Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မုန်လာဥဖြူနှင့်ကျန်းမာရေး

   မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းရှိ မင်းဘူး-စကုမြို့နယ်၊ ပွင့်ဖြူမြို့နယ်နှင့် စလင်း-ဆင်ဖြူကျွန်းမြို့နယ်များတွင် ချောင်းရေ၊ မုန်းရေများရေဖြတ်ချိန် ကမ်းပါးဘေးတစ်ဖက်တစ်ချက်တွင် ယခုကဲ့သို့ ဆောင်းရာသီကာလ၌ မုန်လာဥဖြူ၊ ပန်းမုန်လာ၊ မုန်ညှင်း၊ ပန်းဂေါ်ဖီစိမ်းများကို တစ်နိုင်တစ်ပိုင်စီးပွားဖြစ်စိုက်ပျိုးကြကြောင်းသိရှိရပါသည်။ မုန်လာဥဖြူကို စက်တင်ဘာလဆန်းတွင် စတင်စိုက်ပျိုးကြောင်း၊ အောက်တိုဘာလကုန်တွင် စတင်တူးဖော်ပြီး ဒီဇင်ဘာလတွင် အကုန်တူးဖော်နေပြီဖြစ်ကြောင်း၊ မုန်လာဥဖြူစတင်ပေါ်ကာစအချိန်အစောပိုင်းတွင် (၃)ဥပါတစ်စည်းလျှင် ကျပ်(၅၀၀)နှုန်းဖြင့်ရောင်းချရပြီး ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(ဒုတိယပတ်)တွင်  (၃)ဥပါတစ်စည်းလျှင် ကျပ်(၂၀၀)ဖြင့်ရောင်းချရကြောင်း သိမ်ကုန်းကျေးရွာနေ တောင်သူတစ်ဦးထံမှသိရှိရပါသည်။

      မုန်လာဥဖြူတွင် အာဟာရဓာတ်များအနေဖြင့် ပိုတက်ဆီယမ်ဖော့လိတ်၊ Riboflavin (ဘီတာ မင်ဘီညွှန်ပေါင်းအုပ်စု)၊ ဘီတာမင် ဘီ-6၊ ဘီတာမင်-K၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဇင့်၊ ဖော့စဖရိတ်၊ ကောပါး၊ မဂ္ဂနီဆိုဒီယမ်တို့ပါဝင်ပါသည်။

      ကျန်းမာရေးအနေဖြင့်လည်း မုန်လာဥဖြူကိုစားသုံးပေးခြင်းဖြင့် ကင်ဆာရောဂါဖြစ်နိုင်မှုနည်းပါးခြင်း၊ မုန်လာဥဖြူတွင်ပါဝင်သည့် ဒြပ်ပေါင်းတစ်မျိုးသည် ကင်ဆာဖြစ်စေနိုင်သည့်အရာများကို တိုက်ထုတ်ပေးခြင်းကြောင့် ခန္ဓာကိုယ်မှကင်ဆာကျိတ်များဖြစ်စေနိုင်မှုနည်းပါစေခြင်းနှင့် မုန်လာဥဖြူမှာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေသောကြောင့် အစာခြေစနစ်ကိုကောင်းမွန်စေပါသည်။ ထို့ကြောင့် ဝမ်းချုပ်တက်သူများနှင့် အစာအိမ်သမားများ များစွာစားသုံးသင့်ပါသည်။ ၎င်းမှာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးသည့်အပြင် သွေးတွင်းကိုလစ်စတောကိုလည်းကျဆင်းစေနိုင်ပါသည်။ သွေးပေါင်ချိန်ကိုမှန်စေပြီး ကျောက်ကပ်ကိုလည်းကျန်းမာစေပါသည်။ ဝမ်းမှန်စေပြီး ကိုယ်အလေးချိန်ကျစေပါသည်။ အသားအရေစိုပြေလှပစေပြီး အရွယ်တင်နုပျိုစေပါသည်။ ကျောက်ကပ်ရောင်ခြင်း၊ ကျောက်ကပ်ကျောက်တည်ခြင်း၊ ကျောက်ကပ်ကြောင့် ခါးနာခါးကိုက်ခြင်း၊ နုံးချိအော့အန်ခြင်းများဖြစ်ပါက မုန်လာဥဖြူတစ်လုံးကို သန့်စင်စွာဆေးကြောပြီး ရေအနည်းငယ်ထည့်၍ကြိတ်ချေပြီး အဖတ်များကိုစစ်ထုတ်ကာ အရည်ကိုသောက်ပါက ကျောက်ကပ်ကြောင့်ဖြစ်သော ခါးနာခါးကိုက်များကိုသက်သာစေပါသည်။ အူကျဝေဒနာရှင်များလည်းအသုံးပြုနိုင်ပါသည်။ မုန်လာဥဖြူက မှိုပိုးများကိုဖယ်ရှားပေးနိုင်စွမ်းရှိ၍ ခံတွင်းနှင့်ခန္ဓာကိုယ်၌ဖြစ်တက်သည့် မှိုရောဂါများ၊ ပါးစပ်နာနှင့် လျှာနာရောဂါများကိုကာကွယ်ပေးပါသည်။

