Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဒေသထွက် ဖရဲသီး နှင့် ကျွဲကောသီး ဈေးနှုန်း

          ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှာ နှစ်ရှည်သီးနှံဖြစ်သည့် သရက်သီးပင်၊ နဂါးမောက်သီးပင်၊ ပိန္နဲသီးပင်၊ မန်ကျည်းသီးပင်၊ ကျွဲကောသီးပင် နှင့် မာလကာသီးပင်များကိုလည်း စိုက်ပျိုးကြသလို  မိမိတို့ တောင်ယာများထဲတွင် တစ်ပိုင်တစ်နိုင် အနေဖြင့် ရာသီပေါ်သီးနှံဖြစ်သည့် ဖရဲသီးများကို မန်ကျည်းအင်း ကျေးရွာ၊ သံဘိုကျေးရွာ၊ ရှမ်းစုကျေးရွာနှင့် မြို့ပေါ်ရပ်ကွက်များမှ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ဖရဲသီး ဈေးနှုန်းများမှာ ဖရဲသီးအကြီး တစ်လုံးလျှင်(၇၀၀၀)ကျပ်၊  အသေး တစ်လုံးလျှင်(၅၀၀၀)ကျပ် နှင့် ဖရဲသီး စိတ် တစ်စိတ်လျှင်(၃၅၀)ကျပ်  ငွေကျပ်(၁၀၀၀)ဖိုး(၃)စိတ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း ကျွဲကောသီး ဈေးနှုန်းအနေ‌ဖြင့် ကျွဲကောသီး အကြီး တစ်လုံးလျှင်(၄၅၀၀)ကျပ်၊ အသေး တစ်လုံးလျှင်(၃၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ သစ်သီးမျိုးစုံ  ရောင်းချနေသော ဈေးသည်ထံမှ သိရသည်။

DOCA(စစ်ကိုင်း)

သရေစာ  ဆန်လှော်မရွှေး နှင့် ဆန်ခွေကြော်

       ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်းတွင် ကုန်မျိုးစုံဆိုင်များ ရောင်းချလျက်ရှိရာမှ မြန်မာ့ရိုးရာ အစားအစာတစ်ခုဖြစ်သည့် ဆန်လှော်မ‌ရွေးကိုလည်း ရောင်းချလျက်ရှိကြောင်း၊ ဆန်လှော်မရွေးကိုလည်း သဘာဝဆန်ကြမ်းဖြင့် ပြုလုပ်ပြီး ထန်းလျက်‌‌ရေ ၊ ကြံသကာရေ ‌လောင်းထား‌သော မြန်မာမုန့်ဖြစ်ပြီး ဆန်ခွေကြော် ကိုတော့ ကောက်ညှင်းဆန်အဖြူဖြင့် ပြုလုပ်ရကြောင်း ဆန်လှော်မရွေးကို ရွှေဘိုမြို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

        ၂၀၂၅ ခုနှစ်၊ ယခု စက်တင်ဘာလ စတုတ္ထပတ်အတွင်း သစ်ရာမြိုင်ဈေး၌ ဖြစ်ပေါ်နေ‌သော ဆန်လှော်မ‌ရွေး ဈေးနှုန်းအနေဖြင့် ဆန်လှော်မ‌ရွေး တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၄၀၀၀)ကျပ် (၂၅)ကျပ်သားလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း အလားတူပင် ဆန်ခွေကြော် (၁၀)ခုပါ တစ်ထုတ်လျှင်(၁၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ကုန်မျိုးစုံ ရောင်းချသည့် ဈေးသည်ထံမှ သတင်းရရှိ ပါသည်။

DOCA(စစ်ကိုင်း)

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော သဘာဝဒေသထွက်ကုန်ဈေးနှုန်းများ

