Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပခုက္ကူမြို့၊ မြို့မစည်ပင်သာယာဈေး၌ ရောင်းချလျက်ရှိသော စားဖိုဆောင်သီးနှံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မ စည်ပင်သာယာဈေးနှင့် ပန်းခြံဈေးတို့တွင် အနီးဝန်းကျင်ကျေးရွာများမှ စိုက်ပျိုးထွက်ရှိသော ပခုက္ကူကျွန်း၊ ရေတောင်ဘက်ရှိရွာများ ၊ မြစ်ခြေကမ္မ၊ ကျောက်ပန်းတောင်း၊ ပုပ္ပါးဒေသမှအများဆုံး ဝင်ရောက် ရောင်းဝယ်ဖောက်ကားလျက် ရှိပါသည်။

   ပခုက္ကူမြို့မ ဈေးနှင့် ပန်းခြံဈေးအတွင်း၂၀၂၃ ခုနှစ်၊ဇူလိုင်လ ဒုတိယတပတ်အတွင်း  အရောင်းအဝယ်ဖြစ်နေသောအခြေခံစားကုန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း တစ်ပြည်လျှင် ကျပ် (၄၈၀၀)၊ မနောသုခ တစ်ပြည်လျှင် ကျပ်(၃၈၀၀)ဖြစ်ပြီး စားဖိုဆောင်သီးနှံများဖြစ်သော ကြက်သွန်နီ လက်လီထိပ်စ တစ်ပိဿာလျှင် ကျပ်(၂၄၀၀)၊ အလတ်စ တစ်ပိဿာလျှင် ကျပ်(၂၃၀၀)၊ အနိမ့်စ တစ်ပိဿာလျှင် ကျပ်(၂၀၀၀)၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် ကျပ်(၈၀၀၀)၊ ကြက်သွန်ဖြူ (ဗမာ) ထိပ်စတစ်ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ် (၁၂၀၀၀)၊ အနိမ့်စ တစ်ပိဿာလျှင်ကျပ်(၁၀၀၀၀)၊ ချင်းအတက် တစ်ပိဿာလျှင် ကျပ်(၈၀၀၀)၊ ဆားကြမ်း တစ်ပိဿာ ကျပ်(၅၅၀)၊ မြေပဲဆံ တစ်ပြည်လျှင် ကျပ်(၇၇၀၀)၊ ကုလားပဲခြမ်းတစ်ပြည်လျှင် ကျပ်(၇၇၀၀)၊ ရှမ်း ပြည်နယ်မှထွက်ရှိသော အားလူး တစ်ပိဿာလျှင် ကျပ်(၃၀၀၀-၃၂၀၀)၊ ငရုတ်သီးခြောက်အရှည် တစ်ပိဿာလျှင် ကျပ်(၂၀၀၀၀)၊ ငရုတ်ခြောက်အပု တစ်ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ နနွင်းအတက် တစ်ပိဿာလျှင် ကျပ်(၅၅၀၀)၊ ကြက်ဥမှာအရွယ်အစားလိုက်၍ တစ်လုံးလျှင် ကျပ်(၃၀၀)၊ ဘဲဥ တစ်လုံး ကျပ်(၄၀၀)၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ်(၂၀၀၀)၊ ပဲတောင့်ရှည် တစ်ပိဿာလျှင် ကျပ်(၂၄၀၀)တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း မြို့မဈေးသည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

ပန်းထိမ်မနိုင်စိုက်ပျိုးခြင်းဖြင့် ကုသိုလ်လည်းရ ဝမ်းလည်းဝ

    ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများသည် နေ့စဉ်နံနက်မိုးလင်းသည်နှင့်တစ်ပြိုင်နက် ဘုရားဝေယျာဝေစ္စဖြစ်သည့် မျက်နှာသစ်တော်ရေ၊ သောက်တော်ရေချမ်း၊ ပန်း၊ ဆီမီးနှင့် ဆွမ်းတော်၊ အမွှေးတိုင်တို့ကို ယုံကြည်မှု သဒ္ဒါတရားနှင့်အညီ ကပ်လှူပူဇော်ခြင်းဖြင့် ကုသိုလ်ယူလေ့ရှိကြပါသည်။ ထိုသို့ ကုသိုလ်ယူ ကြရာ ဘုရားပန်းတင်သည့်အခါတွင် ပန်းထိမ်မနိုင်ပန်းသည်လည်း ကပ်လှူလေ့ရှိသည့်ပန်းဖြစ်ပါသည်။ ပန်းထိမ်မနိုင်ပန်းအမျိုးအစားများမှာ တစ်ထပ်ပန်းထိမ်၊ နှစ်ထပ်ပန်းထိမ်နှင့် သုံးထပ်ပန်းထိမ်(ခေါ်) ဆင်စွယ်ဟူ၍ သုံးမျိုးရှိရာ မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ပန်းစိုက်ပျိုးသူတို့ အများစုစိုက်ပျိုးကြသော အမျိုးအစားမှာ တစ်ထပ်ပန်းထိမ်နှင့် နှစ်ထပ်ပန်းထိမ်မျိုးများဖြစ်ပါသည်။