       မုန်လာဥဖြူကို ဟင်းလျာအဖြစ် ချက်ပြုတ်စားသုံးရုံသာမက အစိမ်းသုပ်၍လည်းစားသုံးကြပါသည်။ မုန်လာဥကိုပြုတ်၍ အတို့အဖြစ်စားသုံးကြသည့်အပြင် မုန်လာချဉ်ထည့်၍လည်း စားသုံးကြပါသည်။ မုန်လာဥများလှိုင်လှိုင်ပေါ်ချိန်တွင် မုန်လာဥကို မိမိနှစ်သက်သည့်အတိုင်း လှီးဖြတ်၍ မိနစ်(၂၀)ခန့်ပေါင်းပြီး ဆီအနည်းငယ်သုတ်ကာ နေတစ်ရက်၊ နှစ်ရက်ပြ၍ မုန်လာဥများခြောက်သွားသောအခါ လေလုံအောင်သိမ်းဆည်း၍ မုန်လာဥခြောက်ပြုလုပ်၍လည်းစားသုံးနိုင်ပါသည်။ မုန်လာဥဖြူကို အဆာပြေသားရေစာအဖြစ်လည်း မုန်လာဥအော်ကွေ့ကြည် လုပ်၍စားသုံးနိုင်ပါသည်။

    ထို့ကြောင့် မုန်လာဥစားသုံးခြင်းဖြင့် ကိုယ်ခံအားကို ကောင်းမွန်စေပြီး ရာသီအကူးအပြောင်းကြောင့် ဖျားနာခြင်းများကိုကာကွယ်ပေးယုံသာမက ကျန်းမာလှပစေရန်အတွက် မုန်လာဥဖြူကိုစားသုံးပေးသင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မကွေး)

အထက်မင်းလှမြို့၏ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(ဒုတိယပတ်)နှင့် (တတိယပတ်) စက်သုံးဆီဈေးနှုန်းအခြေအနေ

    မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

     အထက်မင်းလှမြို့တွင် စက်သုံးဆီအရောင်းဆိုင်(၄)ဆိုင်ရှိရာ နေ့စဉ်ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(ဒုတိယပတ်)နှင့်(တတိယပတ်) စက်သုံးဆီဈေးနှုန်းများမှာ 92(၁)လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၅၄၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၂၅၂၀)ဖြစ်၍ ကျပ်(၂၀)လျော့နည်းခဲ့ကြောင်း၊ 95(၁)လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၆၅၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၂၆၂၀)ဖြစ်၍ ကျပ်(၃၀)ဈေးလျော့နည်းခဲ့ကြောင်း၊  ဒီဇယ်ရိုးရိုး(၁)လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၂၉၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၂၂၆၅)ဖြစ်၍ ကျပ်(၂၅)လျော့နည်းခဲ့ကြောင်း၊  ပရီမီယမ်ဒီဇယ်တစ်လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၃၄၅)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၂၃၁၅)ဖြစ်၍ ကျပ်(၃၀) စသည်ဖြင့် ဈေးနှုန်းအသီးသီးလျော့နည်းလာကြောင်း စက်သုံးဆီအရောင်းဆိုင်များမှသိရှိရပါသည်။

