Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ထားဝယ်မြို့ ပဲပင်ပေါက်စျေးနှုန်း/စျေးကွက်

ပဲပင်ပေါက်ကို နေရာဒေသမရွေးသာမက မိမိတို့အိမ်တွင်း၌လည်း အပင်ဖောက်ကာ စိုက်ပျိုးရ လွယ်သောအစားအစာတစ်မျိုးဖြစ်သည်။ ပဲပင်ပေါက်သည် ဈေးနှုန်းသက်သာပြီး အလွယ်တကူဝယ် ယူရရှိနိုင်သော အပင်တစ်မျိုးဖြစ်သည်။ စားသုံးသူများအနေဖြင့် ပဲပင်ပေါက်ကို စီးပွားအဖြစ်ဖောက် ကြ၍ အလွယ်တကူဝယ်ယူရရှိသည့်အပြင် ကျန်းမာရေးအတွက် လွန်စွာအထောက်အကူပြုစေသည်။ များသောအားဖြင့် ပဲပင်ပေါက်ကို ကာထဲတွင် ထည့်ဖောက်ကြပြီး အပင်ပေါက်ချိန်သည် ၄ရက်၅ရက် ကြာသည်။ ပဲစေ့များမှတဆင့် အပင်ပေါက်ကာရရှိသော အပင်များကို အထုပ်ငယ်တစ်ထုပ်လျှင် ၆၀၀ကျပ်ဖြင့် စည်ပင်သာယာစျေးနှင့် ရပ်ကွက်စျေးငယ်များတွင် ရောင်းချလျက်ရှိကြောင်း သိရှိရပါ သည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီးထွက် ရှပ်ခြောက် စျေးနှုန်း/စျေးကွက်

          တနင်္သာရီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံတောင်ဘက်စွန်း ပင်လယ်ထွက်ပေါက်ရှိရာ တိုင်း ဒေသကြီးဖြစ်သဖြင့် ဒေသခံအများစုသည် ရှပ်များကို ရေငုတ်၍လည်းကောင်း၊ ရေကျသည့် အချိန် တွင် သဲတောင်ပြင်‌ပေါ်တွင် တူးဖော်၍လည်းကောင်း ဖမ်းယူကာ ရှပ်အစိုများအား ပြည်တွင်း စျေးကွက်များတွင် ရောင်းချခြင်းများ၊ နေလှန်ကာ ရှပ်အခြောက်များပြုလုပ်ကာ မြန်မာနိုင်ငံနေရာ အနှံ့အပြားသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။

          တနင်္သာရီတိုင်းဒေသကြီးအတွင်း ပုလောမြို့နယ် ခန္တီရွာ၊ ရှပ်ပုံရွာများတွင် ရှပ်အခြောက် အများဆုံးထွက်ရှိပါသည်။ ယခုနှစ်မှာ ရေးမြို့နယ်ဘက်မှအဝင်နဲပြီး ပုလောဘက်မှ အဝင်အများဆုံး ဖြစ်သည်။ အစိမ်းခြောက်ဟုခေါ်သော အကောင်ကြီးအပြား ရှပ်ခြောက် (၁)ပိဿာလျှင် (၇၅၀၀၀) ကျပ် ၁ဗူးစျေးနှုန်းမှာ (၄၀၀၀)ကျပ်နှင့် အပြုတ်ခြောက်ဟုခေါ်သော အကောင်ငယ်အလုံး ရှပ်ခြောက် (၁)ပိဿာလျှင်(၅၀၀၀၀)ကျပ် ၁ဗူးစျေးနှုန်းမှာ (၄၀၀၀)ကျပ် ရှိကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ရှိသီဟိုဠ်ဈေးနှုန်း/ဈေးကွက်

          တနင်္သာရီတိုင်းဒေသကြီး၏ သီဟိုဠ်ဈေးနှုန်းများမှာ ဖေဖော်ဝါရီလ ပထမပတ်အတွင်း ဈေးနှုန်း တည်ငြိမ်လျက်ရှိပြီး သီဟိုဠ်ပုံချောအသန့် တစ်ပိဿာလျှင်(၅၅၀၀၀)ကျပ်နှင့် အခွံကြမ်း တစ်ပိဿာလျှင် (၈၀၀၀) ကျပ်ရှိပါသည်။

          ဈေးနှုန်းများမှာ ထားဝယ်မြို့‌ပေါ်တွင်ဖြစ်ပေါ်လျက်ရှိသော ဈေးနှုန်းများဖြစ်ပြီး တနင်္သာရီ တိုင်းဒေသကြီး၏ မြိတ်ခရိုင်၊ ဘုတ်ပြင်းခရိုင်နှင့်ကော့သောင်းခရိုင်များရှိဈေးနှုန်းများမှာ ခရိုင်အလိုက် ပျှမ်းမျှအားဖြင့် အနည်းငယ်ခန့် ကွာခြားမှုရှိကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

