Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူခရိုင်၌ ဖြစ်ပေါ်နေသော ဂျင်း(ချင်း)တက်ဈေးနှုန်းအခြေအနေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ “မြို့မဈေး”သည် နေ့စဉ်ဈေးရောင်းသူများ၊ ဈေးဝယ် သူများနှင့်စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင် ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကိုလည်း ရောင်းချပေးလျက်ရှိကြောင်း သိရ သည်။

 ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလစတုတ္ထပတ်အတွင်း “မြို့မဈေး”ရှိ ကုန်မျိုးစုံရောင်းချသည့်ဆိုင်များ တွင်ရောင်းချနေသည့်  ဂျင်း(ချင်း)တက်ဈေးနှုန်းများမှာ လက္ကား(၁)ပိဿာလျှင် (၅၀၀၀)ကျပ်၊ လက်လီ ဈေးနှုန်းမှာ(၁)ပိဿာလျှင်(၅၅၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ယခင်ပတ်ဈေးနှုန်းနှင့်နှိုင်း ယှဉ်ပါကယခုပတ်အတွင်း ဂျင်း(ချင်း)တစ်ပိဿာလျှင် (၅၀၀)ကျပ်ကျဆင်းသွားကြောင်း၊ ဂျင်းတက် များကို ရှမ်းပြည်နယ် ၊ အောင်ပန်းမြို့မှဝယ်ယူရကြောင်း၊  ဂျင်းတက်ကို အစားအသောက်များတွင် အရသာပိုမိုကောင်းမွန်ရန်အတွက် အသုံးပြုကြသလို၊ ဂျင်းပေါက်ပြုလုပ်သည့် လုပ်ငန်းရှင်များက လည်း ဝယ်ယူကြကြောင်း ကုန်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၏ အစေ့ထုတ်ပြောင်း ဈေးနှုန်း၊ဈေးကွက်အခြေအနေ

မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့် နိုင်ငံဖြစ်သည် နှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်သည်လဲ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်သည်။ ယခုအခါ ကန့်ဘလူခရိုင်၏ အဓိကစိုက်ပျိုးသီးနှံ  တစ်ခုဖြစ်သည့် အစေ့ထုတ်ပြောင်းများ ဈေးကွက်အတွင်း ရောင်းဝယ်လျက်ရှိကြောင်း သိရသည်။

အစေ့ထုတ်ပြောင်းကို မေလကုန်တွင်စတင်စိုက်ပျိုးပြီး စက်တင်ဘာလဆန်းမှစ၍ ရိတ်သိမ်း ရကြောင်း၊ စိုက်ပျိုးရာတွင် မျိုးအနေဖြင့် C.P.808 နှင့် C.P.888 မျိုးများကို အများဆုံးစိုက်ပျိုးကြ ကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလစတုတ္ထပတ်အတွင်း အစေ့ထုတ်ပြောင်း(၁)တင်းလျှင် ငွေကျပ် (၂၁၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊  ယခင်ပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက အစ့ထုတ် ပြောင်းတစ်တင်းလျှင်(၁၀၀၀)ကျပ် ကျဆင်းသွားကြောင်း ဒေသတွင်းပွဲရုံလုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်တွင်ဖြစ်ပေါ်နေသော ကုလားပဲသီးနှံဈေးနှုန်း အခြေအနေ

စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး မိုးသီးနှံ၊ ဆောင်းသီးနှံများအပြင် သီးထပ် သီးညှပ်များလည်း စိုက်ပျိုးကြကြောင်း၊ ပြည်တွင်းစားသုံးမှုရှိသလို ပြည်ပပို့ကုန်လည်းဖြစ်သည့် ကုလားပဲသီးနှံများကိုလည်း စိုက်ပျိုးကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်တွင် ကုလားပဲသီးနှံကို ဒီဇင်ဘာလကုန်တွင်စတင်စိုက်ပျိုးပြီး မတ်လနှင့် ဧပြီလများတွင် ရိတ်သိမ်းရကြောင်း၊ ကုလားပဲသီးနှံမျိုးမှာ ထိုင်ဝမ်မျိုး၊ (929)မျိုးနှင့် (V2)မျိုးဟူ၍ (၃)မျိုးရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ဇန်နဝါရီလတတိယပတ်အတွင်း ကုလားပဲထိုင်ဝမ်(၁)တင်း လျှင်(၇၇၀၀၀) ကျပ် ၊ ကုလားပဲ(929)(၁)တင်းလျှင်(၈၀၀၀၀) ကျပ်နှင့် ကုလားပဲ(V2)(၁)တင်းလျှင် (၈၃၀၀၀) ကျပ်ဖြင့် အရောင်းဝယ်ဖြစ်ခဲ့ကြောင်း၊ ယခုလစတုတ္ထပတ်တွင် ကုလားပဲထိုင်ဝမ်(၁) တင်းလျှင် (၈၀၀၀၀)ကျပ် ၊ ကုလားပဲ(929)(၁)တင်းလျှင်(၈၃၀၀၀) ကျပ်နှင့် ကုလားပဲ(V2)(၁)တင်း လျှင် (၈၇၀၀၀) ကျပ်ဖြင့်ရောင်းဝယ်လျက်ရှိပြီး ယခုပတ်တွင်ကုလားပဲထိုင်ဝမ်(၁)တင်းလျှင်(၃၀၀၀) ကျပ်၊ ကုလားပဲ(929)(၁)တင်းလျှင်(၃၀၀၀)ကျပ်နှင့် ကုလားပဲ(V2)(၁)တင်းလျှင် (၄၀၀၀)ကျပ် မြင့်တက်လာကြောင်း ဒေသတွင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

 

ကန့်ဘလူမြို့နယ်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော မတ်ပဲသီးနှံဈေးနှုန်းအခြေအနေ

 စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါးနှင့်ဆီထွက်သီးနှံများ အပြင် ပဲမျိုးစုံကိုလည်း စိုက်ပျိုးကြောင်း၊ မတ်ပဲသီးနှံများသည် ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများမှ အဓိကဝင်ရောက်လျက်ရှိပြီး ဇန်နဝါရီလစတုတ္ထပတ်အတွင်း ဈေးနှုန်းများမှာ မတ်ပဲရိုးရိုးတစ်တင်းလျှင် (၈၇၀၀၀)ကျပ်၊ မတ်ပဲ(မျက်ကွင်းဖြူ) တစ်တင်းလျှင်(၉၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှထွက်ရှိသော မတ်ပဲများ ကို ရွှေဘိုမြို့နှင့်မန္တလေးမြို့ ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။

ယခုအခါ ဈေးကွက်အတွင်း မတ်ပဲသီးနှံများ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလတတိယပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက စတုတ္ထပတ်အတွင်း မတ်ပဲဈေးနှုန်းများ ပြန်လည်မြင့်တက်လာကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၌ ဖြစ်ပေါ်နေသော ပန်းသစ်တော်သီးဈေးနှုန်း /ဈေးကွက်အခြေအနေ

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ စပျစ်သီး၊ သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ ဇီးချိုသီး၊ ပဲစိမ်းစားဥ နှင့် ဖရဲသီးများကို  မန္တလေးမြို့မှ မှာယူ ရောင်းချလျက်ရှိ ကြောင်းသိရ သည်။