DOCA(မကွေး)

 

အထက်မင်းလှမြို့နယ်၊ ဂျင်ရဲမြောင်(စံပြ)ကျေးရွာ၌ ဆောင်းကြက်သွန်နီစိုက်ပျိုးပြီးစီးမှုအခြေအနေ

    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်ရှိ ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော ပန်းတော်ပြင်၊ ဥယျာဉ်၊ မယ်ဇလီတော၊ ရွာတော်၊ ညောင်ပင်သာ စသည့်ကျေးရွာများတွင် ကုလားပဲ၊ မြေပဲ၊ နှမ်း၊ ပဲစဉ်းငုံ၊ ပဲတီစိမ်း၊ ဝါ၊ ကြက်သွန်နီနှင့် အခြားစားဖိုဆောင်သီးနှံများကို ရာသီအလိုက်စိုက်ပျိုးလျက်ရှိပြီး ကုန်းကြီးအုပ်စုရှိ ဂျင်ရဲမြောင်(စံပြ)ကျေးရွာ၌ ဆောင်းကြက်သွန်နီ (ခေါ်) ပျိုးပင်စိုက်ကြက်သွန်နီကို အဓိကထားစိုက်ပျိုးကြောင်းသိရှိရပါသည်။

    ဂျင်ရဲမြောင်(စံပြ)ကျေးရွာ၌ ဆောင်းကြက်သွန်စိုက်တောင်သူ(၁၅)ဦးခန့်ရှိပြီး စိုက်ဧကမှာ (၂၀)ဧကနီးပါးရှိကြောင်း၊ မိမိအနေဖြင့် ဆောင်းကြက်သွန်နီ(၂)ဧကစိုက်ပျိုးထားကြောင်း၊ မြေ အောက်ရေကိုအသုံးပြု၍ ပိုက်ရေဖြန်းစနစ်ဖြင့်စိုက်ပျိုးကြောင်း၊ မျိုးကို တောင်သူအချင်းချင်းတို့သည် မျိုး(၁) ပြည်လျှင် ကျပ်(၁၂၀၀၀၀)ဖြင့်ဝယ်ယူကြောင်း၊ ယခင်နှစ်တွင် မျိုး (၁)ပြည်လျှင် ကျပ်(၄၅၀၀၀ မှ ၅၀၀၀၀)ဖြင့်ဝယ်ယူခဲ့ရကြောင်း၊ (၁)ဧကလျှင် မျိုး(၁)ပြည်ခွဲမှ (၂)ပြည်ခွဲအထိအသုံးပြုရကြောင်း၊ မျိုးစေ့ကို ပျိုးပင်အဖြစ်ပျိုးထောင်ကာ ပျိုးပင်(၄၅)ရက်သားတွင် စိုက်ခင်းထဲသို့ ပြောင်းရွေ့စိုက်ပျိုးကြောင်း၊ နတ်တော်လဆန်းပိုင်းတွင် စတင်စိုက်ပျိုးပြီး တပေါင်းလပြည့်ကျော်တွင် တူးဖော်ပါကြောင်း၊ ယခင်နှစ်တွင် (၁)ဧကကုန်ကျစရိတ်မှာ ကျပ်သိန်း(၃၀)ခန့်ရှိသော်လည်း ယခုနှစ်တွင် စက်သုံးဆီစရိတ်မြင့်တက်လာမှု၊ လုပ်အားခကြီးမြင့်မှုနှင့် အခြားသွင်းအားစရိတ်များမြင့်မားလာမှုကြောင့် (၁) ဧကလျှင် စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ်(၃၅)သိန်းမှ သိန်း(၄၀)ကြားကုန်ကျကြောင်း၊ အထွက်နှုန်းမှာ ယခင်နှစ်တွင် ဆောင်းကြက်သွန်နီ စိုက်ခင်း(၁)ဧကလျှင် ပိဿာချိန် (၅၅၀၀)နီးပါးထွက်ရှိခဲ့ပြီး ယခုနှစ်တွင်လည်း ယခင်နှစ်အထွက်နှုန်းအတိုင်း ထွက်ရှိရန်မျှော်လင့်ကြောင်း၊ ထွက်ရှိသောကြက်သွန်နီများကို ရန်ကုန်မြို့၊ ဘုရင့်နောင်ပွဲရုံသို့ တိုက်ရိုက်တင်ပို့ရောင်းချကြောင်း၊ ယခင်နှစ်တွင် ဆောင်းကြက်သွန်နီ(၁)ပိဿာလျှင် ကျပ်(၁၂၀၀)ရရှိခဲ့ကြောင်း၊ ယခုနှစ်တွင် စိုက်ပျိုးမှုစရိတ်မှာ ယခင်နှစ်ကထက်ပိုမိုကုန်ကျသောကြောင့် ဆောင်းကြက်သွန်နီထွက်ရှိချိန်၌ (၁)ပိဿာလျှင် ကျပ် (၂၀၀၀မှ ၃၀၀၀)ကြားရရှိမည်ဆိုပါက တောင်သူများအတွက် အဆင်ပြေနိုင်မည်ဖြစ်ကြောင်း ဂျင်ရဲမြောင်(စံပြ)ကျေးရွာနေ ဆောင်းကြက်သွန်စိုက်တောင်သူ ဦးတင်ဇော်ဌေးထံမှသိရှိရပါသည်။