 

တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့၏ငါးခြောက်စျေးနှုန်းများ

တနင်္သာရီတိုင်းဒေသကြီးသည် ပင်လယ်ရေလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်း ပြုလုပ် သည့် တိုင်းဒေသကြီးဖြစ်သည့်အတွက် စီးပွားရေးကောင်းမွန်သဖြင့် ကထိန်အလှူမင်္ဂလာပွဲများကို ခြိမ့်ခြိမ့်သဲကျင်းပပြုလုပ်လေ့ရှိပြီး အလှူအတန်းများတွင် ကျွေးမွေးရန်အတွက်  ဒေသမှထွက်ရှိသော ငါး‌ခြောက်များသည် အရေးပါသော အစားအစာတစ်ခုအဖြစ် ပါဝင် လျက်ရှိပါသည်။ ထို့အပြင် အခြား ဒေသများသို့ တင်ပို့ရောင်းချနေသဖြင့် ထားဝယ်မြို့ ပေါ်ရှိ ငါးခြောက်စျေးကွက်အခြေအနေမှာ ရောင်းအားကောင်းမွန်လျက်ရှိပါသည်။ယခု ဖေဖော်ဝါရီလအတွင်း ထားဝယ်စျေးကွက်တွင် ငါးခြောက်အမျိုးအစားများစွာရှိသော်လည်း ဒေသအတွင်း စားသုံးမှုများပြားသည့် ငါးရောင်းခြောက် (ခေါ်) ဒလုံးခြောက် တစ်ပိဿာလျှင် (၃၅၀၀၀)ကျပ်၊ ငါးလက်ဝါးခြောက် (‌ခေါ်) စာဗျန့်ခြောက် တစ်ပိဿာလျှင် (၂၉၀၀၀)ကျပ်နှင့် ငါးအူမျှင်းခြောက် (ခေါ်) အူကြီး ခြောက်တစ်ပိဿာ လျှင် (၆၅၀၀၀)ကျပ် အသီးသီးစျေးနှုန်းများရှိကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့တွင် မရမ်းသီးများ လှိုင်လှိုင်ထွက်ရှိချိန်‌စျေးနှုန်းများကျဆင်း

               မရမ်းသီးကင်းများသည် ဟင်းလျာအဖြစ် နှစ်သက်စွာစားသုံးလျက်ရှိပြီး ဒေသခံ ပြည်သူ များသည် မိမိတို့နေအိမ်ခြံဝင်းအတွင်းရှိ မြေလွတ်နေရာများတွင်လည်းကောင်း၊ ဥယျာဥ်ခြံမြေများ တွင်လည်းကောင်း အခြားနှစ်ရှည်ပင်များနှင့် ရောနှောကာ စိုက်ပျိုးထားလျက်ရှိသည်။

                   ထားဝယ်ဒေသတွင် မရမ်းသီးကင်းများကို ဝယ်ရောင်းသူပွဲစားများက အရွယ်အစားအ လိုက်တစ်ဗူးလျှင် (၂၅၀၀) ကျပ်အထိသာ ဝယ်ယူပြီး ဒေသအတွင်း နေစဥ်  ရောင်းချလျက်ရှိကြောင်း နှင့်မရမ်းသီးများ လှိုင်လှိုင်ထွက်ရှိလာချိန်နှင့် ရင့်မှည့်လာချိန်တွင် စျေးနှုန်းများကျဆင်းလျက်ရှိ  ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်ဒေသရှိ ဌက်ပျောသီးစျေးနှုန်း၊စျေးကွက်အခြေအနေ

