Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

 ပဲစင်းငုံစျေးနှုန်းစျေးကွက်

         မန္တလေးပဲမျိုးစုံစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့်ရှမ်းပြည်နယ်တို့မှထွက်သည့်ပဲစင်းငုံသီးနှံများ ဝင်ရောက်လျက်ရှိကြောင်းသိရပါသည်။ ပဲစင်းငုံမှာ ပြည်တွင်းစားသုံးမှုနည်းပြီး ပြည်ပသို့တင်ပို့ရောင်းချသည့် ပဲတစ်မျိုးဖြစ်ပါသည်။ မန္တလေး တိုင်းဒေသကြီးတွင် ပဲမျိုးစုံစိုက်ပျိုးမှုများပြားပြီး၊၃၁.၁.၂၀၂၅ ရက်နေ့အထိ ၂၀၂၄-၂၀၂၅ ခုနှစ် ပဲစင်းငုံ သီးနှံ စိုက်ပျိုးမှု(၃၈၀၀၇၇)ဧက၊ ရိတ်သိမ်း(၃၁၁၀၀၇)ဧက၊ အထွက် နှုန်း (၉.၃၃)တင်း နှင့်အထွက် (၂၉၀၁၃၃၃)တင်းဖြစ်ကြောင်း သိရပါတယ်။ မန္တလေးပွဲစား၊ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော် အသင်းတွင် ၂၀၂၅ ခုနှစ်အောက်တိုဘာလပထမပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော ပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင်ပဲစင်းငုံ(နီ) ၂၃၇၀၀၀ကျပ်၊တစ်ပိဿာပေါက်စျေးမှာ ပဲစင်းငုံ(နီ) ၃၉၅၀ ကျပ် တို့ဖြစ်ကြောင်းသိရပါသည်။ ယခင်နှစ်ကာလတူပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ပဲစင်းငုံ (နီ) ၄၆၀၀၀၀ကျပ်၊တစ်ပိဿာစျေးမှာပဲစင်းငုံ(နီ)၇၆၆၇ကျပ်ပြီး၊ ယခင်နှစ်စျေးနှင့် ယခုနှစ်နှိုင်းယှဉ်ပါက ပဲစင်းငုံ (နီ) သီးနှံပေါက်စျေးမှာ လျော့နည်းသွားကြောင်း တွေ့ရှိရပါသည်။

DOCA (မန္တလေး)                                                                                             

 

ငရုတ်သီးစိမ်းစျေးအနည်းငယ်ကျဆင်း

   ကုန်စိမ်းစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီးရှိ အမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည် ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှ ထွက်သည့်ကုန်စိမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်ပန်းငရုတ်ပွနှင့်ငရုတ်သီးစိမ်းများ ဝင်ရောက်မှုများလျက်ရှိပြီး၊ စျေးအနည်းငယ်ကျဆင်း လျက်ရှိကြောင်းသိရှိရပါသည်။ စျေးကွက်အတွင်းဝင်ရောက်လျှက်ရှိသည့်ငရုတ်သီး စိမ်းအမျိုး အစား များမှာ ကုလားအော်ငရုတ်၊ လျှာဂျွန်းထိုးငရုတ်၊ ငရုတ်ရှည်နှင့် ငရုတ်ပွသီးများတွေ့ရှိရပြီး၊ အလေး ချိန်ဖြင့် ရောင်းချသကဲ့သို့ ငရုတ်ပွလုံးလေးများအား အလုံးအရွယ် အစားအလိုက်ရောင်းချကြောင်း တွေ့ရှိရပါသည်။ မန္တလေးမြို့၊ သီရိမာလာစျေးနှင့်၄၁လမ်းစျေးရှိ ကုန်စိမ်းစျေးကွက်တွင် ၂၀၂၅ ခုနှစ် အောက်တိုဘာလဒုတိယပတ်အတွင်း ဖြစ်ပေါ်သည့် ငရုတ်သီးပွ (လုံးသေး)စျေးနှုန်းများမှာ ၁ပိဿာ လျှင် လက္ကားစျေး ၆၀၀၀ ကျပ် နှင့် ၇၀၀၀ ကျပ်၊ လက်လီ စျေး၈၀၀၀ကျပ်နှင့် ၉၀၀၀ကျပ်၊ ပန်းငရုတ်ပွ(လုံးသေး) တစ်ခုချင်းစျေးအနေဖြင့် ၃၀၀ ကျပ်နှင့် ၅၀၀ကျပ် ၊ မိုးထောင်ငရုတ်ရှည် ၁ပိဿာလျှင် လက္ကားစျေး ၄၀၀၀ ကျပ်နှင့် ၄၅၀၀ ကျပ်၊ လက်လီစျေး ၅၀၀၀ ကျပ်နှင့် ၆၀၀၀ ကျပ်၊ ကချင်သီးငရုတ်မှာ လက္ကားစျေး ၅၀၀၀ ကျပ်နှင့် ၆၅၀၀ ကျပ်၊လက်လီစျေး ၇၀၀၀ကျပ်နှင့် ၇၅၀၀ ကျပ်စျေးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ 