          ယခင် ဇန်နဝါရီလ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ ပန်းသစ်‌တော်သီး ဈေးနှုန်းများမှာ ပန်းသစ်‌တော်သီး(၁)လုံးလျှင်(၄၀၀၀)ကျပ်ဈေးဖြင့်‌အရောင်းအဝယ် ဖြစ်လျက်ရှိပြီး ယခု ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ စတုထ္ထပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ ပန်းသစ်‌တော်သီး ဈေးနှုန်းများမှာ ပန်းသစ်‌တော်သီး(၁)လုံးလျှင်(၃၅၀၀)ကျပ်ဈေးဖြင့်အရောင်းအဝယ် ဖြစ်လျက်ရှိကာ ယခင် အပတ်ဖြင့်နှိုင်းယှဉ်ကြည့်မည်ဆိုပါက ပန်းသစ်‌တော်သီး ဈေးနှုန်းများမှာ အနည်းငယ်ကျဆင်း လျက်ရှိကြောင်း ကန့်ဘလူမြို့ ဘုရားကြီးဈေးဆိုင်တန်းတွင် သစ်သီးမျိုးစုံ ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၌ ရာသီစာ စားတော်ပဲစိမ်းဈေးနှုန်း/ဈေးးကွက်အခြေအနေ

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများမှ ရာသီစာ စားတော်ပဲစိမ်းကို စိုက်ပျိုးကာ ကန့်ဘလူမြို့မဈေးကွက်သို့ ရောင်းချလျက်ရှိကြောင်းသိရသည်။

          စားတော်ပဲစိမ်းသည် ယခင်  မြန်မာမင်းများလက်ထက်ကတည်းက စားအလွန်ကောင်းကာ  နုညံ့ သည့်အဆင့််မြင့်် ပဲတစ်မျိုးကို ဘုရင်များ စားသုံးကြ၍ စား‌တော်ပဲဟုခေါ်ခဲ့ကြသည်။ စားတော်ပဲသည် ဘုရင်များတွင်သာမက လူအများကြိုနှစ်သက်သော ပဲတစ်မျိုးဖြစ်ပြီ စားတော်ပဲစိမ်းသည် ဆောင်းရာသီ တစ်ရာသီသာ စားရသောပဲဖြစ်ပါသည်။ စား‌တော်ပဲစိမ်းသည် ဇန်နဝါရီလ တတိယပတ် တွင်သာ စပေါ်ပြီး ဈေးကွက်အတွင်းသို့ ‌ရောက်ရှိလာပါသည်။  စား‌တော်ပဲစိမ်းကို စားသုံးမှုများမှာ အစိမ်းကြော်စားခြင်း၊ စား‌‌တော်ပဲစိမ်းချက်စားခြင်း၊ ‌ကောက်ညှင်းနှင့်ပေါင်းစားခြင်း၊ ဒံပေါက်ထဲတွင်ထည့်ခြင်း၊ ကောက်ညှင်း ကျည်တောက်ထဲတွင်ထည့်ခြင်းနှင့် ပဲကပ်ကြော်အဖြစ်ကြော်ပြီး ရေနွေးကြမ်းနှင့်စားသုံးခြင်းများ ဖြစ်ပါ သည်။

          ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ စားတော်ပဲစိမ်း ဈေးနှုန်းများမှာ စားတော်ပဲစိမ်း တစ်ပြည်လျှင်(၁၆၀၀၀)ကျပ်၊ စားတော်ပဲစိမ်  နို့ဆီ တစ် ဘူးလျှင်(၂၀၀၀)ကျပ်ဈေးဖြင့် ၂၀၂၅ ခုနှစ်၊ ယခု ဇန်နဝါရီလ စတုထ္ထပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ စားတော်ပဲစိမ်း ဈေးနှုန်းများမှာ စားတော်ပဲစိမ်း တစ်ပြည်လျှင်(၁၂၀၀၀)ကျပ်၊ စားတော်ပဲ စိမ်း  နို့ဆီ တစ်ဘူးလျှင်(၁၅၀၀)ကျပ်ဈေးဖြင့် ‌အရောင်းအဝယ် ဖြစ်လျက်ရှိသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက စားတော်ပဲစိမ်း တစ်ပြည်လျှင်(၄၀၀၀)ကျပ် ကျဆင်းလျက်ရှိပြီး အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့၊ မြို့မဈေးတွင် ကုန်စိမ်းသီးနှံမျိုးစုံ  ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့ မြို့မဈေး၌ ချဉ်ပေါင်ရွက်ဈေးနှုန်း/ဈေးကွက်အခြေအနေ

ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများမှ တောင်သူများသည် စပါး၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းနှင့် စားဖိုဆောင် သီးနှံမျိုးစုံစိုက်ပျိုးသည့်အနက် ချဉ်ပေါင်ရွက်ကိုလည်း စိုက်ပျိုး ရောင်းချလျက်ရှိကြောင်းသိရပါသည်။

                    ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ စတုထ္ထပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ ချဉ်ပေါင်ရွက် ဈေးနှုန်းများမှာ ချဉ်ပေါင်ရွက် တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ (၁၀)ကျပ် သားလျှင် (၄၀၀)ကျပ်၊ (၅)ကျပ် သားခန့် တစ်ပုံလျှင်(၂၀၀)ကျပ်ဈေးဖြင့် ‌အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရ သည်။

DOCA(စစ်ကိုင်း)

ဈေးနှုန်းအနည်းငယ်ကျဆင်းနေသော မုံရွာမြို့ခရမ်းချဉ်သီးဈေးကွက်

          ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတတိယပတ်အတွင်း  မုံရွာစျေးကွက်အတွင်းသို့  ခရမ်းချဉ်သီး များဝင်ရောက်မှုများသည့်အတွက် စျေးအနည်းငယ်ကျဆင်းသွားကြောင်းတွေ့ရှိရပါသည်။  မုံရွာမြို့ အတွင်းသို့   တံတားဦးဒေသထွက်ခရမ်းချဉ်သီးများနှင့်အပြင် စစ်ကိုင်းတိုင်းဒေသကြီးမှ     လှိုင်လှိုင်ထွက်ပေါ်ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါတယ်။ မုံရွာမြို့၊ ချင်းတွင်းရတနာဈေးရှိ ခရမ်းချဉ် သီးပွဲရုံများ၊ ကုန်စိမ်းလက္ကားရောင်းချသည့် သံလမ်းဈေးတို့တွင် ခရမ်းချဉ်သီး အမျိုးအစား အလိုက်ဝင်ရောက်လျက်ရှိပြီး၊ တစ်ဆင့်ပြန်လည်ရောင်းချလျက်ရှိကြောင်း သိရှိရပါတယ်။

           ဒီဇင်ဘာလ တတိယပတ်တွင် ခရမ်းချဉ်သီး လက္ကားဈေးနှုန်း တစ်ပိဿာလျှင်(၆၀၀၀ ) ကျပ်နှင့် လက်လီဈေးနှုန်း တစ်ပိဿာလျှင် ( ၇၀၀၀) ကျပ်ဖြစ်ပြီး ယခုအခါ ဇန်နဝါရီလ တတိယအပတ်အတွင်း ခရမ်းချဉ်သီး လက္ကားဈေးနှုန်း တစ်ပိဿာလျှင်(၃၀၀၀)ကျပ်နှင့် လက်လီဈေးနှုန်း တစ်ပိဿာလျှင် (၃၅၀၀) ကျပ်ဖြစ်သည့်အတွက် ဒီဇင်ဘာလတတိယပတ် အတွင်း ဖြစ်ပေါ်ခဲ့သည့်ပေါက်စျေးနှင့်နှိုင်းယှဉ်ပါက  ယခုလတွင် ခရမ်းချဉ်သီးဝင်ရောက်မှုများ လာသည့် အပေါ် စျေးနှုန်းအနည်းငယ်ကျဆင်းသွားကြောင်း တွေ့ရှိရပါတယ်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၌ ဖြစ်ပေါ်နေသော ဇီးချိုသီးဈေးနှုန်း /ဈေးကွက်အခြေအနေ

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ စပျစ်သီး၊ သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ နှင်းသီး၊ ဇီးချိုသီး၊ ပဲစိမ်းစားဥ နှင့် ဖရဲသီးများ ကို  မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိ ကြောင်းသိရ သည်။

