Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့တွင် စိုက်ပျိုးရောင်းချလျက်ရှိသော ပြောင်းချို ဈေးနှုန်း

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာ ဝန်ခံရုံးအနေဖြင့်  စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုး တိုးတက် ရေးလုပ်ငန်းများကိုပါဆောင်ရွက်လျှက်ရှိရာ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် တစ်ပိုင် တစ်နိုင် အနေ ဖြင့် ပြောင်းချိုပင်များ စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။

            ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ် ကျွန်းလှမြို့တွင် ဖြစ်ပေါ်နေသော ပြောင်းချိုဖူး ဈေးနှုန်း အနေဖြင့် ပြောင်းချို အဖူးကြီး တစ်ဖူးလျှင်(၇၀၀)ကျပ်၊ ငွေကျပ်(၂၀၀၀)ဖိုးလျှင်(၃)ဖူး နှင့်အဖူးသေး တစ်ဖူး လျှင်(၅၀၀)ကျပ်၊ ငွေကျပ်(၁၀၀၀)ဖိုးလျှင် (၂)ဖူး ဈေးနှုန်းတို့ဖြင့် အ‌ရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်း သတင်းရရှိ ပါသည်။

DOCA (စစ်ကိုင်း) 

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော တည်သီးနှင့် ပျားလိမ္မော်သီး ဈေးနှုန်း

        ကျွန်းလှမြို့တွင် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ စပျစ်သီး၊ သင်္ဘောသီး၊ ပျားလိမ္မော်သီး၊ ဖရဲသီး၊ ဩဇာသီး၊ သခွားမွှေးသီး၊ ကျောက်သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ မင်းဂွတ်သီး၊  ဒညှင်းသီး နှင့် ဖရဲသီးများကို  ရောင်းချလျက်ရှိကြောင်း သိရသည်။

        ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ တည်သီးဈေးနှုန်းများမှာ တည်သီး အကြီး တစ်လုံးလျှင်(၂၅၀၀)ကျပ်၊(၁၀၀၀၀)ဖိုး(၄)လုံးနှင့်  အသေး (၂၀၀၀)ကျပ်၊ ငွေကျပ်(၅၀၀၀)ဖိုး(၃)လုံးတို့ဖြင့် ရောင်းချလျက်ရှိပြီး ပျားလိမ္မော်သီး ဈေးနှုန်းများမှာ တစ်ပိဿာလျှင်(၂၄၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၂၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၆၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သီးနှံမျိုးစုံထဲမှ ဖရဲသီး၊ ဩဇာသီး၊ နဂါးမောက်သီး၊ ငှက်ပျောသီးနှင့် မာလကာသီးတို့ကို မိမိတို့ ဒေသထွက်နှင့် အခြားသစ်သီးများကိုမူ မြစ်ကြီးနားမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သစ်ရာမြိုင်ဈေးတိုက်တန်းတွင် သစ်သီးမျိုးစုံ ရောင်းချနေသော ဈေးသည်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ပျားသလက် နှင့် ပျားရည် ဈေးနှုန်း

           ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့တွင် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်လျက်ရှိသော ပြည်သူများ ရှိသလို စားဝတ်နေရေးအတွက် စိုက်ပျိုးရေးမဟုတ်ပဲ တောတောင်ဒေသကိုအမှီပြု၍ ရာသီအလိုက် ပေါက်ရောက်သော သီးနှံများ ဖြစ်သည့် မျှစ်ရာသီ မျှစ်ချိုးခြင်း၊ မှိုရာသီ မှိုရှာခြင်းနှင့် နှမ်း၊ အခြားပန်းများနှင့် နေကြာပွင့်ချိန်တွင် ပျားဖွတ်၍ ပျားရည် နှင့် ပျားသလက် ရှာဖွေသည့် လုပ်ငန်းကိုလည်း လုပ်ကိုင်လျက်ရှိသည့်အနက် ပျားသလက် နှင့် ပျားရည်ကို ကျွန်းလှမြို့ဈေးသို့ လာရောက်ရောင်းချကြပါသည်။

