Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြည်မြို့နယ်ရှိ အရောင်းသွက်တဲ့ ပဲပြားဈေးကွက်

   ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့ပေါ်ရှိ ဈေးများတွင် ပဲပြားများရောင်းချနေကြောင်း သိရသည်။ ပြည်မြို့အတွင်းရှိ ဟင်းသီးဟင်းရွက်ရောင်းချသည့် ဈေးဆိုင်များတွင် ဟင်းသီးဟင်းရွက်အပြင် ပဲပင်ပေါက်နှင့် ပဲပြား သည်လည်း မပါမဖြစ် တွဲ၍ စားသုံးသော အစားအစာတစ်မျိုးဖြစ်ပါသည်။ ပဲပြားသည် သတ်သတ်လွတ်စားသုံးသူများ အတွက် အသားဓါတ်တွေကို ပဲပြားကနေရနိုင်ပြီး ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ ဗီတာမင်ချို့တဲ့မသွားအောင် ပဲပြားကို စားသုံးကြတာဖြစ်ပါတယ်။ ပဲပြားကို ကြော်ပြီး အစာသွပ်စားခြင်းဟာ မြန်မာတို့အတွက် နှစ်ကြိုက်လှတဲ့ သရေစာ တစ်မျိုးဖြစ်ပါသည်။ ပဲပြားကို အစိမ်းချက်စားကြသလို ကြော်ပြီးလည်း ချက်စားကြပါတယ်။ ဒါ့အပြင်  ဟင်းချိုတွေနဲ့ တစ်ချို့ ဟင်းလျာတွေမှာ တွဲဖက်ပါဝင်ပစ္စည်းအဖြစ် အသုံးပြုကြသည်။ ပဲပြားကို ကြော်ပြီးစားသုံးကြသလို သုပ်၍လည်း စားသုံးကြသည်။

    ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ၊ ဒုတိယပတ်တွင် ရောင်းချလျက်ရှိသော ပဲပြားဈေးနှုန်းများမှာ ပဲပြား(၂)တုံးတစ်တွဲလျှင် (၉၀၀)ကျပ်ဖြင့် ရောင်းချပြီး တစ်တုံးလျှင် (၅၀၀)ကျပ်ဖြင့် ရောင်းချကြောင်းသိရသည်။

DOCA(ပဲခူး)

ပဲစောင်းလျားသီးစျေးနှုန်း/စျေးကွက်

    ထားဝယ်မြို့၊စည်ပင်သာယာစျေးအတွင်းတွင် ပဲစောင်းလျားသီးများ ရောင်းချလျက်ရှိပါသည်။ အသီးများကို အနီးနာကျေးရွာအတွင်းရှိ ခြံစိုက်ပျိုးသူများက လာရောက်‌ ရောင်းချလျက်ရှိပါသည်။ ယခု အချိန်သည် ဒေသထွက် ပဲစောင်းလျားသီးများလှိုင်လှိုင် ထွက်ချိန်ဖြစ်၍ ပေါများစွာဝယ်ယူရရှိနိုင်ပါသည်။ အကြီးအသေးပေါ်မူတည်၍ စျေး အနည်းငယ်ကွာခြားပါသည် အကြီး(၁၀)တောင့်လျှင် ၁၀၀၀ကျပ်ဖြစ် ပြီးအလတ်(၁၃) တောင့်လျှင် ၁၀၀၀ကျပ်ဖြစ်ဝယ်ယူ နေရကြောင်းအိမ်ရှင်မ တစ်ဦးထံမှ သိရှိရပါသည်။

DOCA (တနင်္သာရီ)

ပြည်မြို့အတွင်း ရောင်းချနေသော သစ်သီးဝလံဈေးနှုန်းများ

   ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့၊ မြို့သစ်ဈေးတွင် အောက်တိုဘာလ၊ ဒုတိယပတ်တွင် ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ပန်းသီးတစ်လုံးလျှင် (၁၅၀၀)ကျပ်မှ (၂၅၀၀)ကျပ်ထိ၊ ပန်းသစ်တော် (၁)လုံးလျှင် (၃၀၀၀) ကျပ်၊ တောင်ခွေးရဲကျေးရွာမှ ထွက်ရှိသော ငှက်ပျောဖီးကြမ်း တစ်ဖီးလျှင် (၁၅၀၀)ကျပ်မှ (၂၅၀၀)ကျပ်အထိ၊ သီးမွှေး ငှက်ပျောသီး တစ်ဖီးလျှင် (၂၅၀၀)ကျပ်မှ (၅၀၀၀)ကျပ်အထိ မာလကာသီးတစ်လုံးလျှင် (၃၀၀)ကျပ်မှ (၅၀၀)ကျပ်ထိ၊ နဂါးမောက်သီး တစ်လုံးလျှင် (၁၀၀၀)ကျပ်မှ (၂၅၀၀)ကျပ်ထိ၊ လိမ္မော်သီးတစ်လုံးလျှင် (၃၅၀၀)ကျပ်၊ စပျစ်သီး အစေ့လွတ် (၁၀)ကျပ်သားလျှင် (၇၀၀၀)ကျပ်၊ ဖရဲသီးတစ်လုံးလျှင် (၅၀၀၀-၇၀၀၀)ကျပ်၊ မော်လမြိုင်ကျွဲကောသီး တစ်လုံးလျှင် (၃၀၀၀)ကျပ်ထိ အသီးသီးအရောင်းအဝယ်ဖြစ်နေကြောင်း၊ ပြည်မြို့၊ မြို့သစ်ဈေးအတွင်း ရောင်းချ နေသော အသီးဆိုင်မှ သတင်းရရှိပါသည်။

