Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိ နွေရာသီထွက်မုန့်လက်ဆောင်း

   တနင်္သာရီတိုင်း‌ဒေသကြီးတွင် မြန်မာ့ရိုးရာနွေရာသီအစားအစာ တစ်မျိုးဖြစ်သည့် မုန့် လက်ဆောင်းများကို ဈေးကြီးများနှင့် အခြားသောနေရာအနှံ့အပြားများတွင် ရောင်းချနေကြောင်း သိ ရှိရပါသည်။ မုန့်လက်ဆောင်းသည် လူကြိုက်များသော အစားအစာတစ်မျိုးလည်းဖြစ်သည်။ မုန့် လက်ဆောင်းများကို သရေစာအဖြစ် အိမ်များတွင်လည်း လုပ်ကိုင်ကြကြောင်း သိရှိရပါသည်။ မြိတ်မြို့ပေါ်တွင် မုန့်လက်ဆောင်းများကို ငစိန်ဆန်ဟောင်းများ၊ ကွမ်းရွက်မွှေး၊ထုံးရည်ကြည်များ ဖြင့် ပြုလုပ်ကြကြောင်း မုန့်လက်ဆောင်းရောင်းချသူများထံမှသိရှိရပါသည်။ ငစိန်ဆန်လေးပြည် လျှင် အုန်းသီးအလုံး(၂၀)လုံးနှင့် ပြုလုပ်ကြကြောင်းလည်း မုန့်လက်ဆောင်းရောင်းချနေသူများထံ မှ သိရှိရပါသည်။

      ၂၀၂၅ ခုနှစ်တွင် စက်တင်ဘာလများတွင် မြိတ်မြို့ပေါ်ရှိဈေးများနှင့် အခြားသောဈေးများ တွင် မုန့်လက်ဆောင်းတစ်ခွက်လျှင် (၁၀၀၀)ကျပ်နှင့် ပေါင်မုန့်ပါတစ်ခွက်လျှင် (၁၅၀၀)ကျပ်ဖြင့် ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိ ဇီးသီးခြောက်ဈေးနှုန်း/ဈေးကွက်

        မြိတ်မြို့နယ်အတွင်းရှိ ကျေးရွာရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိက လုပ် ကိုင်ကြရာတွင် နှစ်ရှည်သီးနှံပင်များ ဆီထွက်သီးနှံပင်များနှင့် စားဖိုဆောင်သီးနှံပင်များကို မိမိတို့ နေအိမ်ခြံဝင်းများတွင်လည်းကောင်း၊ တောင်ယာများတွင်လည်းကောင်း စိုက်ပျိုးကြပြီး ရရှိလာ သောဇီးသီးကို သီးနှံဆိုင်များနှင့် ထုတ်ကုန်အဖြစ်ရောင်းချရန်အတွက် အသီးမျိုးစုံတွင် ဇီးသီးများကို အခြောက်လှမ်းကာ ထုတ်လုပ် ရောင်းချကြကြောင်း သိရှိရပါသည်။

          ယခု၂၀၂၅ခုနှစ်၊ စက်တင်ဘာလတတိယပတ်တွင် မြိတ်မြို့ပေါ်တွင် ရောင်းချနေသော ဇီးသီးခြောက်တစ်ပိဿာလျှင် (၃၅၀၀)ကျပ်နှင့် (၄၀၀၀)ခန့်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့ပေါ်ရှိ မာလကာသီးဈေးကွက်

