Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြည်ကြက်သွန်နီအဝင်နည်း၍ဈေးမြင့်

    ယခုတစ်ပတ် ဩဂုတ်လဒုတိယပတ်တွင် ပြည်ဈေးကွက်သို့ ကြက်သွန်နီများ အဝင်နည်းနေပြီး ဈေးနှုန်းမှာ ပျမ်းမျှ ကျပ်(၂၀၀)ခန့် မြင့်တက်သွားကြောင်း သိရပါသည်။ မကွေးတိုင်း ဆိပ်ဖြူ၊ ကျောက်ပန်းတောင်းဘက်မှ ကြက်သွန်နီများ ပိဿာချိန် (၄၂၀၀)ခန့်သာ ရက်ခြားအဝင်ရှိသည့်အတွက် ယခင်ဝင်ရောက်မှုရှိသည့် ပိဿာမှာ (၇၀၀၀)ခန့်ရှိသဖြင့် နှိုင်းယှဉ်လျှင် သိသိသာသာ အဝင်နည်းသွားကြောင်း သိရပါသည်။ အဝင်နည်းသည့်အတွက် ဈေးမြင့်တက်သွားသလို အရောင်းအဝယ်မှာလည်း အဝင်ရှိသလောက်သာ အရောင်းအဝယ်ဖြစ်နေပြီး ပုံမှန်ဝယ်လက်များဖြစ်သော ဒေသတွင်း အိတ်ဆွဲဝယ်ရောင်းသမားများ၊ ပန်းတောင်း (ဥသျှစ်ပင်)၊ ဧရာဝတီ(ကြံခင်း)၊ ရခိုင်(တောင်ကုတ်)နှင့် သာယာဝတီခရိုင်တို့သို့ နယ်ကျော်တိုင်းကျော် စီးဆင်းမှုများအဖြစ် ပုံမှန်ရောင်းဝယ်လျက်ရှိနေပါသည်။ ဈေးနှုန်းများမှာ ပွဲရုံလက်ကားဈေး တစ်ပိဿာလျှင် ကြီး/လတ်/သေး ကျပ် ၂၄၀၀-၂၃၀၀-၂၂၀၀ နှုန်းတို့ရှိပြီး လက်လီဈေး အသေးများတွင် ကျပ် ၂၆၀၀-၂၅၀၀-၂၄၀၀ နှုန်းတို့ဖြင့် အသီးသီးရောင်း ဝယ်မှုရှိနေကြောင်း သိရပါသည်။

DOCA(ပဲခူး)

ပြည်ကုန်စည်ဒိုင်၏ ဩဂုတ်လတွင်ယခင်နှစ်နှင့် ယခုနှစ်ဖြစ်ပေါ်သော ပဲမျိုးစုံဈေးနှုန်းများ

     ပြည်ခရိုင်အတွင်းရှိ ပြည်ကုန်စည်ဒိုင်တွင် ပဲအရောင်းအဝယ်ဖြစ်မှုမှာ သွက်လျက်ရှိပြီး ပဲဈေးနှုန်း မှာလည်း ဩဂုတ်လပထမပတ်တွင် ဈေးတက်လာသည်ကို တွေ့ရပါသည်။

မတ်ပဲ

    ပြည်ကုန်စည်ဒိုင်၏ ယခုနှစ်ဩဂုတ်လပထမပတ်တွင် မတ်ပဲတစ်တင်းကို (၇၇၀၀၀-၇၇၅၀၀) ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ တစ်ရက်ကိုအိတ် (၂၀၀)ခန့် ရန်ကုန် အဝယ်ရှိခဲ့ပါသည်။ ယခင်နှစ် ဩဂုတ်လ ပထမပတ်တွင် မတ်ပဲတစ်တင်းကို (၅၈၅၀၀-၅၉၀၀၀) ကျပ်ဖြင့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။ ယခုနှစ်မတ်ပဲဈေးမှာ တစ်တင်းကို (၁၈၅၀၀)ကျပ် ခန့် ဈေးပိုရခဲ့ပါသည်။