         ၂၂.၉.၂၀၂၅ ရက်နေ့၊ ကုန်စည်ဒိုင်တွင်ဖြစ်ပေါ်ခဲ့သော ထန်းလျက် တစ်ပိဿာ ဈေးနှုန်း များမှာ တောင်သာ၊ မလိုင်(ဒုံး) သစ် အနိမ့်ဆုံးဈေး ကျပ် ၅၄၀၀ မှ အများဆုံး ကျပ် ၅၇၀၀၊ ညောင်ဦးဆေးရှယ်ကျပ် အနိမ့်ဆုံးဈေး ၅၄၀၀ မှ အများဆုံး ကျပ် ၆၈၀၀၊ ညောင်ဦးဆေးရှယ် (ထန်းရော)  အနိမ့်ဆုံးဈေး ကျပ် ၄၄၀၀ မှ အများဆုံး ကျပ် ၄၅၀၀၊ ၊ ပခုက္ကူကြမ်း ကျပ် ၅၆၅၀၊ ရေစကြိုထန်းလျက် အနိမ့်ဆုံးဈေး ကျပ် ၆၈၀၀ မှ အများဆုံး ကျပ် ၇၀၀၀ ၊ ကြံသကာ (ရှမ်း) ကျပ် ၃၅၀၀၊ ကြံသကာ (သကြားရော) ကျပ် ၅၂၀၀၊ မန်ကျည်းသီးများဖြစ်သော မန်းကျည်းသီး ပွင့်ကပ် (သစ်) အနိမ့်ဆုံးဈေး ကျပ် ၅၀၀၀ မှ ကျပ် ၆၀၀၀ ၊ မန်းကျည်းသီးအသား အနိမ့်ဆုံးဈေး ကျပ် ၇၀၀၀ မှ ကျပ် ၉၃၀၀ ၊ ပြည်တွင်းသကြား  အနိမ့်ဆုံးဈေး ကျပ် ၄၄၀၀ မှ ကျပ် ၄၆၅၀ တို့ အသီးသီးဖြစ် ကြောင်း ကုန်စည်ဒိုင်မှ သတင်းရရှိပါသည်။

DOCA (ရန်ကုန်)

ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ရေထွက်ကုန်ပစ္စည်းဈေးနှုန်းများ

       ၂၂.၉.၂၀၂၅ ရက်နေ့၊ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သောရေထွက်ကုန်ပစ္စည်းများ ၏ တစ်ပိဿာ ဈေးနှုန်းများမှာ ဖျာပုံရွှေပုဇွန်ရှယ် မှာ ကျပ် ၂၈၀၀၀၀ ၊ ဖျာပုံရွှေပုဇွန်ရိုးရိုးကျပ် ၂၀၀၀၀၀၊ ဖျာပုံချိုကြီးရှယ် ကျပ် ၁၅၀၀၀၀၊ ဖျာပုံချိုကြီးရိုးရိုး ကျပ် ၁၂၀၀၀၀၊ ဖျာပုံချို သေးရှယ်ကျပ် ၉၅၀၀၀ ၊ ဖျာပုံ ချိုသေးရိုးရိုးကျပ် ၈၀၀၀၀ ၊မြိတ်ပုဇွန်လတ် ကျပ် ၁၁၀၀၀၀၊ မြိတ်ပုဇွန်ရိုးရိုး ကျပ် ၉၀၀၀၀၊ ရေချိုငါးခြောက်များဖြစ်ကြသော ငါးကျီးကြပ်တိုက်ကြီး   ကျပ် ၉၀၀၀၀ ၊ ငါးကျီးကြပ်တိုက်သေး  ကျပ် ၇၀၀၀၀ ၊ ငါးမြွေထိုး ကျပ် ၇၀၀၀၀ ၊ ငါးရံ့ခြောက်ကြီး ကျပ် ၈၅၀၀၀ ၊ ငါးရံ့ခြောက် လတ်ကျပ် ၇၀၀၀၀ ၊ ငါးရံလုံးရှယ် ကျပ် ၆၅၀၀၀ ၊ ရေငံငါးခြောက်များဖြစ်ကြသော ကလိန် ကျပ် ၁၂၀၀၀ ၊ ငါးကွမ်းရှပ်ကြီး ကျပ် ၃၇၀၀၀၊ ငါးတံခွန်မျှင်ကြီးရှယ်  ကျပ် ၂၃၀၀၀၊ ငါးတံခွန်လုံးကြီး ကျပ် ၅၅၀၀၀၊ ငါးနှပ်ခြောက် ကြီး(ရှယ်) ကျပ် ၅၅၀၀၀ ၊ ငါးရွှေသေး ကျပ် ၁၂၀၀၀ ၊ ငါးမီးတံသွယ် ကျပ် ၉၀၀၀  ဈေး တို့အသီးသီး ရှိကြကြောင်း ကုန်စည်ဒိုင်မှ စုံစမ်းသိရှိရပါသည်။

