Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကုန်စည်ပုံမှန်စီးဆင်းမှုမှ ကုန်ဈေးနှုန်းတည်ငြိမ်ရေး

      ယနေ့မျက်မှောက်အခြေအနေအရ အခြေခံစားကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ကုန်စည် စိုက်ပျိုး ထုတ်လုပ်ရာဒေသမှကုန်စည်ကို စားသုံးရာဒေသသို့ ပုံမှန်စီးဆင်းတင်ပို့ နိုင်ရေးသည် စားသုံးသူတို့အတွက် အဓိကအချက်ဖြစ်ပေသည်။

    သီးနှံအမျိုးအစားအလိုက် ထုတ်လုပ်မှု့ကုန်ကျစရိတ်လျှော့ချနိုင်ရေးသည်လည်း အကြောင်းအချက်တစ်ခုဖြစ်သလို မမျှော်မှန်းနိုင်သည့် သဘာဝဘေးဒဏ်များကို ကြံ့ခိုင်စွာဖြင့် ရင်ဆိုင် ကျော်လွှား ရပေမည်။ယနေ့လက်လီဈေးကွက်တွင် အာလူးအလတ်စ ၉၀၀၀ကျပ် ခရမ်းချဉ်၉၀၀၀ ကျပ်ဈေး ပေါက်နေပြီး ကျန်ကုန်စိမ်းသီးနှံ ဂေါ်ဖီ၊ပန်းမုန်လာ၊မုန်ညှင်းသီးနှံများသည်လည်း ဈေးနှုန်းမြင့်မားနေဆဲ ဖြစ်ပေသည်။

     ဈေးနှုန်းဈေးကွက်ကို လေ့လာဆန်းစစ်သောအခါ ဥပမာ ခရမ်းချဉ်ဆိုလျှင်ရာသီဥတု ရေဘေး ဒဏ်မခံရမှီတွင် ခရမ်းချဥ်ရင့်မှည့်ခူးဆွတ်ချန်ဖြစ်၍ ကုန်စည်အဝင်များ၍ ဈေးနှုန်းမှာ တစ်ပိဿာ ၃၀၀ကျပ်၊၅၀၀ကျပ်နှင့် အမြင့်ဆုံး၇၀၀ကျပ်ခန့်သာ ဈေးပေါက်ရာ စိုက်ပျိုးတောင်သူများတစ်ကြိမ်ခန့် ခူးဆွတ်ပြီး အပင်ပြုစုပျိုးထောင်မှု အားနည်းခဲ့ပါသည်။ရေဘေးနှင့်အတူမိုးအဆက်မပြတ်ရွာသွန်းသဖြင့် အပင်များပျက်စီး၍ အထွက်ကုန်လျော့နည်းရပေသည်။ ထို့ကြောင့်ကုန်စည်ရှားပါးလာပြီး ဈေးကွက်လိုအပ်ချက်မပြည့်မီတော့သဖြင့် ပုံမှန်စီးဆင်းမှုမပြုနိုင်တော့ပဲ ဈေးနှုန်းဈေးကွက် အတက်အကျများဖြင့် လှုပ်ခတ်ခဲ့ရပေသည်။ထို့အပြင်ဈေးကွက်တွင်းရှိ ပုံမှန်လည်ပတ်လျက်ရှိသည့် ကျင်သီးနှင့် ပွဲရုံလက်ကျန် ခရမ်းချဉ်ပိဿာ ၅သိန်းခန့်ရေမျောပျက်စီးခဲ့သဖြင့် ဈေးကွက်တွင် ကုန်စည်ဖြတ်၍  အသစ်ပြန်စရသော ဈေးကွက်ဖြစ်ခဲ့ပေသည်။

          အခြားကုန်စိမ်းသီးနှံများသည်လည်း ထို့အတူစိုက်ပျိုးတောင်သူများအနေဖြင့် ထုတ်လုပ်မှု စရိတ်လျော့နည်းရန် နည်းစနစ်များ ၊မိမိစိုက်ပျိုးသည့် သီးနှံ၏ မိမိဒေသထွက်စိုက်ပျိုးထွက်ရှိချိန် ၊ဈေးနှုန်းဈေးကွက်အခြေအနေနှင့် မမျှော်မှန်းနိုင်သည့် အခက်အခဲအတားအဆီးများကို သတင်းအချက်အလက်တည်းဟူသော ဈေးကွက်ဆိုင်ရာ ဗဟုသုတများဖြင့် မိမိအကျိုးစီးပွားကို တိုးတက် အောင်ကြံဆောင်သင့်ကြောင်း တိုက်တွန်းရေးသားအပ်ပါသည်။

