Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

 ကျွန်းလှမြို့နယ် ၊ ရှမ်းစုကျေးရွာတွင် မြေအောက်ရေတင်စနစ်ဖြင့် တိုင်ထောင်သခွားသီး စိုက်ပျိုး

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  စားသုံးသူ ကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါဆောင် ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် တစ်ပိုင် တစ်နိုင် အနေဖြင့် လည်းကောင်း မိသားစုစားဝတ်နေရေး အပိုဝင်ငွေရရှိရန်အတွက် လည်းကောင်း တိုင်ထောင်သခွားပင်ကို စိုက်ပျိုးကြပြီး စိုက်ပျိုးချိန်မှစ၍(၄၅)ရက်နေလျှင် အသီးများ စတင်ခူးဆွတ်ရ ပါသည်။

              တိုင်ထောင်သခွားပင်ကို မြေကြီးတွင် တိုက်ရိုက် အစေ့ချစနစ်ဖြင့်  ဇူလိုင်လ တွင် စိုက်ပျိုးကာ စက်တင်ဘာလတွင် တိုင်ထောင် သခွားသီးများကို စတင်ခူးဆွတ် ရောင်းချရပါသည်။ တိုင်ထောင်သခွားပင်ကို တစ်ကျင်းလျှင်()ပင်ခန့်ဖြင့် အပင်ရေ(၃၀၀)ခန့် မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးထားပါကြောင်း၊ တိုင်ထောင်သခွားပင်၏ စတင် စိုက်ပျိုး ရန် မျိုးစေ့ဖိုး၊ မြေပြုပြင်ခ၊ တိုင်ထောင်ခ၊ ဓါတ်မြေဩဇာ နှင် ရေသွင်းခြင်း စသည်တို့၏ စုစုပေါင်း ကုန်ကျစရိတ်မှာ ကျပ်(၄၀၀၀၀)ခန့် ကုန်ကျပြီး  တစ်ခါစိုက်ပျိုးလျှင်()လကြာအောင် ခူးဆွတ် ရောင်းချရပါကြောင်း၊  ယခု စတင်ခူးဆွတ်ချိန်တွင် တစ်ရက် အလုံး(၁၀၀)ခန့်ရရှိပြီး တရက်ခြား ခူးဆွတ်ရပါကြောင်း၊ ယခု စက်တင်ဘာလ ဒုတိယပတ်အတွင်း ရောင်းချသော သခွားသီး ဈေးနှုန်းများမှာ သခွားသီး တစ်လုံး လျှင်(၅၀၀/၈၀၀)ကျပ်နှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA (စစ်ကိုင်း)      

 

မုံရွာမြို့ ဈေးဟောင်းရှိ ခဆော့သီးနှင့် ကင်းမုံသီးဈေးနှုန်း

            စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုးရောင်းချလျက်ရှိရာ  ခဆော့ပင်နှင့် ကင်းမုံသီးပင်များကို  မိမိတို့နေအိမ် ခြံဝင်းများတွင်လည်းကောင်း၊ မိမိပိုင်လယ်တောများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ မုံရွာမြို့ပေါ်ရှိ ဈေးဟောင်းနှင့် ရပ်ကွက်ဈေးများတွင် လာရောက်ရောင်းချကြကြောင်း သိရှိရပါသည်။  

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်တွင် ခဆော့သီးဈေးနှုန်းများမှာ ခဆော့သီးတစ်(၁)ဘူးလျှင် (၄၀၀)ကျပ်၊ တစ်ပြည်လျှင် (၃၂၀၀)ကျပ်နှင့် ကင်းမုံသီ(၁)ပြည်လျှင် (၂၀၀၀)ကျပ်မှ (၂၃၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူများထံမှ  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော တို့ဟူးစိမ်း နှင့် တို့ဟူးခြောက် ဈေးနှုန်း

                         ကျွန်းလှမြို့၊ ပိ‌တောက်မြိုင်ဈေးထဲတွင် ကုန်စိမ်းသီးနှံနှင့် တွက်ဖက်၍ ပဲရေဖွှ၊ တို့ဟူးစိမ်း တို့ကိုပါ လုပ်ကိုင်ရောင်းချလျက်ရှိပါသည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ရောင်းချနေသော တို့ဟူးစိမ်း ဈေးနှုန်းများမှာ တို့ဟူးစိမ်း တစ်ပိဿာလျှင်(၃၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၈၀၀)ကျပ်၊ (၂၅)ကျပ်သား လျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ‌လည်းကောင်း၊ တို့ဟူးခြောက် တစ်ပိဿာ (၁၄၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၇၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၃၅၀၀)ကျပ် နှင့် (၁၀)ကျပ်သား လျှင်(၁၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး ယခင်အပတ်ထက် တို့ဟူးစိမ်း တစ်ပိဿာ လျှင်(၁၀၀)ကျပ် နှင့် တို့ဟူးခြောက် တစ်ပိဿာလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရသည်။

