Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဖြူးမြို့ရှိ တစ်နိုင်တစ်ပိုင်ထုတ်လုပ်ရောင်းချသော သီးစုံအချိုရည်လုပ်ငန်း

     တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ဖြူးမြို့၊ မြို့မအရှေ့ရပ်ကွက်၊ ၄လမ်းရှိ ဒေါ်စန်းစန်းနေအိမ်တွင် မိသားစုတစ်နိုင်တစ်ပိုင်ထုတ်လုပ်လျက်ရှိသော သီးစုံအချိုရည်နှင့် ဂျယ်လီဘူးများမှာ ရောင်းအာကောင်းလျက်ရှိပါသည်။

     ကုန်ကြမ်းပစ္စည်းများကို ရန်ကုန်မြို့မှ မှာယူပါသည်။ ဂျယ်လီပြုလုပ်ရာတွင်လိုအပ်သော ပါဝင်ပစ္စည်းများမှာ ရေသန့်၊ သကြား၊ ဂျယ်လီမှုန့်၊ ခဲဆေး (FDA ခွင့်ပြုပစ္စည်း)၊ အချဉ်မှုန့်၊ ကာလစုံအနံ့နှင့် အရောင် (FDA ခွင့်ပြုပစ္စည်း)များဖြစ်ပြီး ပါကင်ဘူးများကိုအသုံးပြုပါသည်။

     သီးစုံအချိုရည် ၆ဘူးပါ တစ်ကတ်လျှင် လက်ကားဈေးနှုန်း ၁၀၀၀ကျပ်၊ ဂျယ်လီဘူး ၁၀ဘူးပါ တစ်ကတ်လျှင် လက်ကားဈေးနှုန်း ၈၅၀ကျပ်ဖြင့် ဖြူးမြို့မဈေး၊ ဇေယျဝတီဈေး၊ ညောင်ပင်သာဈေးနှင့် ကညွတ်ကွင်းဈေးများသို့ ဖြန့်ဖြူးရောင်းချကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

မိတ္ထီလာခရိုင်၏ အခြေခံစားကုန်ဈေးနှုန်းများ

           ၂၀၂၃ ခုနှစ် အောက်တိုဘာလ စတုတ္ထပတ်၌ ကြက်သွန်နီအလတ်စတစ်ပိဿာ ၃၀၀၀ ကျပ်၊ ကြက်သွန်ဖြူ (ရှမ်းအလတ်) တစ်ပိဿာ ၈၀၀၀ ကျပ်၊ ငရုတ်ခြောက် တစ်ပိဿာ ၁၂၀၀၀ ကျပ်၊ ကြက်သား (P) တစ်ပိဿာ ၉၀၀၀ ကျပ်၊ ဝက်သား (၃-ထပ်သား) တစ်ပိဿာ ၂၀၀၀၀ ကျပ်၊ အမဲသား တစ်ပိဿာ ၁၆၀၀၀ ကျပ်၊ ဆိတ်သားတစ်ပိဿာ ၂၀၀၀၀ ကျပ်၊ ငါးမြစ်ချင်း (ခုတ်သား) တစ်ပိဿာ ၁၂၀၀၀ ကျပ်၊ ကြက်ဥ တစ်လုံး ၂၅၀ ကျပ်၊ ဘဲဥ တစ်လုံး ၃၅၀ ကျပ် ဈေးရှိကြောင်းသိရသည်။ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့မှာ လက်ကျန်နည်းသော်လည်း ဝယ်လို အားနည်းသဖြင့် ဈေးငြိမ်နေပါသည်။ ငရုတ်သီးနှံမှာ အမှည့်စိုများပြီး ခူးဆွတ်လုပ်သားရရန်ခက်ခဲသဖြင့် ကျဈေးဖြင့် ဈေးငြိမ်နေကာ ကြက်ဥ၊ ဘဲဥများမှာ ယခင် အောက်တိုဘာလလယ်က ဈေးအနည်းငယ် ကျဆင်းခဲ့သော်လည်း ယခုဈေးပြန်မြင့်လာကြောင်း ဈေးကွက်မှ သိရသည်။

DOCA(မန္တလေး)

 