DOCA(မန္တလေး)

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော ပုဏ္ဏရိပ်ပန်းပျိုးပင်ဈေးနှုန်း

    ကန့်ဘလူမြို့ပေါ်ရှိ ပန်းပျိုးပင်အရောင်းဆိုင်သည် ပန်းပျိုးပင်မျိုးစုံကို ရောင်းချလျက်ရှိရာ လူကြိုက်များသော ပုဏ္ဏရိပ်ပန်းပျိုးပင်များကို မန္တလေးမြို့နှင့် ပြင်ဦးလွင်မြို့မှလည်းမှာယူရောင်း ချလျက်ရှိကြောင်းသိရှိရပါသည်။ ပုဏ္ဏရိပ်ပန်းပင်သည် အလှပန်းပင် ချုံပင်ကြီးမျိုး ဖြစ်သည်။ အပူပိုင်းဒေသများတွင် တစ်နှစ်ပတ်လုံး ပုဏ္ဏရိပ်ပန်းများ အဆုပ်လိုက် အခိုင်လိုက်ဝေအောင်ပွင့် သည့်သေးငယ်သော ပန်းမျိုးဖြစ်သည်။ ရနံ့မကြွယ်သော်လည်း အရောင်အဆင်းလှသောပန်း ဖြစ်သည်။ အပူပိုင်းဒေသများတွင် အောင်မြင်ဖြစ် ထွန်းနိုင်သော နှစ်ရှည်ပင်မျိုးဖြစ်ပြီး ပုဏ္ဏရိပ် ပန်းအရောင်များမှာ  အနီရောင်၊ ပန်းရောင်၊ အဝါရောင်၊ အဖြူရောင်၊ လိမ္မော်ရောင်၊ ကြက်သွေး ရောင်ဟူ၍ အရောင်မျိုးစုံရှိကြောင်း၊ ပုဏ္ဏရိပ်ပန်းပင်များကို နေအိမ်ခြံဝင်းများ၏ ခြံစည်းရိုးပင် များအဖြစ် လူကြိုက်များသော ပန်းပင်ဖြစ်ပြီး ဥယျာဉ်၊ ဘုရားကျောင်းကန်များ၊ လမ်းဘေးဝဲယာ များတွင် အလှပန်းပင်အဖြစ် စိုက်ပျိုးလေ့ကြောင်း၊ ပုဏ္ဏရိပ်ပန်းပျိုးပင် တစ်ပင်လျှင်  အရောင်နှင့် အရွယ်အစားပေါ်မူတည်၍ အသေး(၁)ပင်လျှင်(၅၀၀၀)ကျပ်၊ အကြီး(၁)ပင်လျှင်(၇၀၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း ပန်းပျိုးပင်အရောင်းဆိုင်မှ  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဒုတိယပတ်ရှိ နဂါးမောက်သီးစျေးကွက်