ပဲတီစိမ်း

 ယခင်နှစ်ဩဂုတ်လပထမပတ်တွင် ပဲတီစိမ်းတစ်တင်းကို (၄၇၀၀၀-၄၈၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပါသည်။ ယခုနှစ်ဩဂုတ်လပထမပတ်တွင် ပဲတီစိမ်းအသစ်များကို မန္တလေး အဝယ်တစ်ရက်ကိုအိတ် (၂၀၀/၃၀၀)ခန့် ရှိခဲ့ပါသည်။ ပဲတီစိမ်းတစ်တင်းကို (၆၀၀၀၀-၆၀၅၀၀) ကျပ်ရှိခဲ့ပြီး ယခင်နှစ်ကထက် (၁၂၀၀၀-၁၂၅၀၀)ကျပ်ခန့် ဈေးပိုရခဲ့ပါသည်။

ပဲစင်းငုံ

  ယခုနှစ်ဩဂုတ်လပထမပတ်တွင် ပဲစင်းငုံတစ်တင်းကို (၉၉၀၀၀)ကျပ်ဈေးဖြင့် ရန်ကုန် အဝယ်တစ်ရက်ကို အိတ် (၂၅၀)ခန့် ရှိခဲ့ပါသည်။ ယခင်နှစ်ဩဂုတ်လပထမပတ်တွင် ပဲစင်းငုံ တစ်တင်းကို (၅၈၀၀၀-၅၈၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုနှစ်ဈေးမှာ (၄၀၅၀၀-၄၁၀၀၀)ကျပ်ခန့် ဈေးပိုရခဲ့ပါသည်။

ကုလားပဲ

   ပြည်ကုန်စည်ဒိုင်တွင် ယခုနှစ်ဩဂုတ်လပထမပတ်၌ ကုလားပဲ(HL) တစ်တင်းကို(၉၀၀၀၀-၉၁၀၀၀)ကျပ်၊ မြကြေးမှုံတစ်တင်းကို (၉၀၀၀၀-၉၁၀၀၀)ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားနှင့် နယ်စုံ တင်ပို့မှုရှိခဲ့ပြီး တစ်ရက်ကိုအိတ် (၃၀၀/၄၀၀)ခန့် အဝယ်ရှိခဲ့ပါသည်။ ယခင်နှစ် ဩဂုတ်လ ပထမပတ်တွင် ကုလားပဲ(HL) တစ်တင်းကို(၅၅၀၀၀)ကျပ်ဖြင့် မြို့တွင်းအဝယ်ရှိခဲ့ပြီး ပဲတစ်တင်းကို (၃၅၀၀၀-၃၆၀၀၀)ကျပ်ခန့် ဈေးပိုရခဲ့ပါသည်။ ယခင်နှစ်က မြကြေးမှုံတစ်တင်းကို (၅၅၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ပဲတစ်တင်းကို (၃၅၀၀၀-၃၆၀၀၀)ကျပ်ခန့် ဈေးပိုရခဲ့ပါသည်။

ပဲကြီး

    ပြည်ကုန်စည်ဒိုင်၏ ယခင်နှစ်က ဩဂုတ်လပထမပတ်တွင် ပဲကြီး(ကမ်းနား)တစ်တင်းကို (၆၉၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပါသည်။ ယခုနှစ် ပဲကြီး(ကုန်းပဲ)တစ်တင်းကို (၉၇၀၀၀)ကျပ်၊ ပဲကြီး(ရွှေကျွန်း)တစ်တင်းကို (၉၉၀၀၀)ကျပ်ဖြင့် မြို့တွင်းပဲကြော်သမားများက တစ်ရက်ကို အိတ် (၃၀၀/၄၀၀)ခန့် အဝယ်ရှိခဲ့ပါသည်။

စားတော်ပဲ

   ဩဂုတ်လပထမပတ်တွင် ယခင်နှစ် စားတော်ပဲ(ကျွန်း)တစ်တင်းကို (၁၄၀၀၀၀)ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်ကို (၁၀)အိတ်ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခင်နှစ်က ဩဂုတ်လ ပထမပတ်တွင် စားတော်ပဲ(ကျွန်း)တစ်တင်းကို (၁၀၀၀၀၀)ကျပ်ခန့်ဖြင့် အရောင်းအဝယ်ရှိခဲ့ပါသည်။ ယခုနှစ် စားတော်ပဲ(ကျွန်း)ဈေးက ယခင်နှစ်ထက် (၄၀၀၀၀)ကျပ်ခန့် ဈေးပိုရခဲ့ပါသည်။