    ပန်းထိမ်မနိုင်ပန်းပင်သည် ရေကြိုက်သောအပင်မျိုးဖြစ်ပြီး အအေးပိုင်းဒေသများတွင်သာမက အပူပိုင်းဒေသများတွင်လည်း အများဆုံးစိုက်ပျိုးလေ့ရှိကြပါသည်။ ရေကြိုက်သောအပင်မျိုးဖြစ်သည့်အတွက် အပူပိုင်းဒေသများတွင် ဘူးစင်အောက်များတွင် စိုက်ပျိုးခြင်းဖြင့်လည်းကောင်း၊ ပျိုးစင်ကို ပလတ်စတစ်ဇကာစိမ်း အုပ်ပေးခြင်းဖြင့်လည်းကောင်းစိုက်ပျိုးကြပါသည်။ ပန်းထိမ်မနိုင်ပန်းပင်စိုက်ရာ တွင် ကိုင်းထိုးစိုက်ခြင်း နှင့် ဥမှစိုက်ခြင်းဟူ၍ (၂)မျိုးရှိပါသည်။ ကိုင်းထိုးစိုက်ပျိုးခြင်းကို မိုးဦးကျ (ဇွန်နှင့် ဇူလိုင်)တွင် စတင်စိုက်ပျိုးပြီး နောက်နှစ်နွေအကုန်၊ မိုးအကူးကာလများတွင် ခူးဆွတ်နိုင်ပါသည်။ ပန်းထိမ်မနိုင်ဥများကိုဖြင့် (ဇန်နဝါရီ နှင့် ဖေဖော်ဝါရီ)လများတွင် စိုက်ပျိုးနိုင်ပြီး ဇွန်လလယ်လောက်တွင် အညွန့်တလူလူတက်၍ (၁၀)ရက်ခြား (၁)ခါ ခူးဆွတ်နိုင်ပါသည်။ အောက်တိုဘာလတွင် ပန်းပွင့်ခြင်း ကာလကုန်ဆုံးပြီးနောက် မတ်လလယ်လောက်တွင် မြေပြင်ခြင်း၊ ပျိုးဘောင်တင်ခြင်း၊ သဘာဝမြေဩဇာ (နွားချေး) ထည့်ပေးခြင်းဖြင့် ပန်းဥများပျိုးထားပြီး နောက်နှစ်တွင် တစ်ဖန်ပြန်၍ စိုက်ပျိုးနိုင်ပါသည်။

    ဈေးကွက်အနေဖြင့် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ(စတုတ္ထပတ်)တွင် သရက်မြို့ပေါ်ရှိ ဈေးများ၌ (၁၀)ခက် ပါ (၁)စည်းလျှင် ကျပ်(၃၀၀၀)နှုန်းဖြင့် ရောင်းချလျက်ရှိကြပြီး အလှူပွဲ၊ မင်္ဂလာပွဲအခမ်းအနားများနှင့် ဘုရားပန်းကပ်လှူရန် ခြံအရောက်လာဝယ်မှုများရှိပါက ပန်းထိမ်မနိုင်ပန်း (၁)ခက်လျှင် ကျပ်(၂၅၀) ဖောက်သည် ဈေးဖြင့် ရောင်းချလျက်ရှိကြောင်း ပန်းစိုက်ပျိုးရောင်းချသူ ဦးအောင်မိုးထံမှ သိရှိရပါသည်။

DOCA(မကွေး)

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

     တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

ဆန်စပါးဆိုင်ရာ အပတ်စဉ်လေ့လာသုံးသပ်ချက်(အကျဉ်းချုပ်)

