Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မြွေဟောက်ကျေးရွာ၌ သခွားသီးတစ်နိုင်တစ်ပိုင်စိုက်ပျိုးသူများ စျေးကောင်းရရှိ၍ အဆင်ပြေလျက်ရှိ

     ကျိုက်မရောမြို့နယ်၊ မြွေဟောက်ကျေးရွာ၌ မိုးသခွားသီးများကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသူများ ယခုအချိန်၌ စျေးကောင်းရရှိ၍ မိသားစုဝင်‌ငွေတိုးလျက်ရှိကြောင်း သိရသည်။

     သခွားသီးကို ဝါခေါင်လကွယ်မှစ၍ မျိုးများချကာ ရက်ပေါင်း (၂၅) ရက်အကြာ၌ အညွှန့် လေးများထွက်လာရန် တိုင်ထောင်ပေးရပြီး အပွင့်စပွင့်ချိန်တွင် အသီးများကြီးထွားစေရန် အားဆေးဖြန်းပေးရကြောင်း၊ စိုက်ပြီး ရက် (၃၀) အကြာတွင် သခွားသီးအကင်းလေးများ စတင် သီးလာပြီး ရက်ပေါင်း (၄၅) ရက်အကြာတွင် သခွားသီးများ လှိုင်လှိုင်ထွက်ရှိလာကြပြီး စျေးကွက်တွင် ရောင်းချနိုင်ပြီးဖြစ်ကြောင်း မြွေဟောက်ကျေးရွာမှ သခွားသီးတစ်နိုင်တစ်ပိုင် စိုက်ပျိုးသူ ဦးအုန်းရွှေကပြောသည်။

     သခွားသီးများ စတင်ထွက်ရှိချိန်၌ တစ်ကြိမ်ခူးလျှင် ပိဿာချိန် (၆၀)ခန့်ထိ ခူးနိုင်ပြီး တစ်ပိဿာလျှင် ၁၅၀၀ ကျပ်ခန့် ဖောက်သည်ပေးရပြီး တစ်ပတ်လျှင် သခွားသီးရောင်းချရငွေ နှစ်သိန်းကျော်ထိ ဝင်ငွေရရှိသဖြင့် မိသားစု စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။ သခွားသီးမှာ လူတိုင်းကြိုက်နှစ်သက်သည့် တို့စရာအသီးအနှံဖြစ်ကာ မြန်မာတို့၏ ထမင်းဝိုင်းတွင် မပါမဖြစ်တို့စရာအပြင် သခွားသီးသုတ်အဖြစ်လည်း စား၍ရကြောင်း သိရသည်။

DOCA (မွန်)

ဈေးနှုန်းကျဆင်းလျက်ရှိသော ပဲတောင့်ရှည်သီးနှင့် ခရမ်းကြွပ်သီး

         ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စပါး၊ ပဲမျိုးစုံနှင့် ရာသီအလိုက် စာဖိုဆောင်သီးနှံများကို စိုက်ပျိုးရောင်းချလျက်ရှိရာ ပဲတောင့်ရှည်သီးနှင့် ခရမ်းကြွပ်သီးများလည်း စိုက်ပျိုးရောင်းချလျက်ရှိကြောင်း သိရသည်။

       ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသည့် ပဲတောင့်ရှည်သီးဈေးနှုန်းမှာ ပဲတောင့်ရှည်()တောင့်ပါ()စည်းလျှင်(၃၀၀) ကျပ်၊ ()တောင့်ပါ ()စည်းလျှင်(၅၀၀)ကျပ်၊ ပဲတောင့်ရှည်(၁၀)စည်းပါ()ထုံးလျှင်(၂၇၀၀)ကျပ်နှင့် ခရမ်းကြွပ်သီး ()ပိဿာလျှင်(၄၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၃၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင် (၁၂၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပါကြောင်း၊ ပထမအပတ်ထက် ပဲသီးတောင့်ရှည်နှင့် ခရမ်းကြွပ်သီးဈေးနှုန်း အနည်းငယ်စီကျဆင်းချက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