  တနင်္သာရီတိုင်းဒေသကြီး၊မြိတ်မြို့ပေါ်တွင် ဒေသထွက်ကုန်နှင့် အနယ်နယ်အရပ်ရပ်မှ တင်သွင်းလာသောလူသုံးကုန်၊စားသောက်ကုန်များ အများအပြားရောင်းချလျက်ရှိသည်။ ထိုသို့ ရောင်းချရာတွင် မာလကာသီးသည်လည်း အ‌ရောင်းသွက်လျက်ရှိသည်။ စားတွင်းကောင်း၍ အနံ့မွှေးသောကြောင့် စားသုံးသူများ အလွန်ကြိုက်နှစ်သက်သော သီးနှံတစ်မျိုးဖြစ်သည်။ မာလကာသီးကိုမြိတ်မြို့ပေါ်ရှိ ဆိပ်ငယ်ဈေး၊သီရိမင်္ဂလာဈေးနှင့် သစ်သီးဆိုင်အများအပြားတွင် ရောင်းချလျက်ရှိပါသည်။ မာလကာသီးများကို မြိတ်မြို့ပေါ်တွင် နေရာအနှံ့အပြားတွင် စိုက်ပျိုး ကြပါသည်။ မြိတ်မြို့ပေါ်ရှိ ကမ်းနားဈေးများတွင် သစ်သီးဈေးကားများဖြင့် ရောင်းချကြကြောင်း လည်း တွေ့ရှိရပါသည်။

  ယခု၂၀၂၅ခုနှစ်စက်တင်ဘာလတတိယပတ်တွင် မြိတ်မြို့ပေါ်ရှိ မာလကာသီးဈေးနှုန်းမှာ တစ်လုံးလျှင် (၂၀၀၀)ကျပ်ရှိပြီး တစ်ပိဿာလျှင် (၄၅၀၀)ကျပ်ရှိကြောင်း သစ်သီးရောင်းချနေသူ တစ်ဦးထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော အာလူး နှင့် ဂျင်း(ချင်း) ဈေးနှုန်း

          ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ ၊ ပိတောက်မြိုင်ဈေးကွက်အတွင်း အာလူးသီး နှင့် ဂျင်း(ချင်း)တို့ကို ရှမ်းပြည်နယ် အောင်ပန်းမြို့နှင် မန္တလေးတိုင်းဒေသကြီးမှ အများဆုံး မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

            စက်တင်ဘာလ ဒုတိယပတ်တွင် ပိတောက်မြိုင်ဈေး၌ ဖြစ်ပေါ်နေ သော အာလူးသီးဈေးနှုန်း အနေဖြင့် အားလူးသီးအလုံးကြီး()ပိဿာလျှင်(၆၀၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၃၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၅၀၀)ကျပ်၊ အာလူးသီး အလုံးသေး()ပိဿာလျှင်(၅၀၀၀)ကျပ် (၅၀)ကျပ်သားလျှင်(၂၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း၊ ဂျင်း(ချင်း)တက်ဈေးနှုန်းများမှာ ဂျင်း(ချင်း) တက်()ပိဿာလျှင်(၆၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA (စစ်ကိုင်း) 

 

ကျွန်းလှမြို့နယ်အတွင်း ‌ရောင်းချလျက်ရှိသော  အမဲသား ဈေးနှုန်း

      ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် အသား/ငါးနှင့် အခြားစား‌သောက် ကုန်ပစ္စည်းများ၊ လူသုံး ကုန်ပစ္စည်းများကို ဒေသတွင်းနှင့် အခြားဒေသများမှ ဝယ်ယူရောင်းချလျက်ရှိရာ ယခုအခါ တွင် လမ်းပန်း ဆက်သွယ်ရေး အခက်ခဲများကြောင့်  ကုန်ဈေးနှုန်းများ အနည်းငယ် မြင့်တက်လျက်ရှိရာမှ အသား/ငါး ဈေးနှုန်းများထဲမှ အမဲသားဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။

         အမဲသားများကို ကျွန်းလှမြို့ ဒေသတွင်းဟင်းစလေများမှ လက်လီ/လက္ကား ရောင်းချလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်၏ အမဲသား ဈေးနှုန်းများ အနေဖြင့် အမဲသားရှယ်(တစ်တုံး ထဲသား)လက္ကားတစ်ပိဿာလျှင်(၂၈၀၀၀)ကျပ်၊အမဲသားရှယ်(တစ်တုံးထဲသား)လက်လီ တစ်ပိဿာလျှင် (၃၀၀၀၀)ကျပ်၊ အမဲသားရိုးရိုး(အသားပြွန်း) လက္ကား တစ်ပိဿာလျှင်(၂၆၀၀၀)ကျပ်၊ အမဲသားရိုးရိုး (အသားပြွန်း) လက်လီ တစ်ပိဿာလျှင်(၂၈၀၀၀)ကျပ်၊ အမဲပုဆိုးကြမ်း တစ်ပိဿာလျှင်(၁၄၀၀၀)ကျပ်၊ အမဲသား အတိုအစ တစ်ပိဿာ(၈၀၀၀)ကျပ်၊ အမဲသွေးခဲ တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ အမဲအူ တစ်ပိဿာလျှင်(၆၀၀၀)ကျပ် နှင့် အမဲရိုး တစ်ပိဿာ(၆၀၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း အမဲသားသည် ထံမှ သိရပါသည်။

