Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မြို့ကြီး(၄)မြို့၏ အခြေခံစားကုန်၊ ပြည်ပပို့ကုန်၊ စက်သုံးဆီ နှင့် ရွှေ ဈေးနှုန်းများ

     နေပြည်တော်၊ ရန်ကုန်၊ မန္တလေး နှင့် ပုသိမ်မြို့ကြီးများ၏ အခြေခံစားကုန်(လက်လီ)၊ ပြည်ပပို့ကုန်၊ စက်သုံးဆီ နှင့် ရွှေဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယနေ့ ကာလတူ နှိုင်းယှဉ်၍ ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၉.၈.၂၀၂၃ )

    ၁၉.၈.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

    တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

    တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၈.၈.၂၀၂၃ )

     ၁၈.၈.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

မုံရွာမြို့၊ သီရိရတနာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ အခြေအနေ

     မုံရွာမြို့ သီရိရတနာစျေးရှိ သစ်သီးဝလံများမှာ ရှမ်းပြည်နယ်၊ တောင်ကြီး၊ မြစ်ကြီးနား၊ သီပေါ၊  စစ်ကိုင်း၊ ပြင်ဦးလွင်နှင့် ဒေသတွင်းတို့မှ အသီးသီးဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။

     ယခုဩဂုတ်လ တတိယအပတ်တွင် ရွှေလိမ္မော်(၁)ပိဿာလျှင် ကျပ်(၇၀၀၀မှ ၈၀၀၀)ကြား၊ ပျားလိမ္မော်(၁)ပိဿာလျှင် ကျပ်(၇၀၀၀မှ ၉၀၀၀)ကြား၊ လိမ္မော်(ရိုးရိုး) (၁)ပိဿာလျှင် ကျပ်(၅၀၀၀မှ ၇၀၀၀) ကြား၊ စတော်ဘယ်ရီ (၁)ပိဿာလျှင် ကျပ်(၇၅၀၀မှ ၈၅၀၀)ကြား၊  ပန်းသစ်တော် (၁)လုံးလျှင် ကျပ်(၁၀၀၀မှ ၁၅၀၀)ကြား၊ ပန်းသီး (၁)လုံးလျှင် ကျပ်(၇၀၀မှ ၁၅၀၀)ကြား၊ ထောပတ်သီး (၁)လုံးလျှင် ကျပ်(၇၀၀ မှ ၁၅၀၀)ကြား၊ ကျွဲကောသီး (၁)လုံးလျှင် ကျပ်(၁၀၀၀မှ ၁၅၀၀)ကြား၊ တယ်သီး (၁)လုံးလျှင် ကျပ်(၈၀၀မှ ၁၀၀၀)ကြား၊ သခွားမွှေး (၁)လုံးလျှင် ကျပ်(၁၅၀၀မှ ၃၅၀၀)ကြား၊ ဖရဲသီး(ကြီး) (၁)လုံးလျှင် ကျပ်(၁၅၀၀မှ ၂၅၀၀)ကြား၊ ဖရဲသီး(သေး) (၁)လုံးလျှင် ကျပ်(၁၀၀၀မှ ၁၅၀၀)ကြား၊ နာနတ်သီး (၁)လုံးလျှင် ကျပ်(၇၀၀မှ ၁၅၀၀)ကြား၊ နှင်းသီး(၁)ပိဿာလျှင် ကျပ်(၅၀၀၀မှ ၇၀၀၀)ကြား၊ နဂါးမောက်သီး (၁)လုံးလျှင် ကျပ်(၈၀၀မှ ၁၅၀၀)ကြား၊ မင်းဂွတ်သီး (၁)လုံးလျှင် ကျပ်(၁၅၀မှ ၃၀၀)ကြား၊ ငှက်ပျောသီး ဖီးကြမ်း တစ်ဖီးလျှင် (၁၀၀၀)ကျပ်၊ ငှက်ပျောသီးမွှေး တစ်ဖီးလျှင် ကျပ်(၁၅၀၀မှ ၂၀၀၀)ကြား၊ စပျစ်သီး (၁)ပိဿာလျှင် ကျပ်(၈၀၀၀မှ ၁၂၀၀၀)ကြား ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးတွင် ဖြစ်ပေါ်လျက်ရှိသော ရေထွက်ကုန်ပစ္စည်းဈေးနှုန်းဈေးကွက်

