Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့မဈေးရှိ အမဲသားနှင့် ဝက်သားဈေးနှုန်း

   စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန် များ၏ ဈေးနှုန်း၊ဈေးကွက် အခြေအနေများကိုလေ့လာ၍ အပတ်စဉ်၊ လစဉ် အထက် အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

     ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသည့် ဝက်သားများကို ကန့်ဘလူမြို့ရှိ လက်လီ/ လက္ကားဒိုင်များနှင့် ကျွန်းလှမြို့နယ်အတွင်းမှ ဝင်ရောက်လျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ လ ဒုတိယပတ်အတွင်း  ကန့်ဘလူမြို့မဈေးတွင် ဝက်သားရှယ် (၁)ပိဿာ(၃၆၀၀၀)ကျပ်၊ ဝက်ပေါင် သား(၁)ပိဿာလျှင် (၃၃၀၀၀)ကျပ်၊ နံကိုင်းသား(၁)ပိဿာလျှင် (၃၀၀၀၀)ကျပ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း  အမဲသားသန့်(၁)ပိဿာလျှင် (၂၈၀၀၀)ကျပ်၊ ရိုးရိုး(၁)ပိဿာလျှင် (၂၅၀၀၀) ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း၊ အသားရောင်းချသူများထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

“ ခရမ်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ်မိုးရာသီတွင်စိုက်ပျိုးထားသောကောက်စောစပါးများ စတင်ထွက်ရှိ”

   ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် စပါးသီးနှံကို နှစ်စဉ်စိုက်ပျိုးခဲ့ရာ ယခုနှစ် ၂၀၂၅-၂၀၂၆ မိုးစပါးစိုက်ပျိုးရာသီတွင် ခရမ်းတစ်မြို့နယ်လုံးတွင် စပါးစိုက်ပျိုးဧက (၁၁၀၆၃၉)စိုက်ပျိုးခဲ့ရာတွင် ခရမ်းမြို့နယ်၏ ကျေးရွာများဖြစ်သော ကြာကန်၊ ပိန်းကန်၊ မောင်းမ၊ ကမာကလူ၊ ရိုးကြီး၊ တမံကြီး၊ ကြူတောကျေးရွာများတွင် စပါးသက်တမ်းနုမျိုးများကို အခြောက် ကြဲ၍ ကောက်စောစပါးများ စတင်ထွက်ရှိလာခဲ့ပြီး ယခုနှစ်တွင် မိုးရေချိန်လုံလောက်စွာ ရရှိပြီး ပိုးမွှားများ ဖျက်ဆီးမှုမရှိကြောင်း သီးနှံအထွက်နှုန်းသည် ယခင်နှစ်များထက်ပိုမိုထွက်ရှိလာ ကြောင်း သိရပြီး ထွက်ရှိစပါးများသည် မိုးရွာသွန်းမှုများရှိခြင်းကြောင့် စပါးအစိုဓာတ်များခြင်း၊ စပါးဝယ်ယူမှုတွင် လမ်းများခြောက်သွေ့မှုမရှိသေးခြင်းကြောင့် သယ်ယူစရိတ်များခြင်းများရှိပြီး၊ စပါးဈေးကွက်အနေဖြင့် မြို့ပေါ်စက်ပိုင်း ကုန်ုသည်များက စက်အရောက် စပါးတင်း (၁၀၀)လျှင် (၅၅)ပေါင်ကိုက်ဖြင့် (၉)သိန်းခွဲမှ (၁၀)သိန်းအထိ ဝယ်ယူရရှိစပါးများအား အခြောက်ခံစက်များ ဖြင့် အခြောက်ခံ၍စပါးကြိတ်ခွဲပြီး ထွက်ရှိဆန်သစ်များအား ရန်ကုန်ဈေးကွက်တွင် (၁၀၈)ပေါင် (၁)အိတ်လျှင် (၄၆၀၀၀/-) ကျပ် ဖြင့် တင်ပို့ရောင်းချလျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကန့်ဘလူမြို့သစ်သီးဈေးကွက်ရှိ ပန်းသီးဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့မဈေးရှိ သစ်သီးဈေးကွက်တွင် စပျစ်သီး၊ လိမ္မော်သီး၊ ပန်းသီး၊ ဖရဲသီး၊ သခွားမွှေးသီးနှင့် ပန်းသစ်တော်သီးများ ရောင်းချလျက်ရှိပြီး ပန်းသီးများကို မန္တလေးမြို့သစ်သီးပွဲရုံများမှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။ ၂၀၂၅ ခုနှစ် ၊စက်တင်ဘာလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့ သစ်သီးဈေးကွက်တွင် ပန်းသီးအကျွတ်သီး ခြောက်လုံးလျှင် (၅၀၀၀)ကျပ်၊ လေးလုံးလျှင် (၅၀၀၀)ကျပ်၊ ပန်းသီးတစ်လုံးလျှင်(၂၅၀၀)ကျပ်နှင့် လေးလုံးလျှင် (၁၀၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သစ်သီးရောင်းချသူများထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ဒေသထွက်နွားနို့များ ရောင်းချသူများ ဝင်ငွေရရှိ

