Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့နယ်အတွင်း ရောင်းချနေသော ခရမ်းချဉ်သီး ဈေးနှုန်းအခြေအနေ

     ၂၀၂၄ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေးကွက်အတွင်းသို့ ရှမ်းပြည်နယ် အောင်ပန်းတို့မှထွက်ရှိသော ခရမ်းချဉ်သီးများကို မန္တလေးတိုင်းဒေသကြီးမှ မှာယူရောင်းချပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

   ခရမ်းချဉ်သီးများသည် ယခုအချိန်အခါကာလဖြစ်သည့် မိုးရာသီတွင် မိမိတို့ဒေသထွက် ခရမ်းချဉ်သီးများ ဈေးကွက်အတွင်းသို့ ဝင်ရောက်လာပြီး လုံလောက်မှုမရှိသေးသည့်အတွက် ရှမ်းပြည်နယ် အောင်ပန်းဒေသထွက် ခရမ်းချဉ်သီးများကို မန္တလေးမြို့မှ မှာယူရောင်းချရပါသည်။ ရှမ်းပြည်၊ အောင်ပန်းဒေသထွက် ခရမ်းချဉ်သီးများမှာ ရာသီမရွေးဝယ်ယူစားသုံးနိုင်ပြီး အခွံလည်းထူ၍ အချဉ်အရသာနည်းသည့်အပြင် အလုံးအရွယ်အစားလှခြင်း၊ အထားခံခြင်းတို့ကြောင့် လူအများက ကြိုက်နှစ်သက်ကြပါသည်။ ယခင် အောက်တိုဘာလ ဒုတိယအပတ်တွင် ခရမ်းချဉ်သီး ဈေးနှုန်းများမှာ တစ်ပိဿာလျှင် (၄၅၀၀/၄၈၀၀)ကျပ်တို့ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

    ယခု အောက်တိုဘာလ စတုတ္ထအပတ်တွင် ခရမ်းချဉ်သီး ဈေးနှုန်းအနေဖြင့် ဒေသထွက် ခရမ်းချဉ်သီး တစ်ပိဿာလျှင်(၇၂၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၈၀၀)ကျပ်၊ ရှမ်းပြည်နယ် အောင်ပန်းဒေသထွက် ခရမ်းချဉ်သီးဈေးနှုန်းအနေဖြင့် ခရမ်းချဉ်သီး တစ်ပိဿာလျှင်(၈၀၀၀)ကျပ် (၂၅)ကျပ်သားလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းအထိ မြင့်တက်လျက်ရှိသော်လည်း ရောင်းချလျက်ရှိကြောင်း ကန့်ဘလူမြို့ ကုန်စိမ်းသီးနှံ အရောင်းအဝယ်လုပ်နေသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

 

 

‌ရွှေဘိုမြို့တွင် ရာသီပေါ်ဈေးကောင်းရသည့် ပိန်းဥ၊ ကန်စွန်းဥ ဈေးနှုန်းဈေးကွက်

    ရွှေဘိုမြို့ပေါ်ရှိဈေးများတွင် ရာသီပေါ်ဈေးကောင်းရနေသည့် ပိန်းဥနှင့်ကန်စွန်းဥများကို ရောင်းချလျက်ရှိရာ ပိန်းဥနှင့်ကန်စွန်းဥသည် စက်တင်ဘာလနောက်ဆုံးပတ်တွင် ဈေးကွက်အတွင်း သို့ စတင်ရောင်းချပြီး အောက်တိုဘာလတွင် လှိုင်လှိုင်ထွက်ရှိ၍ ဈေးကောင်းရလျက်ရှိကြောင်း၊ ပိန်းဥကို ဟင်းချိုရည်အဖြစ်လည်းကောင်း၊ သားရေစာအဖြစ်လည်းကောင်း စားသုံးကြပြီး၊ ကန်စွန်းဥကို သားရေစာ၊ ကန်စွန်းယိုနှင့် ပူတင်းအဖြစ်လည်းကောင်း စားသုံးကြကြောင်း သိရှိရပါသည်။