   စျေးကွက်အတွင်းသို့ မန္တလေးတိုင်းဒေသကြီးရှိအမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည် ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှ ထွက်သည့်သစ်သီးများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်နဂါးမောက်သီးများဝင်ရောက်မှုများပြားလျက်ရှိပြီး၊အရောင်းသွက်လျက်ရှိကြောင်းသိရှိရပါသည်။ စျေးကွက်တွင်  နဂါးမောက်သီးအတွင်းသား အဖြူရောင်၊ ခရမ်းရောင်နှင့် မရမ်းရောင် တို့ တွေ့ ရှိရပြီး၊ အလုံးအရွယ်အစားအလိုက်စျေးကွာခြားမှုရှိကြောင်း တွေ့ရှိရပါသည်။ မန္တလေးမြို့၊ စျေးချိုတော်သစ်သီးရောင်းချသည့်စျေးတန်းတွင် ၂၀၂၅ ခုနှစ်အောက်တိုဘာလဒုတိယပတ်အတွင်း ဖြစ်ပေါ်သည့် နဂါးမောက်သီး ၁၀ လုံးစျေးနှုန်းများမှာ  (လုံးကြီး)(အတွင်းသားဖြူ) ၂၀၀၀၀ကျပ်နှင့် ၂၅၀၀၀ ကျပ်၊ (လုံးလတ်)၁၂၀၀၀ကျပ်နှင့်၁၃၀၀၀ကျပ်၊ (လုံးသေး)၇၀၀၀ကျပ်နှင့် ၈၀၀၀ကျပ် စျေး၊ အတွင်းသားခရမ်းရောင်နှင့် မရမ်းရောင်စျေးတို့မှာ အလုံးကြီး ၁၃၀၀၀ ကျပ်နှင့် ၁၅၀၀၀ ကျပ်၊ အလုံးသေး ၅၀၀ကျပ်နှင့် ၁၀၀၀ကျပ်တို့ဖြင့် ရောင်းချလျှက်ရှိကြောင်းသိရှိရပါသည်။ ဝါတွင်းကာလ ဖြစ်သည့်အတွက်ဘုရားပွဲနှင့်အလှူပွဲတော်များကျင်းပသည့်ရာသီဖြစ်ပြီး၊သစ်သီးမျိုးစုံ အရောင်းသွက် လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

  မန္တလေးမြေထောက်ပဲစျေးအနည်းငယ်ကျ          

        မြေထောက်ပဲမှာ ပြည်တွင်းစားသုံးမှုများပြားပြီး၊ပြည်ပသို့တင်ပို့သည့် ပဲတစ်မျိုး ဖြစ်ပါသည်။ မန္တလေးတိုင်းဒေသကြီးတွင် ပဲမျိုးစုံစိုက်ပျိုးမှုများပြားပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ် မြေထောက်ပဲ သီးနှံ အပါအဝင်ပဲမျိုးစုံ စိုက်ပျိုးမှု(၁၀၁၉၄၇၇)ဧကဖြစ်ကြောင်း သိရှိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ် အောက်တိုဘာလပထမပတ်အတွင်း ဖြစ်ပေါ် လျက်ရှိသော ၃တင်းဝင်တစ်အိတ်လျှင်မြေထောက်ပဲပေါက်စျေးမှာ ၂၄၀၀၀၀ ကျပ်နှင့်၂၈၅၀၀၀ ကျပ်၊ တစ်ပိဿာပေါက်စျေးမှာ ၄၄၄၄ကျပ်နှင့် ၅၂၇၈ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှစ် ကာလတူ မြေထောက်ပဲပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ၂၉၀၀၀၀ ကျပ် နှင့် ၃၅၀၀၀၀ ကျပ်၊ တစ်ပိဿာစျေးမှာ ၅၃၇၀ကျပ်နှင့် ၆၄၈၂ ကျပ်ဖြစ်ပြီး ယခုနှစ်နှင့်ယခင်နှစ် စျေးနှိုင်းယှဉ်ပါက မြေထောက်ပဲစျေးမှာ အနည်းငယ်ကျဆင်းသွားကြောင်း တွေ့ရှိရပါသည်။

DOCA (မန္တလေး)                                                                                             

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော စက္ကူပန်းပျိုးပင်ဈေးနှုန်း

   ကန့်ဘလူမြို့ပေါ်ရှိ ပန်းပျိုးပင်အရောင်းဆိုင်သည် ပန်းပျိုးပင်မျိုးစုံကို ရောင်းချလျက်ရှိရာ လူကြိုက်များသော စက္ကူပန်းပျိုးပင်များကို မန္တလေးမြို့နှင့် ပြင်ဦးလွင်မြို့မှလည်းမှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ စက္ကူပန်းသည် အရောင်အသွေးစုံလင်ပြီး လိုသလိုပုံသွင်းပြီး အလှဆင်လို့ ကောင်းသော အရိပ်ရ အပင်မျိုးဖြစ်ပါသည်။ အရောင်အသွေးစုံသော စက္ကူပန်းလေး များကိုအလှပန်းအဖြစ်စိုက်ပျိုးကြသော်လည်း ကျန်းမာရေးအတွက်ပါ အသုံးဝင်သော ပန်းပင် တစ်မျိုးဖြစ်ကြောင်း သိရှိရပါသည်။ စက္ကူပန်းအရောင်များမှာ  အနီရောင်၊ ပန်းရောင်၊ အဝါရောင်၊ အဖြူရောင်၊ လိမ္မော်ရောင်၊ ခရမ်းရောင်ဟူ၍ အရောင်မျိုးစုံရှိကြောင်း၊ စက္ကူပန်းပင်များကို နေအိမ်ခြံဝင်းများ၊ ဥယျာဉ်၊ ဘုရားကျောင်းကန်များ၊ လမ်းဘေးဝဲယာများတွင် အလှပန်းပင် အဖြစ်စိုက်ပျိုးလေ့ကြောင်း၊ စက္ကူပန်းပျိုးပင် တစ်ပင်လျှင်  အရောင်နှင့် အရွယ်အစားပေါ်မူတည် ၍အသေး(၁)ပင်လျှင်(၁၀၀၀၀)ကျပ်၊ အကြီး(၁)ပင်လျှင်(၁၂၀၀၀)ကျပ် ဈေးနှုန်းဖြင့်ရောင်းချ လျက်ရှိကြောင်း ပန်းပျိုးပင်အရောင်းဆိုင်မှ  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

