Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မအူပင်မြို့ တလုပ်လပ်တွင် စိုက်ပျိုးနေသော ပြည်ပပို့ကုန်သီးနှံ ငရုတ်မှည့်စိမ်း တောင်သူဈေးကွက်ရရှိ

 မအူပင်မြို့နယ် တလုပ်လပ်ကျေးရွာတွင် ပြည်ပပို့ကုန်သီးနှံ ငရုတ်အမှည့်စိမ်း စိုက်ပျိုးကြောင်း သိရသည်။ မအူပင်ခရိုင်အနေဖြင့် ငရုတ်သီးနှံအမျိုးမျိုး စိုက်ဧကပေါင်း ၆၆၆၁ ဧက ရှိကြောင်း သိရသည်။ တလုပ်လပ်ကျေးရွာတွင် ငရုတ်မှည်စိမ်း ၁ဧက စိုက်ပျိုူးနေသူ ဦးထွန်းအေး၏ စိုက်ပျိုးထွက်ရှိနေမှုနှင့် ဈေးကွက်ရရှိမှုကို ကွင်းဆင်းလေ့လာခဲ့သည်။

          မျိုးအနေဖြင့် မနီကမ်း တံဆိပ် ငရုတ်အမှည့်စိမ်းမျိုး ကို  ၁ထုတ်လျှင်  ၁၅၀၀၀ကျပ်နှုန်းဖြင့် ဝယ်ယူ၍ ၁ဧကလျှင် မျိုးထုတ် ၂၂ထုတ် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် မျိုးစေ့များကို ပျိုးထောင်ပြီး ၁၀ရက်သားအရွဉ်တွင် မြေချ၍ အတန်းလိုက် စနစ်တကျစိုက်ပျိုးကြောင်း၊ အောက်တိုဘာလ မိုးလွတ်ရေကျချိန်တွင် စတင်စိုက်ပျိုးပြီး ဖေဖော်ဝါရလတွင် စတင်ထွက်ရှိပြီး မတ်လတွင် လှိုင်လှိုင်အခင်းပြတ်ထွက်ရှိကြောင်း၊ လှိုင်လှိုင်ထွက်ပေါ်လျက်ရှိကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင်  တစ်ဧကလျှင် ငွေကျပ် ၃၀၀၀၀၀၀ ခန့် ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ငရုတ်အမှည့်စိမ်း  ပိဿာချိန် ၃၂၀၀ ခန့် ထွက်ရှိကြောင်း သိရသည်။

          ဈေးနှုန်းအနေဖြင့် ဖေဖော်ဝါရီလဆန်းပိုင်းက ငရုတ်အမှည့်စိမ်း လက်ကားဈေး တစ်ပိဿာ လျှင် ငွေကျပ် ၃၀၀၀ ဖြင့် ဈေးရှိကြောင်း၊ လှိုင်လှိုင်ထွက်ပေါ်လာချိန် ဈေးနှုန်းအပြောင်း အလဲရှိ နိုင်ကြောင်း တစ်ဧကအကျိုးအမြတ်အနေဖြင့် စိုက်ပျိုးသူမှ ငွေကျပ် ၆၆၀၀၀၀၀ ခန့် ရရှိကြောင်း၊ ငရုတ်ကောက်သူများလည်း ပြည်ပတင်ပို့ကုန်ဖြစ်၍ သိန်း၂၀ရင်းလျှင် သိန်း၂၀ အကျိုး အမြတ်ကျန်ရှိသော သီးနှံတစ်ခုဖြစ်ကြောင်းသိရသည်။ ဈေးကွက်အနေဖြင့် မအူပင် ချောင်းကြီး ရေလဲဒိုင်သို့ တင်ပို့ရောင်းချကြပြီး ၎င်းတို့မှ တဆင့် ရန်ကုန်၊ ရန်ကုန်မှ တဆင့် ပြည်ပသို့တင်ပို့ကြောင်း၊ ဈေးနှုန်းကောင်းမွန်မှုကြောင့် အကျိုးအမြတ်များ ရရှိကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ကန့်ဘလူမြို့နယ်၌ ဆလပ်ရွက်စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

              စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် ဒေသတွင်းစားသုံးရန် အတွက်ရာသီချိန်အလိုက် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိပြီး ယခုအချိန်အခါသည် စားဖိုဆောင်သီးနှံများ စိုက်ပျိုးရာသီဖြစ်သဖြင့် ဈေးကွက်အတွင်း လူကြိုက်များပြီး အရောင်းအဝယ်သွက်သည့် ရာသီစာဆလပ်ရွက်များ လှိုင်လှိုင်ရောင်းချလျက်ရှိသည်။

              ဆလပ်ရွက်ကို မြို့ပေါ်ရပ်ကွက်များတွင်သာမက ကန့်ဘလူမြို့နယ်အတွင်းရှိ နတ်ပေးကျေး ရွာ၊ တောက္ကရှပ်ကျေးရွာနှင့် အခြားသောကျေးရွာများတွင် မိမိတို့နေအိမ်ခြံဝင်းများ၊ မိမိတို့ယာကွက်များတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း၊ ဆလပ်ရွက်သည် အစားအသောက်အမျိုးမျိုး နှင့်တွဲဖက်စားသုံး၍ရသည့်အတွက် စားသောက်ဆိုင်များ၊ အကင်ဆိုင်များ၊ အသုတ်ဆိုင်များစသည့် ဆိုင်များမှ ဝယ်ယူအသုံးပြုသည့်အတွက် အရောင်းအဝယ်သွက်လျက်ရှိကြောင်း၊ ဖေဖော်ဝါရီလ ပထမပတ်အတွင်း ဆလပ်ရွက်အပင်ကြီး(၁)ပင်လျှင် (၅၀၀)ကျပ်၊ ဆလပ်ရွက်အပင်သေး(၁)ပင်လျှင် (၄၀၀)ကျပ်ဖြင့် ကန့်ဘလူမြို့မဈေးရှိ ကုန်စိမ်းရောင်းချသူများထံ ရောင်းချရသည့်အတွက် မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း ဆလပ်ရွက်စိုက်ပျိုးသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော နှမ်းဈေးနှုန်းအခြေအနေ

              ကန့်ဘလူခရိုင်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဆီထွက်သီးနှံဖြစ်သည့် နှမ်းသီးနှံကိုလည်းစိုက်ပျိုးကြကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှထွက်ရှိသောနှမ်းများကို မန္တလေးမြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

            ယခုအခါ နှမ်းဈေးနှုန်းများမှာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလနောက်ဆုံးပတ်အတွင်း နှမ်းနက်(စမုံ) တစ်တင်းလျှင်(၂၁၇၀၀၀)ကျပ်၊ နှမ်းဖြူ(ဂျပန်)တစ်တင်းလျှင် (၁၁၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပြီး၊ ဖေဖေါ်ဝါရီလပထမပတ်အတွင်း နှမ်းနက်(စမုံ)တစ်တင်းလျှင် (၂၂၀၀၀၀)ကျပ်၊ နှမ်းဖြူ (ဂျပန်)တစ်တင်းလျှင် (၁၁၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေသောကြောင့် ယခုပတ်အတွင်း နှမ်းနက်(စမုံ)တစ်တင်းလျှင်(၃၀၀၀)ကျပ်၊ နှမ်းဖြူ(ဂျပန်)တစ်တင်းလျှင်(၃၀၀၀)ကျပ် ပြန်လည်မြင့် တက်လာကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်ထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်တွင်ဖြစ်ပေါ်နေသော ကုလားပဲသီးနှံဈေးနှုန်း အခြေအနေ

               စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး မိုးသီးနှံ၊ ဆောင်းသီးနှံများအပြင် သီးထပ် သီးညှပ်များလည်း စိုက်ပျိုးကြကြောင်း၊ ပြည်တွင်းစားသုံးမှုရှိသလို ပြည်ပပို့ကုန်လည်းဖြစ်သည့် ကုလားပဲသီးနှံများကိုလည်း စိုက်ပျိုးကြောင်း သိရသည်။