ဘိုကိတ်

  ပြည်ကုန်စည်ဒိုင်တွင် ယခင်နှစ်ကဘိုကိတ်ပဲတစ်တင်းကို (၃၇၀၀၀၀)ကျပ်ဖြင့် မြို့တွင်းနှင့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။ ယခုနှစ် ဩဂုတ်လပထမပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို (၅၈၀၀၀-၆၀၀၀၀)ကျပ်ခန့် မြို့တွင်းအဝယ်တစ်ရက်ကို အိတ်(၁၄/၁၅)ခန့် အဝယ်ရှိပြီး တခါတရံ ရန်ကုန်သို့ တင်ပို့မှုရှိပါသည်။ ယခုနှစ်ဘိုကိတ်ပဲဈေးမှာ ပဲတစ်တင်းကို (၂၁၀၀၀-၂၃၀၀၀)ကျပ်ခန့် ဈေးပိုရခဲ့ပါသည်။

  ပြည်ကုန်စည်ဒိုင်တွင် ယခင်နှစ်ကပဲမျိုးစုံဈေးထက် ယခုနှစ်ပဲမျိုးစုံဈေးက ပိုမိုရရှိခဲ့ပါသည်။ တောင်သူများအနေဖြင့်လည်း သွင်းအားစုဈေးနှုန်းများမြင့်သော်လည်း ယခုနှစ်ပဲဈေးများ ပိုမိုမြင့် တက်မှုကြောင့် ယခင်နှစ်ကထက် ဈေးပိုရခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

     တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

    တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၇.၈.၂၀၂၃ )

    ၁၇.၈.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ဈေးကောင်းရနေသည့် ပြည်ဟင်းခပေါင်းသီး

     ပြည်ဈေးကွက်အတွင်း ယခုဩဂုတ်လပထမပတ်မှစ၍ ဟင်းခပေါင်းသီးများ စတင်ဝင်ရောက်လျက်ရှိနေကြောင်း သိရပါသည်။ ပြည်ဒေသ၏အနီးတဝိုက်ဖြစ်သော မှော်ဇာ၊ ရွှေတောင်၊ ပုတီးကုန်း၊ သဲကုန်းဘက်တို့မှ ဝင်ရောက်မှုရှိနေပါသည်။ တစ်တွဲလျှင် ()လုံးပါရှိပြီး တရက်လျှင် အတွဲပေါင်း (၂၀)မှ (၃၀)ခန့်ထိ ဝင်ရောက်မှုရှိပြီး တစ်ပတ်လျှင် ()ရက်ခန့် ရက်ခြားအဝင်ရှိနေကြောင်းလည်း သိရပါသည်။

     ဟင်းခပေါင်းသီးမှာ ပြုတ်ထသောအသီးသီးသည့် နွယ်ပင်အမျိုးအစားဖြစ်ပြီး ကြက်ဟင်းခါးသီးနှင့် ဆင်တူပါသည်။ အရသာမှာ ကြက်ဟင်းခါးသီးလောက် အခါးဓါတ်မရှိပေမယ့် ဆိမ့်သက်သက်နှင့် အခါးဓါတ်လျော့၍နှုးညံ့သည့် အရသာကိုပေးနိုင်ကြောင်း သိရပါသည်။ ဟင်းခါးပေါင်းသီးကို ပုစွန်ခြောက်နှင့် နှပ်၍စားသုံးကြပြီး သတ်သတ်လွတ်သမားများအနေနှင့်လည်း မြေပဲဆံ၊ အာလူးတို့နှင့်ရောနှောကာ သီးစုံသတ်သတ်လွတ်ဟင်းချက်ပြုတ်စားသောက်ကြကြောင်း သိရပါသည်။ ပြည်ဈေးကွက်အတွင်း ဟင်းခပေါင်းသီးမှာ ပေါ်ဦးပေါ်ဖျားဖြစ်သည့်အတွက် ဈေးကောင်းရနေပြီး ()လုံးပါတစ်တွဲလျှင် ကျပ်(၈၀၀-၁၀၀၀)အထိ ရောင်းချကြကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