          ဇီးချိုသီးကိုတော့ မန္တလေးမြို့တို့မှ မှာယူရောင်းချသော အသီးများရှိသလို မိမိတို့ကန့်ဘလူ ဒေသထွက် ဇီးချိုသီးခြံမှ ဖောက်သည်ယူပြီးရောင်းချခြင်းလည်းဖြစ်ပါသည်။ မန္တလေးမြို့တို့မှ ဖောက် သည် မှာယူရောင်းချသော ဇီးချိုသီးမှာ ပိဿာချိန်(၉/၁၀)ပိဿာခန့် တစ်ဖာလျှင်(၂၀၀၀၀)ကျပ် ဖြင့် ဝယ်ယူရပြီး ဒေသထွက်ဇီးခြံများမှ ဇီးချိုသီးဈေးမှာ တစ်ပိဿာလျှင်(၅၅၀၀/၆၀၀၀)ခန့်ရှိသည့် အတွက် ဈေးကြီး၍ ရောင်းအားနည်းသည့်အတွက် အနည်းငယ်သာမှာယူရောင်းချပါသည်။

၂၀၂၅ ခုနှစ်၊ဇန်နဝါရီလ စတုထ္ထပတ်တွင် တွင် ဖြစ်ပေါ်နေသော ဇီးချိုသီးဈေးနှုန်းမှာ မန္တလေးမြို့မှ မှာယူရသော ဇီးချိုသီးမှာ တစ်ပိဿာလျှင်(၄၀၀၀)ကျပ်နှင့် ၇၅ကျပ်သားခန့် တစ်ထုတ် လျှင်(၃၀၀၀)ကျပ်၊ ‌ကန့်ဘလူဇီးခြံမှ ထွက်ရှိသော ဒေသထွက်ဇီးချိုသီး တစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ ၂၅ကျပ်သားလျှင်(၁၅၀၀)ကျပ်ဈေးဖြင့် ‌အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၌ ရာသီစာ ပဲကြီးအစိုညှစ်ဈေးနှုန်း/ဈေးးကွက်အခြေအနေ

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အတွင်းရှိ ကျေးရွာများတွင် စပါး၊ ပဲမျိုးစုံနှင့် စားဖိုဆောင် သီးနှံများကို စိုက်ပျိုးသည့်အနက် ပဲကြီးသည်လည်း ဈေးကောင်းရ၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

          ပဲကြီးသည် လူအများကြိုနှစ်သက်သော ပဲတစ်မျိုးဖြစ်ပြီ ပဲကြီးအစိုညှစ်သည် ဆောင်း ရာသီ တစ်ရာသီသာ စားရသောပဲဖြစ်ပါသည်။ ပဲကြီးအစိုညှစ်သည် ဇန်နဝါရီလတွင် စတင်ပေါ်၍  ဈေးကွက်အတွင်းသို့ ‌ရောက်ရှိလာပါသည်။  ပဲကြီးအစိုညှစ်ကို စားသုံးမှုများမှာ အစိမ်းကြော် စားခြင်း၊ ပဲနှပ်ချက် ချက်စားခြင်း၊ ပဲဟင်းချိုချက်စားခြင်း၊ ပဲကြီးအစိုကို အကြော်ဆံအဖြစ်ကြော်ပြီး လဖက်ဖြင့်တွဲဖက်ကာ ရေနွေးကြမ်းနှင့်စားသုံးခြင်းများ ဖြစ်ပါ သည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ စတုထ္ထပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ ပဲကြီးအစိုညှစ် ဈေးနှုန်းများမှာ ပဲကြီးအစိုညှစ် တစ်ပြည်လျှင်(၁၄၀၀၀)ကျပ်၊ ပဲကြီးအစိုညှစ် နို့ဆီ တစ်ဘူး လျှင်(၁၈၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း