အရောင်းသွက်သည့်မန္တလေးပဲနီပြား

           ပဲနီပြားမှာ ပြည်တွင်း စားသုံးမှုများပြားပြီး မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ပဲနီပြား သီးနှံအပါအဝင်ပဲမျိုးစုံစိုက်ပျိုးမှု   (၁၀၁၉၄၇၇)ဧကဖြစ်ကြောင်း   သိရပါသည်။     မန္တလေးပွဲစား၊ကုန်သည်၊စက်ပိုင်များမဟာကထိန်တော်အသင်းတွင်  ၂၀၂၅ ခုနှစ် အောက်တိုဘာလ ပထမပတ်အတွင်းဖြစ်ပေါ်သည့်ပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင်ပဲနီပြား (ကျွန်း) ၅၁၀၀၀၀ ကျပ်နှင့် ၅၁၅၀၀၀ ကျပ်၊ ပဲနီပြား(တံတားဦး) ၄၂၅၀၀၀ကျပ်နှင့် ၄၃၀၀၀၀ကျပ်၊  တစ်ပိဿာလျှင် ပဲနီပြား(ကျွန်း) ၉၂၃၁ကျပ်နှင့် ၉၃၂၁ ကျပ်၊ ပဲနီပြား (တံတားဦး)၇၆၉၂ကျပ်နှင့် ၇၈၃ကျပ်တို့ဖြစ် ကြောင်း သိရှိရပါသည်။ယခင်နှစ်ကာလတူစျေးမှာ တစ်ပိဿာလျှင် ပဲနီပြား၇၇၈၃ ကျပ်နှင့်၉၂၃၁ ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှင့်ယခုနှစ်စျေးနှိုင်း ယှဉ်ပါကပဲနီပြားမှာ စျေးပိုမိုရရှိကာ အရောင်းသွက်ကြောင်း သိရှိရပါသည်။

DOCA (မန္တလေး)

 

အရောင်းသွက်သည့်ပန်းငရုတ်သီးပွ

   ကုန်စိမ်းစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီးရှိ အမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည် ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှ ထွက်သည့်ကုန်စိမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်ပန်းငရုတ်ပွနှင့်ငရုတ်သီးစိမ်းများ ဝင်ရောက်မှုများပြားလျက်ရှိပြီး၊ စျေးငြိမ်ကာ အရောင်း သွက်လျက်ရှိကြောင်းသိရှိရပါသည်။ စျေးကွက်အတွင်း ပန်းငရုတ်ပွများကို အစိမ်းရောင်၊ အဝါရောင်၊ အနီရောင်၊ခရမ်းရောင်၊မရမ်းရောင်နှင့်လိမေ္မာ်ရောင်တို့တွေ့ရှိရပြီး၊အလေးချိန်ဖြင့် ရောင်းချခြင်းနှင့် အလုံးအရွယ်အစားအလိုက် ရောင်းချခြင်းဟူ၍ နှစ်မျိုးတွေ့ရှိရပါသည်။ မန္တလေးမြို့၊ သီရိမာလာ စျေးနှင့်၄၁လမ်းစျေးရှိ ကုန်စိမ်းစျေးကွက်တွင် ၂၀၂၅ ခုနှစ် အောက်တိုဘာလဒုတိယပတ်အတွင်း ဖြစ်ပေါ်သည့်ငရုတ်သီးပွစျေးနှုန်းများမှာ  ၁ပိဿာလျှင် လက္ကားစျေး ၆၀၀၀ကျပ်နှင့် ၇၀၀၀ ကျပ်၊ လက်လီစျေး  ၈၀၀၀ ကျပ်နှင့် ၉၀၀၀ကျပ်၊ ပန်းငရုတ်ပွ တစ်ခုချင်းစျေးအနေဖြင့် ၃၀၀ ကျပ်နှင့် ၅၀၀ ကျပ်စျေးတို့ဖြင့် ရောင်းချလျက်ရှိပြီး၊ အောက်တိုဘာလပထမပတ်စျေးနှင့်နှိုင်းယှဉ်ပါက စျေးနှုန်း ပြောင်းလဲမှုမရှိကြောင်း သိရှိရပါသည်။  သီရိမာလာစျေးအတွင်း နေ့စဉ်ကုန်စိမ်းသီးနှံဝင် ရောက်မှု မှာ ကုန်စည်အမျိုးအစားအလိုက် Canter ၁၂ဘီးနှင့်၆ဘီး) ယာဉ်(၄၀) စီးနှင့်(၆၀) စီးအကြား ဝင်ရောက်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