DOCA (စစ်ကိုင်း)      

ဝါးရုံမှို လှိုင်လှိုင်ပေါ၍ ကောက်ရိုးမှို ဈေးနှုန်းကျဆင်းလျက်ရှိ

          ကျွန်းလှမြို့နယ်၊ အင်းကောင်းကျေးရွာတွင် မိသားစုအပိုဝင်ငွေရရှိရန်အတွက် မိမိတို့ပိုင် မြေကွက်အလွတ်များတွင် တစ်ပိုင်တစ်နိုင်အနေဖြင့်  နှစ်စဉ် ကောက်ရိုးမှိုပျိုးရောင်းသည့်လုပ်ငန်းကို လုပ်ကိုင်လျက်ရှိရာ ကောက်ရိုးမှိုသည် ရာသီမရွေး စိုက်ပျိုးရောင်းချကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ် စက်တင်ဘာလ ပထမပတ် ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ကောက်ရိုးမှိုဈေးနှုန်းအနေဖြင့် ကောက်ရိုးမှို တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊ နှင့်(၁၀)ကျပ်သားလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချပြီး၊ စက်တင်ဘာလ ဒုတိယပတ် ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ကောက်ရိုးမှို ဈေးနှုန်းအနေဖြင့် ကောက်ရိုးမှို တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၇၅၀၀)ကျပ်နှင့် (၁၀)ကျပ်သားလျှင်(၁၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဝါးရုံမှိုများ လှိုင်လှိုင်ပေါ်သည့်အတွက် ကောက်ရိုးမှိုဈေး တစ်ပိဿာလျှင်(၃၀၀၀)ကျပ် ကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် စတင်ရောင်းချလျက်ရှိသော ခေါစီ၊ ခေါပုတ် (ခေါ်)ကောက်ညှင်းပြား ဈေးနှုန်း

          ကျွန်းလှမြို့နယ်အတွင်းရှိ ရပ်ကွက်ဈေးများတွင် ဒေသထွက် ပေါ်ဦးပေါ်ဖျား ခေါဆီ(ခေါ်) ကောက်ညှင်းပြားများကို  ဆောင်ဝင်ခါနီ စက်တင်ဘာ၊ အောက်တိုဘာလများတွင် စတင်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

          ကောက်ညှင်းပြားကို ပြုလုပ်ဖို့ ကောက်ညှင်းဆန်ကို ကျောက်ခဲ၊ သလဲများမပါအောင် ရွေးချယ်သန့်စင်ပြီး ကောက်ညှင်းဆန်ကိုရေဆေးပြီး အချိန်အတန်ကြာအောင်ရေစိမ်ထားရပါသည်။ ရေစိမ်ရသော ကောက်ညှင်းဆန်များကို ပေါင်းအိုဖြင့်ပေါင်း၍ ပုဆိန်၊ ပေါင်တူ၊ မောင်းတို့ဖြင့်ထည့်၍ ထုထောင်းပြီး အိစက်ညက်ညောသည့် အနေအထားရောက်မှ နှမ်းထောင်း/ ဆီတို့ကိုသုံးပြီး ကောက်ညှင်းပြားများ ပြား၍ ငှက်ပျောဖက်/ပလပ်စတစ်အိတ်အကြည်ပေါ်တွင် အအေးခံပြီးလျှင် စားသုံးရသည့် ကောက်ညှင်းပြားများ ရရှိပါသည်။ ၂၀၂၅ခုနှစ် စက်တင်ဘာလ ဒုတိယပတ်တွင် ခေါစီ(ခေါ်) ကောက်ညှင်းပြား ဈေးနှုန်းအနေဖြင့် (၁၀၀၀)ဖိုးလျှင်(၈)ခု၊ တစ်ခုလျှင် (၁၅၀)ကျပ်  ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့၌ ရောင်းချနေသော ကျောက်သခွားမွှေးသီးနှင့် စပျစ်သီးဈေးနှုန်း