DOCA(မကွေး)       

မကွေးကုန်စည်ဒိုင်၌ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့သော နှမ်းနှင့်ပဲမျိုးစုံဈေးနှုန်းဈေးကွက်

    မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးကုန်စည်ဒိုင်သို့ နှမ်းနှင့်ပဲမျိုးစုံသီးနှံများကို မကွေးမြို့နယ်အတွင်းရှိကျေးရွာများနှင့် ရေနံချောင်း၊ နတ်မောက်မြို့များအပြင် မင်းဘူးမြို့နယ်အတွင်းရှိကျေးရွာများမှလည်း လာရောက်ရောင်းချကြကြောင်းသိရှိရပါသည်။

      မကွေးကုန်စည်ဒိုင်တွင် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(ဒုတိယပတ်)၌ နှမ်းဖြူ(၁)တင်းလျှင် ကျပ် (၁၁၅၀၀၀)ဖြစ်ခဲ့ပြီး (၁)ရက်လျှင်(၄၅)ပိဿာဝင်အိတ်ဖြင့် အိတ်ရေ(၄၀၀)ခန့်၊ နှမ်းနီ(၁)တင်းလျှင် ကျပ် (၁၀၀၀၀၀)ဖြစ်ပြီး (၁)ရက်လျှင် အိတ်ရေ(၁၀၀)ခန့်၊ နှမ်းနက်(စမုံ)(၁)တင်းလျှင် ကျပ်(၁၁၅၀၀၀)ဖြစ်ခဲ့ပြီး (၁)ရက်လျှင် အိတ်ရေ(၂၈၀)ခန့်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခင်(ပထမပတ်)နှင့်နှိုင်းယှဉ်ပါက ယခု(ဒုတိယပတ်)တွင် နှမ်းဖြူ(၁)တင်းလျှင် ကျပ်(၅၀၀၀)နှင့် နှမ်းနက်(စမုံ)(၁)တင်းလျှင် ကျပ်(၆၀၀၀)ဖြင့် အသီးသီးဈေးနှုန်းမြင့်တက်ခဲ့ပြီး နှမ်းနီမှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်းသိရှိရပါသည်။