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ရည်ညွှန်းပါစာလမ်းညွှန်ချက်အရ ဆန်စပါးဆိုင်ရာ အပတ်စဉ်လေ့လာသုံးသပ်ချက်(အကျဉ်းချုပ်) ၂၆/၂၀၂၃ အား သိရှိလမ်းညွှန်မှုပြုနိုင်ပါရန် တင်ပြအပ်ပါသည်။

ဆိပ်ဖြူမြို့၏ ဇူလိုင်လ (ဒုတိယပတ်) တွင်ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းအခြေအနေ

    မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း၊သိုလှောင်၊ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားဈေးနှုန်းများကို နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

     ဆိပ်ဖြူမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင် (၁၁) ဆိုင်ရှိရာ နေ့စဉ်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (ပထမပတ်) နှင့် (ဒုတိယပတ်) စက်သုံးဆီဈေးနှုန်းများမှာ 92 တစ်လီတာလျှင် ယခင်အပတ်တွင် ကျပ်(၁၉၉၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ် (၂၀၉၅) ဖြစ်၍ ကျပ် (၁၀၅) ဈေးမြင့်ခဲ့ကြောင်း၊ 95 တစ်လီတာလျှင် ယခင်အပတ်တွင် ကျပ် (၂၀၉၅) ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ် (၂၂၁၀) ဖြစ်၍ ကျပ် (၁၁၅) ဈေးမြင့်ခဲ့ကြောင်း၊ ဒီဇယ်ရိုးရိုးတစ်လီတာလျှင် ယခင်အပတ်တွင် ကျပ် (၂၀၄၅) ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ် (၂၁၂၅) ဖြစ်၍ ကျပ် (၈၀) ဈေးမြင့်ခဲ့ကြောင်း၊ ပရီမီယမ်ဒီဇယ်တစ်လီတာလျှင် ယခင်အပတ်တွင် ကျပ် (၂၁၂၅) ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ် (၂၂၀၅) ဖြစ်၍ ကျပ် (၈၀) ဈေးအမြင့်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ယခင်ဇူလိုင်လ၊ ပထမအပတ်ထက် ဈေးနှုန်းမြင့်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း စက်သုံးဆီအရောင်းဆိုင်များမှသိရှိရပါသည်။

DOCA(မကွေး)

 

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

     တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးတွင် ဖြစ်ပေါ်လျက်ရှိသော ရေထွက်ကုန်ပစ္စည်းဈေးနှုန်းဈေးကွက်

          မုံရွာမြို့၊ ချင်းတွင်းရတနာစျေး၌  ရောင်းချနေသော ပုဇွန်ခြောက်၊ ငါးခြောက်များမှာ ရန်ကုန်၊ မန္တလေး၊ ရခိုင်ပြည်နယ်ဘက်မှ ဝင်ရောက်ကြောင်းသိရပြီး ပုဇွန်၊ ငါးခြောက်စျေးနှုန်းများမှာ ဝင်ရောက်သည့် ဒေသအ‌ပေါ် မူတည်၍လည်းကောင်း၊ အရည်အသွေးကိုလိုက်၍လည်းကောင်း ကွာခြားလျက်ရှိပါသည်။

      ၂၀၂၃ခုနှစ် ဇူလိုင်လ တတိယအပတ်တွင် ရောင်းချနေသော ဈေးနှုန်းများမှာ ပုဇွန်ခြောက် (၁)ပိဿာလျှင် ကျပ်(၆၅၀၀၀)မှ ကျပ်(၈၅၀၀၀)၊ ငါးရံ့ခြောက် (၁)ပိဿာလျှင် ကျပ်(၅၅၀၀၀မှ ၈၀၀၀၀)၊ ငါးပုတ်လုံးခြောက်(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀မှ ၁၈၅၀၀)၊  ငါးပုတ်သင်(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀မှ ၁၆၀၀၀) ၊ အာပြဲခြောက်(၁)ပိဿာလျှင် ကျပ်(၂၀၀၀၀မှ ၂၂၀၀၀)၊ ငါးကျည်း ခြောက်(၁)ပိဿာလျှင် ကျပ်(၃၅၀၀၀မှ ၄၅၀၀၀)၊ ငါးနီတူးခြောက် (၁)ပိဿာ လျှင် ကျပ်(၁၂၀၀၀ မှ ၁၄၀၀၀)၊ ငါးဖန့်ဝိုင်း(ငါးပိကောင်) (၁)ပိဿာလျှင် ကျပ်(၁၅၀၀၀မှ ၁၇၅၀၀) ရှိကြောင်း ချင်းတွင်းရတနာဈေးတွင် ရောင်းချနေသော ငါးခြောက်ကုန်သည်များထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