           ကန့်ဘလူမြို့နယ်တွင် ကုလားပဲသီးနှံကို ဒီဇင်ဘာလကုန်တွင်စတင်စိုက်ပျိုးပြီး မတ်လနှင့် ဧပြီလများတွင် ရိတ်သိမ်းရကြောင်း၊ ကုလားပဲသီးနှံမျိုးမှာ ထိုင်ဝမ်မျိုး၊ (929)မျိုးနှင့် (V2)မျိုးဟူ၍ (၃)မျိုးရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ဇန်နဝါရီလနောက်ဆုံးပတ်အတွင်း ကုလားပဲထိုင်ဝမ်(၁)တင်း လျှင်(၈၀၀၀၀) ကျပ် ၊ ကုလားပဲ(929)(၁)တင်းလျှင်(၈၃၀၀၀) ကျပ်နှင့် ကုလားပဲ(V2)(၁)တင်းလျှင် (၈၇၀၀၀) ကျပ်ဖြင့် အရောင်းဝယ်ဖြစ်ခဲ့ကြောင်း၊ ဖေဖော်ဝါရီလပထမပတ်တွင် ကုလားပဲထိုင်ဝမ်(၁) တင်းလျှင် (၇၀၀၀၀)ကျပ် ၊ ကုလားပဲ(929)(၁)တင်းလျှင်(၇၈၀၀၀) ကျပ်နှင့် ကုလားပဲ(V2)(၁)တင်း လျှင်(၈၁၀၀၀)ကျပ်ဖြင့်ရောင်းဝယ်လျက်ရှိပြီး ယခုပတ်တွင်ကုလားပဲထိုင်ဝမ်(၁)တင်းလျှင်(၁၀၀၀၀) ကျပ်၊ကုလားပဲ(929)(၁)တင်းလျှင်(၅၀၀၀)ကျပ်နှင့်ကုလားပဲ(V2)(၁)တင်းလျှင်(၆၀၀၀)ကျပ်ဈေးနှုန်း ကျဆင်းသွားကြောင်း ဒေသတွင်းသီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ဖြစ်ပေါ်နေသော ပဲတီစိမ်းဈေးနှုန်း၊ ဈေးကွက်အခြေအနေ

              စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး ကန့်ဘလူမြို့နယ်အတွင်းရှိ ထန်းကုန်းကျေးရွာ၊ မိုးကောင်းကျေးရွာနှင့် အခြားသောကျေးရွာများတွင် ပဲတီစိမ်းသီးနှံကို စိုက်ပျိုးကြကြောင်း၊ ယခုအခါ ပဲတီစိမ်းသီးနှံများ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလပထမပတ်အတွင်း ပဲတီစိမ်းရိုးရိုးတစ်တင်းလျှင်(၈၀၀၀၀)ကျပ်၊ ပဲတီစိမ်းထွက်တိုး အလုံးလှတစ်တင်းလျှင် (၈၅၀၀၀) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပဲတီစိမ်းမှာ အလုံးလှပြီးအကွဲအနာကင်းလျှင် ဈေးပိုမိုရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှထွက်ရှိသော ပဲတီစိမ်းများကို မန္တလေးမြို့ရှိ ပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း သိရသည်။

               ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလနောက်ဆုံးပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ဖေဖေါ်ဝါရီပထမပတ်အတွင်း ပဲတီစိမ်းရိုးရိုးနှင့် ပဲတီစိမ်းထွက်တိုး ဈေးနှုန်းများတည်ငြိမ်နေကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၌ ဖြစ်ပေါ်နေသော ပဲစဉ်းငုံဈေးနှုန်းအခြေအနေ

            မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့် နိုင်ငံဖြစ်သည်နှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည်လဲ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ကြောင်း၊ ပဲစဉ်းငုံသီးနှံသည် ကန့်ဘလူခရိုင်၏ အဓိက စိုက်ပျိုးသီးနှံတစ်ခုဖြစ်ကြောင်း၊ ပဲစဉ်းငုံသီးနှံကို ဇူလိုင်လတွင်စတင်စိုက်ပျိုးပြီး ဇန်နဝါရီလတွင် ရိတ်သိမ်းရကြောင်း၊ မြေအနေအထား နှင့်အပင်ပြုစုခြင်းအပေါ်မူတည်၍ အထွက်နှုန်းများကွာခြားမှုရှိကြောင်း သိရသည်။