ဖြူးမြို့နယ်တွင် မိုးစပါးများ စတင်ရိတ်သိမ်းပြီ

   တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ၂၀၂၃ခုနှစ်၊ မိုးစပါးစိုက်ဧက ၁၅၀၈၂၆ဧကရှိရာ စက်တင်ဘာလ လကုန်ပိုင်းမှစ၍ စတင်ရိတ်သိမ်းနေပြီဖြစ်ပါသည်။ အောက်တိုဘာလ ၄ရက်နေ့အထိ ၁၅၄၂ဧကရိတ်သိမ်းပြီးစီးခဲ့ပြီး တစ်ဧကလျှင် တင်း ၇၀ခန့်ထွက်ရှိကြောင်းသိရပါသည်။ စပါးပေါက်ဈေးမှာ နှံကောက် တင်း ၁၀၀လျှင် ၁၅၀၀၀၀၀ကျပ်နှင့် ဆင်းသုခ တင်း၁၀၀လျှင် ၁၅၂၀၀၀၀ကျပ်ရှိပါသည်။

  ဖြူးမြို့နယ်မှထွက်ရှိသော နှံကောက်နှင့် ဆင်းသုခစပါးများကို အဆင့်မြင့်ကြိတ်ခွဲစက်များဖြင့်ကြိတ်ခွဲ၍ ဖြူးမြို့နယ်အတွင်းနှင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ရှိ မြို့နယ်အသီးသီးသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။ ယခုအောက်တိုဘာလတွင် ကြိတ်ခွဲရောင်းချလျက်ရှိသောဆန်ဈေးနှုန်းမှာ နှံကောက်တစ်အိတ်လျှင် ၅၈၀၀၀ကျပ်နှင့် ဆင်းသုခတစ်အိတ်လျှင် ၆၁၀၀၀ကျပ်ရှိပါသည်။ ဆန်ကွဲတစ်အိတ်လျှင် ၄၅၀၀၀ကျပ်၊ ဖွဲနုတစ်အိတ်လျှင် ၂၅၀၀၀ကျပ်ရှိကြောင်းသိရပါသည်။

      ဖြူးမြို့နယ်တွင် ယခင်နှစ်တွင်လည်း မိုးစပါး ၁၅၀၈၂၆ဧကစိုက်ပျိုးခဲ့ရာ အထွက်နှုန်း ၈၀.၁၈တင်းရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှသိရပါသည်။

DOCA(ပဲခူး)

 

စစ်တွေမြို့၊မြို့မဈေးအတွင်း အရောင်းအဝယ်ဖြစ်ပေါ်နေသော အခြေခံစားကုန်များ၏ ဈေးနှုန်းများအခြေအနေ

    ၂၀၂၃ ခုနှစ် အောက်တိုဘာလ စတုတ္တပတ်အတွင်း စစ်တွေမြို့မဈေးအတွင်း အခြေခံစားကုန်များဖြစ်သော  ပေါ်ဆန်း၂၄  ပြည်ပါ တစ်အိတ်လျှင် ကျပ်(၁၀၀၀၀၀ မှ ၁၀၃၀၀၀) အတွင်း၊ ဧည့်မထ (သီရိဒုံ)  ၂၄ ပြည်ပါ  တစ်အိတ်လျှင်  ကျပ် (၈၂၀၀၀ မှ ၈၄၀၀၀)အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်)  ၁၀ ပိဿာ  တစ်အိတ်လျှင် ကျပ် (၇၈၀၀၀ မှ ၈၀၀၀၀) အတွင်း၊ ကြက်သွန်ဖြူ (ရှမ်းကြီး) ၁၀ပိဿာ တစ်အိတ်လျှင် ကျပ် (၉၈၀၀၀ မှ ၁၀၀၀၀၀) အတွင်း၊ ကြက်သွန်ဖြူ (ရှမ်းလတ်) ၁၀ ပိဿာ တစ်အိတ်လျှင် ကျပ် (၉၃၀၀၀ မှ ၉၅၀၀၀) အတွင်း၊ ကြက်သွန်ဖြူ (ရှမ်းငယ်) ၁၀ပိဿာ တစ်အိတ်လျှင် ကျပ် (၈၈၀၀၀ မှ ၉၀၀၀၀) အတွင်း၊ ဂျင်း ၁၀ပိဿာ တစ်အိတ်လျှင် ကျပ် (၆၃၀၀၀ မှ ၆၅၀၀၀)  အတွင်း၊  ကုလားပဲခြမ်း တစ်ပိဿာလျှင် ကျပ် (၆၅၀၀ မှ ၆၇၀၀) အတွင်း၊ အာလူး(အောင်ပန်း) တစ်ပိဿာလျှင် ကျပ် (၃၄၀၀ မှ ၃၅၀၀) အတွင်း၊ ဂေါ်ဖီထုပ် (ရှမ်း) တစ်ထုပ်လျှင် ကျပ်(၂၀၀၀ မှ ၂၂၀၀) အတွင်း၊     ဝက်သား တစ်ပိဿာ လျှင် ကျပ် (၂၂၀၀၀ မှ ၂၄၀၀၀) အတွင်း၊ အမဲသားတစ်ပိဿာလျှင် ကျပ်(၂၄၀၀၀ မှ၂၆၀၀၀) အတွင်း၊ ဆိတ်သားတစ်ပိဿာလျှင် ကျပ် (၂၅၀၀၀ မှ ၂၆၀၀၀) အတွင်း အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိပြီး စက်တင်ဘာလအတွင်း အရောင်းအဝယ်ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းအတိုင်း အရောင်းအဝယ် ဖြစ်ပေါ် လျက်ရှိကြောင်း  ဈေးဆိုင်/ ပွဲရုံများထံမှ  သိရပါသည်။