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် ကန့်ဘလူမြို့ပေါ်နှင့် နတ်ပေးကျေးရွာ၊ နတ်အင်းကျေးရှိ ရွာတောင်သူဦးကြီးများသည် မိမိတို့ရဲ့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် တစ်ပိုင်တစ်နိုင် ဒေသနွားနှင့် မေထုံနွားများ မွေးမြူ၍ နွားနို့များညှစ်ကာ မိသားစုစားဝတ်နေရေးအဆင်ပြေအောင် ဆောင်ရွက်လုပ်ကိုင်လျက်ရှိကြောင်း သိရသည် ။

     မေထုံနွားမတစ်ကောင်ကို တစ်နေ့နို့ပိဿာ(၇)ပိသာခန့်နှင့် ဒေသနွားမတစ်ကောင်းကို (၃)ပိဿာခန့် ထွက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်တွင် ရောင်းချလျက်ရှိသော ဒေသထွက်နွားနို့(၁)လီတာ (၁)ဗူးလျှင် (၁၅၀၀မှ ၂၀၀၀)ကျပ်၊ နို့စားနွားနို့(၁)လီတာ (၁)ဗူးလျှင် (၁၃၀၀မှ ၁၆၀၀)ကျပ်တို့ဖြင့် ရောင်းချရပြီး လက်ဖက်ရည်ဆိုင်များ၊ နွားနို့ကြိုက်နှစ်သက်သူများက နေ့စဉ်ဝယ်ယူလျက်ရှိကြောင်း ဒေသထွက်နွားနို့ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ ဈေးကောင်းရနေသည့် ဒေသထွက်နဂါးမောက်သီး

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ပြီး လယ်ယာထွက်ကုန်သီးနှံများအပြင် ဥယျာဉ်ခြံသီးနှံများကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း သိရသည်။ မြန်မာနိုင်ငံ၌ စိုက်ပျိုးလျက်ရှိသော နဂါးမောက်မျိုးများမှာ အပြင်အခွံအနီရောင်နှင့် အတွင်းသား အဖြူရောင်ရှိသောမျိုး၊ အပြင်ခွံအနီရောင်နှင့် အတွင်းသားအနီရောင်ရှိသောမျိုး၊ အပြင်ခွံအဝါရောင်နှင့် အတွင်းသားအဖြူရောင်ရှိသောမျိုးတို့ဖြစ်ကြောင်း သိရသည်။