      မုံရွာမြို့၊ ချင်းတွင်းရတနာစျေး၌  ရောင်းချနေသော ပုစွန်ခြောက်၊ ငါးခြောက်များမှာ ရန်ကုန်၊ မန္တလေး၊ ရခိုင်ပြည်နယ်ဘက်မှ ဝင်ရောက်ကြောင်းသိရပါသည်။ ပုစွန်၊ ငါးခြောက်စျေးနှုန်းများမှာ ဝင်ရောက်သည့် ဒေသအ‌ပေါ်မူတည်၍လည်းကောင်း၊ အရည်အသွေးကိုလိုက်၍လည်းကောင်း ကွာခြားလျက်ရှိပါသည်။

      ယခုဩဂုတ်လ တတိယအပတ်တွင် ရောင်းချနေသော ဈေးနှုန်းများမှာ ပုစွန်ခြောက် (၁)ပိဿာလျှင် ကျပ်(၆၅၀၀၀)မှ ကျပ်(၈၅၀၀၀)၊ ငါးရံ့ခြောက် (၁)ပိဿာလျှင် ကျပ်(၅၅၀၀၀မှ ၈၀၀၀၀)၊ ငါးပုတ်လုံးခြောက် (၁)ပိဿာလျှင် ကျပ်(၁၆၀၀၀မှ ၁၈၅၀၀)၊  ငါးပုတ်သင် (၁)ပိဿာလျှင် ကျပ်(၁၅၀၀၀မှ ၁၈၀၀၀) ၊ အာပြဲခြောက် (၁)ပိဿာလျှင် ကျပ်(၁၅၀၀၀မှ ၂၂၀၀၀)၊ ငါးကျည်းခြောက် (၁)ပိဿာလျှင် ကျပ်(၃၅၀၀၀မှ ၄၅၀၀၀)၊ ငါးနီတူးခြောက် (၁)ပိဿာလျှင် ကျပ်(၁၂၀၀၀ မှ ၁၄၀၀၀)၊ ငါးဖန့်ဝိုင်း(ငါးပိကောင်) (၁)ပိဿာလျှင် ကျပ်(၁၅၀၀၀မှ ၁၇၅၀၀)ရှိကြောင်း ချင်းတွင်းရတနာဈေးတွင်ရောင်းချနေသော ငါးခြောက်ကုန်သည်များထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူ၊ ကျွန်းလှမြို့နယ်တို့တွင် ရာသီစာ မန်ကျည်းသီးစိမ်းများ အရောင်းအဝယ်ဖြစ်နေ

    စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူ၊ ကျွန်းလှမြို့နယ်တို့တွင် ဒေသထွက် ရာသီစာ မန်ကျည်းသီးစိမ်းများကို ဇူလိုင်လဝက်လောက်မှ စတင်ရောင်းချနေပီဖြစ်၍ ယခုအချိန်တွင် မန်ကျည်းသီးစိမ်းများ လှိုင်လှိုင်ပေါနေပြီဖြစ်ကာ မိသားစု တဖက်တလမ်းမှ ဝင်ငွေရရှိနေအောင် ခူးဆွတ်ရောင်းချနေကြပါသည်။

    မန်ကျည်းပင်သည် ရာသီဥတုပူသော နွေရာသီ၌ အေးမြသောအရိပ်ပေးနိုင်ပါသည်။ လူသားများ အတွက် မန်ကျည်းပင်သည် အရွက် ၊ အပွင့်၊ အသီးအနု၊ အသီးအရင့်၊ အသီးအမှည့်၊ ပင်စည်ကို စင်းနီတုန်း အဖြစ် ပြုလုပ်ရောင်းချခြင်းနှင့် အပင်မှ အခေါက်များပါမကျန် မန်ကျည်းတစ်ပင်လုံးနီးပါး အသုံးဝင်ပါသည်။ မန်ကျည်းပင်သည် နှစ်ရှည်ပင်ဖြစ်၍  သဘာဝအရ အလေ့ကျပေါက်ရောက်ပီး အရိပ်ရအပင်ဖြစ်ပါသည်။ ကျေးလက်တောရွာများတွင်မူ ခြံစည်းရိုအဖြစ် စိုက်ပျိုးကြပါသည်။