     ပဲဈေးနှုန်းများမှာလည်း ဒီဇင်ဘာလ(ဒုတိယပတ်)၌ ပဲတီစိမ်း(၁)တင်းလျှင် ကျပ်(၆၀၀၀၀) ဖြစ်ခဲ့ပြီး (၁)ရက်လျှင် (၃၀)ပိဿာဝင်အိတ်ဖြင့် အိတ်ရေ(၁၀၀)အိတ်ခန့်၊ ကုလားပဲ(HL) (၁)တင်းလျှင် ကျပ်(၈၈၀၀၀)ဖြစ်ခဲ့ပြီး (၁)ရက်လျှင် အိတ်ရေ(၂၈၀)အိတ်ခန့်၊ ကုလားပဲ(929)(၁)တင်းလျှင် ကျပ် (၈၈၅၀၀)ဖြစ်ခဲ့ပြီး (၁)ရက်လျှင် အိတ်ရေ(၁၂၀)အိတ်ခန့်၊ ပဲကြီးဖြူ(၁)တင်းလျှင် ကျပ်(၁၂၀၀၀၀) ဖြစ်ခဲ့ပြီး (၁)ရက်လျှင် အိတ်ရေ(၂၀၀)အိတ်ခန့်၊ ပဲကြီးမဲ(၁)တင်းလျှင် ကျပ်(၈၅၀၀၀)ဖြစ်ခဲ့ပြီး (၁)ရက်လျှင် အိတ်ရေ(၄၀)အိတ်ခန့်၊ မတ်ပဲ(၁)တင်းလျှင် ကျပ်(၉၂၀၀၀)ဖြစ်ပြီး (၁)ရက်လျှင် အိတ်ရေ(၄၀)အိတ်ခန့်၊ စားတော်ပဲ(၁)တင်းလျှင် ကျပ်(၁၂၀၀၀၀)ဖြစ်ခဲ့ပြီး (၁)ရက်လျှင် အိတ်ရေ(၆၀)အိတ်ခန့်၊ ပဲနှောက်(၁) တင်းလျှင် ကျပ်(၅၀၀၀၀)ဖြစ်ခဲ့ပြီး (၁)ရက်လျှင် အိတ်ရေ(၁၀၀)အိတ်ခန့်၊ ပဲလွန်းဝါ(၁)တင်းလျှင် ကျပ်(၆၂၀၀၀)ဖြစ်ခဲ့ပြီး အိတ်ရေ(၂၀၀)အိတ်ခန့်၊ မြေပဲဆီဆံ(အောက်ကျ)(၁)တင်းလျှင် ကျပ်(၆၄၅၀၀) ဖြစ်ခဲ့ပြီး (၁)ရက်လျှင် အိတ်ရေ(၁၀၀၀)အိတ်ခန့်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခင်(ပထမပတ်) နှင့်နှိုင်းယှဉ်ပါက ယခု(ဒုတိယပတ်)တွင် ပဲတီစိမ်းမှာ ကျပ်(၅၀၀၀)၊ ပဲနှောက် ကျပ်(၄၄၀၀)၊ ပဲလွန်းဝါ ကျပ်(၆၈၀၀)၊ ကုလားပဲ(HL) ကျပ်(၁၉၀၀)၊ ကုလားပဲ(929) ကျပ်(၁၅၀၀) ဈေးနှုန်းမြင့်တက်ခဲ့ပြီး ပဲကြီး ဖြူ၊ ပဲကြီးမဲ၊ မတ်ပဲ၊ စားတော်ပဲ၊ မြေပဲဆီဆံ(အောက်ကျ)တို့မှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်းသိရှိရပါသည်။