DOCA(ပဲခူး)

ပြည်မြို့ရှိ ရေထဲက ဂျင်စင်း (သို့)ငါးသလဲထိုးငါးဈေးနှုန်း

  ငါးသလဲထိုးငါးသည် ရေချိုငါးစိတ်မျိုးများဖြစ်ကြသည်။ အရောင်မှာ ရွှေဝါရောင်ရှိပြီး အမဲရောင် အစက်အပျောက်များပါရှိသည်။ ငါးသလဲထိုးမှာ အသားနုပြီး အာဟာရဓါတ်အလွန်ပြည့်ဝ သော ရေထွက်ကုန်ဖြစ်၍ ရေထဲက ဂျင်စင်းဟု တင်စားခေါ်ဆိုကြသည်။ ကျန်းမာရေးနှင့်ညီညွတ်ပြီး အရိုးပါမကျန် စားသုံးနိုင်သော ငါးဖြစ်ပါသည်။

    ငါးသလဲထိုးငါးကို ငါးလေးအိုးအပ်ဟင်းအဖြစ် ရှေးယခင်က တောသူတောင်သား အစားအစား အဖြစ်လည်းကောင်း၊ ယခုအချိန်တွင် ရိုးရာအစားအစာအဖြစ် ဟိုတယ်ကြီးများ၊ စားသောက်ဆိုင်ကြီး များတွင် တခမ်းတနား ရောင်းချနေသည်ကို တွေ့ရသည်။

          ပြည်ဈေးကွက်တွင် ငါးသလဲထိုးငါးများ ရောင်းချနေသည်ကို တွေ့ရှိရပါသည်။ ပြည်မြို့၊ မှော်ဇာဘက်မှလာရောက်ရောင်းချကြောင်းသိရသည်။ငါးသလဲထိုးငါးဈေးနှုန်းများမှာ (၁၀)ကျပ်သား လျှင် (၄၀၀၀)ကျပ်ဖြင့် ရောင်းချပြီး (၁)ပိဿာဈေးနှုန်းမျာ (၃၈၀၀၀)ကျပ်ဖြစ်ကြောင်း သိရသည်။

DOCA(ပဲခူး)

ထားဝယ်မြို့ရှိ ပိန်းဥဈေးနှုန်း/ဈေးကွက်

     ရာသီစာဖြစ်သည့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ဒေသထွက် ပိန်းဥကို ထားဝယ်မြို့အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ထားဝယ်မြို့ပေါ်ဈေးများသို့ လာရောက်ရောင်းချကြပါသည်။ ဒေသခံ ပိန်းဥ စိုက်သူများသည်  အပိုဝင်ငွေရရှိရန်အတွက် မိမိတို့၏အိမ်ခြံဝန်းအတွင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်းစိုက်ပျိုးကြသည်။  

       ၂၀၂၅ခုနှစ်၊ အောက်တိုဘာလအတွင်း ပိန်းဥဈေးနှုန်းမှာ အရွယ်အစားအလိုက် တစ်ပိဿာလျှင် (၅၀၀၀)ကျပ်နှင့် အသင့်စားပိန်းဥဈေးနှုန်းမှာ တစ်ပိဿာလျှင်(၈၀၀၀)ကျပ်နှုန်းတို့ဖြင့် ထားဝယ်မြို့ပေါ်ရှိ ဈေးများတွင် ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA (တနင်္သာရီ)

 

ဧရာဝတီတိုင်းဒေသကြီးအတွင်း အမယ်သစ်ယိုးဒယားမျိုး (အုန်းချိုမွေး)စိုက်ပျိုး အောင်မြင်ဖြစ်ထွန်းလျက်ရှိ