    ယခုအချိန်တွင် မိုးရာသီရောက်ရှိနေပြီး ဖြစ်သည့်အတွက် ရာသီစာဟင်းကြမ်းတစ်ခုအနေဖြင့် မန်ကျည်းသီးစိမ်းကို အထောင်းသက်သက်ပြုလုပ်၍လည်းကောင်း၊ ပုစွန်ဆိတ်ဖြင့်ကြော်၍လည်းကောင်း၊ မန်ကျည်းသီးစိမ်းငပိချက်ချက်၍လည်းကောင်း၊ မန်ကျည်းသီးစိမ်းနဲ့မျှစ်တို့ကြော်၍လည်းကောင်း အရန် ဟင်းတစ်ခွက်အဖြစ် စားသောက်ကြပါသည်။ မန်ကျည်းသီးစိမ်းဟာဆိုလျှင် ဗီတာမင်ဓါတ်များ ပါဝင်မှုများသလို သံဓါတ်၊ အမျှင်ဓါတ်၊ ပိုတက်စီယမ်ဓါတ် စသည့်အဟာရဓါတ်များ ပါဝင်သည်။ ခန္တာကိုယ်အလေး ချိန်ကိုလျော့ချပေးသလို သွေတွင်းအချိုဓါတ်များကိုလည်း ထိန်းညှိပေးပါသည်။ မန်ကျည်းသီးစိမ်းကို သံဓါတ်ချို့တဲ့သူများ၊ ဆီးချိုရောဂါရှိသူများ ပိုမိုစားသုံးသင့်ပြီး ရင်ကြပ်ရောဂါရှိသူများအနေနဲ့ အများကြီး မစားသုံးသင့်ကြောင်း ဆေးပညာစာအုပ်များတွင် တွေ့ရှိရပါသည်။

     မန်ကျည်းသီးစိမ်းများကို ဇူလိုင်လဝက်လောက်တွင် စတင်ခူးဆွတ် ရောင်းချရပြီး ရေနွေးကြမ်း ပန်းကန်တစ်လုံးစာ တစ်ပုံလျှင်(၅၀၀)ကျပ်ခန့် ရောင်းချရပြီး ယခုဩဂုတ်လ တတိယပတ်၌ လှိုင်လှိုင် ပေါလာပြီဖြစ်၍ နို့ဆီတစ်ဘူးစာလျှင်(၅၀၀)ကျပ် ၊ တစ်ပြည်လျှင် (၃၅၀၀)ကျပ်ဈေးနှုန်းဖြင့် ဈေးအနည်းငယ်လျော့နည်းလာကြောင်း သိရပါသည်။ မိသားစုအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိပြီး မန်ကျည်းသီးများကို လက်လီ/လက်ကားရောင်းချခြင်း လုပ်ကိုင်နေသူများအနေဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်ဈေးသည်တစ်ဦးထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

 

 

မတ္တရာမြို့နယ်တွင် သက်သာသောစျေးနှုန်းဖြင့် စားအုန်းဆီများရောင်းချပေးလျက်ရှိ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီကမ္ဘာ့စျေးနှုန်းများဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်စျေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိရာ စားသုံးသူပြည်သူများသက်သာသောစျေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေး၊ အဆင်ပြေချောမွေ့စွာဝယ်ယူနိုင်နေရေး၊ အလေးချိန်ပြည့်ဝမှန်ကန်မှုရှိစေရေးနှင့် စနစ်တကျဝယ်ယူနိုင်ရေးတို့အတွက် ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။

    မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၌ (၁၁-၈-၂၀၂၃)ရက်နေ့တွင် ပြင်ဦးလွင်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းနှင့်ပူးပေါင်းပြီး စားသုံးသူပြည်သူများထံသို့ စျေးကားများဖြင့် စားအုန်းဆီ(၁)ပိဿာလျှင် (၄၆၅၀/-)ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိပါသည်။ ထိုသို့ကွင်းဆင်းကြီးကြပ်ရာတွင် မတ္တရာမြို့နယ်တာဝန်ခံနှင့်အတူ မြို့နယ်စည်ပင်သာယာမှ ဝန်ထမ်း (၂)ဦး၊ ရပ်ကွက်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ဝိုင်းဝန်းဆောင်ရွက်ပေးခဲ့ကြပြီး စားသုံးသူပြည်သူများမှာလည်း သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူရရှိခြင်းအတွက် ဝမ်းသာပီတိဖြစ်လျက်ရှိပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