    ရှမ်းပြည်နယ် အောင်ပန်းဒေသထွက် ပိန်းဥနှင့်ကန်စွန်းဥများကို မန္တလေးမြို့မှ မှာယူရောင်းချ ကြောင်း၊ ယခင်နှစ်တွင် ပိန်းဥနှင့် ကန်စွန်းဥဈေးနှုန်းမှာ (၁)ပိဿာလျှင် (၁၃၀ဝိ/-)ကျပ်မှ (၁၅၀ဝိ/-) ကျပ်ဖြစ်ခဲ့ပြီး၊ ယခုနှစ်တွင် ပိန်းဥနှင့်ကန်စွန်းဥဈေးနှုန်းမှာ (၁)ပိဿာလျှင် (၂၃၀ဝိ/-)ကျပ်မှ (၂၅၀ဝိ/-) ကျပ်အထိ အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့တွင် ခရမ်းချဉ်သီးဈေးနှုန်းများ မြင့်တက်လျက်ရှိ

    ရွှေဘိုမြို့ပေါ်ရှိဈေးများတွင် ခရမ်းချဉ်သီးများကို ရောင်းချလျက်ရှိရာ ဒေသထွက်ခရမ်းချဉ်သီးများမှာ မရှိတော့သည့်အတွက် ရှမ်းပြည်နယ်၊ အောင်ပန်းဒေသထွက် ခရမ်းချဉ်သီးများကို မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ခရမ်းချဉ်သီးများမှာ ရာသီကုန်ဆုံးသောကာလဖြစ်၍ အခြားမြို့များမှ ဝယ်ယူရသည့်အပြင် ရှမ်းပြည်နယ်၊ အောင်ပန်းတွင် မိုးများ ရွာသွန်းမှုကြောင့်  လမ်းပန်းဆက်သွယ်ရေးမှာ အခက်အခဲဖြစ်ကာ သယ်ယူစရိတ်မြင့်မားခြင်းကြောင့် ခရမ်းချဉ်သီး ဈေးနှုန်းမှာ ပြန်လည်မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

     ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ (စတုတ္တ)ပတ်တွင် ခရမ်းချဉ်သီးဈေးနှုန်းမှာ (၁)ပိဿာလျှင် အရွယ်အစားပေါ်မူတည်၍ (၇၀၀ဝိ/-)ကျပ်မှ (၇၅၀ဝိ/-)ကျပ် နှင့် (၈၀၀ဝိ/-)ကျပ်ထိ ဈေးနှုန်း မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ပခုက္ကူမြို့၏ သကြားပြောင်းဖူးဈေးကွက်

            မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်သည် စားသုံးမှုမြင့်မားလျက်ရှိသည့် သကြားပြောင်းဖူးစိုက်ခင်းများကိုလည်း နှစ်စဉ်ရာသီအလိုက်စိုက်ပျိုးခြင်းဖြင့် နေ့စဉ်ကုန်စိမ်းသီးနှံဈေးကွက်သို့ သကြားပြောင်းဖူးများ နေ့စဉ်ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ စိုက်ပျိုးမှုများသော ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိ မြစ်ရေဝင်ကျေးရွာများဖြစ်သည့် ကံလှ၊ ကျွန်းဦး၊ ကျွန်းညို၊ ဘောလုံးခုံ၊ သံပုရာပင်ကုန်း၊ နန်းတော်ရပ်ကျေးရွာများနှင့် မြစ်ခြေ၊ ကမ္မမြို့များမှလည်း ဝင်ရောက် အရောင်းအဝယ်ဖြစ်သည့်အပြင် အခြားမြို့နယ်များဖြစ်သည့် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အတွင်းရှိ အထက်ညဉ့်၊ အောက်ညဉ့် ကျေးရွာများမှ ထွက်ရှိသော ပြောင်းဖူးများလည်း ပခုက္ကူဈေးကွက်သို့ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

            ဈေးနှုန်းဈေးကွက်အနေဖြင့် ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(စတုတ္ထပတ်)တွင် သကြားပြောင်းဖူးဈေးနှုန်းများ ကျဆင်းခြင်းမရှိ ဈေးအမြင့်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ သကြားပြောင်းဖူး အရွယ်အစား အကြီးအသေးနှင့် အစေ့အောင်မြင်မှုပေါ်မူတည်၍  တစ်ဖူးလျှင် ကျပ်(၇၀၀-၆၀၀-၅၀၀)၊ ပြောင်းဖူးပြုတ်တစ်ဖူးလျှင် ကျပ်(၁၂၀၀-၁၀၀၀-၈၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း၊ စားသုံးသူများအနေဖြင့် ရာသီမရွေးဝယ်ယူရရှိပြီး ကျန်းမာရေးအထောက်အကူပြုသီးနှံ ဖြစ်ခြင်းကြောင့် ပြည်တွင်းစားသုံးမှု မြင့်မားလျက်ရှိ၍ စိုက်ပျိုးတောင်သူများနှင့် ရောင်းဝယ်ဖောက်ကား ဈေးသည်များလည်း  အဆင်ပြေလျက်ရှိကြောင်း သီးနှံဈေးကွက်မှ သိရှိရပါသည်။