          ဧရာဝတီတိုင်းဒေသကြီးအတွင်း ပင်လယ်ကမ်းခြေတလျှောက်နှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် လက်ညှိုးထိုးမလွှဲသော အပင်အများစုမှာ အုန်းပင်ဖြစ်ပြီး ရေငံပိုင်းနှင့် ရေချိုရေငံစပ် ဒေသများတွင် အုန်းပင်ဖြစ်ထွန်းမှုအားကောင်းပြီး ရေချိုပိုင်းတွင် ရေငံပိုင်းလောက်အုန်းပင် ဖြစ်ထွန်းမှုနည်းပါးသော်လည်း မြို့နယ်တိုင်းတွင် အုန်းပင်စိုက်ပျိုးလျက်ရာ အုန်းပင်မှအုန်းသီး၊ အုန်းဆီ၊ အုန်းသားခြောက်၊ အုန်းခွံမီးသွေး၊ အုန်းသီးလက်မှုပစ္စည်းများ အုန်းတံမြက်စည်း၊ အုန်းဆံကြိုး၊ ခြေသုတ်ခုံများ ပြုလုပ်သုံးစွဲလျက်ရှိသည့်အတွက် အုန်းတစ်ပင်လုံးအသုံးဝင်ပြီး မြန်မာ့ရိုးရာအစားအစာများတွင် မပါမဖြစ်ပါဝင်နေသော အုန်းပင်များမှာတိုင်းအတွင်းစိုက်ဧက ၁၆၅၀၀၀ ကျော်ကြောင်းသိရသည်။

          တိုင်းဒေသကြီးအတွင်း စိုက်ပျိုးမြေများစွာရှိပြီး ရေခံမြေခံကောင်းမွန်သည့်အတွက် ဓနုဖြူမြို့နယ် ယင်းဒကစ်ကျေးရွာရှိ ရေနက်ကွင်းတွင် လွန်ခဲ့သော၅နှစ်ခန့်မှစတင်၍ ALLOY Co,.Ltd မှအမယ် သစ်ယိုးဒယားမျိုး(အုန်းချိုမွေး)အုန်းသီးအနုအုန်းစိမ်းရည် အရည်သောက် အုန်းပင်များစတင်စမ်းသပ်စိုက်ပျိုးခဲ့ရာ ရေမြေရာသီဥတုနှင့် ကိုက်ညီမှုရှိပြီး အောင်မြင်ဖြစ်ထွန်းမှုရှိသည့်အတွက် ယခင်က အသုံးမပြုသော ရေနက်ကွင်းမြေကိုစနစ်တကျပြုပြင်၍ ရေတစ်ဘောင်ကုန်း တစ်ဘောင်စိုက်ပျိုး နည်းစနစ်ဖြင့် အုန်းချိုမွေးစိုက်ဧက ၁၈၀ စိုက်ပျိုး ခဲ့ပါသည်။ အုန်းချိုမွေး ၁ဧကအတွက် အပင်ရေ ၉၀စိုက်ပျိုး၍ ၁ပင်ကို၁နှစ် ၁၈ခိုင်ထွက်ရှိပြီး ပျှမ်းမျှ အလုံးရေ ၁၂၆လုံးခန့်သီးကြောင်း ၁ ဧကကို ၁နှစ်အုန်းသီး ၁၁၃၄၀ ဝန်းကျင် ရရှိမှာဖြစ်သလို အုန်းစိုက် ဧက၁၈၀ အုန်းပင် ၁၆၀၀၀ အတွက် ၁နှစ် လျှင်ပျမ်းမျှအုန်းသီး အလုံးရေ သိန်း၂၀ ဝန်းကျင်ရရှိမှာဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ထားဝယ်မြို့ရှိ သံပုရာသီးနှင့် ရှောက်သီးဈေးနှုန်းများ

    တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်တွင် သံပုရာသီးနှင့် ရှောက်သီး များစိုက်ပျိုးထားပြီး ယခုအချိန်တွင် လှိုင်လှိုင်ထွက်ပေါ်နေပြီဖြစ်ကြောင်းသိရပါသည်။ သံပုရာသီး နှင့်ရှောက်သီးများကို နေရာတော်တော်များများတွင် အသုံးပြုကြသဖြင့် သုံးစွဲမှုများသည့် သီးနှံများ ဖြစ်ကြောင်း သိရသည်။

     ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ အတွင်းဖြစ်ပေါ်လျက်ရှိသော သံပုရာသီးဈေးနှုန်းများမှာ သံပုရာ သီး(အကြီး)(၁)လုံးလျှင် (၄၀၀/၅၀၀)ကျပ်၊ (အသေး)(၁)လုံးလျှင်(၂၅၀/၃၀၀)ကျပ်ဖြင့်လည်းကောင်း၊ ရှောက်သီး (အကြီး)(၁)လုံးလျှင် (၈၀၀)ကျပ်၊ (အသေး)(၁)လုံးလျှင် (၅၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက် ရှိပြီး ယခုအခါ စည်ပင်သာယာဈေးတွင် အသီးအရွယ်အစားအလိုက် ဈေးနှုန်းအနည်းငယ် ကွာခြားမှု ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရပါသည်။