                            

ကန့်ဘလူမြို့နယ်အတွင်း ဇူလိုင်လ လဆန်းပိုင်းတွင် ပွဲရုံများသို့ ဝင်ရောက်နေသော သီးနှံများ

ရက်စွဲ၊ ၂၀.၇.၂၀၂၃

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင် ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်စေရန် ဟူသော မျော်မှန်းချက်နှင့်အညီ အသင်းအဖွဲ့များ အစုအဖွဲ့များ ဖွဲ့စည်းပေးပြီး ပိုမိုအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ပွဲရုံများ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုများကိုလည်း  တင်း၊ တန် စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ် တင်ပြလျက်ရှိပါသည်။

       ကန့်ဘလူပွဲရုံများအနေဖြင့် ၂၀၂၃ခုနှစ် ဇွန်လနှင့်ဇူလိုင်လ လဆန်းပိုင်းတို့တွင် အရောင်းအဝယ်ဖြစ်နေသော သီးနှံအမျိုးအစားနှင့် ဈေးနှုန်းများ အရောင်းအဝယ်ဖြစ်မှု အခြေအနေများမှာ ပဲတီစိမ်း မှာ (၄၆၇)တင်း/(၄၂.၉၂)တန် ဖြစ်ပြီး ဈေးနှုန်းမှာ တစ်တင်းလျှင် (၅၅၀၀၀)ဈေးရှိပါသည်။ မတ်ပဲ မှာ (၁၀၀)တင်း/(၉.၁၉)တန် ဖြစ်ပြီး ဈေးနှုန်းမှာ မတ်ပဲ တစ်တင်းလျှင် (၇၃၀၀၀)ဈေးရှိကာ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။     ပဲစဉ်းငုံ မှာ (၃၃)တင်း/(၃.၃၀)တန် အရောင်းအဝယ်ရှိခဲ့ပြီး ဈေးနှုန်းမှာ တစ်တင်းလျှင်(၉၅၀၀၀)ဈေးရှိခဲ့ပါသည်။ ပဲစဉ်းငုံအနေဖြင့် တောင်သူမျိုးကျန်များ ရောင်းချချိန်ဖြစ်သည့်အတွက် အဝင်နည်းသော အချိန်ဖြစ်ကာ အရောင်းအဝယ်ဖြစ်ကြောင်း၊ သီးနှံများကို မန်းလေးမြို့ ဇောတိကပွဲရုံသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ကန့်ဘလူမြို့ပေါ်ရှိ  ပွဲရုံပိုင်ရှင်တစ်ဦးထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဧရာအနောက်မြို့တော်မှ မြန်မာညှပ်ဖိနပ်များအကြောင်း တစေ့တစောင်း

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်ရပ်ကွက်များဖြစ်သော အမှတ် (၁၂)၊ အမှတ် (၁၃) နှင့် အမှတ် (၁၄) ရပ်ကွက်တို့တွင် မြန်မာ့သားရေညှပ်ဖိနပ်များကို ရှေးယခင်များစွာကပင် လုပ်ကိုင်လာခဲ့ကြပါသည်။ မြန်မာ့သားရေညှပ်ဖိနပ်များမှာ ခိုင်ခန့်ခြင်း၊ ကျန်းမာရေးနှင့်လည်းညီညွတ်ခြင်း၊ စီးရာတွင်လည်း သက်တောင့်သက်သာရှိခြင်းတို့ကြောင့် လူကြိုက်များလှပါသည်။  ပခုက္ကူမြို့ပေါ်ရှိ မြန်မာ့ညှပ်ဖိနပ်လုပ်ငန်းများဖြစ်သော ဧရာဝဏ်ဆင်၊ ခိုပျံ၊ ဂရိတ်၊ မောင်မယ်၊ မြအိုးစည်၊ ရွှေကျားနှင့် ရွှေအိုးစည်ဖိနပ်လုပ်ငန်းများမှာ လုပ်သားဦးရေ (၁၀) ဦးမှ (၂၅) ဦးအထိတို့ ဖြင့် လုပ်ကိုင်လျက်ရှိကြပါသည်။