           ယခု စက်တင်ဘာလ ဒုတိယအပတ် ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရောင်းချနေသော ပျားသလက် ဈေးနှုန်းအနေဖြင့် ပျားသလက် တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်နှုန်း၊ (၁၀)ကျပ်သားခန့် တစ်ပြားလျှင်(၁၂၀၀)ကျပ် နှင့် (၅)ကျပ်သားခန့် တစ်ပြားလျှင်(၇၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်း ကောင်း အလားတူပင် ပျားရည်ဈေးနှုန်းအနေဖြင့် ပျားရည်(၄၀)ကျပ်သားဝင် တစ်ပုလင်းကို (၂၀၀၀၀)ကျပ်၊ ပျားရည်(၂၀)ကျပ်သားဝင် ဂျပ်ပြား တစ်ပုလင်းကို(၁၀၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ပျားသလက် နှင့် ပျားရည်ရောင်းချသူထံမှ သိရပါ သည်။

DOCA (စစ်ကိုင်း) 

ကျွန်းလှမြို့တွင် ဈေးမြင့်တက်လာသော ပန်းဂေါ်ဖီ ဈေးနှုန်း

           သစ်ရာမြိုင်ဈေးအတွင်းတွင် ကုန်စိမ်းသီးနှံအစုံဖြစ်သည် ပန်းဂေါ်ဖီ၊ ‌ဂေါ်ဖီထုတ်၊ ‌ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုပ်ပွသီး၊ တိုင်ထောင်ဘိုစားပဲသီး၊ ရွှေပဲသီး၊ ဂေါ်ရခါးသီး နှင့် ခါကြက်ဥတို့ကို ရောင်းချလျက်ရှိရာ ပန်းဂေါ်ဖီကို မန္တလေးမြို့ နှင့် ရှမ်းပြည်နယ်တို့မှ မှာယူရောင်းချကြောင်း သိရသည်။

   ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ဖြစ်ပေါ် လျက်ရှိသော ပန်း‌ဂေါ်ဖီ ဈေးနှုန်းမှာ ပန်းဂေါ်ဖီ အကြီး တစ်ပွင့်လျှင်(၃၅၀၀)ကျပ် နှင့် ပန်းဂေါ်ဖီ အသေး တစ်ပွင့်လျှင်(၃၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ပန်းဂေါ်ဖီများကို စားသောက်ဆိုင်များ ထမင်းဆိုင်များ နှင် စားဖွယ်စုံဆိုင်များတွင် မဖြစ်အနေအသုံးများသည့်အတွက် ဈေးကြီးသော်လည်း ရောင်းအားကောင်းလျက်ရှိကြောင်း ကုန်စိမ်းသီးနှံအစုံ ရောင်းချသူထံမှ သိရပါသည်။

DOCA (စစ်ကိုင်း) 

ကျွန်းလှမြို့၌ ရောင်းချလျက်ရှိသော ‌ပန်းငရုတ်ပွသီး ဈေးနှုန်း

             ကျွန်းလှမြို့တွင် စိုက်ပျိုးရေးလုပ်ငန်းကို တစ်ပိုင်တစ်နိုင်အနေဖြင့် စိုက်ပျိုးကြရာတွင် စာဖိုဆောင်သီးနှံဖြစ်သည့် ပန်းဂေါ်ဖီ၊ ‌ဂေါ်ဖီထုတ်၊ ‌ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုတ်ပွသီး၊ ဂျူးမြစ်၊ ကန်ဇွန်းဥ၊ ခရမ်းချဉ်သီး၊ ငရုပ်သီးစိမ်း၊ ပြောင်းဖူး၊ တိုင်ထောင်ဘိုစားပဲသီး၊ ဂေါ်ရခါးသီး၊ ခါကြက်ဥ နှင့် ပန်းငရုပ်ပွသီးတို့ကိုပါ စိုက်ပျိုးရောင်းချကြောင်း သိရသည်။

              ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယအပတ် သစ်ရာမြိုင်ဈေးအတွင်းရှိ ပန်းငရုတ်ပွသီး ဈေးနှုန်းမှာ ပန်းငရုတ်ပွသီး လက္ကား တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ ပန်းငရုတ်ပွသီး လက်လီ တစ်ပိဿာ လျှင်(၁၅၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၇၅၀၀)ကျပ်၊ ၂၅ကျပ်သားလျှင်(၄၀၀၀)ကျပ်နှင့် ပန်းငရုတ်ပွသီး (၁၀)ကျပ်သားလျှင်(၂၀၀၀)ကျပ်ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းသီးနှံမျိုးစုံ ရောင်းချသူထံမှ သိရပါသည်။