DOCA(ရှမ်း)

 

 

 

ရှမ်းတောင်‌ဒေသထွက် ကုန်စိမ်းသီးနှံဈေးကွက်သုံးသပ်ချက်

     ၂၀၂၄ခုနှစ် ၊နိုဝင်ဘာ ဒုတိယပတ်တွင် ရှမ်းတောင်ကုန်စိမ်းသီးနှံများတွင် သီးနှံအမျိုးအစားအလိုက် ကုန်စည်ဝင်‌ရောက်မှု့မတူညီသလို ဈေးနှုန်းဈေးကွက် အတက်အကျကြမ်းသည့်ကာလ တစ်ခုပေသည်။

    ရှမ်းတောင်ခရမ်းချဉ်မှာ ဈေးနှုန်းအလှုပ်ခတ်ဆုံးသီးနှံဖြစ်သည်။ဈေးကုန်ဝင်များ၍ ဈေးကျလျှင်လည်း ၅၀၀ကျပ် ၆၀၀ကျပ်ဝန်းကျင်မှ ယခုကုန်စည်ဝင်ရောက်မှုနည်းချိန် အမြင့်ဈေး ရှယ်သီး ၆၈၀၀ကျပ်၊ ရှယ်သီး ၆၅၀၀ကျပ်နှင့် အသေးဆိုဒ်၆၀၀၀ကျပ်ဖြင့်ရောင်းဝယ်နေကြပါသည်။ ကုန်စည်ရှားပါးသဖြင့် ရှမ်းတောင်ဒေသဈေးကွက်တွင် တင်ပို့ရောင်းချကြရာ တစ်ပိဿာ ၈၀၀၀ ကျပ်နှင့် ၈၅၀၀ကျပ်ဈေး‌ပေါက်နေရာ ကုန်သည်ဈေးကွက်သို့ ကုန်စည်ဝင်ရောက်မှုနည်းပါးရခြင်း ဖြစ်ပေသည်။ပွင့်လင်းရာသီ အောက်မြန်မာပြည် ခရမ်းချဉ်ထွက်ပေါ်လျှင် ဈေးပြန်ကျလာနိုင်ကြောင်း ကုန်သည်ဈေးကွက်မှ သိရှိရပါသည်။

     ကျန်ကုန်စိမ်းသီးနှံများတွင် ဂေါ်ဖီမကျပဲ ၂၇၀၀/၃၀၀၀ကျပ် ၊ပန်းပွင့် ၃၀၀၀ကျပ်ဈေးပေါက်နေ ပါသည်။မုံညင်းများ ၄၀၀၀ကျပ်၊ ဘိုစားပဲမှာ ဈေးကျလာပြီး ရှယ်၂၀၀၀နှင့် အလတ်စ ၁၈၀၀၊ ရွှေပဲ ၁၃၀၀၀ကျပ်၊ ခရမ်းသီး ၃၅၀၀ကျပ်၊ ငရုတ်ပွ ၉၀၀၀ကျပ်မှ ၁၁၀၀၀ဈေးမာနေဆဲ ဖြစ်ပါသည်။

      ကုန်စိမ်းသီးနှံဈေးကွက်၏ သဘောသဘာဝအရ ကုန်စည်အဝင်းနည်း၍ ဈေးကွက်လိုအပ်ချက်ရှိသည့်အချိန်အခါ သီးနှံရာသီချိန် ကုန်ဆုံးခါနီးကုန်ဝင်ပါးချိန်နှင့် ရှမ်းတောင်ဒေသ၏ ပွဲတော်ရာသီများတွင် တောင်သူတို့၏ဓလေ့အရ လုပ်ငန်းခွင်နှင့် အ‌ရောင်းအဝယ်ပါးတတ်သည့် သဘောကြောင့် ဈေးကွက်လိုအပ်ချက်ပြည့်မှီနိုင်မှုနည်းပါးနိုင်သေးကြောင်း လေ့လာတင်ပြအပ် ပါသည်။