      ကန့်ဘလူမြို့နယ် ဆိတ်ဖူးမြောင်ကျေးရွာ၊ အင်ကြင်းစုကျေးရွာနှင့် အခြားကျေးရွာများတွင် နဂါးမောက်သီးများကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီး ကန့်ဘလူမြို့သစ်သီးဈေးကွက်တွင် ရောင်းချ လျက်ရှိကြောင်း၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့ သစ်သီးဈေးကွက်တွင် ရောင်းချ နေသော နဂါးမောက်သီး ဈေးနှုန်းများမှာ အသေးတစ်လုံးလျှင် (၁၀၀၀မှ ၁၅၀၀)ကျပ်နှင့် အကြီး တစ်လုံးလျှင် (၂၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ နေ့စဉ်ဝင်ငွေရနေသည့် ကောက်ရိုးမှိုစိုက်ပျိုးရေး

  စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ အမှတ်(၂)ရပ်ကွက်တွင် တစ်နိုင်တစ်ပိုင်ကောက်ရိုးမှို စိုက်ပျိုးခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိနေကြောင်း၊ ထိုသို့ကောက်ရိုးမှိုစိုက်ပျိုး ရာတွင် ၆ပေ ၃ပေရှိ မှိုတစ်ဘောင်ကို မှိုမျိုးစေ့ထုတ်(၄)ထုတ်နှင့် ကုန်ကြမ်းပစ္စည်းများဖြစ်သည့် ထုံး အနည်းငယ်၊ ဂျပ်စက္ကူ(၁၀)ပိဿာခန့်၊ ဖွဲနု၊ နွားချေး (၃)အိတ်၊ ဝါး၊ ဗေဒါပင်နှင့် ကောက်ရိုးတို့အသုံး ပြုရကြောင်း၊ (၁၀)ရက်မြောက်နေ့မှာတော့ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကွက်ဝင်တဲ့ မှိုတွေကို နှုတ်ယူရောင်းချနိုင်ပါကြောင်း၊ ကိုယ့်မိသားစုအတွက်လည်း ဟင်းတစ်ခွက်ဖြစ်တာကြောင့်  အိမ်ခြံ ဝင်းကျယ်ပြီး မြေပိုရှိတဲ့ သူတွေအနေနဲ့ ကောက်ရိုးမှိုကို စီးပွားဖြစ်မဟုတ်တောင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးသင့်ကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင်  ကောက်ရိုးမှို တစ်ပိဿာလျှင် လက်လီဈေး(၁၀၀၀၀)ကျပ်၊ လက်ကားဈေး (၉၅၀၀၀)ကျပ်နှင့် (၅၀)ကျပ်သားလျှင် (၅၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျှက်ရှိကြောင်း၊ ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုလဒုတိယပတ်အတွင်း ကောက်ရိုးမှိုဈေးနှုန်း အနည်းငယ်ကျဆင်းလျက်ရှိကြောင်း၊ စိုက်ပျိုးသူ ဦးဝင်းဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးရှိ ပဲပင်ပေါက်နှင့် ပဲချဉ်ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုးရောင်းချသည့်အပြင်၊ ဒေသထွက် ရိုးရာလက်လုပ်ချဉ်များ ပြုလုပ်ရောင်းချပြီး မိသားစုစားဝတ်နေရေးအတွက် အထောက်အပံ့များရရှိကာ အဆင်ပြေလျက်ရှိကြောင်း၊ ပဲပင်ဖောက်ရာတွင် ပဲတီစိမ်းနှင့် မတ်ပဲတို့ကို အသုံးများကြောင်း၊ အသုံးပြုမည့်ပဲကို ကြိုတင်ရေစိမ်ထားရကြောင်း၊ ရရှိလာသောပဲပင်ပေါက်များကို သန့်ရှင်းအောင်ပြုလုပ်ပြီး ပဲချဉ်ပြုလုပ်ရကြောင်း သိရှိရသည်။

     ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့၊ မြို့မဈေး၌ဖြစ်ပေါ်နေသော ပဲပင်ပေါက်ဈေးနှုန်းမှာ ပဲပင်ပေါက် လက္ကားတစ်ပိဿာလျှင် (၄၅၀၀)ကျပ်၊ လက်လီတစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင်(၅၀၀)ကျပ်နှင့် ပဲချဉ်လက္ကားတစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ လက်လီ တစ်ပိဿာလျှင် (၄၂၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၂၁၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း၊ ပဲပင်ပေါက်နှင့် ပဲချဉ်ရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