DOCA (ရန်ကုန်)

ဆန်အမျိုးအစားအလိုက် ဆန်အဝင်နှင့် ဆန်ဈေးနှုန်းစာရင်း

          ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ၂၂.၉.၂၀၂၅ ရက်နေ့တွင် ပဲခူး(အရှေ့) မှ ရှယ်စ ၃၈၅၆ အိတ်နှင့် ဈေးနှုန်း မှာ ၅၅၀၀၀ မှ ၅၆၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၆၅၀ နှင့် ဈေးနှုန်းမှာ ၅၄၀၀၀ မှ ၅၅၀၀၀ ကျပ်၊ လက်စအိတ်ရေ ၁၆၅၂ နှင့် ဈေးနှုန်းမှာ ၅၃၀၀၀ မှ ၅၄၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၇၄၃ နှင့် ဈေးနှုန်းများမှာ ၅၁၀၀၀ မှ ၅၂၀၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၅၃၈၂ နှင့် ဈေးနှုန်းများမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ်၊ ပဲခူး(အနောက်) မှ ရှယ်စ ၃၉၈၀ အိတ်၊ ဈေးနှုန်းမှာ ၅၅၀၀၀ မှ ၅၆၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၈၀၀၊ ဈေးနှုန်းမှာ ၅၄၀၀၀ မှ ၅၅၀၀၀ ကျပ်၊ လက်စအိတ်ရေ ၁၅၂၀ ဈေးနှုန်းမှာ ၅၃၀၀၀ မှ ၅၄၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၅၇၀ ဈေးနှုန်းများမှာ ၅၁၀၀၀ မှ ၅၂၀၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၅၆၇၀ နှင့် ဈေးနှုန်းများမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ်၊ ဧရာဝတီတိုင်းမှ ရှယ်စ ၄၂၃၂ ဈေးနှုန်းမှာ ၅၅၀၀၀ မှ ၅၆၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၄၂၀ ဈေးနှုန်းမှာ ၅၄၀၀၀ မှ ၅၅၀၀၀ ကျပ်၊ လက်စအိတ်ရေ ၂၁၈၃၊ ဈေးနှုန်းမှာ ၅၃၀၀၀ မှ ၅၄၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၆၉၀ ဈေးနှုန်းများမှာ ၅၁၀၀၀ မှ ၅၂၀၀၀ ကျပ်၊  ဆန်ကွဲအိတ်ရေ ၅၉၈၄ နှင့် ဈေးနှုန်းမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ် တို့ဝင်ရောက်ကြောင်း သိရှိရပါသည်။     

        ၂၂.၉.၂၀၂၅  ရက်နေ့တွင် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ရှယ်စ (၁၂၀၆၈)၊ ထိပ်စ(၁၀၈၇၀)၊ လက်စ(၅၃၅၅)၊ ၂၅ မတ်ဆန် (၅၀၀၃)၊ ဆန်ကွဲ(၁၇၀၃၆) အိတ် စုစုပေါင်း(၅၀၃၃၂) အိတ်တို့ဝင် ရောက်ခဲ့ပြီး ဆန်ဈေးနှုန်းမှာ ပြောင်းလဲမှုမရှိကြောင်း နှင့်ယခင်နေ့ထက် ဆန်အိတ်ပိုမိုဝင်ရောက် ကြောင်း ကုန်စည်ဒိုင်၏ပြောပြချက်အရ သိရှိရပါသည်။