DOCA(ရှမ်း)

 

ရှမ်းတောင်ကြက်သွန်ဖြူနှင့် နနွင်းဈေးကွက်သုံးသပ်ချက်

    ရှမ်းတောင်ကြက်သွန်ဖြူမှာလည်း တရုတ်ကြက်သွန်ဖြူ ကြူကုတ်သည် ဈေးကွက် လိုအပ်ချက်အရ ဝင်‌ရောက်လာပြီး တစ်ပိဿာ ၂၀၀၀၀ဈေးနှုန်းဖြင့် ဈေးကွက်တွင် ရောင်းဝယ်နေပါသည်။ ရှမ်းတောင်ကြက်သွန်ဖြူမှာလည်း ဈေးနှုန်းမြင့်တက်လာပြီး ထူး ၁၁၅၀၀၊ထူး ၁၂၅၀၀ ကျပ်၊ထူး၁၃၅၀၀ ၊ထူး ၁၅၅၀၀၊ထူးလွန်၁၆၅၀၀ကျပ်ဖြင့် ဈေးပေါက်နေပါသည်။ ရှမ်းတောင် ကြက်သွန်ဖြူသည် ပွဲရုံများတွင် အဝင်နည်းပါးနေပြီး ကုန်စည်လက်ကျန်လည်းပါးနေသဖြင့် ဈေးကွက်ဈေးနှုန်းမြင့်တက်နေဦးမည်ဖြစ်ကြောင်း ကုန်သည်လုပ်ငန်းရှင်များထံမှသိရပါသည်။

      နနွင်းသီးနှံမှာလည်း ပြည်ပဝယ်လက်ပါးလာသော်လည်း ကုန်စည်ရောက်မှုနည်းပါးလာသဖြင့် ပြည်ထွက်ဈေးကွက်အတွက်ပင် လိုအပ်ချက်ရှိလာနိုင်သဖြင့် အရည်အသွေးကောင်းသည့် တောင်ပို့လ ရှယ်တစ်ပိဿာ လျှင်၁၃၅၀၀၀နှင့်တောင်ပို့လ (လတ်)တစ်ပိဿာလျှင် ၁၃၀၀၀ဈေးပေါက်နေပြီး ဆင်တောင်ရှယ် ၁၂၀၀၀၊ဆင်တောင်လတ် ၁၁၀၀၀နှင့်အညံ့စရောရာ၁၀၀၀၀ဖြင့်ရောင်းဝယ်နေကြောင်းနှင့် ဈေးနှုန်းဈေးကွက်လိုအပ်ချက်အရ နနွင်းဈေးအနေဖြင့် ဈေးတန့်နေဦးမည် ဖြစ်ကြောင်း လေ့လာသုံးသပ်တင်ပြအပ်သည်။

DOCA(ရှမ်း)

 

ရှမ်းတောင်ဒေသထွက် အာလူးနှင့်သီးနှံဈေးကွက်သုံးသပ်ချက်

၂၀၂၄ခုနှစ် နိုဝင်ဘာလဆန်းပိုင်းတွင် အာလူးသီးနှံကုန်စည်ဝင်‌ရောက်မှု နည်းပါးနေဆဲဖြစ်ပါသည်။ အားလူးကြော်ဈေးကွက်အကိုက် အကြီးဆိုဒ်များဖြစ်သည့် မားကစ်     S1  S2 ဆိုဒ်များ မျက်နီ S1  S2 ကုန်ဝင်မရှိသလောက်ဖြစ်နေပြီး ဝင်လာသောအကြီးဆိုဒ်များသည်လည်း ဈေးကွက်တွင် ရောက်မလာဘဲ အကြော်လုပ်ငန်းရှင်များနှင့်တိုက်ရိုက်ချိတ်ဆက်ထားသော ပွဲရုံဂိုထောင်များမှတဆင့် တိုက်ရိုက် တင်ပို့ခြင်းကြောင့် ဈေးနှုန်း ၈၅၀၀ပေါက်သော်လည်း ကုန်စည်သည်ဈေးကွက်တွင် ပြတ်လပ်နေပါသည်။