 

ညောင်တုန်းမြို့နယ် ရေထွက်ကုန် တီလားဗီးယားငါး ရန်ကုန်သို့တင်ပို့နေ

      ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်  ငါးကန် မွေးမြူးရေးလုပ်ငန်းများကို လုပ်ကိုင်လျှက် လုပ်ကိုင်ဆောင်ရွက်လျှက်ရှိပါသည်။ ညောင်တုန်းမြို့သည် စိုက်ပျိုးရေး အဓိက ထားစိုက်ပျိုးကြသလို မွေးမြူရေးလုပ်ငန်းဖြင့်လည်း စီးပွားဖြစ်ထွန်းအောင် လုပ်ကိုင်ဆောင်ရွက်နေပြီး ညောင်တုန်းမြို့နယ် ထွက်ရှိသော ငါးများကို ရန်ကုန်သို့ တင်ပိုလျှက်ရှိပြီး ရန်ကုန်မှ တဆင့် ပြည်ပပို့ကုန်အဖြစ် ငါးများတင်ပို့နေကြောင်း ငါးမွေးမြူရေးလုပ်ငန်းရှင်မှ ပြောပြ၍ သိရသည်။

         ညောင်တုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဩဂုတ်လအတွင်း တီလားဗီးယားငါး ပိဿာချိန် ၆၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ စက်တင်ဘာလ ဒုတိယပတ်အတွင်း  တီလားဗီး ယားငါး ပိဿာချိန်၂၀၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့သည်။ 

        ညောင်တုန်းမြို့နယ် မှ ထွက်သော ငါးများကို ပြည်တွင်း ရန်ကုန်ဈေးကွက်ကလဲ တီလားဗီးယားငါးတွေ ဝယ်ယူမှုများကြောင်း  နှစ်စဉ် ငါးပိဿာ ချိန်တွေတော်တော်များများတင်ပို့နေပြီး ရေလုပ်ငန်းရှင်တွေနဲ့ ငါးရောင်းဝယ်ရေ ဒိုင်များ၊ ကုန်သည်တွေပါ အဆင်ပြေလျှက်ရှိကြောင်း၊ ငါးမွေးမြူသူတွေ ငါးအကောင်ရေ ထပ်တိုးမွေးမြူလာကြပြီး  မွေးမြူသည့် တီလားဗီးယားငါးနှင့် သဘာဝအတိုင်း ဖမ်းဆီးရရှိသည့် တီလားဗီးယား ငါးများထွက်ရှိကြောင်း၊ ညောင်တုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချနေသည့် တီလားဗီး ယားငါးတစ်ပိဿာလျှင် ငွေကျပ် ၁၂၀၀၀ ထိ ဈေးပေါက်နေကြောင်း သိရှိရသည်။

DOCA(ဧရာဝတီ)

ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသော တို့ဟူးခြောက်နှင့် တို့ဟူးစိမ်းဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် မိသားစုစားဝတ်နေရေးအတွက် အပိုဝင်ငွေရရှိရန် ကုလားပဲကို အမှုန့်ကြိတ်၍ တို့ဟူးစိမ်းနှင့် တို့ဟူးခြောက်များပြုလုပ်ပြီး ကန့်ဘလူမြို့ မဈေးတွင် နေ့စဉ်ရောင်းချလျှက်ရှိကြောင်း၊ သိရသည်။

      ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ဖြစ်ပေါ်နေသော တို့ဟူးစိမ်းဈေးနှုန်းများမှာ လက်လီ(၁)ပိဿာလျှင် (၅၀၀၀)ကျပ်၊ လက်ကား(၁)ပိဿာလျှင် (၄၅၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၅၀၀)ကျပ်နှင့် တို့ဟူးခြောက်(၁)ထုပ်လျှင် (၁၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုလဒုတိယပတ်အတွင်း တို့ဟူးစိမ်း ဈေးနှုန်းများမြင့်တကလာကြောင်း ကန့်ဘလူမြို့မဈေးရှိ တို့ဟူးစိမ်းနှင့် တို့ဟူးခြောက်ရောင်းချသည့် ဈေးသည်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ညောင်တုန်းမြို့နယ်တွင် ကွမ်းသီးခြောက် အရောင်းအဝယ်ကောင်း

          ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ညောင်တုန်းမြို့နယ်မှ ကွမ်းသီးခြောက်များ ဝယ်ယူမှုအား ကောင်းနေပြီး အ‌ရောင်းအဝယ်ကောင်းမွန်နေကြောင်း ညောင်တုန်းမြို့နယ် ကွမ်းသီးရောင်းဝယ် ရေးလုပ်ငန်းရှင် ဦးရာမွန်က ပြောပြ၍ သိရသည်။ ညောင်တုန်းမြို့နယ်မှ ကွမ်းသီးခြောက်များကို ဩဂုတ်လ မှ နိုဝင်ဘာလ ၁၅ ရက်နေ့ထိ ဝယ်ယူမှုအားကောင်းလာပြီး အရောင်းအဝယ်ကောင်းမွန်နေကြောင်း၊ အဆိုပါဒေသမှ ကွမ်းသီးခြောက် တစ်ပိဿာလျှင် ငွေကျပ် ၁၀၀၀ ထိ ဈေးပေါက်နေကြောင်း သိရသည်။

        ညောင်တုန်းမြို့နယ်ဘက်ကထွက်တဲ့ ကွမ်းသီးခြောက်တွေကို ရန်ကုန်ဈေးကွက်ဘက်က ဝယ်ယူကြောင်း၊ လက်ရှိကွမ်းသီးခြောက်တွေက ပိုမိုထွက်ရှိလာပြီး ကွမ်းသီးခြောက်က အခုအချိန်မှာ အရောင်းအဝယ် အားကောင်းနေပါတယ်။ ညောင်တုန်းမြို့နယ်တွင် ကွမ်းသီးခြောက် စိုက်ဧက  ၁၅၅ ဧကရှိပြီး ၁ဧကတွင် အပင်ရေ ၃၀၀ ခန့်စိုက်ပျိုးနိုင်ပြီး ကွမ်းသီးအပင်မျိုး အနေဖြင့် တစ်လုံးကို ၀၀  ထိ ပေးဝယ်ရကြောင်း၊ ၁ဧက ကုန်ကျစရိတ်အနေဖြင့် ၃၀၀၀၀ခန့်သာ ကုန်ကျကြောင်း၊ ကွမ်းသီးပင် နှစ်ရှည်ပင်ဖြစ်၍ နှစ်တစ်ပတ်လည်လုံး အသီးသီး၍ တစ်နေ့ကို အလုံးရေ ၈၀၀-၉၀၀ ထိ ထွက်ရှိကြောင်း၊ တစ်နှစ်တွင် ၈လလောက် ကွမ်းသီးထွက်ရှိသည်။ ၁လကို အလုံးရေ ၂သောင်းခွဲထိ ထွက်ရှိပြီး ယနေ့ ကွမ်းသီးခြောက် ၁လုံးကို ၂၀၀ကျပ်ဖြင့် ရောင်းချရပြီး တစ်နှစ်ကို အကျိုးအမြတ် သိန်း၂၀အကျိုးအမြတ်ရရှိကြောင်းသိရသည်။ ညောင်တုန်းမြို့နယ်တွင် ကွမ်းသီးစိမ်း များကို ဒေသကွမ်းသီးရောင်းဝယ်ရေးလုပ်ငန်းရှင်များကဝယ်ယူပြီး စနစ်တကျသန့်စင်ထုပ်ပိုးကာ ရန်ကုန်ဈေးကွက်သို့ အများဆုံးတင်ပို့ရောင်းချလျက်ရှိကြောင်း ညောင်တုန်းမြို့နယ် ကွမ်းသီးရောင်း ဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သူအောင်က ပြောပြ၍ သိရသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း