DOCA (စစ်ကိုင်း) 

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ရာသီစာ အင်ဥ(ခေါ်)မှိုစေ့ ဈေးနှုန်း

        ကျွန်းလှမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကို လုပ်ကိုင် လျက်ရှိရာ ယခု အချိန်တွင် သဘာဝအရပေါက်ရောက်သည့် အင်ဥ(ခေါ်)မှိုစေ့ကို ဈေးကွက်အတွင်းသို့  ရောင်းချ လျက်ရှိကြောင်း သိရသည်။

            ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ကျွန်းလှမြို့၌ ဖြစ်ပေါ်လျက်ရှိသော  အင်ဥ(ခေါ်) မှိုစေ့ ဈေးနှုန်းအနေဖြင့် အင်ဥ(ခေါ်)မှိုစေ့ တစ်ပြည်လျှင်(၂၃၀၀၀)ကျပ်၊ နို့ဆီ(၄)ဘူး လျှင်(၁၂၀၀၀)ကျပ် နှင့် နို့ဆီဘူး(၁)ဘူးလျှင်(၃၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်း  သိရသည်။

DOCA (စစ်ကိုင်း) 

ကျွန်းလှမြို့တွင် ဈေးကောင်းရရှိနေသော သပြေပန်း ဈေးနှုန်း

             စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကို လုပ်ကိုင် ပြီး အသက်မွေးဝမ်းကြောင်းပြုကြသူများရှိသလို တောတောင်ကို အမှီပြုပြီး သပြေပန်းချိုးရောင်း ခြင်း၊ မျှစ်ချိုရောင်းခြင်း၊ မှိုရှာရောင်းခြင်း၊ အသီးအရွက်ခူးရောင်းခြင်း၊ အင်ဖက်ခူးရောင်းခြင်းနှင် ပျားရှာသည့်လုပ်ငန်းတို့ကိုလည်း လုပ်ကိုင်ပြီး မိသားစုစားဝတ်နေရေးတွက် အသက်မွေးဝမ်းကြောင်း ပြုသူများရှိသည့်အနက် သပြေပန်းကိုလည်းချိုးပြီး ကျွန်းလှမြို့သစ်ရာမြိုင်ဈေးတွင် လာရောက် ရောင်းချလျက်ရှိကြောင်း သိရသည်။

        သပြေပန်းကို ဘုရားပန်းကပ်လှူရန်အတွက်လည်းကောင်း၊ လှူပွဲ မင်္ဂလာပွဲ အခမ်းအနားများ တွင် အောင်ပန်းအဖြစ်လည်းကောင်း   အသုံးပြုကြပြီး  ယခု ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ဒုတိယပတ် အတွင်း သပြေပန်းခက် တစ်စည်းလျှင်(၁၀၀)ကျပ်၊ သပြေပန်း အငုတ်ကြီး(၁)ငုတ်လျှင် (၃၀၀၀/၄၅၀၀)ကျပ် နှင့် သပြေပန်း အငုတ်သေး(၁)ငုတ်လျှင်(၁၅၀၀/၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး လူကြိုက်များသော ပန်းဖြစ်သည့်အတွက် ဈေးကောင်းရရှိပြီး အရောင်းအဝယ် သွက်လျက် ရှိကြောင်း ပန်းရောင်းချသူ များထံမှ သိရသည်။

DOCA (စစ်ကိုင်း) 