          ဒေသသုံးအလတ်ဆိုဒ်များဖြစ်သည့် S1 OK ၇၀၀၀၊ OK ၆၈၀၀A1 ၅၅၀၀နှင့် A1ဆွဲ၅၂၀၀ဈေး ပေါက်နေပြီး ဂေါ်လီဆိုဒ်မှ၂၅၀၀/၃၀၀၀ဖြင့် ဈေးကွက်တွင်ဖြန့်ဖြူးရောင်းဝယ်နေကြောင်း ပွဲရုံလုပ်ငန်းရှင်များထံမှ သိရှိရပါသည်။ကုန်စည်လက်ကျန်ရှိသော တောင်သူများကလည်း ပွဲရုံသို့မပို့ဘဲ ဈေးနှုန်းပိုရသော ဒေသဈေးကွက်သို့ ဖြန့်ဖြူးရောင်းချနေကြသဖြင့် အသေးဆိုဒ် အလတ်ဆိုဒ်များ ဈေးနှုန်းပိုမိုလာပါသည်။ပွင့်လင်းရာသီ ကုန်ထုတ်လမ်းများကောင်းလာပြီး အာလူးပေါ်ချိန်တွင် ဈေးပြန်ကျလာနိုင်ကြောင်း လေ့လာသုံးသပ်တင်ပြအပ်ပါသည်။

DOCA(ရှမ်း)

၂၀၂၄ခုနှစ် နိုဝင်ဘာလ စတုတ္ထပတ်၏ သီးနှံဈေးနှုန်း၊ ဈေးကွက်နှင့် စီးဆင်းမှုအခြေအနေ

      ရှမ်းပြည်နယ်(တောင်ပိုင်း)အောင်ပန်းဒေသတွင် ယခုတစ်ပတ်ပြောင်းသီးနှံမှာ အမြင့်ဈေး (၁၆၀၀)ကျပ်ဖြင့် ‌ဈေးကောင်းရနေပြီး ပြောင်းအသစ်များ ဈေးကွက်အဝင်များသဖြင့် စီးဆင်းမှုမှာ ကောင်းနေပါသည်။ကြက်သွန်ဖြူသီးနှံမှာ တစ်ပိဿာလျှင် ထူး ၁-၁၁၅၀၀ကျပ်၊ ထူး ၂-၁၂၅၀၀ကျပ်၊ ထူး ၃-၁၃၅၀၀ကျပ်၊ ထူး ၄-၁၄၅၀၀ကျပ်၊ ထူး ၅-၁၅၀၀၀ကျပ်၊ ထူးလွန်-၁၆၀၀၀ကျပ် နှင့် ဥတစ်လုံး ဆိုဒ်မှာ ၂၅၀၀၀ကျပ် ဈေးရှိနေကြပြီး တောင်သူလက်ကျန်နည်းသော်လည်း ပွဲစားငယ်များထံမှ ဈေး ကွက်အဝင်ရှိသဖြင့် ဈေးနှုန်းမှာထူးခြားစွာပြောင်းလဲမှုမရှိဘဲ အမြင့်ဈေးဖြင့်သာငြိမ်နေပြီး စီးဆင်းမှု မှာအနည်းငယ်မျှ ပိုလာပါသည်။

     အာလူးသီးနှံမှာ တစ်ပိဿာလျှင် မျက်နီ  S2-၈၅၀၀ကျပ်၊   S1-၈၀၀၀ကျပ်၊   OK-၆၈၀၀ကျပ်၊ ဆွဲသီး- ၅၂၀၀ကျပ် နှင့် ဂေါ်လီဆိုဒ်မှာ ၂၅၀၀ကျပ် ဈေးရှိနေကြပြီး   OKမျက်နီ၊ ဆွဲသီး နှင့် ဂေါ်လီဆိုဒ် များသာ အဝင်ရှိသော်လည်း ဝယ်လက်များနေသဖြင့် ဈေးကောင်းနေပြီး စီးဆင်းမှုမှာ အနည်းငယ် ပိုလာပါသည်။

     ချင်းသီးနှံမှာ တစ်ပိဿာလျှင် ချင်းအခက်ကြီးမှာ(၄၅၀၀) ကျပ်၊ ထိုးချင်း (ခေါ်) ချင်းအပယ် မှာ (၂၅၀၀)ကျပ်နှင့် ချင်းဥမမြေနီအလတ်စမှာ (၃၀၀၀)ကျပ် မှ (၃၅၀၀)ကျပ်ထိဈေးရှိနေကြပြီး ပြည်တွင်းဈေးကွက်သာရှိသော်လည်း အဝယ်များသဖြင့် စီးဆင်းမှုမှာ ကောင်းနေပါသည်။