DOCA(ရခိုင်)

ကျောက်ဖြူမြို့ဈေးအတွင်း အရောင်းအဝယ်ဖြစ်ပေါ်နေသော အခြေခံစားကုန်များ၏ ဈေးနှုန်းများအခြေအနေ

     ၂၀၂၃ ခုနှစ် အောက်တိုဘာလ၊ စတုတ္တပတ်အတွင်း ကျောက်ဖြူမြို့ ၊စည်ပင်သာယာဈေးတွင်   ရွှေဘိုရခိုင်ပေါ်ဆန်းမွှေး တစ်ပြည် (၅၀၀၀) ကျပ်၊ ဧရာဝတီပေါ်ဆန်း တစ်ပြည် (၅၀၀၀) ကျပ်၊ ဧရာဝတီ   ဧည့်မထတစ်ပြည် (၃၀၀၀) ကျပ် ဈေးဖြင့် ပုံမှန်အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိပါသည်။ အမဲသား တစ်ပိဿာ ကျပ် (၂၂၀၀၀) ၊ဝက်သားတစ်ပိဿာ ကျပ် (၂၂၀၀၀) ၊ဒေသကြက်တစ်ပိဿာ ကျပ် (၂၅၀၀၀)၊    CP ကြက်တစ်ပိဿာကျပ် (၁၂၀၀၀) ၊ပုစွန်ကျားတစ်ပိဿာ ကျပ် (၃၀၀၀၀) ၊ ပုစွန်ပြားတစ်ပိဿာကျပ် (၁၈၀၀၀)၊ ပုစွန်ပြားငယ် တစ်ပိဿာ ကျပ် (၁၂၀၀၀) ၊ ကတ်ကတစ် တစ်ပိဿာ ကျပ်(၁၆၀၀၀) ၊ ငါးကွင်းချပ် တစ်ပိဿာ ကျပ်(၁၄၀၀၀) ၊ ပင်လယ်ငါးမျိုးစုံ အငယ်အကြီး တစ်ပိဿာ ကျပ် ( ၅၀၀၀ မှ ၁၂၀၀၀) အထိ၊ ဒီရေအတက်ကြီးချိန်၊ ဒီရေအတက်နည်းချိန်၊ လပြည့်၊ လကွယ်နှင့်လဆန်း၊ လဆုတ် တို့ အပေါ်မူတည်ပြီး ဈေးနှုန်းအပြောင်းအလဲ ဖြစ်ပေါ်လျက်ရှိပြီး ၊ဒေသထွက် မြေပဲဆီတစ်ပိဿာ ကျပ် (၁၈၀၀၀)၊ ကြက်သွန်ဖြူ တစ်ပိဿာ  ကျပ် (၉၀၀၀) ၊ ကြက်သွန်နီ  တစ်ပိဿာ  ကျပ် (၃၅၀၀) ၊ ဂျင်း တစ်ပိဿာ ကျပ် (၆၀၀၀) ၊ငရုတ်သီးခြောက် တစ်ပိဿာ ကျပ် (၁၅၀၀၀) ၊ ကုလားပဲခြမ်း တစ်ပိဿာ ကျပ် (၇၀၀၀) ၊ အာလူး တစ်ပိဿာ ကျပ်(၂၅၀၀) ၊ ပုစွန်ခြောက်တစ်ပိဿာ အကြီးအငယ်အလိုက် ကျပ် (၅၀၀၀၀ မှ ၈၀၀၀၀) အတွင်း၊ ငပိ တစ်ပိဿာအချော၊အကြမ်း ကျပ်(၆၀၀၀ မှ ၁၀၀၀၀) အတွင်း၊ ကြက်ဥ (၁၀) လုံး ကျပ်(၂၅၀၀ မှ ၂၈၀၀)အတွင်း၊ ငနီတူ တစ်ပိဿာ ကျပ်(၁၂၀၀၀)၊ ပြည်ဝက်ပုတ်၊ အင်းမဘက်မှ ငရုတ်သီးစိမ်း တစ်ပိဿာ ကျပ်(၂၅၀၀) ၊ဂေါ်ဖီထုပ်တစ်ထုပ် ကျပ် (၂၅၀၀) ၊ခရမ်းချဉ်သီး တစ်ပိဿာ ကျပ်(၃၀၀၀)၊ ဒေသထွက် ပဲထောင့်ရှည် တစ်ပိဿာကျပ် (၃၀၀၀) ၊ ဒေသထွက်ပိန်းဥ တစ်ပိဿာ ကျပ် (၄၀၀၀) အရောင်းအဝယ် ဖြစ်ပေါ်လျက်ရှိပါကြောင်း ဈေးသည်များထံမှ သိရှိရပါသည်။