           ပဲစဉ်းငုံသီးနှံမျိုးအနေဖြင့် အစေ့အနီရောင်မျိုးနှင့် အစေ့အဖြူရောင်မျိုးဟူ၍(၂)မျိုးရှိပြီး ဈေးနှုန်းအနေဖြင့် ဇန်နဝါရီလနောက်ဆုံးပတ်အတွင်း ပဲစဉ်းငုံနီ(၁)တင်းလျှင် ၉၀၀၀၀ကျပ်နှင့် ပဲစဉ်းငုံဖြူ(၁)တင်းလျှင် ၈၇၀၀၀ကျပ်ရှိခဲ့ရာ ဖေဖေါ်ဝါရီလပထမပတ်တွင် ပဲစဉ်းငုံနီ(၁)တင်းလျှင် ၈၃၅၀၀ကျပ်နှင့် ပဲစဉ်းငုံဖြူ(၁)တင်းလျှင် ၇၇၅၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေသောကြောင့် ယခုပတ်အတွင်း ပဲစဉ်းငုံနီ(၁)တင်းလျှင် ၆၅၀၀ကျပ်၊ ပဲစဉ်းငုံဖြူ(၁)တင်းလျှင် ၉၅၀၀ကျပ်ဈေးနှုန်း ကျဆင်းသွားကြောင်း ၊ ဒေသထွက်ပဲစဉ်းငုံများကို ကန့်ဘလူမြို့နှင့်ဇီးကုန်းမြို့တို့ရှိ ပွဲရုံများမှတဆင့် ရွှေဘိုမြို့၊ မန္တလေးမြို့တို့ရှိ ပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း၊ သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၏ အစေ့ထုတ်ပြောင်း ဈေးနှုန်း၊ ဈေးကွက်အခြေအနေ

            မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့် နိုင်ငံဖြစ်သည် နှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည်လဲ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်သည်။ ယခုအခါ ကန့်ဘလူခရိုင်၏ အဓိကစိုက်ပျိုးသီးနှံ  တစ်ခုဖြစ်သည့် အစေ့ထုတ်ပြောင်းများ ဈေးကွက်အတွင်း ရောင်းဝယ်လျက်ရှိကြောင်း သိရသည်။

              အစေ့ထုတ်ပြောင်းကို မေလကုန်တွင်စတင်စိုက်ပျိုးပြီး စက်တင်ဘာလဆန်းမှစ၍ ရိတ်သိမ်း ရကြောင်း၊ စိုက်ပျိုးရာတွင် မျိုးအနေဖြင့် C.P.808 နှင့် C.P.888 မျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလပထမပတ်အတွင်း အစေ့ထုတ်ပြောင်း(၁)တင်းလျှင် ငွေကျပ် (၂၂၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊  ယခင်ပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက အစ့ထုတ်ပြောင်းတစ်တင်းလျှင်(၁၀၀၀)ကျပ် ပြန်လည်မြင့်တက်လာကြောင်း ဒေသတွင်းပွဲရုံလုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော နေကြာသီးနှံဈေးနှုန်းအခြေအနေ

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၌ ဆီထွက်သီးနှံဖြစ်သည့် နေကြာသီးနှံများလည်း စိုက်ပျိုးကြကြောင်း၊ မိုးစိုက်နေကြာနှင့် ဆောင်းစိုက်နေကြာဟူ၍(၂)မျိုးရှိကြောင်း ဆောင်းနေကြာ ကို ရာသီဥတုပေါ်မူတည်၍ အောက်တိုဘာလတွင် စတင်စိုက်ပျိုးကြပြီး ဖေဖော်ဝါရီလတွင် ရိတ်သိမ်းရကြောင်း၊ ဈေးကွက်အနေဖြင့် နေကြာသီးနှံများကို ကန့်ဘလူမြို့နှင့်ဇီးကုန်းမြို့တို့ရှိ ပွဲရုံများမှ ရွှေဘိုမြို့၊ မန္တလေးမြို့များရှိပွဲရုံများနှင့် ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း သိရသည်။

