၅၅.၈၂ နှင့် အထွက်တင်း ၁၃၅၅၁၄၄၀ တင်းဖြစ်ကြောင်း သိရှိရ ပါသည်။ ဖီးကြမ်း၊ သီးမွှေး၊ရခိုင်၊ငှက်ပျောချဉ်နှင့်ရွှေနီငှက်ပျောသီးတို့မှာ စျေးကွက်အတွင်း အများဆုံးတွေ့ရှိရပါသည်။မတ္တရာမြို့နယ်တွင်စိုက်ပျိုးသည့်ငှက်ပျောသီးမှာအခွံထူပြီး၊ အရသာမှာ အချိုဓါတ်အနည်းငယ်လျော့ကြောင်းနှင့် ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးသည့်ငှက်ပျောသီးမှာ အခွံပါးပြီး၊ အချိုဓါတ်များကြောင်း သိရှိရပါသည်။ ဖီးကြမ်း၊ သီးမွှေးနှင့် ရခိုင်ငှက်ပျောသီးများကို ဘုရားပွဲနှင့်မိရိုးဖလာပွဲများတွင် သုံးစွဲမှုများပြီး၊ကန်တော့ပွဲတစ်ပွဲတွင်အုန်းသီးတစ်လုံးနှင့်သုံးစွဲသည့် ငှက်ပျောခိုင်အရေအတွက်အလိုက်၊ အလုံး အရွယ်အစားအလိုက်စျေးနှုန်းအမျိုးမျိုး ရောင်းချကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ် အောက်တိုဘာလဒုတိယပတ်အတွင်း ငှက်ပျောဖီးစျေးနှုန်းများအနေဖြင့် တစ်ဖီးလှျင် ဖီးကြမ်း (အစိမ်း) ၂၀၀ဝိ/- နှင့် ၃၅၀ဝိ/- ၊ဖီးကြမ်း (အမှည့်) ၁၅၀ဝိ/- နှင့် ၃၀၀ဝိ/-၊ သီးမွှေးငှက်ပျောသီးမှာ ၁၅၀ဝိ/-နှင့် ၂၅၀ဝိ/-၊ (တောင်ငူသီး) ၄၀၀ဝိ/-နှင့် ၅၅၀ဝိ/-၊ရခိုင်ငှက်ပျော သီးနှင့်ငှက်ပျောချဉ်သီးမှာ ၁၅၀ဝ/- နှင့်၂၀၀ဝိ/-၊ ရွှေနီငှက်ပျောသီး(တောင်ငူသီး)မှာ ၅၀၀ဝိ/- နှင့် ၈၀၀ဝိ/- စျေးတို့ဖြင့် ရောင်းချလျှက်ရှိပြီး၊ ရာသီစာ သီးမွှေးငှက်ပျောသီးမှာ အရောင်းသွက်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း