မန်ကျည်းပင်ဈေးရှိ ပဲစောင်းလျားသီးနှင့် ဟင်းနုနွယ်ရွက်ဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုးရောင်းချလျက်ရှိရာ ပဲစောင်းလျားသီးနှင့် ဟင်းနုနွယ်ရွက်များကို မိမိတို့နေအိမ် ခြံဝင်းများတွင်လည်းကောင်း၊ မိမိပိုင်လယ်တောများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ မုံရွာမြို့ပေါ်ရှိ မန်ကျည်းပင်ဈေးနှင့် မုံရွာမြို့ပေါ်ဈေးများ၊ ရပ်ကွက်ဈေးများတွင် လာရောက်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ပဲစောင်းလျားသီးနှင့် ဟင်းနုနွယ်ရွက်ကို ပြုတ်၍ မြေပဲဆံ၊ ပဲမှုန့်တို့ဖြင့် သုပ်စားကြသလို ငပိရည်နှင့်တွဲဖက်၍ အတို့အမြုပ်အဖြင့်လည်း စားသုံးကြပါသည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်တွင် မုံရွာမြို့၊ သာစည်ဈေးတွင် ပဲစောင်း လျားသီး(၂၅)ကျပ်သားလျှင် (၁၀၀၀/-)ကျပ်၊ ၁ပိသာလျှင် (၄၀၀၀)ကျပ်နှင့် ဟင်းနုနွယ်ရွက် ဈေးနှုန်းမှာ အစီးသေးတစ်စီးလျှင် (၃၅၀ /၅၀၀ ) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် မြင့်တက်လာသော ပုဇွန်ထုတ်ဈေးနှုန်း

         ကျွန်းလှမြို့နယ်အတွင်း ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ အသား/ငါး ဈေးနှုန်းများထဲမှ ပုဇွန်ထုတ်ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိရာမှပုဇွန်ထုတ်များကို  ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ  တစ်ဆင့်ဝယ်ယူရောင်းချကာ ထမင်းဆိုင်များ၊ စားသောက်ဆိုင်များနှင့် စားဖွယ်စုံရောင်းချသည့်ဆိုင်မျာမှ ဝယ်ယူအသုံးပြုနေသည့်အတွက် ဈေးကောင်းရရှိနေကြောင်း သိရသည်။

       ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ပထမပတ်တွင် ကျွန်းလှမြို့၏ ပုဇွန်ထုတ်ဈေးနှုန်းများအနေဖြင့် ပုဇွန်ထုတ် လက္ကားဈေး()ပိဿာလျှင်(၅၈၀၀၀)ကျပ်၊ လက်လီဈေး()ပိဿာလျှင်(၆၀၀၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင်(၃၀၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၅၀၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချခဲ့ပြီး၊ စက်တင်ဘာလ ဒုတိယပတ်တွင် ကျွန်းလှမြို့၏ ပုဇွန်ထုတ်ဈေးနှုန်းများအနေဖြင့် လက္ကားဈေး()ပိဿာလျှင်(၆၈၀၀၀)ကျပ်၊ ပုဇွန်ထုတ် လက်လီဈေး()ပိဿာလျှင်(၇၀၀၀၀)ကျပ်၊ (၅၀) ကျပ်သားလျှင်(၃၅၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၈၀၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိပြီး၊ ပထမအပတ်ထက် ပုဇွန်ထုတ်ဈေး တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ် ဈေးနှုန်းမြင့်တက်ပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ငါး/ပုဇွန် အရောင်းအဝယ် လုပ်ကိုင်သူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ပိန်းပန်းပျိုးပင် နှင့် ပိန်းပန်းပွင့် စိုက်ပျိုးရောင်းချလျက်ရှိ

        ကျွန်းလှမြို့ ပိတောက်မြိုင်ရပ်ကွက်တွင် မိသားစုအပိုဝင်ငွေရရှိရေးအတွက်သော်လည်း၊ ဝါသနာအရသော်လည်းကောင်း  စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိပြီး၊  ပန်းပျိုးပင်မျိုးစုံဖြစ်သည့် တယူဇနာပန်း(ခေါ်) တောင်ကြီးသနပ်ခါးပန်း၊ ငှက်ပျောပန်း၊ ပိန်းပန်း၊ ရှင်သီဝလိဂမုန်းပန်း၊ သစ်ခွပန်း၊ ဒေစီပန်း၊ သဇင်ပန်း၊ ခွာညိုပန်းနှင့် နှင်းဆီပန်းပင်များကိုလည်း စိုက်ပျိုးရောင်းချရန်အတွက်  တစ်နိုင်တစ်ပိုင် စိုက်ပျိုးလာကြသည်။