DOCA (ရန်ကုန်)

ဆန်အမျိုးအစားအလိုက် ဆန်အဝင်နှင့် ဆန်ဈေးနှုန်းစာရင်း

               ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ၂၀.၉.၂၀၂၅ ရက်နေ့တွင် ပဲခူး(အရှေ့) မှ ရှယ်စ ၃၁၄၀ အိတ်နှင့် ဈေးနှုန်း မှာ ၅၅၀၀၀ မှ ၅၆၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၁၂၅ နှင့် ဈေးနှုန်းမှာ ၅၄၀၀၀ မှ ၅၅၀၀၀ ကျပ်၊ လက်စအိတ်ရေ ၁၃၂၀ နှင့် ဈေးနှုန်းမှာ ၅၃၀၀၀ မှ ၅၄၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၀၂၃ နှင့် ဈေးနှုန်းများမှာ ၅၁၀၀၀ မှ ၅၂၀၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၄၅၆၀ နှင့် ဈေးနှုန်းများမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ်၊ ပဲခူး(အနောက်) မှ ရှယ်စ ၃၂၆၉ အိတ်၊ ဈေးနှုန်းမှာ ၅၅၀၀၀ မှ ၅၆၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၀၈၀၊ ဈေးနှုန်းမှာ ၅၄၀၀၀ မှ ၅၅၀၀၀ ကျပ်၊ လက်စအိတ်ရေ ၁၃၈၈  ဈေးနှုန်းမှာ ၅၃၀၀၀ မှ ၅၄၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၉၄၇ ဈေးနှုန်းများမှာ ၅၁၀၀၀ မှ ၅၂၀၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၄၆၂၈ နှင့် ဈေးနှုန်းများမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ်၊ ဧရာဝတီတိုင်းမှ ရှယ်စ ၃၃၇၈ ဈေးနှုန်းမှာ ၅၅၀၀၀ မှ ၅၆၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၂၈၄ ဈေးနှုန်းမှာ ၅၄၀၀၀ မှ ၅၅၀၀၀ ကျပ်၊ လက်စအိတ်ရေ ၁၁၂၇၊ ဈေးနှုန်းမှာ ၅၃၀၀၀ မှ ၅၄၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၉၆၃ ဈေးနှုန်းများမှာ ၅၁၀၀၀ မှ ၅၂၀၀၀ ကျပ်၊  ဆန်ကွဲအိတ်ရေ ၄၃၀၀ နှင့် ဈေးနှုန်းမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ် တို့ဝင်ရောက်ကြောင်း သိရှိရပါသည်။                  

       ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဝင်ရောက်သောဆန်အမျိုးအစားများ၏ ဈေးနှုန်းများမှာ ယခင်နေ့ များအတိုင်း ပြောင်းလဲမှုမရှိကြောင်း ကုန်စည်ဒိုင်၏ပြောကြားချက်အရ သိရှိရပါသည်။

DOCA (ရန်ကုန်)

 ကျွန်းလှမြို့တွင် စကားဝါ/စကားဖြူပန်းပျိုးပင် နှင့် ပန်းပွင့်များ စိုက်ပျိုးရောင်းချလျက်ရှိ

        စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်တွင် ၊ မိသားစု စားဝတ် နေရေးအတွက် တစ်ဖက် တစ်လမ်းမှ အပိုဝင်ငွေရရှိရန်အတွက်သော်လည်းကောင်း ဝါသနာအရသော်လည်း ကောင်း  စိုက်ပျိုးရေးနှင့် မွေးမြူရေးကို လုပ်ကိုင်ကြရာမှ သစ်ပင်ပန်းပင်အမျိုးမျိုးကို အပင်ပေါက်ရော အပွင့်ပါ ရောင်းချရန်အတွက်  တစ်နိုင်တစ်ပိုင် စိုက်ပျိုးလာကြသည်။

           ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ် ကျွန်းလှမြို့၏ စကားဝါ/ဖြူပန်းပျိုးပင် ဈေးနှုန်းနှင့် စကားဝါ/ဖြူပန်းပွင့် ဈေးနှုန်းအနေဖြင့် စကားဝါ/ဖြူပျိုးပင် တစ်ပင်လျှင်(၁၇၀၀၀)ကျပ်၊ စကားဖြူပန်းပွင့် ဈေးနှုန်းဖြင့် စကားဖြူပန်း(၃)ပွင့်ပါ တစ်ကုံးလျှင်(၄၀၀)ကျပ်၊ စကားဖြူပန်း(၅)ကုံးလျှင်(၂၀၀၀)ကျပ် ဈေးနှုန်း တို့ဖြင့်လည်းကောင်း စကားဝါပန်း ဈေးနှုန်းဖြင့် စကားဝါပန်း(၃)ပွင့်ပါ တစ်ကုံးလျှင်(၃၀၀)ကျပ်၊ စကားဝါပန်း (၂)ကုံးလျှင်လျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကျွန်းလှမြို့ ပန်းဥယာဉ်စိုက်ပျိုး ရောင်းချသူ  ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်ရာ အရပ်ဒေသများနှင့် ဈေးနှုန်းများအခြေအနေ

       ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဘုရင့်နောင် ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက်ရာဒေသများဖြစ်သည့် ဆိပ်ဖြူ၊ မြင်းခြံ၊ မုံရွာ၊ ပခုက္ကူ၊ တောင်သာဒေသတို့မှ ကြက်သွန်နီ (၆၆၀၀၀၀) ပိဿာ ဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့် ပြန်လည်စီးထွက်မှုရှိကြောင်း သိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီ လက်ကျန်မှာ (၂၆၄၀၀၀) ကျန်ရှိကြောင်း ကုန်စည်ဒိုင်သတင်းအရသိရှိရ သည်။ ဆိပ်ဖြူ ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၆၀၀၊ အသန့်မှာတစ်ပိဿာ ကျပ် ၁၁၅၀၊ အကြီးမှာ ကျပ် ၁၄၀၀၊ ရှယ်မှာ ကျပ် ၁၈၀၀၊ မြင်းခြံ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၅၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၉၀၀ ၊ အကြီးမှာ ကျပ် ၁၂၀၀၊ ရှယ်မှာ ကျပ် ၁၅၀၀၊ မုံရွာ ကြက်သွန်နီ(အသစ်)  အချော တစ်ပိဿာ ကျပ် ၈၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၂၅၀ ၊ အကြီးမှာ ကျပ် ၁၅၀၀၊ ရှယ်မှာ ကျပ် ၁၉၀၀၊ တောင်သာ ကြက်သွန်နီ(အသစ်)  အချော တစ်ပိဿာ ကျပ် ၅၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၈၅၀ ၊ အကြီးမှာ ကျပ် ၁၀၀၀၊ ရှယ်မှာ ကျပ် ၁၀၅၀၊ ပခုက္ကူ ကြက်သွန်နီ (အသစ်) အချော  တစ်ပိဿာ ကျပ် ၆၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၁၅၀ ၊ အကြီးမှာ ကျပ် ၁၄၅၀၊ ရှယ်မှာ ကျပ် ၁၅၅၀ ဈေးတို့အသီးသီးရှိ ကြောင်း စုံစမ်းသိရှိရပါသည်။