DOCA (စစ်ကိုင်း) 

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ဇီးပြားနှင့် မြေပဲယို ဈေးနှုန်း

        ကျွန်းလှမြို့၌  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် ဇီးပြားနှင့် မြေပဲယိုများကို  ရွှေဘိုမြို့၊ မန္တလေးမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

       ဇီးပြားသည် ချဉ်ပြုံးပြုံး အရာသာရှိပြီး အလွန်ကောင်းမွန်ကာ ခံတွင်းရှင်းစေသော သရေစာတစ်မျိုးဖြစ်ပြီး ပူပြင်လှသည့်နွေရာသီမှာ စိတ်ကိုကြည်လင်လန်းဆန်းစေပြီး ခန္ဓာကိုယ်အတွက် ခွန်အားကိုလည်းဖြစ်စေသလို ဗီတာမင်ဓါတ်ကြွယ်ဝစွာပါဝင်ပြီး ရင်ထဲကိုအေးမြလန်းဆန်းစေသည့်အတွက် နွေရာသီတွင် ဇီးပြားကိုပိုပြီး စားသုံးကြသည်ကို တွေ့ရှိရပါသည်။

      ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးနှင့် ပိတောက်မြိုင်ဈေးများရှိ  ကုန်မျိုးစုံရောင်းချသည့်ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော ဇီးပြားဈေးနှုန်းအနေဖြင့် ဇီးပြား လက်က္ကားဈေး တစ်ပိဿာလျှင်(၇၀၀၀)ကျပ်၊လက်လီဈေး တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၄၀၀၀)ကျပ်နှင့် ဇီးပြား(၂၅)ကျပ်သားလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး၊ မြေပဲယိုဈေးနှုန်းအနေဖြင့်  တစ်ပိဿာလျှင်(၁၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၈၀၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင်(၄၀၀၀)ကျပ် (၁၅)ကျပ်သား လျှင်(၂၈၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချနေသည့် လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော နေကြာစေ့လှော် ဈေးနှုန်း

                ကျွန်းလှမြို့တွင်  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် နေကြာစေ့များကို ရွှေဘိုမြို့နှင့်မန္တလေးမြို့ တို့မှ တဆင့် မှာယူရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။

                  ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ကျွန်းလှမြို့ ကုန်မျိုးစုံ ရောင်းချသည့် ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော နေကြာစေ့လှော် ဈေးနှုန်းအနေဖြင့် နေကြာစေ့လှော်(ရိုးရိုး)လက်က္ကား တစ်ပြည်လျှင်(၉၃၀၀)ကျပ်၊ နေကြာစေ့လှော်(ရိုးရိုး)လက်လီ တစ်ပြည်လျှင်(၉၆၀၀)ကျပ်၊ နို့ဆီဘူး()ဘူး လျှင်(၄၈၀၀)ကျပ်၊ နို့ဆီဘူး(၁)ဘူးလျှင်(၁၂၀၀)ကျပ် နှင့် နေကြာစေ့လှော်(သစ်ကြားသီးအနံ့) တစ်ပြည် လျှင်(၁၂၀၀၀)ကျပ်၊ နို့ဆီ(၄)ဘူးလျှင်(၆၀၀၀)ကျပ်၊ နို့ဆီဘူး(၁)ဘူးလျှင်(၁၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း  သိရသည်။

DOCA (စစ်ကိုင်း)      

ကျွန်းလှမြို့တွင် ရောင်းချနေသော  နွားနို့၊ နွားနို့ခဲ နှင့် ဒိန်ချဉ် ဈေးနှုန်း

      ကျွန်းလှမြို့ရှိ စိုက်ပျိုးရေး နှင့် မွေးမြူရေး လုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာ ဗမာနွားများနှင့် မေထုံခေါ် နို့စားနွား မွေးမြူရေးလုပ်ငန်းကိုလည်း တစ်ပိုင် တစ်နိုင် မွေးမြူလျက်ရှိပြီး နွားနို့ နှင့် ဒိန်ချဉ်များကို ကျွန်းလှမြို့ ဈေးကွက် အတွင်းသို့ ရောင်းချ လျက်ရှိကြောင်းသိရသည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ နွားနို့ ဈေးနှုန်းများမှာ နွားနို့(၁)လီတာ တစ်ဘူးလျှင်(၂၂၀၀)ကျပ်၊ နွားနို့ခဲတစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၇၅၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၄၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင်(၁၅၀၀)ကျပ် နှင့် ဒိန်ချဉ်(၁)လီတာ တစ်ဘူးလျှင်(၅၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်မွေးမြူရေးလုပ်ငန်း လုပ်ပြီး နွားနို့  ရောင်းချနေသူထံမှ သိရသည်။