         ပိန်းပန်းသည် အရောင်အသွေးစုံရှိသည့်အနက် အနီရောင်း၊ ပန်းရောင်းနှင့် အဖြူတို့ကိုသာ အကြိုက်များကြသည်။  ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ် ကျွန်းလှမြို့၏ ပိန်းပန်းပျိုးပင်ဈေးနှုန်းနှင့် ပိန်းပန်းအပွင့်ဈေးနှုန်းအနေဖြင့် ပိန်းပန်းပျိုးပင် တစ်ပင်လျှင်(၅၀၀၀)ကျပ် ဈေးနှုန်းရှိပြီး ပိန်းပန်း တစ်ပွင့်လျှင် (၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ပန်းဥယာဉ် စိုက်ပျိုး ရောင်းချသူ ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျောင်းကုန်းမြို့နယ် ဆန်စက်လုပ်ငန်းရှင်များဖြင့် လုပ်ငန်းရှင်တွေ့ဆုံဆွေးနွေးခြင်း

            ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်ကိုနှင့် ဝန်ထမ်းတို့သည် 2025-ခုနှစ်၊ စက်တင်ဘာလ (၁၂)ရက်နေ့ နံနက် (10:30)အချိန်တွင် ကျောင်းကုန်းမြို့နယ်တာဝန်ခံရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          အဆိုပါဆွေးနွေးမှုတွင် ဆန်စက်လုပ်ငန်းရှင်များအနေဖြင့် ဆန်ဈေးနှုန်းများကို မြှင့်တင်ရောင်းချ ခြင်းမပြုလုပ်ကြရန်နှင့် သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချပေးရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း များမပြုလုပ်ကြရန်၊ M yr o မှတ်ပုံတင်ရန်ကျန်ရှိသည့် ဆန်စက်များအား မှတ်ပုံတင်ရန်၊  My r o မှတ်ပုံတင်ရန် လိုအပ်ချက်များကိုပြောကြား ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

မြိတ်ခရိုင်တွင် စက်တင်ဘာလစျေးနှုန်းအရ ခရမ်းချဉ်သီးစျေးနှုန်းမြင့်တက်

   တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်သို့ ဝင်ရောက်လာသော သီးနှံများထဲမှ  ခရမ်းချဉ်သီး စျေးနှုန်း အနည်းငယ်မြင့်တက်လျက်ရှိကြောင်းသိရှိရပါသည်။ မြိတ်မြို့တွင်စိုက်ပျိုးနိုင်သော်လည်း အပင်ပျက်စီးမှုမြန်သောကြောင့် စိုက်ပျိုးမှုမရှိသလောက်နည်းပါးကြောင်းသိရှိရပါသည်။ ကားလမ်း အခြေအနေ၊ ဒေသထွက်လုံလောက်အောင် မစိုက်ပျိုးနိုင်မှုကြောင့် စျေးနှုန်းမြင့်တက်လျက်ရှိပြီး ယခုအချိန် စက်တင်ဘာလစျေးနှုန်းအရ ခရမ်းချဉ်သီးစျေးနှုန်းမှာ ကျပ် ၇၀၀၀ခန့်ရှိကြောင်း သိရှိရပါသည်။ ယခင်သြဂုတ်လများတွင်ခရမ်းချဉ်သီး‌စျေးနှုန်းမှာ ၃၅၀၀ကျပ်ခန့်သာရှိပြီး စျေးနှုန်း နှိုင်းယှဉ်ချက် အရ ကျပ် ၃၅၀၀ကျပ်ခန့်စျေးနှုန်းမြင့်တက်သွားကြောင်းသိရှိရပါသည်။ ဒေသတွင်း စားသုံးရန်ခရမ်းချဉ်သီးကို ရန်ကုန်မြို့ ကုန်စည်ဒိုင်များမှ မှာယူလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့၊ ဇေယျာသီရိဈေး၌ ရောင်းချနေသော ဘုရားပန်းများ

   မြိတ်မြို့ပေါ်ရှိ ဇေယျာသီရိဈေး၌ရောင်းချနေသော ဘုရားပန်းအမျိုးမျိုးမှာ နှင်းဆီပန်း၊ သပြေပန်း(အောင်သပြေ)၊လီလီပန်း(မင်္ဂလာပန်း)၊ ပုလဲဖြူပန်း(ဂန္ဓမာပန်း)၊ ဇွန်စိမ်းပန်းတို့ကို ရန်ကုန်မြို့မှ ကား၊ လေယာဉ်တို့ဖြင့် သယ်ယူ၍ ဝယ်ယူရောင်းချလျက်ရှိပါသည်။