DOCA (တနင်္သာရီ)

ထားဝယ်မြို့၌ အာလူးများ အရောင်းသွက်လျက်ရှိ

   တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ စည်ပင်သာယာဈေးအတွင်းတွင်  အာလူးများရောင်း ချလျက်ရှိပါသည်။ ဈေးကွက်အတွင်းရောင်းချနေသော အာလူးများကို ရှမ်းပြည်နယ်ဘက်မှ ကုန်း လမ်းခရီးဖြင့် အများဆုံးတင်ပို့လျက်ရှိပြီး ယခု အောက်တိုဘာလအတွင်း ဖြစ်ပေါ်နေသော အာလူး ဈေးနှုန်းမှာ အာလူး အလုံး အကြီး/အသေး အရွယ်အစားအပေါ်မူတည်၍ (၁) ပိဿာလျှင် (၇၀၀၀) ကျပ်မှ (၈၅၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပြီး အရောင်းသွက်လျက်ရှိကြောင်း အာလူးရောင်းချသူ များထံမှ သိရှိရပါသည်။

DOCA (တနင်္သာရီ)

ပြည်မြို့၊ ကိုးသောင်းဈေးရှိ ငါးဈေးနှုန်းများ

   ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိသလို စားသုံးသူများနေ့စဉ် ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားကုန်ဈေးနှုန်းများ အသားဈေးနှင့် ငါးဈေးနှုန်းများကို စာရင်းကောက်ယူပြုစု၍ အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ၊ ဒုတိယပတ်တွင် ရောင်းချနေသော ငါးသလောက်(၁၀)ကျပ်သားလျှင် (၄၀၀၀)ကျပ်၊ ငါးကြင်းဖြူ (၁၀)ကျပ်သာလျှင် (၁၈၀၀)ကျပ်၊ ငါးသလဲထိုး (၁၀)ကျပ် သားလျှင် (၄၀၀၀)ကျပ်၊ ငါးစရစ် (၁၀)ကျပ်သားလျှင် (၂၀၀၀)ကျပ်၊ ငါးခူဈေးနှုန်းများမှာ (၁၀)ကျပ်သားလျှင် (၂၀၀၀)ကျပ်၊ လယ်ကြားငါးခူများမှာ (၁၀)ကျပ်သာလျှင် (၃၀၀၀-၄၀၀၀) ကျပ်၊ ပုဇွန်ဈေးနှုန်းများမှာ ပုဇွန်ကြားနှင့် ရေချိုပုဇွန်ထုပ်မှာ(၁၀)ကျပ်သားလျှင် (၄၅၀၀-၆၅၀၀)ကျပ် ပုဇွန်စိတ်ဈေးနှုန်းများမှာ (၁၀)ကျပ်သားလျှင် (၂၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျှက် ရှိကြောင်း ငါးရောင်းချသူ တစ်ဦးထံမှ သိရသည်။

DOCA(ပဲခူး)

ရွှေဖရုံသီးဈေးနှုန်း/ဈေးကွက်

    ရွှေဖရုံသီး၏အရောင်သည် ရွှေရောင်ကဲ့သို့ ဝင်းဝါနေပြီး အရသာအနည်းငယ်ချိုသည်။ မချက် ပြုတ်မီ အသားမာကျောသော်လည်း အပူပေးချက်ပြုတ်ပြီးနောက် အလွန်နူးညံ့သည်။ အသီး သာမက အပင်၏ အရွက်၊ အညွန့်၊ အပွင့်နှင့်အစေ့တို့ကိုလည်း စားသုံးနိုင်သည်။ ထားဝယ်မြို့ ပတ်ဝန်းကျင် ကျေးရွာများရှိ လယ်ကွင်း၊ စိုက်ပျိုးခြံများတွင် စိုက်ပျိုး၍ထွက်ရှိလာသော အသီးများကို ကုန်စိမ်းသည်များသို့ ဖောက်သည်ပေးကာ ထိုမှတဆင့်အနီးအနားရှိဈေးများတွင် ပြန်လည်ရောင်းချကြပြီး တစ် စိတ်လျှင်(၁၀၀၀)ကျပ်၊ တစ်လုံးလျှင်(၅၀၀၀/၆၀၀၀)ကျပ် အသီးသီးရှိကြောင်း ကုန်စိမ်းသည် များထံမှ သိရှိရပါသည်။

DOCA (တနင်္သာရီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း