DOCA (စစ်ကိုင်း)      

မုံရွာမြို့ သာစည်ဈေးရှိ ခါကြက်ဥနှင့် သခွားသီးဈေးနှုန်း

          မုံရွာမြို့၊ သာစည်ဈေးတွင် ရောင်းချနေသော ဟင်းသီးဟင်းရွက်ဈေးတန်းများတွင် ခါကြက်ဥ၊  သခွားသီးများလည်း ရောင်းချလျက်ရှိပါသည်။ ခါကြက်ဥနှင့် သခွားသီးများကို အိမ်ရှင်မများက အိမ်သုံးချက်ပြုတ်ရန်အတွက် ဝယ်ယူကြပြီး  စားသောက်ဆိုင်များမှလည်း  စီးပွားဖြစ်အသုံးပြန်ရန် အဓိကဝယ်ယူကြောင်း သိရှိရပါသည်။ ခါကြက်ဥနှင့် သခွားသီးကို ထမင်းဝိုင်းများတွင် အတို့မြှုပ်အဖြစ်လည်းကောင်း၊ ခါးကြက်ဥကို မြေပဲဆံ၊ ပဲမှုန့်တို့ဖြင့် သုပ်၍လည်းကောင်း စားသုံးကြကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်တွင်   ခါကြက်ဥဈေးနှုန်းမှာ ခါကြက်ဥ ဥကြီး တစ်ပိဿာလျှင်(၄၂၀၀)ကျပ်၊ ခါကြက်ဥ ဥသေး တစ်ပိဿာလျှင် (၃၆၀၀) ကျပ်၊ သခွားသီး ဈေးနှုန်းအနေဖြင့် အသေးတစ်လုံးလျှင် (၂၅၀)ကျပ်၊ အကြီးတစ်လုံးလျှင် (၃၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စိမ်းသီးနှံ ရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ဒညှင်းသီး ဈေးနှုန်း

           ကျွန်းလှမြို့ ရပ်ကွက်ဈေးများတွင် သစ်သီးဝလံမျိုးစုံဖြစ်သည့် ပန်းသီး၊ စပျစ်သီး၊ ပန်းသစ်တော် သီး၊ ဖရဲသီး၊ နာနတ်သီး၊ ဒညှင်းသီး၊ ငှက်ပျောသီး နှင့်သခွားမွှေးသီးတို့ ရောင်းချလျက်ရှိရာမှ နာနတ်သီး နှင့် ဒညှင်းသီး ကိုလည်း မန္တလေးမြို့၊ အင်းတော်မြို့၊ ကသာမြို့နှင့်မဲဇာမြို့တို့မှ တဆင့် ဝယ်ယူရောင်းချလျက်ရှိ ကြောင်း သိရသည်။

             ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ် အတွင်း ဖြစ်ပေါ်နေ‌သော ဒညှင်းသီး ဈေးနှုန်းအနေဖြင့် ဒညှင်းသီး အကြီး တစ်လုံးလျှင်(၃၀၀/၂၅၀)ကျပ် နှင့် ဒညှင်းသီး အသေး တစ်လုံးလျှင်(၂၀၀/၁၅၀)ကျပ်၊ ဒညှင်းသီး အပြုတ် အကြီး တစ်လုံးလျှင်(၃၅၀)ကျပ်၊ ငွေကျပ်(၁၀၀၀)ဖိုးလျှင်(၃)လုံး အသေးတစ်လုံး လျှင်(၂၀၀/၂၅၀)ကျပ် ငွေကျပ်(၁၀၀၀)ဖိုး (၄/၅)လုံး ဈေးနှုန်းအသီးသီးတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း ကျွန်းလှမြို့တွင် သစ်သီးဝလံမျိုးစုံ ရောင်းချသည့် ဈေးသည်ထံမှ သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)      

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း