လက်လီ/လက်ကားရောင်းဝယ်မှုဖြစ်နေတဲ့ပဲဈေးမှာ ပဲကြီးသီးနှံအမြင့်ဆုံးရနေခဲ့

    ပြည်ပဲဈေးကွက်အတွင်း ဒေသတွင်းဝယ်လက်များ အဓိကဝယ်ယူမှုရှိနေသော ပဲကြီးသီးနှံဟာဆိုလျှင်ဖြင့် ယခုဩဂုတ်လဆန်းပိုင်းမှစ၍ ဈေးထပ်မံမြင့်တက်လာခဲ့သည့်အတွက် (ကမ်းနား) ပဲတစ်တင်း (၉၆၀၀၀)ကျပ်၊ (ရွှေကျွန်း)ပဲတစ်တင်း (၁၀၀၀၀၀)ကျပ်အထိ ဈေးကောင်းရနေခဲ့ကြပါသည်။ ဒေသတွင်း ပဲခွဲစက်သမား၊ ပဲကြော်ဖိုလုပ်ငန်းသမားများ အဓိကဝယ်ယူလျက်ရှိကာ တစ်ရက်အိတ် (၂၀၀/၃၀၀) ကျော် အရောင်းအဝယ်ဖြစ်ခဲ့ကြပါသည်။ ပဲဝင်ရောက်ခြင်းမရှိပေမယ့် ပဲလက်ကျန်များရှိသည့်အတွက် ဝယ်လက်ရှိသလောက် ရောင်းချမှုဖြစ်ခဲ့ကြပါသည်။ ယခင်နှစ်ကလည်း ပဲဈေးကွက်မှာ ပဲကြီးသီးနှံ ဈေးကောင်းရတဲ့အတွက် ဩဂုတ်လအတွင်း (ရွှေကျွန်း)တစ်တင်း (၇၆၀၀၀)ကျပ်၊ (ကမ်းနား)တစ်တင်း (၇၃၀၀၀)ကျပ်ဖြင့် အသီးသီးရောင်းဝယ်နေခဲ့သလို ပဲဈေးကွက်မှာလည်း ဈေးအမြင့်ဆုံးဖြင့် ရောင်းဝယ်ခဲ့ကြတဲ့ ပဲသီးနှံဖြစ်ခဲ့ပါသည်။ ယခုနှစ်မှာလည်း လက်လီ/ လက်ကားရောင်းဝယ်မှုအဖြစ်များတဲ့ မတ်ပဲ၊ ကုလားပဲသီးနှံများနှင့်ယှဉ်လျှင် ဈေးအမြင့်ဆုံးဖြင့် ရောင်းဝယ်နေတဲ့ ပဲသီးနှံဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)

လက်လီပဲဈေးကွက်မှာ ပြည်စားတော်ပဲဈေးအမြင့်ဆုံးရနေ

    ပြည်ဈေးကွက်အတွင်း လက်လီရောင်းဝယ်မှုသာဖြစ်ပြီး ပြည်တွင်း စားသုံးမှုများသော ပဲတစ်မျိုးဖြစ်သည့် စားတော်ပဲသီးနှံဟာဆိုလျှင် ဈေးအမြင့်ဆုံးဖြင့် စံချိန်တင်မြင့်တက်လျက် ရှိခဲ့ပါသည်။ ပိဿာ(၂၀)တစ်တင်းလျှင် (၁၄၀၀၀၀)ကျပ်ဖြင့် ရောင်းဝယ်နေကြရပြီး ပဲပြုတ်ရောင်းချသူများ လက်လီပြည်ခြင်းဖြင့် လာရောက်ဝယ်ယူကြတယ်လို့ သိရပါသည်။ ဒါ့ကြောင့် တစ်ရက် အိတ် (၂၀/၃၀)ခန့်သာ ရောင်းချမှုဖြစ်ပြီး လက်ကျန်ပဲများရှိနေတဲ့အတွက် ဝယ်လိုအားရှိသလောက် ရောင်းချမှုရှိခဲ့ကြပါသည်။ စားတော်ပဲသီးနှံသည် နှစ်စဉ်လိုလို ပဲဈေးကွက်မှာ ဈေးအမြင့်ဖြင့် ရောင်းဝယ်နေတဲ့ ပဲသီးနှံဖြစ်ခဲ့လို့ ယခင်နှစ်က ဩဂုတ်လဆန်းပိုင်းလည်း တစ်တင်းလျှင် (၁၂၀၀၀၀) ကျပ်ဖြင့် ဈေးကွက်မှာ ပြည်ပဝယ်လက်ပဲများထက်ပင် ဈေးကောင်းရနေလို့ ဈေးအမြင့်ဆုံးဖြင့် ရောင်းချခဲ့ရသောသီးနှံဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ပြည်ပဲတီစိမ်းသစ်များ အရောင်းအဝယ်သွက်နေပေမယ့် ဈေးအေးခဲ့