      ကုန်စိမ်းသီးနှံများတွင် ဂေါ်ဖီ ၃၀၀၀-၃၂၀၀ကျပ်၊ ပန်းမုံလာ ၂၈၀၀-၃၅၀၀ကျပ်၊ ရွှေပဲ ၇၀၀၀- ၈၀၀၀ကျပ်၊ မုန်ညှင်း ၂၅၀၀-၃၀၀၀ကျပ်၊ ခရမ်းချဉ်ဂွတ်ရှယ်သီး ၆၀၀၀ကျပ်၊ ဘိုစား ၁၆၀၀-၂၀၀၀ ကျပ်၊ မုန်လာဥနီ ၂၅၀၀-၃၃၀၀ကျပ်၊ ဖရုံသီး ၁၆၀၀-၁၈၀၀ကျပ်၊ ငြုပ်ပွ ၉၀၀၀-၁၀၀၀၀ကျပ်၊ ခရမ်းသီး ၃၃၀၀-၃၅၀၀ကျပ်ဖြင့် အသီးသီးဈေးပေါက်နေကြပြီး ပန်းမုံလာသီးနှံမှာ ရေနစ်ပျက်စီးမှုများကြောင့် အထွက်နှုန်းထက်ဝက်ခန့်လျော့ကျသဖြင့် ပန်းမုံလာ(ရှယ်)ကြီးမှာ ဈေးကွက်အဝင်မရှိဘဲ အသေးမှာ လည်းဈေးကောင်းရလျက်ရှိပါသည်။ခရမ်းချဉ်၊ မုန်ညှင်း၊ ရွှေပဲ နှင့် ဘိုစားသီးနှံတို့မှာ အဝင်များသဖြင့် ဈေးကျဆင်းသွားပြီး ကျန်ကုန်စိမ်းသီးနှံများမှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိကာ ဈေးကွက်လိုအပ်ချက် အရ ဈေးနှုန်းအတက်အကျရှိသော်လည်း စီးဆင်းမှုမှာ ယခင်အပတ်ထက် ပိုလာကြောင်း လေ့လာသိရှိရပါသည်။

DOCA(ရှမ်း)

ဘားအံမြို့ဒေသထွက် ဘူးသီးဈေးနှုန်း

      ကရင်ပြည်နယ်၊ ဘားအံမြို့၏ ဈေးကွက်တွင် ဘူးသီးများ ဈေးနှုန်းအနည်းငယ်ကျလျက် ရှိကြောင်း သိရပါသည်။ ဘူးသီးကိုဘားအံမြို့အနီး တဝိုက်ကျေးရွာများတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်း စိုက်ပျိုးကြပါသည်။ ဘူးသီးကို ဟင်းနှင့်ဟင်းချိုအဖြစ် ချက်ပြုတ်စားကြသလို အကြော်ဆိုင်များတွင် အကြော်ကြော်၍ ရောင်းချကြသောကြောင့် ဝယ်ယူမှု များပြီး စိုက်ပျိုးတောင်သူအတွက် အပိုဝင်ငွေတိုးစေပါသည်။ ဘူးသီးကို အလုံးအရွယ်အစားအလိုက် ဈေးနှုန်းခွဲခြား ရောင်းချကြသည်။ ဘူးသီးအလုံးကြီးဈေးနှုန်း တစ်လုံးလျှင် (၃၅၀၀)ကျပ်၊ ဘူးသီး အလုံးသေးဈေးနှုန်း တစ်လုံးလျှင် (၂၅၀၀)ကျပ်တို့ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း  သိရှိရပါသည်။

DOCA(ကရင်)

 

ဘားအံမြို့ဒေသထွက် ကြက်ဟင်းခါးသီးဈေးနှုန်းအခြေအနေ

      ၂၀၂၄ ခုနှစ်၊ မိုးရာသီတွင် ကရင်ပြည်နယ်၊ ဘားအံမြို့ဒေသထွက် ကြက်ဟင်းခါးသီးဈေးနှုန်း အနည်းငယ်တက်လျက်ရှိကြောင်းနှင့် ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။       