          ၂၀၂၅ ခုနှစ် စက်တင်ဘာလ တတိယပတ်တွင် လူကြိုက်များ၍ အဝယ်များသော  ပုလဲဖြူပန်း (ဂန္ဓမာပန်း)တစ်စည်းလျှင် (၈၀၀၀) ကျပ်၊ နှင်းဆီပန်း(၁၀)ပွင့်လျှင် (၁၅၀၀၀)ကျပ်၊ လီလီပန်း (မင်္ဂလာပန်း)(၁၀)ခက်တစ်စည်းလျှင်(၂၂၀၀၀)ကျပ်၊ သပြေပန်း(အောင်သပြေ) တစ်စည်းလျှင် (၃၀၀၀)ကျပ်, ဇွန်စိမ်းပန်းတစ်စည်းလျှင် (၆၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း ပန်းရောင်းချသူ ထံမှသိရှိရပါသည်။

DOCA(တနင်္သာရီ)

 

မြိတ်မြို့ပေါ်ရှိ ခရုတရွင်းပြားဈေးနှုန်း

   ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်သည့်အလျောက် ‌ရေထွက်ကုန်များ အများအပြား ထွက်ရှိပြီး ဒေသထွက်ကုန်များ၊ ရေထွက်ကုန်များနှင့် စိုက်ပျိုးသီးနှံများကို တစ်နိုင်တစ်ပိုင်ရောင်းချလျက် ရှိပါသည်။ မြိတ်မြို့ပေါ်တွင် ခရု၊ ပုဇွန်၊ ကဏန်း စသည့်တို့ကို လတ်ဆတ်စွာရနိုင် သောကြောင့် ခရီးသွားများလည်း အင်မတန် ကြိုက်နှစ်သက်ကြသော နေရာဒေသတစ်ခု ဖြစ်သည်။ ဈေးများ ပေါ်တွင် ရေထွက်ပစ္စည်းများရောင်းချရာမှ ခရုတရွင်းပြားသည်လည်း ဈေးကောင်း ရရှိကြောင်း သိရှိရပါသည်။ခရုတရွင်းပြားကို အခွံမာကိုချွတ်၍ အသားချည်းသာ ရောင်းချကြပါသည်။

   ယခုလ စက်တင်ဘာလတတိယပတ်တွင် ခရုတရွင်းပြားကို ဆယ်လုံးတစ်ထုတ်လျှင် (၁၂၀၀၀) ကျပ်ဖြင့် ရောင်းချကြကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး၊မြိတ်မြို့ပေါ်ရှိ ဂဏန်းပျော့ဈေးကွက်

    တနင်္သာရီတိုင်းဒေသကြီးသည် ပင်လယ်ကမ်းရိုးတန်းများတည်ရှိပြီး ပင်လယ်လုပ်ငန်းများ ဖြင့်အများဆုံး သက်မွေးဝမ်းကျောင်းပြုလုပ်သည့် တိုင်းဒေသကြီးလည်းဖြစ်ပါသည်။ ပင်လယ် ပြင်သို့ ငါးဖမ်းလှေအကြီး/အငယ်များဖြင့် ငါး/ပုစွန်/ဂဏာန်းများဖမ်းယူပြီး ဒေသတွင်း ရောင်းဝယ် စားသုံးကြသလို ပြည်ပသို့လည်း  တင်ပို့ရောင်းချလျက်ရှိပါသည်။ အဆိုပါ ငါးဖမ်းလှေများနှင့် ဒေသတွင်း တစ်နိုင်တစ်ပိုင် ဂဏာန်းလှေများမှ ဖမ်းဆီးရရှိသော ဂဏာန်းများအနက် ဝလုံး ဂဏာန်း၊ သဲဂဏာန်း (ခေါ်)ပန်းဂဏာန်း စျေးနှုန်းများမှာ တစ်ပိဿာလျှင် ၁၄၀၀၀/၁၅၀၀၀ကျပ် ဖြင့် ရောင်းချလျက်ရှိကြောင်း မြိတ်မြို့ပေါ်ရှိ၊ မြို့မစျေးကြီးများနှင့် အခြားသောဈေးရှိ ငါး/ပုစွန် အရောင်းဆိုင်များမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း