DOCA(မကွေး)

ဆိပ်ဖြူကြက်သွန်နီ အောက်တိုဘာလ(စတုတ္ထပတ်)တွင် ဈေးဆက်လက်ပြီး မြင့်တက်၍ အရောင်းအဝယ်ဖြစ်နေ

              မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူကြက်သွန်နီဈေးကွက်၌ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(ပထမပတ်)မှစ၍  ကြက်သွန်နီဈေးနှုန်းမြင့်တက်ပြီး အရောင်းအဝယ်ဖြစ်ခဲ့ရာ ယခုအောက်တိုဘာလ(စတုတ္ထပတ်)တွင်လည်း ဈေးဆက်လက်မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်းသိရသည်။ ကြက်သွန်နီဈေးကွက်သို့ ဆိပ်ဖြူမြို့ နယ်အတွင်းရှိ ကြက်သွန်နီစိုက်ပျိုးထွက်ရှိရာ ဒေသများနှင့် အခြားမြို့နယ်များဖြစ်သည့် ပခုက္ကူ၊ ချောက်၊ ဆင်ဖြူကျွန်း၊ စလင်း၊ တညောင် မြို့နယ်ဒေသထွက် ကြက်သွန်နီများလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ကြက်သွန်နီ ကုန်ဆုံးရာသီချိန်ရောက်၍ ဈေးကွက်သို့ ကုန်ဝင်ရောက်မှုများလျက်ရှိကြောင်း၊ တစ်ရက်လျှင် ကြက်သွန်နီ ပျမ်းမျှကုန်ချိန်ပိဿာ(၅)သောင်း မှ (၇)သောင်းထိ၊ တစ်ပတ်အတွင်း ပိဿာ(၅)သိန်းခန့် ဈေးကွက်သို့ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

                ဈေးနှုန်းအနေဖြင့် အောက်တိုဘာလ(စတုတ္ထပတ်)တွင် ကြက်သွန်နီအရည်အသွေးနှင့် အရွယ်အစားလိုက်၍ တောဈေး(ဂျွန်) တစ်ပိဿာလျှင် ကျပ်(၃၅၀၀-၂၅၀၀)ဈေးအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ပွဲရုံများမှ ပြန်လည်သန့်စင်ပြီး ဥအကြီးအရွယ်အစားအလိုက် ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ်(၄၂၀၀-၂၅၀၀) ဈေးဖြင့် ဒေသတွင်း နေရာအနှံ့အပြား ရောင်းချလျက်ရှိကြောင်း၊ ပြည်တွင်းဈေးကွက်အပြင် ပြည်ပအဝယ်လိုက်၍ ဈေးနှုန်းမြင့်တက်လာကြောင်း၊  အရောင်းအဝယ် ဖြစ်မှုများပြီး ပြည်ပအဝယ်လိုက်လာ၍ ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်ကြောင်း၊ ယခင်(တတိယပတ်) နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၈၀၀)ခန့် ဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ နေ့စဉ် ဆိပ်ဖြူမြို့မှ ကြက်သွန်နီ တင်ပို့မှု ကားအစီးရေ (၁၆)စီး၊ တစ်ပတ်အတွင်း အစီးရေ(၆၅)စီးခန့် ကုန်စည်စီးဆင်းလျက်ရှိကြောင်း၊ ပြည်ပအဝယ်လိုက်၍ ကြက်သွန်နီဈေးမြင့်တက်ပြီး အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရသည်။

               ဈေးကွက်အနေဖြင့် ဒေသတွင်းကြက်သွန်နီများကို ရန်ကုန်ဘုရင့်နောင်ပွဲရုံ၊ ပြည်၊ ပုသိမ် မြို့များသို့ တင်ပို့လျက်ရှိပြီး ပြည်ပပို့ကုန်အဖြစ် မြဝတီ၊ မော်လမြိုင်မြို့များမှတစ်ဆင့် ထိုင်း၊ ဗီယက်နမ် နိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း၊ အောက်တိုဘာလ(စတုတ္ထပတ်)တွင် ကြက်သွန်နီ ကုန်ချိန်ပိဿာ (၅)သိန်း၊ တန်ချိန် အားဖြင့် (၈၁၆)တန်ခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း ဈေးကွက်မှ သိရှိရသည်။