“ကျောက်ဆည်ခရိုင်အတွင်းရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ”

     မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းမြို့နယ်များရှိ စည်ပင်သာယာဈေးများ  တွင် ၂၀၂၃ခုနှစ်၊ သြဂုတ်လ၊ ဒုတိယပတ်အတွင်း ရောင်းချလျက်ရှိသောအခြေခံစားကုန်များမှာ ဧရာပဒေသာဆန်တစ်ပြည်လျှင် (၅၅၀ဝိ/-)ကျပ်၊ ဧရာပဒေသာဆန်(၂၄)ပြည်ပါ တစ်အိတ်လျှင် (၁၃၀၀၀ဝိ/-) ကျပ်၊ မနောသုခဆန်တစ်ပြည်လျှင် (၃၈၀ဝိ/-)ကျပ်၊ မနောသုခဆန်(၂၄)ပြည်ပါ တစ်အိတ်လျှင် (၉၂၀၀ဝိ/)ကျပ် ခရမ်းချဉ်သီး(ရှမ်း)လက်လီဈေးနှုန်းမှာ တစ်ပိဿာလျှင် (၂၄၀ဝိ/-) ကျပ်၊ ကြက်သွန်နီလက်လီဈေးနှုန်းမှာ (ကြီး) တစ်ပိဿာလျှင် (၂၈၀ဝိ/-)ကျပ်၊ (လတ်)တစ်ပိဿာလျှင် (၂၆၀ဝိ/-)ကျပ်၊ (အသေး) တစ်ပိဿာလျှင် (၂၄၀ဝိ/-)ကျပ်၊ ကြက်သွန်ဖြူလက်လီ(ဗမာ)တစ်ပိဿာလျှင် (၉၅၀ဝိ/-)ကျပ်၊ (ရှမ်း)တစ်ပိဿာလျှင်(၈၀၀ဝိ/-)ကျပ်၊ အာလူးတစ်ပိဿာလျှင် (၂၈၀ဝိ/-)ကျပ်၊ မန်ကျည်းသီး (ဟောင်း) တစ်ပိဿာလျှင် (၄၅၀ဝိ/-)ကျပ်၊ မန်ကျည်းသီး(သစ်)တစ်ပိဿာလျှင် (၄၀၀ဝိ/-)ကျပ်၊ ချင်းတစ်ပိဿာလျှင် (၇၀၀ဝိ/-)ကျပ်၊ ဆားတစ်ပိဿာလျှင် (၅၀ဝိ/-)ကျပ်ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကျောက်ဆည်ခရိုင်၏ အသားငါးဈေးနှုန်းများမှာ ကြက်သား(ဗမာ)တစ်ပိဿာလျှင် (၁၆၀၀ဝိ/-)ကျပ်၊ ကြက်သား(CP)တစ်ပိဿာလျှင် (၁၂၀၀ဝိ/-)ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၂၀၀၀ဝိ/-)ကျပ်၊ အမဲသားတစ်ပိဿာလျှင် (၁၆၀၀ဝိ/-)ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင် (၂၄၀၀ဝိ/-)ကျပ်နှင့် ငါးအုံတုံတစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် (၈၀၀၀)ကျပ်ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဆီဈေးနှုန်းများအနေဖြင့် ပဲဆီသန့်တစ်ပိဿာလျှင် (၁၅၅၀ဝိ/-)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာလျှင် (၁၄၅၀ဝိ/-)ကျပ်၊ နေကြာဆီသန့်တစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်နှင့် စားဆီတစ်ပိဿာလျှင် (၁၀၀၀ဝိ/-)ကျပ်ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။ အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းများအား ယခင်ဇူလိုင်လ၊ နောက်ဆုံးအပတ်နှင့်နှိုင်းယှဉ်ပါက ဆန်၊ ပဲဆီ၊ စားအုန်းဆီနှင့် ခရမ်းချဉ်သီးစျေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိပြီး အာလူးစျေးနှုန်းများအနည်းငယ်ကျဆင်းလျက်ရှိပြီး ကျန်အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း