     ဈေးနှုန်းအနေဖြင့် ကြက်ဟင်းခါးသီး အတောင့်ရှည် ဈေးနှုန်း တစ်ပိဿာလျှင် (၄၅၀၀)ကျပ်၊ ကြက်ဟင်းခါးသီး အတောင့်သေးဈေးနှုန်း တစ်ပိဿာလျှင် (၃၅၀၀) ကျပ်ဖြင့် လည်းကောင်းအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

    ကရင်ပြည်နယ်ဒေသအတွင်း ကြက်ဟင်းခါးသီးဈေးနှုန်း ယခုလို အနည်းငယ်ကျနေရခြင်းမှာ ဒေသတွင်စိုက်ခင်းမှသီးနှံများ လှိုင်လှိုင်ထွက်ရှိလာခြင်းတို့ကြောင့်ဖြစ်ကြောင်း သိရသည်။

DOCA(ကရင်)

ဘားအံမြို့ဒေသထွက် ခရမ်းချဉ်သီးဈေးနှုန်းအခြေအနေ

      ၂၀၂၄ ခုနှစ်၊ ဆောင်းရာသီတွင် ကရင်ပြည်နယ်ဒေသထွက် ခရမ်းချဉ်သီးကို ဘားအံမြို့ အနီးတစ်ဝိုက်ရှိကျေးရွာများရှိ ဒေသခံတောင်သူများက စီးပွားဖြစ်စိုက်ပျိုးကြတလို အပိုဝင်ငွေရရှိရန် အတွက်လည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပြီး  ဘားအံမြို့ပေါ်ဈေးသို့ လာရောက်ရောင်းချကြကြောင်း သိရသည်။

     ဈေးနှုန်းအနေဖြင့် ယခင်အပတ်က ခရမ်းချဉ်သီးဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်၊ ယခုအခါ ခရမ်းချဉ်သီးဈေးနှုန်းမှာ တစ်ပိဿာလျှင်(၄၀၀၀/၅၀၀၀)ကျပ်နှုန်းတို့ဖြစ် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း  သိရပါသည်။

       ကရင်ပြည်နယ်ဒေသအတွင်း ဖြစ်ပေါ်နေသော နိုဝင်ဘာတတိယပတ်နှင့်နိုဝင်ဘာပဥ္စမပတ် ဈေးနှုန်း နှိုင်းယှဉ်ခြင်းအားဖြင့် ဒေသတွင်စိုက်ခင်းများမှသီးနှံများ လှိုင်လှိုင်ထွက်ရှိလာပြီးဖြစ်၍ ခရမ်းချဉ်သီးဈေးနှုန်း အနည်းငယ်ကျနေကြောင်း သိရပါသည်။

DOCA(ကရင်)

နတ်တလင်းမြို့နယ်တွင်ပန်းဂေါ်ဖီစိုက်ပျိုးထွက်ရှိမှုနှင့် ဈေးနှုန်းဈေးကွက်

             နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ ကျောင်းကြီးကျေးရွာ၊ အုတ်တွင်းကုန်းကျေးရွာ၊ သရက်တပင်ကျေးရွာ၊ ဝဲကြီးကျေးရွာနှင့် အခြားကျေးရွာများတွင် ပန်းဂေါ်ဖီများကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပါသည်။