သစ်ရာမြိုင်ဈေးတွင်  ရောင်းချလျက်ရှိသော  ရှင်မတောင် သနပ်ခါးတုံး ဈေးနှုန်း

           ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များ နှင့် ဈေးများတွင် ရှင်မတောင်သနပ်ခါးတုံးများကို ရွှေဘိုမြို့နှင့်မုံရွာမြို့တို့မှ မှာယူရောင်ချလျက်ရှိကြောင်း သိရသည်။

               ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ကျွန်းလှမြို့တွင် ရောင်းချနေသော မြန်မာ့ရိုးရာ ရှင်မတောင်သနပ်ခါးဈေးနှုန်းမှာ ရှင်မတောင်သနပ်ခါးတုံး အကြီးအသေးပေါ်မူတည်၍ အတုံးကြီး()တုံးလျှင်(၄၀၀၀မှ ၄၅၀၀)ကျပ်၊ အလတ်()တုံးလျှင်(၃၅၀၀ မှ ၃၀၀၀)ကျပ်ဈေးနှင့် အသေး()တုံးလျှင်(၂၅၀၀ မှ၂၀၀၀) ကျပ်ထိ နှင့် သနပ်ခါးတုံးအမြစ်တုံးကလေးများသည်(၇၀၀ မှ ၁၀၀၀)ကျပ်ထိဈေးနှုန်းအသီးသီးတိုဖြင့်  အရွယ်အစား အမျိုးအစားပေါ်မူတည်၍ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း) 

 ကျွန်းလှမြို့မှ ငရုပ်သီးခြောက် ဈေးနှုန်း

         ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ငရုပ်သီးခြောက်၊ အာလူး၊ ကြက်သွန်နီ နှင့် ကြက်သွန်ဖြူ တို့ကို ကန့်ဘလူဒေသထွက်နှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့၊ မန္တလေးတိုင်းဒေသကြီးတို့မှ အများဆုံးမှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါ သည်။

           ၂၀၂၅ ခုနှစ်၊ ယခု စက်တင်ဘာလ ဒုတိယပတ်၌ ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်ဈေးအတွင်း ရောင်းချနေသော ငရုပ်သီးခြောက်ဈေးနှုန်းအနေဖြင့် ငရုပ်သီးခြောက်(အရှည်)လက္ကား တစ်ပိဿာလျှင် (၁၇၀၀၀)ကျပ်၊ ငရုပ်သီးခြောက် (အရှည်) လက်လီ တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၉၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျင်(၁၈၀၀)ကျပ် နှင့် ငရုပ်သီးလှော်ကြော်(၁၀)ကျပ်သားလျှင်(၂၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင်ဈေးတွင် ငရုပ်သီးခြောက်၊ ကြက်သွန်ဖြူ /နီ နှင့် အာလူး အရောင်းအဝယ် လုပ်နေသည့် လုပ်ငန်းရှင်များထံမှ သိရှိရပါ သည်။

DOCA (စစ်ကိုင်း) 

သရေစာ မုန့်ပြားသလက် နှင့် မုန့်လင်မယား ဈေးနှုန်း

                        ကျွန်းလှမြို့တွင် ရိုးရာအစားအစာဖြစ်သည့် မုန့်ပြားသလက် နှင့် မုန့်လင်မယားကို ပြုလုပ် ရောင်းချလျက်ရှိပါသည်။

              ၂၀၂၅ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ် ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော မုန့်ပြားသလက် အဖြူဈေးနှုန်းမှာ(၁)ခုလျှင်(၂၅၀)ကျပ်၊ မုန့်ပြားသက်အနီဈေးနှုန်းမှာ(၁)ခုလျှင်(၃၀၀)ကျပ်နှင့်ကြက်ဥ မုန့်ပြားသလက် ဈေးနှုန်းမှာ (၁)ခုလျှင်(၈၀၀)ကျပ်ဈေးနှုန်းတို့ဖြင့်လည်းကောင်း မုန့်လင်မယား ဈေး နှုန်းအနေဖြင့် မုန့်လင်မယား(၁)ခုလျှင်(၁၀၀)ကျပ်၊ ငွေကျပ်(၁၀၀၀)ဖိုးလျှင်(၁၁)ခုတို့ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)                

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း