DOCA(မကွေး)

မင်းဘူးမြို့၏ ဘိလပ်မြေဈေးနှုန်း

              မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များတွင် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းတစ်မျိုးဖြစ်သည့် ဘိလပ်မြေဈေးနှုန်းများမှာ အောက်တိုဘာလ (စတုတ္တပတ်)တွင် ကြံ့(၂)ကောင်အမှတ်တံဆိပ်တစ်အိတ်လျှင် ကျပ်(၁၀၃၀၀)၊ အပါချီ အမှတ်တံဆိပ် တစ်အိတ်လျှင်  ကျပ်(၁၁၀၀၀)၊ အယ်လ်ဖာ အမှတ်တံဆိပ်တစ်အိတ်လျှင် ကျပ်(၁၀၃၀၀) ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခုကာလတွင် ဆောက်လုပ်ရေးလုပ်ငန်းများ လည်ပတ်မှုနည်းသောကြောင့် ဘိလပ်မြေဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိကြောင်း ဘိလပ်မြေအရောင်းဆိုင်များထံမှ သိရှိရပါသည်။

DOCA(မကွေး)

ပုထိုးစမ်းကျေးရွာ၌ ဆောင်းသီးနှံပဲတီစိမ်း စတင်စိုက်ပျိုးလျက်ရှိ

             မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ မကြီးကန်ကျေးရွာအုပ်စုရှိ ပုထိုးစမ်းကျေးရွာတွင် နှမ်း၊ မြေပဲ၊ ကုလားပဲ၊ ပဲတီစိမ်း၊ မတ်ပဲနှင့်ပဲစဉ်းငုံသီးနှံများကို စိုက်ပျိုးကြပြီး ၂၀၂၄ခုနှစ်၊ အောက်တို ဘာလ(ပထမပတ်)တွင် ပဲတီစိမ်းစိုက်တောင်သူ(၅၀)ဦးမှ ဧက(၁၀၀၀)ဧကခန့် စိုက်ပျိုးထားကြောင်း သိရသည်။

              ပုထိုးစမ်းကျေးရွာနေ ပဲတီစိမ်းစိုက်တောင်သူ ဦးလှမြင့်က ၎င်းအနေဖြင့် ပဲတီစိမ်းကို(၁)ဧကခန့် စိုက်ပျိုးထားပြီး မျိုးအနေဖြင့် ယခင်နှစ်က မျိုးကောင်းမျိုးသန့်အဖြစ်ဖယ်ချန်ထားသော ပဲတီစိမ်းမျိုးကိုအသုံးပြု၍ ကြဲပက်စနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ (၁)ဧကလျှင် မျိုး(၂)တင်းခန့် ကုန်ကျပြီး (၃)လခန့်အကြာတွင် ရိတ်သိမ်းရကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် မြေပြုခ၊ လုပ်အားခနှင့် အခြားသွင်းအားစုစရိတ်အပါအဝင် ကျပ်(၃၀၀၀၀၀)ခန့် ကုန်ကျကြောင်း၊ ယခင်နှစ်က(၁)ဧကလျှင် (၁၂)တင်းထွက်ရှိပြီး (၁)တင်းလျှင် ကျပ်(၅၅၀၀၀) ဈေးရရှိကာ ကျပ်(၃၆၀၀၀၀)ခန့် အကျိုးအမြတ်ရရှိခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် မကွေးမြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။

DOCA(မကွေး)

အထက်မင်းလှမြို့နယ်၊ ဥယျာဉ်ကျေးရွာ၌ ဆောင်းသီးနှံကုလားပဲစတင်စိုက်ပျိုး

         မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ ပန်းတော်ပြင်ကျေးရွာအုပ်စုရှိ ဥယျာဉ်ကျေးရွာ၌ ဆောင်းသီးနှံကုလားပဲကို တောင်သူ(၆၀)ဦးမှ စိုက်ဧက(၃၀၀)ခန့်အား ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ (စတုတ္ထပတ်)တွင် စတင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