     ဒီဇင်ဘာလ(ဒုတိယပတ်)၌ မကွေးမြို့မှမန္တလေးမြို့သို့ တင်ပို့မှုအနေဖြင့် နှမ်း(၇၈၀)အိတ်နှင့် ရန်ကုန်မြို့သို့ နှမ်း(၁၈၀)အိတ်၊ စုစုပေါင်း နှမ်း(၉၆၀)အိတ်၊ မကွေးမြို့မှမန္တလေးမြို့သို့ တင်ပို့မှုအနေဖြင့် ပဲစဉ်းငုံ(၇၅၀)အိတ်နှင့် ရန်ကုန်မြို့သို့ မြေပဲ(၄၀၀)အိတ်၊ စုစုပေါင်း(၂၁၀၀)အိတ်တင်ပို့ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

ဖျာပုံခရိုင်တွင် ပေါ်ဆန်းမွှေး၊ ဧည့်မထဆန်နှင့် ဆန်ကွဲ တင်ပို့မှုအခြေအနေ

     ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ရေလုပ်ငန်းကို အဓိကထား၍ အသက်မွေးဝမ်းကြောင်းပြုသော တိုင်းဒေသကြီးတစ်ခုဖြစ်သည်။ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်အတွင်းရှိ ကျေးရွာများသည်လည်း ဆန်စပါးကို အဓိကထား၍ စိုက်ပျိုးထုတ်လုပ်ကာ အခြားဆန်လိုတိုင်းဒေသ များသို့ တင်ပို့ရောင်းချလျက်ရှိပြီး အများဆုံးတင်ပို့လျက်ရှိသော ဆန်အမျိုးအစားမှာ ပေါ်ဆန်းမွှေး၊ ဧည့်မထဆန်နှင့် ဆန်ကွဲတို့ဖြစ်ကြပါသည်။ယခင်လ နိုဝင်ဘာလ စတုတ္ထပတ်တွင် ဖျာပုံမြို့နယ်မှ အခြားဆန်လိုတိုင်းဒေသများသို့ ဆန်တင်ပို့မှုမှာ ပေါ်ဆန်းမွှေးဆန် (၄၀၀၀) အိတ်၊ ဧည့်မထဆန် (၈၄၇၀)အိတ်နှင့် ဆန်ကွဲ(၃၉၉၉)အိတ် တင်ပို့ခဲ့ပါသည်။ ယခုလ ဒီဇင်ဘာလ ပထမပတ်တွင် ပေါ်ဆန်းမွှေးဆန် (၃၂၅၀) အိတ်၊ဧည့်မထဆန် (၈၃၄၀) အိတ်နှင့် ဆန်ကွဲ (၃၅၂၅) အိတ် တို့ကို ဈေးကွက် ဝယ်လိုအား အခြေအနေအရ စဉ်ဆက်မပြတ် တင်ပို့လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၄၉၅၅ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

     ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက် နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့ အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၄၉၅၅ ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

      ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ် ပြန်ထားသည်။

      အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန ၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၅.၁၂.၂၀၂၃ )

    ၂၅.၁၂.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၄.၁၂.၂၀၂၃ )

   ၂၄.၁၂.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၃.၁၂.၂၀၂၃ )

      ၂၃.၁၂.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

မြို့ကြီး(၄)မြို့၏ အခြေခံစားကုန်၊ ပြည်ပပို့ကုန်၊ စက်သုံးဆီ နှင့် ရွှေ ဈေးနှုန်းများ

    နေပြည်တော်၊ ရန်ကုန်၊ မန္တလေး နှင့် ပုသိမ်မြို့ကြီးများ၏ အခြေခံစားကုန်(လက်လီ)၊ ပြည်ပပို့ကုန်၊ စက်သုံးဆီ နှင့် ရွှေဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယနေ့ ကာလတူ နှိုင်းယှဉ်၍ ပြုစုတင်ပြအပ်ပါသည်။

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း