DOCA(ရခိုင်)

                            

တောင်ငူမြို့ရှိ ကြက်ဥ၊ ဘဲဥ ဈေးနှုန်း အခြေအနေ

        တောင်ငူမြို့၊ MK ကြက်ဥ၊ ဘဲဥ  အရောင်းဆိုင်များတွင် ယခုအောက်တိုဘာ စတုတ္ထ ပတ်တွင် ကြက်ဥ တစ်လုံးလျှင် အသေး ၂၅၀ ကျပ်၊ အလတ် ၂၆၀ ကျပ်နှင့် အကြီး ၂၈၀ ကျပ် ဖြင့် ရောင်းချလျှက်ရှိပါသည်။

         ဘဲဥမှာ အောက်တိုဘာ တတိယအပတ်က တစ်လုံးလျှင် အသေး ၃၀၀ ကျပ်၊ အလတ် ၃၃၀ ကျပ်နှင့် အကြီး ၃၅၀ ကျပ် ရှိပါသည်။

         ချက်ပြုတ်စရာမလိုဘဲ အသင့်စားသုံးနိုင်သည့် ဆေးဘဲဥမှာ တစ်လုံးလျှင် ၄၅၀ ကျပ်ရှိပါ သည်။

          ကြက်ဥ၊ ဘဲဥမှာ ချက်ပြုတ်ရလွယ်ကူသဖြင့် စားသုံးသူများပြား၍ အရောင်းအဝယ် ကောင်းကြောင်း သိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့တွင် စက်သုံးဆီဈေးအနည်းငယ်တက်

      ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် ၂၀၂၃ ခုနှစ် ၊ အောက်တိုဘာ တတိယအပတ်က 92 RON တစ်လီတာလျှင် ၂၀၅၀ ကျပ်၊ 95 RON တစ်လီတာလျှင် ၂၁၅၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၂၉၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၄၁၀ ကျပ်ရှိပါသည်။

          ယခုအောက်တိုဘာ စတုတ္ထပတ်တွင် တောင်ငူမြို့ New Day စက်သုံးဆီဆိုင်၌ 92 RON တစ်လီတာလျှင် ၂၁၀၅ ကျပ်၊ 95 RON တစ်လီတာလျှင် ၂၂၀၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၃၄၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၄၆၅ ကျပ်ရှိပါသည်။

        အုတ်တွင်းမြို့ Petro K စက်သုံးဆီအရောင်းဆိုင်တွင်  92 RON တစ်လီတာလျှင် ၂၁၀၅ ကျပ်၊ 95 RON တစ်လီတာလျှင် ၂၁၉၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၃၄၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၄၆၀ ကျပ်ရှိပါသည်။

           ရေတာရှည်မြို့ အောင်မေတ္တာ စက်သုံးဆီအရောင်းဆိုင်တွင်  92 RON တစ်လီတာလျှင် ၂၁၁၀ ကျပ်၊ 95 RON တစ်လီတာလျှင် ၂၂၀၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၃၅၀ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၄၆၅ ကျပ် ရှိပါသည်။

            သို့ဖြစ်၍ အောက်တိုဘာ စတုတ္ထပတ်တွင် စက်သုံးဆီဈေးနှုန်းမှာ တစ်လီတာလျှင် ၅၀ ကျပ်မှ ၅၅ ကျပ် အထိ အနည်းငယ်တက်ကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

 

တောင်ငူမြို့သို့ မုံရွာမှဖရဲသီးများလာရောက်ရောင်းချ

         တောင်ငူမြို့သို့ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာဒေသမှထွက်သော ဖရဲသီးများလာရောက် ရောင်းချကြပါသည်။ ကားတစ်စီးလျှင် ဖရဲသီးအလုံး ၃၅၀၀ တင်ဆောင်လာပါသည်။