  မြန်မာ့ညှပ်ဖိနပ်ကို နွား၏သားရေအရိုင်းဖြင့်ပြုလုပ်ရပါသည်။ နွား၏သားရေအရိုင်းများကို စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံနှင့် ပခုက္ကူခရိုင်၊  ကန်တော်ဒေသတို့မှ ဝယ်ယူရကြောင်း၊ ထိုဝယ်ပြီးသောသားရေများကို ရေဖြင့်စိမ်ရကြောင်း၊ စိမ်ပြီးသောသားရေများကို လိုရာဖိနပ်ပုံစံများချပြီး ဆိုဒ်စုံလှီးဖြတ်ရကြောင်း၊ လှီးဖြတ်ပြီးသော သားရေမျက်နှာပြင်အချောများကိုရွေးပြီး  ကော်ပတ်တိုက်ရကြောင်း၊ ကော်ပတ်တိုက်ပြီး အနက်ဆီသုတ်၍ ချောသည်အထိစက်ကြိတ်ရကြောင်း၊ စက်ကြိတ်ပြီးရလာသောသားရေများကိုနေလှမ်းရကြောင်း၊ ရလာသောသားရေများကို ဆေးကြမ်းမှုတ်ပြီး ဆေးကြမ်းခြောက်လျှင် ကော်ပတ်စားပြီး မိမိလိုအပ်သောဆေးရောင်မှုတ်ရပြီး  ကျားစီး၊ မစီးများကို ဆိုဒ်စုံလှီးဖြတ်ရကြောင်း၊ ရလာသောဖိနပ်ပြားများကို ဖိနပ်သဲကြိုးတပ်ရန် ခေါင်နှင့်ခါးဖြတ်ကို စောက်ပြားဖြင့်ရှပ်ထုတ်ရပါကြောင်း၊ ထိုမှတစ်ဆင့် ဖိနပ်ပြား၏ဘေးပတ်များကို စက်ကြိုးချုပ်ရန်အတွက်  နှုတ်ခမ်းသားမျာကိုစက်ဖြင့်ကြိတ်ပြီး စောက်ကြောင်းထိုးကာ ဘေးပတ်လည်ကိုစက်ကြောင်းပေါက်၍  သားရေပြားအောက်ခြေမှ ရာဘာပတ်ကြိုးဖြင့်ပတ်ရကြောင်း၊ ရာဘာပတ်ကြိုးအလယ်မှ ဝမ်းစာထည့်ပြီး သားရေနှင့်တွဲ၍ စက်ဖြင့်ချုပ်ရကြောင်း၊  စက်ဖြင့်ချုပ်ပြီး ရလာသောသားရေများကို ခေါင်စိုက်သဲကြိုးကွင်းပြု၍ ခေါင်ကိုသံရိုက်ရကြောင်း၊ ဖနောင့်နေရာတွင် ဖနောင့်မနာရန်အတွက် ချက်စာထည့်ပြီး ကားတာယာဖြင့်ကော်သုတ်၍ အောက်ခြေမှပိတ်ပြီး နှုတ်ခမ်းနားကို ဓားဖြင့်လှီးဖြတ်၍ လက်နှင့်အချောဆွဲခြင်းဖြင့် ဖိနပ်တစ်ရံရရှိပါကြောင်း၊ ရရှိ လာသောဖိနပ်များအား ကစ်တိုက်အချောသတ်ရကြောင်း၊ တစ်နေ့လျှင် ဖိနပ်လုပ်သားခမှာ တစ်ရံလျှင် ကျပ် (၃၀၀) ပေးရပြီး လုပ်သားတစ်ဦးလျှင် အရံ (၂၅) ရံပြီးကြောင်း၊ ရရှိလာသောသားရေဖိနပ်များကို မြန်မာပြည်အနှံ့အပြားသို့တင်ပို့နေကြောင်း၊ မြန်မာ့သားရေညှပ်ဖိနပ်လုပ်ငန်းဦးရေများပြားလာသည်နှင့်အမျှ အလုပ်အကိုင်အခွင့်အလမ်းများလည်း များစွာအထောက် အကူဖြစ်လာပါကြောင်း လုပ်ငန်းရှင်များထံမှသိရှိရပါသည်။

DOCA(မကွေး)

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၅.၇.၂၀၂၃ )

   ၂၅.၇.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း