          ဌက်ပျောသီးသည် လူတို့အတွက် အဟာရဓာတ်ဖြည့်စွမ်းသော အစားအစာတစ်ရပ်ဖြစ်သည်။ ဌက်ပျောပင်မျိုးပေါင်း(၇၀)နီးပါးရှိသည့်အနက် မြန်မာနိုင်ငံ၌ ထင်ရှားသော ဌက်ပျောမျိုးများမှာ  ထောပတ်၊ ရခိုင်၊ နံ့သာပု၊ သီးမွှေး၊ ဖီးကြမ်း၊ သူငယ်စာ၊ ပျားရည်ဆမ်း၊ ရသာရုံ၊ မယားမန်း၊ ဌက်ပျော ချဥ်၊ ရွှေနီနှင့် ဝက်မလွတ်တို့ဖြစ်သည်။ ဌက်ပျောသီးပျားအုံး၊ ဌက်ပျောဆနွင်းမကင်း၊ ဌက်ပျောကြော် များပြုလုပ်၍ အချိုပွဲများအဖြစ်စားသုံးကြသကဲ့သို့ မနက်စာအနေဖြင့်လည်း လက်ဖက်ရည်နှင့် လည်းစားသုံးကြသည်။ ထားဝယ်ဒေသတွင် အထွက်များဆုံး ဌက်ပျောသီးများမှာ ဆင်အံသီး၊ ဖီးကြမ်း သီးများ ဖြစ်ကြသည်။ အိမ်ခြံဝန်းထဲတွင် အသီးသီးစိုက်ပျိုးထားကြလေ့ရှိပြီး ရပ်ကွက်စျေးများထဲတွင် တစ်နိုင်တစ်ပိုင်ရောင်းချကြသည်။ ထားဝယ်စျေးကွက်တွင် ဌက်ပျောသီး ဆင်အံသီးတစ်ဖီးလျှင် (၃၅၀၀-၄၅၀၀)ကျပ်၊ ဖီးကြမ်းသီးတစ်ဖီးလျှင် (၄၅၀၀-၅၀၀၀)ကျပ်ရှိပြီး ရွှေဌက်ပျောသီးတစ်ဖီးလျှင် (၅၀၀၀-၆၀၀၀) ကျပ်ရှိကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ရှိဂေါ်ဖီထုပ်ဈေးနှုန်း/ဈေးကွက်

          ဂေါ်ဖီထုပ်သည် မြန်မာနိုင်ငံတွင် ဒုတိယအများဆုံးစိုက်ပျိုးသော ဟင်းသီးဟင်းရွက် အမျိုး  အစားဖြစ်ပါသည်။ ဂေါ်ဖီထုပ်ကို တစ်နှစ်ပတ်လုံး ဈေးကွက်တွင် တွေ့မြင်ရပြီး နည်းလမ်း မျိုးစုံဖြင့် ချက်ပြုတ်စားသောက်လျက်ရှိကြောင်း သိရှိရပါသည်။

          ထားဝယ်ခရိုင်သည် ဂေါ်ဖီထုပ်ထွက်ရှိသည့်ဒေသ မဟုတ်သည့်အတွက် ရှမ်းပြည်နယ်ဘက်မှ ကုန်တင်ကားများဖြင့် အဆင့်ဆင့်သယ်ယူ‌ရောင်းချကြပြီး ဖေဖော်ဝါရီလ ပထမပတ်အတွင်း ဂေါ်ဖီထုပ်တစ်ထုပ်လျှင်(၂၅၀၀-၃၀၀၀)ကျပ် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကမ်းနားဈေးရှိ ဂေါ်ဖီထုပ် ရောင်းချသော လုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

ကန့်ဘလူမြို့နယ်အတွင်းရှိ ‌ရွှေပဲသီး ဈေးနှုန်း/ ‌ဈေးကွက် အခြေအနေ

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ မဈေးအတွင်းတွင် ကုန်စိမ်းသီးနှံအစုံ ဖြစ်သည် ပန်ဂေါ်ဖီ၊ ‌ဂေါ်ဖီထုတ်၊ ‌ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုပ်ပွသီး၊ တိုင်ထောင်ဘိုစားပဲသီး၊ ဂေါ်ရခါး သီး နှင့် ခါကြက်ဥတို့ကို ရောင်းချလျက်ရှိရာ ‌ရွှေပဲသီးကို မန္တလေးမြိူ့မှ မှာယူရောင်းချကြောင်း သိရသည်။

        ကန့်ဘလူမြို့ မြို့မဈေးတွင် ‌ရွှေပဲသီးကို ရောင်းချလျက်ရှိရာမှ  ‌ရွှေပဲသီးကို လူကြိုက်များပြီး အမျိုးမျိုးအသုံးပြုကြပုံမှာ ရွှေပဲသီးကို အစိမ်းကြော်ကြော်စားခြင်း၊ ရွှေပဲသီးကို ပန်း‌ဂေါ်ဖီ၊ ဂေါ်ဖီထုတ် တို့ဖြင့်‌ရောကြော်ခြင်း၊ ရွှေပဲသီးကို စားသောက်ဆိုင်များမှ ကြာဆံကြော်၊ ခေါက်ဆွဲကြော်၊ ထမင်းကြော်တို့ ကြော်ရာတွင် အသုံးပြုခြင်းဖြစ်သည့်အတွက် ဈေးကြီးသော်လည်း ‌ရောင်ရကြောင်းသိရပါသည်။