             ပန်းဂေါ်ဖီစိုက်ပျိူးရန် ပျိုးပင်တစ်ပင်ကို(၇၀)ကျပ်နှုန်းဖြင့် (၀.၂၅)ဧက ပျိုးပင်(၃၅၀၀) ခန့်စိုက် ပျိုးရပါသည်။ မြေကျင်းကလေးများတူးပြီး ပျိုးပင်တစ်ပင်ကို ပင်ခြားတန်းခြား နှစ်ပေခွဲထား၍ စိုက်ပျိုးကြပါသည်။ ပန်းဂေါ်ဖီကို စက်တင်ဘာနောက်ဆုံးပတ်မှစတင်စိုက်ပျိုးပြီး တစ်လခွဲခန့်အကြာတွင် စတင်ခုတ်ယူရောင်းချပါသည်။ ပန်းဂေါ်ဖီ(၀.၂၅)ဧက စိုက်ပျိုးရာတွင် ကုန်ကျစရိတ်အနေဖြင့် ပျိုးပင်၊ ထွန်ယက်ခ၊ စိုက်ပျိုးခ၊ ရေသွင်းခ၊  ပေါင်းမြတ်ရှင်းခ၊ ဓာတ်မြေဩဇာ ပိုးသတ်ဆေးအပါအဝင် စုစုပေါင်း(၇၀၀၀၀၀)  ကျပ်ကုန်ကျပါကြောင်း အထွက်နှုန်းမှာ  အပွင့်ရေ (၃၂၀၀)ခန့်ထွက်ရှိပြီး ယခုအောက်တိုဘာလတတိပတ်တွင် ပန်ဂေါ်ဖီတစ်ပွင့်လျှင် အရွယ်အစားကိုလိုက်၍ (၉၀၀-၇၀၀-၅၀၀) ကျပ်နှုန်းဖြင့် ရောင်းချရပြီး ဒေသအတွင်းသာမက ကုန်စိမ်းဒိုင်များမှတဆင့် အခြားမြို့နယ်များသို့ပါ တင်ပို့ရောင်းချလျက်ရှိပါကြောင်း  ပန်းဂေါ်ဖီစိုက် တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(ပဲခူး)                          

မိုးမြေပဲ ထွက်ရှိမှု နှင့် အကျိုးအမြတ်

   ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် စပါး၊ပဲ၊ပြောင်းနှင့် ဆီထွက်သီးနှံများ အဓိကထားစိုက်ပျိုးလျက်ရှိပြီး ဆီထွက်သီးနှံများအနက်  မိုးမြေပဲသီးနှံကို ပန်းတောကြီး ကျေးရွာအုပ်စု၊ မြို့ကုန်းကျေးရွာရှိ တောင်သူများသည် မိုးမြေပဲကို တစ်နိုင်တစ်ပိုင် ထည့်သွင်း စိုက်ပျိုးလေ့ရှိကြပါသည်။ တောင်သူတစ်ဦးလျှင် ( ၅ ဧက)နှုန်းဖြင့် အနည်ဆုံး (၁၀)ဦးခန့် စိုက်ပျိုးကြောင်း သိရှိရပါသည်။  ဒေသတွင်းထွက်ရှိသော မြေပဲများကို စားသောက်ကုန်လုပ်ငန်း၊ ရိုးရာမုန့်လုပ်ငန်းများတွင် အသုံးပြုလျက်ရှိပြီး၊ မြေပဲကို ကြိတ်ခွဲ၍ မြေပဲဆီအဖြစ်လည်း ထုတ်လုပ် ရောင်းချလျက်ရှိရာ ဒေသအတွင်း မြေပဲများ ပုံမှန်အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။

   ယခုအခါ ဒေသတွင်း မိုးမြေပဲများထွက်ရှိပြီဖြစ်ရာ တစ်ဧကလျှင် အထွက်နှုန်းအနေဖြင့် (၄၉ တင်းမှ ၅၀ တင်း)ကြားထွက်ရှိပြီး၊ မြေပဲအရည်အသွေးအပေါ် မူတည်၍ ‌မြေပဲတောင့်တစ်တင်းလျှင် (၃၀၀၀၀/- ကျပ်)၊ မြေပဲဆံ ၁၄ ပိဿာဝင် တစ်တင်းလျှင် (၉၈၀၀၀/- ကျပ်)၊ မြေပဲဆီ တစ်ပိဿာလျှင် (၁၅၅၀၀/- ကျပ်)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ မိုးမြေပဲစိုက်ပျိုးရာတွင် ကုန်ကျစရိတ် သက်သာပြီး အကျိုးအမြတ်များ ရရှိသည့်အပြင် ပြည်တွင်းစားသုံးဆီ ဖူလုံရုံသာမက မြေပဲပင်မှ ထွက်ရှိသော မြေပဲရိုးနှင့် မြေပဲမှော်များကိုလည်း ကျွဲ၊ နွား အစာအဖြစ် အသုံးပြုရသောကြောင့် မြေပဲစိုက်တောင်သူများ တွက်ချေကိုက်သည့် သီးနှံတစ်မျိုးဖြစ်ကြောင်း သိရှိရပါသည်။  

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း