          နေကြာသီးနှံစိုက်ပျိုးရာတွင် မျိုးအနေဖြင့် ဆင်းရွှေကြာ-၂ မျိုးကို အများဆုံးစိုက်ပျိုးကြပြီး၊ မြေအနေအထားနှင့် အပင်ပြုစုခြင်းအပေါ်မူတည်၍ အထွက်နှုန်းများကွာခြားမှုရှိကြောင်း၊ ဈေးနှုန်း အနေဖြင့် ဇန်နဝါရီလနောက်ဆုံးပတ်အတွင်း နေကြာတစ်တင်းလျှင် (၆၀၀၀၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဖေဖေါ်ဝါရီလပထမပတ်အတွင်း နေကြာတစ်တင်းလျှင် (၅၅၀၀၀)ကျပ်ဖြင့်ရောင်း ဝယ်လျက်ရှိသောကြောင့် ဆီနေကြာ(၁)တင်းလျှင် (၅၀၀၀)ကျပ် ဆက်လက်ကျဆင်းသွားကြောင်း ပွဲရုံလုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ရောင်းချနေသော ကျွဲကောသီးနှင့် သခွားမွှေး ဈေးနှုန်းဈေးကွက်

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးနှင့် အသီးမျိုးစုံရောင်း ချနေသော သစ်သီးဆိုင်များတွင် ကျွဲကောသီးနှင့် သခွားမွှေးများကို အများအပြားရောင်းချနေ ကြကြောင်းသိရသည်။ ကျွဲကောသီးနှင့် သခွားမွှေးများကို မန္တလေးမြို့ရှိ သစ်သီးပွဲရုံများမှမှာယူ ရောင်းချလျက်ရှိ‌ကြောင်း သိရသည်။

          ကျွဲကောသီးနှင့် သခွားမွှေးသည် အရည်ရွမ်းသော အသီးဖြစ်သောကြောင့်  အဖျော်ရည် ပြုလုပ်၍လည်းကောင်း၊  သရေစာအဖြစ်လည်း စားသုံးကြကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ပထမပတ်အတွင်း ကျွဲကောသီး(၁)လုံးလျှင်  (၃၅၀၀)ကျပ်ဖြင့်လည်းကောင်း၊ သခွားမွှေး(အဝါ) သီး(၁)လုံးလျှင် (၅၀၀၀)ကျပ်နှင့် သခွားမွှေး (အစိမ်း)သီး(၁)လုံးလျှင် (၇၀၀၀)ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင်ရောင်းချနေသည့်စတော်ဘယ်ရီသီး ဈေးနှုန်း၊ ဈေးကွက်အခြေအနေ

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးနှင့် အသီးမျိုးစုံရောင်း ချနေသည့်ဆိုင်များတွင် စတော်ဘယ်ရီသီးများကို လှိုင်လှိုင်ရောင်းချနေကြောင်း သိရသည်။ ရာသီပေါ် စတော်ဘယ်ရီများကို  မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့မှ  ဝယ်ယူရောင်းချလျက်ရှိ‌ကြောင်း သိရသည်။

           စတော်ဘယ်ရီကို သရေစာအဖြစ်လည်းကောင်း၊ ဖျော်ရည်အဖြစ်ပြုလုပ်၍လည်းကောင်း အများဆုံးစားသုံးကြကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ နောက်ဆုံးအပတ်အတွင်း ရောင်းချနေ သောစတော်ဘယ်ရီသီးဈေးနှုန်းများမှာ စတော်ဘယ်ရီသီး(၂၅)ကျပ်သားလျှင် (၅၀၀၀)ကျပ်နှင့် စတော်ဘယ်ရီသီး (၁)ပိဿာလျှင် (၂၀၀၀၀)ကျပ်ရှိခဲ့ရာ ဖေဖော်ဝါရီလ ပထမပတ်အတွင်း စတော်ဘယ်ရီသီး(၂၅)ကျပ်သားလျှင် (၅၀၀၀)ကျပ်၊ စတော်ဘယ်ရီသီး(၁)ပိဿာလျှင်(၂၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်အပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုအပတ်အ တွင်းစတော်ဘယ်ရီသီးဈေးနှုန်းများ တည်ငြိမ်လျက်ကြောင်း၊  လူကြီးလူငယ်မရွေးကြိုက်နှစ်သက်သောကြောင့် ရောင်းအားကောင်းကြောင်း ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသောသစ်သီး ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)       

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း