          ကျွန်းလှမြို့တွင် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ စပျစ်သီး၊ သင်္ဘောသီး၊ ဖရဲသီး၊ ဩဇာသီး၊ သခွားမွှေးသီး၊ ကျောက်သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ မင်းဂွတ်သီး၊  ဒညှင်းသီး နှင့် ဖရဲသီးများကို  ရောင်းချလျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်ပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ကျောက်သခွားမွှေးသီး ဈေးနှုန်းများမှာ ကျောက်သခွားမွှေးသီး အကြီး(၁)လုံးလျှင်(၁၀၀၀၀)ကျပ်၊ ကျောက်သခွားမွှေးသီး အသေး(၁)လုံးလျှင်(၈၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့်လည်းကောင်း စပျစ်သီးဈေးနှုန်းများမှာ စပျစ်သီး ထိုင်ဝမ်အလုံးကြီး တစ်ပိဿာ(၄၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၂၀၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၁၀၀၀၀)နှင့် စပျစ်သီး အလုံးသေး တစ်ပိဿာလျှင်(၂၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၄၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၇၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်‌ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သီးနှံမျိုးစုံထဲမှ ဖရဲသီး၊ ဩဇာသီး၊ နဂါးမောက်သီး၊ ငှက်ပျောသီးနှင့် မာလကာသီးတို့ကို မိမိတို့ဒေသထွက်နှင့် အခြားသစ်သီးများကိုမူ မြစ်ကြီးနားမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သစ်ရာမြိုင်ဈေးတိုက်တန်းတွင် သစ်သီးမျိုးစုံရောင်းချနေသော ဈေးသည်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ပိတောက်မြိုင်ဈေး၌ ရောင်းချလျက်ရှိသော  ဆူးပုတ်ရွက် နှင့် အဝေရာရွက်ပြုတ် ဈေးနှုန်း

        ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်လျက်ရှိရာ မိမိတို့ အိမ်ခြံ ဝင်းအတွင်းနှင့် တောင်ယာမြေများတွင် တစ်နိုင်တစ်ပိုင်အနေဖြင့် စားဖိုဆောင်သီးနှံများကို  စိုက်ပျိုးထားကြသည့်အနက် ဆူးပုတ်ရွက်သည်လည်း  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

        ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ဖြစ်ပေါ်လျက်ရှိသော ဆူးပုတ်ရွက် ဈေးနှုန်းအနေဖြင့် ဆူးပုတ်အစည်း()စည်းလျှင်(၃၀၀)ကျပ် ၊(၂)စီးလျှင်(၅၀၀)ကျပ် နှင့် (၁၀)စည်းပါ တစ်ထုံးလျှင်(၂၈၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် လည်းကောင်း၊ အလားတူပင် အဝေရာရွက်ပြုတ် တစ်စည်းလျှင်(၃၀၀)ကျပ်(၂)စည်းလျှင်(၅၀၀)ကျပ်  ဈေးနှုန်း တို့ဖြင့်  ရောင်းချလျက် ရှိကြောင်း  ကုန်စိမ်း ရောင်းချသည့် လုပ်ငန်းရှင် တစ်ဦးထံမှ သိရပါ သည်။

DOCA (စစ်ကိုင်း)

ဈေးနှုန်းကျဆင်းလျက်ရှိသော ကန်ဇွန်းရွက်နှင့် ဂွေးတောက်ရွက်

          ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ စားဖိုဆောင်သီးနှံဖြစ်သည့် ပဲတောင့်ရှည်သီး၊ ချဉ်ပေါင်ရွက်၊ ဆူးပုတ်ရွက်၊ ရုံးပတီသီး၊ ခရမ်းသီးနှင့်  ကန်ဇွန်းရွက်များကို စိုက်ပျိုးလျက်ရှိသည့်အနက် ကန်ဇွန်းရွက်ကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။  