           ကန့်ဘလူမြို့မဈေးအတွင်းရှိ ရွှေပဲသီး ဈေးနှုန်းမှာ ယခု ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ပထမအပတ်တွင် ရွှေပဲသီး တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၄၀၀၀)ကျပ်နှင့် ၂၅ကျပ်သား လျှင်(၂၀၀၀) ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ကြောင်း ကုန်စိမ်းသီးနှံအစုံ ရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဂေါ်ဖီထုတ်(မုံလာထုတ်) ဈေးနှုန်း/ဈေးကွက် အခြေအနေ

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သည့် ကာဘိုး၊ ဇီးကုန်း၊ ထန်းကုန်းကျေးရွာများတွင် ဂေါ်ဖီထုတ်(မုံလာထုတ်)ကို စိုက်ပျိုးကာ ကန့်ဘလူမြို့နှင့် ကျွန်းလှမြို့ ဈေကွက်အတွင်းသို့ ပို့ဆောင်ရောင်းချပါသည်။ ဂေါ်ဖီထုတ်(မုံလာထုတ်)များကို ယခင်ကာလများတွင် မန္တလေးမြို့ နှင့် ရှမ်းပြည်နယ်တို့မှ မှာယူရောင်းချရပြီး  ဆောင်းပိုင်းကာလ ဒီဇင်ဘာလ နှင့် ဇန်နဝါရီလများတွင် မိမိဒေသမှ လှိုင်လှိုင်ထွက်ရှိသည့် ဂေါ်ဖီထုတ် (မုံလာထုတ်) များကိုသာ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။

         ဂေါ်ဖီထုတ် (မုံလာထုတ်) ဈေးနှုန်းမှာ ၂၀၂၅ ခုနှစ်၊ ယခင် ဇန်နဝါရီလ နောက်ဆုံးပတ်တွင်လည်း ဂေါ်ဖီထုတ် (မုံလာထုတ်) အကြီး/အသေးပေါ်မူတည်၍ တစ်ထုတ်လျှင်(၃၀၀၀/၃၅၀၀)ကျပ် ဈေးနှုန်း အသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ယခု ဖေဖော်ဝါရီလ ပထမအပတ်တွင်လည်း ဂေါ်ဖီထုတ် (မုံလာထုတ်) အကြီး/အသေးပေါ်မူတည်၍ တစ်ထုတ်လျှင်(၂၅၀၀/၃၀၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိသောကြောင့် ယခင် ဇန်နဝါရီလနောက်ဆုံးပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ကြည့်လျှင် အနည်းငယ်ကျဆင်းလျက်ရှိကြောင်း ကုန်စိမ်းသီးနှံအစုံ ရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ခါကြက်ဥ ဈေးနှုန်း/‌ဈေးကွက် အခြေအနေ

             စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ခါကြက်ဥ (ဗမာ)မျိုးကို တစ်ပိုင်တစ်နိုင် မိသားစုအိမ်ခြံမြေများတွင်သာ စိုက်ပျိုးကြပြီး မိမိတို့ဒေသတွင်း ကျေးရွာများနှင့် ကန့်ဘလူမြို့၊ ကျွန်းလှမြို့ ဈေကွက်အတွင်းသို့ ပို့ဆောင်ရောင်းချကြကြောင်းသိရသည်။

            ကန့်ဘလူမြို့၊ မြို့မဈေးတွင် ကုန်စိမ်းရောင်းချနေသူများသည် ခါကြက်ဥများကို ရောင်းချ လျက်ရှိရာ ခါကြက်ဥ(ဗမာ)ဥမှာ ဒေသတွင်းမှ ထွက်ရှိပြီး ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၄၀၀၀)ကျပ် ၂၅ကျပ် သားလျှင်(၁၀၀၀)ကျပ်၊ ခါကြက်ဥ (ဗမာ) ဥသေး တစ်ပိဿာလျှင်(၃၅၀၀)ကျပ် ၂၅ကျပ်သားလျှင်(၉၀၀) ကျပ် ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိပြီး ယခု ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ပထမအပတ်တွင် ခါကြက်ဥ(ဗမာ)ဥကြီး တစ်ပိဿာလျှင်(၃၀၀၀)ကျပ် ၂၅ကျပ်သားလျှင်(၁၀၀၀)ကျပ်၊ ခါကြက်ဥ (ဗမာ) ဥသေး တစ်ပိဿာ လျှင်(၂၅၀၀)ကျပ် ၂၅ကျပ်သားလျှင်(၇၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိပြီး ယခင် ဇန်နဝါရီလနောက်ဆုံးအပတ်နှင့် နှိုင်းယှဉ်ကြည့်ပါက ခါကြက်ဥဈေးနှုန်း တစ်ပိဿာလျှင် (၁၀၀၀) ကျပ် ကျဆင်းလျက်ရှိပြီး အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စိမ်းသီးနှံအစုံ ရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း