            ဥယျာဉ်ကျေးရွာနေ တောင်သူဦးဇော်အောင်မှ ၎င်းအနေဖြင့် ဆောင်းကုလားပဲကို(၁၀)ဧကခန့် စိုက်ပျိုးထားကြောင်း၊ မျိုးအနေဖြင့် ဒေသခံတောင်သူအချင်းချင်းဆီမှ (၁)တင်းလျှင် ကျပ်(၁)သိန်းခန့်ဖြင့်ဝယ်ယူ၍ ထွန်ကြောင်းဆွဲအစေ့ချစနစ်ဖြင့် စိုက်ပျိုးကြောင်း၊ စိုက်ပျိုးပြီး(၃)လခန့်အကြာတွင် ခူးဆွတ်ရကြောင်း၊ ယခင်နှစ်က (၁)ဧကလျှင် မျိုးခ၊ စိုက်ပျိုးခနှင့်အခြားသွင်းအားစုစရိတ်အပါအဝင် ကျပ်(၄) သိန်းခွဲခန့်ကုန်ကျခဲ့ပြီး ယခုနှစ်တွင် သွင်းအားစုစရိတ်မြင့်တက်လာ၍ ကျပ်(၅)သိန်းခန့်ကုန်ကျပါကြောင်း၊ အထွက်နှုန်းအနေဖြင့် ယခင်နှစ်က (၁)ဧကလျှင် (၁၂)တင်းထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် (၁) တင်းလျှင် ကျပ်(၈)သောင်းဈေးရရှိခဲ့ပြီး အကျိုးအမြတ်အနေဖြင့် ကျပ်(၅)သိန်းကျော်ရရှိခဲ့ကြောင်း၊ ယခုနှစ် ဆောင်းကုလားပဲပေါ်ချိန်တွင် အထွက်နှုန်းကောင်းမွန်ပြီး ဈေးကောင်းရရှိပါက အကျိုးအမြတ်များ ပိုမိုရရှိမည်ဖြစ်ပါကြောင်း၊ ဈေးကွက်အနေဖြင့် အထက်မင်းလှမြို့ရှိ ပွဲရုံများသို့ရောင်းချကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ဗေဒါရိုးမှတစ်ဆင့်တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ရောင်းချ၍ ဝင်ငွေများရရှိ

     ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) သဲကုန်းမြို့နယ်၊ အင်းမမြို့ရှိ၊ တံခွန်တိုင်ရွာတွင် ဗေဒါရိုးမှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်ရောင်းချကြောင်းသိရပါသည်။ ထိုလုပ်ငန်းကို နွေရာသီမှာလုပ်ကိုင်ပြီး မိုးရာသီတွင်အလုပ်နားကြောင်းသိရပါသည်။ မိုးရာသီတွင် လုပ်ငန်များ နားရခြင်းမှာ နေပူလှမ်း၍မရခြင်း၊ မှိုတက်ခြင်းတို့ကြောင့်ဖြစ်ပါသည်။ ဗေဒါထုတ်ကုန်ပစ္စည်းများကို ထုတ်လုပ်ပုံမှာ ဗေဒါကိုအခြောက်လှမ်းပြီး ဗေဒါအလယ်ရိုးကိုထုတ်ယူ၍ ကြိုးကျစ်ပြီး လိုချင်သော လူအသုံးအဆောင်ပစ္စည်းများကို ပြုလုပ်ကြပါသည်။ ထိုလုပ်ငန်းကို မိသားစု တစ်နိုင် တစ်ပိုင်အပြင် စီးပွားဖြစ်လည်းထုတ်လုပ်ရောင်းချသဖြင့် အလုပ်သမား(၁၉)ဦးဖြင့် လုပ်ကိုင်ကြောင်း သိရပါသည်။ ဗေဒါရိုးဖြင့်ထုတ်လုပ်သော ထုတ်ကုန်ပစ္စည်းများမှာ ဦးထုပ်၊ ဖိနပ်၊ လက်ကိုင်အိတ်၊ လက်ဆွဲခြင်း နှင့်ဖျာတို့ဖြစ်ပါသည်။ ထိုပစ္စည်းများထဲမှ ဦးထုပ်၊ ဖိနပ်၊ လက်ကိုင်အိတ်နှင့် လက်ဆွဲခြင်းတို့ကို လိုချင်သော ဆေးရောင်များဖြင့်ခြယ်ကာ လှပအောင်၊ ရောင်းတန်းဝင်အောင် ပြုလုပ်ကြ သော်လည်း၊ ဖျာတစ်မျိုးတည်းသာ သဘာဝအရောင်ဖြင့်သာပြုလုပ်၍ ရောင်းချကြပါသည်။ ရောင်းချသောဈေး ကွက်များမှာ အင်းမမြို့၊ တိုက်ကြီး၊ ရန်ကုန်၊ မန္တလေးနှင့် ပြည်မြို့တို့သို့ တင်ပို့ရောင်းချကြပါသည်။ ဈေးနှုန်းအနေဖြင့် ဦးထုပ်တစ်လုံးလျှင် ၄၅၀၀ကျပ်၊ လက်ဆွဲခြင်း တစ်ခြင်းလျှင် ၇၅၀၀ကျပ်၊ လက်ကိုင်အိတ်အသေး တစ်လုံးလျှင် ၁၀၀၀၀ကျပ်၊ လက်ကိုင်အိတ် အကြီး တစ်လုံးလျှင် ၁၅၀၀၀ ကျပ်၊ ဖျာတစ်ချပ်လျှင် ၅၅၀၀ကျပ်၊ ယောကျ်ားစီးဖိနပ်တစ်ရံလျှင် ၈၅၀၀ကျပ်၊ မိန်းမစီးဖိနပ်တစ်ရံလျှင် ၆၀၀၀ကျပ်ဖြင့်ရောင်းချကြောင်း သိရပါသည်။