           ၎င်းဖရဲသီးများကို ညောင်ပင်ဈေးတွင် အထိုင်ရောင်းချသကဲ့သို့ မော်တော်ယာဉ်ငယ်ဖြင့် လည်း လူစည်ကားရာနေရာများသို့ လှည့်လည်ရောင်းချရာ အကြီးတစ်လုံးလျှင် ၂၀၀၀ ကျပ်မှ ၂၅၀၀ ကျပ်၊ အလတ်တစ်လုံးလျှင် ၁၀၀၀ ကျပ်မှ ၁၅၀၀ ကျပ်နှင့် အလုံးသေး တစ်လုံးလျှင် ၅၀၀ ကျပ်မှ ၈၀၀ ကျပ်အထိ ရောင်းချပါသည်။

              မုံရွာဖရဲသီးမှာ ဒေသထွက်ဖရဲသီးထက် အရသာကောင်းမွန်သဖြင့် လူကြိုက်များပြီး ရောင်းအားကောင်းကြောင်း သိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့သို့ ယိုးဒယားစပျစ်သီးများဝင်ရောက်လာ

          တောင်ငူမြို့သို့ ယိုးဒယားစပျစ်သီးများ မြဝတီဘက်မှ တစ်ဆင့် အများဆုံးဝင်ရောက်လာ ပါသည်။ တစ်ပိဿာလျှင် ၁၆၀၀၀ ကျပ်ဖြင့် ရောင်းချလျှက်ရှိပြီး လူကြိုက်များ၍ ရောင်းအား ကောင်းကြောင်း သိရပါသည်။

            အချိုပွဲအဖြစ် စားသုံးပြီး လက်ဆောင်ပေးလျှင်လည်း သင့်တော်သည့် အသီးတစ်မျိုးဖြစ် ပါသည်။ ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပါသည်။

       စပျစ်သီးအစေ့သည် ဆီးချိုရောဂါကြောင့်ဖြစ်သော အမြင်အာရုံပြဿနာကို ကာကွယ် ပေးပါသည်။ စပျစ်ဝိုင်ကြိုက်သူများအတွက် အရောင်ရင့်ရင့်ကို ရွေးချယ်သောက်သုံးခြင်းဖြင့် သွေးကျဲစေနိုင်ကြောင်း၊ အမျိုးသမီးများ အသက်အရွယ်ကြီးရင့်လာလျှင် စပျစ်ဝိုင်ကို သောက်သုံးသင့်ကြောင်း သိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့နယ် ငါးဖယ်အင်းကျေးရွာအုပ်စုတွင် မိုးစပါးများရိတ်သိမ်း

          တောင်ငူမြို့နယ် ငါးဖယ်အင်းကျေးရွာအုပ်စုတွင် တောင်သူလယ်သမားများ မိုးစပါးများ ကို ရိတ်သိမ်းနေပြီဖြစ်ပါသည်။ ဗျော့ထွန်းစပါးနှင့် နှံကောက်စပါးများကို စိုက်ပျိုးကြပါသည်။ စပါး ရိတ်သိမ်းချွေလှေ့ခမှာ ယခင်နှစ်က တစ်ဧကလျှင် ၈၀၀၀၀ ကျပ်ရှိခဲ့ရာမှ ယခုနှစ်တွင် ရိတ်သိမ်း ချွေလှေ့ခ တစ်ဧကလျှင် ၁၂၀၀၀၀ ကျပ် ရှိပါသည်။

              စပါးများကို စပါးပွဲစားများက လယ်ကွင်းထဲအရောက်လာယူကြရာ ဈေးနှုန်းအနေဖြင့် ဗျော့ထွန်းစပါး တင်း ၁၀၀ လျှင် ၁၇၀၀၀၀၀ ကျပ်နှင့် နှံကောက်စပါး တင်း ၁၀၀ လျှင် ၁၅၈၀၀၀၀ ကျပ် ရှိပါသည်။

          ယခင်နှစ်များတွင် အချို့တောင်သူများက စက်ရုံများသို့ အရောက်တင်ပို့၍ ရောင်းချကြ သော်လည်း ယခုနှစ်တွင် စပါးရိတ်သိမ်းချိန်အထိ မိုးများရွာသွန်းနေသဖြင့် စပါးများ ပျက်စီးဆုံးရှုံးမှု မရှိစေရေးကို ဂရုပြုရသဖြင့် တောင်သူများအနေဖြင့် လယ်ကွင်းထဲအရောက် လာရောက်ရောင်းချ သည့် ပွဲစားများသို့ ရောင်းချကြကြောင်း သိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း