တောကြက်ဟင်းခါးသီးနှင့်ခဆော့သီးဈေးနှုန်းများ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုး ရောင်းချလျက်ရှိရာ ယခုအခါ ကြက်ဟင်းခါးပင်နှင့်ခဆော့ပင်များကို  နေအိမ်ခြံဝင်းများတွင်လည်း ကောင်း၊ယာတော၊ လယ်တောများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ ရောင်းချလျက်ရှိ ကြောင်း သိရသည်။  

    ၂၀၂၅ခုနှစ်၊အောက်တိုဘာလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ကုန်စိမ်းရောင်းချ သူတစ်ဦး၏ပြောပြချက်အရ တောကြက်ဟင်းခါးသီးနှင့် ခဆော့သီးများကို ကန့်ဘလူမြို့ပေါ်နှင့် နတ်ပေးကျေးရွာ၊ နတ်အင်းကျေးရွာများမှ ဝယ်ယူရောင်းချလျက်ရှိကြောင်း၊ တောကြက်ဟင်းခါးသီး ဈေးနှုန်းများမှာ တောကြက်ဟင်းခါးသီး(၁)ပြည်လျှင် (၄၅၀၀)ကျပ်၊ နို့ဆီဘူး(၁)ဘူးလျှင် (၆၀၀) ကျပ်နှင့် ခဆော့သီး(၁)ပြည်လျှင် (၃၈၀၀)ကျပ်၊ နို့ဆီ(၁)ဘူးလျှင် (၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိ ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

                                               

  မန္တလေးပဲပုတ်စျေးနှုန်းစျေးကွက်

          ပြည်တွင်းစားသုံးမှုများပြားခြင်းနှင့် ပြည်ပတင်ပို့သည့်ပဲပုတ်မှာ အရောင်းသွက်လျက်ရှိပြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်း၂၀၂၄-၂၀၂၅ခုနှစ်တွင်ပဲပုတ်အပါအဝင်ပဲမျိုးစုံစိုက်ပျိုးမှု၁၀၁၉၄၇၇ ဧကဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊စက်ပိုင်များ မဟာကထိန်တော်အသင်း တွင် ၂၀၂၅ ခုနှစ်အောက်တိုဘာလပထမပတ်အတွင်းပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ပဲပုတ်(ရှမ်း) ၂၇၀၀၀၀ကျပ်နှင့်၂၈၀၀၀၀ကျပ်၊ ပဲပုတ်(ဗမာ) ၂၆၅၀၀၀ကျပ်နှင့်၃၇၀၀၀၀ကျပ်၊ တစ်ပိဿာ ပေါက် စျေးမှာပဲပုတ်(ရှမ်း)၅၀၇၀ကျပ်နှင့်၅၂၅၈ကျပ်၊ပဲပုတ်(ဗမာ) ၄၉၇၇ကျပ်နှင့်၆၉၄၈ကျပ်တို့ဖြစ် ကြောင်း သိရှိရပါသည်။ ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာ ပဲပုတ်(ရှမ်း)၆၁၉၇ကျပ်နှင့် ၆၉၄၈ ကျပ်၊ ပဲပုတ်(ဗမာ) ၅၈၂၂ ကျပ်နှင့် ၅၇၁၂ကျပ်၊ ပဲပုတ် (စက်ပဲ) ၅၀၇၀ကျပ်နှင့် ၅၄၄၆ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခုနှင့်ယခင်နှစ် ကာလတူပေါက်စျေး နှိုင်းယှဉ်ပါကပဲပုတ်စျေးမှာ အနည်းငယ်ကျ ဆင်းသွားကြောင်းသိရှိရပါသည်။

DOCA (မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း