          ၂၃.၉.၂၀၂၅ ရက်နေ့တွင် ဆိပ်ဖြူနှင့် မြင်းခြံကြက်သွန်နီမှာ ၁၈.၉.၂၀၂၅ ရက်နေ့ကထက် ဈေးအနည်းငယ်ကျပြီး မုံရွာကြက်သွန်နီဈေးနှုန်းမှာ ယခင်အပတ်အတိုင်းဈေးတည်ငြိမ်နေကြောင်း သိရှိရပါသည်။

    DOCA (ရန်ကုန်)

 

 

 

 ကျွန်းလှမြို့တွင် ကံကော်ပန်းပျိုးပင်များ စိုက်ပျိုးရောင်းချလျက်ရှိ

        စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်တွင် ၊ မိသားစု စားဝတ်နေရေးအတွက် တစ်ဖက် တစ်လမ်းမှ အပိုဝင်ငွေရရှိရန်အတွက်သော်လည်းကောင်း၊ ဝါသနာအရသော်လည်းကောင်း  စိုက်ပျိုးရေးနှင့် မွေးမြူရေးကို လုပ်ကိုင်ကြရာမှ သစ်ပင်ပန်းပင်အမျိုးမျိုးကို အပင်ပေါက်ရော အပွင့် ပါ ရောင်းချရန်အတွက်  တစ်နိုင်တစ်ပိုင် စိုက်ပျိုးလာကြသည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ် ကျွန်းလှမြို့၏ ကံကော်ပန်းပျိုးပင် ဈေးနှုန်းနှင့် ကံကော်ပန်း ပွင့် ဈေးနှုန်းအနေဖြင့် ကံကော်ပန်းပျိုးပင် တစ်ပင်လျှင်(၃၀၀၀၀)ကျပ်၊ ကံကော်ပန်းပွင့် တစ်စီးလျှင်(၂၀၀၀) ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကံကော်ပန်းပျိုးပင်သည် နိမ့်နိမ့်လေးနှင့် အဖူးအပွင့်များပွင့် သော ပန်းပင်ဖြစ်ကြောင်း ပန်းဥယာဉ်စိုက်ပျိုး ရောင်းချသူ  ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

“ဈေးကောင်းနေသောလောင်စာတောင့်”

      လားရှိုးမြို့၊ မြို့ပေါ်ရပ်ကွက်များ၌ ထင်းနှင့်မီးသွေးအစားထိုးအဖြစ် လောင်စာတောင့်များအား ပြုလုပ်၍ ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ထင်းနှင့်မီးသွေးထက် အချိန်ကုန် သက်သာစေပြီး တာရှည်ခံသည့် လောင်စာတောင့်များအား အိမ်ရှင်မများမှ ပိုမိုသုံးစွဲလာကြကြောင်း သိရှိရပါသည်။ လောင်စာတောင့်များအား လေးတောင့်အခဲနှင့် အဝိုင်းအခဲဟူ၍ နှစ်မျိုးထုတ်လုပ် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ လောင်စာတောင့်(လေးတောင့်အခဲ)များကို ဂျပ်ဖာများဖြင့် ရောင်းချလျက်ရှိပြီး လောင်စာတောင့်(အဝိုင်းအခဲ)များကို ပီနံအိတ်များဖြင့် ရောင်းချကြောင်း သိရှိ ရပါသည်။

     လက်ရှိဈေးကွက်တွင် ဖြစ်ပါ်နေသောလောင်စာတောင့်(လေးတောင့်အခဲ) ဈေးနှုန်းများမှာ (၅)ပိဿာခန့်ပါ တစ်ဖာလျှင် (၁၅၀၀ဝိ/-)ကျပ်၊ လောင်စာတောင့်(အဝိုင်းအခဲ)ဈေးနှုန်းများမှာ (၄၅)ခုပါ တစ်အိတ်လျှင်(၂၅၀၀ဝိ/-)ကျပ်ဖြင့် ဈေးကွက်အတွင်းအရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း