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ဖြစ်ပေါ်နေသော ကန်ဇွန်းရွက်ဈေးနှုန်းများမှာ ကန်ဇွန်းရွက် လက္ကားဈေး တစ်စီးလျှင်(၁၅၀)ကျပ်၊ ကန်ဇွန်းရွက် လက်လီဈေး တစ်စီးလျှင်(၂၀၀)ကျပ်၊ ငွေကျပ်(၅၀၀)ဖိုးလျှင်(၃)စီး တို့ဖြင့်လည်းကောင်း၊ ဂွေးတောက်ရွက် ဈေးနှုန်းမှာ လက္ကား()ပိဿာလျှင်(၂၇၀၀)ကျပ်၊ လက်လီ()ပိဿာလျှင်(၃၀၀၀)ကျပ် ဈေးနှုန်းဖြင့် ‌ရောင်းချလျက်ရှိခဲ့ပြီး  စက်တင်ဘာလ ဒုတိယပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ဖြစ်ပေါ် နေသော ကန်ဇွန်းရွက် ဈေးနှုန်းများမှာ ကန်ဇွန်းရွက် လက်လီဈေး တစ်စီးလျှင်(၁၀၀)ကျပ်၊ ငွေကျပ်(၂၀၀) ဖိုးလျှင်(၃)စီး တို့ဖြင့်လည်းကောင်း၊ ဂွေးတောက်ရွက် ဈေးနှုန်းမှာ လက္ကား() ပိဿာလျှင်(၂၂၀၀)ကျပ်၊ လက်လီ()ပိဿာလျှင်(၂၅၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသောကြောင့် ယခင်အပတ်ထက် ကန်ဇွန်းရွက်နှင့် ဂွေးတောက်ရွက်ဈေးနှုန်း အနည်းငယ်ကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့နယ်အတွင်းမှ ထွက်ရှိသည့်  ရေချို  ငါးရံ့ နှင့် ငါးရံ့ခြောက် ဈေးနှုန်း

                       ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း ငါးဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ ငါးရံ့ နှင့် ငါးရံ့ခြောက်ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

         ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်တွင် ကျွန်းလှမြို့နယ်အတွင်း ဖြစ်ပေါ်နေသော ငါးရံ့ ဈေးနှုန်း များအနေဖြင့် ငါးရံ့ အကြီး တစ်ပိဿာလျှင်(၃၄၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၇၀၀၀)ကျပ် ငါးရံ့ (အသေး)တစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၃၀၀၀)ကျပ် ဈေးနှုန်းဖြင့် လည်း ကောင်း၊ ငါးရံ့ခြောက် ဈေးနှုန်းများအနေဖြင့် ငါးရံ့ခြောက် အကြီး လက်လီဈေး တစ်ပိဿာလျှင် (၈၅၀၀၀)ကျပ်၊ ငါးရံ့ခြောက်(၅၀)ကျပ်သားလျှင်(၄၃၀၀၀)ကျပ်၊ ငါးရံ့ခြောက်(အ‌သေး)လက်လီဈေး တစ်ပိဿာလျှင် (၆၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၃၃၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ငါးရံ့သည် အခြားငါးများထက် အသားကျစ်လစ်ပြီး အရိုးနည်းသည့်အတွက် လူကြိုက်များပြီး ရောင်းအား ကောင်းလျက်ရှိကြောင်း ငါးသည် ထံမှ သိရပါသည်။

DOCA (စစ်ကိုင်း)

မိုးရာသီတွင် လှိုင်လှိုင်ပေါသော ကင်ပွန်းချဉ်ရွက်နှင့် ချဉ်ပေါင်ရွက်

          ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ စားဖိုဆောင်သီးနှံဖြစ်သည့် ပဲတောင့်ရှည်သီး၊ ချဉ်ပေါင်ရွက်၊ ကင်ပွန်းချဉ်ပင်၊ ရုံးပတီသီး၊ ခရမ်းသီးနှင့် ကန်ဇွန်းရွက်များကို စိုက်ပျိုးလျက်ရှိသည့်အနက် ကင်ပွန်းချဉ်ရွက်ကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက်ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ဖြစ်ပေါ်နေသော ကင်ပွန်းချဉ်ရွက် ဈေးနှုန်းများမှာ ကင်ပွန်းချဉ်ရွက် တစ်စီးလျှင်(၃၀၀)ကျပ်၊ (၂)စီးလျှင်(၅၀၀)ကျပ် နှင့် (၁၀)စီးတစ်ထုံးလျှင်(၂၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း  ချဉ်ပေါင်ရွက်ဈေးနှုန်းအနေဖြင့် ချဉ်ပေါင်ရွက်()ပိဿာလျှင်(၁၀၀၀)ကျပ်၊ ချဉ်ပေါင်ရွက်(၅၀)ကျပ်သားလျှင်(၅၀၀)ကျပ် နှင့် (၂၅)သား လျှင်(၃၀၀)ကျပ် မန်ကျည်းသီးစိမ်းပေါသည့်အတွက် ချဉ်ပေါင်ရွက်ဈေးနှုန်းကျဆင်းပြီး အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း