    ပြည်ဈေးကွက်သို့ ပဲတီစိမ်းသီးနှံအသစ်များ အဝင်ဆက်တိုက်ရှိလာခဲ့ပါသည်။ ပဲအထွက်လှိုင်လာပြီဖြစ်လို့ နယ်စုံမှပဲသစ်များ ရေလမ်းရော၊ ကုန်းလမ်းပါဝင်ရောက်လာကြပါသည်။ ဒါ့ကြောင့် တစ်ရက်အိတ် (၃၀၀/၄၀၀)ကျော် နေ့စဉ်အဝင်ရှိခဲ့ပါသည်။ ဝယ်လိုအားအနေဖြင့် ရန်ကုန်ဝယ် လက်ထက်၊ မန္တလေးဝယ်လက်သမားပိုအဝယ်ရှိကြောင်း သိရပါသည်။ ဝင်ရောက်လာသမျှပဲအားလုံး အရောင်းအဝယ်သွက်လျက်ရှိကာ ပဲဈေးအနေဖြင့် ပိဿာ(၂၀)တစ်တင်း (၅၆၀၀၀)ကျပ်မှ (၅၇၀၀၀) ကျပ်အထိ ပဲအရည်အသွေးပေါ်မူတည်၍ ဈေးရှိခဲ့ကြပါသည်။ ယခင်နှစ်က မိုးပဲတီစိမ်းသစ်များ ပဲအဝင်နောက်ကျခဲ့လို့ ယခုသြဂုတ်လတွင်း ဝင်ရောက်လာခြင်းမရှိဘဲ စက်တင်ဘာလမှသာ ဝင်ရောက်ကြမည့်အတွက် ယခုနှစ်မိုးပဲတီစိမ်းသစ်များ ပဲသစ်အဝင်စောခဲ့တယ်လို့ သိရပါသည်။ ယခင်နှစ်က ပဲသစ်ဈေးမှာ တစ်တင်း (၅၁၀၀၀)ကျပ်သာရှိခဲ့လို့ ယခုနှစ်ဈေးနှင့်ယှဉ်လျှင်တော့ တစ်တင်းကျပ် (၅၀၀၀)ကျော်ခန့်သာ ဈေးပိုရခဲ့ပြီး ပဲဈေးကွက်မှာလည်း အခြားပဲသီးနှံများထက်ဈေးလျော့ အရောင်းအဝယ်ဖြစ်နေခဲ့တဲ့ ပဲသီးနှံတစ်မျိုးဖြစ်နေခဲ့ပါသည်။

DOCA(ပဲခူး)

ပြည်ထောပတ်ပဲသီးနှံ ယခင်နှစ်ထက်ဈေးသိသာစွာပိုရလာခဲ့

     ယခုတစ်ပတ် ပြည်ပဲမျိုးစုံဈေးကွက်မှာ ပဲဈေးအားလုံးလိုလို ဈေးမြင့်တက်လာခဲ့တဲ့အတွက် ထောပတ်ပဲသီးနှံဟာဆိုလျှင်လည်း ပိဿာ(၂၀)တစ်တင်း ကျပ်()သိန်းကျော် အထိဈေးမြင့်လာခဲ့ ပါသည်။ ထောပတ်ပဲသီးနှံသည် ယခုကာလတွင် ဈေးကွက်သို့ ပဲသစ်များ ဝင်ရောက်ခြင်းမရှိသေးဘဲ ပဲဟောင်းလက်ကျန်များ နေ့စဉ်လက်လီသမားများဖြင့် အရောင်းအဝယ် ဖြစ်နေခဲ့ပါသည်။ ဒါ့ကြောင့် လက်လီပဲဈေးကွက်တွင် အဆိုပါပဲများ ဈေးမြင့်တက်ခဲ့တာကြောင့် လက်ကားအဝယ်ရှိသော ပြည်ပ ဝယ်လက်မတ်ပဲ၊ ပဲစင်းငုံသီးနှံများထက်ပင် ဈေးပိုရလျက်ရှိခဲ့ပါသည်။ ယခင်နှစ်က ထောပတ် ပဲသီးနှံ၏ ကာလတူအချိန် ဈေးကွက်၌အရောင်းအဝယ်ဖြစ်ခဲ့သော ဈေးမှာတစ်တင်းကျပ် ()သောင်းကျပ် ခန့်သာ ရရှိခဲ့တဲ့အတွက် ယခုနှစ်ထောပတ်ပဲသီးနှံဈေးမှာ ယခင်နှစ် ထက်ဈေးထက် ကျပ်()သောင်းခန့်ထပ်မံ မြင့်တက်လာခဲ့ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း