     ထို့ကြောင့် ကန်ထဲ၊ မြစ်ထဲ၌ အလေ့ကျပေါက်ရောက်သော အမှိုက်အဖြစ်လွှင့်ပစ်စရာမလိုဘဲ လူအသုံးအဆောင်ပစ္စည်းများအဖြစ်ထုတ်လုပ်ရောင်းချပြီး မိသားစုအပိုဝင်ငွေအပြင် ပို၍လုပ်ငန်းများ တွင်ကျယ်စွာထုတ်လုပ်လာနိုင်ပါက အလုပ်အကိုင်အခွင့်အလမ်းများရရှိလာနိုင်မှာဖြစ်ပါသည်။ ထို့အပြင် ဒီထက်ပိုပြီး တန်ဖိုးမြှင့်ထုတ်ကုန် ပြုလုပ်လာနိုင်မည်ဆိုပါက နိုင်ငံခြားအထိ တင်ပို့ရောင်း ချ နိုင်လျှင် နိုင်ငံခြားဝင်ငွေများလည်း ရရှိလာနိုင်သောကြောင့် အမှိုက်ထဲက ရွှေအဖြစ်တင်စားလိုက်ရပါ သည်။

DOCA(ပဲခူး)

 

ဒေသထွက်အစားအစာဇရစ်ရိုးပင်

     ဇရစ်ရိုးပင်များသည် ကျေးရွာများတွင် စိမ့်စမ်းရေများမှ ဖြစ်ပေါ်လာသော စမ်းချောင်းငယ်များ၊ စွတ်စိုသောမြေများတွင် ဇရစ်ရိုးပင်များပေါများစွာပေါက်ရောက်ပါသည်။ ယခုအခါ မိုးဦးကျအချိန် ကာလဖြစ်သော ဇရစ်ရိုးပေါ်ချိန်တွင် ဇရစ်ရိုးပင်များမှ ဇရစ်ရိုးနုများကို မိသားစုဝင်ငွေရရှိရန်အတွက် ခူးယူပြီး ‌ဈေးများတွင် ပြန်လည်ရောင်းချကြပါသည်။ ဇရစ်ရိုးပင်သည် ဆူးရှိသော အပင်တစ်မျိုး ဖြစ်ပါသည်။ အရိုးထဲနှင့် အရွက်ပါ (၂)မျိုးစလုံးစား၍ရသည့်အပင်ဖြစ်ပါသည်။ မိုးရာသီတွင် ဇရစ်ရိုးပင်များသည် ပေါများစွာပေါက်ရောက်ပြီး ယခုအခါနွေရာသီဖြစ်သည့်အတွက် ဇရစ်ရိုးများရှား ပါးလာသည့်အတွက် မေလကုန်ပိုင်းတွင် ဇရစ်ရိုးတစ်စည်းလျှင် (၁၀၀)နှုန်းဖြင့် ရောင်းချသော်လည်း နွေရာသီဖြစ်သည့်အတွက် ဇရစ်ရိုးတစ်စည်းလျှင် ၂၅၀ကျပ်နှုန်းဖြင့် ရောင်းချကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း